"ဘာတွေပြောနေတာလဲ။ သူ လိပ်နက်မျိုးနွယ်စုကို
ပြန်သွားပြီးသိပ်မကြာခင်မှာပဲမင်းကို
မေ့သွားမှာ"

လင်းရှောင်က ယူရှောင်းမိုပြောတာကိုကြားရသည့်
နောက် အဖက်မတန်စွာပြောလိုက်သည်။

"အာ့ကြောင့်ပဲ အခုပြောနေတာလေ"

ယူရှောင်းမိုသိသည်။လိပ်ကလေးပြန်သွားသည့်​နောက်
သူ့ဆရာဖြစ်သူက သူ့အားဦးနှောက်ဆေးပြီး
သူတို့နှင့်ဝေမျှခဲ့သည့် အမှတ်တရများအားလုံးကို
ဖယ်ထုတ်ပစ်ဖို့များသည်။

"အား!!"

လက်ချောင်းဆီမှ နာကျင်မှုကို
ခံစားမိလိုက်သည့်အချိန်ထိ ယူရှောင်းမိုအတွေးထဲ
နစ်မြုပ်နေခဲ့သည်။ ထိုအခါမှ လိပ်ကလေးက
လက်ချောင်းကအရေပြားကိုပေါက်အောင်
ကိုက်လိုက်မှန်းသိ၏။

လင်းရှောင်က ချက်ချင်းရောက်လာသည်။

"ဘာဖြစ်တာလဲ"

ယူရှောင်းမို သူ့လက်ကို လိပ်ကလေး၏ပါးစပ်ထဲမှ
အမြန်ပြန်ထုတ်လိုက်သည်။ လိပ်ကလေး၏
သွားရာတွင် အမှန်ပင်ဒဏ်ရာလေးတစ်ခုရှိနေသည်၊
သို့ပေမယ့် သွေးတော့မရှိပေ၊ လိပ်ကလေးက
အရသာရှိသည့်တစ်စုံတစ်ခုဟုတွေးပြီး
စုပ်လိုက်ခြင်းဖြစ်နိုင်သည်။

လင်း​ရှောင်က သူ့လက်ကိုယူပြီးတစ်ချက်ကြည့်
လိုက်သည်။ ဒဏ်ရာကမနက်ပေ။

လိပ်ကလေးက သူတော့ပြဿနာတက်ပြီဟု
သိသောကြောင့်ဖြစ်နိုင်သည် ခေါင်းကလေးနှင့်
ခြေလက်များက အခွံထဲပြန်ဝင်သွား၏။

ယူရှောင်းမို သူ့ကိုမပြီးလှုပ်ကြည့်လိုက်သည်။
ဤအကောင်လေးကား အတော်လေးပါးနပ်လှပုံပင်။

ဒုတိယမြောက်နေ့၌ လိပ်နက်မျိုးနွယ်ကလူများ
အမှန်ပင်ရောက်လာ၏။ သူတို့က တည်းခိုခန်းဆီ
တန်းရောက်လာကြပြီး စုစုပေါင်းလူသုံးယောက်
ပါသည်။ ကောင်းလားဆိုးလားတော့မသိပေမယ့်
ထိုထဲမှတစ်ယောက်သည် ယူရှောင်းမိုနှင့်
လင်းရှောင်သိသည့် ရွှမ်းမင်ပါပင်။

သူ့အဖော်များနှင့်ရှိနေ၍ နောက်ဆုံးတစ်စက္ကန့်လေးမှ
ရောက်လာခြင်းမဟုတ်သော်လည်း
ယူရှောင်းမိုအတွက်တော့ ရွှမ်းမင်သည်
နှေးတိနှေးကန်လူဖြစ်နေဆဲပင်။ သူက သူတို့ကို
မှတ်မိပုံမပေါ်ပေ။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now