၂၈၉။ "အလှတရား၏ ပြင်ပန်းသွင်ပြင် - ၁"

Start from the beginning
                                    

ခဲချန်ဂျု၏ မျက်နှာပြင်တစ်ခုလုံးတွင် အက်ကွဲရာများ ပေါ်ထွက်လာပြီး ထက်မြိနေသည့် ဓားဖြင့် အမွှန်းခံထားရသလို ဖြစ်နေသည်။ မြင်ကွင်းက အန်ချင်စရာ ကောင်းလှသည်။

ထို့နောက် ခဲချန်ဂျုက စိတ်လွတ်သွားသည်။ ထို့နောက် သူ့မျက်နှာကို ဆုပ်ကိုင်ထားတော့သည်။ သူ အရင်က တစ်ခါမျှ မခံစားဖူးသည့် ကြောက်လန့်ခြင်းကို သူ ခံစားနေရသည်။

ပြစ်မျိုးမထင် သန့်စင်ပြီး ချောမောသည့် သူ့မျက်နှာကို အစွန်းအထင်းမခံနိုင်ပေ။

“မဟုတ်ဘူး...................”

“မဖြစ်ရဘူး........................”

“မင်း ငါ့ကို ဘာပေးလိုက်တာလဲ” ခဲချန်ဂျုက ဂျန်ဝုရှီဘက်သို့ လှည့်ကြည့်လာသည်။ သူက ဂျန်ဝုရှီထံမှ အရိုးဆွေး ဆေးလုံးကို မျိုပြီးနောက် သည်လို ပြောင်းလဲလာတာကို သိလိုက်သည်။

ဂျန်ဝုရှီက လက်ပိုက်ကာ ရပ်နေသည်။ သူမက ခဲချန်ဂျုအား အမူအရာ ကင်းမဲ့စွာ ကြည့်နေသည်။

“ခင်ဗျားပဲ အရိုးဆွေး ဆေးလုံးလို့ ပြောခဲ့တာ မဟုတ်ဘူးလား၊ အဲဒါ အရိုးဆွေး ဆေးလုံးမဟုတ်ဘူးလား။”

ခဲချန်ဂျုမှာ ပြောစရာ စကားမရှိတော့ပေ။ ဂျန်ဝုရှီ သူ့အား မျိုခိုင်းခဲ့သည့် ဆေးလုံးကို အရိုးဆွေးဆေးလုံးလို့ သူ တကယ်ပင် မှတ်ထင်ခဲ့သည်။ ပုံစံနှင့် အနံ့အရသာပါ တစ်ထပ်တည်း တူညီနေခဲ့သည်မဟုတ်လော။

သို့သော် အခု, သူ အလွန် နုံအတာကို ယုံကြည်သွားသည်။

သူ့ခန္ဓာကိုယ်တွင် အစွမ်းပြနေသည့် ဆေးလုံးက တကယ်ပင် အရိုးဆွေး ဆေးလုံးမဟုတ်ပေ။

“ဒါဆို ဘာလဲ၊ မင်း ငါ့ကို မျိုခိုင်းလိုက်တာ တိတိကျကျ ဘာလဲ၊ ငါ့မျက်နှာ.... ငါ့မျက်နှာ ပြန်ပေး” ခဲချန်ဂျုက ဂျန်ဝုရှီကို ကြည့်နေသည်။ သူ့လက်များက မျက်နှာကို ဆုပ်ကိုင်ထားဆဲပင်။ သွေးများက လက်များကြားမှ စီးကျလာသည်။ အရေပြား အပိုင်းအစများနှင့် သွေးများက ရောထွေးနေလေ၏။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now