ဒီအတွေးကြောင့် မှော်ဆရာအများအပြား
ခိုင်မာတဲ့အကြည့်များ ထုတ်ဖော်လာကြသည်။

ထိုထဲတွင် ကျုံထျန်းဈေးရောင်းပွဲတော်၌ အဆင့်တစ်သက်တန့်ဆေးလုံးဖော်စပ်နည်း
ပေါ် ထွက်လာမည်ဟု သိထားနှင့်ကြပြီးဖြစ်သည့်
မှော်ဆရာအစည်းအရုံးမှ လူများနှင့် သားရဲသဏ္ဍာန်ပြောင်းလဲခြင်း
အဖွဲ့အစည်းမှ လူများလည်း ပါဝင်ကာ
တိုက်ပွဲအတွက် အင်္ကျီလက်များပင်
မတင်ထားပြီးကြလေပြီ။

အတိတ်ကဖြစ်ရပ်များအရ မှော်ဆရာအစည်းအရုံး
သို့မဟုတ် သားရဲသဏ္ဍာန်ပြောင်းလဲခြင်း
အဖွဲ့အစည်းမှအလိုရှိရာ တစ်စုံတစ်ခု
ရှိခဲ့ရင် နောက်ဆုံးကျသူတို့လက်ထဲ
ရောက်သွားရတာကြည့်ပဲ။
အခြားမှော်ဆရာတွေခမျာ
အဆက်အသွယ်လဲသိပ်မရှိ ချမ်းလည်းမချမ်းသာ
အထက်စီးလည်းမဆန်တာကြောင့်
စွမ်းအားမဲ့သလိုဖြစ်ပြီး
မချင့်မရဲဖြစ်ကြရသည်။

မှော်ဆရာအများစုက သွားရည်ကျနေကြပေမယ့်
သူတို့မျက်ဝန်းထဲက
ကူကယ်ရာမဲ့နေသလိုအရိပ်အယောင်ကို
ချန်ဟယ့်မြင်လိုက်ပြီး သူတို့လက်လျော့လိုက်ကြပြီ
ဆိုတာ သိလိုက်သည်။ ဤသည်က
ပုံမှန်အတိုင်းပင် ၊ သို့ပေမယ့် ဒီကနေ့မှာတော့
သန်မာအားကောင်းတဲ့ယှဉ်ပြိုင်သူနှစ်ဦး
ရှိနေသည်။ တွေးနေရင်း ယူရှောင်းမိုနဲ့
ယွင်ရှောင်ရှိတဲ့ဘက် သက်သက်မဲ့လှည့်ကြည့်မိ
လိုက်တယ်။

"ဒီဆေးလုံးဖော်စပ်နည်းက စကြာဝဠာဆေးလုံး
လို့ခေါ် တဲ့ သက်တန့်ရောင်ဆေးလုံးအမျိုးအစား
ဖြစ်ပါတယ် ၊ စကြာဝဠာဟာ ကောင်းကင်ဘုံနဲ့
ကမ္ဘာလောက ၊ ယင်နဲ့ယန်ကို ကိုယ်စားပြုတာ
ကြောင့် ယင်ယန်ဆေးလုံးလို့လည်းသိကြပါတယ် ၊
အသက်အန္တရာယ်ရှိနေတဲ့လူတစ်ယောက်ရဲ့
ငုပ်လျှိုးနေတဲ့စွမ်းအားကို လှုံ့ဆော်ပေးနိုင်ပြီး
အသုံးပြုပြီးတဲ့နောက် အဆင့်တက်သွားနိုင်ချေလည်း
ရှိပါသေးတယ်၊ ဒါက အသက်အပိုတစ်ခု
ရှိတာနဲ့ညီမျှပါတယ် ၊ အဆင့်တစ်သက်တန့်
ဆေးလုံးတွေထဲမှာမှ ပထမဆင့်မှော်ဆေးလုံးလို့
ယူဆလို့ရပါတယ်ရှင်"
ချန်ဟယ့်ကဖြေးဖြေးချင်း မိတ်ဆက်ပေးလိုက်သည်။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now