Unicode
အပိုင်း၄၈၈- စမ်းကြည့်လိုက်လေ
ယူရှောင်းမို အတွေးနယ်ချဲ့နေစဉ်မှာပဲ
သူတွေးနေတဲ့လူက ရုတ်တရက်
ခေါင်းလှည့်လာပြီး ထူပိန်းနက်မှောင်တဲ့
မျက်ဝန်းတွေက သူ့မြင်ကွင်းထဲတည့်တည့်ရောက်လာ
သည်။ တစ်ခါတုန်းက ငယ်ရွယ်ပြီးအပြစ်ကင်း
ခဲ့တဲ့မျက်နှာမှာ ရင့်ကျက်ပြီးညှာတာမှုကင်းမဲ့တဲ့
အသွင်များ အစားထိုးလို့နေသည်။
သူ့ကိုမြင်တော့ ကျန်းလျှို့မျက်လုံးထဲတွင်
စိတ်မကြည်သာမှုများ ဖြတ်ပြေးသွား၏။
"တစ်ခုခုမှားနေလို့လား" ကျန်းလျှို့က
ထောင့်ကလူငယ်ကို မျက်တောင်မခတ်ကြည့်
နေတာမြင်တော့ သူ့ညာဘက်ဘေးက
သက်လတ်ပိုင်းအရွယ်ယောက်ျားက မေးလိုက်တယ်။
ကျန်းလျှို့ လက်ဖက်ရည်တစ်ငုံသောက်လိုက်
ပြီးနောက် မှားစရာမရှိအောင်ဆိုးညစ်သည့်
အသံနှင့်ပြန်ဖြေလိုက်သည်၊
"သူငါ့ကိုကြည့်နေတဲ့ပုံကိုမကြိုက်ဘူး"
"ဒါဆို... သူ့မျက်လုံးတွေကိုဖောက်ထုတ်လိုက်
ရအောင်လေ" ဘယ်ဘက်ကလူက
ထူးထူးဆန်းဆန်းကြောင်တောင်တောင်
ရယ်သံပြုလိုက်တယ်။
"ထားလိုက်ပါတော့" ကျန်းလျှို့ပြောလိုက်တယ်၊
"သွေးစွေးနီကလန်ရဲ့ဆန်ကာတင်ပြိုင်ပွဲက
နှစ်ရက်အတွင်း စတော့မှာ၊ မလိုအပ်တဲ့ပြဿနာတွေ
မဖြစ်စေချင်ဘူး"
ထိုလူက နှုတ်ခမ်းတွေကိုသပ်လိုက်ပြီး
စိတ်ပျက်လက်ပျက်ပုံနဲ့ပြုံးလိုက်သည်၊
"ဆိုးလိုက်တာကွာ"
သူတို့အုပ်စုက အသံမလျော့ထားတာရယ်၊
ဆိုင်ထဲမှာလည်း လူတွေအများကြီးရှိမနေတာရယ်
ကြောင့် သူတို့စကားကို ထောင့်မှာထိုင်နေတဲ့
ယူရှောင်းမိုအပါအဝင် လူတိုင်း
ရှင်းရှင်းလင်းလင်းကြားလိုက်ကြရသည်။
ထိုလူက သတ်ဖို့ဖြတ်ဖို့ပြောနေတာကိုကြားတော့
လူတွေက ယူရှောင်းမိုကိုကရုဏာသက်စွာနဲ့
ကြည့်လိုက်ကြသည်၊ မျှော်လင့်မထားမိတဲ့
ကပ်ဆိုးဆိုတာ ဒါပဲ.....
ယူရှောင်းမို ပါးစပ်တွန့်မိသွားတာကြောင့်
သူ့မျက်နှာသူကာလိုက်တယ်။
အဲ့တော့... ကျန်းလျှို့ရဲ့သဘောထားကြီးမှုကြီးကို
သူက ကျေးဇူးတင်ပြသင့်တယ်ပေါ့လေ?
ပြောရရင် ယင်ယန်တောင်ကြားကလူတစ်ချို့ကို
သူသိပေမယ့်လို့ ကျန်းလျှို့နဲ့ပါလာတဲ့
သူတွေတစ်ယောက်ကိုမှ သူမသိဘူး။
သူတို့အကုန်လုံးက အထိုက်အလျောက်တော့
သန်မာကြပြီး အထူးသဖြင့် သူ့ကိုသတ်မယ်ဖြတ်မယ်
ပြောနေတဲ့တစ်ယောက်ဆိုရင်
မသက်မသာဖြစ်စေတဲ့အရှိန်အဝါတစ်မျိုး
ထုတ်နေသည်။
"ဒီလူက တော်တော်လေးစိတ်ဝင်စားဖို့
ကောင်းတယ်" ထိုလူ့ရဲ့ သွေးဆာနေတဲ့
မျက်လုံးတွေက စိတ်လှုပ်ရှားမှုတွေနဲ့တောက်ပ
နေသည်၊ "သူ့ကို သတ်မယ်လို့ပြောနေတာကို
ရှင်းရှင်းကြီးကြားလိုက်ပေမယ့်
အဲ့ဒီမှာ ဣဒြေရရထိုင်နေတုန်းပဲ"
သူ့စကားများက ကျန်းလျှို့နှင့် သက်လတ်ပိုင်း
အရွယ်လူရဲ့အာရုံကို ဖမ်းစားသွား၏။
သူ့စကားများက မှန်နေသည်ပင်၊
ပုံမှန်ဆိုရင် တစ်စုံတစ်ယောက်က
အဲ့လိုကြားလိုက်ရရင် သူတို့ပထမဆုံး
လုပ်မယ့်အရာက သူတို့သတ်ဖို့တကယ်
ရည်ရွယ်သည်ဖြစ်စေ မဖြစ်စေ
ဒီသောက်ကျိုးနည်းနေရာကြီးကနေ
ထွက်သွားကြမှာဖြစ်သည်။ သို့ပေမယ့်လည်း
ယူရှောင်းမိုကတော့ ထွက်မသွားခဲ့ရာ
သူတို့အာရုံစိုက်မိသွားတော့သည်။
"သူ့စွမ်းအားနဲ့ပတ်သတ်ပြီး တစ်ခုခုထူးဆန်း
နေတယ်......" သက်လတ်ပိုင်းအရွယ်လူက
တွေးတွေးဆဆပြောလိုက်တယ်၊
သူ့ခွန်အားနဲ့ တစ်ဖက်လူရဲ့အဆင့်ကို
မမြင်နိုင်ရင် ရွေးချယ်စရာကနှစ်ခုသာ
ရှိလေသည်။
ထိုလူက ခြောက်ခြားဖွယ်အပြုံးတစ်ခုနှင့်
ထရပ်လိုက်သည်၊
"တစ်ခါလောက်စမ်းကြည့်လိုက်ရင် သိရမပေါ့"
ကျန်းလျှို့ပြောလိုက်တယ်၊ "လက်မလွန်စေနဲ့"
"ဟီး..ဟီး..... မပူပါနဲ့။ ဂရုစိုက်ပါ့မယ်"
ပြောပြီးတဲ့နောက် သူက ယူရှောင်းမိုဆီ
လျှောက်သွားလေတယ်။ သူ့လှုပ်ရှားမှုတွေက
ထင်ရှားလွန်းနေသည်ဖြစ်ရာ ဆိုင်ထိုင်နေတဲ့
တစ်ခြားသူတွေ မျက်နှာလွှဲချင်ရင်တောင်
လွှဲမရဖြစ်နေ၏။
သူတို့မသိတာကတော့ ယူရှောင်းမိုက
အတွေးထဲနစ်နေတာပင်။ သူက သူတို့ထက်
ဆိုးဝါးတယ်လို့လဲမထင်တာကြောင့်
သူထွက်ပြေးဖို့မလိုဘူးလေ။
ယူရှောင်းမိုအံ့ဩရတာကတော့
ထိုလူက ထပ်ရောက်လာပြန်တာဖြစ်သည်။
ဆုံးဖြတ်ထားတာပြန်ရုတ်ပြီး
သူ့ကိုသတ်ချင်နေပြန်တာများလား?
ထိုလူက ယူရှောင်းမိုရှေ့မှာ မြဲမြဲမြံမြံရပ်လိုက်ကာ
မကောင်းတဲ့အပြုံးနဲ့ပြောလိုက်သည်၊
"ငါ့နာမည် ထန်-လန်တဲ့.. မှတ်ထား...
ဘာလို့လဲဆိုတော့ အဲ့တာက
မင်းတစ်ဘဝလုံးလိုက်ခြောက်နေမှာမလို့ပဲ"
ရှိခိုးကောင်?
(t/n- သူ့မျိုးရိုးက'ထန်'ဖြစ်ပြီး 'လန်' ဆိုတာကို
နာမည်မပေးဘဲကိုယ့်ကိုယ်ကိုခေါ် ကြတဲ့
ရှေးခေတ်စတိုင်နဲ့ပြောလိုက်ပါတယ်။
ဒါပေမယ့် ရှိခိုးကောင်ကိုလည်း 'ထန်လန်' လို့
အသံထွက်ပါတယ်၊ အဲ့တာကြောင့်
မော်ဒန်ကမ္ဘာကလာတဲ့ မော့မော့က
ရှုပ်သွားတာပါ)
ယူရှောင်းမိုတစ်ယောက်တည်းတွေးလိုက်တယ်၊
....သူမေ့မှာမဟုတ်တော့ဘူး......
လူငယ်က ရုတ်တရက်ကြီးတိုက်ခိုက်လိုက်ပြီး
ခြောက်ခြားဖွယ်အနက်ရောင်အလင်းတစ်ခုက
ယူရှောင်းမိုမျက်နှာကို ချိန်ရွယ်ထားသည်။
ပုံမှန်အားဖြင့် ထိုတိုက်ကွက်မှာ
ရှောင်တိမ်းရန်ခက်သည့်အနီးကပ်တိုက်ကွက်
ဖြစ်သော်လည်း ယူရှောင်းမို ကြိုပြင်ထားသည်။
ခြောက်ခြားဖွယ်အနက်ရောင်အလင်းက
ဓားပျံတစ်ချောင်းဆီကဖြစ်သည်၊
ယူရှောင်းမို ရှောင်လိုက်တဲ့အခါ
ဓားပျံက ဟိုတယ်ရဲ့နံရံမှာစိုက်သွားလေတယ်။
ကြီးကြီးမားမားပွက်လောရိုက်မသွားပေမယ့်
နံရံကတော့ ပြတ်ရှသွားသည်။
ထောင့်ဆီပြန်ဆုတ်လိုက်ရင်း ယူရှောင်းမို
မျက်မှောင်ကြုံ့ကြည့်လိုက်တယ်။
ကြည့်ရတာ သူက ရန်ငြှိုးရန်စမရှိတဲ့သူကို
တိုက်ခိုက်တတ်တဲ့ အော်ဂလီဆန်စရာစရိုက်နဲ့
တိုက်ပွဲကိုသွေးဆာရူးသွပ်တဲ့သူ
ဖြစ်ပုံရသည်။ ဒီနေ့ဒီနေရာမှာရပ်နေတဲ့သူက
သူမဟုတ်ဘဲ တစ်ခြားသူသာဆိုရင်
သေနေလောက်ပြီဖြစ်၏။
"မင်းမှာ တော်တော်လေးမြန်မြန်တုံ့ပြန်နိုင်စွမ်း
ရှိပုံပဲ~" ထိုလူက လက်မြှောက်လိုက်ရာ
ဝတ်ရုံလက်နှင့်ကွယ်ထားသည့်
သူ့လက်ချောင်းများကြားတွင် ပါးလျတဲ့
ဓားလေးတစ်ချောင်းပေါ် လာသည်။
ဓားပါးလေးက အေးစက်စက်အလင်းများ
တောက်နေပြီး သူ့လက်နက်ဖြစ်ပုံရ၏။
ယူရှောင်းမို စကားမပြောတော့ချေ၊ အဲ့ဒီ့အစား
သူ့မျက်ခုံးကြားကနေ ကြမ်းတမ်းလှသည့်
စိတ်ဝိဉာဉ်အားတစ်ခု ထွက်လာကာ
မုန်တိုင်းတစ်ခုလိုဆုတ်ဖြဲနေသည်။
မရေမတွက်နိုင်လောက်အောင်
လေ့ကျင့်ပြီးတဲ့နောက်
ယူရှောင်းမိုရဲ့စိတ်ဝိဉာဉ်အားက
လက်စည်းတံဆိပ်တွေမလိုဘဲ ဓားတစ်ချောင်းကဲ့သို့
ထက်ရှကာ အဖျက်စွမ်းအားကိုလည်း
သယ်ဆောင်ထားသည်။ ဒါတင်မကသေး
သူ့ဝိဉာဉ်က မှော်ဆရာအများစုထက်ပိုသန်မာရာ ဒီတိုက်ခိုက်မှုကြောင့် အခြေအနေက
တစ်ခဏချင်းမှာပင် ပြောင်းလဲသွားတော့၏။
လူတိုင်း အမူအရာပြောင်းသွားတယ်။
ကျန်းလျှို့ ခုံကနေချက်ချင်းထရပ်လိုက်ပြီး
အံ့ဩတကြီး ရေရွတ်လိုက်သည်၊
"အဆင့်တစ်ဆယ်မှော်ဆရာ?"
အထက်၌ သက်တန့်အဆင့်ရှိသေးသော်ငြား
ထိုအဆင့်က အဆင့်ကိုးမှော်ဆရာတစ်ယောက်ထက်
ဂုဏ်သတင်းပိုကျော်စောသည်ဖြစ်ပြီး
ထုံထျန်းတိုက်မကြီးတွင်
ရှားပါးသည့်အဆင့်တစ်ခုဖြစ်နေလေပြီ။
သူ့အဆင့်ကဂုဏ်ယူဖို့ရန် လုံလောက်နေပြီလို့
ကျန်းလျှို့အမြဲတမ်းတွေးထားခဲ့သည်၊
သို့ပေမယ့် သူ့ထက်သန်မာတဲ့မှော်ဆရာတစ်ယောက်
ဘယ်နေရာကမှန်းမသိပေါ် လာကာ
အဲ့ဒီ့မှော်ဆရာက မျက်နှာဖုံးစွပ်ထားတဲ့
မကောင်းဆိုးဝါးအိုကြီးတစ်ယောက်နဲ့လည်း
မတူနေ။
သက်လတ်ပိုင်းအရွယ်လူမှာလည်း
မျက်နှာပျက်သွားလေသည်၊ "အဆင့်တစ်ဆယ်
မှော်ဆရာတစ်ယောက်ဆိုရင် ပြဿနာရှုပ်လာပြီ"
ထိုလူသည်လည်း သူ့အဆင့်ကြောင့်
အံ့ဩသွားသော်ငြား သူ့မျက်လုံးများတွင်တော့
စိတ်လှုပ်ရှားမှုများပြည့်လာသည်။
ကစားပွဲဆိုတာအဆင့်တူမှသာ
ပျော်စရာကောင်းသည်လေ၊
သူ့သွေးတွေဆူပွက်လာတာကို ခံစားရတယ်။
သူ့ကိုယ်ထံမှ အားပြင်းတဲ့စိတ်ဝိဉာဉ်အား
ထွက်လာပြီး လက်ညွှန်ရာအတိုင်း
ဟိန်းဟောက်နေတဲ့ကျားသစ်နက်တစ်ကောင်
ပေါ်လာသည်။ ၎င်းက
ဒေါသတကြီးတိုက်ပွဲခေါ် သံနှင့်အတူ
လာနေတဲ့စိတ်ဝိဉာဉ်အားဆီ ချီတက်သွားပြီး
တစ်ခုထက်တစ်ခုမလျော့တဲ့အားနဲ့
ဆုတ်ဖြဲလိုက်ကြ၏။
ဒါကိုမြင်တော့ ယူရှောင်းမို လက်စည်းချိပ်အသစ်
တစ်ခု မြန်မြန်ဖော်လိုက်တယ်၊ သူ့လက်ဝါးထဲတွင်
ရွှေရောင်စည်းတံဆိပ်တစ်ခု ရုတ်ခြည်းပုံပေါ် လာကာ
သူ့ပတ်ပတ်လည်ရှိသဘာဝဝိဉာဉ်စွမ်းအားထဲ၌
လှုပ်ရှားလာသည်။
"ထန်ဟယ့် ဂရုစိုက်!" ဘေးကနေရပ်ကြည့်နေတဲ့
ကျန်းလျှို့က သတိပေးလိုက်သည်။
ထန်ဟယ့်က အထင်သေးသလိုပြုံးလိုက်သည်၊
ယူရှောင်းမိုအား စိတ်မပူနေသည်မှာထင်ရှား
နေ၏။ သူ့လက်ထဲကဓါးပါးလေးက
ထပ်ခါထပ်ခါလည်ပတ်လာပြီး
အင်အားပြင်းတဲ့အလင်းတန်းတစ်ခု
ထွက်ပေါ် လာကာ ရွှေရောင်စည်းတံဆိပ်ဆီ
ပျံသန်းသွားတော့တယ်။
ဓါးပါးလေးနဲ့ စည်းတံဆိပ်နဲ့ တိုက်မိတဲ့အခါ
တစီစီမြည်သံတွေထွက်လာပြီး
စက္ကန့်အနည်းငယ်မျှလက်ရည်တူနေပြီးနောက်
လည်ပတ်နေသည့် ရွှေရောင်စည်းတံဆိပ်က
ရုတ်တရက်ကွဲအက်သွားသည်။
ယူရှောင်းမို မျက်ခုံးပင့်သွားတယ်၊
ကြည့်ရတာ ရွှေရောင်စည်းက
မလုံလောက်ဘူးထင်တယ်။ ကမ္ဘာမြေစည်းကို
သူစမ်းသုံးကြည့်ချင်ပေမယ့်လည်း
သူသုံးလိုက်ရင် ဟိုတယ်ကြီးပြိုကျသွားနိုင်ပြီး
ရှင်းလော့မြို့စောင့်တွေလည်း ထွက်လာနိုင်သည်။
သူ့အစွမ်းက ရှင်းလောမြို့နတ်ဒေဝါအဆင့်
တိုက်ခိုက်သူတွေကို မယှဉ်နိုင်သေးဘူး၊
သို့ဖြစ်၍ လင်းရှောင်လို သူ့ဂုဏ်သတင်းကို
'ကျော်စော' အောင်လုပ်ရန် ပြဿနာမရှာနိုင်ပေ။
ဓါးပါးလေးက တစ်ပတ်လည်သွားကာ
ထန်ဟယ့်လက်ထဲပြန်ရောက်သွားသည်။
ယူရှောင်းမိုကို အထင်သေးတဲ့အကြည့်နဲ့
ပြောလိုက်တယ်၊
"မင်းလုပ်နိုင်တာ ဒါအကုန်ပဲပေါ့?
အဲ့လိုဆိုရင်လည်း ငါ့အလှည့်ပေါ့ကွာ"
ပြောရင်းဆိုရင်း သူ့ဓါးလေးကိုထပ်လှည့်လိုက်ပြီး
ပိုမြန်တဲ့အမြန်နှုန်းနဲ့ လေမုန်တိုင်းအသေးစားလေး
တစ်ခုဖြစ်ပေါ် လာသည်။
ယူရှောင်းမို သူ့ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး
အပေါက်ဝကို လှမ်းကြည့်လိုက်တယ်။
သူတုံ့ပြန်မှုမရှိတာကို တစ်ခြားလူတွေ
မအံ့ဩရသေးခင်မှာပဲ တံခါးဆီကနေ
နောက်ထပ်ရုတ်ရုတ်သဲသဲဖြစ်လာသည်။
အစောင့်တစ်အုပ် ရောက်လာကြ၏။
"ရှင်းလော့မြို့ထဲ ဘယ်သူသောင်းကျန်း
ရဲတာလဲကွ?" ရှေ့ဆုံးကခေါင်းဆောင်က
သွက်လက်ဖျတ်လက်စွာဝင်လာကာ
အော်လိုက်သည်။ လက်ထဲတွင်
လှံရှည်တစ်ချောင်းကိုင်ထားပြီး
ချပ်ဝတ်တစ်စုံဝတ်ဆင်ထားရာ
အလွန်တရာအန္တရာယ်ရှိပုံပေါက်နေ၏။
ဆိုင်တစ်ဆိုင်လုံး ခဏချင်းမှာပင်တိတ်ကျသွား
သည်။
မကြည်မသာနဲ့ မျက်ခုံးတွန့်လိုက်ရင်း
ထန်ဟယ့်က သူ့ဓါးပါးလေးကိုပြန်သိမ်းလိုက်
သည်။
သက်လတ်ပိုင်းအရွယ်လူကြီးက
အပြားလေးတစ်ပြား သာမာန်ကာလျှံကာ
ထုတ်ပြလိုက်တယ်၊ "ဒီမှာဘာမှမဖြစ်ဘူး၊
မင်းတို့သွားလို့ရပြီ"
ခေါင်းဆောင် တစ်ချက်ကြည့်လိုက်ရုံနဲ့
၎င်းကယင်ယန်တောင်ကြားမှဖြစ်တာကို
သိလိုက်ကာ ချက်ချင်းပဲယဉ်ယဉ်ကျေးကျေး
ပြန်ဖြေလိုက်လေ၏၊ "ဟုတ်ကဲ့!"
နောက်တစ်စက္ကန့်အကြာတွင်မူ
အစောင့်အားလုံး ခြေရာလက်ရာမကျန်
ပျောက်သွားတော့သည်။
သို့သော်ငြား လူတိုင်းအာရုံပြန်လှည့်လိုက်သည့်အခါ
ယူရှောင်းမိုက အသံတစ်သံမထွက်၊
ဘယ်သူမှသတိမပြုမိလိုက်ဘဲပျောက်သွားတာကို
တွေ့လိုက်ရ၏။
ထန်ဟယ့်- "ပြေးတာမြန်သား"
ထို့နောက် သူ့ခုံသူပြန်သွားထိုင်လိုက်သည်။
သက်လတ်ပိုင်းအရွယ်လူကြီးက
သူ့ကိုလှမ်းကြည့်လိုက်တယ်၊
"ဒါ သူ့တကယ့်အစွမ်းမဟုတ်လောက်ဘူး၊
အထင်မသေးရင်ကောင်းမယ်။
တစ်ချို့မှော်ဆရာတွေက တိုက်ခိုက်သူတွေထက်
တောင် ပိုစွမ်းကြတယ်"
ထန်ဟယ့်က သူ့စကားတွေကိုစိတ်ထဲမမှတ်ပေ။
မောက်မောက်မာမာမျက်နှာထားနှင့်
စက်ဆုပ်စွာရယ်လိုက်သည်၊
"ဒါဆိုလည်း သူဘာလို့ထွက်ပြေးသွားတာလဲ
ရှင်းပြလေ? သူသာငါ့ထက်ပိုသန်မာရင်
ဘာလို့ပြေးတာလဲ?"
သက်လတ်ပိုင်းအရွယ်လူကြီးက ပြန်ပြောဖို့
ပြင်လိုက်သည်။
ကျန်းလျှို့ပြန်ဖြေလိုက်တယ်၊
"ထန်ဟယ့်.... မင်းကယင်ယန်တောင်ကြား
ကလေ၊ ဒါပေမယ့်လို့ သူကတော့
အများဆုံးမှတစ်ကိုယ်တော်
မှော်ဆရာတစ်ယောက်လေ၊
ရှင်းလော့မြို့စောင့်တွေက သူ့ဘက်မှာ
ရပ်တည်ပေးမယ်လို့မင်းထင်တယ်ပေါ့?
ရယ်ရအောင်မလုပ်စမ်းပါနဲ့ကွာ၊ ငါ့အထင်
သူကတော်တော်လေးလက်တွေ့ဆန်တယ်"
သူ့စကားက ယူရှောင်းမိုဘက်မှာရှိနေပုံပေါ်
သော်ငြား တကယ့်အမှန်မှာတော့
သူတို့ကို လုံးဝကွဲပြားသည့်အဆင့်မှာထားပြီး
အထင်သေးနေခြင်းပင်။
ယူရှောင်းမို ဟိုတယ်ကနေထွက်သွားခြင်း
မဟုတ်ပေ၊ သူအပေါ် တက်သွားတာဖြစ်သည်၊
ကျန်းလျှို့ရဲ့စကားကို သူလည်းကြားလိုက်ရသည်၊
ရှောင်ဖယ်ခံရတဲ့ခံစားချက်တစ်မျိုးက
ရုတ်တရက်ကြီး ပေါ် လာတော့တယ်။
သို့ပေမယ့် သူ့စိတ်ပြဿနာက အခုထိမပြောင်းလဲ
သေးဘဲ ထုံထျန်းတိုက်မကြီးတွင်ပိုဆိုးလာ
သည်။ ယင်ယန်တောင်ကြားက
သူ့ကို လေ့ကျင့်ပေး၊ ရင်းနှီးမြှုပ်နှံပေးအောင်လို့
သူဘယ်လိုလုပ်ခဲ့လဲ ယူရှောင်းမိုသိချင်လာသည်။
တံခါးပိတ်လိုက်တာနဲ့ သတ္တုစားသားရဲလေးနဲ့
ရွှေတောင်ပံပိုးကောင်နှစ်ကောင်ကို
ယူရှောင်းမိုထုတ်ပေးလိုက်တယ်။
သူထင်ထားသလိုပဲ၊ ကျန်းလျှို့တို့အုပ်စုက
ဟိုတယ်တစ်ခုတည်းမှာပဲတည်းကြတယ်၊
သို့ပေမယ့် ကံဆိုးစွာနဲ့ သူတို့အခန်းက
သူနဲ့မျက်နှာချင်းဆိုင်တည့်တည့်ပင်
ဖြစ်နေသည်။
ညနေတွင် သူတို့သုံးယောက်စားသောက်
ပြီးတဲ့နောက် အခန်းပြန်လာကြတယ်။
ခုနစ်နာရီခွဲဝန်းကျင်မှာ သက်လတ်ပိုင်းအရွယ်
လူကြီးနဲ့ ထန်ဟယ့်က ကျန်းလျှို့အခန်းထဲ
တစ်ပြိုင်တည်းဝင်သွားကြလေတယ်။
ယူရှောင်းမို ချောင်းနားထောင်ဖို့အတွေးဝင်မိသည်၊
ဒါပေမယ့် ကန့်သတ်အရံအတားတစ်ခု
ခင်းထားတာ တွေ့လိုက်ရ၏။ သူကပ်သွားသည်နှင့်
ချက်ချင်းရှာတွေ့သွားကြပေမည်၊
သူဒုက္ခရောက်နေတုန်းမှာပဲ ရွှေတောင်ပံပိုးကောင်
တွေ အခန်းထဲကပျံထွက်လာကြသည်။
_________________
Zawgyi
အပိုင္း၄၈၈- စမ္းၾကၫ့္လိုက္ေလ
ယူေရွာင္းမို အေတြးနယ္ခ်ဲ႔ေနစဉ္မွာပဲ
သူေတြးေနတဲ့လူက ရုတ္တရက္
ေခါင္းလွၫ့္လာၿပီး ထူပိန္းနက္ေမွာင္တဲ့
မ်က္ဝန္းေတြက သူ႔ျမင္ကြင္းထဲတၫ့္တၫ့္ေရာက္လာ
သည္။ တစ္ခါတုန္းက ငယ္ရြယ္ၿပီးအျပစ္ကင္း
ခဲ့တဲ့မ်က္ႏွာမွာ ရင့္က်က္ၿပီးၫွာတာမႈကင္းမဲ့တဲ့
အသြင္မ်ား အစားထိုးလို႔ေနသည္။
သူ႔ကိုျမင္ေတာ့ က်န္းလ်ိႈ႔မ်က္လံုးထဲတြင္
စိတ္မၾကည္သာမႈမ်ား ျဖတ္ေျပးသြား၏။
"တစ္ခုခုမွားေနလို႔လား" က်န္းလ်ိႈ႔က
ေထာင့္ကလူငယ္ကို မ်က္ေတာင္မခတ္ၾကၫ့္
ေနတာျမင္ေတာ့ သူ႔ညာဘက္ေဘးက
သက္လတ္ပိုင္းအရြယ္ေယာက္်ားက ေမးလိုက္တယ္။
က်န္းလ်ိႈ႔ လက္ဖက္ရည္တစ္ငံုေသာက္လိုက္
ၿပီးေနာက္ မွားစရာမရိွေအာင္ဆိုးညစ္သၫ့္
အသံႏွင့္ျပန္ေျဖလိုက္သည္၊
"သူငါ့ကိုၾကၫ့္ေနတဲ့ပံုကိုမႀကိဳက္ဘူး"
"ဒါဆို... သူ႔မ်က္လံုးေတြကိုေဖာက္ထုတ္လိုက္
ရေအာင္ေလ" ဘယ္ဘက္ကလူက
ထူးထူးဆန္းဆန္းေၾကာင္ေတာင္ေတာင္
ရယ္သံျပဳလိုက္တယ္။
"ထားလိုက္ပါေတာ့" က်န္းလ်ိႈ႔ေျပာလိုက္တယ္၊
"ေသြးေစြးနီကလန္ရဲ့ဆန္ကာတင္ၿပိဳင္ပဲြက
ႏွစ္ရက္အတြင္း စေတာ့မွာ၊ မလိုအပ္တဲ့ျပႆနာေတြ
မျဖစ္ေစခ်င္ဘူး"
ထိုလူက ႏႈတ္ခမ္းေတြကိုသပ္လိုက္ၿပီး
စိတ္ပ်က္လက္ပ်က္ပံုနဲ႔ႃပံုးလိုက္သည္၊
"ဆိုးလိုက္တာကြာ"
သူတို႔အုပ္စုက အသံမေလ်ာ့ထားတာရယ္၊
ဆိုင္ထဲမွာလည္း လူေတြအမ်ားႀကီးရိွမေနတာရယ္
ေၾကာင့္ သူတို႔စကားကို ေထာင့္မွာထိုင္ေနတဲ့
ယူေရွာင္းမိုအပါအဝင္ လူတိုင္း
ရွင္းရွင္းလင္းလင္းၾကားလိုက္ၾကရသည္။
ထိုလူက သတ္ဖို႔ျဖတ္ဖို႔ေျပာေနတာကိုၾကားေတာ့
လူေတြက ယူေရွာင္းမိုကိုကရုဏာသက္စြာနဲ႔
ၾကၫ့္လိုက္ၾကသည္၊ ေမ်ွာ္လင့္မထားမိတဲ့
ကပ္ဆိုးဆိုတာ ဒါပဲ.....
ယူေရွာင္းမို ပါးစပ္တြန႔္မိသြားတာေၾကာင့္
သူ႔မ်က္ႏွာသူကာလိုက္တယ္။
အဲ့ေတာ့... က်န္းလ်ိႈ႔ရဲ့သေဘာထားႀကီးမႈႀကီးကို
သူက ေက်းဇူးတင္ျပသင့္တယ္ေပါ့ေလ?
ေျပာရရင္ ယင္ယန္ေတာင္ၾကားကလူတစ္ခ်ိဳ႕ကို
သူသိေပမယ့္လို႔ က်န္းလ်ိႈ႔နဲ႔ပါလာတဲ့
သူေတြတစ္ေယာက္ကိုမွ သူမသိဘူး။
သူတို႔အကုန္လံုးက အထိုက္အေလ်ာက္ေတာ့
သန္မာၾကၿပီး အထူးသျဖင့္ သူ႔ကိုသတ္မယ္ျဖတ္မယ္
ေျပာေနတဲ့တစ္ေယာက္ဆိုရင္
မသက္မသာျဖစ္ေစတဲ့အရိွန္အဝါတစ္မ်ိဳး
ထုတ္ေနသည္။
"ဒီလူက ေတာ္ေတာ္ေလးစိတ္ဝင္စားဖို႔
ေကာင္းတယ္" ထိုလူ႔ရဲ့ ေသြးဆာေနတဲ့
မ်က္လံုးေတြက စိတ္လႈပ္ရွားမႈေတြနဲ႔ေတာက္ပ
ေနသည္၊ "သူ႔ကို သတ္မယ္လို႔ေျပာေနတာကို
ရွင္းရွင္းႀကီးၾကားလိုက္ေပမယ့္
အဲ့ဒီမွာ ဣေျဒရရထိုင္ေနတုန္းပဲ"
သူ႔စကားမ်ားက က်န္းလ်ိႈ႔ႏွင့္ သက္လတ္ပိုင္း
အရြယ္လူရဲ့အာရံုကို ဖမ္းစားသြား၏။
သူ႔စကားမ်ားက မွန္ေနသည္ပင္၊
ပံုမွန္ဆိုရင္ တစ္စံုတစ္ေယာက္က
အဲ့လိုၾကားလိုက္ရရင္ သူတို႔ပထမဆံုး
လုပ္မယ့္အရာက သူတို႔သတ္ဖို႔တကယ္
ရည္ရြယ္သည္ျဖစ္ေစ မျဖစ္ေစ
ဒီေသာက္က်ိဳးနည္းေနရာႀကီးကေန
ထြက္သြားၾကမွာျဖစ္သည္။ သို႔ေပမယ့္လည္း
ယူေရွာင္းမိုကေတာ့ ထြက္မသြားခဲ့ရာ
သူတို႔အာရံုစိုက္မိသြားေတာ့သည္။
"သူ႔စြမ္းအားနဲ႔ပတ္သတ္ၿပီး တစ္ခုခုထူးဆန္း
ေနတယ္......" သက္လတ္ပိုင္းအရြယ္လူက
ေတြးေတြးဆဆေျပာလိုက္တယ္၊
သူ႔ခြန္အားနဲ႔ တစ္ဖက္လူရဲ့အဆင့္ကို
မျမင္ႏိုင္ရင္ ေရြးခ်ယ္စရာကႏွစ္ခုသာ
ရိွေလသည္။
ထိုလူက ေျခာက္ျခားဖြယ္အႃပံုးတစ္ခုႏွင့္
ထရပ္လိုက္သည္၊
"တစ္ခါေလာက္စမ္းၾကၫ့္လိုက္ရင္ သိရမေပါ့"
က်န္းလ်ိႈ႔ေျပာလိုက္တယ္၊ "လက္မလြန္ေစနဲ႔"
"ဟီး..ဟီး..... မပူပါနဲ႔။ ဂရုစိုက္ပါ့မယ္"
ေျပာၿပီးတဲ့ေနာက္ သူက ယူေရွာင္းမိုဆီ
ေလ်ွာက္သြားေလတယ္။ သူ႔လႈပ္ရွားမႈေတြက
ထင္ရွားလြန္းေနသည္ျဖစ္ရာ ဆိုင္ထိုင္ေနတဲ့
တစ္ျခားသူေတြ မ်က္ႏွာလႊဲခ်င္ရင္ေတာင္
လႊဲမရျဖစ္ေန၏။
သူတို႔မသိတာကေတာ့ ယူေရွာင္းမိုက
အေတြးထဲနစ္ေနတာပင္။ သူက သူတို႔ထက္
ဆိုးဝါးတယ္လို႔လဲမထင္တာေၾကာင့္
သူထြက္ေျပးဖို႔မလိုဘူးေလ။
ယူေရွာင္းမိုအံ့ဩရတာကေတာ့
ထိုလူက ထပ္ေရာက္လာျပန္တာျဖစ္သည္။
ဆံုးျဖတ္ထားတာျပန္ရုတ္ၿပီး
သူ႔ကိုသတ္ခ်င္ေနျပန္တာမ်ားလား?
ထိုလူက ယူေရွာင္းမိုေရ႔ွမွာ ၿမဲျမဲၿမံျမံရပ္လိုက္ကာ
မေကာင္းတဲ့အႃပံုးနဲ႔ေျပာလိုက္သည္၊
"ငါ့နာမည္ ထန္-လန္တဲ့.. မွတ္ထား...
ဘာလို႔လဲဆိုေတာ့ အဲ့တာက
မင္းတစ္ဘဝလံုးလိုက္ေျခာက္ေနမွာမလို႔ပဲ"
ရိွခိုးေကာင္?
(t/n- သူ႔မ်ိဳးရိုးက'ထန္'ျဖစ္ၿပီး 'လန္' ဆိုတာကို
နာမည္မေပးဘဲကိုယ့္ကိုယ္ကိုေခၚ ၾကတဲ့
ေရွးေခတ္စတိုင္နဲ႔ေျပာလိုက္ပါတယ္။
ဒါေပမယ့္ ရိွခိုးေကာင္ကိုလည္း 'ထန္လန္' လို႔
အသံထြက္ပါတယ္၊ အဲ့တာေၾကာင့္
ေမာ္ဒန္ကမ႓ာကလာတဲ့ ေမာ့ေမာ့က
ရႈပ္သြားတာပါ)
ယူေရွာင္းမိုတစ္ေယာက္တည္းေတြးလိုက္တယ္၊
....သူေမ့မွာမဟုတ္ေတာ့ဘူး......
လူငယ္က ရုတ္တရက္ႀကီးတိုက္ခိုက္လိုက္ၿပီး
ေျခာက္ျခားဖြယ္အနက္ေရာင္အလင္းတစ္ခုက
ယူေရွာင္းမိုမ်က္ႏွာကို ခ်ိန္ရြယ္ထားသည္။
ပံုမွန္အားျဖင့္ ထိုတိုက္ကြက္မွာ
ေရွာင္တိမ္းရန္ခက္သၫ့္အနီးကပ္တိုက္ကြက္
ျဖစ္ေသာ္လည္း ယူေရွာင္းမို ႀကိဳျပင္ထားသည္။
ေျခာက္ျခားဖြယ္အနက္ေရာင္အလင္းက
ဓားပ်ံတစ္ေခ်ာင္းဆီကျဖစ္သည္၊
ယူေရွာင္းမို ေရွာင္လိုက္တဲ့အခါ
ဓားပ်ံက ဟိုတယ္ရဲ့နံရံမွာစိုက္သြားေလတယ္။
ႀကီးႀကီးမားမားပြက္ေလာရိုက္မသြားေပမယ့္
နံရံကေတာ့ ျပတ္ရွသြားသည္။
ေထာင့္ဆီျပန္ဆုတ္လိုက္ရင္း ယူေရွာင္းမို
မ်က္ေမွာင္ႄကံု႔ၾကၫ့္လိုက္တယ္။
ၾကၫ့္ရတာ သူက ရန္ႃငွိုးရန္စမရိွတဲ့သူကို
တိုက္ခိုက္တတ္တဲ့ ေအာ္ဂလီဆန္စရာစရိုက္နဲ႔
တိုက္ပဲြကိုေသြးဆာရူးသြပ္တဲ့သူ
ျဖစ္ပံုရသည္။ ဒီေန့ဒီေနရာမွာရပ္ေနတဲ့သူက
သူမဟုတ္ဘဲ တစ္ျခားသူသာဆိုရင္
ေသေနေလာက္ၿပီျဖစ္၏။
"မင္းမွာ ေတာ္ေတာ္ေလးျမန္ျမန္တံု႔ျပန္ႏိုင္စြမ္း
ရိွပံုပဲ~" ထိုလူက လက္ၿမွောက္လိုက္ရာ
ဝတ္ရံုလက္ႏွင့္ကြယ္ထားသၫ့္
သူ႔လက္ေခ်ာင္းမ်ားၾကားတြင္ ပါးလ်တဲ့
ဓားေလးတစ္ေခ်ာင္းေပၚ လာသည္။
ဓားပါးေလးက ေအးစက္စက္အလင္းမ်ား
ေတာက္ေနၿပီး သူ႔လက္နက္ျဖစ္ပံုရ၏။
ယူေရွာင္းမို စကားမေျပာေတာ့ေခ်၊ အဲ့ဒီ့အစား
သူ႔မ်က္ခံုးၾကားကေန ၾကမ္းတမ္းလွသၫ့္
စိတ္ဝိဉာဉ္အားတစ္ခု ထြက္လာကာ
မုန္တိုင္းတစ္ခုလိုဆုတ္ၿဖဲေနသည္။
မေရမတြက္ႏိုင္ေလာက္ေအာင္
ေလ့က်င့္ၿပီးတဲ့ေနာက္
ယူေရွာင္းမိုရဲ့စိတ္ဝိဉာဉ္အားက
လက္စည္းတံဆိပ္ေတြမလိုဘဲ ဓားတစ္ေခ်ာင္းကဲ့သို႔
ထက္ရွကာ အဖ်က္စြမ္းအားကိုလည္း
သယ္ေဆာင္ထားသည္။ ဒါတင္မကေသး
သူ႔ဝိဉာဉ္က ေမွာ္ဆရာအမ်ားစုထက္ပိုသန္မာရာ ဒီတိုက္ခိုက္မႈေၾကာင့္ အေျခအေနက
တစ္ခဏခ်င္းမွာပင္ ေျပာင္းလဲသြားေတာ့၏။
လူတိုင္း အမူအရာေျပာင္းသြားတယ္။
က်န္းလ်ိႈ႔ ခံုကေနခ်က္ခ်င္းထရပ္လိုက္ၿပီး
အံ့ဩတႀကီး ေရရြတ္လိုက္သည္၊
"အဆင့္တစ္ဆယ္ေမွာ္ဆရာ?"
အထက္၌ သက္တန႔္အဆင့္ရိွေသးေသာ္ျငား
ထိုအဆင့္က အဆင့္ကိုးေမွာ္ဆရာတစ္ေယာက္ထက္
ဂုဏ္သတင္းပိုေက်ာ္ေစာသည္ျဖစ္ၿပီး
ထံုထ်န္းတိုက္မႀကီးတြင္
ရွားပါးသၫ့္အဆင့္တစ္ခုျဖစ္ေနေလၿပီ။
သူ႔အဆင့္ကဂုဏ္ယူဖို႔ရန္ လံုေလာက္ေနၿပီလို႔
က်န္းလ်ိႈ႔အၿမဲတမ္းေတြးထားခဲ့သည္၊
သို႔ေပမယ့္ သူ႔ထက္သန္မာတဲ့ေမွာ္ဆရာတစ္ေယာက္
ဘယ္ေနရာကမွန္းမသိေပၚ လာကာ
အဲ့ဒီ့ေမွာ္ဆရာက မ်က္ႏွာဖံုးစြပ္ထားတဲ့
မေကာင္းဆိုးဝါးအိုႀကီးတစ္ေယာက္နဲ႔လည္း
မတူေန။
သက္လတ္ပိုင္းအရြယ္လူမွာလည္း
မ်က္ႏွာပ်က္သြားေလသည္၊ "အဆင့္တစ္ဆယ္
ေမွာ္ဆရာတစ္ေယာက္ဆိုရင္ ျပႆနာရႈပ္လာၿပီ"
ထိုလူသည္လည္း သူ႔အဆင့္ေၾကာင့္
အံ့ဩသြားေသာ္ျငား သူ႔မ်က္လံုးမ်ားတြင္ေတာ့
စိတ္လႈပ္ရွားမႈမ်ားျပၫ့္လာသည္။
ကစားပဲြဆိုတာအဆင့္တူမွသာ
ေပ်ာ္စရာေကာင္းသည္ေလ၊
သူ႔ေသြးေတြဆူပြက္လာတာကို ခံစားရတယ္။
သူ႔ကိုယ္ထံမွ အားျပင္းတဲ့စိတ္ဝိဉာဉ္အား
ထြက္လာၿပီး လက္ၫႊန္ရာအတိုင္း
ဟိန္းေဟာက္ေနတဲ့က်ားသစ္နက္တစ္ေကာင္
ေပၚလာသည္။ ၄က
ေဒါသတႀကီးတိုက္ပဲြေခၚ သံႏွင့္အတူ
လာေနတဲ့စိတ္ဝိဉာဉ္အားဆီ ခ်ီတက္သြားၿပီး
တစ္ခုထက္တစ္ခုမေလ်ာ့တဲ့အားနဲ႔
ဆုတ္ၿဖဲလိုက္ၾက၏။
ဒါကိုျမင္ေတာ့ ယူေရွာင္းမို လက္စည္းခ်ိပ္အသစ္
တစ္ခု ျမန္ျမန္ေဖာ္လိုက္တယ္၊ သူ႔လက္ဝါးထဲတြင္
ေရႊေရာင္စည္းတံဆိပ္တစ္ခု ရုတ္ျခည္းပံုေပၚ လာကာ
သူ႔ပတ္ပတ္လည္ရိွသဘာဝဝိဉာဉ္စြမ္းအားထဲ၌
လႈပ္ရွားလာသည္။
"ထန္ဟယ့္ ဂရုစိုက္!" ေဘးကေနရပ္ၾကၫ့္ေနတဲ့
က်န္းလ်ိႈ႔က သတိေပးလိုက္သည္။
ထန္ဟယ့္က အထင္ေသးသလိုႃပံုးလိုက္သည္၊
ယူေရွာင္းမိုအား စိတ္မပူေနသည္မွာထင္ရွား
ေန၏။ သူ႔လက္ထဲကဓါးပါးေလးက
ထပ္ခါထပ္ခါလည္ပတ္လာၿပီး
အင္အားျပင္းတဲ့အလင္းတန္းတစ္ခု
ထြက္ေပၚ လာကာ ေရႊေရာင္စည္းတံဆိပ္ဆီ
ပ်ံသန္းသြားေတာ့တယ္။
ဓါးပါးေလးနဲ႔ စည္းတံဆိပ္နဲ႔ တိုက္မိတဲ့အခါ
တစီစီျမည္သံေတြထြက္လာၿပီး
စကၠန႔္အနည္းငယ္မ်ွလက္ရည္တူေနၿပီးေနာက္
လည္ပတ္ေနသၫ့္ ေရႊေရာင္စည္းတံဆိပ္က
ရုတ္တရက္ကဲြအက္သြားသည္။
ယူေရွာင္းမို မ်က္ခံုးပင့္သြားတယ္၊
ၾကၫ့္ရတာ ေရႊေရာင္စည္းက
မလံုေလာက္ဘူးထင္တယ္။ ကမ႓ာေျမစည္းကို
သူစမ္းသံုးၾကၫ့္ခ်င္ေပမယ့္လည္း
သူသံုးလိုက္ရင္ ဟိုတယ္ႀကီးၿပိဳက်သြားႏိုင္ၿပီး
ရွင္းေလာ့ၿမိဳ႔ေစာင့္ေတြလည္း ထြက္လာႏိုင္သည္။
သူ႔အစြမ္းက ရွင္းေလာၿမိဳ႔နတ္ေဒဝါအဆင့္
တိုက္ခိုက္သူေတြကို မယွဉ္ႏိုင္ေသးဘူး၊
သို႔ျဖစ္၍ လင္းေရွာင္လို သူ႔ဂုဏ္သတင္းကို
'ေက်ာ္ေစာ' ေအာင္လုပ္ရန္ ျပႆနာမရွာႏိုင္ေပ။
ဓါးပါးေလးက တစ္ပတ္လည္သြားကာ
ထန္ဟယ့္လက္ထဲျပန္ေရာက္သြားသည္။
ယူေရွာင္းမိုကို အထင္ေသးတဲ့အၾကၫ့္နဲ႔
ေျပာလိုက္တယ္၊
"မင္းလုပ္ႏိုင္တာ ဒါအကုန္ပဲေပါ့?
အဲ့လိုဆိုရင္လည္း ငါ့အလွၫ့္ေပါ့ကြာ"
ေျပာရင္းဆိုရင္း သူ႔ဓါးေလးကိုထပ္လွၫ့္လိုက္ၿပီး
ပိုျမန္တဲ့အျမန္ႏႈန္းနဲ႔ ေလမုန္တိုင္းအေသးစားေလး
တစ္ခုျဖစ္ေပၚ လာသည္။
ယူေရွာင္းမို သူ႔ကိုတစ္ခ်က္လွမ္းၾကၫ့္လိုက္ၿပီး
အေပါက္ဝကို လွမ္းၾကၫ့္လိုက္တယ္။
သူတံု႔ျပန္မႈမရိွတာကို တစ္ျခားလူေတြ
မအံ့ဩရေသးခင္မွာပဲ တံခါးဆီကေန
ေနာက္ထပ္ရုတ္ရုတ္သဲသဲျဖစ္လာသည္။
အေစာင့္တစ္အုပ္ ေရာက္လာၾက၏။
"ရွင္းေလာ့ၿမိဳ႔ထဲ ဘယ္သူေသာင္းက်န္း
ရဲတာလဲကြ?" ေရ႔ွဆံုးကေခါင္းေဆာင္က
သြက္လက္ဖ်တ္လက္စြာဝင္လာကာ
ေအာ္လိုက္သည္။ လက္ထဲတြင္
လွံရွည္တစ္ေခ်ာင္းကိုင္ထားၿပီး
ခ်ပ္ဝတ္တစ္စံုဝတ္ဆင္ထားရာ
အလြန္တရာအႏၲရာယ္ရိွပံုေပါက္ေန၏။
ဆိုင္တစ္ဆိုင္လံုး ခဏခ်င္းမွာပင္တိတ္က်သြား
သည္။
မၾကည္မသာနဲ႔ မ်က္ခံုးတြန႔္လိုက္ရင္း
ထန္ဟယ့္က သူ႔ဓါးပါးေလးကိုျပန္သိမ္းလိုက္
သည္။
သက္လတ္ပိုင္းအရြယ္လူႀကီးက
အျပားေလးတစ္ျပား သာမာန္ကာလ်ွံကာ
ထုတ္ျပလိုက္တယ္၊ "ဒီမွာဘာမွမျဖစ္ဘူး၊
မင္းတို႔သြားလို႔ရၿပီ"
ေခါင္းေဆာင္ တစ္ခ်က္ၾကၫ့္လိုက္ရံုနဲ႔
၄ကယင္ယန္ေတာင္ၾကားမျွဖစ္တာကို
သိလိုက္ကာ ခ်က္ခ်င္းပဲယဉ္ယဉ္ေက်းေက်း
ျပန္ေျဖလိုက္ေလ၏၊ "ဟုတ္ကဲ့!"
ေနာက္တစ္စကၠန႔္အၾကာတြင္မူ
အေစာင့္အားလံုး ေျခရာလက္ရာမက်န္
ေပ်ာက္သြားေတာ့သည္။
သို႔ေသာ္ျငား လူတိုင္းအာရံုျပန္လွၫ့္လိုက္သၫ့္အခါ
ယူေရွာင္းမိုက အသံတစ္သံမထြက္၊
ဘယ္သူမွသတိမျပဳမိလိုက္ဘဲေပ်ာက္သြားတာကို
ေတြ့လိုက္ရ၏။
ထန္ဟယ့္- "ေျပးတာျမန္သား"
ထို႔ေနာက္ သူ႔ခံုသူျပန္သြားထိုင္လိုက္သည္။
သက္လတ္ပိုင္းအရြယ္လူႀကီးက
သူ႔ကိုလွမ္းၾကၫ့္လိုက္တယ္၊
"ဒါ သူ႔တကယ့္အစြမ္းမဟုတ္ေလာက္ဘူး၊
အထင္မေသးရင္ေကာင္းမယ္။
တစ္ခ်ိဳ႕ေမွာ္ဆရာေတြက တိုက္ခိုက္သူေတြထက္
ေတာင္ ပိုစြမ္းၾကတယ္"
ထန္ဟယ့္က သူ႔စကားေတြကိုစိတ္ထဲမမွတ္ေပ။
ေမာက္ေမာက္မာမာမ်က္ႏွာထားႏွင့္
စက္ဆုပ္စြာရယ္လိုက္သည္၊
"ဒါဆိုလည္း သူဘာလို႔ထြက္ေျပးသြားတာလဲ
ရွင္းျပေလ? သူသာငါ့ထက္ပိုသန္မာရင္
ဘာလို႔ေျပးတာလဲ?"
သက္လတ္ပိုင္းအရြယ္လူႀကီးက ျပန္ေျပာဖို႔
ျပင္လိုက္သည္။
က်န္းလ်ိႈ႔ျပန္ေျဖလိုက္တယ္၊
"ထန္ဟယ့္.... မင္းကယင္ယန္ေတာင္ၾကား
ကေလ၊ ဒါေပမယ့္လို႔ သူကေတာ့
အမ်ားဆံုးမွတစ္ကိုယ္ေတာ္
ေမွာ္ဆရာတစ္ေယာက္ေလ၊
ရွင္းေလာ့ၿမိဳ႔ေစာင့္ေတြက သူ႔ဘက္မွာ
ရပ္တည္ေပးမယ္လို႔မင္းထင္တယ္ေပါ့?
ရယ္ရေအာင္မလုပ္စမ္းပါနဲ႔ကြာ၊ ငါ့အထင္
သူကေတာ္ေတာ္ေလးလက္ေတြ့ဆန္တယ္"
သူ႔စကားက ယူေရွာင္းမိုဘက္မွာရိွေနပံုေပၚ
ေသာ္ျငား တကယ့္အမွန္မွာေတာ့
သူတို႔ကို လံုးဝကဲြျပားသၫ့္အဆင့္မွာထားၿပီး
အထင္ေသးေနျခင္းပင္။
ယူေရွာင္းမို ဟိုတယ္ကေနထြက္သြားျခင္း
မဟုတ္ေပ၊ သူအေပၚ တက္သြားတာျဖစ္သည္၊
က်န္းလ်ိႈ႔ရဲ့စကားကို သူလည္းၾကားလိုက္ရသည္၊
ေရွာင္ဖယ္ခံရတဲ့ခံစားခ်က္တစ္မ်ိဳးက
ရုတ္တရက္ႀကီး ေပၚ လာေတာ့တယ္။
သို႔ေပမယ့္ သူ႔စိတ္ျပႆနာက အခုထိမေျပာင္းလဲ
ေသးဘဲ ထံုထ်န္းတိုက္မႀကီးတြင္ပိုဆိုးလာ
သည္။ ယင္ယန္ေတာင္ၾကားက
သူ႔ကို ေလ့က်င့္ေပး၊ ရင္းႏွီးၿမွဳပ္ႏွံေပးေအာင္လို႔
သူဘယ္လိုလုပ္ခဲ့လဲ ယူေရွာင္းမိုသိခ်င္လာသည္။
တံခါးပိတ္လိုက္တာနဲ႔ သတၲုစားသားရဲေလးနဲ႔
ေရႊေတာင္ပံပိုးေကာင္ႏွစ္ေကာင္ကို
ယူေရွာင္းမိုထုတ္ေပးလိုက္တယ္။
သူထင္ထားသလိုပဲ၊ က်န္းလ်ိႈ႔တို႔အုပ္စုက
ဟိုတယ္တစ္ခုတည္းမွာပဲတည္းၾကတယ္၊
သို႔ေပမယ့္ ကံဆိုးစြာနဲ႔ သူတို႔အခန္းက
သူနဲ႔မ်က္ႏွာခ်င္းဆိုင္တၫ့္တၫ့္ပင္
ျဖစ္ေနသည္။
ညေနတြင္ သူတို႔သံုးေယာက္စားေသာက္
ၿပီးတဲ့ေနာက္ အခန္းျပန္လာၾကတယ္။
ခုနစ္နာရီခဲြဝန္းက်င္မွာ သက္လတ္ပိုင္းအရြယ္
လူႀကီးနဲ႔ ထန္ဟယ့္က က်န္းလ်ိႈ႔အခန္းထဲ
တစ္ၿပိဳင္တည္းဝင္သြားၾကေလတယ္။
ယူေရွာင္းမို ေခ်ာင္းနားေထာင္ဖို႔အေတြးဝင္မိသည္၊
ဒါေပမယ့္ ကန႔္သတ္အရံအတားတစ္ခု
ခင္းထားတာ ေတြ့လိုက္ရ၏။ သူကပ္သြားသည္ႏွင့္
ခ်က္ခ်င္းရွာေတြ့သြားၾကေပမည္၊
သူဒုကၡေရာက္ေနတုန္းမွာပဲ ေရႊေတာင္ပံပိုးေကာင္
ေတြ အခန္းထဲကပ်ံထြက္လာၾကသည္။
_________________