ဟယ့်ရှုန်းနဲ့ရှင်းချီက မတူပေ။

အဲ့ဒီတုန်း​က သူ့လက်ကိုသူဖြတ်ချပစ်ခဲ့တာကြောင့်
အရိုးကြီးထွားဆေးလုံးကိုအသုံးပြုပြီးတဲ့နောက်
လက်အသစ်တစ်ဖက်ပြန်လည်ဖွံ့ဖြိုးလာခဲ့သည်။
သို့ပေမယ့် ရှင်းချီရဲ့လက်က အတုအစားထိုးတပ်လို့
မှမဟုတ်ရင် ဖွံ့ဖြိုးမလာနိုင်တော့ပေ။

ရှင်းချီရဲ့လက်ကမီးလောင်သွားတာလို့သိရပြီးတဲ့​
နောက် ဟယ့်ရှုန်းပထမဦးဆုံးတွေးမိတာက
လင်းရှောင်ပင်။ သို့သော်သူပြောပြခဲ့လျှင်တောင်
သူတို့သုံးယောက်ပေါင်းအားက သူ့ကိုမနိုင်နိုင်သေး
တာကြောင့် မပြောပြလိုက်တော့ပေ။

နောက်ဆုံးအကြိမ်ကောင်းကောင်းမွန်မွန်နှင့်
လွတ်မြောက်နိုင်ခဲ့ပြီးနောက်တွင် သူ
လင်းရှောင်ရဲ့ဆန့်ကျင်ဘက်မှာနောက်တစ်ခါ
ထပ်မနေချင်တော့ပါပေ။

"ဟယ့်ရှုန်း!"

ရုတ်တရက် ရှင်းချီကမတ်တပ်ရပ်လိုက်သည်၊
သူ့မျက်ဝန်းထဲတွင်ဒေါသများတောက်လောင်နေကာ
ဟယ့်ရှုန်းကိုစိန်းစိန်းဝါးဝါးကြည့်သည်။

ဟယ့်ရှုန်းကသူတို့နှစ်ယောက်ကိုမကြောက်ပေ။
သူတို့အားလုံးက တစ်လှေတည်းစီးနေကြသူများ
ဖြစ်ပြီး သူတို့ကသူ့ကိုသတ်ဖြတ်လို့မရပေ။ ထို့ပြင်
ဤကိစ္စကသူနဲ့ဘာမှမဆိုင်ပေ။

"ငါနဲ့စကားများရန်ဖြစ်နေဖို့အချိန်ရှိရင်
အဲဒီ့အစား မနက်ဖြန်ညနေခင်းမတိုင်ခင်
မင်းတို့လူကိုဘယ်လိုအမိဖမ်းရမလဲကြိုးစားပြီး
အဖြေရှာမကြည့်လဲ"

ဟယ့်ရှုန်းက ထိုစကားများကိုပြောပြီးတဲ့နောက်
ရှင်းချီရဲ့အခန်းထဲမှထွက်သွားလေသည်။

"ငါလိုး!"  ရှင်းချီကစားပွဲကိုရိုက်ချလိုက်ရာ
ကြေမွသွား၏။

ကောင်းယွင်​က မျက်မှောင်ကြုတ်လိုက်သည်။

"ဟယ့်ရှုန်းကြည့်ရတာလေးနက်နေသလိုပဲ။
ဒါပေမယ့်သူတစ်ခုခုကိုလျှိုထားတယ်။ မော့ကျင်းရဲ့
ညီအစ်ကိုတွေရောက်လာမှာကြောက်နေတဲ့ပုံပဲ"

ရှင်းချီရဲ့အမူအရာကအေးစက်လာသည်။

"မော့ကျင်းကသတင်းလွှင့်လိုက်တာများလား"

The Legendary Master's Wife [မြန်မာဘာသာပြန်] Wo Geschichten leben. Entdecke jetzt