အပိုင်း(21)uni&zgi

3.3K 166 2
                                    

Moe yanant thin 080:
ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်အဖြစ်ကူးပြောင်းသွားတယ်

အပိုင်း(21) သူမအပေါ်သူ့ရဲ့သဘောထား

"မင်းက ကိုယ်တော့်ဟာကိုတက်မက်ရဲတယ်ပေါ့လေ "

"အုအုအာအာ့ဝါ့"

"..........."

သူညှစ်ထားလို့စကားမပီတော့တဲ့သူမကို သူက မျက်မှောင်ကြုတ်ပြီးမှ လွှတ်လိုက်လေတယ်

"ဘာပြောတာလဲ"

"ဒီကိစ္စက မတော်တဆလို့ပြောရင်ယုံမှာလားဟင်?"

"နောက်ကျသွားပြီ"

သူ့ရဲ့အေးစက်တဲ့အသံကြောင့် သူမကြောက်လန့်ပြီး တံတွေးတောင်မျိုချမိလိုက်တယ်

သူ့စကားသံထဲမှာလဲ သူမ သတ်ဖြတ်ချင်စိတ်ကိုခံစားမိလိုက်တယ်

မသိလိုက်ဘာသာနဲ့ သူမနောက်‌ဆုတ်လိုက်တော့ သူကလဲ
သူမကိုဖမ်းဖို့‌ေရှ့တိုးကာ လိုက်လာလေတယ်

တကယ်တော့ သူမလေးကို သူစမ်းသပ်နေတာပါ

အဲ့ပုလဲက သူ့လက်ထဲကလွတ်သွားပြီး သူမလေးကိုယ်ထဲကို ဝင်ချင်လွန်းလို့ ပျော်ရွှင်ခုန်ပေါက်နေတာကိုသူခံစားမိတယ်

ဒါကို သူမလေးကလဲ တကယ်မလိုချင်ဘူးဆိုတာကိုလဲ သူလေ့လာမိတယ်

သူမလေးက အန်တောင်အန်နေတာက ဟန်လုပ်တာမဟုတ်မှန်း သူမြင်နေရလို့ သံသယဝင်မိတာပဲ

ဒါတွေအားလုံးကအရမ်းကိုပြည့်စုံလွန်းနေတယ်မဟုတ်ဘူးလား

ဘာလို့လဲ

ဘာလို့ဘာဟာကွက်မှမရှိအောင်ပြည့်စုံနေရတာလဲ

သာမာန်ဘာမှမသိတဲ့မိန်းမတစ်ယောက်ဆိုရင် အဲ့့ပုလဲကိုဘာလို့မလိုချင်ရမှာလဲ

သူမသာ တကယ်ရိုးသားတယ်ဆိုရင် သူ့ကိုအခုချိန်မှာရွံနေရမယ် မုန်းနေရမယ် ကြောက်လန့်နေရမယ်လေ

ဒါပေမဲ့ သူမက သာမာန်အတိုင်းပဲ

ဘယ်လောက်အန္တရာယ်များလိုက်တဲ့မိန်းမလဲ?

"မင်းဘာလို့ပုံမှန်အတိုင်းဖြစ်နေရတာလဲ ကိုယ်ပြောမယ် မင်းဘာသာမင်း ဖိအားပေးနေစရာမလိုဘူး "

(Complete)ငါလေးက ခွေးသွေးပက်စာအုပ်ထဲကို ‌ဗီလိန်မအဖြစ်ကူးပြောင်းသွားတယ် (nl,og)Where stories live. Discover now