၃၃၁။ "ခြောက်ခုမြောက် ရိုက်ချက် - ၃"

Start from the beginning
                                    

“ဟာသ ဟုတ်လား မဟုတ်လား, မကြာခင် တွေ့ရလိမ့်မယ်” ဂျန်ဝုရှီက အသာအယာ ပြောသည်။

“အိုး... ဒါဆို ငါ ကြည့်ချင်သေးပါရဲ့၊ မင်းရဲ့ မာန်ထောင်လွန်းတဲ့ စကားတွေအတိုင်း ငါ့ကို ပြနိုင်မလား ကြည့်ရတာပေါ့” ထိုစဉ်မှာ ချင်ယွဲ့၏ စိုးရိမ်ပူပန်ခြင်းများက ပျောက်ကွယ်သွားပြီး ဒေါသတရားက လွှမ်းမိုးနေရာယူသွားသည်။ ထိုလူငယ် သုံးယောက်ကြောင့်သာ မဟုတ်လျှင်, သူက သံသယနှင့် မယုံကြည်မှုကို ခံရမှာ မဟုတ်ပေ။ သူတို့သုံးယောက်က သူ့အား ခေါင်းဆောင်နေရာ ပျောက်မလိုဖြစ်အောင် လုပ်ဆောင်ခဲ့ကြသည်။ ချင်းယန်ကလန်တစ်ခုလုံးကို ဗရုတ်ဗရက် ဖြစ်အောင် လုပ်ခဲ့ကြသည်။ အကြီးအကဲများ သူ့အပေါ် စုပေါင်း ဆန့်ကျင်လာအောင် လုပ်ခဲ့ကြသည်။

ချင်ယွဲ့က အသံကို ဟိန်းထွက်အောင် အော်လိုက်သည်။ အပြင်ဘက်တွင် စောင့်ကြပ်နေကြသည့် တပည့်များက ခန်းမကြီးထဲသို့ ပြေးဝင်လာကြသည်။ အယောက်တစ်ရာကျော် တပည့်များက ဂျန်ဝုရှီတို့ သုံးယောက်ကို ဝိုင်းလိုက်ကြပြီး သူတို့ ထွက်မပြေးနိုင်အောင် ပိတ်ဆို့လိုက်ကြသည်။

“မင်းတို့ ဘယ်လောက်ပဲ အရည်အချင်း ရှိတယ်လို့ ထင်ထင်, ဒီနေရာကနေ အသက်ရှင်ရဲ့ လွတ်မြောက်ဖို့ စဉ်းစားမနေကြတော့နဲ့” ချင်ယွဲ့၏ မျက်လုံးများက ကြမ်းကြုတ်ရက်စက်စွာ လင်းလက်လာသည်။

ဂျန်ဝုရှီက တိမ်ပြာတောင်ထွတ် တပည့်များကို ကြည့်လိုက်ပြီး သူမနှုတ်ခမ်းများက ကော့တက်လာကြသည်။

“လွတ်မြောက်ဖို့လား၊ ဒါ မလိုပါဘူး။”

“တပည့်တွေ အားလုံး ငါ့အမိန့် နာခံကြစမ်း၊ ဒီသုံးယောက်ကို တစ်ခါတည်း ဝိုင်းဖမ်းကြစမ်း” ချင်ယွဲ့က အော်ဟစ်၍ အမိန့်ပေးသည်။

ထိုအခိုက်တွင်, တိမ်ပြာတောင်ထွတ် တပည့်အားလုံးက သူတို့ ဝိုင်းထားသည့် သုံးယောက်ထံ ခုန်ဝင်လာကြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now