ဂျန်ဝုရှီက ထိုလူ့အကြောင်းကို မှတ်သားထားလိုက်သည်။ ဘိုင်ယန်ရှင်းအန် ပြောပြသည့် ချင်းယန်ကလန်နှင့် ပတ်သက်သည့် အကြောင်းအရာများကို အတော်ကြာကြာ နားထောင်ပြီးနောက် ဘိုင်ယန်ရှင်းအန်ကို ထွက်ခွာခွင့်ပြုလိုက်ပြီး မိုချင်းယွမ်၏ အိပ်ခန်းဆောင်သို့ ဆက်သွားသည်။
တစ်ညလုံး သတိလစ်မေ့မြောနေခဲ့ပြီးမှ မိုချင်းယွမ်က သတိပြန်လည်လာသည်။ သို့သော် နာကျင်မှုက သူ့တစ်ကိုယ်လုံးကို ဆက်လက် နှိပ်စက်နေတုန်းပင်။ သူ့ကို ခေါင်းစ ခြေဆုံး ပတ်တီးစည်းထားသည်မို့ သူ ထထိုင်ဖို့ပင် မဖြစ်နိုင်ချေ။
ဂျန်ဝုရှီ အိပ်ဆောင်ထဲ ဝင်ရောက်လာခဲ့လျှင်, မနေ့က သူမ ဆင့်ခေါ်ထားသည့် အစောင့်နှစ်ယောက်ကို အိပ်ရာဘေးမှာ မတ်တပ်ရပ်နေတာကို တွေ့လိုက်သည်။ တစ်ယောက်က လက်ဖက်ရည်အိုး ကိုင်ထားပြီး တစ်ယောက်က ဆေးလင်ပန်းကို ကိုင်ထားသည်။ သူတို့ မျက်နှာများက မအိပ်ရသည့် အတွက် ဟောက်ပက် ဖြစ်နေကြသည်။
“မမလေး ဂျန်” အစောင့်နှစ်ယောက်က ဂျန်ဝုရှီ ရောက်လာတာကို တွေ့ရ၍ အလျင်အမြန် ဒူးထောက်ချလိုက်ကြသည်။
“ထွက်သွားတော့။” ဂျန်ဝုရှီက အေးစက်စက် ပြောသည်။
အစောင့်နှစ်ယောက်က တွန့်ဆုတ်မနေကြဘဲ အလျင်အမြန် ထွက်သွားကြသည်။ သူတို့လက်ထဲမှ အရာများကို ချထားခဲ့ဖို့ သူတို့ မမေ့ကြပေ။
“နင် ရောက်လာပြီလား....” မိုချင်းယွမ်က မလှုပ်ရှားနိုင်ပေ။ ဂျန်ဝုရှီကို ကြည့်ဖို့ မျက်လုံးများကိုသာ လှုပ်ရှားနိုင်သည်။
“နင် ခေါင်းကြည်သွားပြီလား” ဂျန်ဝုရှီက မိုချင်းယွမ်၏ ဒဏ်ရာများကို စစ်ဆေးမနေတော့ဘဲ ဘေးနားမှာ ရှိသည့် ထိုင်ခုံတွင် ထိုင်ချသည်။
မိုချင်းယွမ်က ခါးသီးစွာ ရယ်လိုက်သည်။ သို့သော် ဒဏ်ရာများက အက်သွားပြီး နာကျင်သဖြင့် သူ့မျက်နှာက တွန့်သွားသည်။
![](https://img.wattpad.com/cover/304219181-288-k757760.jpg)
၂၅၀။ "ဘုရင်တစ်ပါး၏ လမ်း - ၁"
Start from the beginning