'သူပြန်လာပြီ!!'

"ဟေးးး,မင်းတို့ကိုယ့်ကိုကိုယ်ကိုအပ်နှံဖို့အတွက်ငါ့တံခါးပေါက်ဝအထိကိုရောက်လာကြတာလားး"
ရှီရှန်းက ရင်းနှီးနေပုံပေါက်နေတဲ့လူတွေရဲ့မျက်နှာဆီကိုအကြည့်ရောက်သွားတယ်သူမရဲ့အပြုံးကတော့အေးစက်နေတယ်
"ဒါပေါ့ဒါပေါ့, မင်းတို့ကိုယ်တိုင်ရောက်လာမှတော့ငါမငြင်းပယ်ရက်ပါဘူး"

"မင်းအတွက်ကိုယ်လုပ်ပေးပါရ​စေ"
ဖုန်းစီကရှီရှန်းကိုပြုံးပြတယ်
" မင်းသေစေချင်တဲ့သူကိုပြော"

ဖုန်းစီကသူတို့ရှီရှန်းကိုနာအောင်လုပ်ထားတယ်ဆိုတာကိုလုံးဝမမေ့ဘူး

ရှီရှန်းရဲ့လက်ချောင်းလေးတွေကလူအချို့ပေါ်ဆီအရိပ်ကြသွားတယ်သူမရဲ့အသံကသူတို့ရဲ့နားတွေကိုတုန်ခါစေတယ်
" သူတို့.."

ရှီရှန်း ကလက်ညှိုးထိုးလိုက်တာနဲ့သူတို့အကုန်မီးလောင်ကုန်တယ်
နာကျင်မှုကြောင့်ငိုကြွေးသံတွေကတစ်ယောက်ပြီးတစ်ယောက်ဆီကနေထွက်လာပြီးမြေပြင်ပေါ်ကိုတစ်ယောက်ပြီးတစ်ယောက်လဲကျကုန်တာကြောင့်လူထုကကြောက်လန့်ကုန်တယ်

လူတွေဖယ်သွားကြတဲ့မြေပြင်ပေါ်မှာလူလေးယောက်ကတော့မီးညွန့်တွေကြားမှာလူးလိမ့်နေကြတယ်စိတ်ဆင်းရဲမှုတွေကြောင့်ငိုကြွေးနေကြပြီးတော့အဆုံးစွန်နားမှရပ်နေကြတဲ့လူတွေဆီကနေအကူအညီတောင်းခံနေကြတယ်ဒါပေမဲ့တစ်ဦးတစ်ယောက်ကမှလက်ကမ်းမပေးရဲဘူး

"ရှိသေးလား"
ဖုန်းစီက မျက်ခုံးတစ်ချက်ပင့်ပြီးအဲ့လူတွေကိုမီးရှို့ပစ်လိုက်တယ်

"အခုတော့မရှိသေးဘူး"
ရှီရှန်းက ခေါင်းကိုခါလိုက်တယ်.မရှိတော့ဘူးလို့ဆိုလို လိုက်တာမဟုတ်ဘူးသူမကသူတို့ကိုဒီနေ့အတွက်မရှိဘူးလို့ပဲဆိုလိုလိုက်တာဖြစ်တယ်

"ရှန်းရူ, နင်ကအောက်ဆုံးအထိကိုကျဆုံးသွားပြီးတော့မကောင်းဆိုးဝါးဖြစ်သွားတာလားး"
ယဲ့ချင်ချိုးကရှီရှန်းကိုမုန်းတီးစွာ​စိုက်ကြည့်လိုက်တယ်
ရှီရှန်းက သဘောမတူစွာနဲ့နှုတ်ခမ်းစူပြလိုက်တယ်
"နင်ကတော့နင်​ပြောချင်တာကိုဇွတ်ပြောနေတော့တာပဲ"

ရှီရှန်း  ရှီရှန်း Book 1  Arc 1 To Arc 4Opowieści tętniące życiem. Odkryj je teraz