၄၂၀။ "ဂူလီရှန် ဒေါသပုန်ထခြင်း - ၁"

Comenzar desde el principio
                                    

ဦးလေး ဂူ, လီဇီမုက ဘယ်လောက် တော်နေလို့လဲ၊ ခင်ဗျား အစကတည်းက ဂျန်ရှီကို တပည့်အဖြစ် တကယ် လက်မခံလိုဘူးဆိုရင်လည်း ဘာ့ကြောင့် သူ့ကို ဦးစားပေးအဆင့်အနေနဲ့ မျှော်လင့်ချက် ပေးလိုက်ရတာလဲ၊ အခု ကျောင်းတော်က တခြားတပည့်တွေ ဂျန်ရှီ့ကို ဆိုးဆိုးဝါးဝါး စွပ်စွဲ အပြစ်တင်နေတာကို ခင်ဗျား သိရဲ့လား။

ဖန်ဂျင်က ဂူလီရှန်အား အမြဲတမ်း လေးစားခဲ့သူ ဖြစ်သည်။ ဂူလီရှန်က ဆိုက်ကြီးဂိုက်ကြီး မလုပ်တတ်သူမို့ သူ့အပေါ် ဖန်ဂျင်က အတော် ခင်မင်ခဲ့သည်။ သို့သော် သည်တစ်ကြိမ် ဂျန်ရှီ့ကိစ္စမှာ ဂူလီရှန်က တစ်ဖက်သတ် မှားယွင်းဆုံးဖြတ်လိုက်မိပြီဟု သူ သုံးသပ်မိသည်။

ဂူလီရှန်အတွက်တော့ သည်ကိစ္စက ဘေးထွက်ဆိုးကျိုး အနည်းငယ်မျှသာဟု မြင်ထားပုံရသည်။ သို့သော် ဝင်ရောက်လာခါစ တပည့်သစ်အတွက်မှာတော့ ဆိုးကျိုးက ကြီးမားလှသည်။

ကနေ့ အဖြစ်အပျက်ကို သူ ကိုယ်တိုင်သာ မတွေ့ကြုံခဲ့ရပါက လီဇီမုနှင့် လူငယ်တပည့်များက ဂျန်ရှီအား မည်မျှလောက် ဆိုးဆိုးဝါးဝါး နှိပ်စက်ညှင်းဆဲကြမည်နည်း သူ မခန့်မှန်းနိုင်ပေ။

ဖန်ဂျင်၏ စွပ်စွဲရိပ်သန်းသော လေသံကို ကြားရလျှင် ဂူလီရှန်က အတော် ခေါင်းရှုပ်သွားသလို ခံစားလိုက်ရသည်။

မင်း ဘာအကြောင်း ပြောနေတာလဲ၊ ဆိုးဆိုးရွားရွား ပြစ်တင်စွပ်စွဲနေတယ်ဆိုတာ ဘာလဲ၊ ဘာဖြစ်ခဲ့လို့တုန်း ဖန်ဂျင့်ဆီမှ ကြားရသလောက်ထက် ပိုမိုသော ကိစ္စရှိမည်မှန်း သိ၍ ဂူလီရှန်က စိုးရိမ်တကြီး ကိစ္စခြင်းရာကို မေးမြန်းသည်။

ဘာဖြစ်ခဲ့ရမှာလဲ၊ ခင်ဗျားရဲ့ ချစ်လှစွာသော ခုမှ လက်ခံထားတဲ့ တပည့်သစ်လေ, လီဇီမုပေါ့၊ သူက လူငယ်တစ်အုပ်စုကို ဦးဆောင်ပြီး ဂျန်ရှီကို အခက်တွေ့အောင် လုပ်ခဲ့တယ်လေ၊ ဝိညာဉ်ကုစားဌာနက သူ့နေရာကို ဂျန်ရှီက ခိုးယူတယ်လို့ သူက စွပ်စွဲခဲ့တယ်၊ ပြီးတော့ ခင်ဗျားက ဂျန်ရှီကို သ‌ဘောမကျဘူးလို့ သူ ပြောခဲ့တယ်၊ ဂျန်ရှီက ခင်ဗျားကိုယ်တိုင်ကြောင့် ဒီကို သူ့ဘာသာ လာခဲ့ရတာ၊ ပြီးတော့ ခင်ဗျားကိုယ်တိုင် နှင်ထုတ်လိုက်တယ်မို့လား။ ဖန်ဂျင်က အနည်းငယ် စိတ်တိုသော လေသံဖြင့် ပြောသည်။

ဂူလီရှန်၏ မျက်နှာက ဖြူရော်ရော် ဖြစ်သွားသည်။ မဟုတ်တာ, ဘယ်တုန်းက အဲစကား ငါ ပြောဖူးလို့လဲ။

ဂျန်ရှီကို လုံးဝ သဘောမကျဘူးတဲ့လား။ သူက ဒီလို ပါရမီရှင်ကို မည်သို့ လက်လွှတ်ခံမည်နည်း။

သူက ထိုကောင်လေးကို မြင်သည်နှင့် ချင့်ကဲ ဆုံးဖြတ်ပြီး ဖြစ်သည်။ ပါရမီရှင်အနေဖြင့် သူ့အား ဂျန်ရှီ ပြသခဲ့တာ အမှန်တရားပင် ဖြစ်သည်။ ဂျန်ရှီက အမွှေးတိုင် တစ်တိုင် လောင်ကျွမ်းချိန်အတွင်းမှာပင် ဝိညာဉ်ကုစားခြင်းနည်းစနစ်ကို ကြိုတင်လေ့လာရခြင်းမရှိဘဲ တတ်မြောက်သွားခဲ့သည့်အပြင် အားနည်းချက်ကိုပါ ထုတ်ဖော်နိုင်ခဲ့သည်။ ထို့ကြောင့်ပင် ဝိညာဉ်ကုစားဌာနမှာ ဂျန်ရှီ ဆက်လက်နေပါက အချိန်ဖြုန်းရာသာ ရောက်မှာမို့ ဝိညာဉ်ကုစားခြင်း နည်းစနစ်ကို တိုးတက်တီထွင်နေစဉ်အတွင်း သူ့ လက်စွပ်ဝိညာဉ်ကို လေ့ကျင့်နည်းစနစ်, တိုးတက်အောင်လုပ်နည်းစနစ်တို့ကို သင်ယူရန် သားရဲဝိညာဉ်ဌာနသို့ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

သည်လို လုပ်ခဲ့ခြင်းက ဂျန်ရှီ သုတေသနလုပ်ဆောင်နေစဉ် သူတပါး သိသွားမှာ စိုးရိမ်၍ ပိုမို၍ အသိပညာတိုးပွားစေရန်နှင့် သူ့အား ကာကွယ်ပေးရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ကောင်လေးအပေါ် သူ၏ ထောက်ထားညှာတာမှုက ဆိုးရွားသော သက်ရောက်မှု ဖြစ်လာရပြီး ၎င်းသက်ရောက်မှုကို ဂူလီရှန် မျှော်လင့်မထားခဲ့ပေ။

ဂူလီရှန်၏ တုံ့ပြန်ပုံကို ကြည့်ရသလောက် သူတို့ ထင်မြင်သလို မဟုတ်မှန်း ဖန်ဂျင် ခံစားမိသည်။ ထို့ကြောင့် သူက စိတ်ငြိမ်အောင် လုပ်၍ ကနေ့ ထမင်းစားခန်းတွင် ဖြစ်ပျက်ခဲ့သမျှကို ဂူလီရှန်အား ပြန်ပြောပြသည်။

ဖန်ဂျင် ပြောပြသည်ကို ကြားပြီးနောက် ဂူလီရှန်၏ မျက်နှာက ဒေါသကြောင့် ရှူံ့မဲ့သွားသည်။

အဲစကားတွေကို လီဇီမု ပြောတာလား သူ့မျက်နှာက မဲမှောင်နေပြီး သူ့အသံက နိမ့်ဆင်းသွားသည်။

ဖန်ဂျင် ခေါင်းညိတ်ပြသည်။

ဂူလီရှန်၏ မျက်နှာက တိမ်မည်းမည်းလို မဲမှောင်လို့သွားသည်။

ပါရမီရှင်သမားတော်(၂)Donde viven las historias. Descúbrelo ahora