၃၁၀။ "အကြောက်တရား ပျံ့နှံ့ခြင်း - ၁"

Start from the beginning
                                    

ဂျန်ဝုရှီက ပြူတင်းပေါက်မှ ဝင်ရောက်လာသည့် နေရောင်ကို ကြည့်နေသည်။ နေရောင်က သူမ၏ မစ်ရှင်လိုပင် တောက်ပလင်းလက်လို့ လာသည်။

ဟွာယောင်းက ချင်ယွဲ့ထံမှ ကနဦး သဘောတူညီချက်ကို ရရှိခဲ့သည်။ ၎င်းသဘောတူညီချက်က ပရမ်းပတာ ဖြစ်လာမည့် လှိုင်းလုံးကို မြင်ရဖို့ အဆိုပြုလိုက်ခြင်း ဖြစ်သည်။ ထိုပရမ်းပတာအခြေအနေအတွင်း ဂျန်ဝုရှီက ခုကစပြီး သူတို့ ပျက်စီးသည်အထိ ထိုးဆွ မွှေနှောက်ပေးဖို့သာ လိုမည် ဖြစ်သည်။

ထိုနေ့မှာပင် ဟွာယောင်းက ရက်စက်သည့် ခဲချန်ဂျုအသွင်ဖြင့် ပေါ်ပေါက်လာပြီး လတ်တလော သူ အလေးထားသည့် “တပည့်များ” ဖြစ်သော ဂျန်ရှီနှင့် ကျောက်ချူကို ခေါ်ဆောင်ကာ သူတို့နှင့် အနီးဆုံးတောင်ထွတ်ဖြစ်သည့် မြူထူတောင်ထွတ်သို့ အလည်အပတ် သွားရောက်လေ၏။

မြူထူတောင်ထွတ်သည် အရင်က ဂျန်းချန်ဂျင်း၏ လက်အောက်တွင် ရှိသည်။ ဂျန်းချန်ချင်း သေဆုံးပြီးနောက် သူ့တပည့် အကြီးဆုံးဖြစ်သည့် ဂို့ရှန်ထံ ရောက်ရှိသွားသည်။ ချင်ယုယန် သေဆုံးပြီဆိုသည့် သတင်းနှင့် အတူတူ ဂျန်းချန်ချင်း သေဆုံးပြီဆိုသည့် သတင်းလည်း မြူထူတောင်ထွတ်သို့ ရောက်ရှိလာခဲ့သည်။ တောင်ထွတ်အတွင်းရှိ တပည့်များအားလုံးက ဝမ်းနည်းပက်လက်ဖြစ်ကုန်ကြပြီး တိုက်ရိုက် တပည့်ကြီး သုံးယောက် သူတို့ ကြည်ညို မြတ်နိုးသည့် ဆရာအတွက် အသုဘအခန်းအနားကိုပင် မလုပ်ရလို့ ကြေကွဲကုန်ကြသည်။

“အကြီးအကဲ ခဲ။”

ဟွာယောင်းက ဂို့ရှန်ကို အရေးမကြီးဟန်ဖြင့် ကြည့်၍ ပြောသည် “အဓိပတိရဲ့ အမိန့်အရ, ငါက ဒီမြူထူတောင်ထွက်ကနေ တပည့်နည်းနည်းလောက် လာခေါ်တာ, ငါ့ တိမ်ဖုံးတောင်ထွတ်ကို ကူညီဖို့။”

ဂို့ရှန် တောင့်တင်းသွားသည်။ တိမ်ဖုံးတောင်ထွတ်ဆိုသည့် နေရာကို အသေအချာ သိနေလို့ ဖြစ်သည်။

ထိုနေရာကို တခြားတောင်ထွတ်များမှ တပည့်များက အမြဲတမ်း ရှောင်ဖယ်သွားကြသည်။ တိမ်ဖုံးတောင်ထွတ်၏ သာမန်တပည့်များ မဆိုထားနှင့် ခဲချန်ဂျု၏ တပည့်ရင်းများသည်ပင် အကြောင်းပြချက် မယ်မယ်ရရ မရှိဘဲ လျှို့ဝှက်သိုသိပ်စွာ ပျောက်ကွယ်သွားကြသည်။ ပြောမပြကြသော်လည်း, ထိုတပည့်များ ပျောက်ကွယ်ရခြင်းအကြောင်းကို သူတို့အားလုံး သိနေကြသည်။

အခု အကြီးအကဲ ခဲက သူကိုယ်တိုင် မြူထူတောင်ထွတ်သို့ ရောက်ရှိလာသည်။ သူကိုယ်တိုင် တပည့်များကို ရွေးချယ်ခေါ်သွားမည် ဖြစ်သည်။ မမျှော်လင့်သည့် တောင်းဆိုချက်က ဂို့ရှန်အား အရိုးထဲထိ အေးစက်သွားစေသည်။

ခဲချန်ဂျု၏ ကူညီပေးဖို့ဆိုတာကို အဓိပ္ပါယ်ဖော်လိုက်လျှင်, ရွေးချယ်ခံ တပည့်များက သူတို့အသက်များကို မကြာခင် စွန့်လွှတ်ရတော့မည်ဟူ၍ ဆိုလိုရာရောက်သည်။

“အကြီးအကဲ ခဲ, ကျနော်တို့ ဆရာက ကွယ်လွန်သွားရုံပဲ ရှိသေးတယ်၊ အကြီးအကဲ ခင်ဗျား....” ဂို့ရှန်၏ အသံက အက်ကွဲနေပြီး သူ့ကျောပြင်တွင် ချွေးများ ရွှဲနစ်သွားသည်။ ဂျန်းချန်ချင်း အနားမှာ ရှိလျှင် သူက ခဲချန်ဂျုနှင့် ရင်ဆိုင်ဖို့ ဒီလောက် ကြောက်ရွံ့နေမည် မဟုတ်ပေ။ ဂျန်းချန်ချင်းက သူတို့၏ အကာအကွယ် ဖြစ်သည်။ သို့သော် ဂျန်းချန်ချင်း၏ ကွယ်လွန်သွားခြင်းနှင့် အတူ, ခဲချန်ဂျုက အချိန်မဆိုင်းဘဲ မြူထူတောင်ထွတ်သို့ တက်ရောက်လာကာ တပည့်များကို လွှဲပေးရန် သူ့ကို တောင်းဆိုလိုက်သည်။ အကြီးအကဲ၏ ကာကွယ်မှုမရှိသည့် တောင်ထွတ်ကို အနိုင်ကျင့်တာက ထင်ရှားလွန်းနေသည် မဟုတ်လော။

ဂို့ရှန်က သူ့ဒေါသကို မဖော်ပြရဲချေ။ သူက ကူကယ်ရာမဲ့စွာ ခဲချန်ဂျုကို ကြည့်ရုံသာ တတ်နိုင်တော့သည်။

“မင်းတို့ ဆရာ မရှိတော့လို့ ချင်းယန်ကလန်ရဲ့ အကြီးအကဲ တစ်ယောက်အနေနဲ့ ငါလည်း ဝမ်းနည်းရတာပဲ၊ ပြီးတော့ မင်းတို့ဆရာကိုယ်စား ဒီသနားစရာ တပည့်တွေကို ဂရုစိုက်ပေးဖို့ ငါက ကမ်းလှမ်းတာ၊ ဂို့ရှန်... မင်းက မင်းနေရာ သိဖို့ ကောင်းတယ်၊ ငါက ဒီမှာ တပည့် နည်းနည်းလေးပဲ ရွေးသွားမှာ၊ မင်း စိတ်ချလက်ချသာ နေပါ၊ မင်းနဲ့ မင်းရဲ့ စီနီယာ တပည့်နှစ်ယောက်ကို ငါ လွှတ်ပေးထားမှာပါ၊ ငါက အကြီးအကဲ ဂျန်းရဲ့ အချစ်ဆုံး တိုက်ရိုက်တပည့်တွေကို ချန်ပေးထားတာက ငါ့အတွက် သဘောထားကြီးရာ ရောက်နေပြီ၊ မင်းတို့ကို အကြီးအကဲ ဂျန်းရဲ့ သင်ပြပေးမှုကို ထိန်းသိမ်းထားဖို့ ချန်ထားခဲ့တာ။” ဟွာယောင်းက ဗိုလ်ကျစိုးမိုးစွာ ပြောဆိုသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now