Unicode
အပိုင်း၄၅၃- မည်သူမည်ဝါ
ရုတ်တရက်ပေါ် လာသော အဖြူရောင်ဝတ်ရုံနှင့်
ယောက်ျားကိုမြင်လိုက်ရသည့်အခါ
လူတိုင်းကထိတ်လန့်အံ့အားသင့်သွားသည်။
လင်းယုန်အိုကြီးကိုကျော်ကြားစေတဲ့
သူ့ရဲ့အထူးတိုက်ကွက် တိုက်စားခြင်းယင်လက်သည်း
က ဒီလောက်အလွယ်လေးပြန်တိုက်ခံလိုက်ရတယ်
ဆိုတာ ပုံဖော်ကြည့်ဖို့တောင်ခက်တယ်။
နောက်ဆုံးတော့လည်း
သူက နတ်ဘုရားဆယ်ပါးထဲကဖြစ်နေသည်လေ။
လူတိုင်းက လူငယ်လေးနဲ့ သူ့ရဲ့အဖော်တော့
ဂြိုလ်ဆိုးဝင်ပြီဟုတွေးထားခဲ့ကြသည်။
လင်းယုန်အိုကြီးရဲ့လက်သည်းကနေ
လွတ်မြောက်သွားတဲ့သူရှိတယ်လို့
သူတို့တစ်ခါမှမကြားခဲ့ဖူးပေ။ ထိုနှစ်ယောက်က
ရွှမ်းယွီဟိုတယ်နှင့်သခင်လေးဝူတို့နှင့်
အဆက်အသွယ်အချို့ရှိရင်တောင်မှ
လင်းယုန်အိုကြီးကမကြောက်ပေ။
လမ်းတစ်ဝက်မှာ လူတစ်ယောက်ပေါ် လာမယ်လို့
မည်သူကမျှထင်မထားခဲ့ချေ။ သူကထိုနှစ်ယောက်ကို
ကယ်လိုက်ရုံတင်မက အလွန်စွမ်းအားကြီးပုံလဲ
ရ၏။
လင်းယုန်အိုကြီးနှင့်ယှဉ်တိုက်နိုင်သည့်
ပုဂ္ဂိုလ်များမှာအနည်းငယ်သာရှိသည်,
လူတိုင်းက ရုတ်တရက်ပေါ် လာသည့်
ဤလူအကြောင်းကိုမှတ်ဉာဏ်ထဲမှ
ပြန်ဖော်ကြည့်ကြတော့သည်။
သို့သော်လည်း သူ့ရုပ်ရည်အသွင်အပြင်နှင့်ကိုက်သည့်
လူတစ်ယောက်မှမတွေ့ချေ။ ဤလူမှာ
လေထဲမှထွက်လာသည့်စွမ်းအားကြီးကျင့်ကြံသူ
တစ်ယောက်လို ဖြစ်နေ၏။
လင်းယုန်အိုကြီးရဲ့အတွေးမှာလဲ လူတိုင်းနှင့်
အတူတူပင်။ ကြည့်ရတာတော့ တောပုန်းဆရာသခင်
တစ်ယောက်နှင့်မတူချေ။ ထိုအစား
ကမ္ဘာပေါ် မှဖုံးကွယ်ထားသောမိသားစုတစ်ခုမှ
စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်နှင့်တူသည်။
ဘယ်တစ်ခုပဲဖြစ်ပါစေ၊ လင်းယုန်အိုကြီးက
သတိလက်လွတ်မနေရဲတော့ပေ။
လျောင်ယတို့လူစုမှာ အလွန်အမင်းကြောက်လန့်နေပြီ
ဖြစ်ရာ သူ့နောက်ဝင်ပုန်းလိုက်ကြသည်။
ပစ်မှတ်ကိုအတည်ပြုပြီးသည့်နောက်တွင်
လင်းရှောင်က ယူရှောင်းမိုကိုချီလိုက်ပြီး
ရှဲ့ချုံးဘေးတွင်ထားလိုက်သည်
" သူ့ကိုစောင့်ရှောက်ထား"
ရှဲ့ချုံးက သူ့အပြုအမူမှတစ်ဆင့်
အဖြေပေးလိုက်သည်။ သူကသွေးတစ်ပွက်
အန်လိုက်ကာ အင်္ကျီကော်လံမှာသွေးများစွန်းထင်း
သွားပြီး ကြည့်ရဆိုးနေ၏။ တစ်ချက်ကြည့်ရုံဖြင့်
ပြင်းထန်သောအတွင်းဒဏ်ရာများရထားသည်မှာ
ထင်ရှားနေသည်။
ယူရှောင်းမိုက မှော်ဆေးလုံးတစ်လုံးထုတ်လိုက်ပြန်
သည်။ ၎င်းကအချိန်တိုအတွင်းတွင်
အလုံးစုံကုသမပေးနိုင်သော်လည်း
သူ့အသက်ကိုဆွဲဆန့်ပေးနိုင်ကာ ဒဏ်ရာများကို
ပိုဆိုးစေတော့မည်မဟုတ်ပေ။ သူ့အသားရည်က
အနဲငယ်မျှပိုကောင်းလာသည်ကိုတွေ့တော့
ယူရှောင်းမိုက စိတ်သက်သာရာရသွားပြီး
သက်ပြင်းချလိုက်ကာတစ်ချိန်တည်း
မှာပင် ကိုယ့်ကိုကိုယ့်ဂုဏ်ယူစွာနှင့်
လင်းရှောင်ကိုကြည့်လိုက်သည်။
" ခင်ဗျားပြောတာကိုပြောင်းပြန်လှန်သင့်တယ်"
လင်းရှောင်ရဲ့လက်မနဲ့ လက်ညိုးက
အတူတကွဖိသွားပြီး ယူရှောင်းမိုနဖူးကို
တောက်လိုက်၏
" ကိစ္စတွေကိုပိုရှုပ်အောင်လုပ်ချင်နေတာလား?"
" ကျွန်တော့်ကိုအထင်မသေးနဲ့.. ဟုတ်ပြီလား?
ကျွန်တော်ကမှော်ဆရာတစ်ယောက်ပေမယ့်
တကယ်ကျ ကျွန်တော့်တိုက်ခိုက်စွမ်းရည်က
မျက်လုံးတစ်ဖက်အမာရွတ်ထက်တောင်
သာသေးတယ်" ယူရှောင်းမိုက ဒေါသထွက်စွာ
'ဟွန့်' ကနဲအသံပြုလိုက်သည်။
ဆိုလိုက်သော မျက်လုံးတစ်ဖက်မှာမူ
သတိလစ်နေပြီဖြစ်ကာ အချိန်တိုအတွင်းတွင်
ဘာမှလုပ်နိုင်ဦးမည်မဟုတ်ချေ။ ၎င်းက
မှော်ဆရာတစ်ယောက်၏အားသာချက်ဖြစ်၏။
သူတို့က စိတ်ဝိဉာဉ်တိုက်ခိုက်မှုများတွင်
တော်ကြကာ မှော်ဆရာများကိုရှုံးနိမ့်ခဲ့သူများမှာ
စိတ်ဝိဉာဉ်ဒဏ်ရာရသွားသည်ကများသည်။
" သူကျတော့ရော?" လင်းရှောင်က သူ့ကို
လင်းယုန်အိုကြီးကိုကြည့်ဖို့အချက်ပြလိုက်သည်။
ယူရှောင်းမိုရဲ့မတ်နေတဲ့နောက်ကျောက
အနည်းငယ်ကွေးဝင်သွားပြီး လုပ်ရယ်ရယ်လိုက်၏
" စွမ်းအားကွာဟမှုကအရမ်းကြီးလွန်းမနေဘူးလား?
ကျွန်တော်လဲ အဲ့အဆင့်ကိုရောက်ရင်
သူ့ကိုချေမွပစ်နိုင်တယ်"
လင်းရှောင်ကသူ့ကိုတစ်ချက်ကြည့်လိုက်ကာ
ထေ့ငေါ့လိုက်သည် " အိုး.. ဟုတ်တာပေါ့၊
ကိုယ်သာရောက်မလာရင် မင်းမှာသူ့အဆင့်ကို
ရောက်ဖို့အခွင့်ရေးတောင်ရလိုက်မှာမဟုတ်ဘူး။
သူကမင်းကိုလက်ချောင်းတစ်ချောင်းနဲ့တင်
ချေမွပစ်နိုင်တယ်"
ယူရှောင်းမိုက သူမှားတယ်ဆိုတာသိပြီး
ပါးစပ်ပိတ်ထားလိုက်တော့သည်။
ပြဿနာအိုးလေးယူရှောင်းမိုကို ဆုံးမပြီးနောက်
တွင် လင်းရှောင်ကလင်းယုန်အိုကြီးပေါ် သို့
အကြည့်ရွှေ့လိုက်တော့သည်။ နောက်လူက
မလှုပ်ရဲချေ။ သူလင်းရှောင်ရဲ့အင်အားကို
မဆုံးဖြတ်ကြည့်နိုင်သေးခင်တွင်
သတိထားရမည်ဖြစ်၏။
သို့ပေမယ့် လင်းယုန်အိုကြီးမှာ ကောင်းကင်ဘုရင်
လင်းယုန်ကဲ့သို့ပင်။ သူက ဗဟိုမြို့တော်တွင်
အချိန်ကြာအောင်သူ့နည်းနဲ့သူရှိခဲ့သည်။
လင်းရှောင်နဲ့သူက လက်ရည်တူတယ်ဆိုတာ
သူသိခဲ့ရင်တောင်မှ သူ့တည်ရှိမှုက
အရင်ကထက်နည်းနည်းလေးမှခြိမ်းခြောက်မှုလျော့
သွားမည်မဟုတ်ပေ။
" လူကြီးမင်းကဘယ်သူများလဲ? ဒါက
လင်းယုန်မျိုးနွယ်စုရဲ့ကိစ္စပါ။ ငါတို့ရဲ့ကိစ္စတွေကို
ကျေးဇူးပြုပြီးဝင်မစွက်ဖက်ပါနဲ့"
လင်းယုန်အိုကြီးက ယဉ်ကျေးမှုတစွန်းတစပါဝင်
နေသည့်အသံခပ်နိမ့်နိမ့်ဖြင့်ပြောလိုက်သည်။
လင်းယုန်အိုကြီးက တစ်ယောက်ယောက်ကို
ကောင်းကောင်းမွန်မွန်နဲ့မျက်နှာသာပေးသည်ကို
မည်သူမျှမမြင်ဖူးခဲ့ပေ။ သူကရွှမ်းယွီဟိုတယ်မှ
နတ်ဒေဝါအဆင့်ကျင့်ကြံသူနှင့်ရင်ဆိုင်ရလျှင်တောင်
မှ အထက်စီးဆန်ဆဲဖြစ်၏။
လူအုပ်ကြီးက ယနေ့ဖြစ်ပျက်နေသမျှမှာ ပုံရိပ်ယောင်တစ်ခုများလားဟု
မတွေးဘဲမနေနိုင်ကြတော့ချေ။
ပြက်လုံးတစ်ခုကြားလိုက်ရသည့်အလား
လင်းရှောင်ကအော်ရယ်လိုက်၏။ သူ့အပြုံးက
လှောင်ပြောင်မှုမပါဘဲ လင်းယုန်အိုကြီးရဲ့
မျက်နှာထားကပိုပိုပြီးမည်းမှောင်လာတော့မှ
ရပ်လိုက်သည်။
" မင်းက ငါ့လက်တွဲဖော်ကိုတိုက်ခိုက်ပြီး
ငါ့ကိုဝင်မစွက်ဖက်ဖို့တောင် တောင်းဆိုလိုက်
သေးတယ်။ မင်းလည်ပင်းပေါ် ကခေါင်းက
အလှဆင်ထားတာလား?"
လင်းရှောင်က အမူအရာကင်းမဲ့စွာပြောလိုက်သည်။
ပတ်ဝန်းကျင်ကစက္ကန့်အနည်းငယ်မျှ
တိတ်ဆိတ်သွားပြီးနောက်တွင်
တစ်စုံတစ်ယောက်ကသူတို့ရယ်သံကို
ထိန်းမထားနိုင်တော့ပေ။
"ဖူး!"
တစ်ယောက်ပြီးတစ်ယောက်နှင့်
လူများ၏ခပ်အုပ်အုပ်ရယ်သံများကိုကြားနိုင်၏။
လင်းယုန်အိုကြီးက လူငယ်လေးကို
အားသုံးပြီးအနိုင်ကျင့်တဲ့အချက်ကို
ဘေးခဏဖယ်ထားလိုက်ဦး၊ သူတို့က
အတွဲမဟုတ်ရင်တောင်မှ၊ သူကတော့
ကြီးနိုင်ငယ်ညှင်းလုပ်လို့ရတယ်
တစ်ခြားသူကျတော့လုပ်လို့မရဘူးလို့
ဘယ်လိုတွေးလိုက်တာလဲ?
လင်းရှောင်က သူ့ရဲ့သတ်ဖြတ်လိုစိတ်ကို
သတိပြုမိလိုက်သော်လည်း မအံ့ဩသွားပေ။
ထိုအစား သူကလင်းယုန်အိုကြီးလွတ်သွားမည်ကို
ပူနေ၏။ အဲ့ဒီ့လင်းယုန်ကို ငှက်ပေါက်ဖြစ်တဲ့အထိ
မရိုက်ခဲ့ရင် သူ့စကားမတည်သလိုဖြစ်သွားလိမ့်မယ်။
တင်းမာနေသောလေထုက ဘယ်ချိန်မှာမဆို
တစ်ခုခုဖြစ်သွားနိုင်နေသည်။
ကြည့်နေသည့်လူများမှာ တံတွေးမျိုချလိုက်ကြသည်။
သူတို့အားလုံးက မျက်လုံးများပြူးကြည့်နေကြကာ
လင်းရှောင်ကလဲ ကြယ်ခုနစ်ပွင့်နတ်ဒေဝါ
အထွတ်အထိပ်အဆင့်ကျင့်ကြံသူဖြစ်နိုင်ကြောင်း
တွေးနေကြပုံရ၏။ အထွတ်အထိပ်ဆင့်
စွမ်းအားကြီးကျင့်ကြံသူနှစ်ယောက်၏တိုက်ပွဲမှာ
သူတို့အရင်ကမမြင်ဖူးသည့်အရာဖြစ်သည်။
ဒါကဘာလို့လဲဆိုတော့ စွမ်းအားကြီးကျင့်ကြံသူများ
တိုက်ခိုက်သည့်အခါတိုင်း မြေအနေအထားများ
ကွဲတတ်ပြီး ပျက်စီးမှုကအလွန်ကြီးတာကြောင့်
ဖြစ်သည်။ ဂရုမစိုက်လျှင် သူတို့လဲ
သက်ရောက်ခံရနိုင်သည်.........
လူအုပ်ကြီးကတစ်ခုခုသတိထားမိသွားတော့၏။
နေရာလပ်ကနည်းနည်းလေးသေးလွန်းနေတယ်?
ဤအတွေးက လျင်မြန်စွာပျံ့နှံ့သွားပြီး
လူအုပ်ကြီးကနေရာမှာတင်အေးခဲသွားပုံပေါ် သည်။
နောက်အခိုက်တွင်တော့ လူတိုင်းက
အမြီးမှာမီးစွဲနေသလိုပြေးကုန်ကြကာ
လေးအေးအေးများသာကျန်နေခဲ့တော့၏........
ယူရှောင်းမိုက ထိုအကြောင်းပြောတော့မည့်
အချိန်တွင် လင်းယုန်အိုကြီးက
ရုတ်တရက်တိုက်ခိုက်လိုက်သည်။
အနက်ရောင်အရိပ်တစ်ခုက လင်းရှောင်ရှေ့တွင်
ဖျတ်ကနဲလက်သွား၏၊ ခဏအတွင်းမှာပင်
သူတို့ကြားအကွာအဝေးက
ပေအနဲငယ်မှ မီတာအနဲငယ်အထိနီးကပ်လာသည်။
သူတို့မြင်နိုင်သမျှက မြေကြီးထဲကနေဆွဲထုတ်ထား
သလိုမျိုးကောင်းကင်ထက်ဆီထိုးတက်နေတဲ့
စိတ်စွမ်းအားပေါက်ကွဲမှုတစ်ခု သူ့မှာရှိနေတယ်ဆိုတာ
ပဲဖြစ်သည်။ သူကအမှောင်ပညာများကျင့်ကြံ
ထားခြင်းကြောင့် စိတ်စွမ်းအားအသွင်မှာ
မီးခိုးမည်းရောင်ဖြစ်နေသည်။
စိတ်စွမ်းအားကအလွန်အမင်းသိပ်သည်းပြီး
လူအများစုပြေးထွက်သွားကြ၍သာမဟုတ်လျှင်
ထိုစိတ်စွမ်းအားက သူတို့မျက်လုံးများကို
ထိုးဖောက်သွားနိုင်သည်။
လင်းရှောင်က မြေကြီးကိုတွန်းကန်လိုက်ပြီး
သူ့ကိုယ်ကရှေ့သို့ပြေးထွက်သွား၏။
အဖြူရောင်ပုံရိပ်က အကြိမ်အနဲငယ်မျှ
လေထဲတွင်ပေါ် လာပြီးနောက် လင်းယုန်အိုကြီး
ဆီသို့လျင်မြန်စွာရွေ့လျားသွားသည်။
စက္ကန့်အနည်းငယ်တွင် သူတို့ကတိုက်ကွက်တစ်ရာ
ထက်မနည်းဖလှယ်ပြီးပြီဖြစ်ကာ
ပြန်လည်ခွာလိုက်ကြ၏။ သူတို့က အမှန်ပင်
လက်ရည်ညီနေပုံပေါ် နေသည်။
ယူရှောင်းမိုမျက်လုံးများက ဝေဝါးလာတော့သည်။
သူ့မျက်လုံးများက သူတို့အမြန်နှုန်းနှင့်
လိုက်မမီနိုင်ဖြစ်နေကာ မျက်လုံးများကို
မသပ်ဘဲမနေနိုင်တော့ချေ။ အဆုံးတွင်တော့
သူတို့ကထပ်တိုက်ခိုက်နေကြပြီး
သူတို့လှုပ်ရှားမှုများအရ ဘယ်သူကမှ
လက်ဦးမှုရနေပုံမရှိပေ။
လင်းယုန်အိုကြီးကလဲ ဤအချက်ကိုတွေ့သွား၏။
ပြိုင်ဖက်ရဲ့အင်အားက သူနဲ့တူနေတယ်ဆိုတာ
သေချာနေပြီဖြစ်သည်။ ယခုအခိုက်တန့်အရ
အနိုင်ရနိုင်သည့်တစ်ခုတည်းသောနည်းမှာ
သူ့ရဲ့အထူးတိုက်ကွက်အပေါ် တွင်
အားထားရန်ဖြစ်သည်။ တိုက်စားခြင်းယင်လက်သည်း
ဟု နာမည်တစ်လုံးရထားသောသူ့ရဲ့အထူးတိုက်ကွက်
ကို သူယုံကြည်နေသေးသည်။
လင်းယုန်အိုကြီးက ဆယ်ပေကျော်အကွာတွင်
ဆင်းသက်လိုက်ကာ သူ့ရဲ့ဆန့်ထုတ်ထားသော
ညာဘက်လက်က အနက်ရောင်ပြောင်းသွား
တော့သည်။ တိုက်စားခြင်းယင်လက်သည်း၏အစ
ဖြစ်သောပတ်ပတ်လည်ရှိမိုးမြေစိတ်စွမ်းအားများ
မှာ ကြမ်းတမ်းစွာလှည့်ပတ်လာ၏။
ကြည့်ရတာ ဤတိုက်ကွက်မှာ အရင်တစ်ခုထက်
ပိုသန်မာပုံရသည်။
အမှောင်စွမ်းအင်က မုန်တိုင်းထန်နေသည့်ပင်လယ်
ကဲ့သို့ သူ့လက်ဝါးမှထွက်ပေါ် လာသည်။
မရေမတွက်နိုင်တဲ့ စမ်းချောင်းလေးတွေနဲ့
မြစ်တွေလိုမျိုး ၎င်းကဟိန်းဟောက်လိုက်ပြီး
အလယ်တွင်စုစည်းသွားကာ ကြီးမားသော
အနက်ရောင်လက်သည်းကြီးတစ်ခုဖြစ်လာသည်။
ဤအရာမှာ တိုက်စားခြင်းယင်လက်သည်းအစစ်
ဖြစ်သည်။
သူနဲ့လက်ရည်တူကျင့်ကြံသူတစ်ယောက်အတွက်
တောင်မှ တိုက်စားခြင်းယင်လက်သည်းနှင့်
တွေ့လျှင် ရှောင်တိမ်းဆုတ်ခွာရသည်သာဖြစ်၏။
သို့သော်လည်း လင်းယုန်အိုကြီးက
သေစေနိုင်လောက်သည့်အမှားတစ်ခု
လုပ်မိသွားသည်။ တိုက်စားခြင်းယင်လက်သည်းက
အမှောင်ပညာရပ်တစ်ခုဖြစ်ပြီး
၎င်းက အလွန်အမင်းပုံမှန်မဟုတ်နေသော်ငြား
အားနည်းချက်မရှိသည်တော့မဟုတ်ပေ။
၎င်း၏အကြီးမားဆုံးရန်သူမှာ ယန်မီးတောက်ဖြစ်ကာ
အရာရာတိုင်းကိုလောင်ကျွမ်းနိုင်သည့်
ချီလင်နတ်ဘုရားမီးလျှံဟုလည်း သိကြ၏။
ခုနတုန်းက မီးလျှံမြှားက တိုက်စားခြင်း
ယင်လက်သည်းကိုဖျက်စီးခဲ့သော်လည်း
မြှားပုံသဏ္ဍာန်ဖြစ်သောကြောင့် အလုပ်ပြီးမြောက်
သည့်အခါတွင် ပျောက်ကွယ်သွားခဲ့သည်။
ရလဒ်တစ်ခုအနေနဲ့ ၎င်းကိုမီးတောက်နှင့်
လုပ်ထားသည်ဟု လင်းယုန်အိုကြီးက
မထင်ခဲ့ပေ။ လင်းရှောင်မှာ သူ့ကိုတားနိုင်သည့်
ချီလင်နတ်ဘုရားမီးလျှံရှိနေတာကိုလဲ
သူမခန့်မှန်းမိချေ။
၎င်းမှာတစ်ခဏတာမှားယွင်းတွက်ချက်မိခြင်း
ဖြစ်သော်လည်း အသက်အန္တရာယ်ရှိ၏။
ချီလင်နတ်ဘုရားမီးလျှံမှာ လင်းရှောင်၏
မွေးရာပါမီးတောက်ဖြစ်ရာ ၎င်းကိုဆင့်ခေါ် ဖို့
သိပ်မကြာလိုက်ပေ။
လင်းယုန်အိုကြီးရဲ့အနက်ရောင်လက်သည်းက
သူ့ပေါ် ကျလာသည့်အခါ သူ့ခြေထောက်အောက်မှ
ခရမ်းရောင်မီးတောက်တစ်ခုထွက်လာပြီး
တစ်ခဏချင်းမှာပဲ ခမ်းနားထည်ဝါသောချီလင်
တစ်ကောင်အဖြစ်ဖွဲ့စည်းသွားတော့သည်။
၎င်းက သူတို့ဆီသို့ရူးလောက်ဖွယ်အမြန်နှုန်းနဲ့
လာနေတဲ့အနက်ရောင်လက်သည်းပေါ် ခုန်အုပ်
လိုက်ကာ ချွန်ထက်သောသွားများပေါ် အောင်
ဟိန်းဟောက်လိုက်သည်။
ခရမ်းရောင်ချီလင်က အနက်ရောင်လက်သည်းကို
စုတ်ဖြဲလိုက်ပြီးမြိုချလိုက်တာကိုမြင်လိုက်ရတဲ့အခါ
လင်းယုန်အိုကြီးမျက်နှာပေါ် ရှိ
ရိုင်းစိုင်းယုတ်မာသောအပြုံးမှာ တမဟုတ်ချင်း
အေးခဲသွားတော့သည်။ နောက်တစ်စက္ကန့်တွင်
သူ့အမူအရာက ကြောက်လန့်တုန်လှုပ်လာပြီး
ဘာမှမပြောနိုင်တော့သကဲ့သို့ သူ့လည်ချောင်းက
အပေါ် အောက်ရွေ့လျားသွား၏။
ခဏအကြာတွင်.......
" ခရမ်းရောင်မီးတောက်? ချီလင်ပုံသဏ္ဍာန်?
ဒီပုဂ္ဂိုလ်က တောင်ပိုင်းကုန်းမြေကဂျွန်တောင်တန်းမှာ
ယူအန်းထိုက်ကိုအနိုင်တိုက်ခဲ့တဲ့လူလား?"
ဂျွန်တောင်တန်းမှ သတင်းများက
ဗဟိုမြို့တော်ကိုရောက်ချင်မှရောက်ဦးမှာဖြစ်ပေမယ့်
ထုံထျန်းအဆင့်သတ်မှတ်ချက်ကတော့
ပြောင်းလဲပြင်ဆင်ထားတာကြာပြီဖြစ်သည်။
ယူအန်းထိုက်ရှုံးနိမ့်ပြီးနောက်တွင် ချန်မဟာမိတ်က
သူ့နာမည်ကို နတ်ဘုရားဆယ်ပါးထဲမှ
ဖယ်ထုတ်ခဲ့သည်။ သူ့အစားထိုးမှာ
လင်းမော့ဟုခေါ် သည့်လူတစ်ယောက်ဖြစ်သည်၊
သူကချီလင်မျိုးနွယ်ဝင်တစ်ယောက်ဖြစ်သည်ဟု
လဲ အဆိုရှိ၏။
ထုံထျန်းအဆင့်သတ်မှတ်ချက်ကို လူများစွာက
အာရုံစိုက်ထားကြပြီး ၎င်းကိုပြန်ပြင်လိုက်သည့်
အခါတွင် တုံကျိုးကဲ့သို့သောဝေးလံသည့်နေရာများ
ပင်လျှင် ထိုအကြောင်းထွက်လာလာချင်း
သိခဲ့ကြ၏။
သို့သော်ငြားလည်း ဤပုဂ္ဂိုလ်မှာ
ထိုအဖြစ်အပျက်ပြီးနောက်တွင်ထပ်မံထွက်ပေါ်
လာခြင်းမရှိတော့ပေ။ ရလဒ်တစ်ခုအနေဖြင့်
သူဘယ်ရောက်နေလဲဆိုတာ ဘယ်သူမှမသိခဲ့ကြပေ။
ထို့အပြင် သူကကျော်ကြားလာကာစ
ဖြစ်သောကြောင့် သူ့ကိုသိသူသိပ်မများပေ။
ယူအန်းထိုက်က သူနှင့်အင်အားတူ၏။
သူတို့နှစ်ယောက်တိုက်ကွက်ဖလှယ်ခဲ့ကြပေမယ့်
ဘယ်သူကမှမသာခဲ့တာကြောင့် သူသိနေခြင်း
ဖြစ်သည်။ ထို့ကြောင့်ပင် သူကလင်းမော့
ဖြစ်ကြောင်းသိလိုက်ရတဲ့အခါ လင်းယုန်အိုကြီး၏
ထိတ်လန့်တုန်လှုပ်သွားမှုကိုမှန်းဆကြည့်နိုင်၏။
မီးလျှံချီလင်က အနက်ရောင်လက်သည်းကို
အပြည့်အဝ ဝါးမြိုလိုက်သည်၊ သို့သော်
လင်းရှောင်ကချက်ချင်းပြန်မခေါ် ပေ။
၎င်းက မလှမ်းမကမ်းရှိလင်းယုန်အိုကြီးပေါ် တွင်
ရည်ရွယ်ထားကာ တစ်ချက်လောက်တိုက်ရန်
မနေနိုင်မထိုင်နိုင်ဖြစ်နေ၏။
သူ့ကျင့်ကြံခြင်းနှင့်ဆိုလျှင် ဘယ်လိုပဲကြည့်ကြည့်
နိုင်နိုင်ခြေမရှိပေ။
လင်းယုန်အိုကြီးက ငတုံးမဟုတ်ပေ။
သူသာအခုနေမလွတ်နိုင်ရင် နောက်ထပ်အခွင့်ရေး
ရှိမှာမဟုတ်တော့ဘူး။ သူကမြေကြီးပေါ် က
မျက်လုံးတစ်ဖက်ကိုကောက်မလိုက်ပြီး
ထွက်ပြေးဖို့ကြိုးစားလိုက်သည်။
လင်းရှောင်က သူ့ကိုငှက်ပေါက်လေးအဖြစ်
မပြောင်းရသေးတာကြောင့် လွတ်မြောက်ခွင့်
မပေးနိုင်ပေ။ မီးလျှံချီလင်က လင်းယုန်အိုကြီးရဲ့
ခြေလှမ်းအတိုင်းလိုက်သွားကာ
သူ့ထက်နည်းနည်းလေးမှပင်မနှေးပေ။
သူ့နောက်ဘက်က လှုပ်ရှားမှုတွေကိုခံစားမိ
လိုက်သည့်အခါ သူ့မျက်လုံးများတွင်
ရက်စက်သောအကြည့်တစ်ချက်ဖြတ်ပြေးသွား၏။
သူကလျောင်ယနှင့်အခြားနောက်လိုက်နှစ်ယောက်ကို
ဆွဲလိုက်ပြီး မီးလျှံချီလင်ဆီပစ်လိုက်သည်။
ထင်ထားခဲ့သလိုပင် မီးလျှံချီလင်ကို
တားဆီးလိုက်နိုင်ပြီး ၎င်းကစက္ကန့်အနည်းငယ်သာ
ဖြစ်သော်လည်း လုံလောက်ပြီဖြစ်သည်။
____________
Zawgyi
အပိုင္း၄၅၃- မည္သူမည္ဝါ
ရုတ္တရက္ေပၚ လာေသာ အျဖဴေရာင္ဝတ္ရံုႏွင့္
ေယာက္်ားကိုျမင္လိုက္ရသၫ့္အခါ
လူတိုင္းကထိတ္လန႔္အံ့အားသင့္သြားသည္။
လင္းယုန္အိုႀကီးကိုေက်ာ္ၾကားေစတဲ့
သူ႔ရဲ့အထူးတိုက္ကြက္ တိုက္စားျခင္းယင္လက္သည္း
က ဒီေလာက္အလြယ္ေလးျပန္တိုက္ခံလိုက္ရတယ္
ဆိုတာ ပံုေဖာ္ၾကၫ့္ဖို႔ေတာင္ခက္တယ္။
ေနာက္ဆံုးေတာ့လည္း
သူက နတ္ဘုရားဆယ္ပါးထဲကျဖစ္ေနသည္ေလ။
လူတိုင္းက လူငယ္ေလးနဲ႔ သူ႔ရဲ့အေဖာ္ေတာ့
ၿဂိဳလ္ဆိုးဝင္ၿပီဟုေတြးထားခဲ့ၾကသည္။
လင္းယုန္အိုႀကီးရဲ့လက္သည္းကေန
လြတ္ေျမာက္သြားတဲ့သူရိွတယ္လို႔
သူတို႔တစ္ခါမွမၾကားခဲ့ဖူးေပ။ ထိုႏွစ္ေယာက္က
ရႊမ္းယီြဟိုတယ္ႏွင့္သခင္ေလးဝူတို႔ႏွင့္
အဆက္အသြယ္အခ်ိဳ႕ရိွရင္ေတာင္မွ
လင္းယုန္အိုႀကီးကမေၾကာက္ေပ။
လမ္းတစ္ဝက္မွာ လူတစ္ေယာက္ေပၚ လာမယ္လို႔
မည္သူကမ်ွထင္မထားခဲ့ေခ်။ သူကထိုႏွစ္ေယာက္ကို
ကယ္လိုက္ရံုတင္မက အလြန္စြမ္းအားႀကီးပံုလဲ
ရ၏။
လင္းယုန္အိုႀကီးႏွင့္ယွဉ္တိုက္ႏိုင္သၫ့္
ပုဂၢိုလ္မ်ားမွာအနည္းငယ္သာရိွသည္,
လူတိုင္းက ရုတ္တရက္ေပၚ လာသၫ့္
ဤလူအေၾကာင္းကိုမွတ္ဉာဏ္ထဲမွ
ျပန္ေဖာ္ၾကၫ့္ၾကေတာ့သည္။
သို႔ေသာ္လည္း သူ႔ရုပ္ရည္အသြင္အျပင္ႏွင့္ကိုက္သၫ့္
လူတစ္ေယာက္မွမေတြ့ေခ်။ ဤလူမွာ
ေလထဲမွထြက္လာသၫ့္စြမ္းအားႀကီးက်င့္ႀကံသူ
တစ္ေယာက္လို ျဖစ္ေန၏။
လင္းယုန္အိုႀကီးရဲ့အေတြးမွာလဲ လူတိုင္းႏွင့္
အတူတူပင္။ ၾကၫ့္ရတာေတာ့ ေတာပုန္းဆရာသခင္
တစ္ေယာက္ႏွင့္မတူေခ်။ ထိုအစား
ကမ႓ာေပၚ မွဖံုးကြယ္ထားေသာမိသားစုတစ္ခုမွ
စြမ္းအားႀကီးပုဂၢိုလ္တစ္ေယာက္ႏွင့္တူသည္။
ဘယ္တစ္ခုပဲျဖစ္ပါေစ၊ လင္းယုန္အိုႀကီးက
သတိလက္လြတ္မေနရဲေတာ့ေပ။
ေလ်ာင္ယတို႔လူစုမွာ အလြန္အမင္းေၾကာက္လန႔္ေနၿပီ
ျဖစ္ရာ သူ႔ေနာက္ဝင္ပုန္းလိုက္ၾကသည္။
ပစ္မွတ္ကိုအတည္ျပဳျပီးသၫ့္ေနာက္တြင္
လင္းေရွာင္က ယူေရွာင္းမိုကိုခ်ီလိုက္ၿပီး
ရွဲ႔ခ်ဳံးေဘးတြင္ထားလိုက္သည္
" သူ႔ကိုေစာင့္ေရွာက္ထား"
ရွဲ႔ခ်ဳံးက သူ႔အျပဳအမူမွတစ္ဆင့္
အေျဖေပးလိုက္သည္။ သူကေသြးတစ္ပြက္
အန္လိုက္ကာ အက်ႌေကာ္လံမွာေသြးမ်ားစြန္းထင္း
သြားၿပီး ၾကၫ့္ရဆိုးေန၏။ တစ္ခ်က္ၾကၫ့္ရံုျဖင့္
ျပင္းထန္ေသာအတြင္းဒဏ္ရာမ်ားရထားသည္မွာ
ထင္ရွားေနသည္။
ယူေရွာင္းမိုက ေမွာ္ေဆးလံုးတစ္လံုးထုတ္လိုက္ျပန္
သည္။ ၄ကအခ်ိန္တိုအတြင္းတြင္
အလံုးစံုကုသမေပးႏိုင္ေသာ္လည္း
သူ႔အသက္ကိုဆဲြဆန႔္ေပးႏိုင္ကာ ဒဏ္ရာမ်ားကို
ပိုဆိုးေစေတာ့မည္မဟုတ္ေပ။ သူ႔အသားရည္က
အနဲငယ္မ်ွပိုေကာင္းလာသည္ကိုေတြ့ေတာ့
ယူေရွာင္းမိုက စိတ္သက္သာရာရသြားၿပီး
သက္ျပင္းခ်လိုက္ကာတစ္ခ်ိန္တည္း
မွာပင္ ကိုယ့္ကိုကိုယ့္ဂုဏ္ယူစြာႏွင့္
လင္းေရွာင္ကိုၾကၫ့္လိုက္သည္။
" ခင္ဗ်ားေျပာတာကိုေျပာင္းျပန္လွန္သင့္တယ္"
လင္းေရွာင္ရဲ့လက္မနဲ႔ လက္ညိုးက
အတူတကြဖိသြားၿပီး ယူေရွာင္းမိုနဖူးကို
ေတာက္လိုက္၏
" ကိစၥေတြကိုပိုရႈပ္ေအာင္လုပ္ခ်င္ေနတာလား?"
" ကၽြန္ေတာ့္ကိုအထင္မေသးနဲ႔.. ဟုတ္ၿပီလား?
ကၽြန္ေတာ္ကေမွာ္ဆရာတစ္ေယာက္ေပမယ့္
တကယ္က် ကၽြန္ေတာ့္တိုက္ခိုက္စြမ္းရည္က
မ်က္လံုးတစ္ဖက္အမာရြတ္ထက္ေတာင္
သာေသးတယ္" ယူေရွာင္းမိုက ေဒါသထြက္စြာ
'ဟြန႔္' ကနဲအသံျပဳလိုက္သည္။
ဆိုလိုက္ေသာ မ်က္လံုးတစ္ဖက္မွာမူ
သတိလစ္ေနၿပီျဖစ္ကာ အခ်ိန္တိုအတြင္းတြင္
ဘာမွလုပ္ႏိုင္ဦးမည္မဟုတ္ေခ်။ ၄က
ေမွာ္ဆရာတစ္ေယာက္၏အားသာခ်က္ျဖစ္၏။
သူတို႔က စိတ္ဝိဉာဉ္တိုက္ခိုက္မႈမ်ားတြင္
ေတာ္ၾကကာ ေမွာ္ဆရာမ်ားကိုရႈံးနိမ့္ခဲ့သူမ်ားမွာ
စိတ္ဝိဉာဉ္ဒဏ္ရာရသြားသည္ကမ်ားသည္။
" သူက်ေတာ့ေရာ?" လင္းေရွာင္က သူ႔ကို
လင္းယုန္အိုႀကီးကိုၾကၫ့္ဖို႔အခ်က္ျပလိုက္သည္။
ယူေရွာင္းမိုရဲ့မတ္ေနတဲ့ေနာက္ေက်ာက
အနည္းငယ္ေကြးဝင္သြားၿပီး လုပ္ရယ္ရယ္လိုက္၏
" စြမ္းအားကြာဟမႈကအရမ္းႀကီးလြန္းမေနဘူးလား?
ကၽြန္ေတာ္လဲ အဲ့အဆင့္ကိုေရာက္ရင္
သူ႔ကိုေခ်မြပစ္ႏိုင္တယ္"
လင္းေရွာင္ကသူ႔ကိုတစ္ခ်က္ၾကၫ့္လိုက္ကာ
ေထ့ေငါ့လိုက္သည္ " အိုး.. ဟုတ္တာေပါ့၊
ကိုယ္သာေရာက္မလာရင္ မင္းမွာသူ႔အဆင့္ကို
ေရာက္ဖို႔အခြင့္ေရးေတာင္ရလိုက္မွာမဟုတ္ဘူး။
သူကမင္းကိုလက္ေခ်ာင္းတစ္ေခ်ာင္းနဲ႔တင္
ေခ်မြပစ္ႏိုင္တယ္"
ယူေရွာင္းမိုက သူမွားတယ္ဆိုတာသိၿပီး
ပါးစပ္ပိတ္ထားလိုက္ေတာ့သည္။
ျပႆနာအိုးေလးယူေရွာင္းမိုကို ဆံုးမၿပီးေနာက္
တြင္ လင္းေရွာင္ကလင္းယုန္အိုႀကီးေပၚ သို႔
အၾကၫ့္ေရႊ့လိုက္ေတာ့သည္။ ေနာက္လူက
မလႈပ္ရဲေခ်။ သူလင္းေရွာင္ရဲ့အင္အားကို
မဆံုးျဖတ္ၾကၫ့္ႏိုင္ေသးခင္တြင္
သတိထားရမည္ျဖစ္၏။
သို႔ေပမယ့္ လင္းယုန္အိုႀကီးမွာ ေကာင္းကင္ဘုရင္
လင္းယုန္ကဲ့သို႔ပင္။ သူက ဗဟိုၿမိဳ႔ေတာ္တြင္
အခ်ိန္ၾကာေအာင္သူ႔နည္းနဲ႔သူရိွခဲ့သည္။
လင္းေရွာင္နဲ႔သူက လက္ရည္တူတယ္ဆိုတာ
သူသိခဲ့ရင္ေတာင္မွ သူ႔တည္ရိွမႈက
အရင္ကထက္နည္းနည္းေလးမွၿခိမ္းေျခာက္မႈေလ်ာ့
သြားမည္မဟုတ္ေပ။
" လူႀကီးမင္းကဘယ္သူမ်ားလဲ? ဒါက
လင္းယုန္မ်ိဳးႏြယ္စုရဲ့ကိစၥပါ။ ငါတို႔ရဲ့ကိစၥေတြကို
ေက်းဇူးျပဳျပီးဝင္မစြက္ဖက္ပါနဲ႔"
လင္းယုန္အိုႀကီးက ယဉ္ေက်းမႈတစြန္းတစပါဝင္
ေနသၫ့္အသံခပ္နိမ့္နိမ့္ျဖင့္ေျပာလိုက္သည္။
လင္းယုန္အိုႀကီးက တစ္ေယာက္ေယာက္ကို
ေကာင္းေကာင္းမြန္မြန္နဲ႔မ်က္ႏွာသာေပးသည္ကို
မည္သူမ်ွမျမင္ဖူးခဲ့ေပ။ သူကရႊမ္းယီြဟိုတယ္မွ
နတ္ေဒဝါအဆင့္က်င့္ႀကံသူႏွင့္ရင္ဆိုင္ရလ်ွင္ေတာင္
မွ အထက္စီးဆန္ဆဲျဖစ္၏။
လူအုပ္ႀကီးက ယေန့ျဖစ္ပ်က္ေနသမ်ွမွာ ပံုရိပ္ေယာင္တစ္ခုမ်ားလားဟု
မေတြးဘဲမေနႏိုင္ၾကေတာ့ေခ်။
ျပက္လံုးတစ္ခုၾကားလိုက္ရသၫ့္အလား
လင္းေရွာင္ကေအာ္ရယ္လိုက္၏။ သူ႔အႃပံုးက
ေလွာင္ေျပာင္မႈမပါဘဲ လင္းယုန္အိုႀကီးရဲ့
မ်က္ႏွာထားကပိုပိုၿပီးမည္းေမွာင္လာေတာ့မွ
ရပ္လိုက္သည္။
" မင္းက ငါ့လက္တဲြေဖာ္ကိုတိုက္ခိုက္ၿပီး
ငါ့ကိုဝင္မစြက္ဖက္ဖို႔ေတာင္ ေတာင္းဆိုလိုက္
ေသးတယ္။ မင္းလည္ပင္းေပၚ ကေခါင္းက
အလွဆင္ထားတာလား?"
လင္းေရွာင္က အမူအရာကင္းမဲ့စြာေျပာလိုက္သည္။
ပတ္ဝန္းက်င္ကစကၠန႔္အနည္းငယ္မ်ွ
တိတ္ဆိတ္သြားၿပီးေနာက္တြင္
တစ္စံုတစ္ေယာက္ကသူတို႔ရယ္သံကို
ထိန္းမထားႏိုင္ေတာ့ေပ။
"ဖူး!"
တစ္ေယာက္ၿပီးတစ္ေယာက္ႏွင့္
လူမ်ား၏ခပ္အုပ္အုပ္ရယ္သံမ်ားကိုၾကားႏိုင္၏။
လင္းယုန္အိုႀကီးက လူငယ္ေလးကို
အားသံုးၿပီးအႏိုင္က်င့္တဲ့အခ်က္ကို
ေဘးခဏဖယ္ထားလိုက္ဦး၊ သူတို႔က
အတဲြမဟုတ္ရင္ေတာင္မွ၊ သူကေတာ့
ႀကီးႏိုင္ငယ္ၫွင္းလုပ္လို႔ရတယ္
တစ္ျခားသူက်ေတာ့လုပ္လို႔မရဘူးလို႔
ဘယ္လိုေတြးလိုက္တာလဲ?
လင္းေရွာင္က သူ႔ရဲ့သတ္ျဖတ္လိုစိတ္ကို
သတိျပဳမိလိုက္ေသာ္လည္း မအံ့ဩသြားေပ။
ထိုအစား သူကလင္းယုန္အိုႀကီးလြတ္သြားမည္ကို
ပူေန၏။ အဲ့ဒီ့လင္းယုန္ကို ငွက္ေပါက္ျဖစ္တဲ့အထိ
မရိုက္ခဲ့ရင္ သူ႔စကားမတည္သလိုျဖစ္သြားလိမ့္မယ္။
တင္းမာေနေသာေလထုက ဘယ္ခ်ိန္မွာမဆို
တစ္ခုခုျဖစ္သြားႏိုင္ေနသည္။
ၾကၫ့္ေနသၫ့္လူမ်ားမွာ တံေတြးမ်ိဳခ်လိုက္ၾကသည္။
သူတို႔အားလံုးက မ်က္လံုးမ်ားျပဴးၾကၫ့္ေနၾကကာ
လင္းေရွာင္ကလဲ ၾကယ္ခုနစ္ပြင့္နတ္ေဒဝါ
အထြတ္အထိပ္အဆင့္က်င့္ႀကံသူျဖစ္ႏိုင္ေၾကာင္း
ေတြးေနၾကပံုရ၏။ အထြတ္အထိပ္ဆင့္
စြမ္းအားႀကီးက်င့္ႀကံသူႏွစ္ေယာက္၏တိုက္ပဲြမွာ
သူတို႔အရင္ကမျမင္ဖူးသၫ့္အရာျဖစ္သည္။
ဒါကဘာလို႔လဲဆိုေတာ့ စြမ္းအားႀကီးက်င့္ႀကံသူမ်ား
တိုက္ခိုက္သၫ့္အခါတိုင္း ေျမအေနအထားမ်ား
ကဲြတတ္ၿပီး ပ်က္စီးမႈကအလြန္ႀကီးတာေၾကာင့္
ျဖစ္သည္။ ဂရုမစိုက္လ်ွင္ သူတို႔လဲ
သက္ေရာက္ခံရႏိုင္သည္.........
လူအုပ္ႀကီးကတစ္ခုခုသတိထားမိသြားေတာ့၏။
ေနရာလပ္ကနည္းနည္းေလးေသးလြန္းေနတယ္?
ဤအေတြးက လ်င္ျမန္စြာပ်ံ႔ႏွံ႔သြားၿပီး
လူအုပ္ႀကီးကေနရာမွာတင္ေအးခဲသြားပံုေပၚ သည္။
ေနာက္အခိုက္တြင္ေတာ့ လူတိုင္းက
အၿမီးမွာမီးစဲြေနသလိုေျပးကုန္ၾကကာ
ေလးေအးေအးမ်ားသာက်န္ေနခဲ့ေတာ့၏........
ယူေရွာင္းမိုက ထိုအေၾကာင္းေျပာေတာ့မၫ့္
အခ်ိန္တြင္ လင္းယုန္အိုႀကီးက
ရုတ္တရက္တိုက္ခိုက္လိုက္သည္။
အနက္ေရာင္အရိပ္တစ္ခုက လင္းေရွာင္ေရ႔ွတြင္
ဖ်တ္ကနဲလက္သြား၏၊ ခဏအတြင္းမွာပင္
သူတို႔ၾကားအကြာအေဝးက
ေပအနဲငယ္မွ မီတာအနဲငယ္အထိနီးကပ္လာသည္။
သူတို႔ျမင္ႏိုင္သမ်ွက ေျမၾကီးထဲကေနဆဲြထုတ္ထား
သလိုမ်ိဳးေကာင္းကင္ထက္ဆီထိုးတက္ေနတဲ့
စိတ္စြမ္းအားေပါက္ကဲြမႈတစ္ခု သူ႔မွာရိွေနတယ္ဆိုတာ
ပဲျဖစ္သည္။ သူကအေမွာင္ပညာမ်ားက်င့္ႀကံ
ထားျခင္းေၾကာင့္ စိတ္စြမ္းအားအသြင္မွာ
မီးခိုးမည္းေရာင္ျဖစ္ေနသည္။
စိတ္စြမ္းအားကအလြန္အမင္းသိပ္သည္းၿပီး
လူအမ်ားစုေျပးထြက္သြားၾက၍သာမဟုတ္လ်ွင္
ထိုစိတ္စြမ္းအားက သူတို႔မ်က္လံုးမ်ားကို
ထိုးေဖာက္သြားႏိုင္သည္။
လင္းေရွာင္က ေျမၾကီးကိုတြန္းကန္လိုက္ၿပီး
သူ႔ကိုယ္ကေရ႔ွသို႔ေျပးထြက္သြား၏။
အျဖဴေရာင္ပံုရိပ္က အႀကိမ္အနဲငယ္မ်ွ
ေလထဲတြင္ေပၚ လာၿပီးေနာက္ လင္းယုန္အိုႀကီး
ဆီသို႔လ်င္ျမန္စြာေရြ့လ်ားသြားသည္။
စကၠန႔္အနည္းငယ္တြင္ သူတို႔ကတိုက္ကြက္တစ္ရာ
ထက္မနည္းဖလွယ္ၿပီးၿပီျဖစ္ကာ
ျပန္လည္ခြာလိုက္ၾက၏။ သူတို႔က အမွန္ပင္
လက္ရည္ညီေနပံုေပၚ ေနသည္။
ယူေရွာင္းမိုမ်က္လံုးမ်ားက ေဝဝါးလာေတာ့သည္။
သူ႔မ်က္လံုးမ်ားက သူတို႔အျမန္ႏႈန္းႏွင့္
လိုက္မမီႏိုင္ျဖစ္ေနကာ မ်က္လံုးမ်ားကို
မသပ္ဘဲမေနႏိုင္ေတာ့ေခ်။ အဆံုးတြင္ေတာ့
သူတို႔ကထပ္တိုက္ခိုက္ေနၾကၿပီး
သူတို႔လႈပ္ရွားမႈမ်ားအရ ဘယ္သူကမွ
လက္ဦးမႈရေနပံုမရိွေပ။
လင္းယုန္အိုႀကီးကလဲ ဤအခ်က္ကိုေတြ့သြား၏။
ၿပိဳင္ဖက္ရဲ့အင္အားက သူနဲ႔တူေနတယ္ဆိုတာ
ေသခ်ာေနၿပီျဖစ္သည္။ ယခုအခိုက္တန႔္အရ
အႏိုင္ရႏိုင္သၫ့္တစ္ခုတည္းေသာနည္းမွာ
သူ႔ရဲ့အထူးတိုက္ကြက္အေပၚ တြင္
အားထားရန္ျဖစ္သည္။ တိုက္စားျခင္းယင္လက္သည္း
ဟု နာမည္တစ္လံုးရထားေသာသူ႔ရဲ့အထူးတိုက္ကြက္
ကို သူယံုၾကည္ေနေသးသည္။
လင္းယုန္အိုႀကီးက ဆယ္ေပေက်ာ္အကြာတြင္
ဆင္းသက္လိုက္ကာ သူ႔ရဲ့ဆန႔္ထုတ္ထားေသာ
ညာဘက္လက္က အနက္ေရာင္ေျပာင္းသြား
ေတာ့သည္။ တိုက္စားျခင္းယင္လက္သည္း၏အစ
ျဖစ္ေသာပတ္ပတ္လည္ရိွမိုးေျမစိတ္စြမ္းအားမ်ား
မွာ ၾကမ္းတမ္းစြာလွၫ့္ပတ္လာ၏။
ၾကၫ့္ရတာ ဤတိုက္ကြက္မွာ အရင္တစ္ခုထက္
ပိုသန္မာပံုရသည္။
အေမွာင္စြမ္းအင္က မုန္တိုင္းထန္ေနသၫ့္ပင္လယ္
ကဲ့သို႔ သူ႔လက္ဝါးမွထြက္ေပၚ လာသည္။
မေရမတြက္ႏိုင္တဲ့ စမ္းေခ်ာင္းေလးေတြနဲ႔
ျမစ္ေတြလိုမ်ိဳး ၄ကဟိန္းေဟာက္လိုက္ၿပီး
အလယ္တြင္စုစည္းသြားကာ ႀကီးမားေသာ
အနက္ေရာင္လက္သည္းႀကီးတစ္ခုျဖစ္လာသည္။
ဤအရာမွာ တိုက္စားျခင္းယင္လက္သည္းအစစ္
ျဖစ္သည္။
သူနဲ႔လက္ရည္တူက်င့္ႀကံသူတစ္ေယာက္အတြက္
ေတာင္မွ တိုက္စားျခင္းယင္လက္သည္းႏွင့္
ေတြ့လ်ွင္ ေရွာင္တိမ္းဆုတ္ခြာရသည္သာျဖစ္၏။
သို႔ေသာ္လည္း လင္းယုန္အိုႀကီးက
ေသေစႏိုင္ေလာက္သၫ့္အမွားတစ္ခု
လုပ္မိသြားသည္။ တိုက္စားျခင္းယင္လက္သည္းက
အေမွာင္ပညာရပ္တစ္ခုျဖစ္ၿပီး
၄က အလြန္အမင္းပံုမွန္မဟုတ္ေနေသာ္ျငား
အားနည္းခ်က္မရိွသည္ေတာ့မဟုတ္ေပ။
၄၏အႀကီးမားဆံုးရန္သူမွာ ယန္မီးေတာက္ျဖစ္ကာ
အရာရာတိုင္းကိုေလာင္ကၽြမ္းႏိုင္သၫ့္
ခ်ီလင္နတ္ဘုရားမီးလ်ွံဟုလည္း သိၾက၏။
ခုနတုန္းက မီးလ်ွံၿမွားက တိုက္စားျခင္း
ယင္လက္သည္းကိုဖ်က္စီးခဲ့ေသာ္လည္း
ၿမွားပံုသ႑ာန္ျဖစ္ေသာေၾကာင့္ အလုပ္ၿပီးေျမာက္
သၫ့္အခါတြင္ ေပ်ာက္ကြယ္သြားခဲ့သည္။
ရလဒ္တစ္ခုအေနနဲ႔ ၄ကိုမီးေတာက္ႏွင့္
လုပ္ထားသည္ဟု လင္းယုန္အိုႀကီးက
မထင္ခဲ့ေပ။ လင္းေရွာင္မွာ သူ႔ကိုတားႏိုင္သၫ့္
ခ်ီလင္နတ္ဘုရားမီးလ်ွံရိွေနတာကိုလဲ
သူမခန႔္မွန္းမိေခ်။
၄မွာတစ္ခဏတာမွားယြင္းတြက္ခ်က္မိျခင္း
ျဖစ္ေသာ္လည္း အသက္အႏၲရာယ္ရိွ၏။
ခ်ီလင္နတ္ဘုရားမီးလ်ွံမွာ လင္းေရွာင္၏
ေမြးရာပါမီးေတာက္ျဖစ္ရာ ၄ကိုဆင့္ေခၚ ဖို႔
သိပ္မၾကာလိုက္ေပ။
လင္းယုန္အိုႀကီးရဲ့အနက္ေရာင္လက္သည္းက
သူ႔ေပၚ က်လာသၫ့္အခါ သူ႔ေျခေထာက္ေအာက္မွ
ခရမ္းေရာင္မီးေတာက္တစ္ခုထြက္လာၿပီး
တစ္ခဏခ်င္းမွာပဲ ခမ္းနားထည္ဝါေသာခ်ီလင္
တစ္ေကာင္အျဖစ္ဖဲြ႔စည္းသြားေတာ့သည္။
၄က သူတို႔ဆီသို႔ရူးေလာက္ဖြယ္အျမန္ႏႈန္းနဲ႔
လာေနတဲ့အနက္ေရာင္လက္သည္းေပၚ ခုန္အုပ္
လိုက္ကာ ခၽြန္ထက္ေသာသြားမ်ားေပၚ ေအာင္
ဟိန္းေဟာက္လိုက္သည္။
ခရမ္းေရာင္ခ်ီလင္က အနက္ေရာင္လက္သည္းကို
စုတ္ၿဖဲလိုက္ၿပီးၿမိဳခ်လိုက္တာကိုျမင္လိုက္ရတဲ့အခါ
လင္းယုန္အိုႀကီးမ်က္ႏွာေပၚ ရိွ
ရိုင္းစိုင္းယုတ္မာေသာအႃပံုးမွာ တမဟုတ္ခ်င္း
ေအးခဲသြားေတာ့သည္။ ေနာက္တစ္စကၠန႔္တြင္
သူ႔အမူအရာက ေၾကာက္လန႔္တုန္လႈပ္လာၿပီး
ဘာမွမေျပာႏိုင္ေတာ့သကဲ့သို႔ သူ႔လည္ေခ်ာင္းက
အေပၚ ေအာက္ေရြ့လ်ားသြား၏။
ခဏအၾကာတြင္.......
" ခရမ္းေရာင္မီးေတာက္? ခ်ီလင္ပံုသ႑ာန္?
ဒီပုဂၢိုလ္က ေတာင္ပိုင္းကုန္းေျမကဂၽြန္ေတာင္တန္းမွာ
ယူအန္းထိုက္ကိုအႏိုင္တိုက္ခဲ့တဲ့လူလား?"
ဂၽြန္ေတာင္တန္းမွ သတင္းမ်ားက
ဗဟိုၿမိဳ႔ေတာ္ကိုေရာက္ခ်င္မွေရာက္ဦးမွာျဖစ္ေပမယ့္
ထံုထ်န္းအဆင့္သတ္မွတ္ခ်က္ကေတာ့
ေျပာင္းလဲျပင္ဆင္ထားတာၾကာၿပီျဖစ္သည္။
ယူအန္းထိုက္ရႈံးနိမ့္ၿပီးေနာက္တြင္ ခ်န္မဟာမိတ္က
သူ႔နာမည္ကို နတ္ဘုရားဆယ္ပါးထဲမွ
ဖယ္ထုတ္ခဲ့သည္။ သူ႔အစားထိုးမွာ
လင္းေမာ့ဟုေခၚ သၫ့္လူတစ္ေယာက္ျဖစ္သည္၊
သူကခ်ီလင္မ်ိဳးႏြယ္ဝင္တစ္ေယာက္ျဖစ္သည္ဟု
လဲ အဆိုရိွ၏။
ထံုထ်န္းအဆင့္သတ္မွတ္ခ်က္ကို လူမ်ားစြာက
အာရံုစိုက္ထားၾကၿပီး ၄ကိုျပန္ျပင္လိုက္သၫ့္
အခါတြင္ တံုက်ိဳးကဲ့သို႔ေသာေဝးလံသၫ့္ေနရာမ်ား
ပင္လ်ွင္ ထိုအေၾကာင္းထြက္လာလာခ်င္း
သိခဲ့ၾက၏။
သို႔ေသာ္ျငားလည္း ဤပုဂၢိုလ္မွာ
ထိုအျဖစ္အပ်က္ၿပီးေနာက္တြင္ထပ္မံထြက္ေပၚ
လာျခင္းမရိွေတာ့ေပ။ ရလဒ္တစ္ခုအေနျဖင့္
သူဘယ္ေရာက္ေနလဲဆိုတာ ဘယ္သူမွမသိခဲ့ၾကေပ။
ထို႔အျပင္ သူကေက်ာ္ၾကားလာကာစ
ျဖစ္ေသာေၾကာင့္ သူ႔ကိုသိသူသိပ္မမ်ားေပ။
ယူအန္းထိုက္က သူႏွင့္အင္အားတူ၏။
သူတို႔ႏွစ္ေယာက္တိုက္ကြက္ဖလွယ္ခဲ့ၾကေပမယ့္
ဘယ္သူကမွမသာခဲ့တာေၾကာင့္ သူသိေနျခင္း
ျဖစ္သည္။ ထို႔ေၾကာင့္ပင္ သူကလင္းေမာ့
ျဖစ္ေၾကာင္းသိလိုက္ရတဲ့အခါ လင္းယုန္အိုႀကီး၏
ထိတ္လန႔္တုန္လႈပ္သြားမႈကိုမွန္းဆၾကၫ့္ႏိုင္၏။
မီးလ်ွံခ်ီလင္က အနက္ေရာင္လက္သည္းကို
အျပၫ့္အဝ ဝါးၿမိဳလိုက္သည္၊ သို႔ေသာ္
လင္းေရွာင္ကခ်က္ခ်င္းျပန္မေခၚ ေပ။
၄က မလွမ္းမကမ္းရိွလင္းယုန္အိုႀကီးေပၚ တြင္
ရည္ရြယ္ထားကာ တစ္ခ်က္ေလာက္တိုက္ရန္
မေနႏိုင္မထိုင္ႏိုင္ျဖစ္ေန၏။
သူ႔က်င့္ႀကံျခင္းႏွင့္ဆိုလ်ွင္ ဘယ္လိုပဲၾကၫ့္ၾကၫ့္
ႏိုင္ႏိုင္ေျခမရိွေပ။
လင္းယုန္အိုႀကီးက ငတံုးမဟုတ္ေပ။
သူသာအခုေနမလြတ္ႏိုင္ရင္ ေနာက္ထပ္အခြင့္ေရး
ရိွမွာမဟုတ္ေတာ့ဘူး။ သူကေျမၾကီးေပၚ က
မ်က္လံုးတစ္ဖက္ကိုေကာက္မလိုက္ၿပီး
ထြက္ေျပးဖို႔ႀကိဳးစားလိုက္သည္။
လင္းေရွာင္က သူ႔ကိုငွက္ေပါက္ေလးအျဖစ္
မေျပာင္းရေသးတာေၾကာင့္ လြတ္ေျမာက္ခြင့္
မေပးႏိုင္ေပ။ မီးလ်ွံခ်ီလင္က လင္းယုန္အိုႀကီးရဲ့
ေျခလွမ္းအတိုင္းလိုက္သြားကာ
သူ႔ထက္နည္းနည္းေလးမွပင္မေနွးေပ။
သူ႔ေနာက္ဘက္က လႈပ္ရွားမႈေတြကိုခံစားမိ
လိုက္သၫ့္အခါ သူ႔မ်က္လံုးမ်ားတြင္
ရက္စက္ေသာအၾကၫ့္တစ္ခ်က္ျဖတ္ေျပးသြား၏။
သူကေလ်ာင္ယႏွင့္အျခားေနာက္လိုက္ႏွစ္ေယာက္ကို
ဆဲြလိုက္ၿပီး မီးလ်ွံခ်ီလင္ဆီပစ္လိုက္သည္။
ထင္ထားခဲ့သလိုပင္ မီးလ်ွံခ်ီလင္ကို
တားဆီးလိုက္ႏိုင္ၿပီး ၄ကစကၠန႔္အနည္းငယ္သာ
ျဖစ္ေသာ္လည္း လံုေလာက္ၿပီျဖစ္သည္။
____________