၂၃၉။ "အားလုံး နင့်အတွက် - ၁"

Start from the beginning
                                    

ဂျန်ဝုရှီ၏ မျက်လုံးများက ကျဉ်းမြောင်းသွားကြသည်။ သူမက မျက်ရည်များ တသွင်သွင် စီးဆင်းနေသည့် ချင်ယုယန်ကို ငုံ့ကြည့်ပြီး မေးသည် “နင် မိုချင်းယွမ်အပေါ် နှိပ်စက်ခဲ့တုန်းက အကြောက်အလန့် မရှိခဲ့ဘူးမို့လား။” ဂျန်ဝုရှီ၏ လက်ထဲတွင် ကိုင်ထားသည့် အဆိပ်ပုလင်းများက ချင်ယုယန်က မိုချင်းယွမ်၏ ခန္ဓာကိုယ်တွင် ထည့်သွင်းထားသည့် အဆိပ်များနှင့် တစ်ထပ်တည်း ဖြစ်ကြသည်။

သူမအပေါ်သို့ တရွေ့ရွေ့ တွားတက်လာသည့် အေးစက်စက်လက်ချောင်းများကို ချင်ယုယန်က ကြောက်လန့်စွာ ခံစားနေရသည်။ သူမက မိုချင်းယွမ်အား ဖိအားပေ၍ အတင်းအကျပ် အဆိပ်များကို တိုက်ကျွေးခဲ့စဉ်, မိုချင်းယွမ်၏ ယက်ကန်ယက်ကန်ဖြင့် ထွန့်ထွန့်လူးနေတာကို ကြည့်ပြီး သူမက အကျေနပ်ကြီး ကျေနပ်ကာ ကြည့်နေခဲ့သည်။

ဂျန်ဝုရှီက တွန့်ဆုတ်နေခြင်း မရှိဘဲ, ပုလင်းထဲရှိ အရာတိုင်းကို ချင်ယုယန်၏ ပါးစပ်ထဲ အကုန်လောင်းထည့်လိုက်သည်။ အမူးသမား ကြာပန်းက ချင်းယုယန်၏ ပါးစပ်ကို အသေအချာကိုင်ထားပြီး စေ့နေအောင် ပြန်ပိတ်လိုက်သည်။ သူမကို အားသုံး၍ သေစေနိုင်သည့် အဆိပ်များကို လည်ချောင်းအောက်သို့ မျိုချခိုင်းလိုက်သည်။

“လွှတ်လိုက်တော့” ဂျန်ဝုရှီက အမိန့်ပေးသည်။

အမူးသမားကြာပန်းက သူမ‌ကို ဘေးသို့ လွှတ်ပစ်လိုက်ပြီး သူ့လက်များကို ရွံ့ရှာစွာ သုတ်ပစ်သည်။ အလွန်ရွံစရာကောင်းသော အရာကို ကိုင်မိသလိုလို။

တစ်ခဏချင်းပင် သူမ အစာအိမ်ထဲရှိ အဆိပ်များက အာနိသင်စပြလာတော့သည်။ ရှုပ်ပွပေကျံနေသည့် ချင်ယုယန်က ရုတ်တရက် သူမတစ်ကိုယ်လုံး မချိမဆန့် နာကျင်တာကို ခံစားလာရပြီး ကြမ်းပြင်ပေါ်တွင် တင်းတင်းကျပ်ကျပ် ကွေးကောက်သွားကာ အပြင်းအထန် တုန်ယင်လာသည်။ သူမက တအီအီ ငိုကြွေးနေပြီး နာကျင်စွာ အော်ဟစ်နေသည်။ ကြားထဲမှာ အော်ဟစ်ညည်းတွားသံက ထွက်ပေါ်လာသည်။ သူမကို မြင်ရတာက သနားဖွယ်ရာ ဖြစ်နေသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now