Unicode
အပိုင်း၄၆၆- တားမြစ်နယ်မြေ
စံအိမ်တော်ကြီးထဲက တားမြစ်နယ်မြေရဲ့
ဇာတ်ကြောင်းကို လွန်ခဲ့တဲ့နှစ်ပေါင်းငါးထောင်
ခြောက်ထောင်ဆီ လမ်းကြောင်းပြန်ရှာနိုင်သည်။
မျိုးဆက်တစ်ဆက်ကနေတစ်ဆက်
သွေးစွေးနီကလန်အတွင်းလက်ဆင့်ကမ်း
လာခဲ့တဲ့ဒဏ္ဍာရီိတွေအရ ၊
သွေးစွေးနီကလန်ကလွန်ခဲ့တဲ့နှစ်တွေတုန်းက
စုဆောင်းထားခဲ့တဲ့ရတနာတွေကို
တားမြစ်နယ်မြေမှာ သိုဝှက်ထားကြတယ်လို့
ဒဏ္ဍာရီိတစ်ခုမှာဖော်ပြထားတယ်။
နောက်ထပ်ဒဏ္ဍာရီိတစ်ခုကကျတော့
တားမြစ်နယ်မြေကို မျိုးဆက်တစ်ခုချင်းစီရဲ့
ခေါင်းဆောင်တွေက အရေးကြီးအရာတွေ
ကန့်သတ်ထားဖို့ အသုံးပြုခဲ့တယ်လို့
ဆိုတယ်။ ဟိုလိုသည်လိုနဲ့၊ ဒဏ္ဍာရီိတွေက
အမှန်ကို ကောလဟလကနေ ခွဲခြားလို့မရသည်အထိ
ပေါ် လာခဲ့သည်။
ယူယုံက သွေးစွေးနီကလန်ရဲ့ကိစ္စတွေအကြောင်း
သိပ်မပူတာကြောင့် သူမကဝါးတားတားပဲ
သိတယ်။
လင်းရှောင်နဲ့ဆွေးနွေးပြီးတဲ့နောက်တော့
ယူရှောင်းမိုက တားမြစ်နယ်မြေကို
ထောက်လှမ်းကြည့်ဖို့ဆုံးဖြတ်လိုက်သည်။
ကတ်ချုံးက ပုံရိပ်ယောင်ကိုမဖယ်ပေးပေ။
သူ့သခင်ရဲ့တောင်းဆိုချက်အတိုင်း
သူမကိုအိပ်ယာပေါ် အိပ်ခိုင်းလိုက်တယ်။
ထို့နောက် စံအိမ်လေးကနေမထွက်ခင်
ယူရှောင်းမိုက ယူဟယ့်ရဲ့သရုပ်ကိုသုံးပြီး
သခင်မလေးကိုးက အနားယူနေတာကြောင့်
သူမကိုမနှောင့်ယှက်ဖို့ အစေခံမလေးကို
ပြောလိုက်သည်။
အစေခံလေးက သံသယမဝင်ဘဲ
ခေါင်းညိမ့်ပြလိုက်၏။
ယူယုံရဲ့မှတ်ဉာဏ်အရ၊ နှစ်ယောက်သားက
တားမြစ်နယ်မြေဆီအလောတကြီးသွားလိုက်ကြ
သည်။
တားမြစ်နယ်မြေက သခင်မလေးကိုး၏စံအိမ်မှ
နာရီဝက်ခန့်သာကွာဝေးသည်။ သူတို့နှစ်ယောက်က
လျင်လျင်မြန်မြန်လှုပ်ရှားလိုက်ပြီး
ငါးမိနစ်မပြည့်ခင်မှာရောက်သွား၏။
တားမြစ်နယ်မြေရဲ့လုံခြုံရေးက အလွန်အမင်း
တင်းကြပ်လှသည်။ အတွင်းဘက်ရော၊
အပြင်ဘက်ရောမှာ လုံခြုံရေးသုံးထပ်ရှိသည်။
လင်းရှောင်ရဲ့အာရုံအရ တားမြစ်နယ်မြေကို
စောင့်ရှောက်နေတဲ့ နတ်ဒေဝါအဆင့်ကျင့်ကြံသူ
နှစ်ယောက်နဲ့ ဧကရာဇ်အဆင့်ကျင့်ကြံသူ
ဆယ်ယောက်ရှိနေတယ်။ စီစဉ်ထားပုံက
ဖြုံလောက်စရာဖြစ်ပြီး ဖောက်ဝင်တဲ့သူတွေကို
မြေအောက်ကမ္ဘာဆီတန်းပို့ပေးနိုင်၏။
ယူရှောင်းမိုက တံတွေးမျိုချလိုက်သည်။
ရွှမ်းယွီဟိုတယ်နဲ့ လင်းယုန်အဖွဲ့တို့မှာ
နတ်ဒေဝါအဆင့်ကျင့်ကြံသူတစ်ယောက်ပဲ
ရှိပြီး၊ ဒါက ထုံထျန်းတိုက်မကြီးမှာ
ရှေ့တန်းအင်အားစုတွေဖြစ်ဖို့
လုံလောက်တယ်။ ဒီဟာလေးက
အသေးအဖွဲတားမြစ်နယ်မြေလေးတစ်ခုပဲဟာကို၊
သူတို့က ဒီလိုကျွမ်းကျင်သူနှစ်ယောက်
စေလွှတ်ထားတယ်။ ဒီအချက်လေးတစ်ခုကိုပဲ
ကြည့်ရင်တောင် သွေးစွေးနီကလန်ရဲ့
အုတ်မြစ်က ဘယ်လောက်ထိနက်ရှိုင်းလဲဆိုတာ
သိနိုင်တယ်။
"ဘယ်လိုဝင်ကြမှာလဲ?" ယူရှောင်းမိုက
တိုးတိုးလေးမေးလိုက်သည်။
ဖောက်ဝင်သွားပြီး သတိအထားမခံရဖို့က
အရမ်းခက်တယ်။ သူတို့တွေရှာတွေ့မခံရပါဘူးလို့
အာမခံအခွင့်အရေးတစ်ခုမရှိဘဲ၊
နတ်ဒေဝါအဆင့်ကျင့်ကြံသူနှစ်ယောက်က
အာရုံခံမိသွားရင် တားမြစ်နယ်မြေမှာ
ဖုန်းချီယွင်ကိုရှာဖို့အခက်အခဲက အရမ်းမြင့်
သွားမှာပင်။
လင်းရှောင်က ခဏလောက်စဉ်းစားကြည့်
လိုက်တယ် "သခင်မလေးကိုးရဲ့မှတ်ဉာဏ်က
အားကိုးလို့မရဘူး၊ လက်တွေ့လဲမကျဘူး။
တားမြစ်နယ်မြေထဲကို
ဘယ်သူတွေဝင်လို့ရလဲဆိုတာ မပါဘူး"
ထိုအခိုက်တွင် ယင်ကောနဲ့ဆက်သွယ်ဖို့
သုံးထားတဲ့ အသံကူးပြောင်းကျောက်တုံးကနေ
လှုပ်ရှားမှုရှိလာသည်။
ယူရှောင်းမိုနဲ့လင်းရှောင်က သူများကြားသွားမှာ
ကိုရှောင်ရှားဖို့ နယ်မြေထဲဝင်ပြီးမှသာ
အသံကူးပြောင်းကျောက်တုံးကိုထုတ်လိုက်တယ်။
"အခြေအနေဘယ်လိုရှိလဲ?"
"အကြမ်းဖျင်းတော့ရှာပြီးသွားပြီ၊ ဒါပေမယ့်
ဖုန်းချီယွင်ရဲ့ခြေရာလက်ရာတစ်ခုမှ
မရဘူး။ သူကမင်းတို့ဘက်မှာဖြစ်မယ်"
ကျန့်ယွီရွှမ်းက ဖြေလိုက်သည်။
ယူရှောင်းမိုက ပြန်ဖြေလိုက်တယ်
"ငါတို့တွေ တားမြစ်နယ်မြေတစ်ခုတွေ့ထားတယ်။
ဖုန်းချီယွင်ကို အထဲမှာပိတ်ထားတာဖြစ်နိုင်တယ်၊
ဒါပေမယ့် ဝင်လို့မရဘူးဖြစ်နေတယ်။
အထဲမှာ ကျွမ်းကျင်သူတွေအများကြီး
ရှိနေပြီး ဖောက်ဝင်သွားရင်အဝိုင်းခံရလိမ့်မယ်"
"တားမြစ်နယ်မြေ? ယူကျန်ထျန်းအပြင်
လွတ်လွတ်လပ်လပ်ဝင်ထွက်လို့ရတဲ့သူ
ရှိဦးမယ်ထင်တယ်။ သူ့သားလေးယောက်ဆို
ရမလား?" ကျန့်ယွီရွှမ်းက ခန့်မှန်းကြည့်
လိုက်တယ်။
လင်းရှောင်က စကားဆက်လိုက်သည်
"သူတို့တွေဝင်လို့ရရင်တောင် ဒါကအလုပ်ဖြစ်မှာ
မဟုတ်ဘူး။ ပထမအနေနဲ့ ဒီလူလေးယောက်က
ဘယ်မှာလဲ ငါတို့မသိဘူး။ သူတို့တစ်ဦးဦးကို
လိုက်ရှာဖို့က အချိန်ကုန်တယ်၊ နောက်ပြီး
သူတို့ကျင့်ကြံဆင့်က မြင့်ဖို့များတယ်။
ရန်သူကိုသတိပေးသလိုဖြစ်သွားမှာကို
ရှောင်ရှားဖို့လိုတဲ့ ဒီလိုအခြေအနေမှာ သူတို့ကို
အရှင်လတ်လတ်ဖမ်းဖို့က အရမ်းစွန့်စားရာကျလွန်း
တယ်"
"ဒါဆိုရင်၊ ခင်ဗျားမှာ အစောင့်တွေရဲ့မှတ်ဉာဏ်ကို
ရှာဖို့နည်းရှိလား?"
လင်းရှောင်ကမျက်ခုံးတွန့်သွား၏
"ကိုယ်စမ်းကြည့်လို့ရတယ်"
တားမြစ်နယ်မြေကို ဘယ်သူပုံမှန်လာတတ်လဲ
ဆိုတာ အစောင့်တွေသိမှာပင်။
လူရောက်လာတတ်တဲ့အချိန်က အတိအကျရှိရင်
ယူရှောင်းမိုနဲ့လင်းရှောင်က လာရာလမ်းမှာ
ခြုံခိုတိုက်လိုက်ဖို့ပဲလိုတာကြောင့် ဒါက
ပိုအဆင်ပြေတယ်။ သို့ပေမယ့် ဒီဟာက
ခက်ခဲတဲ့အလုပ်ဖြစ်ကာ တားမြစ်နယ်မြေ
အပြင်ဘက်၌ပင် အစောင့်လေးဦးရှိနေပြီဖြစ်သည်။
သူက နတ်ဘုရားအဆင့်ဆီတက်ထားပြီး
ဖြစ်တာ ကံကောင်းတယ်၊ မဟုတ်ရင်
ရလဒ်အတွက်အာမခံချက်ရှိမှာမဟုတ်ဘူး။
နတ်ဒေဝါအဆင့်တိုက်ခိုက်သူတိုင်းတွင်
ပိုင်နက်တစ်ခုရှိကြသည်။ ပိုင်နက်တစ်ခုစီရဲ့
အရည်အချင်းက တစ်ဦးချင်းစီရဲ့စွမ်းရည်ပေါ်
မူတည်သည်။ သို့သော်ငြားလည်း
နတ်ဒေဝါအဆင့်တိုက်ခိုက်သူတွေဟာ
သဘာဝရဲ့ခုခံမှုမှာ ကျွမ်းကျင်သူတွေမဖြစ်သေး
တာကြောင့် ပိုင်နက်ကိုအသုံးပြုလိုက်လျှင်
ရှာတွေ့ခံရနိုင်သည့်အချက်မှာ ပိုများလေသည်။
ဒါပေမယ့်လည်း နတ်ဘုရားအဆင့်တွေအတွက်
ကတော့ မတူပေ။ ပိုင်နက်ဧရိယာက
ပိုကျယ်ပြန့်လာရုံသာမက ပိုင်နက်ရဲ့
အရည်အသွေးတွေကလဲ အဆင့်မြင့်လာသည်။
အဆင့်တူတစ်ယောက်မရှိသရွေ့ ပိုင်နက်ကို
နတ်ဘုရားအဆင့်ကျင့်ကြံသူအောက်ကလူတွေ
ရှာတွေ့သွားနိုင်တဲ့ဖြစ်နိုင်ခြေက အလွန်အမင်း
နည်းပါး၏။
လင်းရှောင်က သူတို့အနီးနားတစ်ဝိုက်မှာ
ဖြတ်သွားဖြတ်လာမရှိဘူးဆိုတာ သေချာတော့မှ
အစောင့်ရဲ့မှတ်ဉာဏ်ကို ခိုးယူလိုက်သည်။
ပိုင်နက်က အစောင့်နဲ့ကျန်သုံးယောက်ကို
ခွဲထုတ်လိုက်တဲ့ အကာအကွယ်ဖန်သားပြင်
တစ်ခုနှင့် တူသည်။ သူတို့တွေမျက်နှာချင်းဆိုင်
ရှိနေရင်တောင်မှ ရှာတွေ့သွားဖို့မဖြစ်နိုင်ပေ။
ဒီအခြေအနေရောက်မှ နှစ်ယောက်သားက
ကိုယ်ထင်ပြလိုက်ကြတယ်။
သခင်မလေးကိုးကို သုံးခဲ့တဲ့နည်းလမ်းကိုပဲ
အစောင့်ပေါ် မှာသုံးလိုက်တယ်။
သူက သခင်မလေးကိုးထက်ပိုသန်မာတာကြောင့်
အချိန်နည်းနည်းတော့ပိုကြာလေသည်။
ယူရှောင်းမိုက အစောင့်ရဲ့မှတ်ဉာဏ်ထဲကို
စစ်ကြည့်လိုက်ပြီး အစေခံမိန်းကလေးတစ်ယောက်က
ခုနစ်ရက်တိုင်းမှာတားမြစ်နယ်မြေဆီ
ပစ္စည်းလာပို့တယ်ဆိုတာ တွေ့လိုက်ရသည်။
မနက်ဖြန်က အစေခံက တားမြစ်နယ်မြေဆီ
ပစ္စည်းလာပို့မယ့်နေ့ဖြစ်တာကြောင့်
သူတို့ကံကောင်းတယ်လို့ဆိုရမယ်။
ဒါ့အပြင် မျိုးဆက်ရဲ့ခေါင်းဆောင်တွေကပဲ
တားမြစ်နယ်မြေကို ဝင်လို့ရတယ်။
ခေါင်းဆောင်ရဲ့သားလေးယောက်
အပါအဝင် အခြားဘယ်သူမှ ဝင်လို့မရဘူး။
ဒီဟာက ဖြစ်နိုင်ခြေအရှိဆုံးဖြစ်သည်။
အချိန်တစ်ချို့စောင့်ရုံကလွဲလို့ သူတို့မှာ
တစ်ခြားရွေးစရာမရှိဘူး။
ဒါ့ကြောင့် စောင့်နေစဉ်အတောအတွင်းမှာ၊
ယင်ကောနဲ့သူတို့က ဖုန်းချီယွင်ကိုကယ်ပြီးရင်
ပြန်ဆုတ်မယ့် အစီအစဉ်ကို ပြန်ပြောလိုက်ကြသည်။
လုံးဝဥဿုံဘေးကင်းတယ်ဆိုတာ
သေချာဖို့ ထပ်ခါထပ်ခါပြန်နွှေးလိုက်၏။
သူတို့တွေဆွေးနွေးနေရင်း အချိန်က
ကုန်ဆုံးသွားပြီး အရုဏ်ဦးသို့ရောက်လာ
တော့သည်။
ကွေ့ကောက်နေတဲ့စင်္ကြံလမ်းမှာ
နူးညံ့တဲ့အစေခံမလေးက တားမြစ်နယ်မြေရှိရာ
ဘက်သို့ တင့်တယ်စွာလျှောက်လာသည်။
သူမခါးပေါ် မှာတော့ အရောင်အမျိုးမျိုးရှိတဲ့
မှော်အိတ်လေးတွေအများကြီး ချိတ်ထားသည်။
လူကျဲတဲ့လမ်းဘက်ရောက်လာပြီး
ထောင့်တစ်ခုကိုကွေ့လိုက်တဲ့အချိန်မှာပဲ
သူမခြေလှမ်းတွေက နှေးကွေးသွားပြီး
မိန်းမောသွားတဲ့အမူအရာနဲ့
နေရာမှာတင်ရပ်သွားလေသည်။
သို့သော်လည်း သူမကိုမြင်လိုက်ရင်
ဘယ်သူကမှသင်္ကာမကင်းဖြစ်မည်မဟုတ်ပေ။
အမှန်တွင် ဒီဟာက ကတ်ချုံးရဲ့ပုံရိပ်ယောင်
တစ်ခုသာဖြစ်ပြီး အစေခံအစစ်မှာ
လင်းရှောင်ရဲ့နယ်မြေထဲရောက်နေပြီဖြစ်သည်။
ယူရှောင်းမိုက သတိလစ်နေတဲ့အစေခံမလေးကို
ကြည့်လိုက်ပြီးနောက် လင်းရှောင်ဘက်
လှည့်လိုက်တယ် "ဘယ်သူက သူမအယောင်
ဆောင်မှာလဲ?"
စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်ကို
လှည့်စားဖို့ ကတ်ချုံးရဲ့ပုံရိပ်ယောင်တွေက
မလုံလောက်သေးတာကြောင့်
သူက မျက်နှာတစ်ခုပဲပြောင်းပေးနိုင်ပြီး
အဝတ်အစားကိုတော့ မပြောင်းပေးနိုင်ချေ။
သို့ဖြစ်၍ အစေခံမလေးအဖြစ်
အယောင်ဆောင်မယ့်သူက ရုပ်ဖျက်တာပီပြင်ဖို့
အတွက် သူမအဝတ်တွေကိုဝတ်ဖို့လိုလေသည်။
လင်းရှောင်က ယူရှောင်းမိုကို အကြည့်တစ်ချက်
ပစ်ပေးလိုက်၏ "မင်းမဟုတ်ရင်၊
ဘာလဲ ကိုယ်လုပ်ရမှာလား?"
ယူရှောင်းမိုက သူ့ကိုမုန်းတီးစွာကြည့်လိုက်တယ်။
ခင်ဗျားကြီးစိတ်ထဲမှာကျိတ်ရယ်နေတာကို
မသိဘူးမထင်နဲ့။ အကြိမ်အနည်းငယ်လောက်
တိတ်တဆိတ်ကျိန်ဆဲပြီးတဲ့နောက်တော့
အဆုံးမှာ ကိုယ့်ကံကြမ္မာကိုလက်ခံလိုက်ပြီး
အဝတ်လဲလိုက်တော့သည်။ သို့ပေမယ့်လည်း
အစေခံမလေးရဲ့အဝတ်ကို ဖယ်ရတာ
တော်တော်လေးအားစိုက်လိုက်ရတယ်။
အပြင်ဘက်ဝတ်ရုံလေးနည်းနည်းပဲ
လိုလို့ ကံကောင်းတယ်။
ဆယ့်ငါးမိနစ်ကြာပြီးနောက်မှာ
မိန်းမောနေပြီး မတ်မတ်ကြီးရပ်နေခဲ့တဲ့
နူးညံ့ပြီးဆွဲဆောင်မှုရှိတဲ့အစေခံမလေးက
ပြန်လည်ရှင်သန်လာသလိုပင်။
အခုအချိန်မှာတော့
သူမရဲ့ခြေလှမ်းတွေက တင့်တယ်မှု
မရှိတော့ဘဲ ထိုအစားကိို့ရို့ကားယားဖြစ်နေ၏။
ကြာပန်းလေးတွေလိုတင့်တယ်တဲ့ ခြေလှမ်းတွေက
လုပ်ရတာမလွယ်ဘူး။
တားမြစ်နယ်မြေက မျက်စိရှေ့ရောက်
လာတော့မှ ယူရှောင်းမိုက သူ့ရဲ့ခါးခါးသီးသီး
အမူအရာကိုဖိနှိပ်ထားလိုက်တော့သည်။
အစောင့်က အစေခံမလေးကိုမှတ်မိကာ
သူမနဲ့အလွန်ရင်းနှီးတာကြောင့်
ကတ်ပြားကိုတစ်ချက်ကြည့်လိုက်ပြီး
ယူရှောင်းမိုကိုဝင်ခွင့်ပြုလိုက်သည်။
အစေခံမလေးရဲ့ မှတ်ဉာဏ်အပေါ် မူတည်ပြီး၊
ယူရှောင်းမိုက အစေခံမြင်ဖူးတဲ့နေရာတွေကို
တိုက်ရိုက်ဖြတ်လျှောက်သွားလိုက်ပြီး
အတွင်းဘက်ဆုံးနေရာဆီ လျှောက်သွား
လိုက်တယ်။
တားမြစ်နယ်မြေလို့အမည်တပ်ထားတဲ့အရာမှာ
အမှန်တွင် စုစုပေါင်းဆယ်ထပ်ရှိသည့်
အကျဉ်းထောင်ကြီးတစ်ခုဖြစ်နေသည်။
သို့ပေမယ့် ထောင်ရဲ့အထပ်တွေက
အပေါ် ဘက်သို့မဟုတ်ဘဲ အောက်ဘက်သို့
တည်ဆောက်ထားခြင်းဖြစ်သည်။
ထို့ကြောင့် အောက်ကိုပိုဆင်းသွားလေလေ၊
အကျဉ်းချခံထားရတဲ့လူတွေရဲ့ကျင့်ကြံဆင့်က
ပိုမြင့်လာလေလေဖြစ်ပြီး ဆက်ဆံခံရမှုကလဲ
ပိုကောင်းလာလေလေဖြစ်၏။ ခြောက်ထပ်မြောက်ကို
ဥပမာယူရရင် အကျဉ်းခန်းက ထိုင်ခုံတွေ၊
အိပ်ယာခင်းတွေနဲ့ ခုတင်တစ်ခုပါတဲ့
အခန်းဖြစ်သည်။ ထို့ပြင် အောက်ထပ်ရောက်လေလေ
ကျွေးတဲ့အစားအသောက်က ပိုကောင်း
လေလေပင်။
သူက ပထမထပ်ကနေ ခြောက်ထပ်မြောက်ထိ
ကြည့်ကြည့်ပေမယ့်လည်း ဖုန်းချီယွင်ရဲ့
အရိပ်ယောင်ရှိမနေဘူး။
ယူရှောင်းမိုက ကြောင်သွားတယ်။
ဖုန်းချီယွင်ရဲ့ကျင့်ကြံဆင့်ကမမြင့်ဘူး။
တားမြစ်နယ်မြေထဲက အထပ်တွေကို
အကျဉ်းသားရဲ့ကျင့်ကြံဆင့်ပေါ် အခြေခံပြီး
ခွဲထားတယ်ဆိုရင် ခြောက်ထပ်မြောက်မှာတောင်
အင်ပါယာအဆင့်ကျင့်ကြံသူတွေ
ရှိနေပြီဖြစ်တာကြောင့် သူကခုနစ်မြောက်ထက်
ပိုနိမ့်ဖို့မဖြစ်နိုင်ချေ။ ခုနစ်ထပ်မြောက်နဲ့အထက်က
ဧကရာဇ်အဆင့်နဲ့အထက်ကျင့်ကြံသူတွေ
ဖြစ်မယ်လို့ သူခန့်မှန်းမိတယ်။
"ဖုန်းချီယွင်ရဲ့အခြေအနေတွေက
သိပ်ပုံမှန်မဟုတ်ဘူးလေ။ သူအောက်ထပ်မှာ
အကျဉ်းချခံထားရတာ ဖြစ်နိုင်တယ်"
လင်းရှောင်ရဲ့အသံက သူ့စိတ်ထဲမှာပေါ် လာတယ်။
ယူရှောင်းမိုက ခေါင်းညိမ့်လိုက်ပြီး
အောက်ဘက်ကိုဆက်လျှောက်သွားလိုက်တယ်။
လမ်းမှာ အစောင့်တွေအများကြီးနဲ့ကြုံခဲ့ရပေမယ့်
ဘယ်သူကမှ မတားပေ။
"ဟေး ၊ မင်း၊ ဒီလာခဲ့စမ်း!"
အဲ့ဒီ့အချိန်မှာပဲ အသံတစ်သံကရုတ်တရက်
ထွက်ပေါ် လာသည်။
ယူရှောင်းမိုခေါင်းမော့လိုက်တော့
သူ့ကိုခေါ် နေတဲ့ တစ်ဖက်လူက
ဖြတ်သန်းတဲ့လမ်းရှေ့မှာရပ်နေတဲ့
အနီရောင်သံချပ်ကာဝတ် သက်လတ်ပိုင်းအရွယ်
လူတစ်ယောက်ဖြစ်နေတာတွေ့လိုက်ရတယ်။
ဒီလူကို အစေခံမလေးရဲ့မှတ်ဉာဏ်ထဲမှာ
သူတွေ့ဖူးတယ်။ သူကခုနစ်ထပ်မြောက်မှာရှိတဲ့
အစောင့်တွေရဲ့ ခေါင်းဆောင်ဖြစ်သည်။
တားမြစ်နယ်မြေမှာ အရမ်းတင်းကြပ်တဲ့
ကြီးစဉ်ငယ်လိုက်စနစ်တစ်ခုရှိလေသည်။
အထပ်တိုင်းမှာ သက်ဆိုင်ရာကြီးကြပ်ရေးမှူး
တစ်ယောက်စီရှိပြီး ဒီကြီးကြပ်ရေးမှူးတွေက
အစောင့်ခေါင်းဆောင်ဖြစ်ကြ၏။
ခေါင်းဆောင်တွေက အလွန်သန်မာပြီး
တားမြစ်နယ်မြေကနေထွက်ခဲတာကြောင့်
သူတို့တစ်ခုခုလိုရင် အစေခံက
ခုနစ်ရက်တစ်ကြိမ်လာပို့ပေးသည်။
ခုနစ်ထပ်မြောက်ကခေါင်းဆောင်က
တိုက်ပွဲတွေကိုနှစ်သက်ပြီး နေ့တိုင်းမသောက်ရရင်
ယားနေတတ်သူဖြစ်သည်။
ယူရှောင်းမိုက ဝိုင်ပါတဲ့မှော်အိတ်ကို
ဖြုတ်လိုက်ပြီး ပေးလိုက်တယ်။
အစောင့်ခေါင်းဆောင်က မှော်အိတ်ကို
ချက်ချင်းယူလိုက်ပြီး သူ့ကို
သွားဖို့လက်ပြလိုက်သည်။
ယူရှောင်းမိုက စိတ်သက်သာရာရသွားပြီး
ခပ်ဖျော့ဖျော့သက်ပြင်းချလိုက်တယ်။
အစောင့်က မေးခွန်းတွေမမေးတာ
ကံကောင်းတာပဲ၊ မဟုတ်ရင်
ကောင်းကောင်းသရုပ်ဆောင်နိုင်ပါ့မလားဆိုတာ
သူမသေချာဘူး။ အောက်တစ်ဆင့်မှာ
ရှစ်ထပ်မြောက်ဖြစ်ပြီး အကျဉ်းသားတွေရဲ့
ခွန်အားက ကြယ်အထက်ဆင့်ဧကရာဇ်အဆင့်၌
ရှိကြသည်။ သူတို့သာလွတ်မြောက်ခဲ့ရင်
နတ်ဒေဝါအဆင့်ကိုတက်ဖို့ ဖြစ်နိုင်လေသည်။
သူကိုးထပ်မြောက်ဆီ သွားဖို့ပြင်နေတုန်းမှာပဲ
နောက်ထပ်လူတစ်ယောက်က သူ့ကိုလှမ်းခေါ်
သည်။ ဒီတစ်ခေါက်တော့ အစောင့်ခေါင်းဆောင်
မဟုတ်ဘဲ တသီးတသန့်ဆန်တဲ့
နူးညံ့တဲ့အသွင်ရှိသည့် အသက်ကြီးကြီး
လူတစ်ယောက်ဖြစ်၏။ သို့ပေမယ့်
ယူရှောင်းမိုမှာ ချက်ချင်းပဲအနေရခက်သွားသည်_
အကြောင်းမှာ လင်းရှောင်ကသူ့ကို တဟီးဟီးနဲ့
သတိပေးလိုက်သောကြောင့်ပင်!
အဖိုးကြီးက တားမြစ်နယ်မြေကိုစောင့်နေတဲ့
နတ်ဒေဝါအဆင့်နှစ်ဦးထဲက တစ်ဦးဖြစ်သည်။
သူ့ကို ယူတန်လို့ခေါ် ပြီး အခြားတစ်ယောက်ကို
ယူရွှမ်းလို့ခေါ် သည်။ သူတို့နှစ်ယောက်က
အမွှာညီအစ်ကိုတွေဖြစ်ကာ နှစ်ယောက်လုံးက
ကြယ်ငါးပွင့်နတ်ဒေဝါအဆင့်များဖြစ်ကြ၏။
အမွှာတွေကြားက စိတ်ချင်းဆက်နွယ်မှုနဲ့ဆိုရင်
သူတို့နှစ်ယောက်လက်တွဲလိုက်လျှင်
သာမာန်ကြယ်ခုနစ်ပွင့်ကျင့်ကြံသူပင်
သုတ်သုတ်ပြာပြာထွက်ပြေးရမည်ဖြစ်သည်။
_____________
Zawgyi
အပိုင္း၄၆၆- တားျမစ္နယ္ေျမ
စံအိမ္ေတာ္ႀကီးထဲက တားျမစ္နယ္ေျမရဲ့
ဇာတ္ေၾကာင္းကို လြန္ခဲ့တဲ့ႏွစ္ေပါင္းငါးေထာင္
ေျခာက္ေထာင္ဆီ လမ္းေၾကာင္းျပန္ရွာႏိုင္သည္။
မ်ိဳးဆက္တစ္ဆက္ကေနတစ္ဆက္
ေသြးေစြးနီကလန္အတြင္းလက္ဆင့္ကမ္း
လာခဲ့တဲ့ဒ႑ာရီိေတြအရ ၊
ေသြးေစြးနီကလန္ကလြန္ခဲ့တဲ့ႏွစ္ေတြတုန္းက
စုေဆာင္းထားခဲ့တဲ့ရတနာေတြကို
တားျမစ္နယ္ေျမမွာ သိုဝွက္ထားၾကတယ္လို႔
ဒ႑ာရီိတစ္ခုမွာေဖာ္ျပထားတယ္။
ေနာက္ထပ္ဒ႑ာရီိတစ္ခုကက်ေတာ့
တားျမစ္နယ္ေျမကို မ်ိဳးဆက္တစ္ခုခ်င္းစီရဲ့
ေခါင္းေဆာင္ေတြက အေရးႀကီးအရာေတြ
ကန႔္သတ္ထားဖို႔ အသံုးျပဳခဲ့တယ္လို႔
ဆိုတယ္။ ဟိုလိုသည္လိုနဲ႔၊ ဒ႑ာရီိေတြက
အမွန္ကို ေကာလဟလကေန ခဲြျခားလို႔မရသည္အထိ
ေပၚ လာခဲ့သည္။
ယူယံုက ေသြးေစြးနီကလန္ရဲ့ကိစၥေတြအေၾကာင္း
သိပ္မပူတာေၾကာင့္ သူမကဝါးတားတားပဲ
သိတယ္။
လင္းေရွာင္နဲ႔ေဆြးေနြးၿပီးတဲ့ေနာက္ေတာ့
ယူေရွာင္းမိုက တားျမစ္နယ္ေျမကို
ေထာက္လွမ္းၾကၫ့္ဖို႔ဆံုးျဖတ္လိုက္သည္။
ကတ္ခ်ဳံးက ပံုရိပ္ေယာင္ကိုမဖယ္ေပးေပ။
သူ႔သခင္ရဲ့ေတာင္းဆိုခ်က္အတိုင္း
သူမကိုအိပ္ယာေပၚ အိပ္ခိုင္းလိုက္တယ္။
ထို႔ေနာက္ စံအိမ္ေလးကေနမထြက္ခင္
ယူေရွာင္းမိုက ယူဟယ့္ရဲ့သရုပ္ကိုသံုးၿပီး
သခင္မေလးကိုးက အနားယူေနတာေၾကာင့္
သူမကိုမေနွာင့္ယွက္ဖို႔ အေစခံမေလးကို
ေျပာလိုက္သည္။
အေစခံေလးက သံသယမဝင္ဘဲ
ေခါင္းညိမ့္ျပလိုက္၏။
ယူယံုရဲ့မွတ္ဉာဏ္အရ၊ ႏွစ္ေယာက္သားက
တားျမစ္နယ္ေျမဆီအေလာတႀကီးသြားလိုက္ၾက
သည္။
တားျမစ္နယ္ေျမက သခင္မေလးကိုး၏စံအိမ္မွ
နာရီဝက္ခန႔္သာကြာေဝးသည္။ သူတို႔ႏွစ္ေယာက္က
လ်င္လ်င္ျမန္ျမန္လႈပ္ရွားလိုက္ၿပီး
ငါးမိနစ္မျပၫ့္ခင္မွာေရာက္သြား၏။
တားျမစ္နယ္ေျမရဲ့လံုႃခံုေရးက အလြန္အမင္း
တင္းၾကပ္လွသည္။ အတြင္းဘက္ေရာ၊
အျပင္ဘက္ေရာမွာ လံုႃခံုေရးသံုးထပ္ရိွသည္။
လင္းေရွာင္ရဲ့အာရံုအရ တားျမစ္နယ္ေျမကို
ေစာင့္ေရွာက္ေနတဲ့ နတ္ေဒဝါအဆင့္က်င့္ႀကံသူ
ႏွစ္ေယာက္နဲ႔ ဧကရာဇ္အဆင့္က်င့္ႀကံသူ
ဆယ္ေယာက္ရိွေနတယ္။ စီစဉ္ထားပံုက
ႃဖံုေလာက္စရာျဖစ္ၿပီး ေဖာက္ဝင္တဲ့သူေတြကို
ေျမေအာက္ကမ႓ာဆီတန္းပို႔ေပးႏိုင္၏။
ယူေရွာင္းမိုက တံေတြးမ်ိဳခ်လိုက္သည္။
ရႊမ္းယီြဟိုတယ္နဲ႔ လင္းယုန္အဖဲြ႔တို႔မွာ
နတ္ေဒဝါအဆင့္က်င့္ႀကံသူတစ္ေယာက္ပဲ
ရိွၿပီး၊ ဒါက ထံုထ်န္းတိုက္မႀကီးမွာ
ေရ႔ွတန္းအင္အားစုေတျြဖစ္ဖို႔
လံုေလာက္တယ္။ ဒီဟာေလးက
အေသးအဖဲြတားျမစ္နယ္ေျမေလးတစ္ခုပဲဟာကို၊
သူတို႔က ဒီလိုကၽြမ္းက်င္သူႏွစ္ေယာက္
ေစလႊတ္ထားတယ္။ ဒီအခ်က္ေလးတစ္ခုကိုပဲ
ၾကၫ့္ရင္ေတာင္ ေသြးေစြးနီကလန္ရဲ့
အုတ္ျမစ္က ဘယ္ေလာက္ထိနက္ရိႈင္းလဲဆိုတာ
သိႏိုင္တယ္။
"ဘယ္လိုဝင္ၾကမွာလဲ?" ယူေရွာင္းမိုက
တိုးတိုးေလးေမးလိုက္သည္။
ေဖာက္ဝင္သြားၿပီး သတိအထားမခံရဖို႔က
အရမ္းခက္တယ္။ သူတို႔ေတြရွာေတြ့မခံရပါဘူးလို႔
အာမခံအခြင့္အေရးတစ္ခုမရိွဘဲ၊
နတ္ေဒဝါအဆင့္က်င့္ႀကံသူႏွစ္ေယာက္က
အာရံုခံမိသြားရင္ တားျမစ္နယ္ေျမမွာ
ဖုန္းခ်ီယြင္ကိုရွာဖို႔အခက္အခဲက အရမ္းျမင့္
သြားမွာပင္။
လင္းေရွာင္က ခဏေလာက္စဉ္းစားၾကၫ့္
လိုက္တယ္ "သခင္မေလးကိုးရဲ့မွတ္ဉာဏ္က
အားကိုးလို႔မရဘူး၊ လက္ေတြ့လဲမက်ဘူး။
တားျမစ္နယ္ေျမထဲကို
ဘယ္သူေတြဝင္လို႔ရလဲဆိုတာ မပါဘူး"
ထိုအခိုက္တြင္ ယင္ေကာနဲ႔ဆက္သြယ္ဖို႔
သံုးထားတဲ့ အသံကူးေျပာင္းေက်ာက္တံုးကေန
လႈပ္ရွားမႈရိွလာသည္။
ယူေရွာင္းမိုနဲ႔လင္းေရွာင္က သူမ်ားၾကားသြားမွာ
ကိုေရွာင္ရွားဖို႔ နယ္ေျမထဲဝင္ၿပီးမွသာ
အသံကူးေျပာင္းေက်ာက္တံုးကိုထုတ္လိုက္တယ္။
"အေျခအေနဘယ္လိုရိွလဲ?"
"အၾကမ္းဖ်င္းေတာ့ရွာၿပီးသြားၿပီ၊ ဒါေပမယ့္
ဖုန္းခ်ီယြင္ရဲ့ေျခရာလက္ရာတစ္ခုမွ
မရဘူး။ သူကမင္းတို႔ဘက္မွာျဖစ္မယ္"
က်န႔္ယီြရႊမ္းက ေျဖလိုက္သည္။
ယူေရွာင္းမိုက ျပန္ေျဖလိုက္တယ္
"ငါတို႔ေတြ တားျမစ္နယ္ေျမတစ္ခုေတြ့ထားတယ္။
ဖုန္းခ်ီယြင္ကို အထဲမွာပိတ္ထားတာျဖစ္ႏိုင္တယ္၊
ဒါေပမယ့္ ဝင္လို႔မရဘူးျဖစ္ေနတယ္။
အထဲမွာ ကၽြမ္းက်င္သူေတြအမ်ားႀကီး
ရိွေနၿပီး ေဖာက္ဝင္သြားရင္အဝိုင္းခံရလိမ့္မယ္"
"တားျမစ္နယ္ေျမ? ယူက်န္ထ်န္းအျပင္
လြတ္လြတ္လပ္လပ္ဝင္ထြက္လို႔ရတဲ့သူ
ရိွဦးမယ္ထင္တယ္။ သူ႔သားေလးေယာက္ဆို
ရမလား?" က်န႔္ယီြရႊမ္းက ခန႔္မွန္းၾကၫ့္
လိုက္တယ္။
လင္းေရွာင္က စကားဆက္လိုက္သည္
"သူတို႔ေတြဝင္လို႔ရရင္ေတာင္ ဒါကအလုပ္ျဖစ္မွာ
မဟုတ္ဘူး။ ပထမအေနနဲ႔ ဒီလူေလးေယာက္က
ဘယ္မွာလဲ ငါတို႔မသိဘူး။ သူတို႔တစ္ဦးဦးကို
လိုက္ရွာဖို႔က အခ်ိန္ကုန္တယ္၊ ေနာက္ၿပီး
သူတို႔က်င့္ႀကံဆင့္က ျမင့္ဖို႔မ်ားတယ္။
ရန္သူကိုသတိေပးသလိုျဖစ္သြားမွာကို
ေရွာင္ရွားဖို႔လိုတဲ့ ဒီလိုအေျခအေနမွာ သူတို႔ကို
အရွင္လတ္လတ္ဖမ္းဖို႔က အရမ္းစြန႔္စားရာက်လြန္း
တယ္"
"ဒါဆိုရင္၊ ခင္ဗ်ားမွာ အေစာင့္ေတြရဲ့မွတ္ဉာဏ္ကို
ရွာဖို႔နည္းရိွလား?"
လင္းေရွာင္ကမ်က္ခံုးတြန႔္သြား၏
"ကိုယ္စမ္းၾကၫ့္လို႔ရတယ္"
တားျမစ္နယ္ေျမကို ဘယ္သူပံုမွန္လာတတ္လဲ
ဆိုတာ အေစာင့္ေတြသိမွာပင္။
လူေရာက္လာတတ္တဲ့အခ်ိန္က အတိအက်ရိွရင္
ယူေရွာင္းမိုနဲ႔လင္းေရွာင္က လာရာလမ္းမွာ
ႃခံုခိုတိုက္လိုက္ဖို႔ပဲလိုတာေၾကာင့္ ဒါက
ပိုအဆင္ေျပတယ္။ သို႔ေပမယ့္ ဒီဟာက
ခက္ခဲတဲ့အလုပ္ျဖစ္ကာ တားျမစ္နယ္ေျမ
အျပင္ဘက္၌ပင္ အေစာင့္ေလးဦးရိွေနၿပီျဖစ္သည္။
သူက နတ္ဘုရားအဆင့္ဆီတက္ထားၿပီး
ျဖစ္တာ ကံေကာင္းတယ္၊ မဟုတ္ရင္
ရလဒ္အတြက္အာမခံခ်က္ရိွမွာမဟုတ္ဘူး။
နတ္ေဒဝါအဆင့္တိုက္ခိုက္သူတိုင္းတြင္
ပိုင္နက္တစ္ခုရိွၾကသည္။ ပိုင္နက္တစ္ခုစီရဲ့
အရည္အခ်င္းက တစ္ဦးခ်င္းစီရဲ့စြမ္းရည္ေပၚ
မူတည္သည္။ သို႔ေသာ္ျငားလည္း
နတ္ေဒဝါအဆင့္တိုက္ခိုက္သူေတြဟာ
သဘာဝရဲ့ခုခံမႈမွာ ကၽြမ္းက်င္သူေတြမျဖစ္ေသး
တာေၾကာင့္ ပိုင္နက္ကိုအသံုးျပဳလိုက္လ်ွင္
ရွာေတြ့ခံရႏိုင္သၫ့္အခ်က္မွာ ပိုမ်ားေလသည္။
ဒါေပမယ့္လည္း နတ္ဘုရားအဆင့္ေတြအတြက္
ကေတာ့ မတူေပ။ ပိုင္နက္ဧရိယာက
ပိုက်ယ္ျပန႔္လာရံုသာမက ပိုင္နက္ရဲ့
အရည္အေသြးေတြကလဲ အဆင့္ျမင့္လာသည္။
အဆင့္တူတစ္ေယာက္မရိွသေရြ့ ပိုင္နက္ကို
နတ္ဘုရားအဆင့္က်င့္ႀကံသူေအာက္ကလူေတြ
ရွာေတြ့သြားႏိုင္တဲ့ျဖစ္ႏိုင္ေျခက အလြန္အမင္း
နည္းပါး၏။
လင္းေရွာင္က သူတို႔အနီးနားတစ္ဝိုက္မွာ
ျဖတ္သြားျဖတ္လာမရိွဘူးဆိုတာ ေသခ်ာေတာ့မွ
အေစာင့္ရဲ့မွတ္ဉာဏ္ကို ခိုးယူလိုက္သည္။
ပိုင္နက္က အေစာင့္နဲ႔က်န္သံုးေယာက္ကို
ခဲြထုတ္လိုက္တဲ့ အကာအကြယ္ဖန္သားျပင္
တစ္ခုႏွင့္ တူသည္။ သူတို႔ေတြမ်က္ႏွာခ်င္းဆိုင္
ရိွေနရင္ေတာင္မွ ရွာေတြ့သြားဖို႔မျဖစ္ႏိုင္ေပ။
ဒီအေျခအေနေရာက္မွ ႏွစ္ေယာက္သားက
ကိုယ္ထင္ျပလိုက္ၾကတယ္။
သခင္မေလးကိုးကို သံုးခဲ့တဲ့နည္းလမ္းကိုပဲ
အေစာင့္ေပၚ မွာသံုးလိုက္တယ္။
သူက သခင္မေလးကိုးထက္ပိုသန္မာတာေၾကာင့္
အခ်ိန္နည္းနည္းေတာ့ပိုၾကာေလသည္။
ယူေရွာင္းမိုက အေစာင့္ရဲ့မွတ္ဉာဏ္ထဲကို
စစ္ၾကၫ့္လိုက္ၿပီး အေစခံမိန္းကေလးတစ္ေယာက္က
ခုနစ္ရက္တိုင္းမွာတားျမစ္နယ္ေျမဆီ
ပစၥည္းလာပို႔တယ္ဆိုတာ ေတြ့လိုက္ရသည္။
မနက္ျဖန္က အေစခံက တားျမစ္နယ္ေျမဆီ
ပစၥည္းလာပို႔မယ့္ေန့ျဖစ္တာေၾကာင့္
သူတို႔ကံေကာင္းတယ္လို႔ဆိုရမယ္။
ဒါ့အျပင္ မ်ိဳးဆက္ရဲ့ေခါင္းေဆာင္ေတြကပဲ
တားျမစ္နယ္ေျမကို ဝင္လို႔ရတယ္။
ေခါင္းေဆာင္ရဲ့သားေလးေယာက္
အပါအဝင္ အျခားဘယ္သူမွ ဝင္လို႔မရဘူး။
ဒီဟာက ျဖစ္ႏိုင္ေျခအရိွဆံုးျဖစ္သည္။
အခ်ိန္တစ္ခ်ိဳ႕ေစာင့္ရံုကလဲြလို႔ သူတို႔မွာ
တစ္ျခားေရြးစရာမရိွဘူး။
ဒါ့ေၾကာင့္ ေစာင့္ေနစဉ္အေတာအတြင္းမွာ၊
ယင္ေကာနဲ႔သူတို႔က ဖုန္းခ်ီယြင္ကိုကယ္ၿပီးရင္
ျပန္ဆုတ္မယ့္ အစီအစဉ္ကို ျပန္ေျပာလိုက္ၾကသည္။
လံုးဝဥႆံုေဘးကင္းတယ္ဆိုတာ
ေသခ်ာဖို႔ ထပ္ခါထပ္ခါျပန္ေနႊးလိုက္၏။
သူတို႔ေတြေဆြးေနြးေနရင္း အခ်ိန္က
ကုန္ဆံုးသြားၿပီး အရုဏ္ဦးသို႔ေရာက္လာ
ေတာ့သည္။
ေကြ့ေကာက္ေနတဲ့စႀကၤံလမ္းမွာ
ႏူးညံ့တဲ့အေစခံမေလးက တားျမစ္နယ္ေျမရိွရာ
ဘက္သို႔ တင့္တယ္စြာေလ်ွာက္လာသည္။
သူမခါးေပၚ မွာေတာ့ အေရာင္အမ်ိဳးမ်ိဳးရိွတဲ့
ေမွာ္အိတ္ေလးေတြအမ်ားႀကီး ခ်ိတ္ထားသည္။
လူက်ဲတဲ့လမ္းဘက္ေရာက္လာၿပီး
ေထာင့္တစ္ခုကိုေကြ့လိုက္တဲ့အခ်ိန္မွာပဲ
သူမေျခလွမ္းေတြက ေနွးေကြးသြားၿပီး
မိန္းေမာသြားတဲ့အမူအရာနဲ႔
ေနရာမွာတင္ရပ္သြားေလသည္။
သို႔ေသာ္လည္း သူမကိုျမင္လိုက္ရင္
ဘယ္သူကမွသကၤာမကင္းျဖစ္မည္မဟုတ္ေပ။
အမွန္တြင္ ဒီဟာက ကတ္ခ်ဳံးရဲ့ပံုရိပ္ေယာင္
တစ္ခုသာျဖစ္ၿပီး အေစခံအစစ္မွာ
လင္းေရွာင္ရဲ့နယ္ေျမထဲေရာက္ေနၿပီျဖစ္သည္။
ယူေရွာင္းမိုက သတိလစ္ေနတဲ့အေစခံမေလးကို
ၾကၫ့္လိုက္ၿပီးေနာက္ လင္းေရွာင္ဘက္
လွၫ့္လိုက္တယ္ "ဘယ္သူက သူမအေယာင္
ေဆာင္မွာလဲ?"
စြမ္းအားႀကီးပုဂၢိုလ္ႏွစ္ေယာက္ကို
လွၫ့္စားဖို႔ ကတ္ခ်ဳံးရဲ့ပံုရိပ္ေယာင္ေတြက
မလံုေလာက္ေသးတာေၾကာင့္
သူက မ်က္ႏွာတစ္ခုပဲေျပာင္းေပးႏိုင္ၿပီး
အဝတ္အစားကိုေတာ့ မေျပာင္းေပးႏိုင္ေခ်။
သို႔ျဖစ္၍ အေစခံမေလးအျဖစ္
အေယာင္ေဆာင္မယ့္သူက ရုပ္ဖ်က္တာပီျပင္ဖို႔
အတြက္ သူမအဝတ္ေတြကိုဝတ္ဖို႔လိုေလသည္။
လင္းေရွာင္က ယူေရွာင္းမိုကို အၾကၫ့္တစ္ခ်က္
ပစ္ေပးလိုက္၏ "မင္းမဟုတ္ရင္၊
ဘာလဲ ကိုယ္လုပ္ရမွာလား?"
ယူေရွာင္းမိုက သူ႔ကိုမုန္းတီးစြာၾကၫ့္လိုက္တယ္။
ခင္ဗ်ားႀကီးစိတ္ထဲမွာက်ိတ္ရယ္ေနတာကို
မသိဘူးမထင္နဲ႔။ အႀကိမ္အနည္းငယ္ေလာက္
တိတ္တဆိတ္က်ိန္ဆဲၿပီးတဲ့ေနာက္ေတာ့
အဆံုးမွာ ကိုယ့္ကံၾကမၼာကိုလက္ခံလိုက္ၿပီး
အဝတ္လဲလိုက္ေတာ့သည္။ သို႔ေပမယ့္လည္း
အေစခံမေလးရဲ့အဝတ္ကို ဖယ္ရတာ
ေတာ္ေတာ္ေလးအားစိုက္လိုက္ရတယ္။
အျပင္ဘက္ဝတ္ရံုေလးနည္းနည္းပဲ
လိုလို႔ ကံေကာင္းတယ္။
ဆယ့္ငါးမိနစ္ၾကာၿပီးေနာက္မွာ
မိန္းေမာေနၿပီး မတ္မတ္ႀကီးရပ္ေနခဲ့တဲ့
ႏူးညံ့ၿပီးဆဲြေဆာင္မႈရိွတဲ့အေစခံမေလးက
ျပန္လည္ရွင္သန္လာသလိုပင္။
အခုအခ်ိန္မွာေတာ့
သူမရဲ့ေျခလွမ္းေတြက တင့္တယ္မႈ
မရိွေတာ့ဘဲ ထိုအစားကို႔ရို႔ကားယားျဖစ္ေန၏။
ၾကာပန္းေလးေတြလိုတင့္တယ္တဲ့ ေျခလွမ္းေတြက
လုပ္ရတာမလြယ္ဘူး။
တားျမစ္နယ္ေျမက မ်က္စိေရ႔ွေရာက္
လာေတာ့မွ ယူေရွာင္းမိုက သူ႔ရဲ့ခါးခါးသီးသီး
အမူအရာကိုဖိႏိွပ္ထားလိုက္ေတာ့သည္။
အေစာင့္က အေစခံမေလးကိုမွတ္မိကာ
သူမနဲ႔အလြန္ရင္းႏွီးတာေၾကာင့္
ကတ္ျပားကိုတစ္ခ်က္ၾကၫ့္လိုက္ၿပီး
ယူေရွာင္းမိုကိုဝင္ခြင့္ျပဳလိုက္သည္။
အေစခံမေလးရဲ့ မွတ္ဉာဏ္အေပၚ မူတည္ၿပီး၊
ယူေရွာင္းမိုက အေစခံျမင္ဖူးတဲ့ေနရာေတြကို
တိုက္ရိုက္ျဖတ္ေလ်ွာက္သြားလိုက္ၿပီး
အတြင္းဘက္ဆံုးေနရာဆီ ေလ်ွာက္သြား
လိုက္တယ္။
တားျမစ္နယ္ေျမလို႔အမည္တပ္ထားတဲ့အရာမွာ
အမွန္တြင္ စုစုေပါင္းဆယ္ထပ္ရိွသၫ့္
အက်ဉ္းေထာင္ႀကီးတစ္ခုျဖစ္ေနသည္။
သို႔ေပမယ့္ ေထာင္ရဲ့အထပ္ေတြက
အေပၚ ဘက္သို႔မဟုတ္ဘဲ ေအာက္ဘက္သို႔
တည္ေဆာက္ထားျခင္းျဖစ္သည္။
ထို႔ေၾကာင့္ ေအာက္ကိုပိုဆင္းသြားေလေလ၊
အက်ဉ္းခ်ခံထားရတဲ့လူေတြရဲ့က်င့္ႀကံဆင့္က
ပိုျမင့္လာေလေလျဖစ္ၿပီး ဆက္ဆံခံရမႈကလဲ
ပိုေကာင္းလာေလေလျဖစ္၏။ ေျခာက္ထပ္ေျမာက္ကို
ဥပမာယူရရင္ အက်ဉ္းခန္းက ထိုင္ခံုေတြ၊
အိပ္ယာခင္းေတြနဲ႔ ခုတင္တစ္ခုပါတဲ့
အခန္းျဖစ္သည္။ ထို႔ျပင္ ေအာက္ထပ္ေရာက္ေလေလ
ကၽြေးတဲ့အစားအေသာက္က ပိုေကာင္း
ေလေလပင္။
သူက ပထမထပ္ကေန ေျခာက္ထပ္ေျမာက္ထိ
ၾကၫ့္ၾကၫ့္ေပမယ့္လည္း ဖုန္းခ်ီယြင္ရဲ့
အရိပ္ေယာင္ရိွမေနဘူး။
ယူေရွာင္းမိုက ေၾကာင္သြားတယ္။
ဖုန္းခ်ီယြင္ရဲ့က်င့္ႀကံဆင့္ကမျမင့္ဘူး။
တားျမစ္နယ္ေျမထဲက အထပ္ေတြကို
အက်ဉ္းသားရဲ့က်င့္ႀကံဆင့္ေပၚ အေျခခံၿပီး
ခဲြထားတယ္ဆိုရင္ ေျခာက္ထပ္ေျမာက္မွာေတာင္
အင္ပါယာအဆင့္က်င့္ႀကံသူေတြ
ရိွေနၿပီျဖစ္တာေၾကာင့္ သူကခုနစ္ေျမာက္ထက္
ပိုနိမ့္ဖို႔မျဖစ္ႏိုင္ေခ်။ ခုနစ္ထပ္ေျမာက္နဲ႔အထက္က
ဧကရာဇ္အဆင့္နဲ႔အထက္က်င့္ႀကံသူေတြ
ျဖစ္မယ္လို႔ သူခန႔္မွန္းမိတယ္။
"ဖုန္းခ်ီယြင္ရဲ့အေျခအေနေတြက
သိပ္ပံုမွန္မဟုတ္ဘူးေလ။ သူေအာက္ထပ္မွာ
အက်ဉ္းခ်ခံထားရတာ ျဖစ္ႏိုင္တယ္"
လင္းေရွာင္ရဲ့အသံက သူ႔စိတ္ထဲမွာေပၚ လာတယ္။
ယူေရွာင္းမိုက ေခါင္းညိမ့္လိုက္ၿပီး
ေအာက္ဘက္ကိုဆက္ေလ်ွာက္သြားလိုက္တယ္။
လမ္းမွာ အေစာင့္ေတြအမ်ားႀကီးနဲ႔ႄကံုခဲ့ရေပမယ့္
ဘယ္သူကမွ မတားေပ။
"ေဟး ၊ မင္း၊ ဒီလာခဲ့စမ္း!"
အဲ့ဒီ့အခ်ိန္မွာပဲ အသံတစ္သံကရုတ္တရက္
ထြက္ေပၚ လာသည္။
ယူေရွာင္းမိုေခါင္းေမာ့လိုက္ေတာ့
သူ႔ကိုေခၚ ေနတဲ့ တစ္ဖက္လူက
ျဖတ္သန္းတဲ့လမ္းေရ႔ွမွာရပ္ေနတဲ့
အနီေရာင္သံခ်ပ္ကာဝတ္ သက္လတ္ပိုင္းအရြယ္
လူတစ္ေယာက္ျဖစ္ေနတာေတြ့လိုက္ရတယ္။
ဒီလူကို အေစခံမေလးရဲ့မွတ္ဉာဏ္ထဲမွာ
သူေတြ့ဖူးတယ္။ သူကခုနစ္ထပ္ေျမာက္မွာရိွတဲ့
အေစာင့္ေတြရဲ့ ေခါင္းေဆာင္ျဖစ္သည္။
တားျမစ္နယ္ေျမမွာ အရမ္းတင္းၾကပ္တဲ့
ႀကီးစဉ္ငယ္လိုက္စနစ္တစ္ခုရိွေလသည္။
အထပ္တိုင္းမွာ သက္ဆိုင္ရာႀကီးၾကပ္ေရးမွဴး
တစ္ေယာက္စီရိွၿပီး ဒီႀကီးၾကပ္ေရးမွဴးေတြက
အေစာင့္ေခါင္းေဆာင္ျဖစ္ၾက၏။
ေခါင္းေဆာင္ေတြက အလြန္သန္မာၿပီး
တားျမစ္နယ္ေျမကေနထြက္ခဲတာေၾကာင့္
သူတို႔တစ္ခုခုလိုရင္ အေစခံက
ခုနစ္ရက္တစ္ႀကိမ္လာပို႔ေပးသည္။
ခုနစ္ထပ္ေျမာက္ကေခါင္းေဆာင္က
တိုက္ပဲြေတြကိုႏွစ္သက္ၿပီး ေန့တိုင္းမေသာက္ရရင္
ယားေနတတ္သူျဖစ္သည္။
ယူေရွာင္းမိုက ဝိုင္ပါတဲ့ေမွာ္အိတ္ကို
ျဖဳတ္လိုက္ၿပီး ေပးလိုက္တယ္။
အေစာင့္ေခါင္းေဆာင္က ေမွာ္အိတ္ကို
ခ်က္ခ်င္းယူလိုက္ၿပီး သူ႔ကို
သြားဖို႔လက္ျပလိုက္သည္။
ယူေရွာင္းမိုက စိတ္သက္သာရာရသြားၿပီး
ခပ္ေဖ်ာ့ေဖ်ာ့သက္ျပင္းခ်လိုက္တယ္။
အေစာင့္က ေမးခြန္းေတြမေမးတာ
ကံေကာင္းတာပဲ၊ မဟုတ္ရင္
ေကာင္းေကာင္းသရုပ္ေဆာင္ႏိုင္ပါ့မလားဆိုတာ
သူမေသခ်ာဘူး။ ေအာက္တစ္ဆင့္မွာ
ရွစ္ထပ္ေျမာက္ျဖစ္ၿပီး အက်ဉ္းသားေတြရဲ့
ခြန္အားက ၾကယ္အထက္ဆင့္ဧကရာဇ္အဆင့္၌
ရိွၾကသည္။ သူတို႔သာလြတ္ေျမာက္ခဲ့ရင္
နတ္ေဒဝါအဆင့္ကိုတက္ဖို႔ ျဖစ္ႏိုင္ေလသည္။
သူကိုးထပ္ေျမာက္ဆီ သြားဖို႔ျပင္ေနတုန္းမွာပဲ
ေနာက္ထပ္လူတစ္ေယာက္က သူ႔ကိုလွမ္းေခၚ
သည္။ ဒီတစ္ေခါက္ေတာ့ အေစာင့္ေခါင္းေဆာင္
မဟုတ္ဘဲ တသီးတသန႔္ဆန္တဲ့
ႏူးညံ့တဲ့အသြင္ရိွသၫ့္ အသက္ႀကီးႀကီး
လူတစ္ေယာက္ျဖစ္၏။ သို႔ေပမယ့္
ယူေရွာင္းမိုမွာ ခ်က္ခ်င္းပဲအေနရခက္သြားသည္_
အေၾကာင္းမွာ လင္းေရွာင္ကသူ႔ကို တဟီးဟီးနဲ႔
သတိေပးလိုက္ေသာေၾကာင့္ပင္!
အဖိုးႀကီးက တားျမစ္နယ္ေျမကိုေစာင့္ေနတဲ့
နတ္ေဒဝါအဆင့္ႏွစ္ဦးထဲက တစ္ဦးျဖစ္သည္။
သူ႔ကို ယူတန္လို႔ေခၚ ၿပီး အျခားတစ္ေယာက္ကို
ယူရႊမ္းလို႔ေခၚ သည္။ သူတို႔ႏွစ္ေယာက္က
အမႊာညီအစ္ကိုေတျြဖစ္ကာ ႏွစ္ေယာက္လံုးက
ၾကယ္ငါးပြင့္နတ္ေဒဝါအဆင့္မ်ားျဖစ္ၾက၏။
အမႊာေတြၾကားက စိတ္ခ်င္းဆက္ႏြယ္မႈနဲ႔ဆိုရင္
သူတို႔ႏွစ္ေယာက္လက္တဲြလိုက္လ်ွင္
သာမာန္ၾကယ္ခုနစ္ပြင့္က်င့္ႀကံသူပင္
သုတ္သုတ္ျပာျပာထြက္ေျပးရမည္ျဖစ္သည္။
_____________