Unicode
အပိုင်း၄၈၇- မဖြစ်နိုင်သည့်တည်ရှိမှု
ရှင်းလော့မြို့သို့ ယူရှောင်းမိုဒုတိယအခေါက်
ရောက်လာခြင်းဖြစ်သည်၊ အစောင့်အကြပ်က
ပထမအခေါက်ထက် ပိုထူထပ်နေ၏။
အကြောင်းအရင်းကတော့ ယွီရှန်းမြို့မှာ
လင်းရှောင်ပတ်မွှေထားခြင်းကြောင့်ပင်။
အထဲမဝင်နိုင်သေးခင် ယူရှောင်းမိုမှာ
အကြာကြီးစစ်မေးခံလိုက်ရသည်။
ရှင်းယွင်ရိပ်သာလမ်းက ရှင်းလော့မြို့ရှိ
အစည်ကားဆုံးလမ်းသွယ်နှစ်ခုတွင်
တစ်ခုအပါအဝင်ဖြစ်လေသည်။
ဟိုတယ်များ၊ စားသောက်ဆိုင်များ၊
ကုန်စုံဆိုင်များ၊ အစာသွတ်မုန့်ဆိုင်များ
စသည်ဖြင့် လမ်းဘေးတစ်ဖက်တစ်ချက်စီတွင်
ဖွင့်ထားကြသည်။ ဈေးရောင်းသူများအားလုံးက
သာမာန်လူများဖြစ်ကြသော်ငြား
ရှင်းလော့မြို့မှာမူ ထင်ထားသည်ထက်ပို
ရောင်းဝယ်ရေးကောင်းလေသည်။
ဆူညံနေသည့်လူအုပ်ကြီးကြား
တိုးဝင်သွားလိုက်ရင်း ဈေးဆိုင်များကို
ကြည့်ရုံနှင့်တင် ယူရှောင်းမို ခေါင်းမူးလာသည်။
အဆုံးမှာတော့ တော်တော်လေးမျက်စိထဲထင်းတဲ့
ဟိုတယ်တစ်ခုဆီ သွားလိုက်တော့တယ်။
သူ့စရိုက်နဲ့ဆိုရင် နေလို့ထိုင်လို့ရသရွေ့
ဘယ်နေရာဖြစ်ဖြစ်အဆင်ပြေတယ်။
သို့ပေမယ့် လင်းရှောင်ကတော့မတူပေ။
ထိုအကောင်က စံနှုန်းမြင့်ပြီး
သူ့စံနှုန်းတွေနဲ့မကိုက်တဲ့ ဘယ်အရာမဆို
ဒေဝါလီခံသွားရနိုင်လောက်တဲ့အထိ အထင်သေး
စက်ဆုပ်ခံရလေသည်။
ဟိုတယ်ထဲဝင်သွားတဲ့ ယူရှောင်းမိုမှာ
လင်းရှောင်ဆီမှာ စွမ်းအင်ကျောက်တုံး
လုံလုံလောက်လောက်ရှိရဲ့လားဆိုတာ
အရမ်းအရေးကြီးတဲ့ပြဿနာဖြစ်နေတာကို
မေ့သွားလေ၏။
အခန်းတစ်ခန်းရပြီးနောက် ယူရှောင်းမို
အခန်းပိတ်နေလိုက်တော့သည်။
အခုတော့ လင်းရှောင် ရှင်းလော့မြို့ဆီ
လာဖို့စောင့်နေရုံပင်။ မဟုတ်ရင် သူ
ယွီရှန်းမြို့ကိုရောက်တဲ့အချိန် လင်းရှောင်က
ထွက်သွားရင်သွားလောက်ပြီ။ ထို့ပြင်
ရွှေတောင်ပံပိုးကောင်တွေက ရေငွေ့မှော်ဆေးပင်
တွေပဲစားသည်မို့ သူတို့အတွက်အစာ
အထောက်အပံ့က ဖြေရှင်းရလွယ်ကူသည်။
သို့သော်ငြား သတ္တုစားသားရဲလေးကမူ
အစာကြေးများသည်ဖြစ်ရာ နည်းနည်းလေး
ခက်သည်။
သတ္တုစားသားရဲလေးက သူတို့တွေ
ရှေးဟောင်းရေတွင်းမှာတွေ့လာတဲ့
ရွှေရောင်အရည်ကိုအကြိုက်ဆုံးဖြစ်၏။
သို့ပေမယ့်လည်း အရည်က အကန့်အသတ်နဲ့ပဲ
ရှိတာကြောင့် ထိုကောင်အတွက်
ယူရှောင်းမို စည်းကမ်းထုတ်ထားရသည်။ သတ္တုစားသားရဲလေးက တစ်လကို
ရွှေရောင်အရည်တစ်နပ်သာစားခွင့်ရှိသည်။
ကျန်တဲ့အချိန်မှာ မြေအောက်နန်းတော်ကနေ
သူတူးထားတဲ့သတ္တုတွေ စားရသည်။
သတ္တုစားသားရဲလေးက ကန့်ကွက်လာလျှင်
အစာငတ်လေသည်။
သူတို့ကို ကျွေးပြီးတဲ့နောက် ယူရှောင်းမို
ခုတင်ပေါ် ထိုင်ချလိုက်တယ်။
အသံကူးပြောင်းကျောက်တုံးထုတ်ပြီး
စမ်းကြည့်ပေမယ့် ၎င်းမှာအလုပ်မလုပ်သေးချေ၊
သူပြန်သိမ်းလိုက်တော့တယ်။
"ငါအခုကျင့်ကြံတော့မယ်။ မင်းတို့နှစ်ကောင်
လိမ်လိမ်မာမာနေရင်ကောင်းမယ်။
အပြင်ထွက်ပြီး ပြဿနာရှာရဲရှာကြည့်
လင်းရှောင်နဲ့ပြန်တွေ့တဲ့အခါကျ မင်းတို့ကောင်တွေကို
သူနဲ့ပစ်ထားမယ်" ယူရှောင်းမို
စားသောက်နေတဲ့သားရဲလေးသုံးကောင်ကို
ပြောလိုက်တယ်။ အခုတော့ လင်းရှောင်က
ထိုအကောင်များကိုခြိမ်းခြောက်ရန်
သူရဲ့စေလိုရာစေနည်းလမ်းဖြစ်လာလေသည်။
ဘယ်လိုပဲနေနေ အကျိုးရှိတာပဲ!
သူတို့တွေ ကျေကျေနပ်နပ်ခေါင်းညိတ်လိုက်တာ
ကို ကြည့်ရင်း ယူရှောင်းမိုတော်တော်လေး
စိတ်သက်သာရာရသွားတယ်။
အရင်ရက်တွေတုန်းက ဂူထဲမှော်ဆေးပင်
တူးနေတုန်း ဉာဏ်အလင်းပွင့်သွားတယ်။
အခုနောက်ပိုင်း သိပ်မကျင့်ကြံဖြစ်တာကြောင့်
သူ့အဆင့်က အဆင့်တစ်ဆယ်အနိမ့်ဆင့်မှာ
တစ်နေတယ်။ သူက ပုံမှန်မှော်ဆရာတွေထက်
ပိုမြန်နေနှင့်ပြီးသားဆိုပေမယ့်လည်း
သူ့အကြိုက်နဲ့ဆိုရင် အရမ်းနှေးလွန်းနေသေးတယ်။
လင်းရှောင်အတွက် သက်တန့်ဆေးလုံးတွေ
သန့်စင်ပေးချင်တယ်၊ နောက်ပြီး
သူ့ဒုတိယဆရာတူအကိုအတွက်
ခြောက်ရောင်ခြယ်သက်တန့်ဆေးလုံး
သန့်စင်ပေးမယ်လို့ ဖူချန်ချုံးနဲ့
သဘောတူထားပြီးပြီ။ သူ့မှာ လုပ်စရာတွေ
အများကြီးရှိနေတာပဲ။
မှော်ဆေးလုံးနီနီလေးတစ်လုံးပါတဲ့
ကျောက်စိမ်းပုလင်းလေးတစ်လုံး
ယူရှောင်းမိုထုတ်လိုက်တယ်။
ဆေးလုံးက အဆင့်တစ်ဆယ် တောက်လောင်နေမင်း
ဆေးလုံးဖြစ်သည်။ ၎င်းက ဧကရာဇ်အဆင့်
တိုက်ခိုက်သူတွေအတွက်ဖော်စပ်ထားသည့်
ဆေးဖြစ်၏။ ထိုဆေးလုံးကို ချေဖျက်လိုက်လျှင်
ကြယ်တစ်ပွင့်မှနှစ်ပွင့်ထိ တိုးစေနိုင်သည်၊
မှော်ဆရာများပေါ် တွင်လည်း သက်ရောက်မှု
တစ်မျိုးရှိလေသည်။
သို့ပေမယ့် သူ့စွမ်းအားမြှင့်တင်ဖို့
ဆေးလုံးများ ယူရှောင်းမိုသုံးခဲသည်။
သူမသုံးချင်လို့တော့ မဟုတ်ပေမယ့်
အမြန်ကြီးမြင့်လာတာက မကောင်းဘူးလို့
လင်းရှောင်ပြောထား၍ပင်။
တောက်လောင်နေမင်းဆေးလုံး စားလိုက်ပြီးနောက်
သူ့ဗိုက်ထဲမှာ နွေးထွေးလာသည်။ ယူရှောင်းမို
တင်ပလ္လင်ခွေထိုင်ချလိုက်ကာ
လက်စည်းချိပ်များပြုလုပ်ပြီး ဆေးလုံး၏
အာနိသင်ကို စတင်စုပ်ယူလိုက်တော့သည်။
သတ္တုစားသားရဲလေးနဲ့ ရွှေတောင်ပံပိုးကောင်
တွေက စားသောက်ပြီးနောက်လေချဉ်တက်လိုက်
ကြ၏။ ခေါင်းလှည့်လိုက်တော့ သူတို့သခင်က
ကျင့်ကြံနေပြီဆိုတာ တွေ့လိုက်ရသည်။
သူတို့မှာ အခုလေးတင်ခြိမ်းခြောက်ခံ
ထားရသည်မို့ အပြင်မထွက်ရဲတော့ဘဲ
အခန်းထဲမှာပဲပတ်ဆော့နေလိုက်ကြသည်။
ဒီလိုနဲ့ နှစ်ရက်တာကုန်သွားတယ်။
သားရဲသုံးကောင်လည်း အဆော့ရပ်သွားပြီး
သူတို့သခင်ဘေးမှာလှဲနေကြတယ်။
အခန်းတစ်ခန်းတည်းမှာ ပတ်ဆော့နေရတာ
ပျင်းနေကြလေပြီ၊ လုံးဝန်းဝန်းမျက်လုံးသုံးစုံက
သူတို့သခင်ကို အဓိပ္ပါယ်ရှိရှိစိုက်ကြည့်နေကြသည်။
ဗိုက်ဆာလိုက်တာ.... သခင်ရေ ဘယ်တော့မှ
ထမှာလဲဟင်?
ယူရှောင်းမို မျက်လုံးဖွင့်လိုက်တော့
သူတို့ဘာပြောချင်နေတယ်ဆိုတာ
ချက်ချင်းနားလည်သွားသည်။ သူ့ရဲ့
ပထမဆုံးသောအတွေးကတော့
သူတို့ကိုအလိုလိုက်မိသွားတယ်ဟူ၍ပင်။
ဆယ်စုနှစ်တွေ၊ ရာစုနှစ်တွေ ၊ နှစ်သန်းပေါင်းများစွာ
တောင်မှ မစားမသောက်ပဲနေနိုင်တဲ့ဟာကို
အခုကျ နှစ်ရက်ပဲရှိသေးတယ်၊
အစာတောင်းနေကြပြီ။
သူတို့အတွက် စည်းကမ်းထပ်ထုတ်ပေးရမယ်လို့
ယူရှောင်းမိုခံစားလိုက်ရ၏။
သူတို့ကိုအရေးမလုပ်ဘဲ ကျင့်ကြံဆင့်ကို
စစ်ကြည့်လိုက်တယ်။
သူ အလယ်ဆင့်မှာရောက်နေပြီဖြစ်ပြီး
အဆင့်မြင့်ကိုရောက်ဖို့ အရိပ်အယောင်တွေရှိနေတာ
တွေ့လိုက်ရတယ်။ သူ မှော်ဆေးလုံး
သုံးစွဲလေ့မရှိတာကြောင့် ဖြစ်နိုင်သည်၊
နောက်ပြီး သူကိုယ်တိုင်ကမှော်ဆရာတစ်ယောက်
ဖြစ်ရာ တောက်လောင်နေမင်းဆေးလုံး၏
အာနိသင်ကို ကောင်းကောင်းအသုံချနိုင်လေသည်။
ကျင့်ကြံဆင့်မြှင့်ချင်ကြသည့် အချို့သော
ကျင့်ကြံသူများမှာ မှော်ဆေးလုံး
ချေဖျက်ရာတွင်လောတတ်ကြ၏။
စိတ်မရှည်ခြင်းရဲ့ အကျိုးရလဒ်ကတော့
ဆေးလုံးအာနိသင်ကို ထိထိရောက်ရောက်
အသုံးမချနိုင်ခြင်းပင်။ ထို့ကြောင့်ပင်
အခြားလူများက ကြယ်နှစ်ပွင့်မျှ
တိုးလာချိန်တွင် အချို့ကတော့ကြယ်တစ်ပွင့်သာ
တိုးလာတတ်ကြသည်။
ဒါက ပင်ကိုယ်စရိုက်ကြောင့်ဖြစ်တဲ့ကွာဟမှုပဲ!
ယူရှောင်းမို ဝမ်းသာပျော်ရွှင်စွာနဲ့
ခုတင်ပေါ် ကခုန်ဆင်းလိုက်တယ်။
နောက်ကျရင်တော့ ဆေးလုံးတွေသုံးဖို့
အစီအစဉ်မရှိတော့ဘူး။ သူ့ကျင့်ကြံဆင့်က
မြင့်တက်လာတာ ခံစားလို့ကောင်းပေမယ့်လည်း
ဒီလိုဖြစ်လေလေ၊ သူ့ကိုယ်သူပိုထိန်းချုပ်ထားရ
မည်ပင်ဖြစ်လေသည်၊ အဲ့လိုမှမဟုတ်ရင်
သူတည်ဆောက်ထားရတဲ့အခြေခံက
အလကားဖြစ်သွားမပေါ့။
သတ္တုစားသားရဲလေးနဲ့ ရွှေတောင်ပံပိုးကောင်
နှစ်ကောင်ကို ဆွဲခေါ် လိုက်ကာ
သူ့ဝတ်ရုံထဲအံဝင်ခွင်ကျထည့်လိုက်ပြီးနောက်
ယူရှောင်းမို အောက်ထပ်ဆင်းလာခဲ့လိုက်သည်။
အစားစားချိန်မရောက်သေးတာကြောင့်
ဧည့်ခန်းထဲမှာ လူနည်းနည်းပဲရှိနေပြီး
ရောက်တတ်ရာရာစကားဝိုင်းဖွဲ့နေကြလေတယ်။
တံခါးဝကို စောင့်ကြည့်လို့ရတဲ့ထောင့်တစ်ခုကို
ယူရှောင်းမို တွေ့သွားတယ်။
သူဖင်ချလိုက်ခါရှိသေးတယ်၊ အပေါက်ကနေ
ခြေသံတွေကြားလိုက်ရသည်။ ခဏအကြာတော့
လူတစ်စုဝင်လာကြ၏။ ရှေ့နားက
လူအနည်းငယ်မှာ လန်းဆန်းတောက်ပတဲ့
အဝတ်အစားများဝတ်ဆင်ထားကြသည်။
သူတို့က သာမာန်လုလင်တွေနဲ့မတူချေ။
မတ်တပ်ကြီးအိပ်ပျော်နေတဲ့ပိုင်ရှင်က
ချက်ချင်းပဲ လန့်နိုးလာတယ်။
ယူရှောင်းမို သာမာန်ကာလျှံကာ
လှမ်းကြည့်လိုက်သည်၊ သိုသော်
သူ့မျက်နှာတစ်ခုလုံးတောင့်တင်းသွားရ၏။
သူပုန်းလိုက်ချင်ပေမယ့် သူ့မျက်နှာကို
ပြောင်းထားတယ်ဆိုတာ အမှတ်ရသွားတယ်။
ဒီလူက သောက်ရှင်းအကယ်ဒမီက
ဘယ်သူ့ကိုမှသိမှာမဟုတ်ဘူးလေ။
ဒါပေမယ့် သူဘာမြင်လိုက်ရတာလဲ?
ထုံထျန်းတိုက်မကြီးမှာ ရှိနေဖို့မဖြစ်နိုင်တဲ့
တစ်စုံတစ်ယောက်ကို သူတွေ့လိုက်ရတာ။
သူသာ သောက်ရှင်းအကယ်ဒမီက
ကျောင်းသားဖြစ်နေရင် အဓိပ္ပါယ်ရှိလောက်ပေမယ့်
သူကကျောင်းသားမဟုတ်ဘူးလေ။
သူနဲ့ပတ်သက်ပြီး ယူရှောင်းမို ဝိရောဓိဖြစ်ရတယ်။
ဒီလူက လမ်းမှားကို
ဘယ်လိုလျှောက်ဖြစ်သွားတာလဲ။
အစကတော့ သူ့ကြည့်ရတာတော်တော်လေး
ကောင်းပါတယ်။
ထိုသူမှာ အခြားသူမဟုတ်၊ ပျောက်သွားတာ
ကြာလှပြီဖြစ်သည့် ကျန်းလျှို့ပင်.....
(ထျန်ရှင်းဂိုဏ်းမှ ကျန်းလျှို့- ရှောင်းမိုလေး
အရင်ဆုံးတွေ့ခဲ့ရတဲ့သူ)
ကျောက်တကျိုး ပြောပြခဲ့တာကို
ယူရှောင်းမို သတိရသွားတယ်၊
ကျန်းလျှို့က ယင်ယန်တောင်ကြားလူတွေ
ရောက်လာပြီး သိပ်မကြာခင်မှာပျောက်သွားတာတဲ့။
သူဘယ်ရောက်သွားလဲ ဘယ်သူမှမသိခဲ့ကြပေ။
ဒီလူကသာ တကယ်ပဲကျန်းလျှို့ဆိုရင်
သူ ယင်ယန်တောင်ကြားကလူတွေနဲ့အတူတူ
ထွက်သွားခဲ့တာဖြစ်နိုင်သည်၊ မဟုတ်ရင်
ဒီနယ်မြေကိုလာနိုင်ဖို့ သူ့အတွက်အခွင့်အရေး
တစ်ခုမှမရှိချေ။
"ဟိုလူတွေက ယင်ယန်တောင်ကြားကမလား?"
ယူရှောင်းမိုရဲ့ညာဘက်မှာထိုင်နေတဲ့
လူတစ်ယောက်က ကျန်းလျှို့တို့အုပ်စုဝင်လာ
ပြီးတဲ့နောက် ရုတ်တရက်ထပြောလိုက်သည်။
သူ့အဖော်ဖြစ်သူက ပြန်ဖြေလိုက်၏၊
"သူတို့က ယင်ယန်တောင်ကြားကပဲ။
ယွီရှန်းမြို့နဲ့ ယင်ယန်တောင်ကြားက
ကြောင်နဲ့ကြွက်လိုဖြစ်နေပုံပေါ် မယ့်
နောက်ဆုံးတော့လဲ သူတို့က သွေးစွေးနီကလန်ရဲ့
မိသားစုအခွဲတွေပဲလေ။ ယွီရှန်းမြို့မှာ
ပြဿနာနည်းနည်းတက်နေတော့
ယင်ယန်တောင်ကြားက ဒီတိုင်းနေနေမှာ
မဟုတ်ဘူး"
"ကလေးနည်းနည်းလောက် လွှတ်လိုက်တော့ရော
ဘာအသုံးဝင်မှာမလို့လဲ?"
"မင်းဘာသိလို့လဲ? သူက ကလေးလေးတင်
မဟုတ်ဘူး"
"မင်းဆိုလိုတာက?"
"သိပ်မကြာသေးခင်က သွေးစွေးနီကလန်မှာ
ဟိုကပ်ဆိုးဘယ်လိုဖြစ်သွားလဲ
မင်းသိတယ်ဟုတ်? အဲ့ဒီ့ဟာကြောင့်
သွေးစွေးနီကလန်က စွမ်းအားကြီးကျင့်ကြံသူတွေ
တော်တော်များများဆုံးရှုံးလိုက်ရတယ်၊
အာ့ကြောင့်မလို့ သူတို့ရဲ့အရည်အချင်းစစ်ဆေးပွဲကို
ရှေ့တိုးဖို့ ဆုံးဖြတ်လိုက်တယ်လေ။
အခုအဲ့ပွဲကို ရှင်းလော့မြို့မှာတင်ကျင်းပနေတယ်"
"ငါသိတယ်လေ၊ ဒါပေမယ့် သူနဲ့ဘာဆိုင်လို့လဲ?"
"ဆိုင်တာပေါ့ကွ။ ဒီကောင့်နာမည်က
ကျန်းလျှို့တဲ့၊ သူက ယင်ယန်တောင်ကြားရဲ့
ပါရမီအမြင့်ဆုံးတပည့်လေ။ ငါကြားတာတော့
ဟိုအရင်လအနည်းငယ်တုန်းက
သူ့ကို သွေးစွေးနီကလန်ကနေရာတစ်နေရာ
ပေးခဲ့တယ်ဆိုပဲ။ မင်းစဉ်းစားကြည့်။
သွေးစွေးနီကလန်က နေရာပေးခဲ့တဲ့
လူ ဘယ်နှယောက်များရှိခဲ့ဖူးလဲ?
ယွီရှန်းမြို့အတွက်ဆို တစ်ယောက်မှတောင်
မရှိခဲ့ဘူး"
"အဲ့တာသာ အမှန်ဆိုရင် အံ့ဩစရာပဲ"
ထိုပုဂ္ဂိုလ်က ယင်ယန်တောင်ကြားမှလူများ
ဝန်းရံနေသည့် ကျန်းလျှို့ကိုအံ့ဩတကြီး
လှမ်းကြည့်လိုက်သည်။ တစ်ဖက်လူရဲ့
ခွန်အားကို သူမသိရချေ၊ သို့ဖြစ်၍
တစ်ဖက်လူက သူ့ထက်သန်မာသည်မှာ
ထင်ရှားနေ၏။ လူငယ်တွေက
သူတို့ထက်အနာဂတ်ပိုကောင်းကြတာပဲကိုး.....
သူတို့စကားကိုကြားတော့ သူက
ကျန်းလျှို့ဆိုတာ ယူရှောင်းမို
ရာခိုင်နှုန်းပြည့်သေချာသွားတော့တယ်။
ပထမတော့ သူတို့ကရုပ်ဆင်တယ်လို့ပဲ
သူတွေးမိတာ။ အခုတော့ သူတို့က
နာမည်တောင်တူနေတယ်၊ ဒါဆိုသူက
သေချာပေါက်ကို သူတွေးနေတဲ့ကျန်းလျှို့ပဲ။
ဒီတိုင်းပဲဆိုရင် သူမှတ်မိတာသာမှန်မယ်ဆို
ကျန်းလျှို့ရဲ့ဝိဉာဉ်က အပြာရောင်ဖြစ်သည်၊
ခရမ်းရောင်တောင်မဟုတ်ပေ။
သူ တကယ်ပဲအဆင့်တက်နိုင်ခဲ့ရင်တောင်
အများဆုံးမှ အဆင့်တစ်ဆယ်ထိသာ
ရောက်နိုင်ပေသည်။ အဲ့လိုအဆင့်နဲ့
သွေးစွေးနီကလန်ကနေ ဘယ်လိုလုပ်ပြီး
အာရုံစိုက်ခံရတာလဲ?
ယူရှောင်းမို သံသယဝင်လာမိသည်။
သွေးစွေးနီကလန်က အင်အားစုအကြီးကြီး
တစ်ခုဖြစ်သည်။ အဲ့လိုအာရုံစိုက်မှုကို
အနဲဆုံး ခရမ်းရောင်ဝိဉာဉ်ရှိတဲ့သူကိုပဲ
ပေးကြပေလိမ့်မည်။
ကျန်းလျှို့ရဲ့အဆင့်က လက်ရှိတွင်
အဆင့်ကိုး အမြင့်ဆင့်ဖြစ်၏။
ထိုအမြန်နှုန်းက သူ့ကိုပင်ယှဉ်နိုင်လောက်သည်။
အပြာရောင်ဝိဉာဉ်ပဲ ရှိတဲ့လူတစ်ယောက်အတွက်
၎င်းမှာ မဖြစ်နိုင်သလောက်ပင်။
သို့ပေမယ့် အဆင့်ကိုးအမြင့်ဆင့်ဆိုတာက
အပြာရောင်ဝိဉာဉ်၏အကန့်အသတ်ကို
ကျော်လွန်နေပြီဖြစ်၏၊ ထို့ကြောင့်
ကျန်းလျှို့၏ဝိဉာဉ်က ခရမ်းရောင်သို့
ဆင့်ကဲပြောင်းလဲသွားခြင်း
ဖြစ်ဖို့များသည်။ ၎င်းမှာ ထုတ်လို့ရနိုင်သည့်
တစ်ခုတည်းသောရှင်းလင်းချက်ဖြစ်၏။
____________
(အသိပေးစာ- ထျန်ရှင်းဂိုဏ်းမှာတုန်းက
မိုမိုကို တစ်ချိန်လုံးနောက်ကျောဓားနဲ့ထိုးခဲ့တဲ့ကောင်
ကိုမှတ်မိကြလား? ဟုတ်တယ်၊ အဲ့တာကျန်းလျှို့ပဲ)
______________
Zawgyi
အပိုင္း၄၈၇- မျဖစ္ႏိုင္သၫ့္တည္ရိွမႈ
ရွင္းေလာ့ၿမိဳ႔သို႔ ယူေရွာင္းမိုဒုတိယအေခါက္
ေရာက္လာျခင္းျဖစ္သည္၊ အေစာင့္အၾကပ္က
ပထမအေခါက္ထက္ ပိုထူထပ္ေန၏။
အေၾကာင္းအရင္းကေတာ့ ယီြရွန္းၿမိဳ႔မွာ
လင္းေရွာင္ပတ္ေမႊထားျခင္းေၾကာင့္ပင္။
အထဲမဝင္ႏိုင္ေသးခင္ ယူေရွာင္းမိုမွာ
အၾကာႀကီးစစ္ေမးခံလိုက္ရသည္။
ရွင္းယြင္ရိပ္သာလမ္းက ရွင္းေလာ့ၿမိဳ႔ရိွ
အစည္ကားဆံုးလမ္းသြယ္ႏွစ္ခုတြင္
တစ္ခုအပါအဝင္ျဖစ္ေလသည္။
ဟိုတယ္မ်ား၊ စားေသာက္ဆိုင္မ်ား၊
ကုန္စံုဆိုင္မ်ား၊ အစာသြတ္မုန႔္ဆိုင္မ်ား
စသည္ျဖင့္ လမ္းေဘးတစ္ဖက္တစ္ခ်က္စီတြင္
ဖြင့္ထားၾကသည္။ ေဈးေရာင္းသူမ်ားအားလံုးက
သာမာန္လူမ်ားျဖစ္ၾကေသာ္ျငား
ရွင္းေလာ့ၿမိဳ႔မွာမူ ထင္ထားသည္ထက္ပို
ေရာင္းဝယ္ေရးေကာင္းေလသည္။
ဆူညံေနသၫ့္လူအုပ္ႀကီးၾကား
တိုးဝင္သြားလိုက္ရင္း ေဈးဆိုင္မ်ားကို
ၾကၫ့္ရံုႏွင့္တင္ ယူေရွာင္းမို ေခါင္းမူးလာသည္။
အဆံုးမွာေတာ့ ေတာ္ေတာ္ေလးမ်က္စိထဲထင္းတဲ့
ဟိုတယ္တစ္ခုဆီ သြားလိုက္ေတာ့တယ္။
သူ႔စရိုက္နဲ႔ဆိုရင္ ေနလို႔ထိုင္လို႔ရသေရြ့
ဘယ္ေနရာျဖစ္ျဖစ္အဆင္ေျပတယ္။
သို႔ေပမယ့္ လင္းေရွာင္ကေတာ့မတူေပ။
ထိုအေကာင္က စံႏႈန္းျမင့္ၿပီး
သူ႔စံႏႈန္းေတြနဲ႔မကိုက္တဲ့ ဘယ္အရာမဆို
ေဒဝါလီခံသြားရႏိုင္ေလာက္တဲ့အထိ အထင္ေသး
စက္ဆုပ္ခံရေလသည္။
ဟိုတယ္ထဲဝင္သြားတဲ့ ယူေရွာင္းမိုမွာ
လင္းေရွာင္ဆီမွာ စြမ္းအင္ေက်ာက္တံုး
လံုလံုေလာက္ေလာက္ရိွရဲ့လားဆိုတာ
အရမ္းအေရးႀကီးတဲ့ျပႆနာျဖစ္ေနတာကို
ေမ့သြားေလ၏။
အခန္းတစ္ခန္းရၿပီးေနာက္ ယူေရွာင္းမို
အခန္းပိတ္ေနလိုက္ေတာ့သည္။
အခုေတာ့ လင္းေရွာင္ ရွင္းေလာ့ၿမိဳ႔ဆီ
လာဖို႔ေစာင့္ေနရံုပင္။ မဟုတ္ရင္ သူ
ယီြရွန္းၿမိဳ႔ကိုေရာက္တဲ့အခ်ိန္ လင္းေရွာင္က
ထြက္သြားရင္သြားေလာက္ၿပီ။ ထို႔ျပင္
ေရႊေတာင္ပံပိုးေကာင္ေတြက ေရေငြ့ေမွာ္ေဆးပင္
ေတြပဲစားသည္မို႔ သူတို႔အတြက္အစာ
အေထာက္အပံ့က ေျဖရွင္းရလြယ္ကူသည္။
သို႔ေသာ္ျငား သတၲုစားသားရဲေလးကမူ
အစာေၾကးမ်ားသည္ျဖစ္ရာ နည္းနည္းေလး
ခက္သည္။
သတၲုစားသားရဲေလးက သူတို႔ေတြ
ေရွးေဟာင္းေရတြင္းမွာေတြ့လာတဲ့
ေရႊေရာင္အရည္ကိုအႀကိဳက္ဆံုးျဖစ္၏။
သို႔ေပမယ့္လည္း အရည္က အကန႔္အသတ္နဲ႔ပဲ
ရိွတာေၾကာင့္ ထိုေကာင္အတြက္
ယူေရွာင္းမို စည္းကမ္းထုတ္ထားရသည္။ သတၲုစားသားရဲေလးက တစ္လကို
ေရႊေရာင္အရည္တစ္နပ္သာစားခြင့္ရိွသည္။
က်န္တဲ့အခ်ိန္မွာ ေျမေအာက္နန္းေတာ္ကေန
သူတူးထားတဲ့သတၲုေတြ စားရသည္။
သတၲုစားသားရဲေလးက ကန႔္ကြက္လာလ်ွင္
အစာငတ္ေလသည္။
သူတို႔ကို ကၽြေးၿပီးတဲ့ေနာက္ ယူေရွာင္းမို
ခုတင္ေပၚ ထိုင္ခ်လိုက္တယ္။
အသံကူးေျပာင္းေက်ာက္တံုးထုတ္ၿပီး
စမ္းၾကၫ့္ေပမယ့္ ၄မွာအလုပ္မလုပ္ေသးေခ်၊
သူျပန္သိမ္းလိုက္ေတာ့တယ္။
"ငါအခုက်င့္ႀကံေတာ့မယ္။ မင္းတို႔ႏွစ္ေကာင္
လိမ္လိမ္မာမာေနရင္ေကာင္းမယ္။
အျပင္ထြက္ၿပီး ျပႆနာရွာရဲရွာၾကၫ့္
လင္းေရွာင္နဲ႔ျပန္ေတြ့တဲ့အခါက် မင္းတို႔ေကာင္ေတြကို
သူနဲ႔ပစ္ထားမယ္" ယူေရွာင္းမို
စားေသာက္ေနတဲ့သားရဲေလးသံုးေကာင္ကို
ေျပာလိုက္တယ္။ အခုေတာ့ လင္းေရွာင္က
ထိုအေကာင္မ်ားကိုၿခိမ္းေျခာက္ရန္
သူရဲ့ေစလိုရာေစနည္းလမ္းျဖစ္လာေလသည္။
ဘယ္လိုပဲေနေန အက်ိဳးရိွတာပဲ!
သူတို႔ေတြ ေက်ေက်နပ္နပ္ေခါင္းညိတ္လိုက္တာ
ကို ၾကၫ့္ရင္း ယူေရွာင္းမိုေတာ္ေတာ္ေလး
စိတ္သက္သာရာရသြားတယ္။
အရင္ရက္ေတြတုန္းက ဂူထဲေမွာ္ေဆးပင္
တူးေနတုန္း ဉာဏ္အလင္းပြင့္သြားတယ္။
အခုေနာက္ပိုင္း သိပ္မက်င့္ႀကံျဖစ္တာေၾကာင့္
သူ႔အဆင့္က အဆင့္တစ္ဆယ္အနိမ့္ဆင့္မွာ
တစ္ေနတယ္။ သူက ပံုမွန္ေမွာ္ဆရာေတြထက္
ပိုျမန္ေနႏွင့္ၿပီးသားဆိုေပမယ့္လည္း
သူ႔အႀကိဳက္နဲ႔ဆိုရင္ အရမ္းေနွးလြန္းေနေသးတယ္။
လင္းေရွာင္အတြက္ သက္တန႔္ေဆးလံုးေတြ
သန႔္စင္ေပးခ်င္တယ္၊ ေနာက္ၿပီး
သူ႔ဒုတိယဆရာတူအကိုအတြက္
ေျခာက္ေရာင္ျခယ္သက္တန႔္ေဆးလံုး
သန႔္စင္ေပးမယ္လို႔ ဖူခ်န္ခ်ဳံးနဲ႔
သေဘာတူထားၿပီးၿပီ။ သူ႔မွာ လုပ္စရာေတြ
အမ်ားႀကီးရိွေနတာပဲ။
ေမွာ္ေဆးလံုးနီနီေလးတစ္လံုးပါတဲ့
ေက်ာက္စိမ္းပုလင္းေလးတစ္လံုး
ယူေရွာင္းမိုထုတ္လိုက္တယ္။
ေဆးလံုးက အဆင့္တစ္ဆယ္ ေတာက္ေလာင္ေနမင္း
ေဆးလံုးျဖစ္သည္။ ၄က ဧကရာဇ္အဆင့္
တိုက္ခိုက္သူေတြအတြက္ေဖာ္စပ္ထားသၫ့္
ေဆးျဖစ္၏။ ထိုေဆးလံုးကို ေခ်ဖ်က္လိုက္လ်ွင္
ၾကယ္တစ္ပြင့္မွႏွစ္ပြင့္ထိ တိုးေစႏိုင္သည္၊
ေမွာ္ဆရာမ်ားေပၚ တြင္လည္း သက္ေရာက္မႈ
တစ္မ်ိဳးရိွေလသည္။
သို႔ေပမယ့္ သူ႔စြမ္းအားၿမွင့္တင္ဖို႔
ေဆးလံုးမ်ား ယူေရွာင္းမိုသံုးခဲသည္။
သူမသံုးခ်င္လို႔ေတာ့ မဟုတ္ေပမယ့္
အျမန္ႀကီးျမင့္လာတာက မေကာင္းဘူးလို႔
လင္းေရွာင္ေျပာထား၍ပင္။
ေတာက္ေလာင္ေနမင္းေဆးလံုး စားလိုက္ၿပီးေနာက္
သူ႔ဗိုက္ထဲမွာ ေနြးေထြးလာသည္။ ယူေရွာင္းမို
တင္ပလႅင္ေခြထိုင္ခ်လိုက္ကာ
လက္စည္းခ်ိပ္မ်ားျပဳလုပ္ၿပီး ေဆးလံုး၏
အာနိသင္ကို စတင္စုပ္ယူလိုက္ေတာ့သည္။
သတၲုစားသားရဲေလးနဲ႔ ေရႊေတာင္ပံပိုးေကာင္
ေတြက စားေသာက္ၿပီးေနာက္ေလခ်ဉ္တက္လိုက္
ၾက၏။ ေခါင္းလွၫ့္လိုက္ေတာ့ သူတို႔သခင္က
က်င့္ႀကံေနၿပီဆိုတာ ေတြ့လိုက္ရသည္။
သူတို႔မွာ အခုေလးတင္ၿခိမ္းေျခာက္ခံ
ထားရသည္မို႔ အျပင္မထြက္ရဲေတာ့ဘဲ
အခန္းထဲမွာပဲပတ္ေဆာ့ေနလိုက္ၾကသည္။
ဒီလိုနဲ႔ ႏွစ္ရက္တာကုန္သြားတယ္။
သားရဲသံုးေကာင္လည္း အေဆာ့ရပ္သြားၿပီး
သူတို႔သခင္ေဘးမွာလွဲေနၾကတယ္။
အခန္းတစ္ခန္းတည္းမွာ ပတ္ေဆာ့ေနရတာ
ပ်င္းေနၾကေလၿပီ၊ လံုးဝန္းဝန္းမ်က္လံုးသံုးစံုက
သူတို႔သခင္ကို အဓိပၸါယ္ရိွရိွစိုက္ၾကၫ့္ေနၾကသည္။
ဗိုက္ဆာလိုက္တာ.... သခင္ေရ ဘယ္ေတာ့မွ
ထမွာလဲဟင္?
ယူေရွာင္းမို မ်က္လံုးဖြင့္လိုက္ေတာ့
သူတို႔ဘာေျပာခ်င္ေနတယ္ဆိုတာ
ခ်က္ခ်င္းနားလည္သြားသည္။ သူ႔ရဲ့
ပထမဆံုးေသာအေတြးကေတာ့
သူတို႔ကိုအလိုလိုက္မိသြားတယ္ဟူ၍ပင္။
ဆယ္စုႏွစ္ေတြ၊ ရာစုႏွစ္ေတြ ၊ ႏွစ္သန္းေပါင္းမ်ားစြာ
ေတာင္မွ မစားမေသာက္ပဲေနႏိုင္တဲ့ဟာကို
အခုက် ႏွစ္ရက္ပဲရိွေသးတယ္၊
အစာေတာင္းေနၾကၿပီ။
သူတို႔အတြက္ စည္းကမ္းထပ္ထုတ္ေပးရမယ္လို႔
ယူေရွာင္းမိုခံစားလိုက္ရ၏။
သူတို႔ကိုအေရးမလုပ္ဘဲ က်င့္ႀကံဆင့္ကို
စစ္ၾကၫ့္လိုက္တယ္။
သူ အလယ္ဆင့္မွာေရာက္ေနၿပီျဖစ္ၿပီး
အဆင့္ျမင့္ကိုေရာက္ဖို႔ အရိပ္အေယာင္ေတြရိွေနတာ
ေတြ့လိုက္ရတယ္။ သူ ေမွာ္ေဆးလံုး
သံုးစဲြေလ့မရိွတာေၾကာင့္ ျဖစ္ႏိုင္သည္၊
ေနာက္ၿပီး သူကိုယ္တိုင္ကေမွာ္ဆရာတစ္ေယာက္
ျဖစ္ရာ ေတာက္ေလာင္ေနမင္းေဆးလံုး၏
အာနိသင္ကို ေကာင္းေကာင္းအသံုခ်ႏိုင္ေလသည္။
က်င့္ႀကံဆင့္ၿမွင့္ခ်င္ၾကသည့္ အခ်ိဳ႕ေသာ
က်င့္ႀကံသူမ်ားမွာ ေမွာ္ေဆးလံုး
ေခ်ဖ်က္ရာတြင္ေလာတတ္ၾက၏။
စိတ္မရွည္ျခင္းရဲ့ အက်ိဳးရလဒ္ကေတာ့
ေဆးလံုးအာနိသင္ကို ထိထိေရာက္ေရာက္
အသံုးမခ်ႏိုင္ျခင္းပင္။ ထို႔ေၾကာင့္ပင္
အျခားလူမ်ားက ၾကယ္ႏွစ္ပြင့္မ်ွ
တိုးလာခ်ိန္တြင္ အခ်ိဳ႕ကေတာ့ၾကယ္တစ္ပြင့္သာ
တိုးလာတတ္ၾကသည္။
ဒါက ပင္ကိုယ္စရိုက္ေၾကာင့္ျဖစ္တဲ့ကြာဟမႈပဲ!
ယူေရွာင္းမို ဝမ္းသာေပ်ာ္ရႊင္စြာနဲ႔
ခုတင္ေပၚ ကခုန္ဆင္းလိုက္တယ္။
ေနာက္က်ရင္ေတာ့ ေဆးလံုးေတြသံုးဖို႔
အစီအစဉ္မရိွေတာ့ဘူး။ သူ႔က်င့္ႀကံဆင့္က
ျမင့္တက္လာတာ ခံစားလို႔ေကာင္းေပမယ့္လည္း
ဒီလိုျဖစ္ေလေလ၊ သူ႔ကိုယ္သူပိုထိန္းခ်ဳပ္ထားရ
မည္ပင္ျဖစ္ေလသည္၊ အဲ့လိုမွမဟုတ္ရင္
သူတည္ေဆာက္ထားရတဲ့အေျခခံက
အလကားျဖစ္သြားမေပါ့။
သတၲုစားသားရဲေလးနဲ႔ ေရႊေတာင္ပံပိုးေကာင္
ႏွစ္ေကာင္ကို ဆဲြေခၚ လိုက္ကာ
သူ႔ဝတ္ရံုထဲအံဝင္ခြင္က်ထၫ့္လိုက္ၿပီးေနာက္
ယူေရွာင္းမို ေအာက္ထပ္ဆင္းလာခဲ့လိုက္သည္။
အစားစားခ်ိန္မေရာက္ေသးတာေၾကာင့္
ဧၫ့္ခန္းထဲမွာ လူနည္းနည္းပဲရိွေနၿပီး
ေရာက္တတ္ရာရာစကားဝိုင္းဖဲြ႔ေနၾကေလတယ္။
တံခါးဝကို ေစာင့္ၾကၫ့္လို႔ရတဲ့ေထာင့္တစ္ခုကို
ယူေရွာင္းမို ေတြ့သြားတယ္။
သူဖင္ခ်လိုက္ခါရိွေသးတယ္၊ အေပါက္ကေန
ေျခသံေတြၾကားလိုက္ရသည္။ ခဏအၾကာေတာ့
လူတစ္စုဝင္လာၾက၏။ ေရ႔ွနားက
လူအနည္းငယ္မွာ လန္းဆန္းေတာက္ပတဲ့
အဝတ္အစားမ်ားဝတ္ဆင္ထားၾကသည္။
သူတို႔က သာမာန္လုလင္ေတြနဲ႔မတူေခ်။
မတ္တပ္ႀကီးအိပ္ေပ်ာ္ေနတဲ့ပိုင္ရွင္က
ခ်က္ခ်င္းပဲ လန႔္ႏိုးလာတယ္။
ယူေရွာင္းမို သာမာန္ကာလ်ွံကာ
လွမ္းၾကၫ့္လိုက္သည္၊ သိုေသာ္
သူ႔မ်က္ႏွာတစ္ခုလံုးေတာင့္တင္းသြားရ၏။
သူပုန္းလိုက္ခ်င္ေပမယ့္ သူ႔မ်က္ႏွာကို
ေျပာင္းထားတယ္ဆိုတာ အမွတ္ရသြားတယ္။
ဒီလူက ေသာက္ရွင္းအကယ္ဒမီက
ဘယ္သူ႔ကိုမွသိမွာမဟုတ္ဘူးေလ။
ဒါေပမယ့္ သူဘာျမင္လိုက္ရတာလဲ?
ထံုထ်န္းတိုက္မႀကီးမွာ ရိွေနဖို႔မျဖစ္ႏိုင္တဲ့
တစ္စံုတစ္ေယာက္ကို သူေတြ့လိုက္ရတာ။
သူသာ ေသာက္ရွင္းအကယ္ဒမီက
ေက်ာင္းသားျဖစ္ေနရင္ အဓိပၸါယ္ရိွေလာက္ေပမယ့္
သူကေက်ာင္းသားမဟုတ္ဘူးေလ။
သူနဲ႔ပတ္သက္ၿပီး ယူေရွာင္းမို ဝိေရာဓိျဖစ္ရတယ္။
ဒီလူက လမ္းမွားကို
ဘယ္လိုေလ်ွာက္ျဖစ္သြားတာလဲ။
အစကေတာ့ သူ႔ၾကၫ့္ရတာေတာ္ေတာ္ေလး
ေကာင္းပါတယ္။
ထိုသူမွာ အျခားသူမဟုတ္၊ ေပ်ာက္သြားတာ
ၾကာလွၿပီျဖစ္သၫ့္ က်န္းလ်ိႈ႔ပင္.....
(ထ်န္ရွင္းဂိုဏ္းမွ က်န္းလ်ိႈ႔- ေရွာင္းမိုေလး
အရင္ဆံုးေတြ့ခဲ့ရတဲ့သူ)
ေက်ာက္တက်ိဳး ေျပာျပခဲ့တာကို
ယူေရွာင္းမို သတိရသြားတယ္၊
က်န္းလ်ိႈ႔က ယင္ယန္ေတာင္ၾကားလူေတြ
ေရာက္လာၿပီး သိပ္မၾကာခင္မွာေပ်ာက္သြားတာတဲ့။
သူဘယ္ေရာက္သြားလဲ ဘယ္သူမွမသိခဲ့ၾကေပ။
ဒီလူကသာ တကယ္ပဲက်န္းလ်ိႈ႔ဆိုရင္
သူ ယင္ယန္ေတာင္ၾကားကလူေတြနဲ႔အတူတူ
ထြက္သြားခဲ့တာျဖစ္ႏိုင္သည္၊ မဟုတ္ရင္
ဒီနယ္ေျမကိုလာႏိုင္ဖို႔ သူ႔အတြက္အခြင့္အေရး
တစ္ခုမွမရိွေခ်။
"ဟိုလူေတြက ယင္ယန္ေတာင္ၾကားကမလား?"
ယူေရွာင္းမိုရဲ့ညာဘက္မွာထိုင္ေနတဲ့
လူတစ္ေယာက္က က်န္းလ်ိႈ႔တို႔အုပ္စုဝင္လာ
ၿပီးတဲ့ေနာက္ ရုတ္တရက္ထေျပာလိုက္သည္။
သူ႔အေဖာ္ျဖစ္သူက ျပန္ေျဖလိုက္၏၊
"သူတို႔က ယင္ယန္ေတာင္ၾကားကပဲ။
ယီြရွန္းၿမိဳ႔နဲ႔ ယင္ယန္ေတာင္ၾကားက
ေၾကာင္နဲ႔ႂကြက္လိုျဖစ္ေနပံုေပၚ မယ့္
ေနာက္ဆံုးေတာ့လဲ သူတို႔က ေသြးေစြးနီကလန္ရဲ့
မိသားစုအခဲြေတြပဲေလ။ ယီြရွန္းၿမိဳ႔မွာ
ျပႆနာနည္းနည္းတက္ေနေတာ့
ယင္ယန္ေတာင္ၾကားက ဒီတိုင္းေနေနမွာ
မဟုတ္ဘူး"
"ကေလးနည္းနည္းေလာက္ လႊတ္လိုက္ေတာ့ေရာ
ဘာအသံုးဝင္မွာမလို႔လဲ?"
"မင္းဘာသိလို႔လဲ? သူက ကေလးေလးတင္
မဟုတ္ဘူး"
"မင္းဆိုလိုတာက?"
"သိပ္မၾကာေသးခင္က ေသြးေစြးနီကလန္မွာ
ဟိုကပ္ဆိုးဘယ္လိုျဖစ္သြားလဲ
မင္းသိတယ္ဟုတ္? အဲ့ဒီ့ဟာေၾကာင့္
ေသြးေစြးနီကလန္က စြမ္းအားႀကီးက်င့္ႀကံသူေတြ
ေတာ္ေတာ္မ်ားမ်ားဆံုးရႈံးလိုက္ရတယ္၊
အာ့ေၾကာင့္မလို႔ သူတို႔ရဲ့အရည္အခ်င္းစစ္ေဆးပဲြကို
ေရ႔ွတိုးဖို႔ ဆံုးျဖတ္လိုက္တယ္ေလ။
အခုအဲ့ပဲြကို ရွင္းေလာ့ၿမိဳ႔မွာတင္က်င္းပေနတယ္"
"ငါသိတယ္ေလ၊ ဒါေပမယ့္ သူနဲ႔ဘာဆိုင္လို႔လဲ?"
"ဆိုင္တာေပါ့ကြ။ ဒီေကာင့္နာမည္က
က်န္းလ်ိႈ႔တဲ့၊ သူက ယင္ယန္ေတာင္ၾကားရဲ့
ပါရမီအျမင့္ဆံုးတပၫ့္ေလ။ ငါၾကားတာေတာ့
ဟိုအရင္လအနည္းငယ္တုန္းက
သူ႔ကို ေသြးေစြးနီကလန္ကေနရာတစ္ေနရာ
ေပးခဲ့တယ္ဆိုပဲ။ မင္းစဉ္းစားၾကၫ့္။
ေသြးေစြးနီကလန္က ေနရာေပးခဲ့တဲ့
လူ ဘယ္ႏွေယာက္မ်ားရိွခဲ့ဖူးလဲ?
ယီြရွန္းၿမိဳ႔အတြက္ဆို တစ္ေယာက္မွေတာင္
မရိွခဲ့ဘူး"
"အဲ့တာသာ အမွန္ဆိုရင္ အံ့ဩစရာပဲ"
ထိုပုဂၢိုလ္က ယင္ယန္ေတာင္ၾကားမွလူမ်ား
ဝန္းရံေနသၫ့္ က်န္းလ်ိႈ႔ကိုအံ့ဩတႀကီး
လွမ္းၾကၫ့္လိုက္သည္။ တစ္ဖက္လူရဲ့
ခြန္အားကို သူမသိရေခ်၊ သို႔ျဖစ္၍
တစ္ဖက္လူက သူ႔ထက္သန္မာသည္မွာ
ထင္ရွားေန၏။ လူငယ္ေတြက
သူတို႔ထက္အနာဂတ္ပိုေကာင္းၾကတာပဲကိုး.....
သူတို႔စကားကိုၾကားေတာ့ သူက
က်န္းလ်ိႈ႔ဆိုတာ ယူေရွာင္းမို
ရာခိုင္ႏႈန္းျပၫ့္ေသခ်ာသြားေတာ့တယ္။
ပထမေတာ့ သူတို႔ကရုပ္ဆင္တယ္လို႔ပဲ
သူေတြးမိတာ။ အခုေတာ့ သူတို႔က
နာမည္ေတာင္တူေနတယ္၊ ဒါဆိုသူက
ေသခ်ာေပါက္ကို သူေတြးေနတဲ့က်န္းလ်ိႈ႔ပဲ။
ဒီတိုင္းပဲဆိုရင္ သူမွတ္မိတာသာမွန္မယ္ဆို
က်န္းလ်ိႈ႔ရဲ့ဝိဉာဉ္က အျပာေရာင္ျဖစ္သည္၊
ခရမ္းေရာင္ေတာင္မဟုတ္ေပ။
သူ တကယ္ပဲအဆင့္တက္ႏိုင္ခဲ့ရင္ေတာင္
အမ်ားဆံုးမွ အဆင့္တစ္ဆယ္ထိသာ
ေရာက္ႏိုင္ေပသည္။ အဲ့လိုအဆင့္နဲ႔
ေသြးေစြးနီကလန္ကေန ဘယ္လိုလုပ္ၿပီး
အာရံုစိုက္ခံရတာလဲ?
ယူေရွာင္းမို သံသယဝင္လာမိသည္။
ေသြးေစြးနီကလန္က အင္အားစုအႀကီးႀကီး
တစ္ခုျဖစ္သည္။ အဲ့လိုအာရံုစိုက္မႈကို
အနဲဆံုး ခရမ္းေရာင္ဝိဉာဉ္ရိွတဲ့သူကိုပဲ
ေပးၾကေပလိမ့္မည္။
က်န္းလ်ိႈ႔ရဲ့အဆင့္က လက္ရိွတြင္
အဆင့္ကိုး အျမင့္ဆင့္ျဖစ္၏။
ထိုအျမန္ႏႈန္းက သူ႔ကိုပင္ယွဉ္ႏိုင္ေလာက္သည္။
အျပာေရာင္ဝိဉာဉ္ပဲ ရိွတဲ့လူတစ္ေယာက္အတြက္
၄မွာ မျဖစ္ႏိုင္သေလာက္ပင္။
သို႔ေပမယ့္ အဆင့္ကိုးအျမင့္ဆင့္ဆိုတာက
အျပာေရာင္ဝိဉာဉ္၏အကန႔္အသတ္ကို
ေက်ာ္လြန္ေနၿပီျဖစ္၏၊ ထို႔ေၾကာင့္
က်န္းလ်ိႈ႔၏ဝိဉာဉ္က ခရမ္းေရာင္သို႔
ဆင့္ကဲေျပာင္းလဲသြားျခင္း
ျဖစ္ဖို႔မ်ားသည္။ ၄မွာ ထုတ္လို႔ရႏိုင္သၫ့္
တစ္ခုတည္းေသာရွင္းလင္းခ်က္ျဖစ္၏။
____________
(အသိေပးစာ- ထ်န္ရွင္းဂိုဏ္းမွာတုန္းက
မိုမိုကို တစ္ခ်ိန္လံုးေနာက္ေက်ာဓားနဲ႔ထိုးခဲ့တဲ့ေကာင္
ကိုမွတ္မိၾကလား? ဟုတ္တယ္၊ အဲ့တာက်န္းလ်ိႈ႔ပဲ)
______________