ပွဲကောင်းကောင်း စောင့်မျှော်နေသူများမှာတော့
ကြောင်အမ်းကုန်ကြလေသည်။

ဒါကြီးကဘာလို့မထင်ထားတဲ့ဘက်လှည့်သွားရတာ
တုန်း။ သူတကယ်ပဲတတ်နိုင်တာများလား?

လေလံပစ်သူက မှော်အိတ်များကိုလျင်မြန်စွာ
ဆွဲယူပြီးဖွင့်ကြည့်လိုက်တော့ ဖြူစွတ်နေသည့်
စွမ်းအင်ကျောက်တုံးများဖြင့် ပြည့်နေသည်ကိုသာ
မြင်လိုက်ရသည်၊ မျက်လုံးတောင်ကန်းသွားတော့
မလိုပင်။ အရင်တုန်းက ဒီလောက်များသည့်စွမ်းအင်
ကျောက်တုံးကိုမမြင်ဖူးခဲ့တာကို
သူ ကျိန်ပြောရဲသည်။

မျက်နှာမသာမယာနှင့်လေလံပစ်သူသည်
နောက်ဆုံးတော့ ပြုံးလာ၏။

ချက်ချင်းဆိုသလို လေလံအိမ်လည်း အသံများ
ဆူညံသွားတော့သည်။

သွေးစွေးနီမိသားစုထိုင်သည့်နေရာတွင်.......
မျက်စိကွယ်နေသည့်ကျန်းလျှို့သည် ဘေးကလူကို
အမြန်ဆွဲဆိတ်ပြီး ပူပင်စွာမေးလိုက်၏။

"ဘာဖြစ်သွားသလဲ"

ထိုသူက ခြောက်သွေ့နေသည့်နှုတ်ခမ်းများကို
လျက်ရင်းဖြေသည်။

"သူပေးလိုက်တယ်၊ ၁.၈ဘီလီယမ်နီးနီးလောက်ပဲ၊
စွမ်းအင်ကျောက်တုံးတွေ ဒီလောက်အများကြီး
သူဘယ်လိုများရလာလဲ မသိတော့ပါဘူး"

ကျန်းလျှို့က သူ့လက်ကိုလွှတ်ချလိုက်ပြီး
နှုတ်ခမ်းကိုဖိကိုက်ထားသည်မှာ သွေးပင်ထွက်သည်။

သူနဲ့ ခံစားရတာတူညီသူများလည်းအနည်းငယ်တော့
ရှိနေသည်၊ လင်းရှောင်နဲ့ယူရှောင်းမို ဒုက္ခရောက်သွားဖို့ 
သူတို့အားလုံးဆုတောင်းနေခဲ့ကြသည်။

အခုတော့ တစ်ရက်နှင့်တစ်ညကြာမြင့်ခဲ့သည့်
လေလံပွဲသည် ပြီးဆုံးသွားခဲ့ပြီဖြစ်၏။
သူတို့ ဘယ်လောက်ပဲစိတ်မပါပါစေ ပြန်ရတော့မည်
ဖြစ်သည်။

ယူရှောင်းမို ပစ္စည်းအားလုံးသိမ်းပြီး လင်းရှောင်နဲ့အတူ
ပြန်ဖို့ထရပ်လိုက်စဉ် သူ့လက်ကို ရုတ်တရက်
လင်းရှောင်ကဆွဲလာသည်။ သူ မေးမလို့ပြင်တုန်း
နဂါးမျိုးနွယ်က သူတို့ဆီတန်းတန်းမတ်မတ်
လျှောက်လာနေသည်ကိုတွေ့လိုက်ရသည်။

နဂါးမျိုးနွယ်ကိုယ်စားပြုအဖြစ် လေလံပွဲ
တက်ရောက်လာသူမှာ လုံထိုင့်ပိုင်နှင့် သူ့ဦးကြီး
လုံအော့ဖြစ်သည်။ ယူရှောင်းမိုမှတ်မိသလောက်
သူတို့နှင့်နဂါးမျိုးနွယ်က ပတ်သက်စရာအကြောင်း
မရှိပေ။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now