၄၅၀။ "အားအနည်းဆုံး အဖွဲ့လော, အားအကောင်းဆုံး အဖွဲ့လော - ၃"

Start from the beginning
                                    

ဖန်ဂျင် အဝေးသို့ ရောက်ရှိသွားသည်နှင့် ကျောက်ချူက ချက်ချင်းပင် ဂျန်ရှီရှေ့သို့ ကပ်လာကာ မေး၏ ရှီလေး, မင်း ဘယ်သူ့ သတ်ချင်နေတာလဲ။

ကျောက်ချူ မျက်လုံးများက တလက်လက် ဖြစ်နေ၏။ စိတ်လှုပ်ရှားမှုကြောင့် လင်းလက်နေ၏။ ပြီးခဲ့သည့် အချိန်တုန်းက ဂျန်ရှီနှင့် အတူ ချင်းယန်ကလန်ကို အစုလိုက်အပြုံလိုက် သုတ်သင်ပစ်ပြီးနောက် ဂျန်ရှီနှင့် အတူရှိနေရတာကို ကျောက်ချူ သဘောကျနှစ်သက်နေပြီး ရင်တဖိုဖိုဖြင့် စိတ်လှုပ်ရှားနေမိသည်။

ဖန်ဂျင် အနားမှာ ရှိနေသဖြင့် ဂျန်ရှီကို သူတို့ တဲ့တိုး မမေးနိုင်ကြချေ။ ဖန်ဂျင်က ဂျန်ရှီကို ရှက်ကြောက်တတ်သော, နာကျင်အောင် မလုပ်တတ်သော ယုန်လေးလို သိထားသည်။ သို့သော် သူသိထားသော ယုန်လေးက လူများကို အရိုးပါမချန် မြိုချပစ်တတ်သော ယုန်လေး ဖြစ်နေသည်။ မရေတွက်နိုင်သော လူများက ထိုမထင်ရှားမသိသာသော မျက်နှာလေး၏ အမဲလိုက်ခြင်းကို ခံကြရသည်။ သူတို့ အဖြစ်ကို သိလိုက်ချိန်မှာတော့ သေပြီးကြသဖြင့် ခန္ဓာကိုယ်များပင် အေးစက် တောင့်တင်းနေကြလေပြီ။

မသိဘူး ဂျန်ရှီက ပြန်ပြောသည်။

ဟမ်... မသိဘူးလား.... ဘာဆိုလိုတာလဲ။

ဂျန်ဝုရှီက သူမလက်ကို မြှောက်၍ သူမ၏ လက်သန်းလေးဖြင့် ဆော့ကစားပြသည် ဘယ်သူလာလာ သေရလိမ့်မယ်။

ကျောင်းတော်အတွင်းမှာ သူမ လှုပ်ရှားဖို့ အဆင်မပြေချေ။ သို့သော် လိပ်ပြာသားရဲတောအုပ်သို့ ဝင်ရောက်ပြီးနောက် နယ်ပယ်က လုံးလုံး ကွဲပြားသွားလေပြီ။ ကျောင်းတော်မှာလို ဆုံးဖြတ်ချက် မပြတ်မသား နောက်ထပ် လုပ်စရာ မလိုတော့ပေ။ သူမမျက်လုံးများက အေးစက်စက်ဖြင့် သတ်ဖြတ်လိုသော အရိပ်အယောင်များ လင်းလက်သွားသည်။ သူမ ပြောခဲ့သည်... ဒီကို လာရောက်ဖို့ သူမကို ခဲခဲယဉ်းယဉ်း ကြိုးစားခဲ့သူ မည်သူမဆို နောက်ကျမှ နောင်တမရတာ အကောင်းဆုံးပင် ဖြစ်သည်။

နောက်ကွယ်မှ လှုံ့ဆော်သွေးထိုးပေးသူက မည်သူနည်း, သူမ ရှည်ရှည်ဝေးဝေး စဉ်းစားနေစရာ မလိုတော့ပေ။ သူမ သိတာ တစ်ခုတည်းသာ ရှိသည်... မည်သူဖြစ်ဖြစ် သူမအား ရန်လိုရဲသူ မည်သူမဆို, သူမ၏ ရက်စက်သော အမျက်ဒေါသကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားရမည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now