Unicode
အပိုင်း၄၆၅- ကိုးယောက်မြောက်သခင်မလေး
ပုံမှန်ဆိုရင် သွေးစွေးနီမြို့ရဲ့ညကောင်းကင်ယံက
တောက်ပလင်းလက်နေတဲ့ကြယ်တွေနဲ့
ပြည့်နေတတ်ပေမယ့် ဒီနေ့ညမှာတော့
တိမ်ဖုံးနေသည်။
မိသားစုခေါင်းဆောင်ဟောင်းက
သွေးစွေးနီမြို့ကနေ ထွက်သွားပြီးတဲ့နောက်မှာ
နေ့ခင်းထက်စာရင် အစောင့်အကြပ်ပိုတိုး
လာလေသည်။ အထူးသဖြင့်
မိသားစုအိမ်တော်ကြီး၌ ငါးမိနစ်ကြာတိုင်း
လုံခြုံရေးအဖွဲ့က ဖြတ်သန်းလေသည်။
နေ့ခင်းတုန်းက မိသားစုခေါင်းဆောင်ဟောင်းက
သွေးစွေးနီမြို့ကနေထွက်ခွာတဲ့အခါ
လူတစ်စုကိုခေါ် သွားတယ်။ ဒါက
လျှို့ဝှက်စစ်ဆင်ရေးဖြစ်တာကြောင့်
သိတဲ့လူသိပ်မရှိပေ။ သူတို့တွေသွေးစွေးနီမြို့ကနေ
ထွက်ခွာသွားပြီဆိုတာသေချာအောင်
လင်းရှောင်က နောက်မှပင်လိုက်ကြည့်ခဲ့သေးသည်။
အဲ့ဒီ့ညမှာပဲ လေးယောက်သားက
အိမ်တော်ကြီးထဲခိုးဝင်လိုက်ကြတယ်။
ယင်ကောနဲ့ကျန့်ယွီရွှမ်းက ဒီနှစ်ရက်အတွင်းမှာ
သွေးစွေးနီမြို့ထဲလတ်လျားလတ်လျား
သွားနေခဲ့တာမဟုတ်ပေ။ သူတို့က
အိမ်တော်ကြီးနားတစ်ဝိုက်မှာ စောင့်ကြည့်နေခဲ့ပြီး
အစောင့်တွေလဲတဲ့အချိန်နဲ့ သူတို့ရဲ့လုပ်ငန်းစဉ်ကို
မှတ်ထားခဲ့သည်။ အိမ်တော်ကြီးကို
စောင့်ကြည့်တဲ့ခေါင်းဆောင်ဟောင်း
မရှိရင်တောင် သူတို့လေးယောက်သားက
သတိလက်လွတ်မပြုမူရဲပေ။
သို့ပေမယ့်လည်း အိမ်တော်ကြီးက
အရမ်းကြီးလွန်းတာကြောင့် ဆွေးနွေးကြည့်ပြီးတဲ့
နောက်မှာ အဖွဲ့နှစ်ဖွဲ့ခွဲလိုက်ဖို့ဆုံးဖြတ်လိုက်ကြသည်။
ယင်ကောနဲ့ ကျန့်ယွီရွှမ်းကတစ်ဖွဲ့ဖြစ်သည်။
ယင်ကောက သူ့ကိုယ်ထဲက
ခေါင်းကိုးလုံးမြွေဘုရင်သွေးကို နိုးထပြီးကတည်းက
ကျင့်ကြံဆင့်က အဆပေါင်းများစွာတိုးလာတယ်။
သူက လူသားတစ်ဝက်ဖြစ်ပေမယ့်
သူ့အမေကလဲပါရမီပါတဲ့လူတစ်ယောက်ပင်။
ယင်ကောက သူမရဲ့ကောင်းတဲ့စရိုက်တွေကို
အနဲနဲ့အများအမွေရထား၏။ ထို့ပြင်
ခေါင်းကိုးလုံးမြွေဘုရင်က စိတ်ဝိဉာဉ်လေးခုနဲ့
အကိုက်ညီဆုံးဧကရာဇ်သားရဲဖြစ်သည်။
သူတို့သွေးမျိုးဆက်က အရမ်းအဖိုးတန်ကာ
နိုးထလာသည်နှင့် ကျင့်ကြံဆင့်မှာ
ဒုန်းကနဲမြင့်တက်သွားမည်ဖြစ်သည်။
အခုလောလောဆယ်၌ ယင်ကောက
ကြယ်ခုနစ်ပွင့်အထွတ်အထိပ်ဧကရာဇ်အဆင့်
ကျင့်ကြံသူတစ်ယောက်ဖြစ်နေလေပြီ။
သူက နတ်ဒေဝါအဆင့်ကိုရောက်ဖို့
အဆင့်သေးသေးလေးတစ်ခုသာ
ကွာတော့သော်လည်း ထပ်မစောင့်နိုင်တော့
တာကြောင့် အဆင့်မတက်ခင်မှာ
ကျန့်ယွီရွှမ်းနဲ့ထွက်ပြေးလာခြင်းဖြစ်၏။
ကျန့်ယွီရွှမ်းမှာတော့ သူ့ရဲ့မူလသရုပ်က
ပို၍ပင် ဆန်းကြယ်သည်။ သူ့သူငယ်ချင်း
ယင်ကောပင် ရှင်းရှင်းလင်းလင်းမသိချေ။
သူ့ကျင့်ကြံဆင့်က ယင်ကောထက်နိမ့်ပေမယ့်
ကိုယ့်ကိုယ်ကိုကာကွယ်တာက အကြောင်းမဟုတ်
ပေ။ သူမနိုင်ရင် နယ်မြေပြောင်းအဆောင်လက်ဖွဲ့
တစ်ခုခွဲပြီး ထွက်သွားလို့ရသည်။
သွေးစွေးနီကလန်အိမ်တော်ကြီးရဲ့ တည်ဆောက်ပုံက
ပုံမှန်မဟုတ်ဘဲ အဆင့်နှစ်ဆင့်ခွဲထား၏။
အောက်ဆင့်က မြေကြီးထဲသို့ဝင်ခါနီးဖြစ်ပြီး
မြေအောက်ကမ္ဘာတစ်ခုလို ဖြစ်လာသည်။
ဝင်ပေါက်မှာ ဆယ်ခုလောက်ရှိပြီး
တမင်သက်သက်ဝှက်ထားသည်မဟုတ်သော်ငြား
သတိမမူမိလျှင်ကျော်သွားမည်ဖြစ်သည်။
အောက်ဆင့်မှာက ဝင်ပေါက်တစ်ပေါက်စီတိုင်းမှာ
အစောင့်ငါးယောက်ကျော်ရှိပြီး အထက်ဆင့်ထက်
အစောင့်အကြပ်ပိုများတာကြောင့်
လင်းရှောင်နဲ့ယူရှောင်းမိုက အောက်ဆင့်ကို
ယူလိုက်ပြီး ယင်ကောနဲ့ကျန့်ယွီရွှမ်းက
အထက်ဆင့်ကိုယူလိုက်သည်။
အိမ်တော်ကြီးရဲ့မြေအောက်အထပ်က
မရေမတွက်နိုင်အောင်ရှိသည်။ အပေါ် ယံမှာ
ဝင်ပေါက်ဆယ်ခုပဲရှိပုံပေါ် ပေမယ့်
စောင့်ကြပ်ဖို့ခက်တာ၊ ဒါမှမဟုတ် စောင့်ကြပ်လို့
မရတဲ့နေရာတွေအများကြီးရှိနေတာကြောင့်
သူတို့ဝင်လို့ရတယ်။ ဘယ်လိုပဲနေနေ
တစ်နှစ်ပတ်လုံးနေရောင်ခြည်မဝင်အောင်
ထားလို့မှမရဘဲ။ အဲ့လိုမှမဟုတ်ရင်တော့
စံအိမ်လို့ခေါ် မှာမဟုတ်ဘူးလေ။
ယူရှောင်းမိုက ရေအောက်ကနေရောင်ပြန်ဟပ်
နေတဲ့ ပုံရိပ်တွေကိုကြည့်လိုက်တယ်။
ဝေဝေဝါးဝါးပဲဆိုပေမယ့် ဒါကမြေအောက်အထပ်က
ဘယ်လိုပုံရှိတယ်ဆိုတာ သူသေချာပြောနိုင်တယ်။
အခြားတစ်ဖက်မှာ နောက်ထပ်ရေကန်လေးတစ်ခု
ရှိပုံရတယ်၊ ဒါပေမယ့် ဒါကိုဘယ်လိုလုပ်ထားလဲ
ဆိုတာတော့ သူမသိဘူး။ ရေကအပြင်ဘက်ကို
စီးထွက်မသွားဘူး။
" ကျွန်တော်တို့ ဒီကနေအောက်ဆင်းမှာလား?"
လင်းရှောင်က အချိန်တွက်ကြည့်လိုက်တယ်
"မြေအောက်ထပ်အစောင့်တွေက ဆယ်စက္ကန့်ကို
တစ်ခါ အောက်ကနေဖြတ်သွားလိမ့်မယ်။
ကိုယ်တို့က ဒီအချိန်တွင်းမှာ
အဲ့ဒီ့ကိုရေကူးသွားရမယ်"
ယူရှောင်းမိုက မျက်လုံးပြူးသွားပြီး
တိုးတိုးလေးပြောလိုက်တယ်
" ဆယ်စက္ကန့်က မတိုလွန်းဘူးလား?
ဒီကန်အနက်က မီတာနှစ်ဆယ်ကျော်လောက်
ရှိမယ်ထင်တယ်။ နောက်ပြီး
ကြမ်းပြင်ကိုစိုအောင်လုပ်မိသွားရင်
ရှာတွေ့သွားကြမှာပေါ့"
လင်းရှောင်ကပြန်မဖြေတော့ပေ။
သူ့ကိုဆွဲလိုက်ပြီး ဒိုင်ဗင်ထိုးချလိုက်တော့သည်။
ယူရှောင်းမိုက အလျင်စလိုပါးစပ်ပိတ်လိုက်၏။
တစ်ချိန်တည်းမှာပဲ သူတို့ခေါင်းအထက်က
ကန်ဘေးမှာ လုံခြုံရေးအဖွဲ့တစ်ဖွဲ့က
သီသီလေးဖြတ်သွားတယ်။
မြေအောက်ရေကန်ကို ဥယျာဉ်အနားမှာ
တည်ဆောက်ထားခြင်းဖြစ်ပြီး
ကန်ထဲမှာက သူတို့ကိုဖွက်ထားမပေးနိုင်တဲ့
ရေညှိတစ်ချို့ပဲရှိတယ်။ ရေကန်ထဲကနေ
ထွက်လာပြီးတဲ့နောက် လူရိပ်နှစ်ခုက
ချက်ချင်းပဲအမှောင်ထဲကိုရောနှောသွားတော့သည်။
...........
ပွင့်လန်းနေတဲ့ပန်းခင်းကြီးအလယ်မှာ
လင်းထိန်ပြီးခမ်းနားတဲ့ စံအိမ်လေးတစ်ခု
ရှိနေသည်။ ရောင်စုံပန်းတွေပေါ် မှာ
တလက်လက်တောက်ပစေတဲ့အမှုန်လေးတွေ
ကျဲထားသလိုပင် ပန်းပွင့်များက
ခပ်ဖျော့ဖျော့အလင်းတစ်ခုထုတ်နေသည်။
ဒါက နှစ်သက်ဖို့ကောင်းတဲ့မြင်ကွင်းဖြစ်ပေမယ့်၊
စူးရှတဲ့အသံတစ်သံနဲ့ ကြွေထည်တစ်ခုပြုတ်ကျ
သွားတဲ့အသံက ဖျက်စီးနေသည်။
"အမှိုက်တွေ! ဒီလိုရိုးရှင်းတဲ့ဟာလေးတစ်ခုတောင်
မလုပ်နိုင်ဘူး! နင်တို့ကိုခေါ် ထားရတာ
ဘာအသုံးဝင်လို့လဲ! ထွက်သွားစမ်း!"
ထိုစကားနောက်တွင် လူနှစ်ယောက်က
စံအိမ်လေးထဲမှပြေးထွက်လာကာ
ဥယျာဉ်ကိုကျော်မှ အရှိန်လျော့လိုက်ကြ၏။
သူတို့ထဲကတစ်ယောက်က သက်ပြင်းချလိုက်ကာ
"ဒီသခင်မလေးကိုးက စိတ်ကျေနပ်အောင်လုပ်ဖို့
တကယ်ခက်တာပဲ။ အဲ့တာကသူမအဘိုး
ဆိုတာထင်ရှား........"
"တော်လိုက်တော့" နောက်တစ်ယောက်က
ပတ်ပတ်လည်ကိုသတိတထားကြည့်လိုက်တယ်။
ဘယ်သူမှရှိမနေဘူးဆိုတာ သေချာမှ
ပြောလိုက်သည်။ "ဒီနေရာမှာ လူတွေအကြောင်းကို
သတိလက်လွတ်မပြောမိစေနဲ့။ အသက်
ဆုံရှုံးသွားနိုင်တယ်။ ဘာတွေပဲဖြစ်ဖြစ်
သခင်မလေးကိုးက သွေးစွေးနီကလန်ရဲ့
သခင်မလေးတစ်ယောက်ဖြစ်နေတုန်းပဲ။
သူမက ငါတို့လျှောက်ပြောလို့ရတဲ့သူ
မဟုတ်ဘူး"
"ကောင်းပြီ၊ နားလည်ပါပြီ"
"မြန်မြန်သွားရအောင်"
ထိုအခိုက်တွင် အနက်ရောင်လူရိပ်တစ်ခုက
သူတို့ရှေ့၌ ရုတ်တရက်ရပ်လာ၏။
နှစ်ယောက်သားက ကြောင်အသွားပြီး
မအော်နိုင်ခင်မှာပဲ လည်ပင်းအနောက်ဘက်ကနေ
စူးရှတဲ့နာကျင်မှုတစ်ခုပျံ့လာတယ်။
သူတို့မျက်လုံးတွေက မှိတ်ကျသွားပြီး
နောက်တစ်စက္ကန့်မှာတော့ မြေကြီးပေါ် မကျခင်
လေထဲမှာပျောက်ကွယ်သွားတော့သည်။
လူနှစ်ယောက်ကို လင်းရှောင်ရဲ့နယ်မြေထဲ
ထည့်ပြီးတဲ့နောက် ယူရှောင်းမိုနဲ့လင်းရှောင်က
ဥယျာဉ်ထဲကကျောက်တုံးကြီးနောက်မှာ
ပုန်းလိုက်ကြတယ်။ ယူရှောင်းမိုက
စံအိမ်လေးဘက်လှမ်းကြည့်လိုက်တယ်။
ဒီသခင်မလေးကိုးရဲ့အဆင့်က နိမ့်ပုံမရဘူး။
သူမနေဖို့အတွက် ကိုယ်ပိုင်စံအိမ်လေးတစ်ခု
တောင်ရှိသေးတယ်။ သူမက အလိုလိုက်ခံထားရတဲ့
မိန်းမငယ်လေးဆိုတာထင်ရှားနေတယ်။
"ဒီသခင်မလေးကိုးက ဘယ်သူလဲ?"
ယူရှောင်းမိုက သိချင်သွားတယ်။
"ယူကျန်ထျန်းရဲ့မြေး ယူယုံ။ သူမက
ကိုးယောက်မြောက်မြေး။ ကိုယ်ကြားတာတော့
ယူကျန်ထျန်းက ဒီမြေးမလေးကိုအရမ်းချစ်ပြီး
အလိုလိုက်တယ်တဲ့။ အဖြေကတော့
သူမရဲ့နှိမ်တတ်တဲ့စရိုက်ဖြစ်လာတာပဲ"
လင်းရှောင်က ပြန်ဖြေလိုက်တယ်။
နောက်ခံစစ်ဆေးမှုတွေ အများကြီးသူလုပ်ထားတယ်။
ယူမိသားစု၊ ယူကျန်ထျန်းနဲ့ ခေါင်းဆောင်ဟောင်းရဲ့
အကြောင်းမှန်သမျှ သူသိတယ်။
"ဖူး!"
ယူယုံရဲ့နာမည်ကိုကြားတဲ့အခါ ယူရှောင်းမိုက
ရယ်သံကိုထိန်းမထားနိုင်တော့ဘူး။
ယူယုံလို့နာမည်ပေးထားတဲ့လူတစ်ယောက်
တကယ်ပဲ ရှိနေမယ်လို့သူမယုံနိုင်ဘူး၊
ဒါ့အပြင် မိန်းမတစ်ယောက်လဲဖြစ်နေသေးတယ်။
(ယူယုံနာမည်က ရေကူးတာနဲ့တူ)
သူက ခဏလောက်ရယ်နေပြီးမှပြောလိုက်တယ်
"သူမက ချစ်မြေးလေးဆိုမှတော့
ကိစ္စတော်တော်များများသိမှာပေါ့?"
"Mmhmm" လင်းရှောင်ရဲ့ပါးစပ်ထောင့်လေး
တွေက မြင့်တက်သွားတယ် "သူမကို
မေးကြည့်ပြီးရင်သိရလိမ့်မယ်"
........
စံအိမ်ထဲတွင် ယူယုံကစိတ်ကောက်နေပြီး
ပစ္စည်းတွေကို လျှောက်ပစ်နေတယ်။
သန့်ရှင်းနေတဲ့ကြမ်းပြင်က ခဏကြာတဲ့အခါ
အကွဲအစတွေအများကြီးပြည့်သွားသည်။
အခန်းထဲမှာရှိတဲ့ သူမလွှင့်ပစ်လို့ရသမျှ
အကုန်လုံးက ကွဲကြေနေပြီဖြစ်သည်။
ယူယုံက ထိုင်ခုံတစ်ခုပေါ် ကို ဒေါသထွက်ထွက်နဲ့
ထိုင်ချလိုက်ပြီး သူမရဲ့လက်နုနုလေးတွေနဲ့
စားပွဲထိပ်ကိုရိုက်လိုက်တယ်။
"စိတ်တိုလိုက်တာ! အဘိုးကငါ့ကို
အလိုလိုက်တာပဲကို၊ ဘာလို့မလိုက်ခိုင်းတာလဲ?"
ထိုအခိုက်တွင် တံခါးဆီမှအသံတစ်ခုထွက်လာသည်။
"ဘာလဲ?" ယူယုံကဒေါသထွက်နေဆဲဖြစ်ပြီး
တံခါးခေါက်သံကြားလိုက်ရတဲ့အခါ
အော်ဟစ်လိုက်၏။
"သခင်မလေးကိုး၊ ယူဖင်းနဲ့ယူဟယ့်
ပြန်လာပါတယ်။ သူတို့မှာ သခင်မလေးကို
အရေးတကြီးပြောစရာရှိပါတယ်တဲ့"
အစေခံက စိုးရိမ်နေပြီးကြောက်လန့်နေသည်။
"ကောင်းတယ်။ ငါ့ဒေါသဖြေစရာမရှိမှာ
စိုးနေတာ။ ဝင်ခိုင်းလိုက်"
ယူယုံက အေးစက်စက်နှာမှုတ်လိုက်သည်။
သူတို့မှာဘာအရေးကြီးကိစ္စရှိလဲဆိုတာ
ကြည့်ချင်တယ်။ ခုနကနဲ့အတူတူပဲဆိုရင်တော့
သေချာပေါက်ခေါင်းဖြတ်ပစ်မယ်။
ခဏကြာတော့ ယူဖင်းနဲ့ယူဟယ့်က
တစ်ယောက်ပြီးတစ်ယောက်ဝင်လာတယ်။
"အရေးကြီးတာရှိရင်ပြော။ ငါ့စိတ်ရှည်မှုကို
လာမစမ်းနဲ့" ယူယုံရဲ့မေးခွန်းထုတ်တဲ့အကြည့်က
သူတို့နှစ်ယောက်ပေါ် ဖြတ်သွားသည်။
ယူဟယ့်ကရှေ့တစ်လှမ်းတိုးလိုက်ပြီး
အစေခံကောင်မလေးဆီ အရိပ်အကဲပြလိုက်တယ်။
"သခင်မလေး၊ ဒီကိစ္စကအရမ်းအရေးကြီးတယ်။
မင်းကလွဲလို့ဘယ်သူမှကြားလို့မရဘူး"
"အရေးကြီးရင်ကောင်းမယ်။ မဟုတ်ရင်တော့
အရှင်လတ်လတ်အရေခွံစုတ်ခံရဖို့ပြင်ထား"
ယူယုံက သတိပေးတဲ့အကြည့်တစ်ချက်
ပေးလိုက်ပြီးနောက် အစေခံကိုထွက်သွားခိုင်း
လိုက်ကာ အရေးကြီးတာမဟုတ်ရင်
လာမနှောင့်ယှက်ဖို့အမိန့်ပေးလိုက်၏။
အဲ့ဒီ့အချိန်မှာပဲ ယူဟယ့်ကိုယ်ထဲကနေ
အဖြူရောင်အမွှေးလုံးလေးတစ်လုံးက
သခင်မလေးကိုးဘေးက စားပွဲပေါ် ကို
ခုန်တက်လိုက်တယ်။ အမွှေးလုံးလေးက
တစ်ခဏချင်းမှာပဲ ကြီးလာပြီး စားပွဲထိပ်မှာ
လှိမ့်နေတော့သည်။ အဖြူရောင်နှင်းလို
အမွှေးလုံးလေးက အလွန်အမင်းချစ်ဖို့ကောင်း၏။
"ဒါက?" ယူယုံကခဏလောက်ကြောင်သွားသည်။
"သခင်မလေးခင်ဗျာ၊ သူ့မျက်လုံးတွေကို
ကြည့်ကြည့်လိုက်ပါ။ မလှဘူးလား?"
ယူဟယ့်ကပြောလိုက်တယ်။
ယူယုံက မသိလိုက်မသိဘာသာနဲ့
သူပြောသလိုလုပ်လိုက်ပြီး အမွှေးလုံးလေးရဲ့
မျက်လုံးတွေကိုကြည့်လိုက်တယ်။
၎င်းမှာ ကမ္ဘာ့အကြီးကျယ်ဆုံးဆန်းကြယ်မှုတွေကို
သယ်ဆောင်ပုံပေါ် တဲ့ ခရမ်းရောင်မှော်
ကြောင်မျက်လုံးတွေဖြစ်သည်။ မကြာခင်မှာပဲ
သူမကညှို့ယူခံလိုက်ပြီး သူမမျက်လုံးတွေက
ဦးတည်ရာဆုံးရှုံးလာကာ အဆုံးတွင်
ဗလာသက်သက်ဖြစ်သွား၏။
ဒါကိုမြင်တော့ ယူဟယ့်ကထူးဆန်းစွာပြုံးလိုက်သည်။
သခင်မလေးကိုးက ကတ်ချုံးဖန်တီးထားတဲ့
ပုံရိပ်ယောင်ပေါင်းတစ်ထောင်ဆိုတဲ့
ပုံရိပ်ယောင်လောကထဲတွင် အပြည့်အဝ
စုပ်ယူခံလိုက်ရပြီဖြစ်သည်။ ကတ်ချုံးရဲ့
ပုံရိပ်ယောင်တွေက အသက်ရောက်ခံရတဲ့လူပေါ်
မူတည်ပြီးပြောင်းလဲသည်။ အဆင်ပြေဆုံးကတော့
ပုံရိပ်ယောင်တွေက လူ့ဦးနှောက်က
မှတ်ဉာဏ်တွေကိုလှုံ့ဆော်ပေးနိုင်ပြီး
သူမကို ကိုယ်တိုင်ထုတ်ပြောခိုင်းနိုင်ခြင်းဖြစ်၏။
ဒါပေါ့၊ ယူဟယ့်က ပုံရိပ်ယောင်ပေါင်းတစ်ထောင်
ကတ်ချုံးရဲ့သခင်၊ ယူရှောင်းမိုပင်။
ယူရှောင်းမို သူ့ဆက်နွယ်သားရဲတွေကို
အဆင့်တက်စေမယ့်မှော်ဆေးလုံးတွေ
ပေးပြီးကတည်းက ကတ်ချုံးရဲ့ငြိမ်နေတဲ့
ကျင့်ကြံဆင့်က တက်သွားခဲ့ခြင်းဖြစ်သည်။
အခြားလူတွေရဲ့ပုံရိပ်ယောင်ကို
ထိန်းချုပ်ရတာပိုလွယ်လာပြီး အခုတော့
တစ်ပြိုင်နက်တည်း လူငါးယောက်အတွက်
ပုံရိပ်ယောင်ဖန်တီးပေးနိုင်၏။
ကတ်ချုံးက သခင်မလေးကိုးရဲ့စိတ်ထဲက
မှတ်ဉာဏ်တွေကိုဆွဲထုတ်ပြီး
သူ့ပိုင်ရှင်ဆီတင်ပြပေးသည်။
ယူရှောင်းမိုက အချက်အလက်တွေကို
ခဏလောက်ကြာအောင်ကြည့်ကြည့်တယ်၊
ဒါပေမယ့် ယူကျန်ထျန်းရဲ့အလိုလိုက်ခံရဆုံး
မြေးမလေးလို့ပြောကြတဲ့ သခင်မလေးကိုးမှာ
ဘာမှသိပ်မသိတာနှမြောစရာပင်။
အရေးကြီးတဲ့အချက်အလက်က
မရှိသလောက်ပင်ဖြစ်သည်။
အကြောင်းရင်းကို သူစဉ်းစားနေတုန်းမှာပဲ
အရေးကြီးသတင်းတစ်ခုက သူ့စိတ်ထဲ
ဖျတ်ကနဲပေါ် လာ၏။ ၎င်းမှာ မြေအောက်ထပ်ရှိ
တားမြစ်နယ်မြေဖြစ်ကာ ယူယုံတောင်မှ
ဝင်လို့မရတဲ့နေရာဖြစ်သည်။
ဒီယူယုံက အထက်စီးဆန်တဲ့သူဖြစ်သည်။
သူမက တားမြစ်နယ်မြေအပိုင်းထဲ
မတော်တဆဝင်သွားမိပြီး အစောင့်တွေရဲ့
တားဆီးခြင်းခံခဲ့ရသည့်အကြိမ်တစ်ကြိမ်
ရှိခဲ့သည်။ သူမကသဘောထားဆိုးပြီး
သူတို့ကဝင်ခွင့်မပေးလေ၊ ပိုပြီးဝင်ချင်လေဖြစ်သည်။
အဆုံးမှာတော့ ကိစ္စကကြီးသွားပြီး
ယူကျန်ထျန်းက ကိုယ်တိုင်ကြပ်မတ်ခဲ့၏။
ထိုအခါမှသာ ရပ်တန့်ခဲ့သည်။
သို့ပေမယ့် ဒီအဖြစ်အပျက်က ယူယုံစိတ်ထဲမှာ
စွဲကျန်နေခဲ့တယ်။ စံအိမ်တော်ကြီးက သူမအိမ်ဖြစ်ပြီး
သူမသွားလို့မရတဲ့နေရာတွေတကယ်ပဲရှိနေတယ်။
ထို့ကြောင့် တားမြစ်နယ်မြေက
အခြားသူတွေမသိလောက်တဲ့လျှို့ဝှက်ချက်တွေ
ဖုံးကွယ်ထားတာဖြစ်မယ်လို့ သူမယုံကြည်ခဲ့၏။
__________
Zawgyi
အပိုင္း၄၆၅- ကိုးေယာက္ေျမာက္သခင္မေလး
ပံုမွန္ဆိုရင္ ေသြးေစြးနီၿမိဳ႔ရဲ့ညေကာင္းကင္ယံက
ေတာက္ပလင္းလက္ေနတဲ့ၾကယ္ေတြနဲ႔
ျပၫ့္ေနတတ္ေပမယ့္ ဒီေန့ညမွာေတာ့
တိမ္ဖံုးေနသည္။
မိသားစုေခါင္းေဆာင္ေဟာင္းက
ေသြးေစြးနီၿမိဳ႔ကေန ထြက္သြားၿပီးတဲ့ေနာက္မွာ
ေန့ခင္းထက္စာရင္ အေစာင့္အၾကပ္ပိုတိုး
လာေလသည္။ အထူးသျဖင့္
မိသားစုအိမ္ေတာ္ႀကီး၌ ငါးမိနစ္ၾကာတိုင္း
လံုႃခံုေရးအဖဲြ႔က ျဖတ္သန္းေလသည္။
ေန့ခင္းတုန္းက မိသားစုေခါင္းေဆာင္ေဟာင္းက
ေသြးေစြးနီၿမိဳ႔ကေနထြက္ခြာတဲ့အခါ
လူတစ္စုကိုေခၚ သြားတယ္။ ဒါက
လ်ိႈ႔ဝွက္စစ္ဆင္ေရးျဖစ္တာေၾကာင့္
သိတဲ့လူသိပ္မရိွေပ။ သူတို႔ေတြေသြးေစြးနီၿမိဳ႔ကေန
ထြက္ခြာသြားၿပီဆိုတာေသခ်ာေအာင္
လင္းေရွာင္က ေနာက္မွပင္လိုက္ၾကၫ့္ခဲ့ေသးသည္။
အဲ့ဒီ့ညမွာပဲ ေလးေယာက္သားက
အိမ္ေတာ္ႀကီးထဲခိုးဝင္လိုက္ၾကတယ္။
ယင္ေကာနဲ႔က်န႔္ယီြရႊမ္းက ဒီႏွစ္ရက္အတြင္းမွာ
ေသြးေစြးနီၿမိဳ႔ထဲလတ္လ်ားလတ္လ်ား
သြားေနခဲ့တာမဟုတ္ေပ။ သူတို႔က
အိမ္ေတာ္ႀကီးနားတစ္ဝိုက္မွာ ေစာင့္ၾကၫ့္ေနခဲ့ၿပီး
အေစာင့္ေတြလဲတဲ့အခ်ိန္နဲ႔ သူတို႔ရဲ့လုပ္ငန္းစဉ္ကို
မွတ္ထားခဲ့သည္။ အိမ္ေတာ္ႀကီးကို
ေစာင့္ၾကၫ့္တဲ့ေခါင္းေဆာင္ေဟာင္း
မရိွရင္ေတာင္ သူတို႔ေလးေယာက္သားက
သတိလက္လြတ္မျပဳမူရဲေပ။
သို႔ေပမယ့္လည္း အိမ္ေတာ္ႀကီးက
အရမ္းႀကီးလြန္းတာေၾကာင့္ ေဆြးေနြးၾကၫ့္ၿပီးတဲ့
ေနာက္မွာ အဖဲြ႔ႏွစ္ဖဲြ႔ခဲြလိုက္ဖို႔ဆံုးျဖတ္လိုက္ၾကသည္။
ယင္ေကာနဲ႔ က်န႔္ယီြရႊမ္းကတစ္ဖဲြ႔ျဖစ္သည္။
ယင္ေကာက သူ႔ကိုယ္ထဲက
ေခါင္းကိုးလံုးႁမြေဘုရင္ေသြးကို ႏိုးထၿပီးကတည္းက
က်င့္ႀကံဆင့္က အဆေပါင္းမ်ားစြာတိုးလာတယ္။
သူက လူသားတစ္ဝက္ျဖစ္ေပမယ့္
သူ႔အေမကလဲပါရမီပါတဲ့လူတစ္ေယာက္ပင္။
ယင္ေကာက သူမရဲ့ေကာင္းတဲ့စရိုက္ေတြကို
အနဲနဲ႔အမ်ားအေမြရထား၏။ ထို႔ျပင္
ေခါင္းကိုးလံုးႁမြေဘုရင္က စိတ္ဝိဉာဉ္ေလးခုနဲ႔
အကိုက္ညီဆံုးဧကရာဇ္သားရဲျဖစ္သည္။
သူတို႔ေသြးမ်ိဳးဆက္က အရမ္းအဖိုးတန္ကာ
ႏိုးထလာသည္ႏွင့္ က်င့္ႀကံဆင့္မွာ
ဒုန္းကနဲျမင့္တက္သြားမည္ျဖစ္သည္။
အခုေလာေလာဆယ္၌ ယင္ေကာက
ၾကယ္ခုနစ္ပြင့္အထြတ္အထိပ္ဧကရာဇ္အဆင့္
က်င့္ႀကံသူတစ္ေယာက္ျဖစ္ေနေလၿပီ။
သူက နတ္ေဒဝါအဆင့္ကိုေရာက္ဖို႔
အဆင့္ေသးေသးေလးတစ္ခုသာ
ကြာေတာ့ေသာ္လည္း ထပ္မေစာင့္ႏိုင္ေတာ့
တာေၾကာင့္ အဆင့္မတက္ခင္မွာ
က်န႔္ယီြရႊမ္းနဲ႔ထြက္ေျပးလာျခင္းျဖစ္၏။
က်န႔္ယီြရႊမ္းမွာေတာ့ သူ႔ရဲ့မူလသရုပ္က
ပို၍ပင္ ဆန္းၾကယ္သည္။ သူ႔သူငယ္ခ်င္း
ယင္ေကာပင္ ရွင္းရွင္းလင္းလင္းမသိေခ်။
သူ႔က်င့္ႀကံဆင့္က ယင္ေကာထက္နိမ့္ေပမယ့္
ကိုယ့္ကိုယ္ကိုကာကြယ္တာက အေၾကာင္းမဟုတ္
ေပ။ သူမႏိုင္ရင္ နယ္ေျမျပောင္းအေဆာင္လက္ဖဲြ႔
တစ္ခုခဲြၿပီး ထြက္သြားလို႔ရသည္။
ေသြးေစြးနီကလန္အိမ္ေတာ္ႀကီးရဲ့ တည္ေဆာက္ပံုက
ပံုမွန္မဟုတ္ဘဲ အဆင့္ႏွစ္ဆင့္ခဲြထား၏။
ေအာက္ဆင့္က ေျမၾကီးထဲသို႔ဝင္ခါနီးျဖစ္ၿပီး
ေျမေအာက္ကမ႓ာတစ္ခုလို ျဖစ္လာသည္။
ဝင္ေပါက္မွာ ဆယ္ခုေလာက္ရိွၿပီး
တမင္သက္သက္ဝွက္ထားသည္မဟုတ္ေသာ္ျငား
သတိမမူမိလ်ွင္ေက်ာ္သြားမည္ျဖစ္သည္။
ေအာက္ဆင့္မွာက ဝင္ေပါက္တစ္ေပါက္စီတိုင္းမွာ
အေစာင့္ငါးေယာက္ေက်ာ္ရိွၿပီး အထက္ဆင့္ထက္
အေစာင့္အၾကပ္ပိုမ်ားတာေၾကာင့္
လင္းေရွာင္နဲ႔ယူေရွာင္းမိုက ေအာက္ဆင့္ကို
ယူလိုက္ၿပီး ယင္ေကာနဲ႔က်န႔္ယီြရႊမ္းက
အထက္ဆင့္ကိုယူလိုက္သည္။
အိမ္ေတာ္ႀကီးရဲ့ေျမေအာက္အထပ္က
မေရမတြက္ႏိုင္ေအာင္ရိွသည္။ အေပၚ ယံမွာ
ဝင္ေပါက္ဆယ္ခုပဲရိွပံုေပၚ ေပမယ့္
ေစာင့္ၾကပ္ဖို႔ခက္တာ၊ ဒါမွမဟုတ္ ေစာင့္ၾကပ္လို႔
မရတဲ့ေနရာေတြအမ်ားႀကီးရိွေနတာေၾကာင့္
သူတို႔ဝင္လို႔ရတယ္။ ဘယ္လိုပဲေနေန
တစ္ႏွစ္ပတ္လံုးေနေရာင္ျခည္မဝင္ေအာင္
ထားလို႔မွမရဘဲ။ အဲ့လိုမွမဟုတ္ရင္ေတာ့
စံအိမ္လို႔ေခၚ မွာမဟုတ္ဘူးေလ။
ယူေရွာင္းမိုက ေရေအာက္ကေနေရာင္ျပန္ဟပ္
ေနတဲ့ ပံုရိပ္ေတြကိုၾကၫ့္လိုက္တယ္။
ေဝေဝဝါးဝါးပဲဆိုေပမယ့္ ဒါကေျမေအာက္အထပ္က
ဘယ္လိုပံုရိွတယ္ဆိုတာ သူေသခ်ာေျပာႏိုင္တယ္။
အျခားတစ္ဖက္မွာ ေနာက္ထပ္ေရကန္ေလးတစ္ခု
ရိွပံုရတယ္၊ ဒါေပမယ့္ ဒါကိုဘယ္လိုလုပ္ထားလဲ
ဆိုတာေတာ့ သူမသိဘူး။ ေရကအျပင္ဘက္ကို
စီးထြက္မသြားဘူး။
" ကၽြန္ေတာ္တို႔ ဒီကေနေအာက္ဆင္းမွာလား?"
လင္းေရွာင္က အခ်ိန္တြက္ၾကၫ့္လိုက္တယ္
"ေျမေအာက္ထပ္အေစာင့္ေတြက ဆယ္စကၠန႔္ကို
တစ္ခါ ေအာက္ကေနျဖတ္သြားလိမ့္မယ္။
ကိုယ္တို႔က ဒီအခ်ိန္တြင္းမွာ
အဲ့ဒီ့ကိုေရကူးသြားရမယ္"
ယူေရွာင္းမိုက မ်က္လံုးျပဴးသြားၿပီး
တိုးတိုးေလးေျပာလိုက္တယ္
" ဆယ္စကၠန႔္က မတိုလြန္းဘူးလား?
ဒီကန္အနက္က မီတာႏွစ္ဆယ္ေက်ာ္ေလာက္
ရိွမယ္ထင္တယ္။ ေနာက္ၿပီး
ၾကမ္းျပင္ကိုစိုေအာင္လုပ္မိသြားရင္
ရွာေတြ့သြားၾကမွာေပါ့"
လင္းေရွာင္ကျပန္မေျဖေတာ့ေပ။
သူ႔ကိုဆဲြလိုက္ၿပီး ဒိုင္ဗင္ထိုးခ်လိုက္ေတာ့သည္။
ယူေရွာင္းမိုက အလ်င္စလိုပါးစပ္ပိတ္လိုက္၏။
တစ္ခ်ိန္တည္းမွာပဲ သူတို႔ေခါင္းအထက္က
ကန္ေဘးမွာ လံုႃခံုေရးအဖဲြ႔တစ္ဖဲြ႔က
သီသီေလးျဖတ္သြားတယ္။
ေျမေအာက္ေရကန္ကို ဥယ်ာဉ္အနားမွာ
တည္ေဆာက္ထားျခင္းျဖစ္ၿပီး
ကန္ထဲမွာက သူတို႔ကိုဖြက္ထားမေပးႏိုင္တဲ့
ေရၫွိတစ္ခ်ိဳ႕ပဲရိွတယ္။ ေရကန္ထဲကေန
ထြက္လာၿပီးတဲ့ေနာက္ လူရိပ္ႏွစ္ခုက
ခ်က္ခ်င္းပဲအေမွာင္ထဲကိုေရာေနွာသြားေတာ့သည္။
...........
ပြင့္လန္းေနတဲ့ပန္းခင္းႀကီးအလယ္မွာ
လင္းထိန္ၿပီးခမ္းနားတဲ့ စံအိမ္ေလးတစ္ခု
ရိွေနသည္။ ေရာင္စံုပန္းေတြေပၚ မွာ
တလက္လက္ေတာက္ပေစတဲ့အမႈန္ေလးေတြ
က်ဲထားသလိုပင္ ပန္းပြင့္မ်ားက
ခပ္ေဖ်ာ့ေဖ်ာ့အလင္းတစ္ခုထုတ္ေနသည္။
ဒါက ႏွစ္သက္ဖို႔ေကာင္းတဲ့ျမင္ကြင္းျဖစ္ေပမယ့္၊
စူးရွတဲ့အသံတစ္သံနဲ႔ ႂကြေထည္တစ္ခုျပဳတ္က်
သြားတဲ့အသံက ဖ်က္စီးေနသည္။
"အမိႈက္ေတြ! ဒီလိုရိုးရွင္းတဲ့ဟာေလးတစ္ခုေတာင္
မလုပ္ႏိုင္ဘူး! နင္တို႔ကိုေခၚ ထားရတာ
ဘာအသံုးဝင္လို႔လဲ! ထြက္သြားစမ္း!"
ထိုစကားေနာက္တြင္ လူႏွစ္ေယာက္က
စံအိမ္ေလးထဲမွေျပးထြက္လာကာ
ဥယ်ာဉ္ကိုေက်ာ္မွ အရိွန္ေလ်ာ့လိုက္ၾက၏။
သူတို႔ထဲကတစ္ေယာက္က သက္ျပင္းခ်လိုက္ကာ
"ဒီသခင္မေလးကိုးက စိတ္ေက်နပ္ေအာင္လုပ္ဖို႔
တကယ္ခက္တာပဲ။ အဲ့တာကသူမအဘိုး
ဆိုတာထင္ရွား........"
"ေတာ္လိုက္ေတာ့" ေနာက္တစ္ေယာက္က
ပတ္ပတ္လည္ကိုသတိတထားၾကၫ့္လိုက္တယ္။
ဘယ္သူမွရိွမေနဘူးဆိုတာ ေသခ်ာမွ
ေျပာလိုက္သည္။ "ဒီေနရာမွာ လူေတြအေၾကာင္းကို
သတိလက္လြတ္မေျပာမိေစနဲ႔။ အသက္
ဆံုရႈံးသြားႏိုင္တယ္။ ဘာေတြပဲျဖစ္ျဖစ္
သခင္မေလးကိုးက ေသြးေစြးနီကလန္ရဲ့
သခင္မေလးတစ္ေယာက္ျဖစ္ေနတုန္းပဲ။
သူမက ငါတို႔ေလ်ွာက္ေျပာလို႔ရတဲ့သူ
မဟုတ္ဘူး"
"ေကာင္းၿပီ၊ နားလည္ပါၿပီ"
"ျမန္ျမန္သြားရေအာင္"
ထိုအခိုက္တြင္ အနက္ေရာင္လူရိပ္တစ္ခုက
သူတို႔ေရ႔ွ၌ ရုတ္တရက္ရပ္လာ၏။
ႏွစ္ေယာက္သားက ေၾကာင္အသြားၿပီး
မေအာ္ႏိုင္ခင္မွာပဲ လည္ပင္းအေနာက္ဘက္ကေန
စူးရွတဲ့နာက်င္မႈတစ္ခုပ်ံ႔လာတယ္။
သူတို႔မ်က္လံုးေတြက မိွတ္က်သြားၿပီး
ေနာက္တစ္စကၠန႔္မွာေတာ့ ေျမၾကီးေပၚ မက်ခင္
ေလထဲမွာေပ်ာက္ကြယ္သြားေတာ့သည္။
လူႏွစ္ေယာက္ကို လင္းေရွာင္ရဲ့နယ္ေျမထဲ
ထၫ့္ၿပီးတဲ့ေနာက္ ယူေရွာင္းမိုနဲ႔လင္းေရွာင္က
ဥယ်ာဉ္ထဲကေက်ာက္တံုးႀကီးေနာက္မွာ
ပုန္းလိုက္ၾကတယ္။ ယူေရွာင္းမိုက
စံအိမ္ေလးဘက္လွမ္းၾကၫ့္လိုက္တယ္။
ဒီသခင္မေလးကိုးရဲ့အဆင့္က နိမ့္ပံုမရဘူး။
သူမေနဖို႔အတြက္ ကိုယ္ပိုင္စံအိမ္ေလးတစ္ခု
ေတာင္ရိွေသးတယ္။ သူမက အလိုလိုက္ခံထားရတဲ့
မိန္းမငယ္ေလးဆိုတာထင္ရွားေနတယ္။
"ဒီသခင္မေလးကိုးက ဘယ္သူလဲ?"
ယူေရွာင္းမိုက သိခ်င္သြားတယ္။
"ယူက်န္ထ်န္းရဲ့ေျမး ယူယံု။ သူမက
ကိုးေယာက္ေျမာက္ေျမး။ ကိုယ္ၾကားတာေတာ့
ယူက်န္ထ်န္းက ဒီေျမးမေလးကိုအရမ္းခ်စ္ၿပီး
အလိုလိုက္တယ္တဲ့။ အေျဖကေတာ့
သူမရဲ့ႏိွမ္တတ္တဲ့စရိုက္ျဖစ္လာတာပဲ"
လင္းေရွာင္က ျပန္ေျဖလိုက္တယ္။
ေနာက္ခံစစ္ေဆးမႈေတြ အမ်ားႀကီးသူလုပ္ထားတယ္။
ယူမိသားစု၊ ယူက်န္ထ်န္းနဲ႔ ေခါင္းေဆာင္ေဟာင္းရဲ့
အေၾကာင္းမွန္သမ်ွ သူသိတယ္။
"ဖူး!"
ယူယံုရဲ့နာမည္ကိုၾကားတဲ့အခါ ယူေရွာင္းမိုက
ရယ္သံကိုထိန္းမထားႏိုင္ေတာ့ဘူး။
ယူယံုလို႔နာမည္ေပးထားတဲ့လူတစ္ေယာက္
တကယ္ပဲ ရိွေနမယ္လို႔သူမယံုႏိုင္ဘူး၊
ဒါ့အျပင္ မိန္းမတစ္ေယာက္လဲျဖစ္ေနေသးတယ္။
(ယူယံုနာမည္က ေရကူးတာနဲ႔တူ)
သူက ခဏေလာက္ရယ္ေနၿပီးမွေျပာလိုက္တယ္
"သူမက ခ်စ္ေျမးေလးဆိုမွေတာ့
ကိစၥေတာ္ေတာ္မ်ားမ်ားသိမွာေပါ့?"
"Mmhmm" လင္းေရွာင္ရဲ့ပါးစပ္ေထာင့္ေလး
ေတြက ျမင့္တက္သြားတယ္ "သူမကို
ေမးၾကၫ့္ၿပီးရင္သိရလိမ့္မယ္"
........
စံအိမ္ထဲတြင္ ယူယံုကစိတ္ေကာက္ေနၿပီး
ပစၥည္းေတြကို ေလ်ွာက္ပစ္ေနတယ္။
သန႔္ရွင္းေနတဲ့ၾကမ္းျပင္က ခဏၾကာတဲ့အခါ
အကဲြအစေတြအမ်ားႀကီးျပၫ့္သြားသည္။
အခန္းထဲမွာရိွတဲ့ သူမလႊင့္ပစ္လို႔ရသမ်ွ
အကုန္လံုးက ကဲြေၾကေနၿပီျဖစ္သည္။
ယူယံုက ထိုင္ခံုတစ္ခုေပၚ ကို ေဒါသထြက္ထြက္နဲ႔
ထိုင္ခ်လိုက္ၿပီး သူမရဲ့လက္ႏုႏုေလးေတြနဲ႔
စားပဲြထိပ္ကိုရိုက္လိုက္တယ္။
"စိတ္တိုလိုက္တာ! အဘိုးကငါ့ကို
အလိုလိုက္တာပဲကို၊ ဘာလို႔မလိုက္ခိုင္းတာလဲ?"
ထိုအခိုက္တြင္ တံခါးဆီမွအသံတစ္ခုထြက္လာသည္။
"ဘာလဲ?" ယူယံုကေဒါသထြက္ေနဆဲျဖစ္ၿပီး
တံခါးေခါက္သံၾကားလိုက္ရတဲ့အခါ
ေအာ္ဟစ္လိုက္၏။
"သခင္မေလးကိုး၊ ယူဖင္းနဲ႔ယူဟယ့္
ျပန္လာပါတယ္။ သူတို႔မွာ သခင္မေလးကို
အေရးတႀကီးေျပာစရာရိွပါတယ္တဲ့"
အေစခံက စိုးရိမ္ေနၿပီးေၾကာက္လန႔္ေနသည္။
"ေကာင္းတယ္။ ငါ့ေဒါသေျဖစရာမရိွမွာ
စိုးေနတာ။ ဝင္ခိုင္းလိုက္"
ယူယံုက ေအးစက္စက္ႏွာမႈတ္လိုက္သည္။
သူတို႔မွာဘာအေရးႀကီးကိစၥရိွလဲဆိုတာ
ၾကၫ့္ခ်င္တယ္။ ခုနကနဲ႔အတူတူပဲဆိုရင္ေတာ့
ေသခ်ာေပါက္ေခါင္းျဖတ္ပစ္မယ္။
ခဏၾကာေတာ့ ယူဖင္းနဲ႔ယူဟယ့္က
တစ္ေယာက္ၿပီးတစ္ေယာက္ဝင္လာတယ္။
"အေရးႀကီးတာရိွရင္ေျပာ။ ငါ့စိတ္ရွည္မႈကို
လာမစမ္းနဲ႔" ယူယံုရဲ့ေမးခြန္းထုတ္တဲ့အၾကၫ့္က
သူတို႔ႏွစ္ေယာက္ေပၚ ျဖတ္သြားသည္။
ယူဟယ့္ကေရ႔ွတစ္လွမ္းတိုးလိုက္ၿပီး
အေစခံေကာင္မေလးဆီ အရိပ္အကဲျပလိုက္တယ္။
"သခင္မေလး၊ ဒီကိစၥကအရမ္းအေရးႀကီးတယ္။
မင္းကလဲြလို႔ဘယ္သူမွၾကားလို႔မရဘူး"
"အေရးႀကီးရင္ေကာင္းမယ္။ မဟုတ္ရင္ေတာ့
အရွင္လတ္လတ္အေရခြံစုတ္ခံရဖို႔ျပင္ထား"
ယူယံုက သတိေပးတဲ့အၾကၫ့္တစ္ခ်က္
ေပးလိုက္ၿပီးေနာက္ အေစခံကိုထြက္သြားခိုင္း
လိုက္ကာ အေရးႀကီးတာမဟုတ္ရင္
လာမေနွာင့္ယွက္ဖို႔အမိန႔္ေပးလိုက္၏။
အဲ့ဒီ့အခ်ိန္မွာပဲ ယူဟယ့္ကိုယ္ထဲကေန
အျဖဴေရာင္အေမႊးလံုးေလးတစ္လံုးက
သခင္မေလးကိုးေဘးက စားပဲြေပၚ ကို
ခုန္တက္လိုက္တယ္။ အေမႊးလံုးေလးက
တစ္ခဏခ်င္းမွာပဲ ႀကီးလာၿပီး စားပဲြထိပ္မွာ
လိွမ့္ေနေတာ့သည္။ အျဖဴေရာင္ႏွင္းလို
အေမႊးလံုးေလးက အလြန္အမင္းခ်စ္ဖို႔ေကာင္း၏။
"ဒါက?" ယူယံုကခဏေလာက္ေၾကာင္သြားသည္။
"သခင္မေလးခင္ဗ်ာ၊ သူ႔မ်က္လံုးေတြကို
ၾကၫ့္ၾကၫ့္လိုက္ပါ။ မလွဘူးလား?"
ယူဟယ့္ကေျပာလိုက္တယ္။
ယူယံုက မသိလိုက္မသိဘာသာနဲ႔
သူေျပာသလိုလုပ္လိုက္ၿပီး အေမႊးလံုးေလးရဲ့
မ်က္လံုးေတြကိုၾကၫ့္လိုက္တယ္။
၄မွာ ကမ႓ာ့အႀကီးက်ယ္ဆံုးဆန္းၾကယ္မႈေတြကို
သယ္ေဆာင္ပံုေပၚ တဲ့ ခရမ္းေရာင္ေမွာ္
ေၾကာင္မ်က္လံုးေတျြဖစ္သည္။ မၾကာခင္မွာပဲ
သူမကၫွို႔ယူခံလိုက္ၿပီး သူမမ်က္လံုးေတြက
ဦးတည္ရာဆံုးရႈံးလာကာ အဆံုးတြင္
ဗလာသက္သက္ျဖစ္သြား၏။
ဒါကိုျမင္ေတာ့ ယူဟယ့္ကထူးဆန္းစြာႃပံုးလိုက္သည္။
သခင္မေလးကိုးက ကတ္ခ်ဳံးဖန္တီးထားတဲ့
ပံုရိပ္ေယာင္ေပါင္းတစ္ေထာင္ဆိုတဲ့
ပံုရိပ္ေယာင္ေလာကထဲတြင္ အျပၫ့္အဝ
စုပ္ယူခံလိုက္ရၿပီျဖစ္သည္။ ကတ္ခ်ဳံးရဲ့
ပံုရိပ္ေယာင္ေတြက အသက္ေရာက္ခံရတဲ့လူေပၚ
မူတည္ၿပီးေျပာင္းလဲသည္။ အဆင္ေျပဆံုးကေတာ့
ပံုရိပ္ေယာင္ေတြက လူ႔ဦးေနွာက္က
မွတ္ဉာဏ္ေတြကိုလႈံ႔ေဆာ္ေပးႏိုင္ၿပီး
သူမကို ကိုယ္တိုင္ထုတ္ေျပာခိုင္းႏိုင္ျခင္းျဖစ္၏။
ဒါေပါ့၊ ယူဟယ့္က ပံုရိပ္ေယာင္ေပါင္းတစ္ေထာင္
ကတ္ခ်ဳံးရဲ့သခင္၊ ယူေရွာင္းမိုပင္။
ယူေရွာင္းမို သူ႔ဆက္ႏြယ္သားရဲေတြကို
အဆင့္တက္ေစမယ့္ေမွာ္ေဆးလံုးေတြ
ေပးၿပီးကတည္းက ကတ္ခ်ဳံးရဲ့ၿငိမ္ေနတဲ့
က်င့္ႀကံဆင့္က တက္သြားခဲ့ျခင္းျဖစ္သည္။
အျခားလူေတြရဲ့ပံုရိပ္ေယာင္ကို
ထိန္းခ်ဳပ္ရတာပိုလြယ္လာၿပီး အခုေတာ့
တစ္ၿပိဳင္နက္တည္း လူငါးေယာက္အတြက္
ပံုရိပ္ေယာင္ဖန္တီးေပးႏိုင္၏။
ကတ္ခ်ဳံးက သခင္မေလးကိုးရဲ့စိတ္ထဲက
မွတ္ဉာဏ္ေတြကိုဆဲြထုတ္ၿပီး
သူ႔ပိုင္ရွင္ဆီတင္ျပေပးသည္။
ယူေရွာင္းမိုက အခ်က္အလက္ေတြကို
ခဏေလာက္ၾကာေအာင္ၾကၫ့္ၾကၫ့္တယ္၊
ဒါေပမယ့္ ယူက်န္ထ်န္းရဲ့အလိုလိုက္ခံရဆံုး
ေျမးမေလးလို႔ေျပာၾကတဲ့ သခင္မေလးကိုးမွာ
ဘာမွသိပ္မသိတာႏွေျမာစရာပင္။
အေရးႀကီးတဲ့အခ်က္အလက္က
မရိွသေလာက္ပင္ျဖစ္သည္။
အေၾကာင္းရင္းကို သူစဉ္းစားေနတုန္းမွာပဲ
အေရးႀကီးသတင္းတစ္ခုက သူ႔စိတ္ထဲ
ဖ်တ္ကနဲေပၚ လာ၏။ ၄မွာ ေျမေအာက္ထပ္ရိွ
တားျမစ္နယ္ေျမျဖစ္ကာ ယူယံုေတာင္မွ
ဝင္လို႔မရတဲ့ေနရာျဖစ္သည္။
ဒီယူယံုက အထက္စီးဆန္တဲ့သူျဖစ္သည္။
သူမက တားျမစ္နယ္ေျမအပိုင္းထဲ
မေတာ္တဆဝင္သြားမိၿပီး အေစာင့္ေတြရဲ့
တားဆီးျခင္းခံခဲ့ရသၫ့္အႀကိမ္တစ္ႀကိမ္
ရိွခဲ့သည္။ သူမကသေဘာထားဆိုးၿပီး
သူတို႔ကဝင္ခြင့္မေပးေလ၊ ပိုၿပီးဝင္ခ်င္ေလျဖစ္သည္။
အဆံုးမွာေတာ့ ကိစၥကႀကီးသြားၿပီး
ယူက်န္ထ်န္းက ကိုယ္တိုင္ၾကပ္မတ္ခဲ့၏။
ထိုအခါမွသာ ရပ္တန႔္ခဲ့သည္။
သို႔ေပမယ့္ ဒီအျဖစ္အပ်က္က ယူယံုစိတ္ထဲမွာ
စဲြက်န္ေနခဲ့တယ္။ စံအိမ္ေတာ္ႀကီးက သူမအိမ္ျဖစ္ၿပီး
သူမသြားလို႔မရတဲ့ေနရာေတြတကယ္ပဲရိွေနတယ္။
ထို႔ေၾကာင့္ တားျမစ္နယ္ေျမက
အျခားသူေတြမသိေလာက္တဲ့လ်ိႈ႔ဝွက္ခ်က္ေတြ
ဖံုးကြယ္ထားတာျဖစ္မယ္လို႔ သူမယံုၾကည္ခဲ့၏။
__________