Chapter-534(part-1)

Start from the beginning
                                    

ယူရှောင်းမို သူ့ရဲ့ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေတဲ့
ပုံစံကိုမြင်ရတော့ အံ့အားသင့်သွားရသည်။
"ဘာလို့အဲ့လိုပြောရတာလဲခင်ဗျ?"

"မင်းတို့က ပထမဆုံးမဟုတ်ဘူး"
အဖိုးအိုက စိတ်မရှည်တော့။
"နှစ်တိုင်းနှစ်တိုင်း ပင်လယ်ပြင်ထွက်ပြီး
လောကလိပ်နက်တွေကိုရှာဖွေချင်တဲ့သူတွေမှ
အများကြီးပဲ၊ ဒါပေမယ့် ပင်လယ်ကို
သွားတဲ့လူတွေအများကြီးမှာ ဘယ်သူမှ
ပြန်မလာကြဘူး၊ တစ်ခါတစ်လေမှာ
ကံကောင်းတဲ့တစ်ယောက်စနှစ်ယောက်စ
လောက်တော့ အသက်ရှင်ရက်ပြန်လာကြပါတယ်"

အဖိုးအိုက သူတို့တွေလောကလိပ်နက်တွေကို
ရှာဖွေနေရသည့် ရည်ရွယ်ချက်အားသိသွားတာဟု
ယူ​ရှောင်းမိုထင်ခဲ့မိ၏။ အဖိုးအိုပြောတာ
နားထောင်ပြီးသောအခါ ရုတ်တရက်ဉာဏ်ပွင့်
သွားပြီး မေးကြည့်လိုက်သည်၊
"ဒါဆို သူတို့တွေလောကလိပ်နက်တွေကို
ရှာလို့တွေ့ခဲ့ကြလားဟင်?"

"လောကလိပ်နက်တွေကိုရှာဖို့ တအားလွယ်တယ်
များမှတ်နေလား?"
အဖိုးအိုက မေးစရာပင်မလိုသည့်အမေးဖြင့်
ပြန်ဖြေလာကာ သူ့အသံတွင်ကိုယ့်ကိုယ်ကိုယ်
အထင်ကြီးလွန်းနေသောလူများအား
လှောင်ဟန် တစွန်းတစပါဝင်နေသည်။
ဤတံငါသည်များ၏စိတ်ထဲ၌ လောကလိပ်နက်
သည်သူတို့အား ကောင်းချီးပေးခဲ့သော
ဘိုးဘေးဖြစ်ကာ မြင့်မြတ်ပြီးပစ်မှား၍မရသည့်
သူတောင်စင်တစ်ဦးနှင့်အလားသဏ္ဍာန်
တူလေသည်။

"ဒါဆို သူတို့ကဘာလို့လောကလိပ်နက်တွေကို
လိုက်ရှာကြတာလဲ?"
မျှော်လင့်ထားတာနဲ့ဆန့်ကျင်ဘက်ဖြစ်စွာပဲ
ယူ​ရှောင်းမို သူ့စကားထဲကအထင်သေးခြင်းအား
စိတ်ထဲမထားဘဲ စိတ်ဝင်တစားမေးကြည့်လိုက်သည်။

"လောဘအိုးတွေ!" အဖိုးအိုက စက်ဆုပ်စွာ
နှာခေါင်းရှုံ့လိုက်သည်။

ယူရှောင်းမိုကလည်း နားလည်တဲ့ပုံနှင့်
ခေါင်းညိတ်လိုက်လေသည်။

သူ့သဘောထားသည် အရင်ကသူတွေ့ဖူးတဲ့
လူများကဲ့သို့ရိုင်းစိုင်းပြီး ဆီလျော်မှုမရှိတာမျိုး
မဟုတ်တာကို အဖိုးအိုကမြင်လိုက်က
မျက်နှာထားအနည်းငယ်ပြေလျော့သွားပြီး
သတိပေးလိုက်သည်၊
"ဒီတစ်ခေါက်က မင်းတို့တွေပင်လယ်ပြင်ကို
သွားမှာပထမဆုံးပဲထင်တယ်၊ ရေရှင်မြစ်နယ်နိမိတ်က
ပင်လယ်ထဲမှာရှိတဲ့အခြားနေရာတွေနဲ့ကွဲပြားတယ်၊
ပြီးတော့ မြစ်နယ်နိမိတ်ထဲကအန္တရာယ်တွေက
အဲ့ဒီနေရာတွေနဲ့ ယှဉ်လို့မရဘူး၊ အဲ့ဒီထဲမှာ
လိပ်မျိုးနွယ်စုတွေပဲ နေတာမဟုတ်ဘူး၊
မင်းတို့ သတိမထားရင်အသက်တောင်
ဆုံးရှုံးသွားနိုင်တယ်"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now