Unicode
အပိုင်း၄၇၂- လက်ဆောင်
ယူကျန်ထျန်းက သူ့ရဲ့မကျေနပ်မှုကို
ပွင့်ပွင့်လင်းလင်းဖော်ပြလိုက်တဲ့အခါ
လူအုပ်ကြီးမှာ အသက်ပင်ပြင်းပြင်းမရှူရဲ
တော့ပေ၊ နတ်ဘုရားအဆင့်တိုက်ခိုက်သူတစ်ဦး၏
ဒေါသက သာမာန်မဟုတ်ချေ။ သူတို့သာ
တိုက်ပြီးဖြေရှင်းဖို့ဆုံးဖြတ်လိုက်လျှင်
ကျန်လူအားလုံးလဲ သက်ရောက်ခံရမည်ပင်။
ထိုအခိုက်တွင် မှော်ဆရာအစည်းအရုံး၏
ကိုယ်စားပြုက ရုတ်တရက်ထရပ်လိုက်ပြီး
လူတိုင်းအကြည့်အောက်မှာပဲ
ဖူချန်ချုံး၏ချစ်တပည့်လေးဆီလျှောက်သွားကာ
လက်ဆောင်ပေးလိုက်၏။
"ဝေ့သခင်လေး၊ ဒါကဟူမော့ဆီက တိုကင်လေး
တစ်ခုပါ။ ပျော်ရွှင်စရာမွေးနေ့ပါဗျာ!"
(မော့- ပထမနာမည်ကိုချန်လှပ်ပြီး
ကိုယ့်ကိုယ့်ကိုဖော်ပြသည့်နည်းတစ်မျိုး)
သို့ပေမယ့် ဖူချန်ချုံးကပဲ ယူလိုက်ကာ
ခေါင်းညိမ့်ရင်းပြုံးလိုက်သည်၊
"ကျွန်တော့်တပည့်လေးကိုယ်စား
ကျေးဇူးပါပဲဗျာ"
၎င်းမှာ အဆင့်တစ်သက်တန့်မှော်ဆေးလုံး
ဖြစ်ကာ၊ တန်ဖိုးအရကြည့်လျှင်
ဘယ်အဆင့်ပဲနေနေ သက်တန့်ဆေးလုံးက
ဈေးကွက်မှာမရှိသလောက်နီးပါးဖြစ်ရာ
မှော်ဆရာအစည်းအရုံးက အလွန်ရက်ရော
ပေသည်။ ထိုမျှမကသေး၊ ၎င်းကို
အဆင့်ဆယ့်တစ်မှော်ဆရာကပဲ သန့်စင်နိုင်ပြီး
ထုံထျန်းတိုက်မကြီးပေါ် ၌ပင် ထိုအဆင့်များက
ရှားပါးသည်ဖြစ်ရာ ၎င်းမှာအဖိုးမဖြတ်နိုင်သော
ရတနာဖြစ်၏။
မွေးနေ့ရှင်ရဲ့အမူအရာကို သူတို့မမြင်နိုင်ပေမယ့်
ဖူချန်ချုံးသာ ကျေနပ်တယ်ဆိုရင်
မစ်ရှင်ပြီးမြောက်သည်ဟုယူဆနိုင်လေသည်။
ဟူရှောင်က သူ့ခုံကိုပြန်သွားလိုက်သည်။
သူဦးဆောင်တာကိုမြင်တော့ အခြားသူများကလဲ
နောက်ကျန်မနေခဲ့ချင်ကြပေ။ လက်ဆောင်လို
အရာမျိုးက ကိုယ်တိုင်ကိုယ်ကျပေးမှသာ
မှန်ကန်သည်။ မွေးနေ့ရှင်ကလက်ဆောင်ကို
ကျေနပ်ရင် သူတို့အပေါ်အမြင်ပိုကောင်းလာမည်
ဖြစ်ပြီး မကျေနပ်ရင် နောင်ကျ
ဒီလိုလက်ဆောင်မျိုးမပေးရုံပင်။
အဲ့ဒီ့အချိန်ကျမှပဲ လက်ဆောင်ပြင်လာဖို့
မေ့သွားတာကို ယူရှောင်းမိုသတိရသွားလေသည်။
ပထမတော့ ဖုန်းချီယွင်ကိုကယ်ဖို့
သွေးစွေးနီကလန်ရဲ့ပိုင်နက်ဆီ အလောတကြီး
သွားနေခဲ့ရပြီး ပွဲတက်၊ မတက်ကို
မစဉ်းစားရသေးတာကြောင့် လက်ဆောင်
အကြောင်းမေ့သွားခဲ့သည်။
ယူရှောင်းမိုက သူ့နယ်မြေထဲမှာဘာရှိလဲ
ဆိုတာ မြန်မြန်တွေးကြည့်လိုက်၏။
သူ့နယ်မြေထဲက အဖိုးတန်ဆုံးပစ္စည်းမှာ
စိတ်စွမ်းအင်ရေဖြစ်သည်၊ ဒါပေမယ့်
သွေးစွေးနီကလန်ကလူတွေရှိနေခြင်းကြောင့်
ထုတ်လို့မရ။ စိတ်စွမ်းအင်ရေက နယ်မြေထဲကဆိုတာ
ကိုသာ သူတို့သိသွားရင် တောင်ပိုင်းတိုက်မကြီး
ကနေ အသက်ရှင်လျက်ထွက်သွားနိုင်မှာ
မဟုတ်လောက်ဘူး။
ဒုတိယအဖိုးတန်ဆုံးက မှော်ဆေးလုံးတွေ၊
ဒါပေမယ့် မှော်ဆရာအစည်းအရုံးက
သက်တန့်ဆေးလုံးနဲ့ဆိုရင် သူ့ရဲ့
အဆင့်တစ်ဆယ်ဆေးလုံးတွေကို ပေးလို့
မရတော့ဘူး။
မှော်ဆေးပင်ဆိုရင်လဲ အနဲဆုံးအဆင့်တစ်ဆယ်နဲ့
အထက်လောက်ဖြစ်မှရမှာဆိုတော့
ဒါလဲ မရဘူး။ သူ့မှော်ဆေးပင်စိုက်ခင်းမှာ
အဆင့်တစ်ဆယ်နဲ့အထက်ဆေးပင်တွေတော့
ရှိပါရဲ့၊ ဒါပေမယ့် အဆင့်ဆယ့်တစ်ဆေးပင်က
ကြီးထွားဖို့ကြာလွန်းတယ်၊ သူ့ဆေးပင်တွေက
လသားအရွယ်ပဲရှိသေးတာကြောင့်
ဘယ်တစ်ခုမှမရင့်မှည့်သေးဘူး။
မရင့်သေးတဲ့ပင်စည်ကိုလဲ လက်ဆောင်
ပေးလို့မရဘူး၊ အဲ့လိုဆိုရင် အရမ်းဈေးပေါပြီး
သူများတွေကရှုတ်ချကြလိမ့်မယ်။
ယူရှောင်းမိုက ထပ်စဉ်းစားလိုက်ပြီးနောက်
လက်ဆောင်ပေးလို့ရတဲ့အရာ ဘာမှမရှိတာကို
သိသွားသည်။
လူတိုင်းက လက်ဆောင်ပေးဖို့ထသွားနေကြတာကို
ကြည့်ရင်း ယူရှောင်းမိုမှာ ချွေးအေးများ
ပြန်လာတော့သည်။ လင်းရှောင်နားကို
တိတ်တိတ်လေးရွှေ့သွားလိုက်ပြီး
သိပ်တော့မျှော်လင့်မထားတဲ့အသံနဲ့
မေးလိုက်သည်၊
"ခင်ဗျား လက်ဆောင်ပြင်လာခဲ့လား?"
လင်းရှောင်က သူ့ကိုတစ်ချက်ကြည့်လိုက်သည်၊
"ဘယ်လိုထင်လဲ?"
သူဘယ်လိုထင်လဲ?
သံသယမရှိ၊ မပြင်ထားဘူးလို့ထင်တာပေါ့!
ယူရှောင်းမိုက တစ်ဖက်စားပွဲမှာထိုင်နေတဲ့
ယင်ကောနဲ့ကျန့်ယွီရွှမ်းက ဒီကိုလာဖို့
အစီအစဉ်မရှိခဲ့တာကြောင့် လက်ဆောင်ပြင်
မလာနိုင်သည်မို့ မေးမနေတော့ပေ။
ဘယ်လိုလုပ်ကြမလဲ?
မွေးနေ့ပွဲတော့ သွားတယ်၊ လက်ဆောင်တော့
မပါဘူး၊ အခုတော့လူတိုင်းရှေ့မှာ
ဟာသကြီးဖြစ်နေတော့မယ်!
သူမျက်နှာပျက်ရလဲဘာမှမဖြစ်ပေမယ့်
လင်းရှောင်ကတော့ အဲ့လိုဖြစ်လို့မရဘူး!
"ဘာဖြစ်လို့လဲ?" ထိုအခိုက်တွင်
တည်ငြိမ်ပြီး အစမရှိအဆုံးမရှိအသံတစ်သံက
သူ့နားဘေး၌ ပေါ် လာ၏။
ယူရှောင်းမိုလှည့်လိုက်တော့ ပြောလိုက်တဲ့သူက
'ရူးသွပ်၊ချောမော၊မိမိုက်၊မာနတစ်ခွဲသား' နဲ့
ကျုံးယဲ့ဖြစ်နေတာကို တွေ့လိုက်ရသည်။
သူနဲ့ချောင်ဝူရှင်းကိုတောင် မေ့ခါနီးပဲ။
သူနဲ့ကျုံးယဲ့က စားပွဲတစ်ဝိုင်းတည်းမှာ
ဘေးချင်းကပ်ထိုင်နေကြမယ်လို့
မထင်ခဲ့ပေ......
ချောင်ဝူရှင်းနှင့် သူ့ဝမ်းကွဲချောင်ဝူရွှမ်းသည်လဲ
သူ့ခုံနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေကြသည်၊
သူလှမ်းကြည့်လိုက်တော့ ညီအစ်ကိုနှစ်ယောက်လုံး
က သူ့ဘက်ကိုပြုံးပြလေသည်။
သူ့စားပွဲကိုကြည့်လိုက်ခါမှ အားလုံးက
စိတ်ဝင်စားဖို့ကောင်းတဲ့သူတွေကြည့်ပဲဆိုတာ
တွေ့လိုက်ရ၏။
နတ်ဘုရားဧကရာဇ်သားရဲလေးမျိုး၏
လူငယ်ပါရမီရှင်များဖြစ်သည့် ကျိဖုန်းနှင့်
သူတို့ရန်ဖြစ်ထားတဲ့ကောင်တွေလဲ ရှိနေသည်။
ခုမှရောက်လာတဲ့ယူချင်ယွင်းလဲရှိပြီး
သူတို့နှစ်ယောက်သားကိုထည့်လိုက်လျှင်
လူဆယ်ယောက်အတိအကျပင်ဖြစ်သည်။
ကျုံးယဲ့စကားပြောလိုက်တဲ့အခါ
လူတိုင်းက ယူရှောင်းမိုဘက်ကြည့်လိုက်ကြ
သည်။ ခြားနားသည်မှာ
ချီလင်မျိုးနွယ်မှလင်းဟောင်ဝူလိုမျိုး
အထင်သေးတဲ့အကြည့်ရှိနေတဲ့လူတစ်ချို့ပင်။
လင်းရှောင်က ချီလင်မျိုးနွယ်စုနဲ့
အနေမနီးသည်မှာ အံ့ဩစရာမရှိပေ၊
ကြည့်ရတာ သူတို့သွေးမျိုးဆက်က
အချင်းချင်းတွန်းကန်နေပုံရသည်။
ဒါပေမယ့် သူ့ကိုစသလိုလိုနောက်သလိုလို
ကြည့်နေသူများလဲရှိသည်။ သူဘယ်လို
သိလဲတော့မမေးနဲ့ ; မင်းကို တစ်ချိန်လုံး
အဲ့လိုကြီးလာကြည့်နေတဲ့သူရှိမယ်ဆိုရင်
သတိမထားမိဖို့မဖြစ်နိုင်ဘူးဆိုတာ သိလိမ့်မယ်။
ယူရှောင်းမိုက ကျုံးယဲ့ကိုခါးခါးသီးသီး
ကြည့်လိုက်သည်။ တကယ့်ကိုကံကောင်းတဲ့ကောင်၊
မင်းမှာ အကြီးအကဲတစ်ယောက်အဖော်ပါရင်
လက်ဆောင်ကိုပူနေစရာမလိုဘူး။
သူ့လိုမဟုတ်ဘူး၊ သူ့ဘေးမှာရှိတာက
လိုက်ပူပေးနေရတဲ့ကောင်တစ်ကောင်ပဲ။
ကျုံးယဲ့မှာ သူ့အကြည့်ကြောင့်နားမလည်
ဖြစ်သွားပြီး ကိုယ့်ကိုယ်ကိုပြန်ကြည့်မိ
သွားလေသည်၊ "ပြဿနာရှိလို့လား?"
ယူရှောင်းမို သက်ပြင်းချလိုက်သည်၊
"ဘာမှမဟုတ်ပါဘူး၊ ငါ တစ်ခုခုကို
စိတ်ပူနေရုံတင်"
ကျုံးယဲ့ကတန့်သွားပြီးမှ မေးလိုက်၏၊ "ဘာလဲ?"
စားပွဲပေါ် လက်ထောက်ပြီး မေးတင်လိုက်ကာ
ယူရှောင်းမိုကဝမ်းနည်းတကြီးပြောလိုက်သည်၊
"ပွဲရဲ့အဓိကဇာတ်ဆောင်ရဲ့နာမည်ကို
မေ့သွားပြီထင်တယ်"
ကျုံးယဲ့မှာ ပါးစပ်တွန့်သွားရတော့သည်။
ဖိတ်ကြားလွှာရပြီး သူတို့နယ်မြေထဲ
ရောက်လာပြီးတာတောင် ပွဲကို
ဘယ်သူ့အတွက်လုပ်ပေးတာလဲမသိဘူး။
သတ္တိကတော့ လုံးဝမသေးဘူးပဲ။
ကျုံးယဲ့က ပြန်ပြီးတည်ငြိမ်သွားပြီးနောက်တွင်
အေးအေးဆေးဆေးပြောလိုက်၏၊
"ငါမှတ်မိတာမှန်မယ်ဆိုရင် သူကဝေ့ပိုင်တဲ့"
"ဘန်း-"
ယူရှောင်းမိုမှာ မေးချော်ပြီးစားပွဲနဲ့မိတ်ဆက်
သွားတော့သည်။ ဒီနာမည်က တကယ့်၊
တကယ့်ကိုရင်းနှီးတယ်၊ မဟားတရားကို
ရင်းနှီးတယ်! သူ့မှာဝေ့ပိုင်လို့ခေါ် တဲ့
ဆရာတူအကိုတစ်ယောက်ရှိခဲ့တယ်၊
ဒါပေမယ့် သူကပျောက်ဆုံးသွားပြီး
သေသလားရှင်သလားမသိရဘူး။
ဒါကတကယ်အမှန်ပဲလား၊ ပထမနာမည်နဲ့
ဒုတိယနာမည်လေးတူတာတင်လေ၊
အဲ့လောက်တိုက်ဆိုင်တဲ့ဟာ ဘယ်လိုလုပ်ရှိ
နေတာလဲ!
ထိုအရာမှာ သူ့ရဲ့အတွေးအစစ်အမှန်များကို
ဖော်ထုတ်ပြနေခြင်းမဟုတ်ပါချေ၊
သူ့ရဲ့ထိတ်လန့်တုန်လှုပ်မှုကို ပြနေခြင်းပင်!
သူ့တုံ့ပြန်မှုကိုမြင်လိုက်ရတော့
ကျုံးယဲ့က မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။
သူ့ရဲ့ကြမ်းကြမ်းတမ်းတမ်းတုံ့ပြန်မှုကြောင့်
လင်းရှောင်ပင် လှည့်ကြည့်လာ၏။
ယူရှောင်းမိုက သူ့ကိုကြည့်နေတဲ့ထူးထူးဆန်းဆန်း
အကြည့်တွေကို အရေးလုပ်နေဖို့
အချိန်မရှိပေ၊ မေးကိုနေရာတကျ
ပြန်ထားလိုက်ပြီးနောက် မေးလိုက်တယ်၊
"သူကတကယ်ပဲဝေ့ပိုင်လို့ခေါ် တာလား?"
ကျုံးယဲ့က ပြန်ဖြေလိုက်သည်၊
"မင်းကိုလိမ်လို့ဘာရမှာလဲ?"
ယူရှောင်းမို-"လိမ်တာက အကျိုးရှိတာပဲဟာ"
"........"
ယူရှောင်းမိုက ခြောက်ကပ်ကပ်ရယ်လိုက်သည်၊
"အလကားသပ်သပ်နောက်တာပါ"
ဂျွန်တောင်တန်းမှာတုန်းက ရှုန်းရှောင်ပြောတာကို
သတိရသွားတယ်၊ ဝေ့ပိုင်ကို သူ့ဆရာက
လွန်ခဲ့တဲ့နှစ်နှစ်ရာတုန်းကလက်ခံခဲ့တာ၊
သူ့ရဲ့ဒုတိယဆရာတူအကိုပျောက်သွားတဲ့
အချိန်ပဲ။ နောက်ပြီး ချန်မဟာမိတ်ခေါင်းဆောင်က
သူ့ကိုတွေ့ခဲ့တဲ့အခါ ဒဏ်ရာအပြင်းအထန်
ရနေခဲ့တယ်။ တိုက်ဆိုင်မှုတွေကို
ပေါင်းလိုက်ရင် ဝေ့ပိုင်ကသူ့ရဲ့ဒုတိယဆရာတူအကို
ဝေ့ပိုင်ဖြစ်ဖို့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ရှိတယ်။
လင်းရှောင်က သူတို့စကားကိုကြားလိုက်သည်၊
"ကိုယ်မှတ်မိတာမှန်ရင် မင်းမှာလဲ
ဝေ့ပိုင်လို့ခေါ် တဲ့ ဒုတိယဆရာတူအကိုတစ်ယောက်
ရှိတယ်မလား?"
ယူရှောင်းမိုက ခေါင်းညိမ့်ပြလိုက်တယ်။
"သူကအတူတူပဲပေါ့?"
"ဖြစ်နိုင်တယ်"
"ဒါဆို၊ လက်ဆောင်စဉ်းစားပြီးပြီလား?"
".......ပြီးပြီ"
"ကောင်းတယ်"
ခင်ဗျားအမကြီးပဲကောင်းနေလိုက်!
ယူရှောင်းမိုက မျက်လုံးလှန်လိုက်တယ်၊
သူတို့ကံကောင်းလို့မဟုတ်ရင် မျက်နှာပျက်ရ
တော့မှာ။ ထိုအချိန်၌ အဓိကစားပွဲဆီမှ
လူများ၏အံ့ဩတကြီးရေရွတ်သံများထွက်လာ၏။
"ဝိုး၊ အဲ့တာကရွှေကြိုးမျှင်ချပ်ဝတ်ပဲ၊
သွေးစွေးနီကလန်ကအရမ်းရက်ရောလိုက်တာ!"
ယူရှောင်းမိုက အံ့အားသင့်သွားပြီး
မျက်ခုံးပင့်လိုက်တယ်၊ ဒီနာမည်ကို
အရမ်းရင်းနှီးနေတယ်၊ ဒါပေမယ့်ဘယ်မှာကြားဖူးလဲ
စဉ်းစားလို့မရဘူး။
လင်းရှောင်အသံက ဘေးဘက်မှလွင့်လာ၏။
"အဲ့တာက ရွှေတောင်ပံပိုးကောင်က
ထုတ်တဲ့ရွှေကြိုးမျှင်ကလုပ်ထားတဲ့
ချပ်ဝတ်ပဲ"
ဒါကအဓိပ္ပါယ်ရှိတယ်၊ ယူရှောင်းမိုတွေးလိုက်တယ်။
သူ့အင်္ကျီထဲမှာ ရွှေကြိုးမျှင်ထုတ်တဲ့
ရွှေတောင်ပံပိုးကောင်နှစ်ကောင်
ရှိနေတယ်။ နောက်နေ့ကျရင် သူတို့ကို
ထုတ်ခိုင်းမယ်၊ စွမ်းအင်ကျောက်တုံး
ပြတ်သွားရင် ရောင်းစားပစ်မယ်။
ရွှေကြိုးမျှင်ချပ်ဝတ်က ရတနာချပ်ဝတ်ဖြစ်ကာ
ဧကရာဇ်အဆင့်တိုက်ခိုက်သူ၏
အင်အားပြည့်ရိုက်ချက်တောင်မှ ၎င်းကိုအန္တရာယ်
မဖြစ်စေနိုင်ပေ။ ၎င်းက ဟူဆိုတဲ့ကောင်ရဲ့
သက်တန့်ဆေးလုံးနှင့် တန်းတူညီကာ
အလွန်ရှားပြီးအဖိုးတန်သည်။ ပုံမှန်အားဖြင့်
ဤကဲ့သို့ရတနာများကို မိသားစုတွင်
အသုံးပြုရန်သိမ်းထားတတ်ကြသည်၊
သို့သော် ယူကျန်ထျန်းကမူ ပေးပစ်နေ၏။
ရွှေတောင်ပံပိုးကောင်က နတ်ဘုရားဧကရာဇ်
သားရဲလေးမျိုးထက်ပင်နည်းပါးသည်ကို
သိထားရမည်ဖြစ်သည်။
သူ့ပတ်ပတ်လည်မှာ လူတိုင်းရဲ့ချီးမွမ်းသံ
တွေရှိနေပြီး ဖူချန်ချုံးတောင်မှ
ကျေနပ်နေသည့်အမူအရာနဲနဲရှိနေလေသည်။
သူ့တပည့်လေးရဲ့ဘေးကင်းမှုကို
စိတ်ပူတာကြောင့် ပိုးကောင်တွေ၊ ဒါမှမဟုတ်ရင်
ချပ်ဝတ်ကိုရှာဖို့ လူတွေလွှတ်ခဲ့ဖူးသည်၊
သို့ပေမယ့် ဘာတစ်ခုမှပြန်မကြားခဲ့ရပေ။
ချပ်ဝတ်ကိုပေးလိုက်သည့်ယူကျန်ထျန်းကမူ
အလွန်အဖိုးတန်သည့်အရာပေးလိုက်ရ၍
စိတ်သောကရောက်နေတာမျိုးမရှိဘဲ
ဣဒြေရရနေနေသည်။
လူအများစုက လက်ဆောင်ပေးပြီးကြပြီ
ဖြစ်ကာ အကောင်းဆုံးမှာသက်တန့်ဆေးလုံးနှင့်
ချပ်ဝတ်ဖြစ်ပြီး ဘယ်တစ်ခုမှယှဉ်၍မရချေ။
ဖူချန်ချုံးက ချပ်ဝတ်ကိုသိမ်းဖို့ခိုင်းပြီးတဲ့အခါ
ပွဲပြီးဆုံးကြောင်းကြေညာဖို့ အသင့်ဖြစ်နေသည်၊
အဲ့ဒီ့အချိန်မှာ သွေးစွေးနီကလန်မှ
အကြီးအကဲတစ်ဦးက ရုတ်တရက်မတ်တပ်ထရပ်
လိုက်၏။ လူတိုင်းရဲ့အာရုံက သူ့ဆီမှာ
ရှိနေတာကိုသတိပြုမိလိုက်တာနဲ့
ယူရှောင်းမိုရဲ့စားပွဲဘက်လှည့်လိုက်လေသည်။
ဒါကိုတွေ့တော့ သွေးစွေးနီကလန်က
ဘာမှမကောင်းဘူးဆိုတာ ယူရှောင်းမို
သိလိုက်တယ်၊ ဒါကသူတို့ကိုလဲညွှန်းတယ်
ဆိုပေမယ့် ဒီတစ်ခေါက်ကတော့
မတူတဲ့လူတစ်ယောက်ပေါ့လေ။
"ကျွန်တော်စိတ်လှုပ်ရှားနေတယ်!"
ယူရှောင်းမိုက လက်နှစ်ဖက်ကိုပွတ်လိုက်သည်။
လင်းရှောင်က သူ့ကိုတိတ်တိတ်ဆိတ်ဆိတ်
ကြည့်လိုက်သည်၊ "ဘာကိုစိတ်လှုပ်ရှားတာလဲ?"
"သူဘာပြောမယ်လို့ထင်လဲ?"
"မှန်းကြည့်လေ"
ယူရှောင်းမိုက ကြက်သေသေသွားပြီး
အံ့ဩတကြီးကြည့်လိုက်တယ်၊
"ခင်ဗျားသိတယ်ပေါ့?"
လင်းရှောင်က သူ့ကိုစိတ်ပူနေတဲ့ပုံနဲ့
ကြည့်လိုက်လေသည်။
ယူရှောင်းမိုမှာ ပါးစပ်တွန့်သွားပြီး
ပိတ်ထားဖို့ဆုံးဖြတ်လိုက်သည်။
ဆက်မေးနေရင် သည်းခံနိုင်စွမ်းတွေ
ပိုမြင့်လာတော့မယ်လို့ သူ့ပင်ကိုယ်သိစိတ်က
ပြောနေတယ်။
ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိအောင်
သူပြင်နေတုန်းမှာ အကြီးအကဲက
ကျေနပ်နေသည့်အသံဖြင့်ပြောလိုက်သည်၊
"မဟာမိတ်ခေါင်းဆောင်ဖူ၊ လက်ဆောင်မပေး
ရသေးတဲ့လူတစ်ဦးကျန်သေးတယ်ဆိုတာ
မေ့သွားပုံရတယ်။ သူတို့တွေလက်ဖျားခါလောက်တဲ့
တစ်စုံတစ်ရာပြင်လာပြီး စိတ်မပျက်စေရဘူးဆိုတာ
သေချာတယ်"
လင်းရှောင်ရဲ့ 'စိတ်ပူ' တဲ့အကြည့်က
ဘာကိုဆိုလိုတာလဲဆိုတာ ယူရှောင်းမို
သိသွားတော့၏။ အဲ့တာက သူဉာဏ်မမီတဲ့
ရေမရောတဲ့စိတ်ပူမှုကြီးပင်။
'ကျွန်တော့်ဉာဏ်ရည်က
အနှုတ်ဖြစ်နေနှင့်ပြီးသား၊ ဘာမှပူစရာ
မလိုဘူး' လို့သူပြောလိုက်ချင်တယ်။
______________
Zawgyi
အပိုင္း၄၇၂- လက္ေဆာင္
ယူက်န္ထ်န္းက သူ႔ရဲ့မေက်နပ္မႈကို
ပြင့္ပြင့္လင္းလင္းေဖာ္ျပလိုက္တဲ့အခါ
လူအုပ္ႀကီးမွာ အသက္ပင္ျပင္းျပင္းမရႉရဲ
ေတာ့ေပ၊ နတ္ဘုရားအဆင့္တိုက္ခိုက္သူတစ္ဦး၏
ေဒါသက သာမာန္မဟုတ္ေခ်။ သူတို႔သာ
တိုက္ၿပီးေျဖရွင္းဖို႔ဆံုးျဖတ္လိုက္လ်ွင္
က်န္လူအားလံုးလဲ သက္ေရာက္ခံရမည္ပင္။
ထိုအခိုက္တြင္ ေမွာ္ဆရာအစည္းအရံုး၏
ကိုယ္စားျပဳက ရုတ္တရက္ထရပ္လိုက္ၿပီး
လူတိုင္းအၾကၫ့္ေအာက္မွာပဲ
ဖူခ်န္ခ်ဳံး၏ခ်စ္တပၫ့္ေလးဆီေလ်ွာက္သြားကာ
လက္ေဆာင္ေပးလိုက္၏။
"ေဝ့သခင္ေလး၊ ဒါကဟူေမာ့ဆီက တိုကင္ေလး
တစ္ခုပါ။ ေပ်ာ္ရႊင္စရာေမြးေန့ပါဗ်ာ!"
(ေမာ့- ပထမနာမည္ကိုခ်န္လွပ္ၿပီး
ကိုယ့္ကိုယ့္ကိုေဖာ္ျပသၫ့္နည္းတစ္မ်ိဳး)
သို႔ေပမယ့္ ဖူခ်န္ခ်ဳံးကပဲ ယူလိုက္ကာ
ေခါင္းညိမ့္ရင္းႃပံုးလိုက္သည္၊
"ကၽြန္ေတာ့္တပၫ့္ေလးကိုယ္စား
ေက်းဇူးပါပဲဗ်ာ"
၄မွာ အဆင့္တစ္သက္တန႔္ေမွာ္ေဆးလံုး
ျဖစ္ကာ၊ တန္ဖိုးအရၾကၫ့္လ်ွင္
ဘယ္အဆင့္ပဲေနေန သက္တန႔္ေဆးလံုးက
ေဈးကြက္မွာမရိွသေလာက္နီးပါးျဖစ္ရာ
ေမွာ္ဆရာအစည္းအရံုးက အလြန္ရက္ေရာ
ေပသည္။ ထိုမ်ွမကေသး၊ ၄ကို
အဆင့္ဆယ့္တစ္ေမွာ္ဆရာကပဲ သန႔္စင္ႏိုင္ၿပီး
ထံုထ်န္းတိုက္မႀကီးေပၚ ၌ပင္ ထိုအဆင့္မ်ားက
ရွားပါးသည္ျဖစ္ရာ ၄မွာအဖိုးမျဖတ္ႏိုင္ေသာ
ရတနာျဖစ္၏။
ေမြးေန့ရွင္ရဲ့အမူအရာကို သူတို႔မျမင္ႏိုင္ေပမယ့္
ဖူခ်န္ခ်ဳံးသာ ေက်နပ္တယ္ဆိုရင္
မစ္ရွင္ၿပီးေျမာက္သည္ဟုယူဆႏိုင္ေလသည္။
ဟူေရွာင္က သူ႔ခံုကိုျပန္သြားလိုက္သည္။
သူဦးေဆာင္တာကိုျမင္ေတာ့ အျခားသူမ်ားကလဲ
ေနာက္က်န္မေနခဲ့ခ်င္ၾကေပ။ လက္ေဆာင္လို
အရာမ်ိဳးက ကိုယ္တိုင္ကိုယ္က်ေပးမွသာ
မွန္ကန္သည္။ ေမြးေန့ရွင္ကလက္ေဆာင္ကို
ေက်နပ္ရင္ သူတို႔အေပၚအျမင္ပိုေကာင္းလာမည္
ျဖစ္ၿပီး မေက်နပ္ရင္ ေနာင္က်
ဒီလိုလက္ေဆာင္မ်ိဳးမေပးရံုပင္။
အဲ့ဒီ့အခ်ိန္က်မွပဲ လက္ေဆာင္ျပင္လာဖို႔
ေမ့သြားတာကို ယူေရွာင္းမိုသတိရသြားေလသည္။
ပထမေတာ့ ဖုန္းခ်ီယြင္ကိုကယ္ဖို႔
ေသြးေစြးနီကလန္ရဲ့ပိုင္နက္ဆီ အေလာတႀကီး
သြားေနခဲ့ရၿပီး ပဲြတက္၊ မတက္ကို
မစဉ္းစားရေသးတာေၾကာင့္ လက္ေဆာင္
အေၾကာင္းေမ့သြားခဲ့သည္။
ယူေရွာင္းမိုက သူ႔နယ္ေျမထဲမွာဘာရိွလဲ
ဆိုတာ ျမန္ျမန္ေတြးၾကၫ့္လိုက္၏။
သူ႔နယ္ေျမထဲက အဖိုးတန္ဆံုးပစၥည္းမွာ
စိတ္စြမ္းအင္ေရျဖစ္သည္၊ ဒါေပမယ့္
ေသြးေစြးနီကလန္ကလူေတြရိွေနျခင္းေၾကာင့္
ထုတ္လို႔မရ။ စိတ္စြမ္းအင္ေရက နယ္ေျမထဲကဆိုတာ
ကိုသာ သူတို႔သိသြားရင္ ေတာင္ပိုင္းတိုက္မႀကီး
ကေန အသက္ရွင္လ်က္ထြက္သြားႏိုင္မွာ
မဟုတ္ေလာက္ဘူး။
ဒုတိယအဖိုးတန္ဆံုးက ေမွာ္ေဆးလံုးေတြ၊
ဒါေပမယ့္ ေမွာ္ဆရာအစည္းအရံုးက
သက္တန႔္ေဆးလံုးနဲ႔ဆိုရင္ သူ႔ရဲ့
အဆင့္တစ္ဆယ္ေဆးလံုးေတြကို ေပးလို႔
မရေတာ့ဘူး။
ေမွာ္ေဆးပင္ဆိုရင္လဲ အနဲဆံုးအဆင့္တစ္ဆယ္နဲ႔
အထက္ေလာက္ျဖစ္မွရမွာဆိုေတာ့
ဒါလဲ မရဘူး။ သူ႔ေမွာ္ေဆးပင္စိုက္ခင္းမွာ
အဆင့္တစ္ဆယ္နဲ႔အထက္ေဆးပင္ေတြေတာ့
ရိွပါရဲ့၊ ဒါေပမယ့္ အဆင့္ဆယ့္တစ္ေဆးပင္က
ႀကီးထြားဖို႔ၾကာလြန္းတယ္၊ သူ႔ေဆးပင္ေတြက
လသားအရြယ္ပဲရိွေသးတာေၾကာင့္
ဘယ္တစ္ခုမွမရင့္မွၫ့္ေသးဘူး။
မရင့္ေသးတဲ့ပင္စည္ကိုလဲ လက္ေဆာင္
ေပးလို႔မရဘူး၊ အဲ့လိုဆိုရင္ အရမ္းေဈးေပါၿပီး
သူမ်ားေတြကရႈတ္ခ်ၾကလိမ့္မယ္။
ယူေရွာင္းမိုက ထပ္စဉ္းစားလိုက္ၿပီးေနာက္
လက္ေဆာင္ေပးလို႔ရတဲ့အရာ ဘာမွမရိွတာကို
သိသြားသည္။
လူတိုင္းက လက္ေဆာင္ေပးဖို႔ထသြားေနၾကတာကို
ၾကၫ့္ရင္း ယူေရွာင္းမိုမွာ ခၽြေးေအးမ်ား
ျပန္လာေတာ့သည္။ လင္းေရွာင္နားကို
တိတ္တိတ္ေလးေရႊ့သြားလိုက္ၿပီး
သိပ္ေတာ့ေမ်ွာ္လင့္မထားတဲ့အသံနဲ႔
ေမးလိုက္သည္၊
"ခင္ဗ်ား လက္ေဆာင္ျပင္လာခဲ့လား?"
လင္းေရွာင္က သူ႔ကိုတစ္ခ်က္ၾကၫ့္လိုက္သည္၊
"ဘယ္လိုထင္လဲ?"
သူဘယ္လိုထင္လဲ?
သံသယမရိွ၊ မျပင္ထားဘူးလို႔ထင္တာေပါ့!
ယူေရွာင္းမိုက တစ္ဖက္စားပဲြမွာထိုင္ေနတဲ့
ယင္ေကာနဲ႔က်န႔္ယီြရႊမ္းက ဒီကိုလာဖို႔
အစီအစဉ္မရိွခဲ့တာေၾကာင့္ လက္ေဆာင္ျပင္
မလာႏိုင္သည္မို႔ ေမးမေနေတာ့ေပ။
ဘယ္လိုလုပ္ၾကမလဲ?
ေမြးေန့ပဲြေတာ့ သြားတယ္၊ လက္ေဆာင္ေတာ့
မပါဘူး၊ အခုေတာ့လူတိုင္းေရ႔ွမွာ
ဟာသႀကီးျဖစ္ေနေတာ့မယ္!
သူမ်က္ႏွာပ်က္ရလဲဘာမွမျဖစ္ေပမယ့္
လင္းေရွာင္ကေတာ့ အဲ့လိုျဖစ္လို႔မရဘူး!
"ဘာျဖစ္လို႔လဲ?" ထိုအခိုက္တြင္
တည္ၿငိမ္ၿပီး အစမရိွအဆံုးမရိွအသံတစ္သံက
သူ႔နားေဘး၌ ေပၚ လာ၏။
ယူေရွာင္းမိုလွၫ့္လိုက္ေတာ့ ေျပာလိုက္တဲ့သူက
'ရူးသြပ္၊ေခ်ာေမာ၊မိမိုက္၊မာနတစ္ခဲြသား' နဲ႔
က်ဳံးယဲ့ျဖစ္ေနတာကို ေတြ့လိုက္ရသည္။
သူနဲ႔ေခ်ာင္ဝူရွင္းကိုေတာင္ ေမ့ခါနီးပဲ။
သူနဲ႔က်ဳံးယဲ့က စားပဲြတစ္ဝိုင္းတည္းမွာ
ေဘးခ်င္းကပ္ထိုင္ေနၾကမယ္လို႔
မထင္ခဲ့ေပ......
ေခ်ာင္ဝူရွင္းႏွင့္ သူ႔ဝမ္းကဲြေခ်ာင္ဝူရႊမ္းသည္လဲ
သူ႔ခံုႏွင့္မ်က္ႏွာခ်င္းဆိုင္တြင္ ထိုင္ေနၾကသည္၊
သူလွမ္းၾကၫ့္လိုက္ေတာ့ ညီအစ္ကိုႏွစ္ေယာက္လံုး
က သူ႔ဘက္ကိုႃပံုးျပေလသည္။
သူ႔စားပဲြကိုၾကၫ့္လိုက္ခါမွ အားလံုးက
စိတ္ဝင္စားဖို႔ေကာင္းတဲ့သူေတြၾကၫ့္ပဲဆိုတာ
ေတြ့လိုက္ရ၏။
နတ္ဘုရားဧကရာဇ္သားရဲေလးမ်ိဳး၏
လူငယ္ပါရမီရွင္မ်ားျဖစ္သၫ့္ က်ိဖုန္းႏွင့္
သူတို႔ရန္ျဖစ္ထားတဲ့ေကာင္ေတြလဲ ရိွေနသည္။
ခုမွေရာက္လာတဲ့ယူခ်င္ယြင္းလဲရိွၿပီး
သူတို႔ႏွစ္ေယာက္သားကိုထၫ့္လိုက္လ်ွင္
လူဆယ္ေယာက္အတိအက်ပင္ျဖစ္သည္။
က်ဳံးယဲ့စကားေျပာလိုက္တဲ့အခါ
လူတိုင္းက ယူေရွာင္းမိုဘက္ၾကၫ့္လိုက္ၾက
သည္။ ျခားနားသည္မွာ
ခ်ီလင္မ်ိဳးႏြယ္မွလင္းေဟာင္ဝူလိုမ်ိဳး
အထင္ေသးတဲ့အၾကၫ့္ရိွေနတဲ့လူတစ္ခ်ိဳ႕ပင္။
လင္းေရွာင္က ခ်ီလင္မ်ိဳးႏြယ္စုနဲ႔
အေနမနီးသည္မွာ အံ့ဩစရာမရိွေပ၊
ၾကၫ့္ရတာ သူတို႔ေသြးမ်ိဳးဆက္က
အခ်င္းခ်င္းတြန္းကန္ေနပံုရသည္။
ဒါေပမယ့္ သူ႔ကိုစသလိုလိုေနာက္သလိုလို
ၾကၫ့္ေနသူမ်ားလဲရိွသည္။ သူဘယ္လို
သိလဲေတာ့မေမးနဲ႔ ; မင္းကို တစ္ခ်ိန္လံုး
အဲ့လိုႀကီးလာၾကၫ့္ေနတဲ့သူရိွမယ္ဆိုရင္
သတိမထားမိဖို႔မျဖစ္ႏိုင္ဘူးဆိုတာ သိလိမ့္မယ္။
ယူေရွာင္းမိုက က်ဳံးယဲ့ကိုခါးခါးသီးသီး
ၾကၫ့္လိုက္သည္။ တကယ့္ကိုကံေကာင္းတဲ့ေကာင္၊
မင္းမွာ အႀကီးအကဲတစ္ေယာက္အေဖာ္ပါရင္
လက္ေဆာင္ကိုပူေနစရာမလိုဘူး။
သူ႔လိုမဟုတ္ဘူး၊ သူ႔ေဘးမွာရိွတာက
လိုက္ပူေပးေနရတဲ့ေကာင္တစ္ေကာင္ပဲ။
က်ဳံးယဲ့မွာ သူ႔အၾကၫ့္ေၾကာင့္နားမလည္
ျဖစ္သြားၿပီး ကိုယ့္ကိုယ္ကိုျပန္ၾကၫ့္မိ
သြားေလသည္၊ "ျပႆနာရိွလို႔လား?"
ယူေရွာင္းမို သက္ျပင္းခ်လိုက္သည္၊
"ဘာမွမဟုတ္ပါဘူး၊ ငါ တစ္ခုခုကို
စိတ္ပူေနရံုတင္"
က်ဳံးယဲ့ကတန႔္သြားၿပီးမွ ေမးလိုက္၏၊ "ဘာလဲ?"
စားပဲြေပၚ လက္ေထာက္ၿပီး ေမးတင္လိုက္ကာ
ယူေရွာင္းမိုကဝမ္းနည္းတႀကီးေျပာလိုက္သည္၊
"ပဲြရဲ့အဓိကဇာတ္ေဆာင္ရဲ့နာမည္ကို
ေမ့သြားၿပီထင္တယ္"
က်ဳံးယဲ့မွာ ပါးစပ္တြန႔္သြားရေတာ့သည္။
ဖိတ္ၾကားလႊာရၿပီး သူတို႔နယ္ေျမထဲ
ေရာက္လာၿပီးတာေတာင္ ပဲြကို
ဘယ္သူ႔အတြက္လုပ္ေပးတာလဲမသိဘူး။
သတၲိကေတာ့ လံုးဝမေသးဘူးပဲ။
က်ဳံးယဲ့က ျပန္ၿပီးတည္ၿငိမ္သြားၿပီးေနာက္တြင္
ေအးေအးေဆးေဆးေျပာလိုက္၏၊
"ငါမွတ္မိတာမွန္မယ္ဆိုရင္ သူကေဝ့ပိုင္တဲ့"
"ဘန္း-"
ယူေရွာင္းမိုမွာ ေမးေခ်ာ္ၿပီးစားပဲြနဲ႔မိတ္ဆက္
သြားေတာ့သည္။ ဒီနာမည္က တကယ့္၊
တကယ့္ကိုရင္းႏွီးတယ္၊ မဟားတရားကို
ရင္းႏွီးတယ္! သူ႔မွာေဝ့ပိုင္လို႔ေခၚ တဲ့
ဆရာတူအကိုတစ္ေယာက္ရိွခဲ့တယ္၊
ဒါေပမယ့္ သူကေပ်ာက္ဆံုးသြားၿပီး
ေသသလားရွင္သလားမသိရဘူး။
ဒါကတကယ္အမွန္ပဲလား၊ ပထမနာမည္နဲ႔
ဒုတိယနာမည္ေလးတူတာတင္ေလ၊
အဲ့ေလာက္တိုက္ဆိုင္တဲ့ဟာ ဘယ္လိုလုပ္ရိွ
ေနတာလဲ!
ထိုအရာမွာ သူ႔ရဲ့အေတြးအစစ္အမွန္မ်ားကို
ေဖာ္ထုတ္ျပေနျခင္းမဟုတ္ပါေခ်၊
သူ႔ရဲ့ထိတ္လန႔္တုန္လႈပ္မႈကို ျပေနျခင္းပင္!
သူ႔တံု႔ျပန္မႈကိုျမင္လိုက္ရေတာ့
က်ဳံးယဲ့က မ်က္ခံုးတစ္ဖက္ပင့္လိုက္သည္။
သူ႔ရဲ့ၾကမ္းၾကမ္းတမ္းတမ္းတံု႔ျပန္မႈေၾကာင့္
လင္းေရွာင္ပင္ လွၫ့္ၾကၫ့္လာ၏။
ယူေရွာင္းမိုက သူ႔ကိုၾကၫ့္ေနတဲ့ထူးထူးဆန္းဆန္း
အၾကၫ့္ေတြကို အေရးလုပ္ေနဖို႔
အခ်ိန္မရိွေပ၊ ေမးကိုေနရာတက်
ျပန္ထားလိုက္ၿပီးေနာက္ ေမးလိုက္တယ္၊
"သူကတကယ္ပဲေဝ့ပိုင္လို႔ေခၚ တာလား?"
က်ဳံးယဲ့က ျပန္ေျဖလိုက္သည္၊
"မင္းကိုလိမ္လို႔ဘာရမွာလဲ?"
ယူေရွာင္းမို-"လိမ္တာက အက်ိဳးရိွတာပဲဟာ"
"........"
ယူေရွာင္းမိုက ေျခာက္ကပ္ကပ္ရယ္လိုက္သည္၊
"အလကားသပ္သပ္ေနာက္တာပါ"
ဂၽြန္ေတာင္တန္းမွာတုန္းက ရႈန္းေရွာင္ေျပာတာကို
သတိရသြားတယ္၊ ေဝ့ပိုင္ကို သူ႔ဆရာက
လြန္ခဲ့တဲ့ႏွစ္ႏွစ္ရာတုန္းကလက္ခံခဲ့တာ၊
သူ႔ရဲ့ဒုတိယဆရာတူအကိုေပ်ာက္သြားတဲ့
အခ်ိန္ပဲ။ ေနာက္ၿပီး ခ်န္မဟာမိတ္ေခါင္းေဆာင္က
သူ႔ကိုေတြ့ခဲ့တဲ့အခါ ဒဏ္ရာအျပင္းအထန္
ရေနခဲ့တယ္။ တိုက္ဆိုင္မႈေတြကို
ေပါင္းလိုက္ရင္ ေဝ့ပိုင္ကသူ႔ရဲ့ဒုတိယဆရာတူအကို
ေဝ့ပိုင္ျဖစ္ဖို႔ ရွစ္ဆယ္ရာခိုင္ႏႈန္းေလာက္ရိွတယ္။
လင္းေရွာင္က သူတို႔စကားကိုၾကားလိုက္သည္၊
"ကိုယ္မွတ္မိတာမွန္ရင္ မင္းမွာလဲ
ေဝ့ပိုင္လို႔ေခၚ တဲ့ ဒုတိယဆရာတူအကိုတစ္ေယာက္
ရိွတယ္မလား?"
ယူေရွာင္းမိုက ေခါင္းညိမ့္ျပလိုက္တယ္။
"သူကအတူတူပဲေပါ့?"
"ျဖစ္ႏိုင္တယ္"
"ဒါဆို၊ လက္ေဆာင္စဉ္းစားၿပီးၿပီလား?"
".......ၿပီးၿပီ"
"ေကာင္းတယ္"
ခင္ဗ်ားအမႀကီးပဲေကာင္းေနလိုက္!
ယူေရွာင္းမိုက မ်က္လံုးလွန္လိုက္တယ္၊
သူတို႔ကံေကာင္းလို႔မဟုတ္ရင္ မ်က္ႏွာပ်က္ရ
ေတာ့မွာ။ ထိုအခ်ိန္၌ အဓိကစားပဲြဆီမွ
လူမ်ား၏အံ့ဩတႀကီးေရရြတ္သံမ်ားထြက္လာ၏။
"ဝိုး၊ အဲ့တာကေရႊႀကိဳးမ်ွင္ခ်ပ္ဝတ္ပဲ၊
ေသြးေစြးနီကလန္ကအရမ္းရက္ေရာလိုက္တာ!"
ယူေရွာင္းမိုက အံ့အားသင့္သြားၿပီး
မ်က္ခံုးပင့္လိုက္တယ္၊ ဒီနာမည္ကို
အရမ္းရင္းႏွီးေနတယ္၊ ဒါေပမယ့္ဘယ္မွာၾကားဖူးလဲ
စဉ္းစားလို႔မရဘူး။
လင္းေရွာင္အသံက ေဘးဘက္မွလြင့္လာ၏။
"အဲ့တာက ေရႊေတာင္ပံပိုးေကာင္က
ထုတ္တဲ့ေရႊႀကိဳးမ်ွင္ကလုပ္ထားတဲ့
ခ်ပ္ဝတ္ပဲ"
ဒါကအဓိပၸါယ္ရိွတယ္၊ ယူေရွာင္းမိုေတြးလိုက္တယ္။
သူ႔အက်ႌထဲမွာ ေရႊႀကိဳးမ်ွင္ထုတ္တဲ့
ေရႊေတာင္ပံပိုးေကာင္ႏွစ္ေကာင္
ရိွေနတယ္။ ေနာက္ေန့က်ရင္ သူတို႔ကို
ထုတ္ခိုင္းမယ္၊ စြမ္းအင္ေက်ာက္တံုး
ျပတ္သြားရင္ ေရာင္းစားပစ္မယ္။
ေရႊႀကိဳးမ်ွင္ခ်ပ္ဝတ္က ရတနာခ်ပ္ဝတ္ျဖစ္ကာ
ဧကရာဇ္အဆင့္တိုက္ခိုက္သူ၏
အင္အားျပၫ့္ရိုက္ခ်က္ေတာင္မွ ၄ကိုအႏၲရာယ္
မျဖစ္ေစႏိုင္ေပ။ ၄က ဟူဆိုတဲ့ေကာင္ရဲ့
သက္တန႔္ေဆးလံုးႏွင့္ တန္းတူညီကာ
အလြန္ရွားၿပီးအဖိုးတန္သည္။ ပံုမွန္အားျဖင့္
ဤကဲ့သို႔ရတနာမ်ားကို မိသားစုတြင္
အသံုးျပဳရန္သိမ္းထားတတ္ၾကသည္၊
သို႔ေသာ္ ယူက်န္ထ်န္းကမူ ေပးပစ္ေန၏။
ေရႊေတာင္ပံပိုးေကာင္က နတ္ဘုရားဧကရာဇ္
သားရဲေလးမ်ိဳးထက္ပင္နည္းပါးသည္ကို
သိထားရမည္ျဖစ္သည္။
သူ႔ပတ္ပတ္လည္မွာ လူတိုင္းရဲ့ခ်ီးမြမ္းသံ
ေတြရိွေနၿပီး ဖူခ်န္ခ်ဳံးေတာင္မွ
ေက်နပ္ေနသၫ့္အမူအရာနဲနဲရိွေနေလသည္။
သူ႔တပၫ့္ေလးရဲ့ေဘးကင္းမႈကို
စိတ္ပူတာေၾကာင့္ ပိုးေကာင္ေတြ၊ ဒါမွမဟုတ္ရင္
ခ်ပ္ဝတ္ကိုရွာဖို႔ လူေတြလႊတ္ခဲ့ဖူးသည္၊
သို႔ေပမယ့္ ဘာတစ္ခုမျွပန္မၾကားခဲ့ရေပ။
ခ်ပ္ဝတ္ကိုေပးလိုက္သၫ့္ယူက်န္ထ်န္းကမူ
အလြန္အဖိုးတန္သၫ့္အရာေပးလိုက္ရ၍
စိတ္ေသာကေရာက္ေနတာမ်ိဳးမရိွဘဲ
ဣေျဒရရေနေနသည္။
လူအမ်ားစုက လက္ေဆာင္ေပးၿပီးၾကၿပီ
ျဖစ္ကာ အေကာင္းဆံုးမွာသက္တန႔္ေဆးလံုးႏွင့္
ခ်ပ္ဝတ္ျဖစ္ၿပီး ဘယ္တစ္ခုမွယွဉ္၍မရေခ်။
ဖူခ်န္ခ်ဳံးက ခ်ပ္ဝတ္ကိုသိမ္းဖို႔ခိုင္းၿပီးတဲ့အခါ
ပဲြၿပီးဆံုးေၾကာင္းေၾကညာဖို႔ အသင့္ျဖစ္ေနသည္၊
အဲ့ဒီ့အခ်ိန္မွာ ေသြးေစြးနီကလန္မွ
အႀကီးအကဲတစ္ဦးက ရုတ္တရက္မတ္တပ္ထရပ္
လိုက္၏။ လူတိုင္းရဲ့အာရံုက သူ႔ဆီမွာ
ရိွေနတာကိုသတိျပဳမိလိုက္တာနဲ႔
ယူေရွာင္းမိုရဲ့စားပဲြဘက္လွၫ့္လိုက္ေလသည္။
ဒါကိုေတြ့ေတာ့ ေသြးေစြးနီကလန္က
ဘာမွမေကာင္းဘူးဆိုတာ ယူေရွာင္းမို
သိလိုက္တယ္၊ ဒါကသူတို႔ကိုလဲၫႊန္းတယ္
ဆိုေပမယ့္ ဒီတစ္ေခါက္ကေတာ့
မတူတဲ့လူတစ္ေယာက္ေပါ့ေလ။
"ကၽြန္ေတာ္စိတ္လႈပ္ရွားေနတယ္!"
ယူေရွာင္းမိုက လက္ႏွစ္ဖက္ကိုပြတ္လိုက္သည္။
လင္းေရွာင္က သူ႔ကိုတိတ္တိတ္ဆိတ္ဆိတ္
ၾကၫ့္လိုက္သည္၊ "ဘာကိုစိတ္လႈပ္ရွားတာလဲ?"
"သူဘာေျပာမယ္လို႔ထင္လဲ?"
"မွန္းၾကၫ့္ေလ"
ယူေရွာင္းမိုက ၾကက္ေသေသသြားၿပီး
အံ့ဩတႀကီးၾကၫ့္လိုက္တယ္၊
"ခင္ဗ်ားသိတယ္ေပါ့?"
လင္းေရွာင္က သူ႔ကိုစိတ္ပူေနတဲ့ပံုနဲ႔
ၾကၫ့္လိုက္ေလသည္။
ယူေရွာင္းမိုမွာ ပါးစပ္တြန႔္သြားၿပီး
ပိတ္ထားဖို႔ဆံုးျဖတ္လိုက္သည္။
ဆက္ေမးေနရင္ သည္းခံႏိုင္စြမ္းေတြ
ပိုျမင့္လာေတာ့မယ္လို႔ သူ႔ပင္ကိုယ္သိစိတ္က
ေျပာေနတယ္။
ကိုယ့္ကိုယ္ကိုယံုၾကည္မႈရိွေအာင္
သူျပင္ေနတုန္းမွာ အႀကီးအကဲက
ေက်နပ္ေနသၫ့္အသံျဖင့္ေျပာလိုက္သည္၊
"မဟာမိတ္ေခါင္းေဆာင္ဖူ၊ လက္ေဆာင္မေပး
ရေသးတဲ့လူတစ္ဦးက်န္ေသးတယ္ဆိုတာ
ေမ့သြားပံုရတယ္။ သူတို႔ေတြလက္ဖ်ားခါေလာက္တဲ့
တစ္စံုတစ္ရာျပင္လာၿပီး စိတ္မပ်က္ေစရဘူးဆိုတာ
ေသခ်ာတယ္"
လင္းေရွာင္ရဲ့ 'စိတ္ပူ' တဲ့အၾကၫ့္က
ဘာကိုဆိုလိုတာလဲဆိုတာ ယူေရွာင္းမို
သိသြားေတာ့၏။ အဲ့တာက သူဉာဏ္မမီတဲ့
ေရမေရာတဲ့စိတ္ပူမႈႀကီးပင္။
'ကၽြန္ေတာ့္ဉာဏ္ရည္က
အႏႈတ္ျဖစ္ေနႏွင့္ၿပီးသား၊ ဘာမွပူစရာ
မလိုဘူး' လို႔သူေျပာလိုက္ခ်င္တယ္။
______________