The Legendary Master's Wife [...

By melon_rays

1.3M 243K 9.6K

Original Author- Yin Ya English Translators- Exiled Rebels Scanlations [Chapter(400)- (590)] (If you want t... More

Chapter-400
Chapter-401
Chapter-402
Chapter-403
Chapter-404
Chapter-405
Chapter-406
Chapter-407
Chapter-408
Chapter-409
Chapter-410
Chapter-411
Chapter-412
Chapter-413
Chapter-414
Chapter-415
Chapter-416
Chapter-417
Chapter-418
Chapter-419
Chapter-420
Chapter-421
Chapter-422
Chapter-423
Chapter-424
Chapter-425
Chapter-426
Chapter-427
Chapter-428
Chapter-429
Chapter-430⚠️
Chapter-431
Chapter-432
Chapter-433
Chapter-434
Chapter-435
Chapter-436
Chapter-437
Chapter-438
Chapter-439
Chapter-440
Chapter-441
Chapter-442
Chapter-443
Chapter-444
Chapter-445
Chapter-446
Chapter-447
Chapter-448⚠️
Chapter-449
Chapter-450
Chapter-451
Chapter-452
Chapter-453
Chapter-454
Chapter-455
Chapter-456
Chapter-457
Chapter-458
Chapter-459
Chapter-460
Chapter-461
Chapter-463
Chapter-464
Chapter-465
Chapter-466
Chapter-467
Chapter-468
Chapter-469
Chapter-470
Chapter-471
Chapter-472
Chapter-473
Chapter-474
Chapter-475
Chapter-476
Chapter-477
Chapter-478
Chapter-479
Chapter-480
Chapter-481
Chapter-482
Chapter-483
Chapter-484
Chapter-485
Chapter-486
Chapter-487
Chapter-488
Chapter-489
Chapter-490
Chapter-491
Chapter-492
Chapter-493
Chapter-494
Chapter-495
Chapter-496
Chapter-497
Chapter-498
Chapter-499
Chapter-500
Chapter-501
Chapter-502
Chapter-503
Chapter-504
Chapter-505
Chapter-506
Chapter-507
Chapter-508
Chapter-509
Chapter-510
Chapter-511(Unicode)
Chapter-511(Zawgyi)
Chapter-512
Chapter-513(part-1)
Chapter-513(part-2)
Chapter-514
Chapter-515
Chapter-516
Chapter-517
Chapter-518
Chapter-519
Chapter-520
Chapter-521
Chapter-522
Chapter-523
Chapter-524
Chapter-525
Chapter-526
Chapter-527
Chapter-528
Chapter-529
Chapter-530
Chapter-531
Chapter-532
Chapter-533
Chapter-534(part-1)
Chapter-534(part-2)
Chapter-535
Chapter-536
Chapter-537
Chapter-538
Chapter-539
Chapter-540
Chapter-541
Chapter-542
Chapter-543
Chapter-544
Chapter-545
Chapter-546
Chapter-547
Chapter-548
Chapter-549
Chapter-550
Chapter-551
Chapter-552
Chapter-553
Chapter-554
Chapter-555
Chapter-556
Chapter-557
Chapter-558
Chapter-559
Chapter-560
Chapter-561
Chapter-562
Chapter-563
Chapter-564
Chapter-565
Chapter-566
Chapter-567
Chapter-568
Chapter-569
Chapter-570
Chapter-571
Chapter-572
Chapter-573
Chapter-574
Chapter-575
Chapter-576
Chapter-577
Chapter-578
Chapter-579
Chapter-580
Chapter-581
Chapter-582
Chapter-583
Chapter-584
Chapter-585
Chapter-586
Chapter-587
Chapter-588
Chapter-589
Chapter-590
Book ခဲြျခင္း / Book ခွဲခြင်း

Chapter-462

7K 1.2K 9
By melon_rays

Unicode
အပိုင်း၄၆၂- အမှန်ကိုအမှားခြုံခြင်း

တောင်ပိုင်းတိုက်မကြီးတွင် ကွယ်ဝှက်ထားသော
အင်အားစုများစွာရှိသည်၊ သို့သော်
အမှန်တကယ်ကြီးမားတဲ့အင်အားစုတွေက
ချန်မဟာမိတ်နဲ့ သွေးစွေးနီကလန်ဖြစ်သည်။

ဒီမိသားစုကြီးနှစ်ခုက ယနေ့အချိန်ထိ
အေးအေးချမ်းချမ်းဖွံ့ဖြိုးလာနိုင်ခဲ့ခြင်းကို
နတ်ဘုရားအထက်အဆင့်ကျင့်ကြံသူ
တစ်ယောက်စီရှိနေသည်ဟူသော အချက်မှ
ခွဲထုတ်၍မရပေ။ ဤအချက်ကြောင့်သာလျှင်
ယနေ့အထိ စည်းချက်ကိုက်ကိုက်နေလာနိုင်
ခဲ့ခြင်းဖြစ်သည်၊ သို့ပေမယ့်.....

ချန်မဟာမိတ်ဖြစ်တည်လာခဲ့တဲ့အချိန်က
သွေးစွေးနီကလန်ထက် ပိုတိုတောင်းပြီး
သူတို့ဖွံ့ဖြိုးလာတာက အလွန်အမင်းလျင်မြန်လေ
သည်။ ချန်မဟာမိတ်ရဲ့သူလျှိုတွေက
တောင်ပိုင်းတိုက်မကြီးတစ်ခုလုံးမှာ
မြန်မြန်ဆန်ဆန်ပျံ့နှံ့လာရုံသာမက
အခြားနယ်မြေများသို့ပင် ရောက်နေပြီဖြစ်၏။
သူတို့ရဲ့သတင်းကွန်ယက်မှာပဲဖြစ်ဖြစ်၊
စွမ်းအားကြီးကျင့်ကြံသူတွေမှာပဲဖြစ်ဖြစ်၊
သွေးစွေးနီကလန်ကို ထိုနယ်ပယ်နှစ်ခုစလုံးတွင်
အနဲငယ်သာလွန်နေလေသည်။

အဆိုတစ်ခုရှိသည်မဟုတ်လား၊
တောင်တစ်လုံးတွင် ကျားနှစ်ကောင်မနေနိုင်ပေ။

သွေးစွေးနီကလန်က ချန်မဟာမိတ်ရဲ့လျင်မြန်တဲ့
ဖွံ့ဖြိုးတိုးတက်မှုကြောင့် အံ့အားသင့်ခဲ့ရသည်။
ထို့ကြောင့် သူတို့ကအပေါ် ယံတွင်
ခင်မင်နေသော်လည်း တိတ်တဆိတ်ပြင်ဆင်နေကြပြီး
သတိတထားရှိနေကြ၏။ သို့ပေမယ့်
ညီမျှမှုက ဘာလို့အခုထက်ထိမပျက်စီးသေး
တာလဲ?

ဘာလို့လဲဆိုတော့ အခွင့်အရေးမရှိသောကြောင့်ပင်။

အခုလက်ရှိမှာ၊ နှစ်ဖက်စလုံးတွင်
စောင့်ကြည့်ပေးနေသည့် စွမ်းအားကြီးပုဂ္ဂိုလ်
တစ်ယောက်ရှိနေ၏။ သူတို့တွေအမှန်တကယ်
တိုက်ခိုက်ကြလျှင် နှစ်ဖက်လုံးအထိနာမည်
ဖြစ်ပြီး အခြားလူတွေအတွက်အခွင့်သာသွားမည်
ဖြစ်သည်။

သို့ဖြစ်၍ ချန်မဟာမိတ်နဲ့ဆက်ဆံရေးကောင်းဖို့
ရည်ရွယ်ချက်ရှိတဲ့ အခြားနတ်ဘုရားအဆင့်
ကျွမ်းကျင်သူတစ်ယောက်ပေါ် လာခဲ့ရင်
သွေးစွေးနီကလန်ခေါင်းဆောင်က
သေချာပေါက်မသက်မသာခံစားရမည်ဖြစ်ပြီး
ကိုယ်တိုင်ကိုယ်ကျရှေ့ထွက်လာမည်ဖြစ်သည်။

" ဒီနည်းကကောင်းပါတယ်၊ ဒါပေမယ့်...."
ယူရှောင်းမိုက လင်းရှောင်ကိုကိုးယိုးကားယား
ကြည့်လိုက်တယ်။ လင်းရှောင်က
သူ့ကျင့်ကြံဆင့်ကို လျှို့ဝှက်ထားရမယ်လို့
ပြောထားတယ်။ သူ့ရဲ့တကယ့်ကျင့်ကြံဆင့်နဲ့
ပွဲတက်လိုက်မယ်ဆိုရင် လူတိုင်းကို
ပြောပြနေတာနဲ့တူသွားမှာ။

" ငါတို့တွေ သတင်းအမှားလွှင့်လို့ရနိုင်တယ်"
ယူရှောင်းမိုက လင်းရှောင်ကိုလှမ်းကြည့်လိုက်တာ
မြင်တော့ ယင်ကောက သူ့စိတ်ထဲမှာ
အနဲနဲ့အများတော့ဝိုးတဝါးခန့်မှန်းထားပြီးသား
ဖြစ်လေသည်။ သူကထိတ်လန့်တုန်လှုပ်သွား
ပေမယ့် ဘာမှမပြောပေ။

ကျန့်ယွီရွှမ်းက တစ်ခဏမျှတွေးဆလိုက်သည်။
" သတင်းအမှားကို ဘယ်လိုလွှင့်သင့်လဲ?
ချန်မဟာမိတ်ရဲ့သတင်းကွန်ယက်နဲ့ဆိုရင်
အမှန်ကိုအတည်ပြုနိုင်ဖို့သေချာသလောက်ပဲ"

ယင်ကောက လင်းရှောင်ကိုတစ်ချက်ကြည့်
လိုက်တယ် " အမှန်ကိုအမှားခြုံလို့ရတယ်"

ယူရှောင်းမိုက အမှားကိုအမှန်ခြုံတယ်ပဲ
ကြားဖူးတယ်၊ ဒီလို' အမှန်ကိုအမှားခြုံတယ်'
လို့တော့သူမကြားဖူးချေ။

လင်းရှောင်က ခပ်သဲ့သဲ့ပြုံးလိုက်တယ်
" မင်းစိတ်ကူးက ငါ့ကို'မျက်နှာပြ' ခိုင်းပြီး
'သတင်းအမှား' လွှင့်ဖို့ နတ်ဘုရားအဆင့်ကျင့်ကြံသူ
သရုပ်ကိုသုံး၊ ဒါမှ
ချန်မဟာမိတ်ရော သွေးစွေးနီကလန်ရောက
ပွဲတက်ရောက်မယ့်ဆန်းကြယ်တဲ့နတ်ဘုရားအဆင့်
ကျင့်ကြံသူတစ်ယောက်ရှိမယ်လို့
ယုံမယ်ပေါ့၊ ဟုတ်တယ်မလား?"

ယင်ကောကခေါင်းညိမ့်လိုက်သည်။

ဆန်းကြယ်တဲ့ကျွမ်းကျင်သူတစ်ဦး
အမှန်ပင်​ပေါ် လာဖူးတာကြောင့်
ဒီလိုပုံနဲ့ဆိုရင် အမှားအမှန်ခွဲခြားဖို့
ခက်မည်ဖြစ်သည်။ သို့ပေမယ့် ဒီပုဂ္ဂိုလ်က
ဖိတ်ကြားခြင်းမခံရတာကြောင့်
သူ့ရည်ရွယ်ချက်ကဘာလဲဆိုတာ ဘယ်သူမှ
သိတော့မည်မဟုတ်ပေ။

ထုံထျန်းတိုက်မကြီးတွင် နတ်ဘုရားအဆင့်ကျင့်ကြံ
သူအနည်းငယ်မျှသာရှိသည်။ သူတို့က
အလွန်အမင်းရှားပါးတာကြောင့်
နတ်ဘုရားအဆင့်ကျင့်ကြံသူတစ်ယောက်
ပေါ် လာတိုင်း အာရုံစိုက်ခံရ၏။
သူကရည်မှန်းချက်ကြီးသူတစ်ယောက်ဖြစ်လျှင်
ကြီးမားတဲ့ရိုက်ခတ်မှုတွေဖြစ်စေနိုင်ပြီး
အခြားအင်အားစုတွေပေါ် မှာ
သက်​ရောက်မှုဖြစ်စေမည်ဖြစ်၏။

သူက အဖွဲ့တစ်ခုခုနဲ့သက်ဆိုင်နေတာ၊
ဒါမှမဟုတ် အင်အားစုတစ်ခုကိုဝင်ရောက်လိုက်ရင်
အဲ့ဒီ့အင်အားစုက ခဏချင်းမှာပင်
ထုံထျန်းတိုက်မကြီးတွင် ထိပ်သီးအင်အားစုဖြစ်လာနိုင်ပြီး
ထုံထျန်းနန်းတော်ကိုပင် ကျော်သွားနိုင်လောက်၏။
ထို့ကြောင့် နတ်ဘုရားအဆင့်ကျင့်ကြံသူတိုင်းကို
လေးလေးနက်နက်ဆက်ဆံဖို့လိုလေသည်။
________

နှစ်စဉ်နှစ်တိုင်းတွင် ဒီလိုအရေးကြီးတဲ့အချိန်အတွင်း
သူတို့လွှမ်းမိုးရာနေရာတွေမှာ
ရုတ်ရုတ်သဲသဲဖြစ်တာတွေကိုရှောင်ကြဉ်ဖို့
အမိန့်ထိန်းသိမ်းရန်ရည်ရွယ်ချက်ဖြင့်
ချန်မဟာမိတ်ကလူများစေလွှတ်တတ်သည်။
ဒါက ဒီဟာကိုအခွင့်ကောင်းယူပြီး ပွဲစီစဉ်မှုကို
သက်ရောက်စေနိုင်တဲ့ ပရမ်းပတာအမျိုးမျိုး
ဖြစ်အောင်လုပ်မယ့်လူတွေကို တာဆီးဖို့လဲ
ဖြစ်သည်။

ဒီနှစ်မှာဘယ်သူ့ကိုစေလွှတ်မလဲဆိုတာတော့
မသိရသော်ငြား ရောက်လာမယ့်သူက
ချန်မဟာမိတ်ခေါင်းဆောင်ရဲ့တပည့်တွေထဲက
တစ်ယောက်ဖြစ်သင့်သည်။ 'သူ့မျက်နှာကို'
အခြားသူတွေထက်စာရင်
ချန်မဟာမိတ်ခေါင်းဆောင်ရဲ့တပည့်ရှေ့မှာ
'ပြ' တာက ပိုပြီးအယုံသွင်းလို့ကောင်းသည်လေ။

ယင်ကောနဲ့ကျန့်ယွီရွမ်းက ချန်မဟာမိတ်ကလူတွေ
ဒီနေ့လည်မှာရောက်မယ်ဆိုတာကို
အရင်နေ့ကသတင်းရထားသည်။
အဲ့အချိန်ကျရင် စုဝေးမယ့်လူအုပ်ကြီးရှိမည်
ဖြစ်ပြီး 'သူ့မျက်နှာကိုပြ' ပြီး စကားနည်းနည်း
လောက်ပြောဖို့ လုံလောက်သည်။

သတင်းအရ ချန်မဟာမိတ်မှလူများက
ငါးနာရီဝန်းကျင်တွင်ရောက်မည်ဖြစ်ရာ
ယူရှောင်းမိုနဲ့ကျန်သုံးယောက်က
ငါးနာရီမတိုင်ခင်၌ ပိန်ယောင်မြို့တော်
အပြင်ဘက်တွင် 'ခြုံခိုတိုက်ခိုက်' ဖို့
ပြင်လိုက်ကြသည်။

ငါးနာရီမတိုင်ခင်တွင် မြို့ပြင်ဘက်မှ
အုတ်အော်သောင်းနင်းတစ်ခုဖြစ်လာ၏။
ဧရာမလိပ်စိမ်းကြီးက တဖြည်းဖြည်းချည်းကပ်လာ
နေတာကို အဝေးမှတွေ့နိုင်သည်။
လိပ်ကြီးက ရှုန်းရှောင်ရဲ့လိပ်ထက်ကြီးပြီး
ပုံစံနှင့် အမှုထမ်းကလဲပိုမိုခမ်းနားကြီးကျယ်သည်ပင်။

" လိပ်စိမ်းကြီးရဲ့ခေါင်းထိပ်မှာ လူတစ်ယောက်
ရှိတယ်"

တိမ်တွေကိုထိတော့မယောင်ထင်ရတဲ့
လိပ်ကြီးရဲ့ခေါင်းပေါ် မှာ မထင်မရှားပုံရိပ်တစ်ခုက
ခန့်ထည်စွာရပ်နေ၏။ ပုံရိပ်က လေထဲမှာ
ဝင့်ဝင့်ကြွားကြွားရပ်နေကာ သူ့ကိုယ်ကနေ
ဖြုံလောက်စရာအရှိန်အဝါတစ်ခုကို
အဝေးကနေတောင် ခံစားမိနေသည်။

" မိုက်လိုက်တာ! ပိန်ယောင်မြို့ကို
ချန်မဟာမိတ်ကလွှတ်လိုက်တဲ့သူက
တကယ်ပဲ ဖန်းချီယောင်ဖြစ်နေမယ်လို့
မထင်ခဲ့ဘူး"

လူရိပ်ကရောက်တောင်ရောက်မလာသေးချေ၊
အောက်ကလူတွေကတော့ လှိုက်လှိုက်လှဲလှဲ
ဖြစ်နေကြပြီဖြစ်၏။

"ဘုရားရေ၊ ငါ့ရဲ့အသည်းလေးလာနေပြီ"

" အာ..... ဖန်းချီယောင်ကဘယ်သူလဲ?"
မေးလိုက်တဲ့လူမှာ သူ့ဘေးကလူတိုင်းရဲ့
အထင်မြင်သေးမှုကို ချက်ချင်းပဲရလိုက်တော့သည်။

" ဒီလူကဘယ်ချောင်က ထွက်လာတာလဲဟ!?
ဖန်းချီယောင်ရဲ့နာမည်ကိုတောင်မသိဘူး!
ဆွဲထုတ်ပြီး ကွက်မျက်လိုက်!"

" ဖန်းချီယောင်-တရန်က ချန်မဟာမိတ်ခေါင်းဆောင်
ရဲ့ တတိယမြောက်တပည့်ပဲ။ သူက
ထုံထျန်းအဆင့်စာရင်းမှာ နံပါတ်ခုနစ်။
ဒီလောက်မိုက်ပြီး ကျော်ကြားတဲ့သူကို
မမှတ်မိတဲ့လူ တကယ်ပဲရှိတယ်ပေါ့?
ဘယ်သူလဲကွ!?"

" ဖန်းချီယောင်-တရန် အကြောင်းပြောရရင်
သူနဲ့XXရဲ့ တိုက်ပွဲကိုမေ့လို့မရဘူး........."

လူအုပ်ထဲမှာပုန်းနေခဲ့တဲ့ ယူရှောင်းမိုက
ရှက်သွေးဖြန်းသွားပြီး ဖျစ်ညှစ်ထွက်လာလိုက်သည်။
ထိုမေးခွန်းမေးလိုက်တဲ့သူက သူဖြစ်ပြီး
လူတိုင်းရဲ့တုံ့ပြန်မှုက အရမ်းတင်းမာနေမယ်လို့
သူမထင်ခဲ့ပေ။ ဒီဖန်းချီယောင်က ဒီလောက်
မိုက်တဲ့သူဖြစ်နေမယ်လို့သူမမျှော်လင့်ထားဘူး။
သူ့အရိပ်လေးမြင်ရဖို့ လူတိုင်းကမြို့ပြင်ဘက်
ပြေးထွက်လာတာ အံ့ဩစရာမရှိတော့ချေ။
ဒီမြင်ကွင်းက ခေတ်သစ်ရဲ့ စတားနောက်လိုက်ခြင်း
ခေတ်ရေစီးကြောင်းနဲ့ယှဉ်နိုင်တယ်။

" နောက်တစ်ခေါက်ကျ၊ မင်းမှာမေးစရာရှိရင်
ငါ့ကိုမေးလို့ရတယ်။ ချန်မဟာမိတ်ခေါင်းဆောင်ရဲ့
တပည့်တွေက ကျော်ကြားပြီး ထူးချွန်တဲ့သူတွေ။
ဒါ့ကြောင့် တောင်ပိုင်းတိုက်မကြီးက
တိုက်ခိုက်သူတွေအများကြီးက သူတို့ကို
နှစ်သက်ကြတယ်။ ဒီလူတွေကို မင်းမသိဘူးလို့
ပြောရင် အမြှောက်နဲ့ဝိုင်းပစ်ကြလိမ့်မယ်"
ကျန့်ယွီရွှမ်းက ယူရှောင်းမိုရဲ့ပုံကိုကြည့်လိုက်ရင်း
ပြုံးလိုက်တယ်။

" နောက်ကျရင်စောစောစီးစီးပြောကွာ"
ယူရှောင်းမိုက သူ့ပုခုံးကိုပုတ်လိုက်သည်။

"ကောင်းပြီ....." ကျန့်ယွီရွှမ်းက ခပ်အုပ်အုပ်
ရယ်လိုက်ရင်းပြန်ဖြေလိုက်တယ်။

သူတို့စကားပြောနေစဉ်မှာ ဖန်းချီယောင်ရဲ့
လိပ်စိမ်းကြီးကနီးကပ်နေနှင့်ပြီးဖြစ်၏။
၎င်းက သဲမြေကွက်လပ်တစ်ခုမှာရပ်နားလိုက်သည်။
လိပ်စိမ်းကြီးရဲ့ဧရာမပါးစပ်ကြီးက
'ဝူး ဝူး' ဟူ၍ ခပ်လေးလေးပဲ့တင်ထပ်နေတဲ့အသံ
တစ်ခုထွက်လာသည်။ နီးကပ်နေတဲ့လူတွေက
အသံရဲ့ဒဏ်ကိုခံလိုက်ရပြီး လူတိုင်းက
နောက်ပြန်ဆုတ်လိုက်ကြတော့သည်။

ဖန်းချီယောင်က အောက်ကလူတွေကို
လိပ်ခေါင်းပေါ် ကနေငုံ့ကြည့်လိုက်တယ်။
သူ့သရုပ်နဲ့ အဆင့်တန်းက အောက်ကလူတွေကို
အထင်မြင်သေးဖို့လုံလောက်နေပြီဖြစ်သော်ငြား
သူက မောက်မာအထက်စီးဆန်တဲ့သဘောထား
မပြပေ။ သူခုန်ချတော့မယ့်အချိန်မှာပဲ
ရင်းနှီးတဲ့အသံတစ်သံက သူ့စိတ်ထဲတွင်
ရုတ်တရက်ထွက်လာသည်။

" နေဦး"

ဖန်းချီယောင်ရဲ့လှုပ်ရှားမှုက တန့်သွားပြီး
သူကသံသယဖြစ်စွာမေးလိုက်သည်
" ဘာဖြစ်လို့လဲ?"

အသံက သူ့အမေးကိုချက်ချင်းပြန်မဖြေပေ။
ငါးမိနစ်ကြာပြီးနောက်မှ
" ဒီနေရာမှာ အရမ်းသန်မာတဲ့လူတစ်ယောက်
ရှိနေတယ်၊ မင်းနဲ့ငါထက်ပိုသန်မာတယ်"

ဖန်းချီယောင်အမူအရာက တည်ငြိမ်သွား၏။
သူ့ကျင့်ကြံဆင့်က ကြယ်ခုနစ်ပွင့်
နတ်ဒေဝါအဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သည်။
တစ်ဖက်လူရဲ့ခွန်အားက သူတို့အထက်မှာဆိုရင်
နတ်ဘုရားအဆင့်တိုက်ခိုက်သူများလား?

ဒါကိုတွေးမိလိုက်တာနဲ့ ဖန်းချီယောင်ရဲ့အမူအရာက
စိုးရိမ်ပုံပေါ် လာသည်။

ပိန်ယောင်မြို့မှာ နတ်ဘုရားအဆင့်ကျင့်ကြံသူ
တစ်ယောက်ရှိနေတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?
ဒီပုဂ္ဂိုလ်က ပွဲတက်ဖို့ပြင်နေတာများလား?
ဒါပေမယ့် ဆရာက နတ်ဘုရားအဆင့်ကျင့်ကြံသူ
နဲနဲလေးပဲဖိတ်ခဲ့တာပါ။ သူတို့နာမည်တွေအားလုံးလဲ
သူသိပြီး သူတို့တွေပိန်ယောင်မြို့မှာပေါ် လာဖို့လဲ
မဖြစ်နိုင်ဘူး။ အခုမှအဆင့်တက်ထားတဲ့
နတ်ဘုရားအဆင့်ကျင့်ကြံသူမဟုတ်ဘူးဆိုရင်
ပေါ့.......

ဖန်းချီယောင်က ဒီအတွေးပေါ် လာတာနဲ့
ချက်ချင်းပယ်ချလိုက်သည်။ အဆင့်တက်ကာစ
နတ်ဘုရားအဆင့်ကျင့်ကြံသူတစ်ယောက်
ရှိနေမယ်ဆိုရင် ချန်မဟာမိတ်က သတင်း
လွတ်သွားဖို့မဖြစ်နိုင်ပေ။

" စိတ်မပူနဲ့၊ အဲ့ဒီ့လူက မကောင်းတဲ့ရည်ရွယ်ချက်
ရှိပုံမပေါ် ဘူး။ ဘာဖြစ်မလဲစောင့်ကြည့်ရုံပဲ"
ရွှမ်ထျန်က ပြန်ဖြေတယ်။

ဒီအခိုက်မှာပဲ ကောင်းကင်ထဲမှာ
ပေါ့ပေါ့ပါးပါးရယ်သံတစ်ခုထွက်လာပြီး
လူတိုင်းရဲ့နားထဲကို ကြည်လင်ပြတ်သားစွာ
ဝင်ရောက်သွားတော့သည်။
နက်ရှိုင်းတဲ့ခပ်နိမ့်နိမ့်ရယ်သံက လောကဓံများကို
ကြုံတွေ့ခဲ့ရပုံပေါ် သည်။

" မင်းက ချန်မဟာမိတ်ခေါင်းဆောင်ရဲ့တပည့်၊
ဖန်းချီယောင်ပေါ့?"

ဖန်းချီယောင်က သူစကားစပြောမယ်လို့
မထင်ထားချေ။ ခဏလောက်ကြောင်နေပြီး
နောက်တွင် သတိထားမှုတစ်ခုက
သူ့နှလုံးသားထဲတွင်မြင့်တက်လာ၏
" ဒီကလူကြီးမင်းကဘယ်သူလဲ သိလို့ရမလား?"

" ငါဘယ်သူလဲဆိုတာအရေးမကြီးပါဘူး"

" စီနီယာမှာ ဆွေးနွေးဖို့အရေးကြီးကိစ္စများ
ရှိလို့လားဆိုတာ မေးလို့ရမလား?"
တစ်ဖက်လူက နတ်ဘုရားအဆင့်ကျင့်ကြံသူ
ဆိုတာကို ဖန်းချီယောင်ကအတည်ပြုပြီးပြီ
ဖြစ်ရာ စကားပြောတာပိုယဉ်ကျေးလာ၏။

" ဒါကအရေးကြီးကိစ္စမဟုတ်ပါဘူး။
မင်းရှစ်တိရဲ့မွေးနေ့ပွဲမှာ အသိတစ်ယောက်ကို
တွေ့မလို့ဆိုတာလာပြောပြရုံပါပဲ" ပြောပြီးနောက်တွင်
အရှိန်အဝါက ပြန်ရုတ်သွားတော့သည်။

"စီနီယာ!?" ဖန်းချီယောင်က အလျင်စလို
အော်ခေါ် လိုက်သည်။

" ခေါ် နေတာရပ်လိုက်တော့၊ သူထွက်သွားပြီ
ထင်တယ်" ရွှမ်ထျန်ကပြောလိုက်တယ်။

ဖန်းချီယောင်ကမျက်မှောင်ကြုံ့သွား၏။
" ရွှမ်ထျန်၊ သူပြောတာအမှန်လို့မင်းထင်လား?
သူ့အသိတစ်ယောက်က ရှောင်ရှစ်တိရဲ့မွေးနေ့ပွဲမှာ
တကယ်ပဲရှိနေမှာလား?"

" ငါလဲသိပ်မသေချာဘူး။ ဒါပေမယ့်
သူပြောတာအမှန်ဆိုရင် သူ့အသိဆိုတာက
ချန်မဟာမိတ်ကဖြစ်နိုင်တယ်။ အဲ့လိုမှမဟုတ်ရင်
မင်းကိုသတင်းပေးဖို့ အထူးလာနေစရာမလိုဘူး၊
နောက်ပြီး အဲ့ဒီ့လူကိုတွေ့ဖို့ပွဲလာတက်စရာ
မလိုဘူးလေ။ အခုလောလောဆယ်တော့
အတည်ပြုလို့မရသေးဘူး၊ ဒါပေမယ့်
မင်းဆရာကိုတော့ အသိပေးထားသင့်တယ်"

" ဒါမှန်တယ်လို့ထင်တယ်"

တစ်ဖက်တွင်၊ ဖြစ်စဉ်တစ်ခုလုံးကိုကြည့်နေခဲ့တဲ့
ယူရှောင်းမိုက လင်းရှောင်ဆီစကားတစ်လုံး
ပို့လိုက်တယ်- ဟန်ဆောင်ကောင်းချက်!

လင်းရှောင်လို့ခေါ် တဲ့ ဒီလူကို
သူနက်နက်နဲနဲကိုနားလည်တယ်။
စွမ်းရည်ပြည့်ဝပြီးကမ္ဘာကျော်တဲ့ဆရာကြီးလို
တမင်သက်သက်မှင်တက်အောင်
သရုပ်ဆောင်နေတာကိုမြင်တော့
ကြက်သီးတွေတောင်ထတယ်။

သို့ပေမယ့် မြု့ပြင်ဘက်တွင် လူအနည်းငယ်သာ
ရှိသည်မဟုတ်ဘဲ လူထောင်ပေါင်းများစွာ
ရှိနေသည်။ ဖန်းချီယောင်က တစ်ဖက်လူကို
'စီနီယာ' လို့ယဉ်ယဉ်ကျေးကျေးခေါ် တာကို
ကြားလိုက်ရချင်းချင်းမှာပဲ လူတိုင်းက
မှင်တက်သွားတော့သည်။

ဖန်းချီယောင်ကို လေးလေးစားစားပျူပျုငှာငှာနဲ့
စီနီယာလို့ ခေါ် အောင်လုပ်နိုင်သူက
နဲနဲလေးပဲရှိတယ်။ ဆန်းကြယ်တဲ့ပုဂ္ဂိုလ်က
ဒီလိုလုပ်နိုင်တယ်ဆိုတော့ သူကနတ်ဘုရား
အဆင့်ကျင့်ကြံသူများဖြစ်နေမလား?

ဒီစိတ်ကူးကထွက်ပေါ် လာတာနဲ့ လူတိုင်းက
ထိတ်လန့်သွား၏။

ဖန်းချီယောင်လိုပင်၊ ပိန်ယောင်မြို့မှာ
နတ်ဘုရားအဆင့်ကျင့်ကြံသူတစ်ဦးရှိနေမယ်လို့
သူတို့ထင်မထားပေ။ သို့သော် အချက်များက
ဒီဆန်းကြယ်တဲ့ပုဂ္ဂိုလ်က နတ်ဘုရားအဆင့်
ကျင့်ကြံသူဖြစ်ဖို့များတယ်လို့ ပြောနေသည်။

တစ်ရက်မကြာသေးခင်မှာပင်
သတင်းက ပိန်ယောင်မြို့တစ်ခုလုံးကို
လျှပ်စီးလိုအမြန်နှုန်းနဲ့ပျံ့သွားပြီး အပြင်ဘက်သို့
လျင်မြန်စွာပျံ့နှံ့သွားတော့သည်။
တောင်ပိုင်းတိုက်မကြီးရှိ အဓိကအင်အားစုများက
တစ်ယောက်ပြီးတစ်ယောက် သတင်းရလိုက်ကြပြီး
လူတော်တော်များများက တအံ့တဩဖြစ်သွားကြ
သည်။

သွေးစွေးနီကလန်ရဲ့ခေါင်းဆောင်ဟောင်းက
ဒါကိုသိရှိသွားတဲ့အခါ သူ့ခြေထောက်အောက်က
ကြမ်းပြင်ကို အရှိန်အဝါသက်သက်နှင့်ပင်
ခွဲခြေပစ်လိုက်၏။ သူ့ရဲ့တည်ငြိမ်တဲ့အမူအရာက
အံ့အားသင့်တာနဲ့အစားထိုးသွားပြီဖြစ်သည်။
သတင်းပို့သမားလေးက ခေါင်းဆောင်ဟောင်းရဲ့
ဒီလိုကြောက်ဖို့ကောင်းတဲ့အမူအရာကို
ပထမဆုံးမြင်ဖူးတာဖြစ်ကာ သူ့ဒူးများပင်
ခွေသွားတော့သည်။

"ဒီသတင်းကအမှန်ပဲလား?"
__________

Zawgyi
အပိုင္း၄၆၂- အမွန္ကိုအမွားႃခံုျခင္း

ေတာင္ပိုင္းတိုက္မႀကီးတြင္ ကြယ္ဝွက္ထားေသာ
အင္အားစုမ်ားစြာရိွသည္၊ သို႔ေသာ္
အမွန္တကယ္ႀကီးမားတဲ့အင္အားစုေတြက
ခ်န္မဟာမိတ္နဲ႔ ေသြးေစြးနီကလန္ျဖစ္သည္။

ဒီမိသားစုႀကီးႏွစ္ခုက ယေန့အခ်ိန္ထိ
ေအးေအးခ်မ္းခ်မ္းဖြံ႔ၿဖိဳးလာႏိုင္ခဲ့ျခင္းကို
နတ္ဘုရားအထက္အဆင့္က်င့္ႀကံသူ
တစ္ေယာက္စီရိွေနသည္ဟူေသာ အခ်က္မွ
ခဲြထုတ္၍မရေပ။ ဤအခ်က္ေၾကာင့္သာလ်ွင္
ယေန့အထိ စည္းခ်က္ကိုက္ကိုက္ေနလာႏိုင္
ခဲ့ျခင္းျဖစ္သည္၊ သို႔ေပမယ့္.....

ခ်န္မဟာမိတ္ျဖစ္တည္လာခဲ့တဲ့အခ်ိန္က
ေသြးေစြးနီကလန္ထက္ ပိုတိုေတာင္းၿပီး
သူတို႔ဖြံ႔ၿဖိဳးလာတာက အလြန္အမင္းလ်င္ျမန္ေလ
သည္။ ခ်န္မဟာမိတ္ရဲ့သူလ်ိႈေတြက
ေတာင္ပိုင္းတိုက္မႀကီးတစ္ခုလံုးမွာ
ျမန္ျမန္ဆန္ဆန္ပ်ံ႔ႏွံ႔လာရံုသာမက
အျခားနယ္ေျမမ်ားသို႔ပင္ ေရာက္ေနၿပီျဖစ္၏။
သူတို႔ရဲ့သတင္းကြန္ယက္မွာပဲျဖစ္ျဖစ္၊
စြမ္းအားႀကီးက်င့္ႀကံသူေတြမွာပဲျဖစ္ျဖစ္၊
ေသြးေစြးနီကလန္ကို ထိုနယ္ပယ္ႏွစ္ခုစလံုးတြင္
အနဲငယ္သာလြန္ေနေလသည္။

အဆိုတစ္ခုရိွသည္မဟုတ္လား၊
ေတာင္တစ္လံုးတြင္ က်ားႏွစ္ေကာင္မေနႏိုင္ေပ။

ေသြးေစြးနီကလန္က ခ်န္မဟာမိတ္ရဲ့လ်င္ျမန္တဲ့
ဖြံ႔ၿဖိဳးတိုးတက္မႈေၾကာင့္ အံ့အားသင့္ခဲ့ရသည္။
ထို႔ေၾကာင့္ သူတို႔ကအေပၚ ယံတြင္
ခင္မင္ေနေသာ္လည္း တိတ္တဆိတ္ျပင္ဆင္ေနၾကၿပီး
သတိတထားရိွေနၾက၏။ သို႔ေပမယ့္
ညီမ်ွမႈက ဘာလို႔အခုထက္ထိမပ်က္စီးေသး
တာလဲ?

ဘာလို႔လဲဆိုေတာ့ အခြင့္အေရးမရိွေသာေၾကာင့္ပင္။

အခုလက္ရိွမွာ၊ ႏွစ္ဖက္စလံုးတြင္
ေစာင့္ၾကၫ့္ေပးေနသၫ့္ စြမ္းအားႀကီးပုဂၢိုလ္
တစ္ေယာက္ရိွေန၏။ သူတို႔ေတြအမွန္တကယ္
တိုက္ခိုက္ၾကလ်ွင္ ႏွစ္ဖက္လံုးအထိနာမည္
ျဖစ္ၿပီး အျခားလူေတြအတြက္အခြင့္သာသြားမည္
ျဖစ္သည္။

သို႔ျဖစ္၍ ခ်န္မဟာမိတ္နဲ႔ဆက္ဆံေရးေကာင္းဖို႔
ရည္ရြယ္ခ်က္ရိွတဲ့ အျခားနတ္ဘုရားအဆင့္
ကၽြမ္းက်င္သူတစ္ေယာက္ေပၚ လာခဲ့ရင္
ေသြးေစြးနီကလန္ေခါင္းေဆာင္က
ေသခ်ာေပါက္မသက္မသာခံစားရမည္ျဖစ္ၿပီး
ကိုယ္တိုင္ကိုယ္က်ေရ႔ွထြက္လာမည္ျဖစ္သည္။

" ဒီနည္းကေကာင္းပါတယ္၊ ဒါေပမယ့္...."
ယူေရွာင္းမိုက လင္းေရွာင္ကိုကိုးယိုးကားယား
ၾကၫ့္လိုက္တယ္။ လင္းေရွာင္က
သူ႔က်င့္ႀကံဆင့္ကို လ်ိႈ႔ဝွက္ထားရမယ္လို႔
ေျပာထားတယ္။ သူ႔ရဲ့တကယ့္က်င့္ႀကံဆင့္နဲ႔
ပဲြတက္လိုက္မယ္ဆိုရင္ လူတိုင္းကို
ေျပာျပေနတာနဲ႔တူသြားမွာ။

" ငါတို႔ေတြ သတင္းအမွားလႊင့္လို႔ရႏိုင္တယ္"
ယူေရွာင္းမိုက လင္းေရွာင္ကိုလွမ္းၾကၫ့္လိုက္တာ
ျမင္ေတာ့ ယင္ေကာက သူ႔စိတ္ထဲမွာ
အနဲနဲ႔အမ်ားေတာ့ဝိုးတဝါးခန႔္မွန္းထားၿပီးသား
ျဖစ္ေလသည္။ သူကထိတ္လန႔္တုန္လႈပ္သြား
ေပမယ့္ ဘာမွမေျပာေပ။

က်န႔္ယီြရႊမ္းက တစ္ခဏမ်ွေတြးဆလိုက္သည္။
" သတင္းအမွားကို ဘယ္လိုလႊင့္သင့္လဲ?
ခ်န္မဟာမိတ္ရဲ့သတင္းကြန္ယက္နဲ႔ဆိုရင္
အမွန္ကိုအတည္ျပဳႏိုင္ဖို႔ေသခ်ာသေလာက္ပဲ"

ယင္ေကာက လင္းေရွာင္ကိုတစ္ခ်က္ၾကၫ့္
လိုက္တယ္ " အမွန္ကိုအမွားႃခံုလို႔ရတယ္"

ယူေရွာင္းမိုက အမွားကိုအမွန္ႃခံုတယ္ပဲ
ၾကားဖူးတယ္၊ ဒီလို' အမွန္ကိုအမွားႃခံုတယ္'
လို႔ေတာ့သူမၾကားဖူးေခ်။

လင္းေရွာင္က ခပ္သဲ့သဲ့ႃပံုးလိုက္တယ္
" မင္းစိတ္ကူးက ငါ့ကို'မ်က္ႏွာျပ' ခိုင္းၿပီး
'သတင္းအမွား' လႊင့္ဖို႔ နတ္ဘုရားအဆင့္က်င့္ႀကံသူ
သရုပ္ကိုသံုး၊ ဒါမွ
ခ်န္မဟာမိတ္ေရာ ေသြးေစြးနီကလန္ေရာက
ပဲြတက္ေရာက္မယ့္ဆန္းၾကယ္တဲ့နတ္ဘုရားအဆင့္
က်င့္ႀကံသူတစ္ေယာက္ရိွမယ္လို႔
ယံုမယ္ေပါ့၊ ဟုတ္တယ္မလား?"

ယင္ေကာကေခါင္းညိမ့္လိုက္သည္။

ဆန္းၾကယ္တဲ့ကၽြမ္းက်င္သူတစ္ဦး
အမွန္ပင္​ေပၚ လာဖူးတာေၾကာင့္
ဒီလိုပံုနဲ႔ဆိုရင္ အမွားအမွန္ခဲြျခားဖို႔
ခက္မည္ျဖစ္သည္။ သို႔ေပမယ့္ ဒီပုဂၢိုလ္က
ဖိတ္ၾကားျခင္းမခံရတာေၾကာင့္
သူ႔ရည္ရြယ္ခ်က္ကဘာလဲဆိုတာ ဘယ္သူမွ
သိေတာ့မည္မဟုတ္ေပ။

ထံုထ်န္းတိုက္မႀကီးတြင္ နတ္ဘုရားအဆင့္က်င့္ႀကံ
သူအနည္းငယ္မ်ွသာရိွသည္။ သူတို႔က
အလြန္အမင္းရွားပါးတာေၾကာင့္
နတ္ဘုရားအဆင့္က်င့္ႀကံသူတစ္ေယာက္
ေပၚ လာတိုင္း အာရံုစိုက္ခံရ၏။
သူကရည္မွန္းခ်က္ႀကီးသူတစ္ေယာက္ျဖစ္လ်ွင္
ႀကီးမားတဲ့ရိုက္ခတ္မႈေတျြဖစ္ေစႏိုင္ၿပီး
အျခားအင္အားစုေတြေပၚ မွာ
သက္​ေရာက္မႈျဖစ္ေစမည္ျဖစ္၏။

သူက အဖဲြ႔တစ္ခုခုနဲ႔သက္ဆိုင္ေနတာ၊
ဒါမွမဟုတ္ အင္အားစုတစ္ခုကိုဝင္ေရာက္လိုက္ရင္
အဲ့ဒီ့အင္အားစုက ခဏခ်င္းမွာပင္
ထံုထ်န္းတိုက္မႀကီးတြင္ ထိပ္သီးအင္အားစုျဖစ္လာႏိုင္ၿပီး
ထံုထ်န္းနန္းေတာ္ကိုပင္ ေက်ာ္သြားႏိုင္ေလာက္၏။
ထို႔ေၾကာင့္ နတ္ဘုရားအဆင့္က်င့္ႀကံသူတိုင္းကို
ေလးေလးနက္နက္ဆက္ဆံဖို႔လိုေလသည္။
________

ႏွစ္စဉ္ႏွစ္တိုင္းတြင္ ဒီလိုအေရးႀကီးတဲ့အခ်ိန္အတြင္း
သူတို႔လႊမ္းမိုးရာေနရာေတြမွာ
ရုတ္ရုတ္သဲသဲျဖစ္တာေတြကိုေရွာင္ၾကဉ္ဖို႔
အမိန႔္ထိန္းသိမ္းရန္ရည္ရြယ္ခ်က္ျဖင့္
ခ်န္မဟာမိတ္ကလူမ်ားေစလႊတ္တတ္သည္။
ဒါက ဒီဟာကိုအခြင့္ေကာင္းယူၿပီး ပဲြစီစဉ္မႈကို
သက္ေရာက္ေစႏိုင္တဲ့ ပရမ္းပတာအမ်ိဳးမ်ိဳး
ျဖစ္ေအာင္လုပ္မယ့္လူေတြကို တာဆီးဖို႔လဲ
ျဖစ္သည္။

ဒီႏွစ္မွာဘယ္သူ႔ကိုေစလႊတ္မလဲဆိုတာေတာ့
မသိရေသာ္ျငား ေရာက္လာမယ့္သူက
ခ်န္မဟာမိတ္ေခါင္းေဆာင္ရဲ့တပၫ့္ေတြထဲက
တစ္ေယာက္ျဖစ္သင့္သည္။ 'သူ႔မ်က္ႏွာကို'
အျခားသူေတြထက္စာရင္
ခ်န္မဟာမိတ္ေခါင္းေဆာင္ရဲ့တပၫ့္ေရ႔ွမွာ
'ျပ' တာက ပိုၿပီးအယံုသြင္းလို႔ေကာင္းသည္ေလ။

ယင္ေကာနဲ႔က်န႔္ယီြရြမ္းက ခ်န္မဟာမိတ္ကလူေတြ
ဒီေန့လည္မွာေရာက္မယ္ဆိုတာကို
အရင္ေန့ကသတင္းရထားသည္။
အဲ့အခ်ိန္က်ရင္ စုေဝးမယ့္လူအုပ္ႀကီးရိွမည္
ျဖစ္ၿပီး 'သူ႔မ်က္ႏွာကိုျပ' ၿပီး စကားနည္းနည္း
ေလာက္ေျပာဖို႔ လံုေလာက္သည္။

သတင္းအရ ခ်န္မဟာမိတ္မွလူမ်ားက
ငါးနာရီဝန္းက်င္တြင္ေရာက္မည္ျဖစ္ရာ
ယူေရွာင္းမိုနဲ႔က်န္သံုးေယာက္က
ငါးနာရီမတိုင္ခင္၌ ပိန္ေယာင္ၿမိဳ႔ေတာ္
အျပင္ဘက္တြင္ 'ႃခံုခိုတိုက္ခိုက္' ဖို႔
ျပင္လိုက္ၾကသည္။

ငါးနာရီမတိုင္ခင္တြင္ ၿမိဳ႔ျပင္ဘက္မွ
အုတ္ေအာ္ေသာင္းနင္းတစ္ခုျဖစ္လာ၏။
ဧရာမလိပ္စိမ္းႀကီးက တျဖည္းျဖည္းခ်ည္းကပ္လာ
ေနတာကို အေဝးမွေတြ့ႏိုင္သည္။
လိပ္ႀကီးက ရႈန္းေရွာင္ရဲ့လိပ္ထက္ႀကီးၿပီး
ပံုစံႏွင့္ အမႈထမ္းကလဲပိုမိုခမ္းနားႀကီးက်ယ္သည္ပင္။

" လိပ္စိမ္းႀကီးရဲ့ေခါင္းထိပ္မွာ လူတစ္ေယာက္
ရိွတယ္"

တိမ္ေတြကိုထိေတာ့မေယာင္ထင္ရတဲ့
လိပ္ႀကီးရဲ့ေခါင္းေပၚ မွာ မထင္မရွားပံုရိပ္တစ္ခုက
ခန႔္ထည္စြာရပ္ေန၏။ ပံုရိပ္က ေလထဲမွာ
ဝင့္ဝင့္ႂကြားႂကြားရပ္ေနကာ သူ႔ကိုယ္ကေန
ႃဖံုေလာက္စရာအရိွန္အဝါတစ္ခုကို
အေဝးကေနေတာင္ ခံစားမိေနသည္။

" မိုက္လိုက္တာ! ပိန္ေယာင္ၿမိဳ႔ကို
ခ်န္မဟာမိတ္ကလႊတ္လိုက္တဲ့သူက
တကယ္ပဲ ဖန္းခ်ီေယာင္ျဖစ္ေနမယ္လို႔
မထင္ခဲ့ဘူး"

လူရိပ္ကေရာက္ေတာင္ေရာက္မလာေသးေခ်၊
ေအာက္ကလူေတြကေတာ့ လိႈက္လိႈက္လွဲလွဲ
ျဖစ္ေနၾကၿပီျဖစ္၏။

"ဘုရားေရ၊ ငါ့ရဲ့အသည္းေလးလာေနၿပီ"

" အာ..... ဖန္းခ်ီေယာင္ကဘယ္သူလဲ?"
ေမးလိုက္တဲ့လူမွာ သူ႔ေဘးကလူတိုင္းရဲ့
အထင္ျမင္ေသးမႈကို ခ်က္ခ်င္းပဲရလိုက္ေတာ့သည္။

" ဒီလူကဘယ္ေခ်ာင္က ထြက္လာတာလဲဟ!?
ဖန္းခ်ီေယာင္ရဲ့နာမည္ကိုေတာင္မသိဘူး!
ဆဲြထုတ္ၿပီး ကြက္မ်က္လိုက္!"

" ဖန္းခ်ီေယာင္-တရန္က ခ်န္မဟာမိတ္ေခါင္းေဆာင္
ရဲ့ တတိယေျမာက္တပၫ့္ပဲ။ သူက
ထံုထ်န္းအဆင့္စာရင္းမွာ နံပါတ္ခုနစ္။
ဒီေလာက္မိုက္ၿပီး ေက်ာ္ၾကားတဲ့သူကို
မမွတ္မိတဲ့လူ တကယ္ပဲရိွတယ္ေပါ့?
ဘယ္သူလဲကြ!?"

" ဖန္းခ်ီေယာင္-တရန္ အေၾကာင္းေျပာရရင္
သူနဲ႔XXရဲ့ တိုက္ပဲြကိုေမ့လို႔မရဘူး........."

လူအုပ္ထဲမွာပုန္းေနခဲ့တဲ့ ယူေရွာင္းမိုက
ရွက္ေသြးျဖန္းသြားၿပီး ဖ်စ္ၫွစ္ထြက္လာလိုက္သည္။
ထိုေမးခြန္းေမးလိုက္တဲ့သူက သူျဖစ္ၿပီး
လူတိုင္းရဲ့တံု႔ျပန္မႈက အရမ္းတင္းမာေနမယ္လို႔
သူမထင္ခဲ့ေပ။ ဒီဖန္းခ်ီေယာင္က ဒီေလာက္
မိုက္တဲ့သူျဖစ္ေနမယ္လို႔သူမေမ်ွာ္လင့္ထားဘူး။
သူ႔အရိပ္ေလးျမင္ရဖို႔ လူတိုင္းကၿမိဳ႔ျပင္ဘက္
ေျပးထြက္လာတာ အံ့ဩစရာမရိွေတာ့ေခ်။
ဒီျမင္ကြင္းက ေခတ္သစ္ရဲ့ စတားေနာက္လိုက္ျခင္း
ေခတ္ေရစီးေၾကာင္းနဲ႔ယွဉ္ႏိုင္တယ္။

" ေနာက္တစ္ေခါက္က်၊ မင္းမွာေမးစရာရိွရင္
ငါ့ကိုေမးလို႔ရတယ္။ ခ်န္မဟာမိတ္ေခါင္းေဆာင္ရဲ့
တပၫ့္ေတြက ေက်ာ္ၾကားၿပီး ထူးခၽြန္တဲ့သူေတြ။
ဒါ့ေၾကာင့္ ေတာင္ပိုင္းတိုက္မႀကီးက
တိုက္ခိုက္သူေတြအမ်ားႀကီးက သူတို႔ကို
ႏွစ္သက္ၾကတယ္။ ဒီလူေတြကို မင္းမသိဘူးလို႔
ေျပာရင္ အၿမွောက္နဲ႔ဝိုင္းပစ္ၾကလိမ့္မယ္"
က်န႔္ယီြရႊမ္းက ယူေရွာင္းမိုရဲ့ပံုကိုၾကၫ့္လိုက္ရင္း
ႃပံုးလိုက္တယ္။

" ေနာက္က်ရင္ေစာေစာစီးစီးေျပာကြာ"
ယူေရွာင္းမိုက သူ႔ပုခံုးကိုပုတ္လိုက္သည္။

"ေကာင္းၿပီ....." က်န႔္ယီြရႊမ္းက ခပ္အုပ္အုပ္
ရယ္လိုက္ရင္းျပန္ေျဖလိုက္တယ္။

သူတို႔စကားေျပာေနစဉ္မွာ ဖန္းခ်ီေယာင္ရဲ့
လိပ္စိမ္းႀကီးကနီးကပ္ေနႏွင့္ၿပီးျဖစ္၏။
၄က သဲေျမကြက္လပ္တစ္ခုမွာရပ္နားလိုက္သည္။
လိပ္စိမ္းႀကီးရဲ့ဧရာမပါးစပ္ႀကီးက
'ဝူး ဝူး' ဟူ၍ ခပ္ေလးေလးပဲ့တင္ထပ္ေနတဲ့အသံ
တစ္ခုထြက္လာသည္။ နီးကပ္ေနတဲ့လူေတြက
အသံရဲ့ဒဏ္ကိုခံလိုက္ရၿပီး လူတိုင္းက
ေနာက္ျပန္ဆုတ္လိုက္ၾကေတာ့သည္။

ဖန္းခ်ီေယာင္က ေအာက္ကလူေတြကို
လိပ္ေခါင္းေပၚ ကေနငံု႔ၾကၫ့္လိုက္တယ္။
သူ႔သရုပ္နဲ႔ အဆင့္တန္းက ေအာက္ကလူေတြကို
အထင္ျမင္ေသးဖို႔လံုေလာက္ေနၿပီျဖစ္ေသာ္ျငား
သူက ေမာက္မာအထက္စီးဆန္တဲ့သေဘာထား
မျပေပ။ သူခုန္ခ်ေတာ့မယ့္အခ်ိန္မွာပဲ
ရင္းႏွီးတဲ့အသံတစ္သံက သူ႔စိတ္ထဲတြင္
ရုတ္တရက္ထြက္လာသည္။

" ေနဦး"

ဖန္းခ်ီေယာင္ရဲ့လႈပ္ရွားမႈက တန႔္သြားၿပီး
သူကသံသယျဖစ္စြာေမးလိုက္သည္
" ဘာျဖစ္လို႔လဲ?"

အသံက သူ႔အေမးကိုခ်က္ခ်င္းျပန္မေျဖေပ။
ငါးမိနစ္ၾကာၿပီးေနာက္မွ
" ဒီေနရာမွာ အရမ္းသန္မာတဲ့လူတစ္ေယာက္
ရိွေနတယ္၊ မင္းနဲ႔ငါထက္ပိုသန္မာတယ္"

ဖန္းခ်ီေယာင္အမူအရာက တည္ၿငိမ္သြား၏။
သူ႔က်င့္ႀကံဆင့္က ၾကယ္ခုနစ္ပြင့္
နတ္ေဒဝါအဆင့္က်င့္ႀကံသူတစ္ဦးျဖစ္သည္။
တစ္ဖက္လူရဲ့ခြန္အားက သူတို႔အထက္မွာဆိုရင္
နတ္ဘုရားအဆင့္တိုက္ခိုက္သူမ်ားလား?

ဒါကိုေတြးမိလိုက္တာနဲ႔ ဖန္းခ်ီေယာင္ရဲ့အမူအရာက
စိုးရိမ္ပံုေပၚ လာသည္။

ပိန္ေယာင္ၿမိဳ႔မွာ နတ္ဘုရားအဆင့္က်င့္ႀကံသူ
တစ္ေယာက္ရိွေနတာ ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ?
ဒီပုဂၢိုလ္က ပဲြတက္ဖို႔ျပင္ေနတာမ်ားလား?
ဒါေပမယ့္ ဆရာက နတ္ဘုရားအဆင့္က်င့္ႀကံသူ
နဲနဲေလးပဲဖိတ္ခဲ့တာပါ။ သူတို႔နာမည္ေတြအားလံုးလဲ
သူသိၿပီး သူတို႔ေတြပိန္ေယာင္ၿမိဳ႔မွာေပၚ လာဖို႔လဲ
မျဖစ္ႏိုင္ဘူး။ အခုမွအဆင့္တက္ထားတဲ့
နတ္ဘုရားအဆင့္က်င့္ႀကံသူမဟုတ္ဘူးဆိုရင္
ေပါ့.......

ဖန္းခ်ီေယာင္က ဒီအေတြးေပၚ လာတာနဲ႔
ခ်က္ခ်င္းပယ္ခ်လိုက္သည္။ အဆင့္တက္ကာစ
နတ္ဘုရားအဆင့္က်င့္ႀကံသူတစ္ေယာက္
ရိွေနမယ္ဆိုရင္ ခ်န္မဟာမိတ္က သတင္း
လြတ္သြားဖို႔မျဖစ္ႏိုင္ေပ။

" စိတ္မပူနဲ႔၊ အဲ့ဒီ့လူက မေကာင္းတဲ့ရည္ရြယ္ခ်က္
ရိွပံုမေပၚ ဘူး။ ဘာျဖစ္မလဲေစာင့္ၾကၫ့္ရံုပဲ"
ရႊမ္ထ်န္က ျပန္ေျဖတယ္။

ဒီအခိုက္မွာပဲ ေကာင္းကင္ထဲမွာ
ေပါ့ေပါ့ပါးပါးရယ္သံတစ္ခုထြက္လာၿပီး
လူတိုင္းရဲ့နားထဲကို ၾကည္လင္ျပတ္သားစြာ
ဝင္ေရာက္သြားေတာ့သည္။
နက္ရိႈင္းတဲ့ခပ္နိမ့္နိမ့္ရယ္သံက ေလာကဓံမ်ားကို
ႄကံုေတြ့ခဲ့ရပံုေပၚ သည္။

" မင္းက ခ်န္မဟာမိတ္ေခါင္းေဆာင္ရဲ့တပၫ့္၊
ဖန္းခ်ီေယာင္ေပါ့?"

ဖန္းခ်ီေယာင္က သူစကားစေျပာမယ္လို႔
မထင္ထားေခ်။ ခဏေလာက္ေၾကာင္ေနၿပီး
ေနာက္တြင္ သတိထားမႈတစ္ခုက
သူ႔ႏွလံုးသားထဲတြင္ျမင့္တက္လာ၏
" ဒီကလူႀကီးမင္းကဘယ္သူလဲ သိလို႔ရမလား?"

" ငါဘယ္သူလဲဆိုတာအေရးမႀကီးပါဘူး"

" စီနီယာမွာ ေဆြးေနြးဖို႔အေရးႀကီးကိစၥမ်ား
ရိွလို႔လားဆိုတာ ေမးလို႔ရမလား?"
တစ္ဖက္လူက နတ္ဘုရားအဆင့္က်င့္ႀကံသူ
ဆိုတာကို ဖန္းခ်ီေယာင္ကအတည္ျပဳျပီးၿပီ
ျဖစ္ရာ စကားေျပာတာပိုယဉ္ေက်းလာ၏။

" ဒါကအေရးႀကီးကိစၥမဟုတ္ပါဘူး။
မင္းရွစ္တိရဲ့ေမြးေန့ပဲြမွာ အသိတစ္ေယာက္ကို
ေတြ့မလို႔ဆိုတာလာေျပာျပရံုပါပဲ" ေျပာၿပီးေနာက္တြင္
အရိွန္အဝါက ျပန္ရုတ္သြားေတာ့သည္။

"စီနီယာ!?" ဖန္းခ်ီေယာင္က အလ်င္စလို
ေအာ္ေခၚ လိုက္သည္။

" ေခၚ ေနတာရပ္လိုက္ေတာ့၊ သူထြက္သြားၿပီ
ထင္တယ္" ရႊမ္ထ်န္ကေျပာလိုက္တယ္။

ဖန္းခ်ီေယာင္ကမ်က္ေမွာင္ႄကံု႔သြား၏။
" ရႊမ္ထ်န္၊ သူေျပာတာအမွန္လို႔မင္းထင္လား?
သူ႔အသိတစ္ေယာက္က ေရွာင္ရွစ္တိရဲ့ေမြးေန့ပဲြမွာ
တကယ္ပဲရိွေနမွာလား?"

" ငါလဲသိပ္မေသခ်ာဘူး။ ဒါေပမယ့္
သူေျပာတာအမွန္ဆိုရင္ သူ႔အသိဆိုတာက
ခ်န္မဟာမိတ္ကျဖစ္ႏိုင္တယ္။ အဲ့လိုမွမဟုတ္ရင္
မင္းကိုသတင္းေပးဖို႔ အထူးလာေနစရာမလိုဘူး၊
ေနာက္ၿပီး အဲ့ဒီ့လူကိုေတြ့ဖို႔ပဲြလာတက္စရာ
မလိုဘူးေလ။ အခုေလာေလာဆယ္ေတာ့
အတည္ျပဳလို႔မရေသးဘူး၊ ဒါေပမယ့္
မင္းဆရာကိုေတာ့ အသိေပးထားသင့္တယ္"

" ဒါမွန္တယ္လို႔ထင္တယ္"

တစ္ဖက္တြင္၊ ျဖစ္စဉ္တစ္ခုလံုးကိုၾကၫ့္ေနခဲ့တဲ့
ယူေရွာင္းမိုက လင္းေရွာင္ဆီစကားတစ္လံုး
ပို႔လိုက္တယ္- ဟန္ေဆာင္ေကာင္းခ်က္!

လင္းေရွာင္လို႔ေခၚ တဲ့ ဒီလူကို
သူနက္နက္နဲနဲကိုနားလည္တယ္။
စြမ္းရည္ျပၫ့္ဝၿပီးကမ႓ာေက်ာ္တဲ့ဆရာႀကီးလို
တမင္သက္သက္မွင္တက္ေအာင္
သရုပ္ေဆာင္ေနတာကိုျမင္ေတာ့
ၾကက္သီးေတြေတာင္ထတယ္။

သို႔ေပမယ့္ ျမဳ႕ျပင္ဘက္တြင္ လူအနည္းငယ္သာ
ရိွသည္မဟုတ္ဘဲ လူေထာင္ေပါင္းမ်ားစြာ
ရိွေနသည္။ ဖန္းခ်ီေယာင္က တစ္ဖက္လူကို
'စီနီယာ' လို႔ယဉ္ယဉ္ေက်းေက်းေခၚ တာကို
ၾကားလိုက္ရခ်င္းခ်င္းမွာပဲ လူတိုင္းက
မွင္တက္သြားေတာ့သည္။

ဖန္းခ်ီေယာင္ကို ေလးေလးစားစားပ်ူပ်ဳငွာငွာနဲ႔
စီနီယာလို႔ ေခၚ ေအာင္လုပ္ႏိုင္သူက
နဲနဲေလးပဲရိွတယ္။ ဆန္းၾကယ္တဲ့ပုဂၢိုလ္က
ဒီလိုလုပ္ႏိုင္တယ္ဆိုေတာ့ သူကနတ္ဘုရား
အဆင့္က်င့္ႀကံသူမ်ားျဖစ္ေနမလား?

ဒီစိတ္ကူးကထြက္ေပၚ လာတာနဲ႔ လူတိုင္းက
ထိတ္လန႔္သြား၏။

ဖန္းခ်ီေယာင္လိုပင္၊ ပိန္ေယာင္ၿမိဳ႔မွာ
နတ္ဘုရားအဆင့္က်င့္ႀကံသူတစ္ဦးရိွေနမယ္လို႔
သူတို႔ထင္မထားေပ။ သို႔ေသာ္ အခ်က္မ်ားက
ဒီဆန္းၾကယ္တဲ့ပုဂၢိုလ္က နတ္ဘုရားအဆင့္
က်င့္ႀကံသူျဖစ္ဖို႔မ်ားတယ္လို႔ ေျပာေနသည္။

တစ္ရက္မၾကာေသးခင္မွာပင္
သတင္းက ပိန္ေယာင္ၿမိဳ႔တစ္ခုလံုးကို
လ်ွပ္စီးလိုအျမန္ႏႈန္းနဲ႔ပ်ံ႔သြားၿပီး အျပင္ဘက္သို႔
လ်င္ျမန္စြာပ်ံ႔ႏွံ႔သြားေတာ့သည္။
ေတာင္ပိုင္းတိုက္မႀကီးရိွ အဓိကအင္အားစုမ်ားက
တစ္ေယာက္ၿပီးတစ္ေယာက္ သတင္းရလိုက္ၾကၿပီး
လူေတာ္ေတာ္မ်ားမ်ားက တအံ့တဩျဖစ္သြားၾက
သည္။

ေသြးေစြးနီကလန္ရဲ့ေခါင္းေဆာင္ေဟာင္းက
ဒါကိုသိရိွသြားတဲ့အခါ သူ႔ေျခေထာက္ေအာက္က
ၾကမ္းျပင္ကို အရိွန္အဝါသက္သက္ႏွင့္ပင္
ခဲြေျခပစ္လိုက္၏။ သူ႔ရဲ့တည္ၿငိမ္တဲ့အမူအရာက
အံ့အားသင့္တာနဲ႔အစားထိုးသြားၿပီျဖစ္သည္။
သတင္းပို႔သမားေလးက ေခါင္းေဆာင္ေဟာင္းရဲ့
ဒီလိုေၾကာက္ဖို႔ေကာင္းတဲ့အမူအရာကို
ပထမဆံုးျမင္ဖူးတာျဖစ္ကာ သူ႔ဒူးမ်ားပင္
ေခြသြားေတာ့သည္။

"ဒီသတင္းကအမွန္ပဲလား?"
__________












Continue Reading

You'll Also Like

133K 12K 200
ဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခု...
361K 53.4K 122
Myanmar Translation [ BL ] This is my third translation. I hope you enjoy it. Both unicode and zawgyi are available. Genres : Horror Love Stroy W...