၃၈၁။ "အကြီးအကဲ ပေါ်ထွက်လာခြင်း - ၂"

Start from the beginning
                                    

ဝရုန်းသုန်းကား အခြေအနေ ဖြစ်ပေါ်လာသည်။

တန်းစီနေသည့် လူငယ်များက သစ်ပင်အောက်သို့ အပြေးအလွှား ရောက်လာကြသည်။

မုချန် လူငယ်တစ်ယောက်အား ဆေးရောင်းချလိုက်တာကို တွေ့မြင်ရလျှင် လူငယ်အုပ်စုက အမောတကော ချွေးသံတရွှဲရွှဲဖြင့် အပြေးလာကြပြီး သူ့ရှေ့မှာ အားလုံး ဒူးထောက်လိုက်ကြသည်။

အကြီးအကဲမု, ကျနော်တို့ မေးလို့ရမလား၊ အဲလူငယ်ကို ရောင်းလိုက်တဲ့ ဆေးက ဘာအမျိုးအစားလဲ ဆိုတာကို သိချင်စိတ်ပြင်းပြနေသည့် လူငယ်တစ်ယောက်က မုချန်ကို အရဲစွန့်ကာ မေးသည်။ သူ့အဆင့်အတန်းကိုပင် ခေါင်းထဲ မေ့ပျောက်သွားသည်။ သူ မေးသည့် အမူအရာက ရိုင်းပျသွားတာကိုပင် သူ သတိမမူမိတော့ပေ။

သုံးသိန်းဆိုသည့် ပမာဏက သေးငယ်သည့် ပမာဏ မဟုတ်ပေ။ သည်ကျယ်ပြောသော ကုန်းမြေကြီးတွင် မိုးကောင်းကင်အထိ ဈေးကြီးသည့် ဆေးက များများ စားစား မရှိပေ။

သူတို့က သည်ငွေပမာဏကို သုံးစွဲပစ်နိုင်သော်လည်း ဆေးလုံးက သူတို့အတွက် အသုံးမဝင်လျှင်, သူတို့က အရူးများသာ ဖြစ်ကြလိမ့်မည်။

မုချန်က ရုတ်တရက် သူ့အား ပတ်လည်ခြံရံလာသည့် လူငယ်အုပ်စုကို စူးစိုက်စွာ ကြည်သည်။ သူ၏ တင့်တယ်ချောမောသည့် မျက်နှာက ထိုခဏတွင် အံ့ဩဟန် ဖြစ်ပေါ်လာသည်။ သို့သော် သူက လျင်မြန်စွာ ချိုးနှိမ်၍ တည်ငြိမ်အောင် လုပ်ပြီး သိမ်မွေ့နူးညံ့သည့် လေသံဖြင့် ပြောသည် ဒီဆေးလုံးက မင်းတို့ရဲ့ သွေးကြောတွေကို အကျယ်ချဲ့ပေးနိုင်တယ်၊ မင်းတို့ရဲ့ ဝိညာဉ်စွမ်းအားတွေကို လေ့ကျင့်တဲ့နေရာမှာ မြန်ဆန်စေတယ်၊ ဒါ့ထက်ပိုပြီး ဘာမှ မဟုတ်ဘူး။

မုချန်၏ လေသံက ဘာမှ အရေးမပါသလို ဖြစ်နေသည်။ သို့သော် လူငယ်များ၏ စိတ်များမှာ ထိုစကားလုံးများက စွဲထင်သွားပြီး သူတို့ နှလုံးသားများက မြန်ဆန်လာကြသည်။

သွေးကြောတွေကို အကျယ်ချဲ့ပေးနိုင်တာလား။

သည်သက်ရောက်မှုက မယုံကြည်နိုင်အောင် ဆွဲဆောင်သွားသည်။

ထိုသက်ရောက်မှုက သူတို့၏ အနာဂတ်လေ့ကျင့်ခြင်းလမ်းကြောင်းတွင် တခြားသက်တူရွယ်တူများထက် ပိုမို မြန်ဆန်မည်ဟူ၍ ဆိုလိုသည်။ ထိုလို ဆေးလုံးမျိုးကို ငယ်ရွယ်သည့်အချိန်မှာ သူတို့ အင်အားအခြေခံအတွက် သုံးစွဲလျှင် အကောင်းဆုံး အကျိုးရလဒ် ရရှိမည် ဖြစ်သည်။ ထိုလူငယ်များက ၁၆နှစ်အတွင်းမှာ ရှိကြသည်။ သူတို့အတွက် ၎င်းဆေးလုံးကို သုံးစွဲတာက လုံးဝ အဆင်ပြေချောမွေ့သည့် အချိန်ကောင်းပင် ဖြစ်သည်။

ထို့ပြင် သည်လို သက်‌ရောက်မှုရှိသော ဆေးမျိုး တည်ရှိနေတာကို သူတို့ ဒီ့အရင်က မသိခဲ့ကြပေ။

သည်လို မိုးကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သည့် ဆေးမျိုးကို ထုတ်လုပ်နိုင်တာက ချင်းယန်ကလန်အပြင် မည်သူ ရှိနိုင်မည်နည်း။

သို့သော် ချင်းယန်ကလန်က ရပ်စဲသွားခဲ့သည်။ ချင်းယန်ကလန်မှ တစ်စုံတစ်ယောက်ကို မည်သည့်အချိန်မှ တွေ့နိုင်မည်နည်းဆိုတာကို မိုးကောင်းကင်သာ သိလိမ့်မည်။ ထိုအံ့ဖွယ်ကောင်းသည့် ဆေးလုံးကို ဝယ်ယူဖို့ သူတို့ အချိန်ဖြုန်းစရာ မလိုသည့် အခွင့်အရေးက ရောက်ရှိလာတာ ဖြစ်နိုင်သည်။

အကြီးအကဲမု၊ ကျေးဇူးပြုပြီး ကျနော့်ကို ဆေးလုံးတစ်လုံး ငဲ့ညှာသောအားဖြင့် ရောင်းပေးပါ၊ အကြီးအကဲ တောင်းသလောက် ပေးပါ့မယ် အမြန်အဆန် စဉ်းစားတတ်သော လူငယ်တစ်ယောက်က ချက်ချင်းပင် တောင်းပန်လိုက်သည်။ သူက လက်အပြည့် ငွေစက္ကူများကို ဝှေ့ယမ်းပြသည်။

သူတို့၏ သွေးကြောများက သူတို့၏ အနာဂတ်လေ့ကျင့်ရေး လမ်းကြောင်းမှာ ဝိညာဉ်စွမ်းအား တိုးတက်ဖို့ သက်ရောက်မှု ရှိလာမှာ ဖြစ်သည်။ မိုးကောင်းကင်က ပို့သလာသော ကံကောင်းမှုကို မည်သူ ငြင်းပယ်နိုင်မည်နည်း။

အကြီးအကဲမု ကျနော့်ကိုလည်း တစ်လုံး ရောင်းပေးပါ။

ကျနော့်ကိုလည်း.... ကျနော့်ကိုလည်း... အကြီးအကဲမု ဘယ်လောက် ကုန်ကျကျ ကျ‌နော် လိုချင်တယ်။

လူငယ်တစ်ယောက်က အသဲအမဲ ဖြစ်ပြီးနောက်, ဒုတိယလူငယ်ကလည်း အမြန်တောင်းဆိုလာသည်။ ထို့နောက် တတိယလူငယ်....

မုချန်ဘေးပတ်လည်တွင် လူများ ဝိုင်းအုံနေချိန်မှာတော့ အရင်ဆုံး ဆေးလုံးဝယ်ယူထားခဲ့သည့် လူငယ်က အသာလျှို၍ လူအုပ်ကြားထဲမှ ထွက်သွားသည်။

လူငယ်များက မုချန် ပတ်ပတ်လည်တွင် ဒူးထောက်၍ ငွေစက္ကူအထပ်လိုက်ကို ဝှေ့ယမ်းလျက် သူတို့အတွက် ဆေးလုံးတစ်လုံးလောက်ကို တောင်းဆိုနေကြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now