ပင့်ကူနက်အကြောင်းစတင်ပြောဆိုခဲ့သည့်
သက်လတ်ပိုင်းအရွယ်လူကြီးဟာ ခဏကြာ
လေ့လာနေပြီးနောက်တွင် ကန့်ကွက်လိုက်၏။

စာပို့ကျီးကန်းနက်များသည် ၎င်းတို့ခြေထောက်တွင်
ချည်နှောင်ထားသောပစ္စည်းများပါတတ်သော်လည်း
ကျီးကန်းနက်တွေက သာမာန်ကျီးကန်းထက်
သုံးလေးဆခန့်မျှပိုကြီးမားသည်ဖြစ်ရာ
တစ်ခါတစ်ရံ၌ ပစ္စည်းတွေကဖုံးနေတတ်သည်။

ယူရှောင်းမို ညာဘက်ကအမွှေးတွေကိုမကြည့်
လိုက်တော့ ထင်ထားသလိုပင် သူ့လက်ဝါးတစ်ပြားစာ
ခန့်အရွယ်ရှိ မှတ်စုတိုလေးတစ်ခုက၎င်းခြေထောက်
ပေါ်တွင်ရှိနေသည်။ အရောင်က ကျီးကန်းနက်
အတိုင်းမည်းနက်နေသောကြောင့်သာ ဘယ်သူကမှ
သတိမထားမိခဲ့တာဖြစ်သည်။

ယူရှောင်းမို ကြိုးကိုဖြေလိုက်ကာစတွင်
ကျီးကန်းနက်သည် အတောင်ပံများတဖျပ်ဖျပ်
ခတ်ကာ ပျံသန်းထွက်ခွာသွား၏။ ၎င်းက
သတင်းပို့ရန်အရေးကြီးနေသည့်အလားရှိကာ
ဝှီးကနဲပျံထွက်သွားသည်။

တကယ်မှာတော့ သူ့ရဲ့ဈေးပေါသည့်အဖေက
ကျီးကန်းနက်ကို အရသာရှိလှသည့်အစားအသောက်
နှယ်ကြည့်နေသောကြောင့်ပင် ဖြစ်လေသည်။
ကျီးကန်းနက်တွေက စိတ်အာရုံခံနိုင်စွမ်းရှိကြပြီး
ယူကျွင်းချီရဲ့အတွေးကို အာရုံခံမိတဲ့အခါမှာတော့
မြန်နိုင်သမျှမြန်မြန်ထွက်ပြေးသွားတာ သဘာဝကျ
ပေသည်။

ယူရှောင်းမို စာတိုကိုဖွင့်ကြည့်လိုက်ပြီးနောက်
သာမာန်ကာလျှံကာဖြင့်ကမ်းပေးလိုက်သည်။

ယူကျွင်းချီက သူ့သားနဲ့မျက်နှာချင်းဆိုင်မှာ
ထိုင်နေတဲ့သူက သူမလို့ သူ့ဆီကမ်းပေးတယ်လို့
ထင်လိုက်သည်။ သို့သော် သူ့သားရဲ့လက်က
လေထဲမှာဝေ့ဝိုက်သွားပြီး စာတိုလေးက
လင်းရှောင်ဆီရောက်သွား၏။ သူဆန့်ထားတဲ့လက်က
တို့လို့တန်းလန်းကြီး ဖြစ်ကျန်နေခဲ့သည်။

သူခံစားရတဲ့ခံစားချက်က ဖော်ပြ၍ပင်မရချေ။

ဒါကိုမြင်တော့ ယူရှောင်းမိုက နှာခေါင်းကိုပွတ်လိုက်
သည်။

"ဘာရေးထားတာလဲပြောပြမယ်။ အဲ့ဒါက
ပင့်ကူနက်ဆီကဖိတ်ကြားစာပဲ။ သူတို့က
ကျွန်တော်တို့ကို လေလံပွဲကိုတက်စေချင်တယ်"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now