၃၅၁။ "ဖီးနစ်ကျောင်းတော် - ၄"

Start from the beginning
                                    

“အလျင်မလိုပါဘူး။” ဂျန်ဝုရှီက နူးညံ့စွာ ပြန်ပြောသည်။ ဒီမှာ ရှိနေသည့် ထိုရေအိုင်က ကြာပန်းလေးကို ကယ်ဆယ်နိုင်သည်ဟူ၍ ဟွာယောင်းဆရာက ပြောထားခဲ့သည်။ ထို့ကြောင့် သူမ အလျင်စလို ထွက်မသွားသေးပေ။

ကြာပန်းလေးက သူမအသက်ကို ကယ်တင်ရန် သူ့လက်တစ်ဖက်ကို ကျွေးခဲ့သည်။ ဝိုင်အကူအညီမပါဘဲ အတင်းဖိအားပေးကာ သူက အမူးသမားကြာပန်းအဖြစ်သို့ ပုံစံပြောင်းခဲ့ရသည်။ သူ့ ဝိညာဉ်အမြုတေက အဖြူရောင်ဝတ်စုံရှင်ကြောင့် အကြီးအကျယ် ပျက်စီးခဲ့ရသည်။ ကြာပန်းလေးအား ကယ်တင်နည်းကို ဂျန်ဝုရှီ မသိပေ။ မုတ်ဆိတ်မွှေးနှင့် လူသာ ကယ်တင်နိုင်ရင်, ဂျန်ဝုရှီက ကြာပန်းလေးအတွက် အရာရာကို ပေးဆပ်ဖို့ အသင့်ပင် ဖြစ်သည်။

ဂျန်ဝုရှီမှာ တဖြည်းဖြည်း အခက်အခဲများနှင့် ရင်ဆိုင်လာရသည်။ သည်တိုက်ပွဲမှာ သူမ သတိပြုမိလာတာက သည်ကမ္ဘာကြီးက သူမ တွေးထင်ထားတာထက် ပိုမို ရှုပ်ထွေးသည်ဆိုတာကို ဖြစ်သည်။ ထိုလျှို့ဝှက်လူနှစ်ယောက်၏ စွမ်းအားက သူတို့ကို ဖိနှိပ်ထားနိုင်ခဲ့သည်။ ဟွာယောင်းနှင့် ကျောက်ချူတို့က သူတို့၏ ခရမ်းရောင်အဆင့် ဝိညာဉ်စွမ်းအားကို ထုတ်ဖော်ခဲ့ကြသော်လည်း, သူတို့က အဖြူရောင်ဝတ်စုံရှင်နှင့် မယှဉ်ပြိုင်နိုင်ခဲ့ကြချေ။ ထို့ပြင်, မီးခိုးရောင်ဝတ်စုံရှင်က အဖြူရောင် ဝတ်စုံရှင်ထက်ပင် ပိုမို၍ အားကောင်းပုံရသည်။

သည်ကမ္ဘာပေါ်တွင် ကျွမ်းကျင်ပညာရှင်ပေါင်းများစွာ တည်ရှိနေကြသည်။ ခရမ်းရောင်အဆင့်ထက် သာလွန်သည့် စွမ်းအားရှင်များ ရှိနေကြသည်မှာ သိသာထင်ရှားနေသည်။ သူတို့၏ လွှမ်းမိုးနိုင်လွန်းသည့် စွမ်းအားအောက်တွင် သူမ၏ အဆိပ်က မဖြစ်ညစ်ကျယ် ဖြစ်သွားရသည်။

ဂျန်ဝုရှီ မျက်မှောင်ကြုတ်လိုက်သည်။ သူမမျက်လုံးများက အေးစက်စက် လင်းလက်သွားကြ၏။

သူမ သည်တစ်ကြိမ် လွတ်မြောက်သည် ဆိုရုံသာ။ သူမလွတ်မြောက်ဖို့ တခြားလူတစ်ယောက်က သူ့အသက်ကို စတေးခဲ့ရသည်။ အနက်ရောင်ဝတ်စုံ ရှင်သာ အချိန်မီမရောက်လာခဲ့လျှင်, သူ့ခန္ဓာကိုယ်ကို ဖောက်ခွဲ မပစ်ခဲ့လျှင်, သူမက သေလူဖြစ်သွားလောက်ပြီ။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now