"ဟုတ်တယ်"

ဒီအကြောင်းကို ဖုံးထားစရာမလိုပေ။ ထိုနှစ်ဦးက
သူတို့ရဲ့ဆရာဆိုတာ ပြောပြထားခဲ့ပြီးသားဖြစ်ပြီး
သူတို့တပည့်တွေအနေနဲ့ ဒီအကြောင်းသိနေတာ
ပုံမှန်ပင်။ သူတို့ဘာပြောချင်တာလဲ ဆိုတာကိုတော့
ယူရှောင်းမို နည်းနည်းစိတ်ဝင်စားမိတယ်။

သူတို့ဆရာတွေရဲ့ ယုံကြည်မှုကိုရပြီး
သူနဲ့ရင်းနှီးအောင် လာလုပ်တာဆိုရင်တော့
အဲ့လိုလုပ်ဖို့မလိုအပ်ပေ၊ အခုသူတို့ကြားက
ဆက်ဆံရေးက တော်တော်လေးကောင်းနေပြီး
သားပဲ။ သေမတူရှင်မကွာဆက်ဆံရေးမျိုးတော့
မဟုတ်ပေမယ့်လည်း ဘယ်လိုပဲနေနေ
သူငယ်ချင်းကသူငယ်ချင်းပဲလေ။ သူ့ဆီကနေ
အမှန်တရားကိုကြားရဖို့ အစ်အောက်မေးဖို့
လာတာမျိုးလည်း မဖြစ်နိုင်ဘူး။
သူကငတုံးမှမဟုတ်တာ ၊ စိတ်စွမ်းအင်ရေနဲ့
ပတ်သက်ပြီး ဘယ်လိုလုပ်အလွယ်တကူ
လှည့်ဖျားပြီးမေးလို့ ရနိုင်မလဲ။

"တကယ်တော့ သိပ်အများကြီးမဟုတ်ပါဘူး။
မင်းကို တစ်ခုလာပြောပြတာ။ မျှော်စင်ထဲက
အထပ်မြင့်တွေဆီ မြန်နိုင်သမျှမြန်မြန်တက်ချင်
ရင် ရှောင်ယောင်တက္ကသိုလ်ရဲ့အထူးစည်းမျဉ်း
တွေကိုစိန်ခေါ် လို့ရတယ်"

"အထူးစည်းမျဉ်းတွေက ဘာတွေလဲ"
ယူရှောင်းမို ဒီဟာအကြောင်းကြားဖူးတာ
ပထမဆုံးအကြိမ်ဖြစ်သည်။ 

ကျုံးယဲ့ရဲ့ ခပ်အေးအေးလေသံထွက်လာ၏။
"အဲ့ဒီ့ အထူးစည်းကမ်းဆိုတာတွေက
သုံးလကြီးမစောင့်နိုင်တဲ့ ကျွမ်းကျင်ပညာရှင်တွေ
အတွက် သတ်မှတ်ထားတာ။ ဒါပေမဲ့
အထူးစည်းမျဉ်းတွေကို စိန်ခေါ် ချင်တိုင်း
စိန်ခေါ် လို့မရဘူး။ သတ်မှတ်ချက်ပြည့်မီနိုင်ဖို့
ဂုဏ်ရှိအကြီးအကဲတစ်ဦးဆီက
ထောက်ခံချက်လိုတယ်"

ယူရှောင်းမို ခေါင်းညိတ်ပြလိုက်တယ်၊
"ပွဲမှာကျ ဘာလုပ်ရတာလဲ"

ချောင်ဝူရှင်း - "ရှင်းပါတယ်၊ တက္ကသိုလ်က
ဆရာတစ်ဦးဦးနဲ့ ယှဉ်ပြိုင်ရုံပဲ။ သူ့ကိုနိုင်ရင်
အမြင့်ကိုတက်လို့ရမယ်"

"အဲ့ဒါ ဘယ်လိုပြိုင်ပွဲမျိုးလဲ"

"ဆေးလုံးသန့်စင်တဲ့ နည်းစနစ်တွေပြိုင်တာ"

The Legendary Master's Wife [မြန်မာဘာသာပြန်] Opowieści tętniące życiem. Odkryj je teraz