"လိမ်နေတာ" အနက်ဝတ်လူက အသာအယာ
ပြောလိုက်သည်၊ "နောက်ဆုံးစကားက
မှန်တယ်၊ ဒါပေမဲ့အရှေ့ပိုင်းကတော့ အမှားပဲ။
ဟိုလူဆယ်ယောက်က ခင်ဗျားကိုဒီရွာရောက်အောင်
ပို့ပေးခဲ့တဲ့လူငယ်လေးအကြောင်း
မေးနေကြတာ။ အဖိုးကြီး ခင်ဗျားက
ရင့်ကျက်နေပြီဖြစ်တဲ့လူကြီးလေ၊
လိမ်တာမကောင်းဘူး"

"မင်း အကုန်ကြားလိုက်တယ်?"
ဒီလူက ရုတ်တရက်ကြီးပေါ် လာတာလို့
ဝမ်ကုံးယူဆခဲ့ခြင်းဖြစ်သည်။
သူတို့စကားပြောနေစဉ်က ရှိနေမယ်လို့
မထင်ခဲ့မိချေ။

"ဆိုတော့က..... ယွီရှန်းမြို့ကလူတွေ
သူ့အကြောင်းပဲတစ်နေကုန်တွေးနေရအောင်
အဲ့ဒီ့လူငယ်လေးက ဘာလုပ်ခဲ့လို့လဲ"

လူကြီးက သူစိတ်ဝင်စားတဲ့အကြောင်းအရာကိုသာ
ဆက်မေးလေသည်။ ယွီရှန်းမြို့က
ကပ်ဘေးကြီးတစ်ခု ကြုံထားကာစဖြစ်၏။
သူက အကြီးဆုံးသခင်လေးဖြစ်သော်ငြား
ဒီလိုလူသူအရောက်အပေါက်နည်းသည့်
နေရာသို့ အပြေးအလွှားရောက်လာခဲ့သည်။
သူသိရသရွေ့ မကြာခင်အချိန်တွင်း
ရှင်းလော့မြို့မှာ လူရွေးပွဲတစ်ခုကျင်းပမည်
ဖြစ်သည်။ လူရွေးပွဲထက်အရေးကြီးတာမှ
မဟုတ်ရင် ဒီလိုအချိန်မျိုးမှာဒီနေရာဆီ
ရောက်မနေသင့်ပေ။

လူကြီးက ဒီပဟေဠိက သူတို့ပြောခဲ့တဲ့လူငယ်နဲ့
ဆိုင်နေတာကို သိသည်။

"ဘာမှမလုပ်ဘူး" ဝမ်ကုံးက တုံးတိတိငြင်း
လိုက်သည်။

"မပြောချင်ဘူးထင်တယ်" လူကြီးက
နောင်တရသလိုပြောလိုက်သည်။

ဝမ်ကုံး ကပျာကယာပြန်ဖြေလိုက်တယ်၊
"ငါ့အရှင်....အဲ့လူကိုသူတို့ဘာလို့လိုက်ရှာနေကြလဲ
ငါတကယ်မသိပါဘူး။ သူ့ကိုသိတာ
ရက်နည်းနည်းပဲရှိသေးတာ။ လွန်ခဲ့တဲ့ဆယ်ရက်
တုန်းက သူ ရွာမှာရုတ်တရက်ကြီးပေါ်
လာတာ။ သူရောက်မလာခင်က
ယွီရှန်းမြို့နဲ့ဘယ်လိုရန်ငြှိုးရန်စတွေရှိခဲ့လဲ
ငါတကယ်မသိဘူး"

"ဆယ်ရက်အကြာတုန်းက?"
လူကြီးက ရုတ်တရက်ဖြတ်ပြောလိုက်တယ်၊
"သူ့နာမည်ကရော? အဲ့တုန်းကသူဘယ်လို
ဝတ်ထားတာလဲ? သူ့ရုပ်ကရော?
သူ့နားမှာတိရစ္ဆာန်သေးသေးလေးတွေရော
ရှိလား?"

The Legendary Master's Wife [မြန်မာဘာသာပြန်] Where stories live. Discover now