ယူရှောင်းမို တုန်သွားကာ သူ့အောက်ပိုင်းကို
ဖုံးပြီးပြေးလာခဲ့သည်။

လင်းရှောင်က သူ့ရဲ့ပြေးနေတဲ့ပုံရိပ်ကို
ငေးကြည့်နေရင်း ပြုံးသွားသည်။ သူ့မျက်ဝန်းထဲရှိ
စိတ်ဆန္ဒများသည် သူအလိုသည့်အတိုင်း
ထိန်းချုပ်နိုင်သည့်အလား တစ်ခဏချင်းတွင်
ပျောက်ကွယ်သွား၏။

ယူရှောင်းမို ကန်ဘေးကိုပြေးသွားကာ
မြက်ခင်းပေါ် ထိုင်ချလိုက်တဲ့
လင်းရှောင်ကိုပြန်လှည့်ကြည့်လိုက်ပြီး 
သက်ပြင်းမချဘဲမနေနိုင်တော့ချေ။
ဒီလိုချစ်သူမျိုးပိုင်ဆိုင်ထားရတာ ကံကောင်း
သလား ကံဆိုးသလားတောင် သူမသိတော့။

ယူရှောင်းမို သူ့ကိုယ်ပေါ် ကအညစ်အကြေးတွေကို
ဆေးကြောလိုက်ပြီး မှော်အိတ်ထဲမှ
အဝတ်အစားအသစ်တစ်စုံ ထုတ်ဝတ်လိုက်သည်။
သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်ပြီးတဲ့နောက်
နယ်မြေထဲကနေ သစ်သားပုံးလေးတစ်ပုံးထုတ်
လိုက်ကာ ကန်ထဲကရေသန့်ကိုခပ်ထည့်လိုက်ပြီး
လင်းရှောင်ဆီလျှောက်သွားလိုက်သည်။ 

ယူရှောင်းမို သူ့နောက်ဖက်ကိုဖွဖွလေး
သွားကြည့်လိုက်တော့
လင်းရှောင်က သူလျှောက်ကလိနေခဲ့တဲ့
ကျောက်စိမ်းပေလွှာကိုအာရုံစိုက်နေတာကို
တွေ့လိုက်ရသည်။ ရုတ်တရက်သူ့ရဲ့တဇွတ်ထိုး
စိတ်ကလေး ပေါ် လာသည်။
လင်းရှောင်ပေါ် ရေလောင်းချလိုက်ရင်
ဆေးကြောပေးသလိုပဲမလား? 

"ဘာတွန့်နေတာလဲ" လင်း​ရှောင်ရဲ့အသံက
ရုတ်တရက်ထွက်လာတာကြောင့် သူလန့်ပြီးခုန်မိ
သွားသည်။

ယူရှောင်းမို ငုံ့ကြည့်လိုက်ပြန်တော့
လင်းရှောင်ကလုံးဝမှမော့မကြည့်နေပေ။
သူ့နောက်ကျောက ထင်ရှူးပင်ကဲ့သို့ဖြောင့်တန်း
နေကာ အရေပြားအောက်မှကြွက်သားများကို
မထင်မရှားမြင်နေရသည်။ သူကကျောက်စိမ်း
ပေလွှာကို ဆက်ကလိနေဆဲဖြစ်လေသည်။

ထင်ထားသလိုပဲ သူမလုပ်ရဲပေ။ မေ့လိုက်တာပဲ
ကောင်းပါတယ်။ နာရီပေါင်းများစွာ
အနှိပ်စက်ခံထားရပြီးတဲ့နောက် သူ့ရဲ့သင်ခန်းစာကို
မမေ့သေးဘူး။

ယူရှောင်းမိုလည်း ဘေးနားကပတ်သွားလိုက်ပြီး
ရေသန့်ကိုအောက်ချလိုက်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Nơi câu chuyện tồn tại. Hãy khám phá bây giờ