နဂါးသွေးက ယူကျန်ထျန်းဇနီးရဲ့အသက်သွေး
ဖြစ်တာမှန်နေခဲ့လျှင် မြန်နိုင်သမျှမြန်မြန်
သုံးပစ်ရမည်ဖြစ်၏။ နဂါးမျိုးနွယ်စုမှလူများက
သူတို့ကိုယ်ပိုင်အသက်သွေးနှင့်
ပက်သတ်လျှင်အထိမခံဖြစ်တတ်ကြပြီး
နဂါး၏အာရုံခံနိုင်သည့်အကျယ်အဝန်းကို
သူတို့နီးကပ်သွားခဲ့လျှင် လူသိသွားကြပေမည်။
ကျန်းလျှို့က အသက်သွေးကိုမှော်ဆေးလုံး
သန့်စင်ရန် သုံးချင်ခဲ့သော်ငြား
ဘယ်မှော်ဆေးလုံးက နဂါးသွေးသုံးဖို့
လိုအပ်လဲဆိုတာ သူမတွေ့သေးချေ။

လင်း​​ရှောင် မျက်မှောင်ကြုံ့ထားရင်း
နဂါးသွေးပုလင်းလေးကို တိတ်ဆိတ်စွာ
စိုက်ကြည့်နေသည်။

ဘာဖြစ်လို့လဲလို့ ယူရှောင်းမိုမေးမလို့ပြင်နေတုန်း
အလျင်စလိုသွားနေတဲ့ခြေသံများက
အရပ်တစ်ဖက်မှပဲ့တင်ထပ်လာသည်။
အခြေအနေက နည်းနည်းလေးရင်းနှီးနေသလို
ရှိလာ၏။

သူနားစွင့်လိုက်တုန်းမှာ လင်းရှောင်က
သူ့ကိုကောက်မလိုက်ပြီး သစ်ပင်တစ်ပင်ပေါ်
ခုန်တက်လိုက်သည်။

ခြေသံတွေ နီးသထက်နီးလာတယ်။
သူ့မြင်ကွင်းထဲ အဖွဲ့ရောက်လာတဲ့အခါ
ယူရှောင်းမိုပါးစပ်ဟသွားရသည်။ ၎င်းမှာ
မရဏတောအုပ်ဆီသူအပို့ခံလိုက်ရတုန်းက
တွေ့ခဲ့ရတဲ့ ပထမဦးဆုံးသောအဖွဲ့ပါပင်။
အမျိုးသားနှစ်ယောက်က ပုခုံးပေါ် ဝယ်
သဲအိတ်တစ်အိတ်ထမ်းထားဆဲဖြစ်ကာ
အမျိုးသမီးက ရှေ့မှဦးဆောင်သွားနေဆဲ
ဖြစ်လေသည်။

သူတို့ပုန်းအောင်းနေရာသစ်ပင်ဆီ
မကြာခင်မှာ ထိုသုံးယောက်ရောက်လာ၏။

ဒီတစ်ခေါက်တော့ ရှေ့ကနေမြင်နေရခြင်းဖြစ်သည်။
သူတို့တူးလိုက်တဲ့တွင်းထဲမှာ စိတ်ဒုက္ခရောက်ဖွယ်
ဖြူလွလွအရိုးပုံတစ်ပုံရှိနေတာ
ယူရှောင်းမိုထင်းထင်းလင်းလင်းမြင်လိုက်ရသည်၊
လဝက်တုန်းက မြှုပ်ထားခဲ့တဲ့အလောင်းကမူ
ပုပ်သိုးနေပြီဖြစ်သည်။

အနံ့ ပြင်းလွန်းလှသည်။ အပေါ် မှာပုန်းနေတဲ့
ယူရှောင်းမို ရွံပြီးအန်ချမိတော့မလိုဖြစ်သွားတယ်။

အမျိုးသားနှစ်ဦးက တွင်းတူးပြီးတဲ့နောက်
သဲအိတ်ကိုမလိုက်ပြီး ပစ်ထည့်ဖို့
ပြင်လိုက်သည်။ ထိုအခိုက်တွင်
သဲအိတ်က လှုပ်ယမ်းလာ၏။ ၎င်းက
ရူးရူးသွပ်သွပ်ရုန်းကန်စပြုလာကာ
ငိုရှိုက်သံများလည်း ထွက်လာသည်။
ထင်ရှားစွာနှင့် အတွင်းမှလူမှာ
မသေသေးချေ။

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now