ထို့ပြင်သူတို့ ဟိုတစ်လောကတင်ကျိရန်မြို့ကထွက်
လာခဲ့တာဖြစ်သည်။ မြို့ရဲ့အသန်မာဆုံးကျင့်ကြံသူက
လင်းရှောင်နိုင်တဲ့ဟယ့်ရှုန်းဖြစ်ရာ ပြန်ထွက်ဖို့က
လွယ်ကူတဲ့ကိစ္စဖြစ်ပေသည်။

"ဒါဆိုလည်းဝင်ကြတာပေါ့"

လင်းရှောင်မှာကန့်ကွက်စရာမရှိပေ။ သူ
ယူရှောင်းမိုတွေးတဲ့ပုံစံကို တော်တော်လေးနားလည်
သည်။ မော့ကျင်းနဲ့အဆက်အသွယ်ရထားသည့်
ဒီတစ်ခေါက်အခွင့်အရေးကိုလွတ်သွားလျှင်
နောက်တစ်ခါဆိုတာဘယ်တော့လာမယ်မှန်း
မသိရချေ။

သူတို့နှစ်ယောက် လူတန်းကြီးအဆုံးနားလျှောက်
သွားပြီးတန်းစီလိုက်ကြသည်။

အစစ်အဆေးကတင်းကြပ်ပေမယ့် မြန်သည်။
မိနစ်သုံးဆယ်မကြာသေးခင်မှာပင် သူတို့အလှည့်
ရောက်လာသည်။ အစောင့်တွေကယူရှောင်းမိုကို
တစ်ချက်စစ်ဆေးကြည့်ပြီးနောက် ဝင်ခွင့်ပေး၏။
၎င်းကရိုးရှင်းလှသည်။

"နာမည်ပြော"

ယူရှောင်းမို လျှောက်ဝင်သွားတဲ့အခိုက်မှာ
အစောင့်ရဲ့အသံကိုကြားလိုက်ရသည်။
သူ့အနောက်ကလင်းရှောင်ဖြစ်သည်။ နောက်ပြန်
လှည့်ကြည့်လိုက်တော့ အစောင့်ကလင်းရှောင်ကို
မေးမြန်းနေတာပင်။ ခုနလေးတုန်းကတော့
ထိုအတိုင်းမဟုတ်ပေ။

"လင်းစစ်"  လင်းရှောင်ကရုပ်တည်နှင့်ပြန်ဖြေ
လိုက်သည်။

ယူရှောင်းမို ပါးစပ်တွန့်သွား၏။

သူတို့က အခုလတ်တလောတအားနာမည်ကြီး​နေပြီး
လူသိများနေတာကြောင့် နာမည်အမှန်ကို
မပြောရန်ဆုံးဖြတ်ထားသည်။ ထို့ကြောင့်
တစ်ယောက်ယောက်ကမေးလာလျှင်
ပါးစပ်ထဲရှိရာလျှောက်ပြောလိုက်မည်သာ။

အစောင့်ကသူ့ကိုသင်္ကာမကင်းကြည့်လိုက်သည်။

"ဘယ်ကလာတာလဲ။ မြို့ထဲမှာဘာလုပ်မလို့လဲ"

လင်းရှောင် ပြန်ဖြေလိုက်သည်။

"ရေရှင်မြစ်နယ်နိမိတ်ကလာတာ။ ဒီမြို့က
မိတ်ဆွေကိုလာရှာတာ"

ယူရှောင်းမို ဒီအစောင့်ကကံကောင်းတယ်လို့
ခံစားလိုက်ရသည်။ လင်းရှောင် သူ့မေးခွန်းတွေကို
ရိုးရိုးသားသားဖြေတာအင်မတန်မှရှားလှသည်။
သူတကယ်ပဲအားကျမိ၏။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now