မောင်ချုံးကနောက်တစ်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ကာ
ထိုအဖွဲ့တွင် ပြဿနာအိုးဖီချုံးနဲ့ကတ်ချုံးပါ၏။

သူတို့ကတစ္ဆေငိုညည်းတောင်ကလပ်သို့ပြန်မည်။
ထျန်းသောက်ရဲ့သတင်းကွန်ရက်က အတော်လေး
ကျယ်ပြန့်ရာ သူတို့ကထိုနေရာမှနေ၍သတင်း
တော်တော်များများကိုသိနိုင်ပေလိမ့်မည်။ ထို့ပြင်
လင်းရှောင်ကလည်းသူတို့ကိုအထူးတာဝန်တစ်ခုပေးခဲ့
သည်။

ရှင်းလော့မြို့၏မရဏတောအုပ်တွင် တစ်ခါက
လင်းရှောင်ကဟွားကုနဲ့မောင်လေးတွေကို
လက်ခံခဲ့ဖူးသည်။ ထိုအချိန်ကသူတို့ကို
တစ္ဆေငိုညည်းတောင်ကလပ်ဆီ ကိုယ့်ဘာသာကိုယ်
သွားနှင့်ဖို့ပြောခဲ့သော်လည်း အရင်တစ်ခါ
တစ္ဆေငိုညည်းတောင်ကလပ်မှာတုန်းက သူတို့ကို
မတွေ့ခဲ့ရာ သူတို့တွေတောင်ကလပ်ကို
ရှာမတွေ့သေးတာထင်ရှားနေသည်။

လင်းရှောင်သူတို့ကိုပေးလိုက်တဲ့တာဝန်က
ဟွားကူနဲ့သူ့မောင်လေးတွေကိုရှာတွေ့ရင်
ထျန်းသောက်ဆီအပ်လိုက်ဖို့ဖြစ်လေသည်။
ဟွားကုက လိမ္မာပြီးသတိကြီးကာစဉ်းလည်းစဉ်းစား
တတ်သည်။ သူမမောင်လေးတွေကလည်း
လက်ထောက်ကောင်းတွေဖြစ်ကြသည်။ သူတို့ကို
လေ့ကျင့်ပေးဖို့အထိရောက်ဆုံးနည်းလမ်းမှာ
ထျန်းသောက်နောက်လိုက်ပြီး သင်ယူခိုင်းရန်
ဖြစ်သည်၊ နောင် လင်းရှောင်သူတို့ကိုလိုအပ်မယ့်
အချိန်မျိုးရှိလာခဲ့လျှင် တန်းပြီးအသုံးချနိုင်မှာ
ဖြစ်၏။ ထို့ကြောင့် ဤတာဝန်ကို
'အကျိုးရှိသည့်လေ့ကျင့်ရေးနည်းလမ်း' သို့မဟုတ်
အခြားနည်းဆိုရလျှင် 'ပိုတော်လေလေပိုပြီး
အခွင့်ကောင်းယူသင့်လေလေ' ဟူ၍အမည်ပေး
ထားသည်။

ယူရှောင်းမို ဒီတာဝန်ကိုခွဲခြမ်းလေ့လာကြည့်
လိုက်သည်။ အထင်ကြီးစရာအကောင်းဆုံးက
အခွင့်ရေးယူခံရမယ့်ထျန်းသောက်ကို
သေလောက်အောင်ဒေါသထွက်သွားစေနိုင်တယ်ဆိုတဲ့
အချက်ပင်။

ထျန်းသောက်ကဟွားကုတို့ကိုလက်ခံမခံကတော့
သူတို့စဉ်းစားရမည့်အရာမဟုတ်ပေ။
ထုပါများရင်သံချောင်းကြီးတောင် အပ်ချောင်း
ဖြစ်အောင်လုပ်နိုင်သေးသည်ပဲ။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now