Unicode
အပိုင်း၄၇၈- နှလုံးဆက်နွယ်ကူ
အဆုံးတွင်တော့ အဖြူဝတ်လူမှာ
မလွတ်ခဲ့ပါချေ။ သူ့မှာ သွေးစွေးနီကလန်နှင့်
ရန်ငြှိုးရှိပုံရသော်ငြား တားမြစ်နယ်မြေ၌
အကျဉ်းချခံထားရသည့်အကြောင်းအရင်းကို
ယူရှောင်းမိုတွေးလိုက်မိသည်နှင့်
လွှတ်ပေးချင်စိတ် တစ်စက်မှမရှိတော့ပေ။
ယူရှောင်းမိုက အဖြူဝတ်လူနှင့်သူ့တွင်
သွေးသားတော်စပ်မှုမရှိဟု တစ်ဖက်သတ်တွေး
လိုက်သည်။ သူတို့အလွန်တရာရုပ်ချင်းဆင်
နေရသည့်အကြောင်းကိုတော့ သွေးမျိုးဆက်၏
မျိုးရိုးဗီဇများအပေါ် အပြစ်ပုံချလိုက်လေသည်။
မျိုးဆက်တစ်ဆက်နှစ်ဆက်ကျော်ပြီးနောက်တွင်
ဘိုးဘေးများ၏ရုပ်ရည်သွင်ပြင်နှင့်
ပြန်ဆင်ခြင်းနှင့် တူသည်။
ဤဥပမာမှာ အခြေအမြစ်မရှိတာတော့
မဟုတ်ပေ။
သူ့ရဲ့ အားကျီပုံစံကိုယ့်ကိုယ်ကိုဖြေသိမ့်ခြင်းကို
ရှားရှားပါးပါးပင် လင်းရှောင်ကဘာမှ
ပြန်မပြောချေ။
(t/n; အားကျီက လုရွှင်ရေးတဲ့ အားကျီရဲ့
ဖြစ်ရပ်မှန်ဆိုတဲ့ အခန်းဆက်ဝတ္ထုဖြစ်ပါတယ်။
အားကျီဟာ 'စိတ်ပိုင်းဆိုင်ရာအနိုင်ပွဲ' တွေကြောင့်
ကျော်ကြားပြီး ၊ အလွန်တရာရှုံးနိမ့်အစော်ကား
ခံနေရရင်တောင် ကိုယ့်ကိုယ်ကိုဖြေသိမ့်လှည့်စား
တဲ့နေရာမှာဆရာကြီးပေါ့။ အားကျီက
သူ့ထက်ကံဆိုးသူတွေကိုအနိုင်ကျင့်ပြီး
သူ့ထက်အင်အားကြီးသူတွေကိုတော့
ကြောက်ပါတယ်။ သူ့ကိုဖိနှိပ်သူတွေရဲ့
အာဏာဆန်မှုတွေကို သူအရှုံးပေးရပေမယ့်
သူ့ကိုယ်သူကိုတော့ စိတ်ပိုင်းဆိုင်ရာအရ
'ပိုမြင့်တယ်' လို့တွေးပါတယ်)
သူတို့က အမ်မရမ်သိုင်းတောင်တွင်
နှစ်ရက်ကြာနေခဲ့သည်။ နှစ်ဦးသားက
ထပ်နေချင်စိတ်မရှိတော့ဘဲ ရှုန်းရှောင်တို့ကို
နှုတ်ဆက်ဖို့ပြင်နေကြသည်။
သူတို့တွေထွက်သွားတော့မယ်ဆိုတာကြား
လိုက်ရတော့ ဝေ့ပိုင်က ဖူချန်ချုံးကို
ခေါ် သွားပေးဖို့ အလောတကြီးတောင်းဆို
လိုက်သည်။
သူတို့ခွဲခွာရမယ့်လမ်းဆုံမှာ ဝေ့ပိုင်က
ယူရှောင်းမိုရဲ့လက်ကိုဆုပ်ကိုင်လိုက်တယ်၊
"ငါတို့ပြန်မတွေ့နိုင်ခင် နှစ်တွေဘယ်လောက်
ကြာဦးမလဲမသိနိုင်ဘူး။ ဖြစ်နိုင်မယ်ဆိုရင်
ငါမျှော်လင့်တာက......"
"အဲ့တာက...." ယူရှောင်းမိုက သူ့ကို
ဖြတ်ပြောလိုက်လေသည်၊
"ကျွန်တော်က နောက်လအနည်းငယ်အတွင်း
ရှောင်ယောင်တက္ကသိုလ်မှာပဲရှိနေမှာ.....
အကိုကျွန်တော့်ကိုတွေ့ချင်ရင် နယ်မြေပြောင်း
အဆောင်လက်ဖွဲ့သုံးပြီး ဘယ်ချိန်မဆို
လာတွေ့လို့ရတယ်"
ဝေ့ပိုင်-"......."
အခက်အခဲများကြားမှ အစပျိုးလာခဲ့သော
စိတ်ခံစားချက်လေးမှာ ရုတ်တရက်ကြီး
အနှောင့်ယှက်ခံလိုက်ရလေသည်။
လင်းရှောင် မမှားပါချေ၊ ယူရှောင်းမိုက
စိတ်ကောင်းဝင်နေရင်
လာဖျက်တဲ့နေရာမှာဆရာကြီးပင်။
"မင်းတို့နှစ်ယောက်စလုံးကို တောင်းဆိုစရာ
ရှိတယ်" ဖူချန်ချုံးမှာ သူ့ချစ်တပည့်လေး
ရှက်နေတာကိုမကြည့်နိုင်တော့သည်မို့
ထရပ်ပြီး ပြောလိုက်သည်၊ "ငါ့တပည့်ငယ်လေးရဲ့
ဒဏ်ရာတွေအကြောင်း မင်းတို့သိပြီးပြီ
ထင်ပါတယ်၊ သူ့ကိုနှစ်နှစ်ရာကျော်ကြာပြီး
တာတောင်ကုသမပေးနိုင်ခဲ့ဘူး၊
မကြာသေးခင်ကမှ မှော်ဆေးလုံးအမျိုးအစား
တစ်ခုကိုရှာတွေ့ထားတာ၊ အဲ့တာက
တပည့်ငယ်လေးရဲ့ဒဏ်ရာတွေကို
ကုသပေးနိုင်ရုံတင်မဟုတ်ဘဲ သူဒဏ်ရာမရခင်
တုန်းက အခြေအနေကိုလည်းပြန်ပေးနိုင်တယ်"
ဝေ့ပိုင်မှာ အံ့အားသင့်သွား၏၊ ဒီအကြောင်းကို
သူမသိရသေးပေ။
လင်းရှောင်က အမူအရာပြောင်းလဲခြင်းမရှိ
မေးလိုက်သည်၊ "မဟာမိတ်ခေါင်းဆောင်ဖူ
ပြောနေတာ ဘယ်လိုဆေးလုံးမျိုးပါလဲ?"
"အဲ့တာက ခြောက်ရောင်ခြယ်ဆေးလုံးမျိုးပါ"
ဖူချန်ချုံးရဲ့အကြည့်က ယူရှောင်းမိုဆီ
ရောက်သွားပြီး အားတက်စွာနဲ့ချီးကျူး
လိုက်သည်၊ "မင်းမှာ ခုနစ်ရောင်ခြယ်စိတ်ဝိဉာဉ်
ရှိတယ်လို့ကြားတယ်။ မင်းက ငယ်ငယ်ရွယ်ရွယ်
လေးနဲ့ အဆင့်တစ်ဆယ်မှော်ဆရာဖြစ်နေပြီ၊
ကျင့်ကြံတာလဲကြာသေးဦးမှာမဟုတ်ဘူး၊
မင်းရဲ့အနာဂတ်ကတော့ အကန့်အသတ်
ရှိမှာမဟုတ်ဘူးပဲ၊ တစ်နေ့နေ့ကျရင်
ခြောက်ရောင်ခြယ်ဆေးလုံးသန့်စင်နိုင်မယ်လို့
ဦးလေးယုံတယ်"
နတ်ဘုရားအဆင့်ကျင့်ကြံသူတစ်ဦးက
ချီးကျူးခြင်းဖြစ်ရာ ယူရှောင်းမိုမှာ
စိတ်အားမတက်ပဲမနေနိုင်တော့။
လင်းရှောင်က မျက်ခုံးတစ်ဖက်ပင့်လိုက်သည်၊
"အခကျေးငွေ?"
ဖူချန်ချုံးက ပြုံးမိသွားသည်၊
"မကျေမနပ်မဖြစ်စေရပါဘူး"
သူတို့ဘာသာ တိတ်တိတ်လေးပူးပေါင်းနေကြတာ
မြင်တော့ ယူရှောင်းမိုကကြားဖြတ်လိုက်သည်၊
"ကျွန်တော့်မှာ အစွမ်းအစရှိရင်တောင်
ဆေးဖော်စပ်နည်းတို့ ၊ မှော်ဆေးပင်တို့မရှိဘဲ
ခြောက်ရောင်ခြယ်ဆေးလုံးမလုပ်နိုင်ဘူး။
မဟာမိတ်ခေါင်းဆောင်ဖူ ၊ ဦးလေးမှာ
ခြောက်ရောင်ခြယ်ဆေးလုံးအတွက်
ဖော်စပ်နည်းရှိလား?"
ဖူချန်ချုံးက ကူကယ်ရာမဲ့မဲ့နဲ့ခေါင်းယမ်းလိုက်သည်၊
"အဲ့ဒီ့ခြောက်ရောင်ခြယ်ဆေးလုံးကို
သံသရာဆေးလုံးလို့ခေါ် တယ်ဆိုတာပဲ
သိတာ ။ အဲ့တာက မှော်ဆေးပင်
တစ်ရာနဲ့သုံးဆယ့်လေးမျိုးလိုတဲ့
အဆင့်ဆယ့်နှစ်မှော်ဆေးလုံးပဲ ။
အရန်ဆေးပင်တွေကို ဦးလေးရှာနိုင်တယ်။
ဒါပေမယ့် အဲ့ဒီ့ဆေးပင်တွေထဲက
အဓိကဆေးပင်ရှစ်မျိုးက တကယ်ရှာရခက်တယ်။
ဆေးပင်တွေက အဆင့်ဆယ့်တစ်ကနေ
ဆယ့်နှစ်ထိရှိတဲ့ဟာတွေ။ မင်းတို့ကိုစာရင်း
တစ်ခုကူးပေးမယ်လေ။ ကျသင့်ငွေအားလုံးကို
ချန်မဟာမိတ်ကခံမှာပါ။ ဆေးလုံးဖော်စပ်နည်း
အတွက် လူတွေဆက်လွှတ်ထားပါ့မယ်။
နောက်တစ်ခါထပ်မဆွေးနွေးခင်
မှော်ဆေးပင်တွေအားလုံး အရင်စုံအောင်
ရှာထားရအောင်"
သံသရာ ဆေးလုံး?
ယူရှောင်းမို ကြားတောင်မကြားဖူးဘူး။
ဒါပေမယ့်လည်း မျှော်လင့်ချက်ရောင်ခြည်လေး
ရှိနေမှတော့ ဆေးဖော်စပ်နည်းမရှိခဲ့ရင်တောင်
ဘာမှမလုပ်ဘဲထိုင်နေပြီး
နောက်မှနောင်တရနေရမှာထက်စာရင်တော့
ကြိုတင်ပြင်ဆင်ထားတာပိုကောင်းပေမည်။
ဖူချန်ချုံးက မှော်ဆေးပင်ရှစ်မျိုးကို
အထူးတလည်ရွေးထုတ်ထားပြီး
ဆေးပင်ထည့်ထားသည့် ကျောက်စိမ်းသေတ္တာကို
ယူရှောင်းမိုဆီ တစ်ခါတည်းပေးလိုက်လေသည်။
ယူရှောင်းမိုက တစ်ချက်ကြည့်လိုက်သည်။
ဒီဆေးပင်တွေက အဆင့်ဆယ့်တစ်နဲ့ဆယ့်နှစ်လို့
ခေါ် ဖို့ တကယ်ကိုထိုက်တန်ပါပေတယ်။
သူတစ်မျိုးမှမကြားဖူးဘူး၊ နာမည်တွေကလည်း
အရမ်းထူးဆန်းလှသည်။ ဥပမာအနေနဲ့
အရိုးခေါင်းပေါ် မှာတက်ပေါက်တဲ့ ဘာတစ္ဆေအပင်
ဆိုလားရှိသေးတယ်။ ဒီကမ္ဘာပေါ် မှာ
အသက်ရှင်နေတဲ့သတ္တဝါတွေအများကြီး
ရှိနေလို့ ဒီဆေးပင်ကရှားနေတာများလား?
ခဏကြာတော့ နှစ်ဦးသားက နှုတ်ဆက်လိုက်ကာ
အမ်မရမ်သိုင်းတောင်မှ ထွက်ခွာလာခဲ့ကြသည်။
သို့သော်လည်း သူတို့ကချန်မဟာမိတ်၏
နယ်မြေအတွင်းမှ ချက်ချင်းထွက်မသွားသေးဘဲ
ယင်ကောကိုသွားရှာကြ၏။ ဖုန်းချီယွင်ရဲ့
ခန္ဓာကိုယ်အား ထူးဆန်းတာတစ်ခုခု
လုပ်ထားလေသည်။ ယင်ကောနှင့်ကျန့်ယွီရွှမ်းက
ပြန်မဖြည်တတ်ကြချေ။ သူတို့သုံးယောက်က
ရွာလေးတစ်ရွာမှာ ပုန်းနေကြပြီး
သူတို့နဲ့ဆုံဖို့ နှစ်ရက်ကြာစောင့်နေခဲ့ကြသည်။
ထူထပ်လှသည့်ဝါးတောများဝန်းရံထားသည့်
ရွာလေးတွင် လူသားများသာ
နေထိုင်ကြ၏။ စိမ်းလန်းသည့်မြေပြင်ကျယ်ကြီးက
အလွန်မျက်စိပသာဒရှိလှကာ ဤနေရာမှာ
ပုန်းရှောင်ရန်နေရာကောင်းဖြစ်လေသည်။
သူတို့ရောက်သွားတဲ့အချိန်မှာ
ယင်ကောနဲ့ကျန့်ယွီရွှမ်းက ဖုန်းချီယွင်ဘေး
တစ်ဖက်စီတွင်ပူပင်စွာနဲ့ဝိုင်းထားကြသည်။
ဖုန်းချီယွင်ကတော့ အသက်မပါတဲ့မျက်နှာနဲ့ ဗလာဖြစ်နေတဲ့မျက်ဝန်းများ ရှိနေဆဲပင်။
ပြောင်းလဲသွားတာကတော့ ယင်ကောက
သူ့မျက်နှာဖုံးနဲ့ ဖုန်းချီယွင်အား သွေးစွေးနီကလန်က
တပ်ပေးထားတဲ့မျက်နှာဖုံးကို ချွတ်ထားခြင်း
ဖြစ်သည်၊ သူ့ရဲ့ချောမောတဲ့မျက်နှာသွင်ပြင်
ပြန်ရလာ၏၊ ဟုတ်နေတာပဲ၊ လူချောတွေကို
ကြည့်ရတာ မျက်စိပိုအေးတယ်။
"သူဘယ်လိုနေလဲ?" ယူရှောင်းမိုက
ထိုနှစ်ယောက်ကြားတိုးဝင်လိုက်သည်။
တောင့်နေတဲ့ဖုန်းချီယွင်ကိုကြည့်ရင်း
လက်ဆန့်ပြီး သူ့ပါးပြင်ကိုထိုးကြည့်မိလိုက်သည်။
ယင်ကော၏အကြည့်က ဖုန်းချီယွင်ရဲ့ပါးကို
တို့နေတဲ့လက်ချောင်းပေါ် ရောက်သွား၏။
ကျန့်ယွီရွှမ်းက သွေးစွေးနီကလန်ရဲ့တပည့်ဆီကနေ
ယင်ကောရလာတဲ့ကျောက်စိမ်းသေတ္တာကို
ထုတ်လိုက်သည်၊ "သူကအရင်လိုပဲ။
ဒီသေတ္တာထဲကကူပိုးကောင်နဲ့ဆိုင်မယ်
ထင်တယ်"
(t/n; Wikipedia အရ ကူဆိုတာက
အဆိပ်ရှိသတ္တဝါတွေ(ကင်းခြေများ၊ မြွေ ၊
ကင်းမြီးကောက်) စတာတွေကို အလုံပိတ်ဘူးတဲ့
ထည့်ပိတ်ပြီး အဲ့ထဲမှာတစ်ကောင်နဲ့တစ်ကောင်
ဝါးမြိုစားသုံးကြရင်း အဆိပ်တွေက
အသက်ရှင်တဲ့တစ်ကောင်ဆီမှာ
စုသွားကြရာကနေပေါ် ပေါက်လာတဲ့
ဒဏ္ဍာရီလာအဆိပ်ပြင်းတဲ့အင်းဆက်မျိုးဖြစ်တယ်လို့
ဆိုပါတယ်။ ကူပိုးကောင်ကို လိင်ပါတနာတွေကို
ကြိုးကိုင်တာ၊ ကူးစက်တတ်တဲ့ရောဂါတွေ
ဖန်တီးတာနဲ့ သတ်ဖြတ်တာစတဲ့
မှော်နက်လေ့ကျင့်ခြင်းတွေမှာ သုံးကြပါတယ်။
ကူပိုးကောင်ဆိုတာကို မင်းရဲ့စိတ်ကိုစားသုံးပြီး
အသက်ရှင်တဲ့ကပ်ပါးပိုးအဖြစ်မြင်ယောင်
ကြည့်ပါ)
ယူရှောင်းမိုက သေတ္တာကိုလှမ်းယူဖို့ပြင်လိုက်သည်။
"ကူပိုးကောင်" ဆိုတာကိုကြားလိုက်တာနဲ့
ချက်ချင်းလက်ပြန်ရုတ်လိုက်ကာ
လျှာကိုက်မိသွားသည်၊ "မဖြစ်နိုင်တာ!
ကူပိုးကောင်?"
သူ့နောက်ကနေ လင်းရှောင်ရဲ့လက်
ထွက်လာသည်။ သူကသေတ္တာကို
ယူလိုက်ကာ အဖုံးဖွင့်ကြည့်လိုက်သည်။
အထဲတွင် ပိုးကောင်ဝဝကြီးနှင့်တူသော
တလက်လက်တောက်ပနေသည့်
လက်မအရွယ် အဖြူရောင်ကူပိုးကောင်တစ်ကောင်
အမှန်ပင်ရှိနေ၏၊ ၎င်းကအေးစိမ့်သည့်
အငွေ့အသက်တစ်ခုထုတ်လွှင့်နေသည်။
ယူရှောင်းမိုက လည်ဆန့်ကြည့်လိုက်သည်၊
"ကူပိုးကောင်ရဲ့ရည်ရွယ်ချက်ကဘာလဲ?"
"ဒီကူပိုးကောင်ကိုသုံးပြီး
ဖုန်းချီယွင်ရဲ့လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်တယ်။
အာ့ကြောင့် ဒါကမိခင်ကူဖြစ်ပြီး
ဖုန်းချီယွင်ကိုယ်ထဲကအကောင်က
ကလေးကူဖြစ်မယ်လို့ ထင်တယ်။
အဲ့ကောင်ကိုထုတ်ဖို့ နည်းလမ်းပေါင်းစုံ
ကြိုးစားကြည့်ပေမယ့် အလုပ်မဖြစ်ဘူး။
အရမ်းလှုပ်ရှားလွန်းလို့ ကလေးကူက
မသက်မသာဖြစ်လာရင် လက်ခံကိုယ်ကို
အသက်အန္တရာယ်ရှိစေလိမ့်မယ်"
ကျန့်ယွီရွှမ်းက ရှင်းပြလိုက်သည်။
"ကြည့်ကြည့်ရအောင်" လင်းရှောင်က
ကျောက်စိမ်းသေတ္တာကို ယူရှောင်းမိုဆီ
ပေးလိုက်သည်။
ယင်ကောနှင့် ကျန့်ယွီရွှမ်းကဘေးဖယ်ပေးလိုက်
သည်။
လင်းရှောင် ချည်းကပ်လာသည်နှင့်
ဖုန်းချီယွင်၏ကိုယ်က ရုတ်ခြည်း
တုန်ရီလာ၏။ ထို့နောက် သူ့လက်ချောင်းများက
တွန့်လိမ်လာပြီး၊ နောက်တွင် သူ့ကိုယ်ကပါ
တွန့်လိမ်လာလေသည်။ ဖုန်းချီယွင်ဟာ
မသက်မသာခံစားနေရသလိုပင်။
လင်းရှောင်က နောက်ပြန်ဆုတ်လိုက်သည်။
ဖုန်းချီယွင်ရဲ့ခန္ဓာကိုယ်က ပြန်လည်ငြိမ်ကျ
သွားတော့သည်။
"ဘာဖြစ်နေတာလဲ?" ယင်ကောက
စိုးရိမ်ကြောင့်ကြသွားသည်။
ကျန့်ယွီရွှမ်း-" ကလေးကူက လင်းရှောင်ရဲ့
ခွန်အားကိုခံစားနိုင်လို့ကြောက်နေတာများလား?"
"အဲ့တာကလေးကူမဟုတ်ဘူး။
နှလုံးဆက်နွယ်ကူလို့ခေါ် တဲ့ ကူဘုရင်တစ်မျိုး
ဖြစ်မယ်။ နှလုံးဆက်နွယ်ကူကို
အထီးတစ်ကောင် အမတစ်ကောင်ဆိုပြီး
အခြမ်းနှစ်ခြမ်းနဲ့လုပ်ထားတာ။ သူတို့ကို
လူတွေဖန်တီးထားတာမလို့ နတ်ဆိုးသားရဲလို့
ခေါ် လို့မရဘူး။ ဒါ့အပြင်ကို နှလုံးဆက်နွယ်ကူကို
ဖန်တီးနိုင်ဖို့ လိုအပ်ချက်တွေက အရမ်း
များတယ်၊ ဒါပေမယ့်အောင်မြင်သွားခဲ့ရင်တော့
စွမ်းအားကြီးလက်နက်ဖြစ်လာလိမ့်မယ်"
"ထိန်းချုပ်ခံရတာအပြင် အမကူပိုးကောင်ကို
မွေးမြူထားရတဲ့လူရဲ့ကျင့်ကြံဆင့်က
တဖြည်းဖြည်းချင်း ဝါးမြိုခံရလိမ့်မယ်။
အမကူကဝါးမြိုထားတဲ့ကျင့်ကြံခြင်းကို
နှလုံးဆက်နွယ်မှုကတစ်ဆင့် အထီးကူဆီ
ပို့ပေးတယ်။ နောက်ဆုံးကျရင် သူတို့သခင်က
အထီးကူကနေတစ်ဆင့် သူတို့ကျင့်ကြံဆင့်ကို
ကိုယ်ပိုင်အဖြစ်လုပ်ယူလို့ရတယ်။ ကျင့်ကြံခြင်းကို
အပြည့်အဝစားသောက်ပြီးတဲ့အခါ
အမကူက လက်ခံကိုယ်မသေမချင်း
သူ့အသက်ကိုဆက်ဝါးမြိုလိမ့်မယ်"
အားနည်းချက်ကိုပြပါဆိုလျှင်တော့
အမကူရှိနေသည့်လူသည် အထီးကူနောက်သာ
လိုက်နိုင်ခြင်းပင်။ ၎င်းကိုလက်ခံလိုက်သည်မှ
မဟုတ်လျှင် အထီးကူသွားရာနောက်
တကောက်ကောက်လိုက်နေရမည်ပင်။
သို့သော်ငြား ၎င်းကိုလက်ခံလိုက်သည်နှင့်
ထာဝရတည်မြဲနေတော့မည်ဖြစ်၏။
ထို့ကြောင့်ပင် သောက်အဖိုးကြီးယူကျန်ထျန်းက
တပည့်တစ်ယောက်ကို အထီးကူသယ်ဖို့
ခွင့်ပြုထားရခြင်းဖြစ်ပေမည်။
ယူရှောင်းမိုက တံတွေးမြိုချမိသွားသည်၊
ကြောက်ဖို့ကောင်းလိုက်တာ။
"အဲ့တာကိုဖယ်ဖို့နည်းမရှိဘူးလား?"
လင်းရှောင်-"အထီးကူရှိနေသရွေ့ အမကူကို
မြှားထုတ်လို့ရတယ်။ ဒါပေမယ့်....."
ယင်ကောက ကတိုက်ကရိုက်မေးလိုက်သည်၊
"ဒါပေမယ့် ဘာလဲ?"
"နှလုံးဆက်နွယ်ကူက တကယ်တော့
အထောက်အပံ့ကြီးတစ်ခုပဲကွ။ တစ်ယောက်ကို
တစ်ယောက်တကယ်ချစ်ကြတဲ့လူနှစ်ဦးက
နှလုံးဆက်နွယ်ကူတစ်ကောင်စီ
လက်ခံပြီး လိင်စပ်ယှက်ခဲ့ရင်
နှလုံးဆက်နွယ်ကူကိုသန့်စင်သလို
ဖြစ်သွားပြီး ပုံဖော်မရလောက်တဲ့အဆင့်တစ်ခုထိ
ရောက်နိုင်လိမ့်မယ်" နှလုံးဆက်နွယ်ကူ
အကြောင်းကို လင်းရှောင်ခဏခဏကြားဖူးသည်။
'လိင်စပ်ယှက်' သည်ဆိုသည့်စကားကိုကြားတော့
ယူရှောင်းမိုနဲ့ကျန့်ယွီရွှမ်းက ယင်ကောကို
ကြည့်မိသွားသည်။ ယင်ကောရဲ့အမူအရာက
သူနဲ့မဆိုင်သလိုပင် ပြောင်းလဲသွားခြင်းမရှိ။
လင်းရှောင်ကအေးအေးဆေးဆေး
အကြံပေးလိုက်သည်၊ "ငါ့အမြင်အရတော့
နှလုံးဆက်နွယ်ကူကို အမြန်ဆုံးသန့်စင်သင့်တယ်။
ဒါကို ယူကျန်ထျန်းဖန်တီးထားတာဆိုရင်
အမှတ်အသားထား ထားဖို့များတယ်။
အခုသူနဲ့အလှမ်းဝေးနေလို့ရှာမတွေ့နိုင်သေးတာ
ဖြစ်ကောင်းဖြစ်နိုင်တယ် ၊ ဒါပေမယ့်
အနာဂတ်ကျရင်တော့ ဒီလိုဖြစ်နေအုန်းမယ်လို့
မပြောနိုင်ဘူး"
ပတ်ဝန်းကျင်က တစ်ခဏချင်းမှာပင်
မှောင်မှိုင်းလာတော့သည်။ ယင်ကောကကြမ်းရှရှ
အသံဖြင့်မေးလာ၏၊ "ငါဘယ်လိုလုပ်သင့်လဲ?"
လင်းရှောင်က ဖုန်းချီယွင်ဆီလျှောက်သွား
လိုက်ပြီး သူမတုန်ခင် ပုခုံးကိုဆုပ်ကိုင်လိုက်သည်။
ဒီတစ်ကြိမ်တွင်တော့ ဖုန်းချီယွင်က
နေမရထိုင်မရလျှောက်မလှုပ်တော့ပေ၊
"သူ့ကိုယ်ထဲကအမကူကို ထိန်းထားဖို့
နည်းရှာပြီး သူ့ကိုနှိုးလိုက်မယ်။ သူနဲ့အဲ့ဒီ့အချိန်မှာ
ဆွေးနွေးလို့ရတယ်၊ ဒါပေမယ့် မင်းတို့နှစ်ယောက်လုံး
မှာ ဆယ့်ငါးမိနစ်ပဲအချိန်ရမယ်"
ယင်ကောက ခေါင်းညိမ့်ပြလိုက်သည်။
အမကူက မီးကြောက်သည်။
အထူးသဖြင့် ကျိယန်နတ်ဘုရားမီးလျှံပင်။
(t/n; ကျိယန်= ယန်အထွတ်အထိပ်။
ယန်သည် အဖိုစွမ်းအင်ဖြစ်ကာ မီးကို
ယန်စွမ်းအင်အဖြစ်
ယူဆကြသည်။ ဆန့်ကျင်ဘက်မှာ
အမစွမ်းအင်ယင်ဖြစ်ကာ အေးစိမ့်သည့်အရာများကို
ယင်စွမ်းအင်အဖြစ်ယူဆသည်)
လင်းရှောင်က အမကူကို ဖုန်းချီယွင်ရဲ့ကိုယ်
ထောင့်တစ်နေရာသို့ ချီလင်နတ်ဘုရားမီးလျှံနှင့်
ဆွဲလိုက်သည်။ ထို့နောက် မီးလျှံအပိုင်းတစ်ခုနဲ့
၎င်းကိုဝန်းရံလိုက်ပြီး အခုလောလောဆယ်အတွက်
ဖမ်းထားလိုက်သည်၊ ထို့ကြောင့် ၎င်းမှာ
နောက်ဆုတ်ရုံကလွဲ၍ရွေးချယ်စရာမရှိတော့ချေ။
"ဘယ်လိုလဲ?" ယူရှောင်းမိုက စိတ်လှုပ်ရှားပုံ
မပေါက်စေရန်အကောင်းဆုံးကြိုးစားလိုက်သည်။
လင်းရှောင်က ပြန်မဖြေလိုက်ချေ၊
အိပ်ယာပေါ် ရှိဖုန်းချီယွင်က ညည်းညူလိုက်၏။
ယူရှောင်းမိုက တစ်ချက်လောက်ကြည့်နိုင်ရန်
အလို့ငှာ လည်ပင်းဆန့်လိုက်သည်။
လင်းရှောင်က သူ့ကိုကောက်ချီလိုက်ပြီး
ထွက်သွားလိုက်သည်၊ "သူတို့ကို
နှောင့်ယှက်မနေနဲ့။ မင်းကြည့်ချင်ရင်
နောက်တော့မှ ကိုယ်လုပ်ပေးမယ်လေ"
ချစ်ခင်မှုများဖြင့်တိုးဝှေ့နေခဲ့သည့် ယူရှောင်းမိုရဲ့
သွေးများမှာ ချက်ချင်းပင်သုညသို့
ပြန်ကျသွား၏၊ လင်းရှောင်က
သူ့ကိုသယ်ထုတ်သွားရာ ပျော့တိပျော့ဖတ်နှင့်
ပါသွားလေတော့သည်။
ကျန့်ယွီရွှမ်းက သူတို့နောက်လိုက်သွားလိုက်ကာ
သစ်သားအိမ်လေးရဲ့တံခါးကို ပိတ်လိုက်သည်။
သစ်သားအိမ်လေးထဲတွင်.........
ယင်ကောက သူနေ့နေ့ညညတမ်းတနေခဲ့ရသူအား
ငေးကြည့်နေသည်။ သူတို့တွေအကြာကြီး
ခွဲခွာခဲ့ရပြီးနောက်တော့ ဖုန်းချီယွင်က
သူ့ရှေ့ပြန်ပေါ် လာခဲ့ပြီ။ သူက
အတွင်းထဲကစိတ်ခံစားချက်များကို
ထုတ်ပြရာ၌တော်သည့်လူမဟုတ်ပါချေ၊
ဆန့်ကျင်ဘက်အနေဖြင့် လက်ရှိအချိန်တွင်
သူ့နှလုံးသားထဲကလှိုက်မောမှုများက
တည်ငြိမ်သွား၏။
_______________
Zawgyi
အပိုင္း၄၇၈- ႏွလံုးဆက္ႏြယ္ကူ
အဆံုးတြင္ေတာ့ အျဖဴဝတ္လူမွာ
မလြတ္ခဲ့ပါေခ်။ သူ႔မွာ ေသြးေစြးနီကလန္ႏွင့္
ရန္ႃငွိုးရိွပံုရေသာ္ျငား တားျမစ္နယ္ေျမ၌
အက်ဉ္းခ်ခံထားရသၫ့္အေၾကာင္းအရင္းကို
ယူေရွာင္းမိုေတြးလိုက္မိသည္ႏွင့္
လႊတ္ေပးခ်င္စိတ္ တစ္စက္မွမရိွေတာ့ေပ။
ယူေရွာင္းမိုက အျဖဴဝတ္လူႏွင့္သူ႔တြင္
ေသြးသားေတာ္စပ္မႈမရိွဟု တစ္ဖက္သတ္ေတြး
လိုက္သည္။ သူတို႔အလြန္တရာရုပ္ခ်င္းဆင္
ေနရသၫ့္အေၾကာင္းကိုေတာ့ ေသြးမ်ိဳးဆက္၏
မ်ိဳးရိုးဗီဇမ်ားအေပၚ အျပစ္ပံုခ်လိုက္ေလသည္။
မ်ိဳးဆက္တစ္ဆက္ႏွစ္ဆက္ေက်ာ္ၿပီးေနာက္တြင္
ဘိုးေဘးမ်ား၏ရုပ္ရည္သြင္ျပင္ႏွင့္
ျပန္ဆင္ျခင္းႏွင့္ တူသည္။
ဤဥပမာမွာ အေျခအျမစ္မရိွတာေတာ့
မဟုတ္ေပ။
သူ႔ရဲ့ အားက်ီပံုစံကိုယ့္ကိုယ္ကိုေျဖသိမ့္ျခင္းကို
ရွားရွားပါးပါးပင္ လင္းေရွာင္ကဘာမွ
ျပန္မေျပာေခ်။
(t/n; အားက်ီက လုရႊင္ေရးတဲ့ အားက်ီရဲ့
ျဖစ္ရပ္မွန္ဆိုတဲ့ အခန္းဆက္ဝတၴုျဖစ္ပါတယ္။
အားက်ီဟာ 'စိတ္ပိုင္းဆိုင္ရာအႏိုင္ပဲြ' ေတြေၾကာင့္
ေက်ာ္ၾကားၿပီး ၊ အလြန္တရာရႈံးနိမ့္အေစာ္ကား
ခံေနရရင္ေတာင္ ကိုယ့္ကိုယ္ကိုေျဖသိမ့္လွၫ့္စား
တဲ့ေနရာမွာဆရာႀကီးေပါ့။ အားက်ီက
သူ႔ထက္ကံဆိုးသူေတြကိုအႏိုင္က်င့္ၿပီး
သူ႔ထက္အင္အားႀကီးသူေတြကိုေတာ့
ေၾကာက္ပါတယ္။ သူ႔ကိုဖိႏိွပ္သူေတြရဲ့
အာဏာဆန္မႈေတြကို သူအရႈံးေပးရေပမယ့္
သူ႔ကိုယ္သူကိုေတာ့ စိတ္ပိုင္းဆိုင္ရာအရ
'ပိုျမင့္တယ္' လို႔ေတြးပါတယ္)
သူတို႔က အမ္မရမ္သိုင္းေတာင္တြင္
ႏွစ္ရက္ၾကာေနခဲ့သည္။ ႏွစ္ဦးသားက
ထပ္ေနခ်င္စိတ္မရိွေတာ့ဘဲ ရႈန္းေရွာင္တို႔ကို
ႏႈတ္ဆက္ဖို႔ျပင္ေနၾကသည္။
သူတို႔ေတြထြက္သြားေတာ့မယ္ဆိုတာၾကား
လိုက္ရေတာ့ ေဝ့ပိုင္က ဖူခ်န္ခ်ဳံးကို
ေခၚ သြားေပးဖို႔ အေလာတႀကီးေတာင္းဆို
လိုက္သည္။
သူတို႔ခဲြခြာရမယ့္လမ္းဆံုမွာ ေဝ့ပိုင္က
ယူေရွာင္းမိုရဲ့လက္ကိုဆုပ္ကိုင္လိုက္တယ္၊
"ငါတို႔ျပန္မေတြ့ႏိုင္ခင္ ႏွစ္ေတြဘယ္ေလာက္
ၾကာဦးမလဲမသိႏိုင္ဘူး။ ျဖစ္ႏိုင္မယ္ဆိုရင္
ငါေမ်ွာ္လင့္တာက......"
"အဲ့တာက...." ယူေရွာင္းမိုက သူ႔ကို
ျဖတ္ေျပာလိုက္ေလသည္၊
"ကၽြန္ေတာ္က ေနာက္လအနည္းငယ္အတြင္း
ေရွာင္ေယာင္တကၠသိုလ္မွာပဲရိွေနမွာ.....
အကိုကၽြန္ေတာ့္ကိုေတြ့ခ်င္ရင္ နယ္ေျမျပောင္း
အေဆာင္လက္ဖဲြ႔သံုးၿပီး ဘယ္ခ်ိန္မဆို
လာေတြ့လို႔ရတယ္"
ေဝ့ပိုင္-"......."
အခက္အခဲမ်ားၾကားမွ အစပ်ိဳးလာခဲ့ေသာ
စိတ္ခံစားခ်က္ေလးမွာ ရုတ္တရက္ႀကီး
အေနွာင့္ယွက္ခံလိုက္ရေလသည္။
လင္းေရွာင္ မမွားပါေခ်၊ ယူေရွာင္းမိုက
စိတ္ေကာင္းဝင္ေနရင္
လာဖ်က္တဲ့ေနရာမွာဆရာႀကီးပင္။
"မင္းတို႔ႏွစ္ေယာက္စလံုးကို ေတာင္းဆိုစရာ
ရိွတယ္" ဖူခ်န္ခ်ဳံးမွာ သူ႔ခ်စ္တပၫ့္ေလး
ရွက္ေနတာကိုမၾကၫ့္ႏိုင္ေတာ့သည္မို႔
ထရပ္ၿပီး ေျပာလိုက္သည္၊ "ငါ့တပၫ့္ငယ္ေလးရဲ့
ဒဏ္ရာေတြအေၾကာင္း မင္းတို႔သိၿပီးၿပီ
ထင္ပါတယ္၊ သူ႔ကိုႏွစ္ႏွစ္ရာေက်ာ္ၾကာၿပီး
တာေတာင္ကုသမေပးႏိုင္ခဲ့ဘူး၊
မၾကာေသးခင္ကမွ ေမွာ္ေဆးလံုးအမ်ိဳးအစား
တစ္ခုကိုရွာေတြ့ထားတာ၊ အဲ့တာက
တပၫ့္ငယ္ေလးရဲ့ဒဏ္ရာေတြကို
ကုသေပးႏိုင္ရံုတင္မဟုတ္ဘဲ သူဒဏ္ရာမရခင္
တုန္းက အေျခအေနကိုလည္းျပန္ေပးႏိုင္တယ္"
ေဝ့ပိုင္မွာ အံ့အားသင့္သြား၏၊ ဒီအေၾကာင္းကို
သူမသိရေသးေပ။
လင္းေရွာင္က အမူအရာေျပာင္းလဲျခင္းမရိွ
ေမးလိုက္သည္၊ "မဟာမိတ္ေခါင္းေဆာင္ဖူ
ေျပာေနတာ ဘယ္လိုေဆးလံုးမ်ိဳးပါလဲ?"
"အဲ့တာက ေျခာက္ေရာင္ျခယ္ေဆးလံုးမ်ိဳးပါ"
ဖူခ်န္ခ်ဳံးရဲ့အၾကၫ့္က ယူေရွာင္းမိုဆီ
ေရာက္သြားၿပီး အားတက္စြာနဲ႔ခ်ီးက်ူး
လိုက္သည္၊ "မင္းမွာ ခုနစ္ေရာင္ျခယ္စိတ္ဝိဉာဉ္
ရိွတယ္လို႔ၾကားတယ္။ မင္းက ငယ္ငယ္ရြယ္ရြယ္
ေလးနဲ႔ အဆင့္တစ္ဆယ္ေမွာ္ဆရာျဖစ္ေနၿပီ၊
က်င့္ႀကံတာလဲၾကာေသးဦးမွာမဟုတ္ဘူး၊
မင္းရဲ့အနာဂတ္ကေတာ့ အကန႔္အသတ္
ရိွမွာမဟုတ္ဘူးပဲ၊ တစ္ေန့ေန့က်ရင္
ေျခာက္ေရာင္ျခယ္ေဆးလံုးသန႔္စင္ႏိုင္မယ္လို႔
ဦးေလးယံုတယ္"
နတ္ဘုရားအဆင့္က်င့္ႀကံသူတစ္ဦးက
ခ်ီးက်ူးျခင္းျဖစ္ရာ ယူေရွာင္းမိုမွာ
စိတ္အားမတက္ပဲမေနႏိုင္ေတာ့။
လင္းေရွာင္က မ်က္ခံုးတစ္ဖက္ပင့္လိုက္သည္၊
"အခေက်းေငြ?"
ဖူခ်န္ခ်ဳံးက ႃပံုးမိသြားသည္၊
"မေက်မနပ္မျဖစ္ေစရပါဘူး"
သူတို႔ဘာသာ တိတ္တိတ္ေလးပူးေပါင္းေနၾကတာ
ျမင္ေတာ့ ယူေရွာင္းမိုကၾကားျဖတ္လိုက္သည္၊
"ကၽြန္ေတာ့္မွာ အစြမ္းအစရိွရင္ေတာင္
ေဆးေဖာ္စပ္နည္းတို႔ ၊ ေမွာ္ေဆးပင္တို႔မရိွဘဲ
ေျခာက္ေရာင္ျခယ္ေဆးလံုးမလုပ္ႏိုင္ဘူး။
မဟာမိတ္ေခါင္းေဆာင္ဖူ ၊ ဦးေလးမွာ
ေျခာက္ေရာင္ျခယ္ေဆးလံုးအတြက္
ေဖာ္စပ္နည္းရိွလား?"
ဖူခ်န္ခ်ဳံးက ကူကယ္ရာမဲ့မဲ့နဲ႔ေခါင္းယမ္းလိုက္သည္၊
"အဲ့ဒီ့ေျခာက္ေရာင္ျခယ္ေဆးလံုးကို
သံသရာေဆးလံုးလို႔ေခၚ တယ္ဆိုတာပဲ
သိတာ ။ အဲ့တာက ေမွာ္ေဆးပင္
တစ္ရာနဲ႔သံုးဆယ့္ေလးမ်ိဳးလိုတဲ့
အဆင့္ဆယ့္ႏွစ္ေမွာ္ေဆးလံုးပဲ ။
အရန္ေဆးပင္ေတြကို ဦးေလးရွာႏိုင္တယ္။
ဒါေပမယ့္ အဲ့ဒီ့ေဆးပင္ေတြထဲက
အဓိကေဆးပင္ရွစ္မ်ိဳးက တကယ္ရွာရခက္တယ္။
ေဆးပင္ေတြက အဆင့္ဆယ့္တစ္ကေန
ဆယ့္ႏွစ္ထိရိွတဲ့ဟာေတြ။ မင္းတို႔ကိုစာရင္း
တစ္ခုကူးေပးမယ္ေလ။ က်သင့္ေငြအားလံုးကို
ခ်န္မဟာမိတ္ကခံမွာပါ။ ေဆးလံုးေဖာ္စပ္နည္း
အတြက္ လူေတြဆက္လႊတ္ထားပါ့မယ္။
ေနာက္တစ္ခါထပ္မေဆြးေနြးခင္
ေမွာ္ေဆးပင္ေတြအားလံုး အရင္စံုေအာင္
ရွာထားရေအာင္"
သံသရာ ေဆးလံုး?
ယူေရွာင္းမို ၾကားေတာင္မၾကားဖူးဘူး။
ဒါေပမယ့္လည္း ေမ်ွာ္လင့္ခ်က္ေရာင္ျခည္ေလး
ရိွေနမွေတာ့ ေဆးေဖာ္စပ္နည္းမရိွခဲ့ရင္ေတာင္
ဘာမွမလုပ္ဘဲထိုင္ေနၿပီး
ေနာက္မွေနာင္တရေနရမွာထက္စာရင္ေတာ့
ႀကိဳတင္ျပင္ဆင္ထားတာပိုေကာင္းေပမည္။
ဖူခ်န္ခ်ဳံးက ေမွာ္ေဆးပင္ရွစ္မ်ိဳးကို
အထူးတလည္ေရြးထုတ္ထားၿပီး
ေဆးပင္ထၫ့္ထားသၫ့္ ေက်ာက္စိမ္းေသတၲာကို
ယူေရွာင္းမိုဆီ တစ္ခါတည္းေပးလိုက္ေလသည္။
ယူေရွာင္းမိုက တစ္ခ်က္ၾကၫ့္လိုက္သည္။
ဒီေဆးပင္ေတြက အဆင့္ဆယ့္တစ္နဲ႔ဆယ့္ႏွစ္လို႔
ေခၚ ဖို႔ တကယ္ကိုထိုက္တန္ပါေပတယ္။
သူတစ္မ်ိဳးမွမၾကားဖူးဘူး၊ နာမည္ေတြကလည္း
အရမ္းထူးဆန္းလွသည္။ ဥပမာအေနနဲ႔
အရိုးေခါင္းေပၚ မွာတက္ေပါက္တဲ့ ဘာတစၧေအပင္
ဆိုလားရိွေသးတယ္။ ဒီကမ႓ာေပၚ မွာ
အသက္ရွင္ေနတဲ့သတၲဝါေတြအမ်ားႀကီး
ရိွေနလို႔ ဒီေဆးပင္ကရွားေနတာမ်ားလား?
ခဏၾကာေတာ့ ႏွစ္ဦးသားက ႏႈတ္ဆက္လိုက္ကာ
အမ္မရမ္သိုင္းေတာင္မွ ထြက္ခြာလာခဲ့ၾကသည္။
သို႔ေသာ္လည္း သူတို႔ကခ်န္မဟာမိတ္၏
နယ္ေျမအတြင္းမွ ခ်က္ခ်င္းထြက္မသြားေသးဘဲ
ယင္ေကာကိုသြားရွာၾက၏။ ဖုန္းခ်ီယြင္ရဲ့
ခႏၶာကိုယ္အား ထူးဆန္းတာတစ္ခုခု
လုပ္ထားေလသည္။ ယင္ေကာႏွင့္က်န႔္ယီြရႊမ္းက
ျပန္မျဖည္တတ္ၾကေခ်။ သူတို႔သံုးေယာက္က
ရြာေလးတစ္ရြာမွာ ပုန္းေနၾကၿပီး
သူတို႔နဲ႔ဆံုဖို႔ ႏွစ္ရက္ၾကာေစာင့္ေနခဲ့ၾကသည္။
ထူထပ္လွသၫ့္ဝါးေတာမ်ားဝန္းရံထားသၫ့္
ရြာေလးတြင္ လူသားမ်ားသာ
ေနထိုင္ၾက၏။ စိမ္းလန္းသၫ့္ေျမျပင္က်ယ္ႀကီးက
အလြန္မ်က္စိပသာဒရိွလွကာ ဤေနရာမွာ
ပုန္းေရွာင္ရန္ေနရာေကာင္းျဖစ္ေလသည္။
သူတို႔ေရာက္သြားတဲ့အခ်ိန္မွာ
ယင္ေကာနဲ႔က်န႔္ယီြရႊမ္းက ဖုန္းခ်ီယြင္ေဘး
တစ္ဖက္စီတြင္ပူပင္စြာနဲ႔ဝိုင္းထားၾကသည္။
ဖုန္းခ်ီယြင္ကေတာ့ အသက္မပါတဲ့မ်က္ႏွာနဲ႔ ဗလာျဖစ္ေနတဲ့မ်က္ဝန္းမ်ား ရိွေနဆဲပင္။
ေျပာင္းလဲသြားတာကေတာ့ ယင္ေကာက
သူ႔မ်က္ႏွာဖံုးနဲ႔ ဖုန္းခ်ီယြင္အား ေသြးေစြးနီကလန္က
တပ္ေပးထားတဲ့မ်က္ႏွာဖံုးကို ခၽြတ္ထားျခင္း
ျဖစ္သည္၊ သူ႔ရဲ့ေခ်ာေမာတဲ့မ်က္ႏွာသြင္ျပင္
ျပန္ရလာ၏၊ ဟုတ္ေနတာပဲ၊ လူေခ်ာေတြကို
ၾကၫ့္ရတာ မ်က္စိပိုေအးတယ္။
"သူဘယ္လိုေနလဲ?" ယူေရွာင္းမိုက
ထိုႏွစ္ေယာက္ၾကားတိုးဝင္လိုက္သည္။
ေတာင့္ေနတဲ့ဖုန္းခ်ီယြင္ကိုၾကၫ့္ရင္း
လက္ဆန႔္ၿပီး သူ႔ပါးျပင္ကိုထိုးၾကၫ့္မိလိုက္သည္။
ယင္ေကာ၏အၾကၫ့္က ဖုန္းခ်ီယြင္ရဲ့ပါးကို
တို႔ေနတဲ့လက္ေခ်ာင္းေပၚ ေရာက္သြား၏။
က်န႔္ယီြရႊမ္းက ေသြးေစြးနီကလန္ရဲ့တပၫ့္ဆီကေန
ယင္ေကာရလာတဲ့ေက်ာက္စိမ္းေသတၲာကို
ထုတ္လိုက္သည္၊ "သူကအရင္လိုပဲ။
ဒီေသတၲာထဲကကူပိုးေကာင္နဲ႔ဆိုင္မယ္
ထင္တယ္"
(t/n; Wikipedia အရ ကူဆိုတာက
အဆိပ္ရိွသတၲဝါေတြ(ကင္းေျခမ်ား၊ ႁမြေ ၊
ကင္းၿမီးေကာက္) စတာေတြကို အလံုပိတ္ဘူးတဲ့
ထၫ့္ပိတ္ၿပီး အဲ့ထဲမွာတစ္ေကာင္နဲ႔တစ္ေကာင္
ဝါးၿမိဳစားသံုးၾကရင္း အဆိပ္ေတြက
အသက္ရွင္တဲ့တစ္ေကာင္ဆီမွာ
စုသြားၾကရာကေနေပၚ ေပါက္လာတဲ့
ဒ႑ာရီလာအဆိပ္ျပင္းတဲ့အင္းဆက္မ်ိဳးျဖစ္တယ္လို႔
ဆိုပါတယ္။ ကူပိုးေကာင္ကို လိင္ပါတနာေတြကို
ႀကိဳးကိုင္တာ၊ ကူးစက္တတ္တဲ့ေရာဂါေတြ
ဖန္တီးတာနဲ႔ သတ္ျဖတ္တာစတဲ့
ေမွာ္နက္ေလ့က်င့္ျခင္းေတြမွာ သံုးၾကပါတယ္။
ကူပိုးေကာင္ဆိုတာကို မင္းရဲ့စိတ္ကိုစားသံုးၿပီး
အသက္ရွင္တဲ့ကပ္ပါးပိုးအျဖစ္ျမင္ေယာင္
ၾကၫ့္ပါ)
ယူေရွာင္းမိုက ေသတၲာကိုလွမ္းယူဖို႔ျပင္လိုက္သည္။
"ကူပိုးေကာင္" ဆိုတာကိုၾကားလိုက္တာနဲ႔
ခ်က္ခ်င္းလက္ျပန္ရုတ္လိုက္ကာ
လ်ွာကိုက္မိသြားသည္၊ "မျဖစ္ႏိုင္တာ!
ကူပိုးေကာင္?"
သူ႔ေနာက္ကေန လင္းေရွာင္ရဲ့လက္
ထြက္လာသည္။ သူကေသတၲာကို
ယူလိုက္ကာ အဖံုးဖြင့္ၾကၫ့္လိုက္သည္။
အထဲတြင္ ပိုးေကာင္ဝဝႀကီးႏွင့္တူေသာ
တလက္လက္ေတာက္ပေနသၫ့္
လက္မအရြယ္ အျဖဴေရာင္ကူပိုးေကာင္တစ္ေကာင္
အမွန္ပင္ရိွေန၏၊ ၄ကေအးစိမ့္သၫ့္
အေငြ့အသက္တစ္ခုထုတ္လႊင့္ေနသည္။
ယူေရွာင္းမိုက လည္ဆန႔္ၾကၫ့္လိုက္သည္၊
"ကူပိုးေကာင္ရဲ့ရည္ရြယ္ခ်က္ကဘာလဲ?"
"ဒီကူပိုးေကာင္ကိုသံုးၿပီး
ဖုန္းခ်ီယြင္ရဲ့လႈပ္ရွားမႈေတြကို ထိန္းခ်ဳပ္ႏိုင္တယ္။
အာ့ေၾကာင့္ ဒါကမိခင္ကူျဖစ္ၿပီး
ဖုန္းခ်ီယြင္ကိုယ္ထဲကအေကာင္က
ကေလးကူျဖစ္မယ္လို႔ ထင္တယ္။
အဲ့ေကာင္ကိုထုတ္ဖို႔ နည္းလမ္းေပါင္းစံု
ႀကိဳးစားၾကၫ့္ေပမယ့္ အလုပ္မျဖစ္ဘူး။
အရမ္းလႈပ္ရွားလြန္းလို႔ ကေလးကူက
မသက္မသာျဖစ္လာရင္ လက္ခံကိုယ္ကို
အသက္အႏၲရာယ္ရိွေစလိမ့္မယ္"
က်န႔္ယီြရႊမ္းက ရွင္းျပလိုက္သည္။
"ၾကၫ့္ၾကၫ့္ရေအာင္" လင္းေရွာင္က
ေက်ာက္စိမ္းေသတၲာကို ယူေရွာင္းမိုဆီ
ေပးလိုက္သည္။
ယင္ေကာႏွင့္ က်န႔္ယီြရႊမ္းကေဘးဖယ္ေပးလိုက္
သည္။
လင္းေရွာင္ ခ်ည္းကပ္လာသည္ႏွင့္
ဖုန္းခ်ီယြင္၏ကိုယ္က ရုတ္ျခည္း
တုန္ရီလာ၏။ ထို႔ေနာက္ သူ႔လက္ေခ်ာင္းမ်ားက
တြန႔္လိမ္လာၿပီး၊ ေနာက္တြင္ သူ႔ကိုယ္ကပါ
တြန႔္လိမ္လာေလသည္။ ဖုန္းခ်ီယြင္ဟာ
မသက္မသာခံစားေနရသလိုပင္။
လင္းေရွာင္က ေနာက္ျပန္ဆုတ္လိုက္သည္။
ဖုန္းခ်ီယြင္ရဲ့ခႏၶာကိုယ္က ျပန္လည္ၿငိမ္က်
သြားေတာ့သည္။
"ဘာျဖစ္ေနတာလဲ?" ယင္ေကာက
စိုးရိမ္ေၾကာင့္ၾကသြားသည္။
က်န႔္ယီြရႊမ္း-" ကေလးကူက လင္းေရွာင္ရဲ့
ခြန္အားကိုခံစားႏိုင္လို႔ေၾကာက္ေနတာမ်ားလား?"
"အဲ့တာကေလးကူမဟုတ္ဘူး။
ႏွလံုးဆက္ႏြယ္ကူလို႔ေခၚ တဲ့ ကူဘုရင္တစ္မ်ိဳး
ျဖစ္မယ္။ ႏွလံုးဆက္ႏြယ္ကူကို
အထီးတစ္ေကာင္ အမတစ္ေကာင္ဆိုၿပီး
အျခမ္းႏွစ္ျခမ္းနဲ႔လုပ္ထားတာ။ သူတို႔ကို
လူေတြဖန္တီးထားတာမလို႔ နတ္ဆိုးသားရဲလို႔
ေခၚ လို႔မရဘူး။ ဒါ့အျပင္ကို ႏွလံုးဆက္ႏြယ္ကူကို
ဖန္တီးႏိုင္ဖို႔ လိုအပ္ခ်က္ေတြက အရမ္း
မ်ားတယ္၊ ဒါေပမယ့္ေအာင္ျမင္သြားခဲ့ရင္ေတာ့
စြမ္းအားႀကီးလက္နက္ျဖစ္လာလိမ့္မယ္"
"ထိန္းခ်ဳပ္ခံရတာအျပင္ အမကူပိုးေကာင္ကို
ေမြးျမဴထားရတဲ့လူရဲ့က်င့္ႀကံဆင့္က
တျဖည္းျဖည္းခ်င္း ဝါးၿမိဳခံရလိမ့္မယ္။
အမကူကဝါးၿမိဳထားတဲ့က်င့္ႀကံျခင္းကို
ႏွလံုးဆက္ႏြယ္မႈကတစ္ဆင့္ အထီးကူဆီ
ပို႔ေပးတယ္။ ေနာက္ဆံုးက်ရင္ သူတို႔သခင္က
အထီးကူကေနတစ္ဆင့္ သူတို႔က်င့္ႀကံဆင့္ကို
ကိုယ္ပိုင္အျဖစ္လုပ္ယူလို႔ရတယ္။ က်င့္ႀကံျခင္းကို
အျပၫ့္အဝစားေသာက္ၿပီးတဲ့အခါ
အမကူက လက္ခံကိုယ္မေသမခ်င္း
သူ႔အသက္ကိုဆက္ဝါးၿမိဳလိမ့္မယ္"
အားနည္းခ်က္ကိုျပပါဆိုလ်ွင္ေတာ့
အမကူရိွေနသၫ့္လူသည္ အထီးကူေနာက္သာ
လိုက္ႏိုင္ျခင္းပင္။ ၄ကိုလက္ခံလိုက္သည္မွ
မဟုတ္လ်ွင္ အထီးကူသြားရာေနာက္
တေကာက္ေကာက္လိုက္ေနရမည္ပင္။
သို႔ေသာ္ျငား ၄ကိုလက္ခံလိုက္သည္ႏွင့္
ထာဝရတည္ၿမဲေနေတာ့မည္ျဖစ္၏။
ထို႔ေၾကာင့္ပင္ ေသာက္အဖိုးႀကီးယူက်န္ထ်န္းက
တပၫ့္တစ္ေယာက္ကို အထီးကူသယ္ဖို႔
ခြင့္ျပဳထားရျခင္းျဖစ္ေပမည္။
ယူေရွာင္းမိုက တံေတြးၿမိဳခ်မိသြားသည္၊
ေၾကာက္ဖို႔ေကာင္းလိုက္တာ။
"အဲ့တာကိုဖယ္ဖို႔နည္းမရိွဘူးလား?"
လင္းေရွာင္-"အထီးကူရိွေနသေရြ့ အမကူကို
ၿမွားထုတ္လို႔ရတယ္။ ဒါေပမယ့္....."
ယင္ေကာက ကတိုက္ကရိုက္ေမးလိုက္သည္၊
"ဒါေပမယ့္ ဘာလဲ?"
"ႏွလံုးဆက္ႏြယ္ကူက တကယ္ေတာ့
အေထာက္အပံ့ႀကီးတစ္ခုပဲကြ။ တစ္ေယာက္ကို
တစ္ေယာက္တကယ္ခ်စ္ၾကတဲ့လူႏွစ္ဦးက
ႏွလံုးဆက္ႏြယ္ကူတစ္ေကာင္စီ
လက္ခံၿပီး လိင္စပ္ယွက္ခဲ့ရင္
ႏွလံုးဆက္ႏြယ္ကူကိုသန႔္စင္သလို
ျဖစ္သြားၿပီး ပံုေဖာ္မရေလာက္တဲ့အဆင့္တစ္ခုထိ
ေရာက္ႏိုင္လိမ့္မယ္" ႏွလံုးဆက္ႏြယ္ကူ
အေၾကာင္းကို လင္းေရွာင္ခဏခဏၾကားဖူးသည္။
'လိင္စပ္ယွက္' သည္ဆိုသၫ့္စကားကိုၾကားေတာ့
ယူေရွာင္းမိုနဲ႔က်န႔္ယီြရႊမ္းက ယင္ေကာကို
ၾကၫ့္မိသြားသည္။ ယင္ေကာရဲ့အမူအရာက
သူနဲ႔မဆိုင္သလိုပင္ ေျပာင္းလဲသြားျခင္းမရိွ။
လင္းေရွာင္ကေအးေအးေဆးေဆး
အႀကံေပးလိုက္သည္၊ "ငါ့အျမင္အရေတာ့
ႏွလံုးဆက္ႏြယ္ကူကို အျမန္ဆံုးသန႔္စင္သင့္တယ္။
ဒါကို ယူက်န္ထ်န္းဖန္တီးထားတာဆိုရင္
အမွတ္အသားထား ထားဖို႔မ်ားတယ္။
အခုသူနဲ႔အလွမ္းေဝးေနလို႔ရွာမေတြ့ႏိုင္ေသးတာ
ျဖစ္ေကာင္းျဖစ္ႏိုင္တယ္ ၊ ဒါေပမယ့္
အနာဂတ္က်ရင္ေတာ့ ဒီလိုျဖစ္ေနအုန္းမယ္လို႔
မေျပာႏိုင္ဘူး"
ပတ္ဝန္းက်င္က တစ္ခဏခ်င္းမွာပင္
ေမွာင္မိႈင္းလာေတာ့သည္။ ယင္ေကာကၾကမ္းရွရွ
အသံျဖင့္ေမးလာ၏၊ "ငါဘယ္လိုလုပ္သင့္လဲ?"
လင္းေရွာင္က ဖုန္းခ်ီယြင္ဆီေလ်ွာက္သြား
လိုက္ၿပီး သူမတုန္ခင္ ပုခံုးကိုဆုပ္ကိုင္လိုက္သည္။
ဒီတစ္ႀကိမ္တြင္ေတာ့ ဖုန္းခ်ီယြင္က
ေနမရထိုင္မရေလ်ွာက္မလႈပ္ေတာ့ေပ၊
"သူ႔ကိုယ္ထဲကအမကူကို ထိန္းထားဖို႔
နည္းရွာၿပီး သူ႔ကိုႏိႈးလိုက္မယ္။ သူနဲ႔အဲ့ဒီ့အခ်ိန္မွာ
ေဆြးေနြးလို႔ရတယ္၊ ဒါေပမယ့္ မင္းတို႔ႏွစ္ေယာက္လံုး
မွာ ဆယ့္ငါးမိနစ္ပဲအခ်ိန္ရမယ္"
ယင္ေကာက ေခါင္းညိမ့္ျပလိုက္သည္။
အမကူက မီးေၾကာက္သည္။
အထူးသျဖင့္ က်ိယန္နတ္ဘုရားမီးလ်ွံပင္။
(t/n; က်ိယန္= ယန္အထြတ္အထိပ္။
ယန္သည္ အဖိုစြမ္းအင္ျဖစ္ကာ မီးကို
ယန္စြမ္းအင္အျဖစ္
ယူဆၾကသည္။ ဆန႔္က်င္ဘက္မွာ
အမစြမ္းအင္ယင္ျဖစ္ကာ ေအးစိမ့္သၫ့္အရာမ်ားကို
ယင္စြမ္းအင္အျဖစ္ယူဆသည္)
လင္းေရွာင္က အမကူကို ဖုန္းခ်ီယြင္ရဲ့ကိုယ္
ေထာင့္တစ္ေနရာသို႔ ခ်ီလင္နတ္ဘုရားမီးလ်ွံႏွင့္
ဆဲြလိုက္သည္။ ထို႔ေနာက္ မီးလ်ွံအပိုင္းတစ္ခုနဲ႔
၄ကိုဝန္းရံလိုက္ၿပီး အခုေလာေလာဆယ္အတြက္
ဖမ္းထားလိုက္သည္၊ ထို႔ေၾကာင့္ ၄မွာ
ေနာက္ဆုတ္ရံုကလဲြ၍ေရြးခ်ယ္စရာမရိွေတာ့ေခ်။
"ဘယ္လိုလဲ?" ယူေရွာင္းမိုက စိတ္လႈပ္ရွားပံု
မေပါက္ေစရန္အေကာင္းဆံုးႀကိဳးစားလိုက္သည္။
လင္းေရွာင္က ျပန္မေျဖလိုက္ေခ်၊
အိပ္ယာေပၚ ရိွဖုန္းခ်ီယြင္က ညည္းၫူလိုက္၏။
ယူေရွာင္းမိုက တစ္ခ်က္ေလာက္ၾကၫ့္ႏိုင္ရန္
အလို႔ငွာ လည္ပင္းဆန႔္လိုက္သည္။
လင္းေရွာင္က သူ႔ကိုေကာက္ခ်ီလိုက္ၿပီး
ထြက္သြားလိုက္သည္၊ "သူတို႔ကို
ေနွာင့္ယွက္မေနနဲ႔။ မင္းၾကၫ့္ခ်င္ရင္
ေနာက္ေတာ့မွ ကိုယ္လုပ္ေပးမယ္ေလ"
ခ်စ္ခင္မႈမ်ားျဖင့္တိုးေဝ႔ွေနခဲ့သၫ့္ ယူေရွာင္းမိုရဲ့
ေသြးမ်ားမွာ ခ်က္ခ်င္းပင္သုညသို႔
ျပန္က်သြား၏၊ လင္းေရွာင္က
သူ႔ကိုသယ္ထုတ္သြားရာ ေပ်ာ့တိေပ်ာ့ဖတ္ႏွင့္
ပါသြားေလေတာ့သည္။
က်န႔္ယီြရႊမ္းက သူတို႔ေနာက္လိုက္သြားလိုက္ကာ
သစ္သားအိမ္ေလးရဲ့တံခါးကို ပိတ္လိုက္သည္။
သစ္သားအိမ္ေလးထဲတြင္.........
ယင္ေကာက သူေန့ေန့ညညတမ္းတေနခဲ့ရသူအား
ေငးၾကၫ့္ေနသည္။ သူတို႔ေတြအၾကာႀကီး
ခဲြခြာခဲ့ရၿပီးေနာက္ေတာ့ ဖုန္းခ်ီယြင္က
သူ႔ေရ႔ျွပန္ေပၚ လာခဲ့ၿပီ။ သူက
အတြင္းထဲကစိတ္ခံစားခ်က္မ်ားကို
ထုတ္ျပရာ၌ေတာ္သၫ့္လူမဟုတ္ပါေခ်၊
ဆန႔္က်င္ဘက္အေနျဖင့္ လက္ရိွအခ်ိန္တြင္
သူ႔ႏွလံုးသားထဲကလိႈက္ေမာမႈမ်ားက
တည္ၿငိမ္သြား၏။
_______________