၄၀၂။ "ဝိညာဉ်ကုစားသူ - ၂"

Start from the beginning
                                    

ဂျန်ဝုရှီက ခဏလောက် စဉ်းစားပြီးနောက် ပြန်ပြောသည် ဝိညာဉ်ကုစားခြင်း အတတ်က ကျုပ်အတွက် အသုံးဝင်မှာပါ။

ဟားဟားဟား ဂူလီရှန်က မထိန်းနိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်သည်။ သူက စနောက်၍ မေးလိုက်ခြင်း ဖြစ်သည်။ သို့သော် သူမထံမှ အတည်တကျ ပြန်လည် ဖြေဆိုလာလို့ သူ သဘောကျသွားရခြင်း ဖြစ်သည်။

ဒီကောင်လေးက ဘာပဲ ဖြစ်ဖြစ် စိတ်ညစ်တဲ့ပုံ မပေါ်ပေ၊ ဒါ့ကြောင့် သူက နစ်နာသလို မခံစားရတာ ဖြစ်မည်။

ဝိညာဉ်ကုစားဌာနက ဒီကောင်လေးအတွက် အသုံးချရုံမှ လွဲ၍ ဘာမျှ ဟုတ်ပုံ မဟုတ်ပေ။ ဂူလီရှန်သည်သာ အနည်းငယ် နစ်နာသွားသလို ခံစားလိုက်ရသည်။

မင်းအတွက် အသုံးဝင်တယ်ဆိုရင်, ကောင်းကောင်း သင်ယူပေါ့၊ ငါ့ကို ပြောပါအုံး, လောလောဆယ် မင်းသိထားတဲ့ ဝိညာဉ်ကုစားခြင်း အတတ်ပညာကိုပေါ့။ ဂူလီရှန်က လက်ပိုက်၍ မေးသည်။ သူက ဂျန်ဝုရှီကို မျက်နှာသေဖြင့် ကြည့်နေလိုက်သည်။

စာရင်းသွင်းခြင်း မပြီးခင်မှာပင် လက်ခံလိုက်ခြင်းက ဂူလီရှန်အတွက် ရိုးရာအစဉ်အလာကို ပထမဆုံး ဖောက်ဖျက်လိုက်ခြင်း ဖြစ်သည်။ ထို့ပြင် ဒီကောင်လေးက ဒီနှစ်အတွက် သူလက်ခံလိုက်သည့် တစ်ဦးတည်းသော တပည့်လည်း ဖြစ်သည်။ ကျောင်းအုပ်ကြီးနှင့် လက်ထောက်ကျောင်းအုပ်က သူ့အား မနေ့က အဖြစ်အပျက်နှင့် ပတ်သက်၍ ပြန်လည် သုံးသပ်ဖို့ သီးသန့်စီ ပြောခဲ့သည်။ သို့သော် သူ့အတွေးကို မပြောင်းလဲနိုင်ခဲ့ပေ။

သူ အသိအမှတ်ပြုရလောက်အောင် ဉာဏ်ထက်လွန်းသည့် တပည့် တစ်ယောက်မျှ မရှိခဲ့ဖူးပေ။

ဂျန်ဝုရှီက မျှော်လင့်စောင့်စားနေသည့် ဂူလီရှန်ကို စူးစိုက်ကြည့်သည်။ သူမ၏ ရှည်ရှည်ဝေးဝေး ရှင်းပြခြင်းကို ဂူလီရှန်က မျှော်လင့်နေခြင်း ဖြစ်သည်။ သို့သော် သူမက တစ်ခွန်းတည်းသာ ပြောသည် ဘာမှ မသိဘူး။

..............ဂူလီရှန်၏ အပြုံးက အေးခဲသွားရသည်။ သူ အကြားများ မှားသွားသလားဟု တွေးထင်လိုက်သည်။

ဘာမှ မသိဘူး... ဟုတ်လား... နည်းနည်းလေးမှတောင်လား ဂူလီရှန်က ဂျန်ဝုရှီကို အံ့အားသင့်စွာ ကြည့်မိသည်။ သူ့အဖြေက တကယ်ပင် သူ မျှော်လင့်ထားသည့် အဖြေမဟုတ်ပေ။

လေညင်းကျောင်းတော်သို့ လာရောက်သည့် တပည့်များကြားတွင် ဝိညာဉ်ကုစားခြင်းအတတ်ပညာကို မသိသူ မရှိသလောက်ပင်။ သည်ကောင်လေးက ဘယ်နေရာမှာ ပေါက်ဖွားခဲ့လို့ပါလိမ့်။

ဂျန်ဝုရှီက ခေါင်းညိတ်ပြသည်။ သူမ မျက်နှာက တည်တည်ကြည်ကြည်ပင်။

ဂူလီရှန်က သူ့မျက်နှာကို လက်ဖဝါးနှစ်ဖက်ဖြင့် အုပ်လိုက်သည်။ သူ့မျက်လုံးများ မှားယွံင်းနေသလားလို့ သူ သံသယပင် ဝင်နေမိသည်။

ကောင်းပြီလေ ဂူလီရှန်က သူ့ကိုယ်သူ အပြည့်အဝ တည်ငြိမ်အောင် လုပ်လိုက်သည်။ သူက သူ့ကိုယ်သူ တည်ငြိမ်အေးဆေးသော ဆရာအသွင်ကို ပြန်လည်ရယူ၍ ဂျန်ဝုရှီ၏ ရှေ့သို့ စာအုပ်တစ်အုပ်ကို ချပေးသည်။

ဒါက ဝိညာဉ်ကုစားခြင်း အတတ်ပညာနဲ့ ပတ်သက်လို့ အခြေခံ ရေးထားတဲ့ စာအုပ်ပဲ၊ မင်းအတွက် အသုံးဝင်လိမ့်မယ်။

ဂျန်ဝုရှီက လက်လှမ်းယူ၍ စာအုပ်ကို လျင်မြန်စွာ လှန်လှော ဖတ်ရှူသည်။

စာအုပ်က အရမ်းမထူသဖြင့် ဂျန်ဝုရှီက အကြိမ်အနည်းငယ် လှန်လှောဖတ်ရှူသည်။ သူမက စာအုပ်ပါ အချက်အလက်များကို သေချာ မှတ်သား၍ စာအုပ်ကို စားပွဲပေါ်တွင် အသာအယာ ပြန်ချလိုက်သည်။

ဂူလီရှန်က ဂျန်ဝုရှီအား စာအုပ်ကို အကြိမ်အနည်းငယ် လှန်လှောဖတ်ရှူ၍ စားပွဲပေါ်သို့ ပြန်ချထားသည်ကို စူးစမ်းကြည့်နေမိသည်။ ဂျန်ဝုရှီ၏ လုပ်ရပ်ကြောင့် သူ မည်သို့ တုန့်ပြန်ရမှန်းပင် အသေအချာ မသိတော့ပေ။

သူက စားပွဲပေါ်ရှိ စာအုပ်ကို ကြည့်သည်။ ထို့နောက် ဂျန်ဝုရှီကို ပြန်ကြည့်သည်။

ဂျန်ဝုရှီက သူ့အား ပြန်ကြည့်သည်။ သူမ မျက်နှာက ခပ်တည်တည်ပင်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now