"လုပ်ရဲလုပ်ကြည့်နော် !"
ယူရှောင်းမို သူတို့တွေက
တခြားတစ်ယောက်ရဲ့နေရာမှာဆိုတာ
အမှတ်ရသွားသည်နှင့်အလိုမရှိတဲ့အတွေးတွေကို
ချက်ချင်းမောင်းထုတ်လိုက်ပြီး
လင်းရှောင်ရဲ့လက်တွေကို ဆွဲချလိုက်သည်။

လင်းရှောင်သည် စိတ်ပျက်လက်ပျက်မျက်နှာ
ဖြစ်သွား၏။

ယူရှောင်းမိုလည်း သပ်သပ်ရပ်ရပ်ဖြစ်အောင်
လုပ်ရင်း ခေါင်းစဉ်ပြောင်းလိုက်တယ်၊
"ဦးလေးကုကို တွေ့ခဲ့လား?"

"ဟင့်အင်း၊ တစ်ခုခုလုပ်ဖို့အပြင်ထွက်သွားပြီး
ဒီရက်အတွင်းပြန်ရောက်မှာ မဟုတ်ဘူးထင်တယ်၊
သူက ကိုယ့်မေးခွန်းရဲ့အဖြေကိုသိတဲ့
တစ်ဦးတည်းသောသူဖြစ်နိုင်တယ်၊
ဆိုတော့ ဒီရက်နည်းနည်းတော့ဒီမှာပဲ
စောင့်ရလိမ့်ဦးမယ်"

"ဖီချုံးတို့ကရော?"

"သူတို့ကိုလည်းမတွေ့ခဲ့ဘူး၊ တစ္ဆေငိုညည်းတောင်
ကလပ်မှာမဟုတ်ဘဲ တစ္ဆေသင်္ချိုင်းတောင်တန်း
တစ်နေရာရာမှာကျင့်ကြံနေကြတာဖြစ်ဖို့များတယ်"

"ကောင်းပြီလေ ဒါဆိုလည်းခင်ဗျားဦးလေးကု
ပြန်လာတာစောင့်ပြီးမှပဲ မေးကြတာပေါ့"

ကံကောင်းစွာနှင့် ရှို့ရှန်းစံအိမ်သခင်သည်
နောက်တစ်လခန့်ထိပြန်လာဦးမည်မဟုတ်ပေ၊
နောက်ပြီး အခြားအဖွဲ့ဝင်တွေကလည်း
တားမြစ်ထားတဲ့နေရာအတွင်းသို့ ဝင်လို့မရပေ။
အတားအဆီးအစီအရင်ကလည်း သူတို့မျက်မှောက်
ကိုဖုန်းကွယ်ပေးထားနိုင်သည်ဖြစ်ရာ
ဒီနေရာက သူတို့အတွက်လုံခြုံမှုရှိဆုံး
နေရာဖြစ်နေသည်။

ယူရှောင်းမိုလည်း သူ့နေရာသူပြန်သွားလိုက်ပြီး
ရှေ့ကစာအုပ်ကို ပျင်းရိပျင်းတွဲနှင့်လှန်လှော
ကြည့်သည်။

သူဖတ်နေတဲ့စာအုပ်ထဲကနေ ရင်းနှီးတဲ့
မျိုးရိုးနာမည်တစ်ခုကိုသတိပြုမိလိုက်သည်။
ရှေးယခင်ကစစ်ပွဲကြီးတွင် ယူမိသားစုသည်လည်း
ပါဝင်ခဲ့ပြီး စွမ်းအားကြီးပုဂ္ဂိုလ်အချို့
ဆုံးရှုံးခဲ့ရလေသည်။

သို့သော် ယူမိသားစုကိုဒီမတိုင်မီက
သွေးစွေးနီမိသားစုလို့ မခေါ်တွင်ပေ၊ နောက်ပြီး
မိသားစုအခွဲတွေလည်းအများကြီးမရှိခဲ့။
သူတို့ကတရားဝင်ဟုတ်သည်ဖြစ်စေ မဟုတ်သည်
ဖြစ်စေသူတို့အားလုံးကို ယူမိသားစုရဲ့
တစ်စိတ်တစ်ပိုင်းအဖြစ်သတ်မှတ်ခဲ့သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now