၂၉၇။ "လိမ္မော်ရောင် ဝိညာဉ်စွမ်းအား - ၁"

Start from the beginning
                                    

ပင်ပင်ပန်းပန်း လုပ်နေရတဲ့ သူတွေကျ အဖိနှိပ် ခံနေရပြီး အပျင်းထူတဲ့ ကောင်တွေကျ စတိုင်နဲ့ ပတိုင်နဲ့၊ ဒါ မတရားဘူး၊ ဒါက လက်ခံလို့ လုံးဝမရဘူး။

လူငယ်များကို မနာလို ဝန်တိုမှုက လွှမ်းမိုးသွားကြသည်။ သူတို့က မေးရိုးများ တင်းနေအောင် ဒေါသကို ချုပ်တည်းထားကြရသည်။ အမြင်ကျဉ်းမြောင်းသည့် တစ်ချို့တစ်လေက ဖြတ်သွားဖြတ်လာ တပည့်ကြီးများထံ အပြေးသွားကြပြီး သူတို့ မတရားခံနေရကြောင်းကို ဇာချဲ့ကာ ပြောဆိုကြသည်။

“အကိုကြီး, အဲလူယုတ်မာ နှစ်ကောင်က တကယ့်ကို အလကား ငပျင်းကောင်တွေ....” သူတို့က ဂျန်ဝုရှီနှင့် ကျောက်ချူ၏ အပြစ်များကို ဗာရာဏသီချဲ့ကာ တိုင်ပြောကြသည်။

လူငယ်များ၏ အတားဆီးခံနေရသည့် တိမ်ဖုံးတောင်ထွတ်တပည့်များက တရစပ် ပြောနေသည့် လူငယ်များကို မျက်မှောင်ကုတ်ကာ ကြည့်ပြီး စိတ်မရှည်စွာ ပြောလာကြသည် “မင်းတို့ ပါးစပ် ပိတ်ထားကြစမ်း၊ အကြီးအကဲ ခဲက မင်းတို့ရဲ့ အားနည်းတဲ့ ခန္ဓာကိုယ်တွေကို သနားလို့ အလုပ်ပေးပြီး ခန္ဓာကိုယ်တွေကို သန်မာအောင် လုပ်ပေးနေတာ၊ မင်းတို့က မင်းတို့ခန္ဓာကိုယ်တွေကို တည်ဆောက်ကြရမှာကွ၊ အင်အားတက်အောင် လုပ်ကြမှာကွ၊ မင်းတို့ ပါးစပ်တွေ တောင်စဉ်ရေမရ ပြောနေကြရမှာ မဟုတ်ဘူးကွ၊ မင်းတို့ကို ပြောထားလိုက်မယ်, အဲ ဝတ်စုံ ဝတ်ထားရတဲ့ လူတွေသာ တိမ်ဖုံးတောင်ထွတ် တပည့်အစစ်တွေ၊ ဂျန်ရှီနဲ့ ကျောက်ချူကို အကြီးအကဲ ကိုယ်တိုင် လက်ခံခဲ့တာ၊ အဲဒါကို ဘယ်သူကမှ မေးခွန်းထုတ်နေစရာ မလိုဘူး၊ အကြီးအကဲ ခဲရဲ့ ဩဇာအာဏာကို မေးခွန်းထုတ်တဲ့ မည်သူမဆို, တိမ်ဖုံးတောင်ထွတ်ကနေ သူက ကောင်းကောင်း နှင်ထုတ်နိုင်တယ်။”

၎င်းစကားကို ပြောပြီးနောက်, ညည်းညူတိုင်တန်းသည့် လူငယ်ကို တွန်းထုတ်၍ ထွက်သွားကြသည်။ ထိုလူငယ့်မျက်နှာက ဒေါသချောင်းချောင်း ထွက်ကျန်ရစ်ခဲ့သည်။

ဒီယဇ်ကောင်တွေက မျက်နှာသာပေးခံရဖို့ တိုက်ခိုက်ရဲကြတယ်လား၊ အကြီးအကဲ ခဲက သူတို့အပေါ် ငဲ့ညှာမှုမပြဘဲ နေ့စဉ် နှိပ်စက်ညှဉ်းဆဲခိုင်းထားရင်, တစ်ယောက်တစ်လေတောင် အသက်ရှင်ကျန်ရစ်မှာ မဟုတ်ကြဘူး။

မနေ့က, ခဲချန်ဂျုက တပည့်ခေါင်းဆောင်ကို ဆင့်ခေါ်ပြီး အကြောင်းကြားထားသည်။ တိမ်ဖုံးတောင်ထွတ်က ယာယီအားဖြင့် ယဇ်ကောင်များကို တိုးမြှင့်နှိပ်စက်ဖို့ မလိုသေးကြောင်း, သူက အချိန်ခဏတာ အသစ်အဆန်းတစ်ခုကို သုတေသနလုပ်ဖို့ လိုအပ်နေကြောင်း, ဒါ့ကြောင့် အသစ်ခေါ်ယူထားသည့် လူငယ်များအား နှိပ်စက်မှုကို လျော့ချထားရန် ဖြစ်ကြောင်းကို ပြောကြားထားသည်။

ခဲချန်ဂျု၏ အမိန့်ကြောင့်, တိမ်ဖုံးတောင်ထွတ် တပည့်များက သူတို့ကိုယ်ကိုယ် သူတို့ ထိန်းချုပ်ထားပြီး ယဇ်ကောင်များအား နှိပ်စက်ခြင်းအရသာကို ခဏတဖြုတ် ရပ်တန့်ထားကြသည်။

ဒီအရူးကောင်တွေက ခဏတဖြုတ် ငဲ့ညှာပြီး လွှတ်ပေးထားခံထားရမှန်း မသိကြဘူး၊ သူတို့ကများ ဇီဇာကြောင်ချင်ရသေးတယ်လို့။

တပည့်ကြီး၏ အပြောအဆိုကို ခံလိုက်ရသည့် ထိုလူငယ်က ပြောစရာစကားမရှိဘဲ ထိုနေရာမှာပင် ရပ်နေမိသည်။ သူက ထွက်ခွာသွားသည့် တပည့်ကြီး၏ ကျောပြင်ကို စူးစူးရဲရဲ ကြည့်နေသည်။ ထို့နောက် သူ့ အဝတ်များကို ငုံ့ကြည့်သည်။ သူ့နှလုံးသားက စူးနင့်သွားပြီး မတရားခံနေရတာကို ခံစားနေရသည်။

“ဟိုကောင်စုတ်တွေက ဘယ်လိုနည်းနဲ့ အကြီးအကဲ ခဲ သဘောကျအောင် လုပ်လိုက်တာလဲ မသိဘူး၊ ဒီကိစ္စရပ်တစ်ခုလုံးက ယုံကြည်စရာကို မရှိဘူး” တခြားလူငယ်များကလည်း မတရားခံနေရတာကို ထပ်တူ ခံစားလိုက်ကြရသည်။ သူတို့အမြင်မှာတော့ ကျောက်ချူနှင့် ဂျန်ဝုရှီသည် ဘာမျှ မဟုတ်သည့် အမှိုက်များ ဖြစ်ကြသည်။ လိမ္မာယဉ်ကျေးဟန်ရှိတာက လွဲလို့ သူတို့ စွမ်းဆောင်နိုင်တာ ဘာမျှ မရှိဟူ၍ မှတ်ထင်နေကြသည်။ သည်လို အမှိုက်က သူတို့ရှေ့မှာ တိမ်ဖုံးတောင်ထွတ် တပည့်ဖြစ်သွားတာကို လက်မခံနိုင် ဖြစ်နေကြသည်။

 

ပါရမီရှင်သမားတော်(၂)Where stories live. Discover now