၃၆၇။ "အရှေ့ဖက်ဝင်း စည်ပင်လာခြင်း - ၂"

Start from the beginning
                                    

ယန်ဘူဂွေ့က သူတို့၏ မလေးမစားလုပ်ခြင်းနှင့် အသားကျနေပြီ ဖြစ်သည်။ မည်သို့မျှ သက်ရောက်ခံရပုံ မရပေ။ သို့သော် သည်တစ်ကြိမ်တွင် သူက ဂျန်ဝုရှီကို ဖျတ်ခနဲ ကြည့်လိုက်သည်။ ဂျန်ဝုရှီအား သနားသွားလို့ ဖြစ်သည်။ လက်ညှိုးထိုး၍ ကြမ်းကြမ်းတမ်းတမ်း အတင်းပြောခံနေရသည် မဟုတ်လော။

သို့သော် ဂျန်ဝုရှီက နည်းနည်းလေးမျှ သက်ရောက်ခံရပုံ မရချေ။ ယန်ဘူဂွေ့က သူ့တပည့်လေး၏ ကျောပြင်ကို ကြည့်လိုက်သည်။ ဖြောင့်မတ်နေပြီး ကောင်းကင်ကြီး ပြိုကျလာလျှင်တောင် ကိုင်းညွတ်သွားမည့်ပုံ မပေါ်ပေ။

ဂျန်ဝုရှီကို သူ စိုးရိမ်ပူပန်ခဲ့သည်။ အထင်သေးသည့် အကြည့်များကြောင့် ဖြစ်သည်။

သို့သော် တကယ့်အဖြစ်မှန်က... ယန်ဘူဂွေ့ အတွေး မှားယွင်းသွားခဲ့သည်။

အရင်တုန်းက ချီတိုင်းပြည်မှာ အုပ်စိုးသူ ပြောင်းလဲအောင် ဂျန်ဝုရှီက လုပ်ဆောင်ခဲ့သည်။ သူမ၏ ဂုဏ်သတင်းက ဖွတ်ဖွတ်ညက်ည်က် ဖြစ်နေခဲ့သည်။ ထိုအချိန်မှာ ဂျန်ဝုရှီအပေါ် လူများ၏ အမြင်က ကနေ့ထက် အဆပေါင်းများစွာ ပိုမို ဆိုးရွားခဲ့သည်။ သို့သော်.....

ဂျန်ဝုရှီက သူတို့ကြောင့် ဘယ်တုန်းကမျှ စိတ်ညစ်မခံခဲ့ပေ။ သူမ မျက်လုံးများက သူတို့အား တစ်စက္ကန့်လေးပင် ကြည့်ရှူဖို့ စိတ်ရှုပ်မခံခဲ့ပေ။

မူရင်း ဖီးနစ်ကျောင်းတော်က ကြီးမားကျယ်ပြန့်သည်။ သို့သော် ၎င်း၏ အကျယ်အဝန်းက ပြန်လည်တည်ဆောက်ပြီးနောက် အကြီးအကျယ် ကျုံ့သွားခဲ့ရသည်။ ရံပုံငွေ မလုံလောက်သဖြင့် ကျောင်းတော်၏ အ‌ဆောက်အဦများကို ပြန်လည် မပြင်ဆင်နိုင်ပေ။ သို့မဟုတ် သင့်လျော်သလို မထိန်းသိမ်းထားနိုင်ပေ။ ကျောင်းတော်၏ သွင်ပြင်က စိတ်ပျက်စရာကောင်းလောက်အောင်ပင် အိုးမင်းဟောင်းနွမ်းနေသည်။ ကျောင်းတော်၏ ဘဏ္ဍာငွေ အခြေအနေကို ရှက်ဖွယ်လိလိ ထင်ဟပ်ပြသနေသည်။

ကျောင်းအုပ်ကြီး၏ စာကြည့်ခန်းက သေးငယ်သည့် နေရာတစ်ခု ဖြစ်သည်။ တံခါးပေါ်မှ ဆေးများက ကွာကျနေကြသည်။ တံခါးသို့ သွားရာလမ်းရှိ အက်ကြောင်းရာများမှာ ပေါင်းပင်များက ကြီးထွားနေပြီး နေရာတစ်ခုလုံးက စိတ်ပျက်ငြီးငွေ့စရာ ဖြစ်နေသည်။

သူတို့ တံခါးကို တွန်းဖွင့်လိုက်လျှင်, အဖြူရောင် မုတ်ဆိတ်မွှေးအပြည့်နှင့် ပျော့တိပျော့ခွေ အဖိုးကြီးက အခန်းထဲရှိ သူ့စားပွဲနောက်တွင် ထိုင်နေသည်။ အိုမင်းပြီး အရေးအကြောင်းများ တွန့်နေသည့် မျက်နှာပေါ်တွင် မျက်လုံးတစ်စုံက ကျဉ်းမြောင်းလို့နေသည်။ သူ့ဘေးတွင် ရပ်နေသည့် ဟီချွဲ့ရှန်က ယန်ဘူဂွေ့နှင့် သူ့တပည့်အသစ်ကို ပယ်ပယ်နယ်နယ် ပြစ်တင်ဝေဖန်နေသောကြောင့် ဖြစ်သည်။

ဟီချွဲ့ရှန်က ယန်ဘူဂွေ့နှင့် ဂျန်ဝုရှီ အထဲသို့ ဝင်လာတာကို တွေ့ရလျှင်, ပိုမို၍ ပြင်းပြင်းထန်ထန် အပြစ်ပြောတော့သည်။

ယန်ဘူဂွေ့၏ မျက်နှာအမူအရာက ပျာယာခတ်နေတာ ရှင်းလင်းနေသည်။ သို့သော် ဂျန်ဝုရှီက တည်ငြိမ်အေးဆေးနေသည်။ ထိုမဟုတ်တမ်းတရား ပြောဆိုချက်များက သူမနှင့် မည်သို့မျှ မသက်ဆိုင်သည့်အလားပင်။

ကျောင်းအုပ်ကြီး, အဲမှာသာ ကြည့်တော့၊ သူတို့နှစ်ယောက်က ကျောင်းအုပ်ကြီးရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြတာ၊ ကျနော် ကနေ့ အစောပိုင်းတုန်းက စာရင်းတွက်ချက်ကြည့်တော့ အရင်ရက်တွေတုန်းက အရှေ့ဖက်ဝင်းရဲ့ ပေးစရာကြွေးကျန်တွေက ဒင်္ဂါးပြားပေါင်း တစ်ဆယ်ကျော်အထိ တိုးတက်မြင့်မားလာတယ်၊ ကျနော်တို့ သူတို့ကို လိုက်လျောပေးထားရင်, သူတို့က ဖီးနစ်ကျောင်းတော် တစ်ခုလုံးကို သူတို့နဲ့ အတူတူ ဆွဲချသွားလိမ့်မယ်။ ဟီချွဲ့ရှန်က ဇွတ် ဆက်ပြောနေသည်။

ငွေအကြောင်း ပြောလာလျှင်, ကျောင်းအုပ်ကြီး အမူအရာက သက်ဝင်လှုပ်ရှားလာသည်။ သူက ယန်ဘူဂွေ့နှင့် ဂျန်ဝုရှီကို ခေါင်းထောင်ကြည့်သည်။

ဘူဂွေ့, မင်း တင်နေတဲ့ အကြွေးတွေကို ဘယ်အချိန် ဆပ်မှာလဲ၊ မင်း ပေးရမဲ့ အကြွေးတွေကို ငါတို့ အကြာကြီး မစောင့်နိုင်တော့ဘူး၊ မင်းတပည့်တွေကလည်း တခြားတပည့်တွေကို ဒဏ်ရာအပြင်းအထန်ရအောင် လုပ်ခဲ့ကြတယ်၊ အဲသတင်းသာ သူတို့ မိသားစုတွေဆီ ရောက်သွားရင်, မင်းလာပြီးရင် သူတို့ လိုက်လာကြလိမ့်မယ်၊ သူတို့ကလေးတွေကို ကျောင်းတွေကနေ နှုတ်သွားကြရင်, ငါတို့ ဒီကျောင်းတော်မှာ နောက်ထပ် ဝင်ငွေအရင်းအမြစ် ဆုံးရှုံးသွားရလိမ့်မယ်။ ကျောင်းအုပ်အဖိုးကြီးက ယန်ဘူဂွေ့အား တကျည်ကျည် ပြောသည်။ သူ့မျက်နှာက အင်မတန် ထိခိုက်နစ်နာနေပုံပေါက်နေသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now