အပိုင်း(22)uni&zgi

3.3K 172 3
                                    


ငါလေးက ခွေးသွေးပက်စာအုပ်ထဲကိုဗီလိန်အဖြစ်ကူးပြောင်းသွားတယ်

အပိုင်း(22)

တစ်ယောက်သောသူကတော့ သူမရဲ့ရန်စကားတွေကြောင့် မရယ်မောပဲ မနေနိုင‌်တော့ဘူး

"ယုရန် မင်းကိုလွမ်းလှပြီကွာ "

သူ့အခန်းထဲက သူမရဲ့ပုံတူတွေကိုအလွမ်း‌ေပြလှည့်ပတ်ကြည့်လိုက်ရင်း သူမကိုပိုပိုလွမ်းလာခဲ့တယ်

ကွန်ပျူတာမျက်နှာပြင်ပေါ်မှာ ပေါ်နေတဲ့သူမရဲ့မေးရိုးလေးကိုအသာသပ်လိုက်ရင်း သူမျက်ဝန်းတို့မှေးကျသွားခဲ့တယ်

သူတကယ်ကြီးပင်ပန်းနေပြီ

မင်း မြန်မြန် သတိရသင့်နေပြီနော်
ယုရန် ....

သူ့မျက်ဝန်းများနီရဲလာပြီး ခေါင်းအောက်ဆိုက်ကျသွားလေတယ်

သူ့နောက်မှာရှိနေတဲ့လူက သက်ပြင်းချလိုက်ပြီး စာရေးသူကိုပွေ့လိုက်ကာ ကုတင်ထက်သာသာယာယာချ‌လိုက်ကာ စောင်ခြုံပေးလိုက်တယ်

"အေးဆေးအိပ်ပါ သခင်"

အဲ့နောက်တံခါးပိတ်‌လိုက်ကာ အပြင်ထွက်သွားလေ‌တယ်

တံခါးပိတ်သံကြားတာနဲ့ ကုတင်ပေါ်ကလူက မျက်လုံးဖွင့်လာလေတယ် အဲ့နောက် ဘေးစောင်းလိုက်ကာ သူ့မျက်ဝန်းတွေထဲက မျက်ရည်ပူတွေကျဆင်းလာတာကို မထိန်းနိုင်ခဲ့ဘူး

သူအရမ်းပင်ပန်းနေပြီ

သူမကိုလဲအရမ်းလွမ်းနေပြီ

ဆက်မစောင့်ချင်တော့ဘူး

ဒါပေမဲ့လဲ သူ့မှာ ဆက်စောင့်နေရုံကလွဲပြီး ဘာမှလုပ်နိုင်တာလဲမရှိဘူး

ဒါကြောင့်ပဲ အခန်းငယ်လေးဟာတိတ်ဆိတ်စွာနဲ့ ရှိုက်သံအချို့ကလွဲပြီး အရာရာတိတ်ဆိတ်နေခဲ့တယ်

လင်းယုရန်ကတော့ ခါးသီးနေတာပေါ့

သူမ ခါးသီးလွန်းလို့ တံတွေးတွေတောင် မျိုချရခက်နေပြီ

အားးရားးးးး

ဒါ ဒါ ဒါကရော ဘာအခြေအနေလဲ

လင်းယုရန်ခြေကုန်လက်ပမ်းကျပြီး ကုတင်ပေါ်ပက်လက်လှဲနေတာကို သူက သူမပေါင်ပေါ်ခေါင်းလာအုံးတယ်

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Opowieści tętniące życiem. Odkryj je teraz