Chapter-534(part-2)

Start from the beginning
                                    

ယူရှောင်းမို သင်္ဘောကခဏတာလွှဲရမ်းနေတာကိုပဲ
ခံစားမိလိုက်သည်။ နောက်ပြီးတဲ့အခါ
ချက်ချင်းဆိုသလိုပဲ ကုန်တင်သင်္ဘောကြီး
နှစ်စင်းက မော်တာတပ်ထားသလိုရှေ့သို့
တဟုန်ထိုးထွက်သွားတော့သည်။ သူလည်း
အံ့ဩတကြီးမအော်ဟစ်ဘဲမနေနိုင်တော့။

သူ့အရင်ဘဝတုန်းက သင်္ဘောနဲ့ခရီးမသွားဖူးတာမျိုး
မဟုတ်ပေ။ ဆောင်းရာသီနဲ့နွေရာသီ
အားလပ်ရက်တွေမှာ ယူပေါ် က ယူလုနဲ့သူ့ကို
ဆွဲခေါ် ပြီး အတူတူရှုခင်းကြည့်ရတာကို
နှစ်သက်လေသည်။ သို့ပေမယ့် ထိုက
ဆီတင်သင်္ဘောတွေက လူလုပ်အားပေါ် မှာပဲ
မူတည်တဲ့ဤသင်္ဘောများနှင့် လုံးလုံးမတူပေ။
ပင်လယ်ရေစီးကြောင်းကိုအသုံးပြုပြီး
ရွက်လွှင့်တဲ့သင်္ဘောမျိုး သူအရင်ကမမြင်ဖူးပေ။

"သူတို့တွေက မုန်တိုင်းကြီးတွေလှိုင်းလုံးတွေ
ဖြတ်သန်းဖူးပြီး ဒီတစ်ဝိုက်ကပင်လယ်ပြင်နဲ့
အကျွမ်းတဝင်ရှိတယ်လေ ၊ လူတွေကြောင့်ဖြစ်ရတဲ့
ဖောက်ပြန်မှုတွေသာမရှိခဲ့ဘူးဆိုရင်
ဝေလငါးကျွန်းကို သိပ်မကြာခင်မှာရောက်လိမ့်မယ်"
လင်း​​ရှောင်က ရှင်းပြသည်။

"ဒါပေမယ့် ရောက်ဖို့ရက်အများကြီးလိုသေး
တယ်လေ"

ယူရှောင်းမို လက်ရန်းပေါ် မှီပြီး
တလက်လက်တောက်ပပြီးကြည်လင်နေတဲ့
ပင်လယ်ပြင်ကိုကြည့်နေရင်း ပျင်းရိလာသည်။

ပျံသန်းပြီးသွားရင် သူတို့အရှိန်နဲ့ဆို
ငါးရက်တောင်မကြာဘဲရောက်နိုင်လိမ့်မည်။
နှမြောစရာတစ်ခုက ဝေလငါးကျွန်းရဲ့နေရာကို
သူတို့မသိပေ၊ ထို့ပြင်လောကလိပ်နက်မျိုးနွယ်စုကို
ရှာဖို့အဖိုးအိုရဲ့အကူအညီကို အားထားဖို့
လိုသေးလေသည်။ မာယာများတဲ့ပင်လယ်ပြင်က
သူတို့ကျွမ်းကျင်တဲ့အရာမျိုး မဟုတ်နေဘူးလေ။
_________________________

//Zawgyi//

အချိန်ကျသည်နှင့် ကုန်သင်္ဘောကြီးနှစ်စင်းသည်
ပင်လယ်ပြင်သို့ စတင်ရွက်လွှင့်တော့၏။
အစတွင် မြေပြန့်ပြန့်ပေါ်မှာနေရသလို
ရှိသော်လည်း တံငါသည်တွေငါးဖမ်းလေ့ရှိသော
နေရာကိုကျော်လာသည်နှင့် ပင်လယ်ပြင်က
ရုတ်တရက်ဆိုသလို လှိုင်းထန်လာကာ
သင်္ဘောကိုယ်ထည်က အနည်းငယ်လွှဲရမ်းလာ
သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now