၃၄၈။ "ဖီးနစ်ကျောင်းတော် - ၁"

Start from the beginning
                                    

ဝန်းထောင့်တွင် ကြာကန်ရှိသည်။ ကြာကန်ဘေးတွင် မုတ်ဆိတ်မွှေးအပြည့်နှင့် လူတစ်ယောက်က ကျောက်ခုံတန်းလျားပေါ်တွင် ထိုင်နေသည်။ သူ့လက်ထဲတွင် ဝိုင်ကရားကို ကိုင်ထားသည်။ သူ့မျက်နှာတစ်ဝက်ကို မုတ်ဆိတ်များ ဖုံးလွှမ်းနေသည်။ သို့သော် သူ့မျက်နှာ နီရဲနေတာကိုတော့ မြင်တွေ့နိုင်သည်။ ဂျန်ဝုရှီအား ဆွဲဆောင်သွားတာက ထိုလူ၏ နောက်ဘက်တွင် ရှိသည့် ညှိုးရော်နေသည့် ကြာပန်းဖြစ်သည်။ ၎င်းကြာပန်းက ရေကန်ထဲတွင် ရှိသည်။ ၎င်းရေကန်က ဘဲစားမှော်များဖြင့် ပြည့်နှက်နေသည်။

“ဟေး... နင် လှုပ်လှုပ်ရှားရှား မလုပ်သင့်သေးဘူး၊ နင်က ကောင်းသေးတာ မဟုတ်သေးဘူးလေ” ဖေးယန်က ကသောကမြော ပြေးလာသည်။ ဂျန်ဝုရှီအား ရေကန်ဘေးတွင် ရပ်နေတာကို သူမ တွေ့လိုက်သည်။ ဖေးယန်၏ အကြည့်က ထို့နောက်တွင် မုတ်ဆိတ်မွှေးလူကြီးထံ လှည့်သွားသည်။ ထိုလူကြီးက ဂျန်ဝုရှီကို စူးစမ်းအကြည့်ဖြင့် ကြည့်နေသည်။ “ဆရာ, သူ စကားနားမထောင်ဘူး၊ သူ မကောင်းသေးဘဲနဲ့ အတင်းထွက်လာတာ။”

ဖေးယန်၏ ဆရာက ဂျန်ဝုရှီကို စူးစိုက်ကြည့်နေပြီး အရေးမကြီးဟန်ဖြင့် လက်ယမ်းပြသည်။ “သူ ကြည့်နေပါစေ, တကယ်တော့ သူ့လက်စွပ်ဝိညာဉ်ကိုး, ဒါက ဒီလို အနေအထားမျိုး ဖြစ်သွားတော့ သူ စိုးရိမ်ပူပန်နေတာ သဘာဝပဲပေါ့။”

ရေကန်ထဲတွင် ကြာပန်းလေးသာ အထီးတည်း ရှိနေသည်။ ၎င်းက ဆီးနှင်းကြာပန်း ဖြစ်သည်။ အဖြူရောင်ဝတ်စုံရှင်၏ အပြင်းအထန် တိုက်ခိုက်မှုကြောင့် ဆီးနှင်းကြာပန်းလေးက အသက်ဓာတ်များ အတော်များများ ဆုံးရှုံးသွားခဲ့ရသည်။ သူက လူသားအသွင်သို့ပင် မပြောင်းနိုင်တော့ပေ။ ကြာပန်းလေး၏ ရွက်ချပ်များကလည်း ညှိုး‌ရော်ကာ ကုပ်နေကြသည်။ ရွက်ချပ်လေးများ၏ အနားစွန်းများက အညိုရောင်ဖြစ်နေကြသည်။ အရင်က ရွှန်းရွှန်းစားစား လှပခြင်းက ပျောက်ဆုံးလို့ သွားခဲ့သည်။

ဂျန်ဝုရှီက ဆီးနှင်းကြာပန်းကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သူမမျက်နှာက မည်သည့် အမူအရာမျှ ပေါ်လွင်မနေပေ။ တစ်နာရီကြာပြီးနောက်, သူမက မုတ်ဆိတ်မွှေးနှင့်လူကို လှည့်ကြည့်သည်။ ထိုလူက သူမအား တစ်ချိန်လုံး စိတ်ဝင်တစား စူးစမ်းကြည့်နေခဲ့သည်။

“ကယ်နိုင်သလား။”

“သူ့အမြုတေနဲ့ အသက်စွမ်းအားက အတော်ကြီး ပျက်စီးနေပြီ၊ ဒါပေမဲ့ ဒီရေကန်မှာ ကျင့်ကြံနေရင်တော့ ကယ်တင်ကောင်း ကယ်တင်နိုင်လိမ့်မယ်၊ တကယ်လို့ အတင်းအကျပ် ရွှေ့ပြောင်းလိုက်မယ်ဆိုရင်, နှစ်ပတ်အတွင်းမှာ, သူ့အမြုတေ ပြိုကွဲ ပျက်စီးပြီး ပျောက်ကွယ်သွားရလိမ့်မယ်။” မုတ်ဆိတ်မွှေးနှင့် လူက သွယ်ဝိုက်မနေဘဲ တဲ့တိုးသာ ဖြေသည်။

ဂျန်ဝုရှီက မျက်မှောင်ကုတ်သွားသည်။ သူမက ကြောင်နက်လေးကို ခေါင်းငုံ့ကြည့်ပြီး  တိတ်ဆိတ်သွားသည်။

“မင်းက သူ့ကို စိတ်ပူပန်နေမဲ့အစား, ကိုယ့်ကိုယ်ကို တွေးတောသင့်တယ်၊ မင်း ဒဏ်ရာတွေက အတော်များတယ်၊ ငါ ကျောက်ချူဆီကနေ ကြားရတာတော့ မင်းက အလယ်ဘုံက လူတွေကို ရင်ဆိုင်ဖို့ တားမြစ်စနစ်ကို အသုံးပြုခဲ့တယ်တဲ့၊ ဟုတ်တယ်မို့လား။” မုတ်ဆိတ်မွှေးနှင့် လူက ခဏလောက် တွန့်ဆုတ်နေပြီးမှ ဆက်ပြောသည် “မင်း လန့်မသွားပါနဲ့, ငါက ဟွာယောင်းနဲ့ တခြားသူတွေရဲ့ ဆရာဖြစ်တယ်။”

ဂျန်ဝုရှီက မုတ်ဆိတ်မွှေးနှင့် လူကို ကြည့်လိုက်သည်။ သူမက ဘာမျှတော့ မပြောချေ။

မုတ်ဆိတ်မွှေးနှင့် လူက ဂျန်ဝုရှီ၏ သေးသွယ်သည့် မျက်နှာလေးကို ကူရာမဲ့စွာ ကြည့်လိုက်သည်။ ၎င်းမျက်နှာက အေးစက်ပြီး အမူအရာကင်းမဲ့လို့ နေသည်။ ထို့နောက် သူက ပြောသည် “ကောင်းပြီလေ, မင်း ဒီအကြောင်းကို မပြောချင်ဘူးဆိုရင်, မင်း ပြောစရာ မလိုပါဘူး၊ စိတ်ဝိညာဉ်မပြည့်မစုံ ဖြစ်သွားတာကို ကုသဖို့က ခက်ခဲတယ်လေ၊ မင်း ခုကစပြီး ဂရုတစိုက် နေသင့်တယ်။”

ဂျန်ဝုရှီက ဆီးနှင်းကြာပန်းလေးကို လှည့်ကြည့်၍ မေးသည် “ခင်ဗျား သူ့ကို ကယ်နိုင်လား။” သူမက ဆီးနှင်းကြာပန်းထံမှ ကြာပန်းလေးနှင့် အမူးသမားကြာပန်းတို့၏ အမြုတေကို မခံစားရပေ။ သို့သော် ရေကန်ထဲမှ အထီးတည်းဖြစ်နေသည့် ကြာပန်းလေး၏ အသက်ဓာတ်ကိုတော့ အနည်းငယ် ခံစားမိသည်။ ၎င်းအသက်ဓာတ်က ကြမ္မာဆိုးတွေ့ခဲ့သည့် နေ့ထက် အနည်းငယ် ပိုမိုနေသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now