Unicode
အပိုင်း၄၅၄- ပြည်နှင်ခံရခြင်း
မျိုးနွယ်စုခေါင်းဆောင်က သူ့ကိုတကယ်ပဲ
စတေးလိုက်မယ်လို့ လျောင်ယကမထင်ထားခဲ့ပေ။
ခေါင်းဆောင်မှာအလွန်သစ္စာမဲ့သောလူစားမျိုး
ဖြစ်တာကိုသိသော်လည်း သူကတော့
ချွင်းချက်တစ်ခုဖြစ်မယ်လို့ခံစားခဲ့ရသည်။
သို့ပေမယ့် သူ့ဘဝကမမျှော်လင့်စွာနဲ့
ဤပုံစံဖြင့်အဆုံးသတ်ခဲ့၏။
သူကခါးသီးနာကြည်းစွာဖြင့် မီးလျှံချီလင်၏
လောင်ကျွမ်းပြာချခြင်းခံလိုက်ရသည်။
နတ်ဒေဝါအဆင့်ရဲ့အထွတ်အထိပ်မှာရှိတဲ့
ကျင့်ကြံသူတစ်ယောက်ထွက်ပြေးချင်လျှင်
အဆင့်တူလူများစွာပေါင်းရင်တောင်မှ
တားဆီးနိုင်စွမ်းရှိမည်မဟုတ်ပေ။
သို့သော်လည်း လင်းရှောင်ကယခုကဲ့သို့သော
အခြေအနေအတွက် ပြင်ဆင်မှုများလုပ်ထားခဲ့သည်။
အရှေ့မှာ တစ်စုံတစ်ခုထူးဆန်းနေတာကို
ခံစားမိလိုက်တဲ့အခါ လင်းယုန်အိုကြီးက
အနောက်သို့မြန်မြန်ပြန်ဆုတ်လိုက်တော့သည်။
လင်းရှောင်က တွန့်ရှုံ့သွားတဲ့နေရာလပ်တစ်ခုဆီမှ
ထွက်လာပြီး လင်းယုန်အိုကြီးရဲ့အမူအရာကို
ဝမ်းမြောက်ပျော်ရွှင်နေသောမျက်နှာဖြင့်
ဇိမ်ပြေနပြေကြည့်လိုက်သည်။ ထိုအမူအရာမှာ
ယူရှောင်းမိုကိုကြည့်ခဲ့သည့်အတိုင်း
တစ်ထေရာတည်းဖြစ်၏။
" မင်းဘယ်ပြေးလို့ရမလဲကြည့်ကြတာပေါ့"
လင်းယုန်အိုကြီးရဲ့အမူအရာက
ကြောက်စရာကောင်းလောက်အောင်မှောင်မှိုင်း
နေသည်။ သူ့ကိုကမ္ဘာပေါ် တွင်နှိုင်းယှဉ်နိုင်သူမရှိ
ဟု ယူဆခဲ့သည်။ အခုတော့ သူက
ဘယ်ကမှန်းမသိပေါ် လာတဲ့လူငယ်ကြောင့်
အကြပ်အတည်းအတွင်းသို့ဖိအားပေးခံနေရသည်။
ဒီနေ့မတိုင်ခင်သာ တစ်ယောက်ယောက်က
ဒီလိုဖြစ်မှာလို့ပြောခဲ့ရင် အဲ့လူကိုသေချာပေါက်
သတ်မိမှာပဲ။
( ဒီနေ့မတိုင်ခင်ထိသူ့ကိုယ်သူပြိုင်ဖက်ကင်းတယ်
လို့ထင်ထားတာကြောင့် သူ့ကိုဒီလိုဖိအားပေးနိုင်သူ
ရှိတယ်လို့ပြောခဲ့ရင်သတ်ပစ်မိမှာကိုပြောတာပါ)
ဒီလူရဲ့အင်အားက အလွန်ကြီးလွန်းနေတယ်။
သူတို့နှစ်ယောက်စလုံးက အထွတ်အထိပ်အဆင့်
ကျင့်ကြံသူချင်းတူတူကိုတောင်မှ
သူ့မှာခုခံနိုင်တဲ့အားလုံးဝမရှိဘူး။
ချီလင်မျိုးနွယ်ကလူတိုင်းက တကယ်ကြီး
လွှမ်းမိုးလို့မရနိုင်တဲ့သူတွေကြည့်ပဲလား?
သို့သော်လည်း စွမ်းအားကြီးကျင့်ကြံသူတစ်ယောက်
ဖြစ်ခြင်းရဲ့ဂုဏ်သိက္ခာက
သူ့ကိုအရှုံးပေးဖို့ခွင့်မပြုပေ။ သူက
ပလ္လင်ပေါ် တွင်ထိုင်ပြီး တစ်ခြားလူတွေ
အရှုံးပေးတာကိုအသားကျနေပြီဖြစ်ရာ
သူ့အတွက်အသနားခံဖို့မဖြစ်နိုင်ချေ။
" ငါတို့ဘာလုပ်ကြမလဲ.. ညီလေး?"
မျက်လုံးတစ်ဖက်က ကိုယ့်ဘာကိုမတ်တပ်ရပ်
နိုင်ပြီဖြစ်သည်။ သို့သော် ဒဏ်ရာများက
အလွန်ပြင်းထန်တာကြောင့် သူ့ရဲ့လက်ရှိတိုက်ပွဲဝင်
စွမ်းအားမှာတစ်ဆယ်ရာခိုင်နှုန်းပင်မရှိချေ။
ဒီကိစ္စက ဒီလောက်ထိကြီးထွားသွားလိမ့်မယ်လို့
သူလဲထင်မထားခဲ့ပေ။
လင်းယုန်အိုကြီးကထေ့ငေါ့လိုက်ပြီး
သူ့မျက်လုံးထဲတွင် ရက်စက်သောအရိပ်ယောင်တစ်ခု
ဖြတ်ပြေးသွား၏ " ဘာလုပ်ရမလဲ?
အကိုကြီး..... မင်းရဲ့ညီလေးက မင်းကို
နှစ်ပေါင်းများစွာကာကွယ်ပေးခဲ့တယ်။
အခုတော့နည်းနည်းလောက်ပြန်ဆပ်သင့်ပြီ။
စိတ်ချပါ... မင်းသေပြီးသွားရင်
ညီလေးကသေချာပေါက်လက်စားချပေးမယ်။
အေးအေးချမ်းချမ်းအနားယူလိုက်တော့"
ပြောပြီးသည်နှင့်တစ်ပြိုင်နက် လင်းယုန်အိုကြီးက
မျက်လုံးတစ်ဖက်အမာရွတ်ရဲ့နောက်ကျောကို
လက်ဝါးနဲ့ရိုက်လိုက်သည်။ လေပြင်းတစ်ခုက
သူ့ကိုလင်းရှောင်ဆီ ရောက်သွားစေသည်။
သူကစွမ်းအားပြည့်ဖြစ်နေရင်တောင်မှ
လင်းရှောင်ကိုအနိုင်ရဖို့မဖြစ်နိုင်ရာ
လင်းယုန်အိုကြီးကသူ့ကိုသေလမ်းပို့လိုက်ခြင်း
ဖြစ်သည်၊ ထိုမှသာ လင်းရှောင်ကိုစက္ကန့်အနည်းငယ်
မျှတားဆီးနိုင်ပြီး သူကိုယ်တိုင်ကတော့
လွတ်မြောက်နိုင်မည်ဖြစ်သည်။
လင်းယုန်အိုကြီး၏နည်းလမ်းက လူများစွာရဲ့
နှလုံးသားကိုအေးစက်သွားစေ၏-
သူ့အကိုကြီးကိုစတေးနိုင်လောက်သည်အထိ
ရက်စက်ယုတ်မာသည်ကိုတွေးရရင်၊
ဒီလိုလူစားမျိုးက အလွန်အန္တရာယ်များသော
လူမျိုးဖြစ်သည်။
အမှန်တိုင်းပြောရရင် လင်းရှောင်က ဒီအခြေအနေကို
လဲ ထည့်တွက်ထားပြီးသားဖြစ်သည်။
သို့သော် တစ်ချက်ကတော့ သူမျှော်လင့်ထားသလို
မဟုတ်ခဲ့ပေ။ ၎င်းမှာ မျက်လုံးတစ်ဖက်အမာရွတ်ရဲ့
တုံ့ပြန်မှုပင်။
သူ့ညီငယ်လေးရဲ့တွန်းထုတ်တာခံလိုက်ရပြီး
သေလမ်းပို့ခံလိုက်ရပြီးနောက်တွင်
စိတ်တိုထိတ်လန့်သွားသင့်သည့်
မျက်လုံးတစ်ဖက်အမာရွတ်ကထိုသို့မဖြစ်သွားပေ။
သူ့နှလုံးသားထဲတွင် ကြိုသတိထားမိပြီးဖြစ်သော
ကြောင့်လဲ ဖြစ်နိုင်၏။ သူ့ညီလေးလွတ်သွားခဲ့ရင်
သူ့အတွက်လက်စားချေပေးနိုင်သေးသည်လေ။
ထို့ကြောင့် 'မင်းကိုလဲငါနဲ့ခေါ် သွားမယ်' ဆိုတဲ့
အမူအရာနဲ့ သူ့ညီလေးရဲ့လက်ဝါးကနေ
အရှိန်ယူလိုက်ပြီး
လင်းရှောင်ဆီပစ်ဝင်သွားတော့သည်။
ကျွမ်းကျင်သူများက သူတို့ကိုယ်တွင်းစွမ်းအင်ကို
ထိန်းချုပ်ပြီး ကိုယ့်ကိုကိုယ်ဖောက်ခွဲပစ်နိုင်ကြသည်။
ဖျက်စီးနိုင်စွမ်းမှာ သာမာန်တိုက်ခိုက်မှုများထက်
အများကြီးပို၏။ ဘယ်လိုပဲဖြစ်ဖြစ်
သူလဲခဏနေရင်သေရတော့မှာပဲလေ။
သို့ပေမယ့် သူ့မှာအခွင့်အရေးမရလိုက်ပေ။
သူဖောက်ခွဲလို့မရသေးခင်မှာ လင်းရှောင်က
မီးတောက်တစ်ခုပစ်လိုက်သည်။
မီးတောက်က မျက်လုံးတစ်ဖက်ရဲ့ကိုယ်ကို
ဖောက်ဝင်သွားပြီး သူ့ကိုယ်တွင်းရှိ
စွမ်းအင်သိုလှောင်ရာအခြေခံများကို
လောင်ကျွမ်းပစ်လိုက်၏။
ဖြစ်စဉ်တစ်ခုလုံးမှာ နှစ်စက္ကန့်သာကြာသော်လည်း
လင်းယုန်အိုကြီးက ထွက်ပြေးသွားနိုင်ခဲ့သည်။
လင်းရှောင်က ရွှေရောင်အခွင့်အရေးကြီးကို
လွတ်သွားခဲ့သည်။ အခြေအနေတစ်ချို့
ထည့်တွက်ပြီးနောက်တွင် သူ့နောက်လိုက်မသွား
တော့ချေ။
တိုက်ပွဲကြီးက လင်းယုန်အိိုကြီးရှုံးနိမ့်ပြီး
ထွက်ပြေးသွားရခြင်းဖြင့်ပြီးဆုံးသွားခဲ့သည်။
လင်းယုန်အိုကြီးက လင်းရှောင်ဗဟိုမြို့တော်မှာ
ရှိနေသရွေ့ တစ်ရက်လေးပင်ပေါ် လာရဲမည်
မဟုတ်သောကြောင့် လင်းယုန်အဖွဲ့မှာ
ပြိုကွဲသွားနိုင်ခြေရှိသည်။
အကာကွယ်ယူဖို့ပြေးသွားကြသည့်လူများမှာ
တစ်ယောက်ပြီးတစ်ယောက်ပြန်ရောက်လာကြ
တော့သည်။
ယနေ့အဖြစ်အပျက်များက အလွန်အမင်း
တုန်လှုပ်ဖွယ်ကောင်းသည်၊ သူတို့က
' လင်းယုန်အိုကြီးရှုံးနိမ့်သွားသည်' ဟူသော
အချက်ကို အခုထိမချေဖျက်နိုင်သေးပေ။
သူတို့ပြေးတာဝေးလွန်းသွားတာကြောင့်
လင်းယုန်အိုကြီးပြောတာကိုမကြားခဲ့ပေ၊
နောက်ပြီး လင်းရှောင်ကယူအန်းထိုက်ကို
အနိုင်တိုက်ခဲ့သူဖြစ်တာကိုလဲ မသိလိုက်ကြပေ။
အဲ့လိုမှမဟုတ်ရင် လင်းရှောင်က
နတ်ဘုရားဆယ်ပါးထဲကနှစ်ယောက်ကို
ရှေ့ဆင့်နောက်ဆင့် အနိုင်ရခဲ့တဲ့သတင်းက
ဂယက်ရိုက်သွားစေနိုင်လောက်သည်။
သူ့ခွန်အားနှင့်ဆိုလျှင် နတ်ဘုရားဆယ်ပါး၏
နံပါတ်တစ်နေရာကိုပင်မှန်းနိုင်လောက်၏။
သူတို့အုပ်စုက ရွှမ်းယွီဟိုတယ်သို့
ပြန်လာခဲ့ကြသည်။ လမ်းတွင် သူတို့မှာ
ပြခန်းပစ္စည်းများကဲ့သို့ဆက်ဆံခံရတော့သည်။
လူတွေက လင်းရှောင်ရဲ့ရုပ်ရည်အသွင်အပြင်ကို
ကိုယ့်မျက်စိနဲ့ကိုယ်မြင်နိုင်ဖို့
ဆက်တိုက်ရောက်လာနေကြသည်။
သူတို့တွေရွှမ်းယွီဟိုတယ်ကိုရောက်တဲ့အခါမှာတော့
လူအုပ်ကြီးကအပြင်မှာကျန်နေခဲ့ရတော့သည်။
၎င်းက အိုင်ဒေါနောက်လိုက်နေသည့်
ပရိသတ်များနှင့်ပင်ယှဉ်နိုင်၏။
ယူရှောင်းမိုက ရှဲ့ချုံးကို သူ့အခန်းဆီပြန်ပို့ပေးလိုက်
တယ်။ မြွေမကမရှိတော့သော်လည်း
ထိုအနံ့မှာ ကျန်နေဆဲဖြစ်သည်။ သူ့မျက်နှာ
ဘယ်လောက်ပဲထူထူ အခန်းထဲမှာနေဖို့
မဖြစ်နိုင်ပေ။
ယူရှောင်းမိုက ရှဲ့ချုံးကိုအခန်းထဲပစ်ထည့်လိုက်ပြီး
ကုသမှော်ဆေးလုံးတွေအများကြီးထပ်ပေးလိုက်
သည်။ ထို့နောက် ရှဲ့ချုံးကိုမနှစ်မြို့သည့်အကြည့်
တစ်ချက်ပေးလိုက်ပြီး ဘေးဘက်ရှိ
ရှောင်ဟိန်ရဲ့အခန်းထဲဝင်သွားလိုက်တော့သည်။
သူတို့ကလူများတာကြောင့်
အခန်းတစ်ခုထဲမှာ ကြပ်ညှပ်နေလို့မရပေ။
ထို့ကြောင့် ယူရှောင်းမိုကအခန်းလေးခန်း
တောင်းခဲ့သည်။ ဖီချုံးနှင့်သတ္တုစားသားရဲလေးက
တစ်ခန်းတည်းဖြစ်ပြီး ကျန်သူများက
ကိုယ့်အခန်းနှင့်ကိုယ်ဖြစ်သည်။ သူ့မှာ
စွမ်းအင်ကျောက်တုံးတော်တော်များများရှိတာ
ကံကောင်းတယ်။ သို့မဟုတ်ရင်
စရိတ်ကြီးကြီးမားမားဖြစ်နေမည်ဖြစ်သည်။
ယူရှောင်းမိုဝင်သွားသည့်အခါ ကျန်တဲ့သူတွေက
ရောက်နှင့်နေပြီဖြစ်သည်။
ခါတိုင်းဆိုရင် ပျော်ရွှင်မှုများဖြင့်ပြည့်နေတတ်သည့်
လေထုမှာ စိတ်ဓာတ်ကျနေသည့်အငွေ့အသက်
တစ်ခုရှိနေတယ်။
ရှောင်ဟိန်၊ မောင်ချုံး၊ ဖီချုံးနှင့်
သတ္တုစားသားရဲလေးတို့မှာ အပြစ်လုပ်ထားသည့်
ကလေးများနှင့်တူနေသည်။ သူတို့က
လင်းရှောင်ရှေ့တွင် ခါးမတ်ထားပြီး
အစဉ်လိုက်မတ်တပ်ရပ်နေကြကာ
အသက်ပင်ကျယ်ကျယ်မရှူရဲကြပေ။
ဤကိစ္စအတွက်တာဝန်မှာ ဖီချုံးနှင့်သတ္တုစား
သားရဲလေးပေါ် တွင် ရှိ၏။ သူတို့က
အပြင်ထွက်ဆော့ပြီး နတ်ဒေဝါအဆင့်
အထွတ်အထိပ်ကျင့်ကြံသူတစ်ယောက်စောင့်ကြည့်
ပေးနေသည့် လင်းယုန်အဖွဲ့ဝင်တစ်ယောက်ကို
ပြန်ခေါ် လာသည်။ မှီတယ်ဆိုရုံလေးပြန်ရောက်
လာခဲ့တဲ့လင်းရှောင်ကြောင့်သာမဟုတ်ရင်
အကျိုးဆက်များက တွေးကြည့်လို့တောင်
မရပေ။
မျက်လုံးတစ်ဖက်အမာရွတ်က ပဋိပက္ခကို
စခဲ့ခြင်းဖြစ်သော်လည်း ဒီနှစ်ကောင်က
တာဝန်ရှိတာကိုရှောင်လွှဲလို့မရဘူး။
ရှောင်ဟိန်နဲ့မောင်ချုံးကတော့
ဆက်နွယ်သားရဲဖြစ်နေတာတောင်
သူတို့သခင်ကိုကာကွယ်ပေးဖို့ ခွန်အားမရှိဘဲ
သခင်ကတောင် ပြန်ကာကွယ်ပေးနေရတယ်။
လင်းရှောင်စကားကိုသုံးမယ်ဆိုရင်-
မင်းတို့ကောင်တွေကနတ်ဆိုးသားရဲဖြစ်ဖို့
မျက်နှာရှိသေးတယ်ပေါ့?!
ဒီမြင်ကွင်းကိုမြင်ရမယ်ဆိုရင် ရှဲ့ချုံးက
သေချာပေါက်ပျော်ရွှင်နေမည်ဖြစ်သည်။
ထို့ကြောင့် ယခုမှာ သူတို့ကိုပြည်နှင်ရန်အချိန်
ဖြစ်၏။
" ပြောစမ်း၊ မင်းတို့ဘယ်လိုအပြစ်ပေးခံရသင့်လဲ?"
လင်းရှောင်က လက်ဖက်ရည်တစ်လုပ်သောက်လိုက်
ရင်း အစပျိုးလိုက်သည်။
သတ္တုစားသားရဲလေးက ခုန်ထွက်လာပြီး
လင်းရှောင်ခြေထောက်ကိုလှည့်ပတ်လိုက်သည်။
တိရစ္ဆာန်အော်သံမျိုးစုံက သူ့ပါးစပ်မှ
တစ်ခါတစ်ခါထွက်လာကာ အသံမှာ
လင်းရှောင်ကို ကပ်ဖားရပ်ဖားလုပ်ဖို့ကြိုးစားနေပုံပင်။
လင်းရှောင်ကခြေထောက်မြှောက်လိုက်ကာ
ကန်ထုတ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ပြောလိုက်၏
" မင်းရဲ့အကူညီက အမှားကိုလျော်ပေးဖို့
မလုံလောက်ဘူး"
သတ္တုစားသားရဲလေးက လက်အောက်လေးကို
လျက်လိုက်ကာ အရိပ်ကျတဲ့ထောင့်တွင်ထိုင်လိုက်
ရင်း စိတ်ဓာတ်ကျနေပုံပေါ် သည်။
သူ့ကိုမြင်လိုက်တော့ ယူရှောင်းမိုက
အဝတ်စုတ်လေးကိုမှတ်မိသွား၏။ လင်းရှောင်က
သားရဲတွေကို သင်ခန်းစာပေးနေတဲ့အချိန်ကို
အခွင့်ယူလိုက်ပြီး သတ္တုစားသားရဲလေးရှေ့မှာ
ဆောင့်ကြောင့်ထိုင်လိုက်သည်။
သူ့နားရွက်ကိုဆွဲဆိတ်လိုက်ကာ ယူရှောင်းမိုက
အချိုသတ်မေးလိုက်သည်
" သတ္တုလေးရေ.... ပြောပါဦး။
ငါစာကြောင်းသုံးကြောင်းလုံးကိုအမှားမရှိရွတ်တာ
တောင်မှ မင်းအသွင်ပြောင်းလိုက်တဲ့အဝတ်တွေက
ဘာလို့စုတ်ပြတ်နေတာတုန်း?"
သတ္တုစားသားရဲလေးရဲ့နားရွက်တွေက
တွန့်သွား၏၊ သူကလှည့်လိုက်ပြီး ယူရှောင်းမိုကို
ဖင်ပေးလိုက်သည်။
ယူရှောင်းမိုက ' မပြောချင်ဘူး' ဆိုတာ
နားလည်သွားပြီး အမြီးကနေဆွဲမလိုက်တော့သည်
" မပြောရင် လင်းရှောင်နဲ့တိုင်လိုက်မယ်"
သတ္တုစားသားရဲလေးက မျက်လုံးပြူးသွားတော့
သည်။ ခြိမ်းခြောက်မှုကအောင်မြင်သွား၏၊
" ကျီ ကျီ ကျီ~"
- ကျွန်တော်ကလုံလုံလောက်လောက်မသန်မာသေးဘဲ
ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာလဲ မသိလို့
စုတ်ပြဲနေတာ
ယူရှောင်းမို, " ...... လူလိုပြောလို့ရမယ့်နည်း
ရှိသေးလား?"
သတ္တုစားသားရဲလေးက ပြုံးဖြဲဖြဲလုပ်လိုက်သည်
" ဂါး ဂါး ဂါး~"
-ကျွန်တော်မပြောတတ်ဘူး!
ယူရှောင်းမို, "......"
ဒါကလူစကားလို့ ယူဆလို့ရလို့လား?
ဒါက ကျီးထိုးနေတဲ့အသံပဲဟာကို။ သူက
ကျီးကန်းမျိုးနွယ်နဲ့မဆိုင်တာနဲ့ပဲ အနိုင်ကျင့်လို့
ရမယ်မထင်နဲ့။ သားရဲနဲ့ဆက်သွယ်တာကို
နောက်ဆုံးတော့ သူလက်လျှော့လိုက်တော့သည်။
ဘာသာစကားအတားအဆီးက တကယ့်ပြဿနာ
ပဲ။
ယူရှောင်းမိုက လင်းရှောင်ဘေးပြန်သွားလိုက်သည်။
ရှောင်ဟိန်နှင့်ကျန်နှစ်ယောက်မှာ သူတို့မျက်နှာ
တစ်ခုလုံး သွေးများရဲနေသည်အထိ
သင်ခန်းစာပေးခံထားရ၏။ မခံမရပ်နိုင်လောက်
အောင်မာနကြီးသောရှောင်ဟိန်ပင်လျှင်
စိတ်ပျက်ညှိုးငယ်နေသောအမူအရာရှိနေသည်။
ဒီတစ်ခေါက်တွင် သူ့စိတ်ဒဏ်ရာကလဲ
အလွန်ကြီးသွားပုံရသည်။
ယူရှောင်းမိုက သူပြင်ဆင်ထားတဲ့ပစ္စည်းတွေကို
သတိရသွားတယ်။ နယ်မြေထဲကနေ
မှော်ဆေးပုလင်းခြောက်ခုထုတ်လိုက်ပြီး
စားပွဲပေါ် တင်လိုက်သည်၊ ဒီဟာတွေကို
သူတံခါးပိတ်မကျင့်ကြံခင်ကပြင်ဆင်
ထားခြင်းဖြစ်သည်။ နာမည်ခြောက်ခုကို
ပုလင်းအပြင်ဘက်မှကပ်ထားသည်။
ပုလင်းက ပုံမှန်ထက်ပိုကြီးပြီး
အဆင့်မတူသည့်မှော်ဆေးလုံးများပါဝင်၏။
ဆေးလုံးများမှာ ကျင့်ကြံခြင်းအခြေခံတိုးမြှင့်ရန်
နှင့် အခြေခံခိုင်မာအောင်လုပ်ရန်အတွက်ဖြစ်ကာ
အလေးချိန်မှာရွှေနှင့်ထိုက်တန်သည့်
အဆင့်မြင့်မှော်ဆေးလုံးများဖြစ်သည်။
" ဒီဆေးလုံးတွေက မင်းတို့ကောင်တွေဖို့။
မင်းတို့ရဲ့လက်ရှိကျင့်ကြံဆင့်ကိုအခြေခံပြီး
ဖော်စပ်ထားတာ။ ဒါပေမယ့် တစ်ခါတည်း
အကုန်စားမပစ်နဲ့။ ဒါတွေအားလုံးက
အဆင့်မြင့်ဆေးလုံးတွေဖြစ်ပြီး
သက်ရောက်မှုက အလယ်လတ်ဆင့်ဆေးလုံးတွေ
ထက် ပိုပြင်း......."
သူဆုံးအောင်တောင်မပြောရသေးခင်မှာ
ထောင့်မှာစိတ်ဓာတ်ကျနေခဲ့တဲ့သတ္တုစားသားရဲလေး
က စားပွဲပေါ် သို့လျင်မြန်စွာခုန်တက်လာပြီး
သူ့နာမည်ပါတဲ့ပုလင်းကို ကိုက်ပြီး
ဆင်းပြေးသွားတော့သည်။
ရှဲ့ချုံးနှင့် ကတ်ချုံးမှလွဲ၍ လေးယောက်စလုံးက
သူတို့ဝေစုကိုရပြီးမျက်လုံးများတောက်ပနေကြ
တော့သည်။
သူတို့သခင်သန့်စင်ထားတဲ့ဆေးလုံးတွေကို
ရဖူးထား ဒါပထမဆုံးမဟုတ်ပေ။ အရင်ကလဲ
သခင်က လူတိုင်းနယ်မြေထဲမှာရှိနေတဲ့အခါ
မှော်ဆေးလုံးအနည်းငယ်ဆုချတတ်သည်။
သို့သော်လည်း ထိုဆေးလုံးတွေရဲ့အဆင့်က
နိမ့်ပြီး သူတို့ကျင့်ကြံခြင်းပေါ် တွင်
ထင်ရှားသည့်အကျိုးသက်ရောက်မှု
မရှိခဲ့ပေ။
အခုတော့မတူတော့ဘူး။ သခင်က
အဆင့်တစ်ဆယ်မှော်ဆရာတစ်ယောက်ဖြစ်နေပြီ
ဖြစ်ကာ ဆေးလုံးသန့်စင်ခြင်းတွင်
ထိပ်တန်းအဆင့်ထဲဝင်နေပြီဖြစ်သည်။
" ရှောင်ဟိန်... ဒီပုလင်းကိုရှဲ့ချုံးဆီယူသွားပေး"
ယူရှောင်းမိုက ရှဲ့ချုံးနာမည်နဲ့ပုလင်းကို
ကောက်လိုက်ပြီး ရှောင်ဟိန်ဆီလှမ်းပစ်ပေးလိုက်
သည်။ အမှန်တွင်၊ သူကလန်ချုံးအတွက်လဲ
ပြင်ထားသည်၊ သို့ပေမယ့် သူကရှိမနေပေ။
နတ်ဆိုးဖီးနစ်မျိုးနွယ်ကတော့ မှော်ဆေးလုံး
ပြတ်နေတယ်ရယ်လို့ရှိမှာမဟုတ်တာကြောင့်
ငှက်ပေါက်လေးအတွက်တော့ပြင်မထားပေ။
ရှောင်ဟိန်ကပြန်မဖြေရသေးခင်တွင်
အမွှေးပွပွအဖြူရောင်ဖက်ထုပ်လုံးလေးတစ်ခုက
ယူရှောင်းမိုရင်ခွင်ထဲမှ ရုတ်တရက်ခုန်ထွက်လာ
သည်။ စားပွဲပေါ် ခုန်လိုက်ပြီးနောက်တွင်
နောက်ဆုံးပုလင်းကို ပါးစပ်နဲ့ကိုက်ချီလိုက်ပြီး
လာရာနေရာသို့ပြန်ဝင်သွားတော့၏။
၎င်းမှာ မြင့်မြတ်သူကြီးကတ်ချုံးပင်။
" မင်းတို့အားလုံးရပြီးပြီဆိုတော့ ထွက်ခွာလို့
ရပြီ" လင်းရှောင်ကအမိန့်ပေးလိုက်သည်။
အခန်းပိုင်ရှင် ရှောင်ဟိန်အပါအဝင်
ငါးယောက်စလုံးမှာချက်ချင်းပင်
ပြေးသွားကြတော့သည်။
ယူရှောင်းမိုကခေါင်းမော့လိုက်ကာ
" သူတို့ကိုဘယ်ပို့လိုက်တာလဲ?"
သတ္တုစားသားရဲလေးကလွဲရင် ရှောင်ဟိန်နဲ့
ကျန်သုံးယောက်အတွက်ထွက်ခွာဖို့ စီစဉ်ထား၏။
" အတွေ့အကြုံရဖို့ ကိုယ့်အဖေလူယုံရဲ့အဖွဲ့ဆိီ"
ပြောပြီးနောက် လင်းရှောင်ကမျက်လုံးမှေးလိုက်၏
" ခေါင်းစဉ်ပြောင်းဖို့မကြိုးစားနဲ့။
ဟိုပစ္စည်းကိုထုတ်လိုက်"
ယူရှောင်းမိုကပြုံးလိုက်သည်
" ဘာပစ္စည်းလဲ?"
လင်းရှောင်ကလဲပြုံးလိုက်၏။ ထိုအပြုံးမှာ
အန္တရာယ်ရှိသောရည်ရွယ်ချက်များ
သိုဝှက်ထားသည့်အပြုံးဖြစ်သည်။
ထို့နောက် ရုတ်တရက်ခေါင်းငုံ့လိုက်ပြီး
ယူရှောင်းမိုပါးစပ်ကိုကိုက်ချလိုက်တော့သည်။
" အ..."
__________
Zawgyi
အပိုင္း၄၅၄- ျပည္ႏွင္ခံရျခင္း
မ်ိဳးႏြယ္စုေခါင္းေဆာင္က သူ႔ကိုတကယ္ပဲ
စေတးလိုက္မယ္လို႔ ေလ်ာင္ယကမထင္ထားခဲ့ေပ။
ေခါင္းေဆာင္မွာအလြန္သစၥာမဲ့ေသာလူစားမ်ိဳး
ျဖစ္တာကိုသိေသာ္လည္း သူကေတာ့
ခၽြင္းခ်က္တစ္ခုျဖစ္မယ္လို႔ခံစားခဲ့ရသည္။
သို႔ေပမယ့္ သူ႔ဘဝကမေမ်ွာ္လင့္စြာနဲ႔
ဤပံုစံျဖင့္အဆံုးသတ္ခဲ့၏။
သူကခါးသီးနာၾကည္းစြာျဖင့္ မီးလ်ွံခ်ီလင္၏
ေလာင္ကၽြမ္းျပာခ်ျခင္းခံလိုက္ရသည္။
နတ္ေဒဝါအဆင့္ရဲ့အထြတ္အထိပ္မွာရိွတဲ့
က်င့္ႀကံသူတစ္ေယာက္ထြက္ေျပးခ်င္လ်ွင္
အဆင့္တူလူမ်ားစြာေပါင္းရင္ေတာင္မွ
တားဆီးႏိုင္စြမ္းရိွမည္မဟုတ္ေပ။
သို႔ေသာ္လည္း လင္းေရွာင္ကယခုကဲ့သို႔ေသာ
အေျခအေနအတြက္ ျပင္ဆင္မႈမ်ားလုပ္ထားခဲ့သည္။
အေရ႔ွမွာ တစ္စံုတစ္ခုထူးဆန္းေနတာကို
ခံစားမိလိုက္တဲ့အခါ လင္းယုန္အိုႀကီးက
အေနာက္သို႔ျမန္ျမန္ျပန္ဆုတ္လိုက္ေတာ့သည္။
လင္းေရွာင္က တြန႔္ရႈံ႔သြားတဲ့ေနရာလပ္တစ္ခုဆီမွ
ထြက္လာၿပီး လင္းယုန္အိုႀကီးရဲ့အမူအရာကို
ဝမ္းေျမာက္ေပ်ာ္ရႊင္ေနေသာမ်က္ႏွာျဖင့္
ဇိမ္ေျပနေျပၾကၫ့္လိုက္သည္။ ထိုအမူအရာမွာ
ယူေရွာင္းမိုကိုၾကၫ့္ခဲ့သၫ့္အတိုင္း
တစ္ေထရာတည္းျဖစ္၏။
" မင္းဘယ္ေျပးလို႔ရမလဲၾကၫ့္ၾကတာေပါ့"
လင္းယုန္အိုႀကီးရဲ့အမူအရာက
ေၾကာက္စရာေကာင္းေလာက္ေအာင္ေမွာင္မိႈင္း
ေနသည္။ သူ႔ကိုကမ႓ာေပၚ တြင္ႏိႈင္းယွဉ္ႏိုင္သူမရိွ
ဟု ယူဆခဲ့သည္။ အခုေတာ့ သူက
ဘယ္ကမွန္းမသိေပၚ လာတဲ့လူငယ္ေၾကာင့္
အၾကပ္အတည္းအတြင္းသို႔ဖိအားေပးခံေနရသည္။
ဒီေန့မတိုင္ခင္သာ တစ္ေယာက္ေယာက္က
ဒီလိုျဖစ္မွာလို႔ေျပာခဲ့ရင္ အဲ့လူကိုေသခ်ာေပါက္
သတ္မိမွာပဲ။
( ဒီေန့မတိုင္ခင္ထိသူ႔ကိုယ္သူၿပိဳင္ဖက္ကင္းတယ္
လို႔ထင္ထားတာေၾကာင့္ သူ႔ကိုဒီလိုဖိအားေပးႏိုင္သူ
ရိွတယ္လို႔ေျပာခဲ့ရင္သတ္ပစ္မိမွာကိုေျပာတာပါ)
ဒီလူရဲ့အင္အားက အလြန္ႀကီးလြန္းေနတယ္။
သူတို႔ႏွစ္ေယာက္စလံုးက အထြတ္အထိပ္အဆင့္
က်င့္ႀကံသူခ်င္းတူတူကိုေတာင္မွ
သူ႔မွာခုခံႏိုင္တဲ့အားလံုးဝမရိွဘူး။
ခ်ီလင္မ်ိဳးႏြယ္ကလူတိုင္းက တကယ္ႀကီး
လႊမ္းမိုးလို႔မရႏိုင္တဲ့သူေတြၾကၫ့္ပဲလား?
သို႔ေသာ္လည္း စြမ္းအားႀကီးက်င့္ႀကံသူတစ္ေယာက္
ျဖစ္ျခင္းရဲ့ဂုဏ္သိကၡာက
သူ႔ကိုအရႈံးေပးဖို႔ခြင့္မျပဳေပ။ သူက
ပလႅင္ေပၚ တြင္ထိုင္ၿပီး တစ္ျခားလူေတြ
အရႈံးေပးတာကိုအသားက်ေနၿပီျဖစ္ရာ
သူ႔အတြက္အသနားခံဖို႔မျဖစ္ႏိုင္ေခ်။
" ငါတို႔ဘာလုပ္ၾကမလဲ.. ညီေလး?"
မ်က္လံုးတစ္ဖက္က ကိုယ့္ဘာကိုမတ္တပ္ရပ္
ႏိုင္ၿပီျဖစ္သည္။ သို႔ေသာ္ ဒဏ္ရာမ်ားက
အလြန္ျပင္းထန္တာေၾကာင့္ သူ႔ရဲ့လက္ရိွတိုက္ပဲြဝင္
စြမ္းအားမွာတစ္ဆယ္ရာခိုင္ႏႈန္းပင္မရိွေခ်။
ဒီကိစၥက ဒီေလာက္ထိႀကီးထြားသြားလိမ့္မယ္လို႔
သူလဲထင္မထားခဲ့ေပ။
လင္းယုန္အိုႀကီးကေထ့ေငါ့လိုက္ၿပီး
သူ႔မ်က္လံုးထဲတြင္ ရက္စက္ေသာအရိပ္ေယာင္တစ္ခု
ျဖတ္ေျပးသြား၏ " ဘာလုပ္ရမလဲ?
အကိုႀကီး..... မင္းရဲ့ညီေလးက မင္းကို
ႏွစ္ေပါင္းမ်ားစြာကာကြယ္ေပးခဲ့တယ္။
အခုေတာ့နည္းနည္းေလာက္ျပန္ဆပ္သင့္ၿပီ။
စိတ္ခ်ပါ... မင္းေသၿပီးသြားရင္
ညီေလးကေသခ်ာေပါက္လက္စားခ်ေပးမယ္။
ေအးေအးခ်မ္းခ်မ္းအနားယူလိုက္ေတာ့"
ေျပာၿပီးသည္ႏွင့္တစ္ၿပိဳင္နက္ လင္းယုန္အိုႀကီးက
မ်က္လံုးတစ္ဖက္အမာရြတ္ရဲ့ေနာက္ေက်ာကို
လက္ဝါးနဲ႔ရိုက္လိုက္သည္။ ေလျပင္းတစ္ခုက
သူ႔ကိုလင္းေရွာင္ဆီ ေရာက္သြားေစသည္။
သူကစြမ္းအားျပၫ့္ျဖစ္ေနရင္ေတာင္မွ
လင္းေရွာင္ကိုအႏိုင္ရဖို႔မျဖစ္ႏိုင္ရာ
လင္းယုန္အိုႀကီးကသူ႔ကိုေသလမ္းပို႔လိုက္ျခင္း
ျဖစ္သည္၊ ထိုမွသာ လင္းေရွာင္ကိုစကၠန႔္အနည္းငယ္
မ်ွတားဆီးႏိုင္ၿပီး သူကိုယ္တိုင္ကေတာ့
လြတ္ေျမာက္ႏိုင္မည္ျဖစ္သည္။
လင္းယုန္အိုႀကီး၏နည္းလမ္းက လူမ်ားစြာရဲ့
ႏွလံုးသားကိုေအးစက္သြားေစ၏-
သူ႔အကိုႀကီးကိုစေတးႏိုင္ေလာက္သည္အထိ
ရက္စက္ယုတ္မာသည္ကိုေတြးရရင္၊
ဒီလိုလူစားမ်ိဳးက အလြန္အႏၲရာယ္မ်ားေသာ
လူမ်ိဳးျဖစ္သည္။
အမွန္တိုင္းေျပာရရင္ လင္းေရွာင္က ဒီအေျခအေနကို
လဲ ထၫ့္တြက္ထားၿပီးသားျဖစ္သည္။
သို႔ေသာ္ တစ္ခ်က္ကေတာ့ သူေမ်ွာ္လင့္ထားသလို
မဟုတ္ခဲ့ေပ။ ၄မွာ မ်က္လံုးတစ္ဖက္အမာရြတ္ရဲ့
တံု႔ျပန္မႈပင္။
သူ႔ညီငယ္ေလးရဲ့တြန္းထုတ္တာခံလိုက္ရၿပီး
ေသလမ္းပို႔ခံလိုက္ရၿပီးေနာက္တြင္
စိတ္တိုထိတ္လန႔္သြားသင့္သၫ့္
မ်က္လံုးတစ္ဖက္အမာရြတ္ကထိုသို႔မျဖစ္သြားေပ။
သူ႔ႏွလံုးသားထဲတြင္ ႀကိဳသတိထားမိၿပီးျဖစ္ေသာ
ေၾကာင့္လဲ ျဖစ္ႏိုင္၏။ သူ႔ညီေလးလြတ္သြားခဲ့ရင္
သူ႔အတြက္လက္စားေခ်ေပးႏိုင္ေသးသည္ေလ။
ထို႔ေၾကာင့္ 'မင္းကိုလဲငါနဲ႔ေခၚ သြားမယ္' ဆိုတဲ့
အမူအရာနဲ႔ သူ႔ညီေလးရဲ့လက္ဝါးကေန
အရိွန္ယူလိုက္ၿပီး
လင္းေရွာင္ဆီပစ္ဝင္သြားေတာ့သည္။
ကၽြမ္းက်င္သူမ်ားက သူတို႔ကိုယ္တြင္းစြမ္းအင္ကို
ထိန္းခ်ဳပ္ၿပီး ကိုယ့္ကိုကိုယ္ေဖာက္ခဲြပစ္ႏိုင္ၾကသည္။
ဖ်က္စီးႏိုင္စြမ္းမွာ သာမာန္တိုက္ခိုက္မႈမ်ားထက္
အမ်ားႀကီးပို၏။ ဘယ္လိုပဲျဖစ္ျဖစ္
သူလဲခဏေနရင္ေသရေတာ့မွာပဲေလ။
သို႔ေပမယ့္ သူ႔မွာအခြင့္အေရးမရလိုက္ေပ။
သူေဖာက္ခဲြလို႔မရေသးခင္မွာ လင္းေရွာင္က
မီးေတာက္တစ္ခုပစ္လိုက္သည္။
မီးေတာက္က မ်က္လံုးတစ္ဖက္ရဲ့ကိုယ္ကို
ေဖာက္ဝင္သြားၿပီး သူ႔ကိုယ္တြင္းရိွ
စြမ္းအင္သိုေလွာင္ရာအေျခခံမ်ားကို
ေလာင္ကၽြမ္းပစ္လိုက္၏။
ျဖစ္စဉ္တစ္ခုလံုးမွာ ႏွစ္စကၠန႔္သာၾကာေသာ္လည္း
လင္းယုန္အိုႀကီးက ထြက္ေျပးသြားႏိုင္ခဲ့သည္။
လင္းေရွာင္က ေရႊေရာင္အခြင့္အေရးႀကီးကို
လြတ္သြားခဲ့သည္။ အေျခအေနတစ္ခ်ိဳ႕
ထၫ့္တြက္ၿပီးေနာက္တြင္ သူ႔ေနာက္လိုက္မသြား
ေတာ့ေခ်။
တိုက္ပဲြႀကီးက လင္းယုန္အိုႀကီးရႈံးနိမ့္ၿပီး
ထြက္ေျပးသြားရျခင္းျဖင့္ၿပီးဆံုးသြားခဲ့သည္။
လင္းယုန္အိုႀကီးက လင္းေရွာင္ဗဟိုၿမိဳ႔ေတာ္မွာ
ရိွေနသေရြ့ တစ္ရက္ေလးပင္ေပၚ လာရဲမည္
မဟုတ္ေသာေၾကာင့္ လင္းယုန္အဖဲြ႔မွာ
ၿပိဳကဲြသြားႏိုင္ေျခရိွသည္။
အကာကြယ္ယူဖို႔ေျပးသြားၾကသၫ့္လူမ်ားမွာ
တစ္ေယာက္ၿပီးတစ္ေယာက္ျပန္ေရာက္လာၾက
ေတာ့သည္။
ယေန့အျဖစ္အပ်က္မ်ားက အလြန္အမင္း
တုန္လႈပ္ဖြယ္ေကာင္းသည္၊ သူတို႔က
' လင္းယုန္အိုႀကီးရႈံးနိမ့္သြားသည္' ဟူေသာ
အခ်က္ကို အခုထိမေခ်ဖ်က္ႏိုင္ေသးေပ။
သူတို႔ေျပးတာေဝးလြန္းသြားတာေၾကာင့္
လင္းယုန္အိုႀကီးေျပာတာကိုမၾကားခဲ့ေပ၊
ေနာက္ၿပီး လင္းေရွာင္ကယူအန္းထိုက္ကို
အႏိုင္တိုက္ခဲ့သူျဖစ္တာကိုလဲ မသိလိုက္ၾကေပ။
အဲ့လိုမွမဟုတ္ရင္ လင္းေရွာင္က
နတ္ဘုရားဆယ္ပါးထဲကႏွစ္ေယာက္ကို
ေရ႔ွဆင့္ေနာက္ဆင့္ အႏိုင္ရခဲ့တဲ့သတင္းက
ဂယက္ရိုက္သြားေစႏိုင္ေလာက္သည္။
သူ႔ခြန္အားႏွင့္ဆိုလ်ွင္ နတ္ဘုရားဆယ္ပါး၏
နံပါတ္တစ္ေနရာကိုပင္မွန္းႏိုင္ေလာက္၏။
သူတို႔အုပ္စုက ရႊမ္းယီြဟိုတယ္သို႔
ျပန္လာခဲ့ၾကသည္။ လမ္းတြင္ သူတို႔မွာ
ျပခန္းပစၥည္းမ်ားကဲ့သို႔ဆက္ဆံခံရေတာ့သည္။
လူေတြက လင္းေရွာင္ရဲ့ရုပ္ရည္အသြင္အျပင္ကို
ကိုယ့္မ်က္စိနဲ႔ကိုယ္ျမင္ႏိုင္ဖို႔
ဆက္တိုက္ေရာက္လာေနၾကသည္။
သူတို႔ေတြရႊမ္းယီြဟိုတယ္ကိုေရာက္တဲ့အခါမွာေတာ့
လူအုပ္ႀကီးကအျပင္မွာက်န္ေနခဲ့ရေတာ့သည္။
၄က အိုင္ေဒါေနာက္လိုက္ေနသၫ့္
ပရိသတ္မ်ားႏွင့္ပင္ယွဉ္ႏိုင္၏။
ယူေရွာင္းမိုက ရွဲ႔ခ်ဳံးကို သူ႔အခန္းဆီျပန္ပို႔ေပးလိုက္
တယ္။ ႁမြေမကမရိွေတာ့ေသာ္လည္း
ထိုအနံ႔မွာ က်န္ေနဆဲျဖစ္သည္။ သူ႔မ်က္ႏွာ
ဘယ္ေလာက္ပဲထူထူ အခန္းထဲမွာေနဖို႔
မျဖစ္ႏိုင္ေပ။
ယူေရွာင္းမိုက ရွဲ႔ခ်ဳံးကိုအခန္းထဲပစ္ထၫ့္လိုက္ၿပီး
ကုသေမွာ္ေဆးလံုးေတြအမ်ားႀကီးထပ္ေပးလိုက္
သည္။ ထို႔ေနာက္ ရွဲ႔ခ်ဳံးကိုမႏွစ္ၿမိဳ႔သၫ့္အၾကၫ့္
တစ္ခ်က္ေပးလိုက္ၿပီး ေဘးဘက္ရိွ
ေရွာင္ဟိန္ရဲ့အခန္းထဲဝင္သြားလိုက္ေတာ့သည္။
သူတို႔ကလူမ်ားတာေၾကာင့္
အခန္းတစ္ခုထဲမွာ ၾကပ္ၫွပ္ေနလို႔မရေပ။
ထို႔ေၾကာင့္ ယူေရွာင္းမိုကအခန္းေလးခန္း
ေတာင္းခဲ့သည္။ ဖီခ်ဳံးႏွင့္သတၲုစားသားရဲေလးက
တစ္ခန္းတည္းျဖစ္ၿပီး က်န္သူမ်ားက
ကိုယ့္အခန္းႏွင့္ကိုယ္ျဖစ္သည္။ သူ႔မွာ
စြမ္းအင္ေက်ာက္တံုးေတာ္ေတာ္မ်ားမ်ားရိွတာ
ကံေကာင္းတယ္။ သို႔မဟုတ္ရင္
စရိတ္ႀကီးႀကီးမားမားျဖစ္ေနမည္ျဖစ္သည္။
ယူေရွာင္းမိုဝင္သြားသၫ့္အခါ က်န္တဲ့သူေတြက
ေရာက္ႏွင့္ေနၿပီျဖစ္သည္။
ခါတိုင္းဆိုရင္ ေပ်ာ္ရႊင္မႈမ်ားျဖင့္ျပၫ့္ေနတတ္သၫ့္
ေလထုမွာ စိတ္ဓာတ္က်ေနသၫ့္အေငြ့အသက္
တစ္ခုရိွေနတယ္။
ေရွာင္ဟိန္၊ ေမာင္ခ်ဳံး၊ ဖီခ်ဳံးႏွင့္
သတၲုစားသားရဲေလးတို႔မွာ အျပစ္လုပ္ထားသၫ့္
ကေလးမ်ားႏွင့္တူေနသည္။ သူတို႔က
လင္းေရွာင္ေရ႔ွတြင္ ခါးမတ္ထားၿပီး
အစဉ္လိုက္မတ္တပ္ရပ္ေနၾကကာ
အသက္ပင္က်ယ္က်ယ္မရႉရဲၾကေပ။
ဤကိစၥအတြက္တာဝန္မွာ ဖီခ်ဳံးႏွင့္သတၲုစား
သားရဲေလးေပၚ တြင္ ရိွ၏။ သူတို႔က
အျပင္ထြက္ေဆာ့ၿပီး နတ္ေဒဝါအဆင့္
အထြတ္အထိပ္က်င့္ႀကံသူတစ္ေယာက္ေစာင့္ၾကၫ့္
ေပးေနသၫ့္ လင္းယုန္အဖဲြ႔ဝင္တစ္ေယာက္ကို
ျပန္ေခၚ လာသည္။ မွီတယ္ဆိုရံုေလးျပန္ေရာက္
လာခဲ့တဲ့လင္းေရွာင္ေၾကာင့္သာမဟုတ္ရင္
အက်ိဳးဆက္မ်ားက ေတြးၾကၫ့္လို႔ေတာင္
မရေပ။
မ်က္လံုးတစ္ဖက္အမာရြတ္က ပဋိပကၡကို
စခဲ့ျခင္းျဖစ္ေသာ္လည္း ဒီႏွစ္ေကာင္က
တာဝန္ရိွတာကိုေရွာင္လႊဲလို႔မရဘူး။
ေရွာင္ဟိန္နဲ႔ေမာင္ခ်ဳံးကေတာ့
ဆက္ႏြယ္သားရဲျဖစ္ေနတာေတာင္
သူတို႔သခင္ကိုကာကြယ္ေပးဖို႔ ခြန္အားမရိွဘဲ
သခင္ကေတာင္ ျပန္ကာကြယ္ေပးေနရတယ္။
လင္းေရွာင္စကားကိုသံုးမယ္ဆိုရင္-
မင္းတို႔ေကာင္ေတြကနတ္ဆိုးသားရဲျဖစ္ဖို႔
မ်က္ႏွာရိွေသးတယ္ေပါ့?!
ဒီျမင္ကြင္းကိုျမင္ရမယ္ဆိုရင္ ရွဲ႔ခ်ဳံးက
ေသခ်ာေပါက္ေပ်ာ္ရႊင္ေနမည္ျဖစ္သည္။
ထို႔ေၾကာင့္ ယခုမွာ သူတို႔ကိုျပည္ႏွင္ရန္အခ်ိန္
ျဖစ္၏။
" ေျပာစမ္း၊ မင္းတို႔ဘယ္လိုအျပစ္ေပးခံရသင့္လဲ?"
လင္းေရွာင္က လက္ဖက္ရည္တစ္လုပ္ေသာက္လိုက္
ရင္း အစပ်ိဳးလိုက္သည္။
သတၲုစားသားရဲေလးက ခုန္ထြက္လာၿပီး
လင္းေရွာင္ေျခေထာက္ကိုလွၫ့္ပတ္လိုက္သည္။
တိရစၧာန္ေအာ္သံမ်ိဳးစံုက သူ႔ပါးစပ္မွ
တစ္ခါတစ္ခါထြက္လာကာ အသံမွာ
လင္းေရွာင္ကို ကပ္ဖားရပ္ဖားလုပ္ဖို႔ႀကိဳးစားေနပံုပင္။
လင္းေရွာင္ကေျခေထာက္ၿမွောက္လိုက္ကာ
ကန္ထုတ္လိုက္ၿပီး တည္တည္ၿငိမ္ၿငိမ္ေျပာလိုက္၏
" မင္းရဲ့အကူညီက အမွားကိုေလ်ာ္ေပးဖို႔
မလံုေလာက္ဘူး"
သတၲုစားသားရဲေလးက လက္ေအာက္ေလးကို
လ်က္လိုက္ကာ အရိပ္က်တဲ့ေထာင့္တြင္ထိုင္လိုက္
ရင္း စိတ္ဓာတ္က်ေနပံုေပၚ သည္။
သူ႔ကိုျမင္လိုက္ေတာ့ ယူေရွာင္းမိုက
အဝတ္စုတ္ေလးကိုမွတ္မိသြား၏။ လင္းေရွာင္က
သားရဲေတြကို သင္ခန္းစာေပးေနတဲ့အခ်ိန္ကို
အခြင့္ယူလိုက္ၿပီး သတၲုစားသားရဲေလးေရ႔ွမွာ
ေဆာင့္ေၾကာင့္ထိုင္လိုက္သည္။
သူ႔နားရြက္ကိုဆဲြဆိတ္လိုက္ကာ ယူေရွာင္းမိုက
အခ်ိဳသတ္ေမးလိုက္သည္
" သတၲုေလးေရ.... ေျပာပါဦး။
ငါစာေၾကာင္းသံုးေၾကာင္းလံုးကိုအမွားမရိွရြတ္တာ
ေတာင္မွ မင္းအသြင္ေျပာင္းလိုက္တဲ့အဝတ္ေတြက
ဘာလို႔စုတ္ျပတ္ေနတာတုန္း?"
သတၲုစားသားရဲေလးရဲ့နားရြက္ေတြက
တြန႔္သြား၏၊ သူကလွၫ့္လိုက္ၿပီး ယူေရွာင္းမိုကို
ဖင္ေပးလိုက္သည္။
ယူေရွာင္းမိုက ' မေျပာခ်င္ဘူး' ဆိုတာ
နားလည္သြားၿပီး အၿမီးကေနဆဲြမလိုက္ေတာ့သည္
" မေျပာရင္ လင္းေရွာင္နဲ႔တိုင္လိုက္မယ္"
သတၲုစားသားရဲေလးက မ်က္လံုးျပဴးသြားေတာ့
သည္။ ၿခိမ္းေျခာက္မႈကေအာင္ျမင္သြား၏၊
" က်ီ က်ီ က်ီ~"
- ကၽြန္ေတာ္ကလံုလံုေလာက္ေလာက္မသန္မာေသးဘဲ
ဘယ္လိုထိန္းခ်ဳပ္ရမယ္ဆိုတာလဲ မသိလို႔
စုတ္ၿပဲေနတာ
ယူေရွာင္းမို, " ...... လူလိုေျပာလို႔ရမယ့္နည္း
ရိွေသးလား?"
သတၲုစားသားရဲေလးက ႃပံုးၿဖဲျဖဲလုပ္လိုက္သည္
" ဂါး ဂါး ဂါး~"
-ကၽြန္ေတာ္မေျပာတတ္ဘူး!
ယူေရွာင္းမို, "......"
ဒါကလူစကားလို႔ ယူဆလို႔ရလို႔လား?
ဒါက က်ီးထိုးေနတဲ့အသံပဲဟာကို။ သူက
က်ီးကန္းမ်ိဳးႏြယ္နဲ႔မဆိုင္တာနဲ႔ပဲ အႏိုင္က်င့္လို႔
ရမယ္မထင္နဲ႔။ သားရဲနဲ႔ဆက္သြယ္တာကို
ေနာက္ဆံုးေတာ့ သူလက္ေလ်ွာ့လိုက္ေတာ့သည္။
ဘာသာစကားအတားအဆီးက တကယ့္ျပႆနာ
ပဲ။
ယူေရွာင္းမိုက လင္းေရွာင္ေဘးျပန္သြားလိုက္သည္။
ေရွာင္ဟိန္ႏွင့္က်န္ႏွစ္ေယာက္မွာ သူတို႔မ်က္ႏွာ
တစ္ခုလံုး ေသြးမ်ားရဲေနသည္အထိ
သင္ခန္းစာေပးခံထားရ၏။ မခံမရပ္ႏိုင္ေလာက္
ေအာင္မာနႀကီးေသာေရွာင္ဟိန္ပင္လ်ွင္
စိတ္ပ်က္ၫွိုးငယ္ေနေသာအမူအရာရိွေနသည္။
ဒီတစ္ေခါက္တြင္ သူ႔စိတ္ဒဏ္ရာကလဲ
အလြန္ႀကီးသြားပံုရသည္။
ယူေရွာင္းမိုက သူျပင္ဆင္ထားတဲ့ပစၥည္းေတြကို
သတိရသြားတယ္။ နယ္ေျမထဲကေန
ေမွာ္ေဆးပုလင္းေျခာက္ခုထုတ္လိုက္ၿပီး
စားပဲြေပၚ တင္လိုက္သည္၊ ဒီဟာေတြကို
သူတံခါးပိတ္မက်င့္ႀကံခင္ကျပင္ဆင္
ထားျခင္းျဖစ္သည္။ နာမည္ေျခာက္ခုကို
ပုလင္းအျပင္ဘက္မွကပ္ထားသည္။
ပုလင္းက ပံုမွန္ထက္ပိုႀကီးၿပီး
အဆင့္မတူသၫ့္ေမွာ္ေဆးလံုးမ်ားပါဝင္၏။
ေဆးလံုးမ်ားမွာ က်င့္ႀကံျခင္းအေျခခံတိုးၿမွင့္ရန္
ႏွင့္ အေျခခံခိုင္မာေအာင္လုပ္ရန္အတြက္ျဖစ္ကာ
အေလးခ်ိန္မွာေရႊႏွင့္ထိုက္တန္သၫ့္
အဆင့္ျမင့္ေမွာ္ေဆးလံုးမ်ားျဖစ္သည္။
" ဒီေဆးလံုးေတြက မင္းတို႔ေကာင္ေတြဖို႔။
မင္းတို႔ရဲ့လက္ရိွက်င့္ႀကံဆင့္ကိုအေျခခံၿပီး
ေဖာ္စပ္ထားတာ။ ဒါေပမယ့္ တစ္ခါတည္း
အကုန္စားမပစ္နဲ႔။ ဒါေတြအားလံုးက
အဆင့္ျမင့္ေဆးလံုးေတျြဖစ္ၿပီး
သက္ေရာက္မႈက အလယ္လတ္ဆင့္ေဆးလံုးေတြ
ထက္ ပိုျပင္း......."
သူဆံုးေအာင္ေတာင္မေျပာရေသးခင္မွာ
ေထာင့္မွာစိတ္ဓာတ္က်ေနခဲ့တဲ့သတၲုစားသားရဲေလး
က စားပဲြေပၚ သို႔လ်င္ျမန္စြာခုန္တက္လာၿပီး
သူ႔နာမည္ပါတဲ့ပုလင္းကို ကိုက္ၿပီး
ဆင္းေျပးသြားေတာ့သည္။
ရွဲ႔ခ်ဳံးႏွင့္ ကတ္ခ်ဳံးမွလဲြ၍ ေလးေယာက္စလံုးက
သူတို႔ေဝစုကိုရၿပီးမ်က္လံုးမ်ားေတာက္ပေနၾက
ေတာ့သည္။
သူတို႔သခင္သန႔္စင္ထားတဲ့ေဆးလံုးေတြကို
ရဖူးထား ဒါပထမဆံုးမဟုတ္ေပ။ အရင္ကလဲ
သခင္က လူတိုင္းနယ္ေျမထဲမွာရိွေနတဲ့အခါ
ေမွာ္ေဆးလံုးအနည္းငယ္ဆုခ်တတ္သည္။
သို႔ေသာ္လည္း ထိုေဆးလံုးေတြရဲ့အဆင့္က
နိမ့္ၿပီး သူတို႔က်င့္ႀကံျခင္းေပၚ တြင္
ထင္ရွားသၫ့္အက်ိဳးသက္ေရာက္မႈ
မရိွခဲ့ေပ။
အခုေတာ့မတူေတာ့ဘူး။ သခင္က
အဆင့္တစ္ဆယ္ေမွာ္ဆရာတစ္ေယာက္ျဖစ္ေနၿပီ
ျဖစ္ကာ ေဆးလံုးသန႔္စင္ျခင္းတြင္
ထိပ္တန္းအဆင့္ထဲဝင္ေနၿပီျဖစ္သည္။
" ေရွာင္ဟိန္... ဒီပုလင္းကိုရွဲ႔ခ်ဳံးဆီယူသြားေပး"
ယူေရွာင္းမိုက ရွဲ႔ခ်ဳံးနာမည္နဲ႔ပုလင္းကို
ေကာက္လိုက္ၿပီး ေရွာင္ဟိန္ဆီလွမ္းပစ္ေပးလိုက္
သည္။ အမွန္တြင္၊ သူကလန္ခ်ဳံးအတြက္လဲ
ျပင္ထားသည္၊ သို႔ေပမယ့္ သူကရိွမေနေပ။
နတ္ဆိုးဖီးနစ္မ်ိဳးႏြယ္ကေတာ့ ေမွာ္ေဆးလံုး
ျပတ္ေနတယ္ရယ္လို႔ရိွမွာမဟုတ္တာေၾကာင့္
ငွက္ေပါက္ေလးအတြက္ေတာ့ျပင္မထားေပ။
ေရွာင္ဟိန္ကျပန္မေျဖရေသးခင္တြင္
အေမႊးပြပြအျဖဴေရာင္ဖက္ထုပ္လံုးေလးတစ္ခုက
ယူေရွာင္းမိုရင္ခြင္ထဲမွ ရုတ္တရက္ခုန္ထြက္လာ
သည္။ စားပဲြေပၚ ခုန္လိုက္ၿပီးေနာက္တြင္
ေနာက္ဆံုးပုလင္းကို ပါးစပ္နဲ႔ကိုက္ခ်ီလိုက္ၿပီး
လာရာေနရာသို႔ျပန္ဝင္သြားေတာ့၏။
၄မွာ ျမင့္ျမတ္သူႀကီးကတ္ခ်ဳံးပင္။
" မင္းတို႔အားလံုးရၿပီးၿပီဆိုေတာ့ ထြက္ခြာလို႔
ရၿပီ" လင္းေရွာင္ကအမိန႔္ေပးလိုက္သည္။
အခန္းပိုင္ရွင္ ေရွာင္ဟိန္အပါအဝင္
ငါးေယာက္စလံုးမွာခ်က္ခ်င္းပင္
ေျပးသြားၾကေတာ့သည္။
ယူေရွာင္းမိုကေခါင္းေမာ့လိုက္ကာ
" သူတို႔ကိုဘယ္ပို႔လိုက္တာလဲ?"
သတၲုစားသားရဲေလးကလဲြရင္ ေရွာင္ဟိန္နဲ႔
က်န္သံုးေယာက္အတြက္ထြက္ခြာဖို႔ စီစဉ္ထား၏။
" အေတြ့အႄကံုရဖို႔ ကိုယ့္အေဖလူယံုရဲ့အဖဲြ႔ဆီ"
ေျပာၿပီးေနာက္ လင္းေရွာင္ကမ်က္လံုးေမွးလိုက္၏
" ေခါင္းစဉ္ေျပာင္းဖို႔မႀကိဳးစားနဲ႔။
ဟိုပစၥည္းကိုထုတ္လိုက္"
ယူေရွာင္းမိုကႃပံုးလိုက္သည္
" ဘာပစၥည္းလဲ?"
လင္းေရွာင္ကလဲႃပံုးလိုက္၏။ ထိုအႃပံုးမွာ
အႏၲရာယ္ရိွေသာရည္ရြယ္ခ်က္မ်ား
သိုဝွက္ထားသၫ့္အႃပံုးျဖစ္သည္။
ထို႔ေနာက္ ရုတ္တရက္ေခါင္းငံု႔လိုက္ၿပီး
ယူေရွာင္းမိုပါးစပ္ကိုကိုက္ခ်လိုက္ေတာ့သည္။
" အ..."
__________