သို့သော် လင်းရှောင်က သူ့ကမ်းလှမ်းမှုကိုငြင်းဖို့
တုံ့ဆိုင်းမနေပေ။

"မလိုဘူး။ ကိုယ်က ကိုယ့်ကိုယ်ကိုယ်မကာကွယ်နိုင်
လောက်အောင်ထိ ဒဏ်ရာရမထားဘူး။ သူတို့က
ပုရွက်ဆိတ်လေးတွေပါ၊ ဘာမှပူစရာမလိုဘူး။
တိုက်ခိုက်ဖို့ကြိုးစားလာရင် သတ်ပစ်လိုက်ရုံပဲ။
ဒါ့အပြင် မင်းဉာဏ်ရည်ကပြည့်တာမဟုတ်ဘူး။
ကိုယ်စိတ်ပူနေရမှာပေါ့!"

အပြောကတော့လွယ်တာပေါ့!

ယူရှောင်းမို သူ့ကိုစိန်းစိန်းဝါးဝါးကြည့်လိုက်သည်။
လူအနည်းငယ်သာဆိုလျှင် ပြဿနာမရှိ။ သို့သော်
ကျိကျိုးမြို့မှာက ထောင်နဲ့ချီရှိသည်။
သူတို့အကုန်လုံးကို နှုတ်ပိတ်ပစ်ဖို့မဖြစ်နိုင်လောက်။
တုံကျိုးရောက်တာမှမကြာသေးခင် လူတိုင်းရဲ့
အမဲလိုက်ခြင်းကို သူမခံချင်သေးပေ။

ယခု ပြန်လည်ဝင်စားခြင်းဆေးလုံးကလည်း
ပြဿနာပိုလာသည်။ သူသာပြဿနာရှာပြီး
ရန်ငြှိုးများစွာဖွဲ့ခဲ့မိလျှင် တုံကျိုးသားများရှိသည့်
မည်သည့်နေရာကိုမဆို သွားနိုင်တော့မည်မဟုတ်၊
ဒါဆို လိုနေတဲ့မှော်ဆေးပင်ရိုးတံနှစ်မျိုးကို ဘယ်သွား
ရှာရတော့မလဲ။

နောက်ဆုံးတစ်ချက်......

ခင်ဗျားကမှ ဉာဏ်ရည်မမီတာ! ခင်ဗျားတို့
တစ်မိသားစုလုံးကမှ ဉာဏ်ရည်မမီတာ!

"တစ်ဆင့်ခြင်းပဲလုပ်ကြတာပေါ့။ ဒီကိစ္စကို
တည်းခိုခန်းပိုင်ရှင်နဲ့ သူ့အလုပ်သမားတွေကို
ဒီနေ့ညရှင်းပြီးမှ ပြောကြမယ်။ ဒါဆိုဒီတိုင်းပဲ
ဆုံးဖြတ်လိုက်ပြီ။ ခင်ဗျားနားတော့"

ယူရှောင်းမို သူ့ဟာသူဆုံးဖြတ်လိုက်သည်။
ယောက်ျားတစ်ယောက်အနေဖြင့် မိသားစုကို
ထိန်းချုပ်နိုင်ရပေမည်။

လင်းရှောင်က သူ့ခေါင်းကိုလက်ဝါးနဲ့ချလိုက်၏။

"ငါ့ဖင်ကြီးကိုပဲဆုံးဖြတ်"

ယူရှောင်းမို ခေါင်းကိုကာလိုက်သည်။ ထိန်းချုပ်သူ
ဖြစ်ရသည်မှာ ခက်ခဲလှ၏၊ တစ်ခါတစ်ရံတွင်
အိမ်တွင်းအကြမ်းဖက်မှုနှင့်ကြုံရသေးသည်။
သူ အမျိုးသမီးရေးရာဆီသွားတိုင်တော့မည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] حيث تعيش القصص. اكتشف الآن