၃၅၅။ "ငါ ရောက်လာပြီပဲ - ၄"

Start from the beginning
                                    

“အပင်အမျိုးအစား လက်စွပ်ဝိညာဉ်တွေက အရမ်းအားကောင်းတဲ့ ကိုယ်တိုင်ကုသခြင်း စွမ်းအားကို ပိုင်ဆိုင်ထားကြတယ်၊ သူတို့ကို ဝါးမျိုလိုက်ရင်, သူတို့ တိုးတက်တဲ့ နှုန်းထားက အရမ်းမြင့်မားပြီး မြန်ဆန်သွားကြတယ်၊ ဒါ့ကြောင့် အပင်အမျိုးအစား လက်စွပ် ဝိညာဉ်တွေက တန်ဖိုးကြီးတဲ့ ပစ်မှတ်တွေ ဖြစ်လာကြတယ်၊ ပြီးတော့လည်း အပင်လက်စွပ်ဝိညာဉ်တွေရဲ့ တည်ရှိမှုက အလွန်အမင်း ရှားပါးတယ်၊ သူတို့ကို ပိုင်ဆိုင်ထားရင်တောင် နိုးထလာတဲ့ အရိပ်အယောင်ကို မပြကြဘူး၊ အပင်လက်စွပ်ဝိညာဉ်ကို ပိုင်ဆိုင်ထားကြပေမဲ့ တချို့က သူတို့ တစ်ဘဝလုံး သတိမပြုမိခဲ့ကြဘူး။ မနိုးထလာကြလို့ပေါ့။”

နန်းတော်ဆယ့်နှစ်ခုမှ လူများ၏ အပင်လက်စွပ်ဝိညာဉ်များအပေါ် ညှာတာမှုကင်းမဲ့ခြင်းကြောင့် အပင်လက်စွပ်ဝိညာဉ် နိုးထလာသူများသည်ပင် သူတို့ လက်စွပ်ဝိညာဉ်များကို လျစ်လျူရှူလိုက်ကြပြီး သူတို့ဘဝအတွက် ကံကောင်းခြင်းများကို ပစ်ပယ်လိုက်ကာ အေးချမ်းသည့် ဘဝမှာသာ နေထိုင်လိုက်ကြတော့သည်။

“နင် အပင်လက်စွပ်ဝိညာဉ်ပိုင်ဆိုင်ထားတာကို မီးမိစ္ဆာနန်းတော်က လူတွေ သတိပြုမိသွားကြပြီ၊ သူတို့ဆီကနေ နင် အခု လွတ်မြောက်ခဲ့ပေမဲ့, သူတို့ နောက်ထပ် လူအများကြီး ထပ်လွှတ်ကြလိမ့်အုံးမယ်၊ ဒီအောက်ဘုံမှာ နင့်ကို ရှာဖွေဖို့ပေါ့။” ဂျန်ဝုယောင်း၏ မျက်လုံးများက မီးကျီးခဲလို တောက်လောင်လာသည်။ သူ့အပြုံးက ရက်စက်မည့်ဟန် ဖြစ်နေသည်။ အပင်လက်စွပ်ဝိညာဉ်၏ ဆွဲဆောင်အားကို သူတို့ တောင့်မခံနိုင်ကြတော့ဘဲ သူတို့က မည်မျှလောက် ‌ပေးဆပ်ရပါစေ, ဂျန်ဝုရှီကို ထောက်လှမ်းကြမည် ဖြစ်သည်။

ဂျန်ဝုရှီက ဂျန်ဝုယောင်းကို ကြည့်လိုက်သည်။ ဂျန်ဝုယောင်း ပြောသမျှကို သူ သဘောပေါက်သည်။ ထိုစွမ်းအားကြီး လူနှစ်ယောက်က တိမ်ထူတောင်ထွတ် များတွင် သူမကို မရအရ သတ်ချင်နေတာက တိုက်ဆိုင်မှုလို့ ဆိုလိုနေခြင်း ဖြစ်သည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now