၄၄၁။ "အံ့ဖွယ် လူသတ်သမား - ၃"

Start from the beginning
                                    

ဂျန်ရှီ... မင်းကို ဖန်ဂျန်နဲ့ ဖန်ဇိုတောင် ကာကွယ်ပေးလို့ မရဘူး၊ မင်း နေချင်သလို နေလို့ ရမယ်လို့ မထင်နဲ့၊ မင်းလုပ်ထားတဲ့ မသမာမှု, အရှက်မဲ့မှုတွေ အားလုံးကို ကျောင်းတော်က လူတိုင်း သိသွားပြီ။

မရပ်မနား အော်ဟစ် ဆဲဆိုကြိမ်းမောင်းမှုကြောင့် ဖန်ညီအကို၏ မျက်နှာများ ချက်ချင်းပင် မဲမှောင်သွားကြသည်။

သူတို့ သုံးယောက် အပြင်သို့ လျှောက်လှမ်းထွက်လာကြသည်။

သူတို့ ဝါးတောအုပ်အတွင်း ခြံဝင်းသို့ ထွက်လာသည်နှင့် ခြံဝန်းအတွင်းမှာ အော်ဟစ်လျက် ရပ်နေဆဲ ဖြစ်သော လေညင်းကျောင်းသား အများအပြားကို တွေ့လိုက်ကြသည်။

သူ့ခြံဝင်းထဲ ကျူးကျော်ဝင်ရောက်လာသူများကို ဖန်ဇိုက ဒေါသတကြီး စူးစူးရဲရဲ ကြည့်လိုက်သည်။

ဝါးတောအုပ်လေးက ဖန်ချီ သီးသန့်ခွဲခြားထားသော အထူးနေရာ ဖြစ်သည်။ ဖန်ဇို ရောဂါသက်သာအောင် အနားယူဖို့ ဖြစ်၏။ လူတိုင်း ဝင်ထွက်ခွင့် မရကြချေ။ ဆရာများကိုပင် ဝင်ခွင့် မပြုထားပေ။ ကျောင်းသားများကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်မှာ ဆိုဖွယ်ရာပင် မလိုတော့။ ထူးဆန်းစွာ ဒီကျောင်းသားများက ရုတ်တရက် ထွက်ပေါ်လာပြီး ဝါးတောအုပ်လေးအတွင်းမှာပင် ကျကျနန အော်ဟစ်ဆဲဆို ကြိမ်းမောင်းနေကြသည်။

ခြံဝင်းအတွင်းရှိ ဝင်ပေါက်တံခါးမကြီးက ဟောင်းလောင်းပွင့်နေသည်။ ထိုတပည့်များက သူတို့ကို မတားမြစ်ထားဟန်ဖြင့် ဝင်လာကြပုံပေါ်နေသည်။

အာ့ဂျင် ဖန်ဂျင်က အနေအထားကို ချင့်ကဲဆုံးဖြတ်လိုက်လျှင် ဖြစ်ရပ်ကို နားလည်သွား၏။

အထဲမှ တစ်ယောက်ယောက် ဖွင့်ပေးမထားလျှင် ထိုပြဿနာကောင်များ ဝင်လာနိုင်စရာ အကြောင်းမရှိချေ။

အာ့ဂျင်က စားဖိုဆောင်မှ ပြေးထွက်လာ၏။ သူ၏ သန့်ရှင်းနေသော မျက်နှာက ကြောက်စိတ်မွှန်နေသည်။

ဘာလို့ အဲကောင်တွေ ဒီထဲ ရောက်လာကြတာလဲ၊ ကျောင်းအုပ်ကြီးရဲ့ တင်းကျပ်တဲ့ စည်းကမ်းကို မင်း မေ့သွားတာလား ဖန်ဂျင်က အာ့ဂျင်ကို ဒေါသဖြင့် ကြည့်သည်။ အာ့ဂျင်က လတ်တလောမှာ ပြဿနာမရှာပေ။ အမြဲတစေ မပျော်မရွှင် ဖြစ်နေသော မျက်နှာမှ တပါး, ဖန်ဇို၏ အလိုဆန္ဒကို ဆန့်ကျင်ဘက် မပြုခဲ့ပေ။ သို့သော ကနေ့ ဖြစ်ရပ်က အတော် လွန်သွားပြီ ဖြစ်သည်။

အာ့ဂျင်က ခြံဝင်းအတွင်းရှိ ကျောင်းသားများနှင့် ပွင့်နေသော ခြံဝင်းတံခါးကို ကြည့်လျက် တုန်လှုပ်ဟန် ပေါ်နေသည်။ ထို့နောက် သူ ပြောလေ၏ အကြီး သခင်လေး... ခင်ဗျား အထင်လွဲနေပြီ၊ ကျနော် ကျောက်ခင်းလမ်းလေးကို တံမြက်လှည်းနေတုန်း မီးဖိုချောင်မှာ မီးမငြှိမ်းဘဲ ထားပခဲ့တာ ရုတ်တရက် သတိရလာလို့ မီးဖိုချောင်ထဲ အမြန် ပြန်သွားတာ, ဒါ့ကြောင့် တံခါးပိတ်ဖို့ မေ့သွားခဲ့တာ၊ သူတို့ ဒီထဲ ဝင်လာတာ ကျနော် မသိဘူး။

ထိုသို့ ပြောပြီးနောက် အာ့ဂျင်က ထိုကျောင်းသားများထံ လျှောက်သွားပြီး သူတို့ကို မောင်းထုတ်သည်။ ၎င်းကျောင်းသားများက တံခါးဝမှာ ရစ်သီရစ်သီ လုပ်နေရင်း ဂျန်ဝုရှီကို စူးစိုက်ကြည့်ကြ၍ ဂျန်ဝုရှီ၏ ကြမ်းကြုတ်သော လုပ်ရပ်အမျိုးမျိုးကို အော်ဟစ်ဆဲဆိုနေကြသည်။

ဂျန်ဝုရှီက သူမရှေ့ရှိ ဟာသဇာတ်ကို အမူအရာမဲ့ ကြည့်နေသည်။ ထို့ပြင် ဖန်ဂျင်ကို ရှင်းပြနေသော အာ့ဂျင်၏ မျက်လုံးများမှ ပြစ်မှုကိုလည်း အလွတ်မပေးချေ။

ဒီလူက သူမကို ဒီလောက်တောင် မုန်းနေတာလား။

ဂျန်ရှီ... မင်း ကိုယ့်ကိုယ်ကို အပြစ်ကင်းတယ်လို့ ထင်ရင်, ဒီမှာပဲ ပုန်းမနေနဲ့၊ ယောက်ျားပီသရင် ထွက်လာခဲ့(ဟာ... ပြဿနာ... သူက မိန်းကလေးလေ) သူတို့ တွန်းထိုး ထွက်သွားရင်း လက်မလျော့သေးဘဲ ဆက်လက် အော်ဟစ်နေကြသည်။

ဖန်ဂျင်၏ မျက်နှာက ထိုခဏမှာ အလွန်အမင်း မဲနက်သွားလေ၏။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now