Chapter-511(Unicode)

Start from the beginning
                                    

လင်းရှောင်သည်လည်း သူ့ဆီကအဖြေကို
မမျှော်လင့်ထားပေ၊ အိပ်ယာပေါ် ကို
ပျင်းရိစွာဖြင့်ပြန်လှဲချလိုက်ကာ၊
"ကိုယ်ပြောဖူးတယ်လေ လက်ဆင့်ကမ်းလာသမျှ
ရှေးဟောင်းပစ္စည်းတွေအားလုံးက
ရှားပါးတာတွေကြည့်ပဲ၊ ဝိဉာဉ်နဲ့ စွမ်းရည်
လေ့ကျင့်ခြင်းစာလိပ်တွေ........"

"မဟုတ်သေးဘူးလေ" ယူရှောင်းမို
သူ့စကားကိုဖြတ်ပြောလိုက်သည်၊
"ထုံထျန်းတိုက်မကြီးမှာ ဝိဉာဉ်နဲ့စွမ်းရည်
လေ့ကျင့်ခြင်းစာလိပ်တွေအများကြီးပဲ
ရှိတယ်မလား?"

"အဲ့တာတွေက နောက်မျိုးဆက်တွေလုပ်ထား
တဲ့ဟာတွေ။ တကယ့်အစစ်အမှန်တွေက
အချိန်နဲ့အတူပျောက်ကွယ်သွားလုနီးပါး
ဖြစ်နေပြီ။ နောက်ပြီး မှော်ဆရာတွေအတွက်
အရေးကြီးဆုံးဖြစ်တဲ့မှော်ဆေးလုံးဖော်စပ်နည်းတွေနဲ့
မှော်ဆေးပင်တွေရဲ့ အခြေအနေကပိုဆိုးတယ်။
ရှေးဟောင်းစာပေတွေထဲမှာ ရှေးခေတ်တုန်းက
တည်ရှိခဲ့တဲ့မှော်ဆေးပင်တွေအကြောင်း
မှတ်တမ်းပြုစုထားတာရှိတယ်။ ဒဏ္ဍာရီအရဆို
အတိတ်တုန်းက မှော်ဆေးပင်တွေဆိုတာ
မှိုလိုပဲပေါမှပေါတဲ့၊ မှော်ဆရာတွေက
ပတ်ရှာစရာမလိုဘူး၊ ဈေးနှုန်းကလည်း
အခုခေတ်လိုမျိုးမမြင့်ခဲ့ဘူးတဲ့"

ယူရှောင်းမို ကျနေတဲ့သွားရည်တွေသုတ်လိုက်ရ
သည်၊ "အဲ့လောက်တောင်ကောင်းတာ
ကျွန်တော်ဘာလို့များ ရှေးခေတ်ဆီမကူးပြောင်း
သွားခဲ့တာပါလိမ့်?"

သူ့စကားထွက်လာသည်နှင့် အခန်းအပူချိန်သည်
၁၀၀ ဒီဂရီမျှလျော့ကျသွားလေ၏။

ယူရှောင်းမို တုန်သွားသည်၊ သူမော့ကြည့်
လိုက်ရာ လင်းရှောင်ရဲ့ခြိမ်းခြောက်နေတဲ့
မှေးစင်းထားသည့်အကြည့်ကို တွေ့လိုက်ရသည်၊
ထိုအေးစက်ထိတ်လန့်ဖွယ်မျက်ဝန်းများက
သူ့ကို ပြန်စိုက်ကြည့်နေ၏။ သူ မသင့်တော်တဲ့
စကားပြောမိသွားတာကို သိလိုက်ပြီး
ခြောက်ကပ်ကပ်ရယ်လိုက်ကာ၊  

"ဒါပေမယ့် ခင်ဗျားမှမရှိရင်
ရှေးခေတ်မှာမနေချင်ပါဘူးဗျာ"

လင်း​ရှောင်က နှာခေါင်းရှုံ့လေသည်၊
"ရှေးခေတ်မှော်ဆေးလုံးဖော်စပ်နည်းတွေက
မှော်ဆေးပင်တွေလောက်တော့ မပေါပေမယ့်
အခုလက်ရှိထက်တော့ အဆတစ်ရာလောက်
သာတယ်၊ တန့်ချင်းလို့ခေါ် တဲ့လူ၊
သူသာ တကယ်ပဲရှေးခေတ်ကမှော်ဆရာဆိုရင်
ကျောက်စိမ်းပေလွှာထဲကဖော်စပ်နည်းတွေ
အများစုက ပျောက်ဆုံးနေတဲ့ဖော်စပ်နည်းတွေ
ဖြစ်မှာပဲ"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now