Unicode
အပိုင်း၄၅၂- တိုင်တန်းခြင်း
လင်းယုန်အိုကြီးပြောလိုက်သည်နှင့်
နေရာလပ်ပတ်လည်ရှိလေထုမှာပိုမိုတင်းမာလာ၏။
ယူရှောင်းမိုထင်ထားတဲ့အတိုင်းပဲ၊ လင်းယုန်
မျိုးနွယ်စုကလူတွေ၊ အထူးသဖြင့်ဒီလူကိုယ်တိုင်က
ကိုယ့်ကိုယ်ကိုပဲမြင်တဲ့ မာနကြီးသူများဖြစ်ကြ
သည်။ သူကိုယ်တိုင်ကအကြောင်းပြချက်လို့
ယုံကြည်နေမှတော့ အကျိုးကြောင်းရှင်းပြလဲ
အကျိုးမရှိချေ။
ညီငယ်လေးထွက်မလာခင်သည်အထိ
၎င်းမှာသာမာန်ရန်ပွဲလေးဖြစ်သည်။ သူ့အကိုကြီးက
ရှုံးသွားတာမြင်တော့ နိုင်တဲ့သူကို
တစ်ချက်လောက်မှမရိုက်ရရင်မကျေနပ်နိုင်ဘူး
ဖြစ်နေတော့၏။
သူ့အတွက်တော့ ဒီလိုဖြစ်ဖူးတာပထမဆုံးဖြစ်သော်
ငြား ဗဟိုမြို့တော်မှလူများအတွက်မူ
ဖြစ်လေ့ဖြစ်ထရှိသောအရာဖြစ်ကာ
ထို့ကြောင့်ပင် သူတို့ဂုဏ်သတင်းက
အောက်ခြေတွင်ရှိ၏။ သို့သော်လည်း
ဘာမှမလုပ်နိုင်ပါချေ၊ သူတို့လက်သီးက
အလွန်အင်အားကြီးသည်လေ။
ဘွဲ့ထူးတူညီသည့် ကျန်လူကိုးယောက်နှင့်
အခြားသောနတ်ဘုရားအဆင့်ကျင့်ကြံသူများမှ
လွဲ၍ သူ့ကိုဆန့်ကျင်နိုင်သူမရှိပေ။
လင်းရှောင်ရှိမနေရင်တောင်မှ ယူရှောင်းမိုက
ထိုကဲ့သို့ရွေးချယ်ရန်မမိုက်မဲပါချေ။
ယခုဘဝက သူ့အတွက်အေးဆေးသည်၊
လူထူးငကြောင်အချို့နှင့်တွေ့ဖူးခဲ့သော်ငြား
ဤကဲ့သို့သောအခြေအနေမျိုးမှာ သူ့အတွက်
ပထမဆုံးဖြစ်သည်။ လင်းယုန်အိုကြီးပြောတာက
သူ့ကိုတကယ်ပဲစိတ်ပျက်စေတယ်၊
သူကဒေါသပေါက်ကွဲတော့မယ်လို့ခံစားနေရတယ်၊
ဒါပေမယ့် သူ့ဦးနှောက်ကတော့ရှုပ်ထွေးမသွားပေ။
သူတကယ်ပဲရွေးရမယ်ဆိုရင် သုံးခုမြောက်
ရွေးချယ်ခွင့်ကိုပဲရွေးမယ်။
ယူရှောင်းမိုက ပြန်မဖြေတော့ပေ၊ ထိုအစား
နောက်သို့နှေးနှေးချင်းဆုတ်သွားလိုက်သည်။
လင်းယုတ်အိုကြီးက အထင်သေးသည့်အပြုံးတစ်ခု
ပေးလိုက်ကာ ခြောက်ခြားဖွယ်အပြုံးတစ်ခုနှင့်
" သုံးထိရေတွက်မယ်၊ အဲ့အထိမရွေးသေးဘူး
ဆိုရင် ငါလုပ်ပေးမယ်လေ"
သူကမလောနေချေ၊ သူ့မှာစနောက်တတ်သည့်စရိုက်
တစ်ခုရှိပြီး ၎င်းက 'ကျောင်းမှာဆော့' သလို
နောက်ပြောင်ခြင်းတော့မဟုတ်ပေ၊
သူနှစ်သက်တာက စိတ်ပျက်အားငယ်ချိန်တွင်
လူများလုပ်တတ်သည့်အမူအရာဖြစ်၏။
၎င်းက သူ့သွေးကိုဆူပွက်စေသည်။
" တစ်!" လင်းယုန်အိုကြီးက ဖြေးဖြေးချင်း
အော်လိုက်သည်။
ယူရှောင်းမိုက ခြေထောက်လှည့်လိုက်ပြီး
ပြေးဖို့ပြင်လိုက်သည်။
အနက်ရောင်အရိပ်တစ်ခုက လူအုပ်ထဲမှ
လျင်မြန်စွာတဟုန်ထိုးထွက်လာပြီး
ယူရှောင်းမိုကို လက်မောင်းမှဆွဲလိုက်သည်။
လင်းယုန်အိုကြီးကတစ်ခဏမျှကြောင်သွားပြီးနောက်
ထရယ်လိုက်၏။ ယူရှောင်းမိုအတွက်ရပ်တည်ပေး
ရဲသူရှိမယ်မထင်ခဲ့ပေ၊ အဆင့်တစ်ဆယ်
နတ်ဆိုးသားရဲတစ်ကောင်ဆိုပိုတောင်မထင်သေး
တယ်။ ဒါကအံ့အားသင့်ဖို့ကောင်းပေမယ့်
အရမ်းအားနည်းလွန်းတယ်။
ယူရှောင်းမိုလွတ်သွားတော့မယ်ဆိုတာ
မြင်လိုက်ရတော့ လျောင်ယက
သူ့မျိုးနွယ်စုခေါင်းဆောင်ကို စိုးရိမ်ပူပန်စွာ
ကြည့်လိုက်သည်။
လင်းယုန်အိုကြီးက နည်းနည်းလေးမှ
ပျာယာခတ်မနေဘဲတည်ငြိမ်အေးဆေးနေသည်။
ထို့နောက် ယူရှောင်းမိုနှင့်အနက်ရောက်အရိပ်တို့
ထွက်ပြေးနေရာဘက်သို့ သာမာန်မျှဝှေ့ယမ်းလိုက်
သည့်အခါ ၎င်းနေရာပတ်ပတ်လည်ရှိနေရာလပ်မှာ
တွန့်ရှုံ့သွားတော့သည်။
ရပ်တန့်၍မရလိုက်သည့်အနက်ရောင်အရိပ်မှာ
ရိုက်ချက်ကိုအပြည့်အဝခံလိုက်ရုံသာတတ်နိုင်ပြီး
လွင့်သွားတော့သည်။ ဆယ်မီတာကျော်မှ
ရပ်လိုက်နိုင်ကာ သူ့ပါးစပ်ထောင့်မှ
သွေးများစီးကျလာ၏။
ယူရှောင်းမိုက မြန်မြန်ပြေးသွားလိုက်ပြီး
စိုးရိမ်စွာပြောလိုက်သည်
" ရှဲ့ချုံး အဆင်ပြေရဲ့လား? ငါ့ကိုမခြောက်ပါနဲ့ကွာ"
သူ့ကိုကယ်လိုက်သည့်သူမှာ ရှဲ့ချုံးဖြစ်သည်။
တည်းခိုခန်းထဲတွင်ရန်ပွဲစကတည်းက
သူသိပြီးသားဖြစ်သည်။ ယူရှောင်းမိုက
အဆင့်တစ်ဆယ်ရောက်နေပြီဆိုတာ မြင်လိုက်
တာကြောင့် ချက်ချင်းပေါ် မလာခဲ့ခြင်းဖြစ်၏။
ထိုမျှမကသေး သူကယူရှောင်းမိုအကြောင်း
သိတယ်၊ သူလုပ်နိုင်တဲ့အရာမဟုတ်ရင်
လုပ်မှာမဟုတ်ပေ။ ထို့ကြောင့်
မျက်လုံးတစ်ဖက်အမာရွတ်နှင့်တိုက်ခိုက်ဖို့
ဆုံးဖြတ်လိုက်တုန်းက ဝင်မပါခဲ့ခြင်းဖြစ်သည်။
ရိုးရိုးသားသားပြောရရင် မျက်လုံးတစ်ဖက်မှာ
' စွမ်းအားကသာအရာရာ'လို့ခံယူထားတဲ့၊
' အများနဲ့မတူတမူထူးခြား' ကိုမှနောက်တစ်ဆင့်ထိ
ရောက်နေတဲ့ ဒီလို 'အံ့အားသင့်ဖွယ်'
ညီငယ်လေးတစ်ယောက်ရှိနေမည်ဟု
သူမထင်ထားခဲ့ချေ။
" ပြေပါတယ်၊ အတွင်းဒဏ်ရာလေးနည်းနည်း
လောက်ပါပဲ" ရှဲ့ချုံးက သူ့ရဲ့ဒဏ်ရာရထားတဲ့
ရင်ဘတ်ကိုဖုံးထားရင်း မတ်တပ်ရပ်လိုက်သည်။
သူ့အတွင်းဒဏ်ရာတွေအကြောင်းကြားလိုက်တဲ့အခါ
ယူရှောင်းမိုက နတ်ဘုရားမှော်ဆေးလုံးတစ်လုံး
ထုတ်လိုက်ပြီး " ဒါစားလိုက်၊ အဆင်ပြေသွား
လိမ့်မယ်"
ရှဲ့ချုံးက လောကဝတ်တွေပြုမနေတော့ဘဲ
ချိုချဉ်ဝါးသလိုဝါးစားလိုက်သည်။
သူ့ဒဏ်ရာများကတစ်ခဏချင်းမှာပဲ
ပိုကောင်းလာပြီး ယူရှောင်းမိုကိုသူ့နောက်မှာ
ကာလိုက်ကာပြောလိုက်သည်
" သခင်၊ ရှေ့ကသွားနှင့်ပြီး
ဒါကိုကျွန်တော်နဲ့ထားခဲ့။ သူတို့ကို
တတ်နိုင်မျှကြာအောင်တားပေးထားမယ်၊
အကြီးအကဲပြန်လာဖို့သိပ်မကြာတော့ပါဘူး"
" မသွားဘူး" သူတစ်ယောက်တည်း
လင်းယုန်အိုကြီးနဲ့ရင်ဆိုင်မယ်လို့ကြားလိုက်ရတဲ့
အချိန် သူကဘယ်လိုလုပ်စိတ်အေးနိုင်မှာလဲ?
" မင်းတို့ကောင်တွေကို မထားခဲ့နိုင်ဘူး၊
ငါ့ကိုယ်ငါဖော်ထုတ်လိုက်ရမယ်ဆိုရင်တောင်
မင်းတို့တွေဘေးကင်းလုံခြုံအောင်
လုပ်ပေးမယ်"
ရှဲ့ချုံးပင်လျှင်စိတ်ပျော့သွားတော့သည်၊
သို့သော် သူစိတ်ထဲခံစားလိုက်ရသော်ငြား
သူ့သဘောထားကတော့မပြောင်းလဲချေ။
ထိုအခိုက်တွင် လင်းယုန်အိုကြီးက
ပြောလိုက်၏ " ငါစိတ်ပြောင်းသွားပြီ"
သူတို့နှစ်ယောက်က သတိထားလိုက်ကာ
ချက်ချင်းသူ့ဘက်လှည့်လိုက်ကြသည်။
လင်းယုန်အိုကြီးက ရယ်လိုက်ပြီး
ယူရှောင်းမိုကိုကြည့်လိုက်ကာ
" မင်းကအဆင့်တစ်ဆယ်မှော်ဆရာတစ်ယောက်
ဖြစ်ပုံရတယ်။ မင်းကိုမသတ်တော့ဘူး၊
ငါကျေနပ်တဲ့အထိ လင်းယုန်မျိုးနွယ်စုအတွက်
ဆေးလုံးသန့်စင်ပေးရမယ်။ ဒါဆိုရင်တော့
မင်းနဲ့မင်းသူငယ်ချင်းတွေရဲ့အသက်ကို
ချမ်းသာပေးဖို့စဉ်းစားပေးမယ်"
ယူရှောင်းမိုက တံတွေးထွေးလိုက်၏။
တစ်ပြိုင်နက်ထဲမှာပဲ လင်းယုန်အိုကြီးရဲ့
အမူအရာကမှောင်မည်းသွားတော့သည်
" မင်းတို့တွေက အကြမ်းနည်းကိုကြိုက်ပုံရတယ်။
ဒီလောက်ထိသေချင်နေမှတော့ ဖြည့်ဆည်းပေး
ရတာပေါ့"
သတ်ဖြတ်လိုစိတ်ကိုတွေ့လိုက်ရသည့်အခါ
ရှဲ့ချုံးက ယူရှောင်းမိုကိုအဝေးတွန်းထုတ်လိုက်ပြီး
ခပ်တိုးတိုးအော်လိုက်သည် " မြန်မြန်၊ သွားတော့!"
" လွတ်မယ်လို့မထင်နဲ့!" လင်းယုန်အိုကြီးက
အေးစက်သည့်အသံနှင့်ပြောနေရင်းဖြင့်
ညာခြေကိုရှေ့သို့တစ်လှမ်းလှမ်းလိုက်ကာ
သူ့ကိုယ်က ရုတ်ခြည်းပျောက်ကွယ်သွား၏။
ထို့နောက်တွင် သူတို့နှစ်ယောက်ရှေ့၌
ရုတ်တရက်ပေါ် လာပြီး သူ့လက်များက
ယူရှောင်းမိုခေါင်းကိုရိုက်ရန် အသင့်ဖြစ်နေသည်။
ရှဲ့ချုံးက သူ့ကိုဆွဲထုတ်ဖို့အချိန်မရှိတော့တာကြောင့်
ကိုယ်လုံးနှင့်ကာလိုက်၏။
နတ်ဒေဝါအဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့
တိုက်ခိုက်မှုက သူ့အတွင်းကလီစာများပင်
ကြေမွသွားသယောင်ခံစားလိုက်ရသည်။
လည်ချောင်းမှသွေးများကိုအတင်းမျိုချလိုက်ပြီး
ယူရှောင်းမိုနှင့်အတူ နောက်ပြန်ဆုတ်လိုက်
တော့သည်။
ယူရှောင်းမိုက ဒေါသထွက်သွားပြီး သူက
လင်းယုန်အိုကြီးရဲ့ပြိုင်ဖက်မဟုတ်ဘူးဆိုတဲ့
အချက်ကိုလျစ်လျူရှုလိုက်တော့သည်။
စိတ်ဝိဉာဉ်အားအမျှင်များ၊ သဘာဝစိတ်ဝိဉာဉ်
စွမ်းအားများဖြင့် သူ့လက်များက လက်စည်းချိပ်တစ်ခုလျင်မြန်စွာပုံဖော်လိုက်ပြီး
အနက်ရောင်စည်းတစ်ခုက တဖြည်းဖြည်း
ဖြစ်ပေါ် လာ၏။ သူကကမ္ဘာမြေစည်းကို
ပုံဖော်ချင်သည်၊ သို့သော်ငြား
သူကထိုစည်းနှင့် မရင်းနှီးသေးဘဲ
၎င်း အပြည့်အစုံဖြစ်ပေါ် လာရန်ဖြုန်းစရာ
အချိန်လဲမရှိချေ၊ သူကလင်းယုန်အိုကြီးရှိရာဘက်ကို
လှည့်လိုက်ပြီး စည်းတံဆိပ်ကိုလွှတ်လိုက်သည်။
သူက တကယ်ပဲပြန်တိုက်ချင်တာကိုမြင်တော့
လင်းယုန်အိုကြီးက အေးစက်စက်ပြုံးလိုက်ပြီး
" ဒါမင်းမှာရှိတာအကုန်ပဲပေါ့?"
ပြောရင်းနှင့်ပင် လက်ဆန့်လိုက်ကာ
အနက်ရောင်စည်းကိုဆွဲလိုက်သည်။
ယူရှောင်းမိုမပျော်နိုင်သေးခင်မှာပဲ
အနက်ရောင်စည်းက သူ့လက်ထဲမှာ
အကြိမ်အနည်းငယ်မျှယမ်းခါသွားပြီး
တစ်ဖြည်းဖြည်းအားနည်းလာကာ
ပျောက်ကွယ်သွားတော့၏။
" မင်းသရုပ်ပြတာပြီးပြီဆိုတော့ ငါ့အလှည့်ပေါ့။
ဒီနေ့ မင်းကို တိုက်စားခြင်းယင်လက်သည်းရဲ့
စွမ်းအားကိုမြည်းစမ်းခိုင်းမှာဆိုတော့
ဂုဏ်ယူသင့်တယ်"
လင်းယုန်အိုကြီးက အင်္ကျီလက်ကိုခါလိုက်သည်၊
ညာလက်ဝါးမှ အနက်ရောင်လေထွက်လာပြီး
သူ့လက်ကိုကြမ်းတမ်းစွာရစ်ပတ်သွား၏။
နောက်အခိုက်အတန့်တွင် ၎င်းက
ကြီးမားသည့်အနက်ရောင်လက်သည်းကြီးတစ်ခု
အဖြစ်ပြောင်းသွားပြီး ယူရှောင်းမိုပေါ် အုပ်သွားကာ
စိတ်ပျက်ဆိုးရွားသောအငွေ့အသက်တစ်ခုနှင့်
သူတို့ဆီဆင်းသက်လာတော့သည်။
နတ်ဘုရားဆယ်ပါးထဲမှတစ်ယောက်အနေဖြင့်
သူ့မှာထင်ရှားသည့်အမှတ်အသားတိုက်ကွက်
တစ်ခုမရှိဘူးဆိုတာ မဖြစ်နိုင်ပေ၊
သို့ပေမယ့် သူတို့အများစုရဲ့ပွင့်လင်းရိုးသားတဲ့
ကျင့်စဉ်များနှင့်ယှဉ်လျှင် လင်းယုန်အိုကြီး၏
တိုက်ခိုက်မှုက သူ့စရိုက်ကဲ့သို့ပင်
ရက်စက်ယုတ်မာ၏။ ထို့ကြောင့်
တိုက်ကွက်အများစုက အဆိပ်နှင့် အဆိပ်ကဲ့သို့သော
အရာများဖြစ်လေသည်။
တိုက်စားခြင်းယင်လက်သည်းကိုဥပမာယူရရင်
၎င်းကို မရေမတွက်နိုင်သောမိန်းမပျိုလေးများကို
သတ်ပြီး လက်များကိုယင်ကျင့်ကြံဖို့အတွက်
အသုံးပြုကာဖန်တီးထားခြင်းဖြစ်သည်။
နှစ်ပေါင်းများစွာသန့်စင်ပြီးနောက်တွင်မူ
ယင်အဆိပ်ဖြစ်လာ၏။ ဤကျင့်စဉ်ကြောင့်
ဒဏ်ရာရသွားသူများ၏အသားမှာ ပုပ်လာရုံသာမက
သူတို့စိတ်ဝိဉာဉ်ကိုလဲထိခိုက်စေသည်။
အရင်တုန်းက ၎င်းကကြီးမားသည့်ဂယက်ရိုက်မှု
ကြီးဖြစ်စေခဲ့သည်။
မှော်ဆရာတစ်ယောက်အတွက် စိတ်ဝိဉာဉ်က
အလွန်အရေးကြီးကာ တစ်ခါပျက်စီးသွားလျှင်
ပြန်ကုရခက်ပြီး အဆင့်ကိုလဲ လျော့ကျသွားစေမည်
ဖြစ်သည်။ သို့ဖြစ်၍ ၎င်းကဘောင်ကျော်နေခြင်း
ဖြစ်ရင်တောင်မှ လင်းယုန်အိုကြီး၏
ယုတ်မာသောအကြံကိုလူတိုင်းပြောနိုင်၏;
မင်းမရနိုင်ရင် ဖျက်စီးပစ်လိုက်။
ရှဲ့ချုံးက တိုက်စားခြင်းယင်လက်သည်းအကြောင်း
မသိသော်လည်း သူတို့မရှောင်ရင်သေဖို့ပဲရှိတယ်
ဆိုတာတော့ ပြောနိုင်သည်။
သူကယူရှောင်းမိုကိုတွန်းထုတ်တော့မယ့်
အချိန်မှာပဲ ယူရှောင်းမိုကသူ့ထက်
တစ်လှမ်းသာသွားပြီး နေရာလပ်တစ်ခုဆီသို့
ကော်လံကနေဆွဲသွားတော့၏ " ပြေး!"
ယခုမှာအချိန်မှန်မဟုတ်သော်လည်း
ရှဲ့ချုံးက နှုတ်ခမ်းများတွန့်လိုက်မိသည်။
သို့ပေမယ့် သူတို့ဘယ်လောက်ပဲမြန်မြန်၊
ယူရှောင်းမိုပေါ် အုပ်မိုးထားပြီးဖြစ်သည့်
အနက်ရောင်လက်သည်းကိုမရှောင်နိုင်တော့ချေ။
သူတို့ထဲကတစ်ယောက်က ခံယူလိုက်တာမဟုတ်ရင်
မရှောင်တိမ်းနိုင်တော့ရာ
ဒါကသေကြောင်းကြံသလိုဖြစ်နေရင်တောင်မှ
တစ်ခြားနည်းမရှိတော့ပေ။ ဒါကိုသဘောပေါက်
သွားတဲ့အခါ ရှဲ့ချုံးက လက်မြှောက်လိုက်ပြီး
သူ့နှလုံးသားကိုမာကြောလိုက်ကာ
ယူရှောင်းမိုကို နောက်ကျောမှအဝေးသို့ရိုက်ထုတ်
လိုက်တော့သည်။
သူသဘောမပေါက်လိုက်တာက ယူရှောင်းမိုက
သူတစ်ယောက်တည်းရင်ဆိုင်လိုက်မှာ
ကြောက်ပြီး ဖယ်မရတဲ့အားနဲ့သူ့ကိုဆွဲထားတာပဲ။
ထို့ကြောင့် သူ့လက်ကယူရှောင်းမိုနောက်ကျောနဲ့
ထိသွားတဲ့အခါ ယူရှောင်းမိုက
လွင့်ထွက်သွားသည်
သို့ပေမယ့်..... တစ်ချိန်တည်းမှာပဲသူကလဲ
တန်းလန်းကြီးပါသွားတော့၏။
ရှဲ့ချုံးက လည်းပင်းအစ်ပြီးသေတော့မလို
ဖြစ်နေသည်။
ထူးဆန်းသည်မှာ ရှဲ့ချုံးက ယူရှောင်းမိုပြန်ပေါက်
လိုက်တာခံလိုက်ရသလိုပင်
ယူရှောင်းမိုရှေ့ သို့ပျံထွက်သွားခြင်းဖြစ်သည်၊
သူတို့နှစ်ယောက် မြေကြီးပေါ် ပြန်ကျသည့်အခါ
ယူရှောင်းမိုက မူလနေရာနှင့်သိပ်မဝေးနေ။
ယူရှောင်းမိုပြန်ထလိုက်သည့်အခါ
အနက်ရောင်လက်သည်းကြီးက
သူ့ရှေ့ ရောက်နေပြီဖြစ်သည်။ သူ့တစ်ကိုယ်လုံးကို
ဝါးမြိုတော့မည့်အချိန်တွင် အမြီးတွင်
ခရမ်းရောင်မီးတောက်တစ်ခုစွဲငြိနေသော
မြှားတစ်ချောင်းက နေရာလပ်ကိုပိုင်းဖြတ်ကာ
ထွက်ပေါ် လာ၏။ ၎င်းက
ယူရှောင်းမိုကိုဖြတ်ကျော်သွားပြီး
အနက်ရောင်လက်သည်း၏ အလယ်ခေါင်တည့်တည့်သို့ ထိမှန်သွားသည်။
လူအုပ်ကြီးရဲ့ထိတ်လန့်အံ့အားသင့်နေသည့်အကြည့်
အောက်တွင် အနက်ရောင်လက်သည်းက
ပြိုင်ဖက်တစ်ယောက်တွေ့လိုက်ရသည့်အလား
လျင်မြန်စွာတုန်ခါလာပြီး စက္ကန့်အနဲငယ်
အကြာတွင်ရုန်းကန်နေတာရပ်သွားကာ
မြှားကြောင့်အလယ်မှနှစ်ခြမ်းကွဲသွားတော့သည်။
ဘာဖြစ်သွားလဲဆိုတာ ယူရှောင်းမိုမသိသေးခင်မှာ
တစ်စုံတစ်ယောက်၏ရင်ခွင်ထဲရောက်သွား၏။
ထိုလူ၏အေးဆေးတည်ငြိမ်သောအသံက
သူ့ခေါင်းထက်မှထွက်လာသည်
" ငတုံးလေး၊ လျှောက်ဆော့နေရတာ
ပျော်ရဲ့လား?"
' ငတုံး' မှာသူ့ရင်ခွင်ထဲတွင် ပျော်ကျသွားပြီး
ပြန်ကန့်ကွက်လိုက်သည်
" ဒါပေမယ့် ကျွန်တော်ကလျှောက်ဆော့နေတာမှ
မဟုတ်တာ"
လင်းရှောင်က သူ့ကို ရင်ခွင်ထဲကနေဆွဲထုတ်လိုက်ပြီး
အကြည့်ချင်းဆုံစေလိုက်သည်။
' ငတုံး' မှာ သူနားမလည်သည့်ခံစားချက်များပါ
နေသော နက်ရှိုင်းသည့်မျက်လုံးတစ်စုံနှင့်
အကြည့်ချင်းဆုံသွားတော့၏။ သူကဇက်ကလေး
ပုလိုက်ကာ သနားစဖွယ်ပုံလေးနှင့်
စတင်တိုင်တန်းတော့သည်။
" အီး... ဟီး.... ကျွန်တော့်အမှားမှမဟုတ်တာ၊
လင်းယုန်အိုကြီးကမျှမျှတတမဆော့တာလေ။
သူ့အရှုံးကိုလက်မခံဘဲ ကျွန်တော့်ကို
သတ်တောင်သတ်ချင်နေတယ်......."
ထို့နောက် လင်းရှောင်ကိုအကျဉ်းချုံးရှင်းပြလိုက်
သည်။
ထိုအချိန်တွင် မီးမြှားနှင့်အနက်ရောင်လက်သည်း၏
ရုတ်ရုတ်သဲသဲမြင်ကွင်းက ငြိမ်သွားပြီဖြစ်ရာ
လင်းယုန်အိုကြီးနှင့်သူ့ပြိုင်ဖက်၏အရိပ်များက
ပေါ် လာပြီး အံ့အားသင့်စွာကြည့်လိုက်ကြသည်။
လင်းရှောင်က ခေါင်းစောင်းလိုက်သည်၊
သူ့ရဲ့ထိုးဖောက်နိုင်သည့်အကြည့်တွင်
တုန်လှုပ်ဖွယ်ကောင်းသည့်ကြမ်းကြုတ်မှုတစ်ခု
လက်သွား၏။ စိုးရိမ်ကြောင့်ကြနေပြီး
သင်္ကာမကင်းဖြစ်နေသည့်လင်းယုန်အိုကြီး၏
အကြည့်နှင့်တွေ့သွားသည့်အခါ
လင်းရှောင်က ခပ်သဲ့သဲ့ပြုံးလိုက်ပြီး
" မင်းကြည့်နေ၊ ဒီလင်းယုန်အိုကြီးကို
ငှက်ပေါက်လေးဖြစ်အောင် ကိုယ်ပြောင်းပေးမယ်"
__________
Zawgyi
အပိုင္း၄၅၂- တိုင္တန္းျခင္း
လင္းယုန္အိုႀကီးေျပာလိုက္သည္ႏွင့္
ေနရာလပ္ပတ္လည္ရိွေလထုမွာပိုမိုတင္းမာလာ၏။
ယူေရွာင္းမိုထင္ထားတဲ့အတိုင္းပဲ၊ လင္းယုန္
မ်ိဳးႏြယ္စုကလူေတြ၊ အထူးသျဖင့္ဒီလူကိုယ္တိုင္က
ကိုယ့္ကိုယ္ကိုပဲျမင္တဲ့ မာနႀကီးသူမ်ားျဖစ္ၾက
သည္။ သူကိုယ္တိုင္ကအေၾကာင္းျပခ်က္လို႔
ယံုၾကည္ေနမွေတာ့ အက်ိဳးေၾကာင္းရွင္းျပလဲ
အက်ိဳးမရိွေခ်။
ညီငယ္ေလးထြက္မလာခင္သည္အထိ
၄မွာသာမာန္ရန္ပဲြေလးျဖစ္သည္။ သူ႔အကိုႀကီးက
ရႈံးသြားတာျမင္ေတာ့ ႏိုင္တဲ့သူကို
တစ္ခ်က္ေလာက္မွမရိုက္ရရင္မေက်နပ္ႏိုင္ဘူး
ျဖစ္ေနေတာ့၏။
သူ႔အတြက္ေတာ့ ဒီလိုျဖစ္ဖူးတာပထမဆံုးျဖစ္ေသာ္
ျငား ဗဟိုၿမိဳ႔ေတာ္မွလူမ်ားအတြက္မူ
ျဖစ္ေလ့ျဖစ္ထရိွေသာအရာျဖစ္ကာ
ထို႔ေၾကာင့္ပင္ သူတို႔ဂုဏ္သတင္းက
ေအာက္ေျခတြင္ရိွ၏။ သို႔ေသာ္လည္း
ဘာမွမလုပ္ႏိုင္ပါေခ်၊ သူတို႔လက္သီးက
အလြန္အင္အားႀကီးသည္ေလ။
ဘဲြ႔ထူးတူညီသၫ့္ က်န္လူကိုးေယာက္ႏွင့္
အျခားေသာနတ္ဘုရားအဆင့္က်င့္ႀကံသူမ်ားမွ
လဲြ၍ သူ႔ကိုဆန႔္က်င္ႏိုင္သူမရိွေပ။
လင္းေရွာင္ရိွမေနရင္ေတာင္မွ ယူေရွာင္းမိုက
ထိုကဲ့သို႔ေရြးခ်ယ္ရန္မမိုက္မဲပါေခ်။
ယခုဘဝက သူ႔အတြက္ေအးေဆးသည္၊
လူထူးငေၾကာင္အခ်ိဳ႕ႏွင့္ေတြ့ဖူးခဲ့ေသာ္ျငား
ဤကဲ့သို႔ေသာအေျခအေနမ်ိဳးမွာ သူ႔အတြက္
ပထမဆံုးျဖစ္သည္။ လင္းယုန္အိုႀကီးေျပာတာက
သူ႔ကိုတကယ္ပဲစိတ္ပ်က္ေစတယ္၊
သူကေဒါသေပါက္ကဲြေတာ့မယ္လို႔ခံစားေနရတယ္၊
ဒါေပမယ့္ သူ႔ဦးေနွာက္ကေတာ့ရႈပ္ေထြးမသြားေပ။
သူတကယ္ပဲေရြးရမယ္ဆိုရင္ သံုးခုေျမာက္
ေရြးခ်ယ္ခြင့္ကိုပဲေရြးမယ္။
ယူေရွာင္းမိုက ျပန္မေျဖေတာ့ေပ၊ ထိုအစား
ေနာက္သို႔ေနွးေနွးခ်င္းဆုတ္သြားလိုက္သည္။
လင္းယုတ္အိုႀကီးက အထင္ေသးသၫ့္အႃပံုးတစ္ခု
ေပးလိုက္ကာ ေျခာက္ျခားဖြယ္အႃပံုးတစ္ခုႏွင့္
" သံုးထိေရတြက္မယ္၊ အဲ့အထိမေရြးေသးဘူး
ဆိုရင္ ငါလုပ္ေပးမယ္ေလ"
သူကမေလာေနေခ်၊ သူ႔မွာစေနာက္တတ္သၫ့္စရိုက္
တစ္ခုရိွၿပီး ၄က 'ေက်ာင္းမွာေဆာ့' သလို
ေနာက္ေျပာင္ျခင္းေတာ့မဟုတ္ေပ၊
သူႏွစ္သက္တာက စိတ္ပ်က္အားငယ္ခ်ိန္တြင္
လူမ်ားလုပ္တတ္သၫ့္အမူအရာျဖစ္၏။
၄က သူ႔ေသြးကိုဆူပြက္ေစသည္။
" တစ္!" လင္းယုန္အိုႀကီးက ေျဖးေျဖးခ်င္း
ေအာ္လိုက္သည္။
ယူေရွာင္းမိုက ေျခေထာက္လွၫ့္လိုက္ၿပီး
ေျပးဖို႔ျပင္လိုက္သည္။
အနက္ေရာင္အရိပ္တစ္ခုက လူအုပ္ထဲမွ
လ်င္ျမန္စြာတဟုန္ထိုးထြက္လာၿပီး
ယူေရွာင္းမိုကို လက္ေမာင္းမွဆဲြလိုက္သည္။
လင္းယုန္အိုႀကီးကတစ္ခဏမ်ွေၾကာင္သြားၿပီးေနာက္
ထရယ္လိုက္၏။ ယူေရွာင္းမိုအတြက္ရပ္တည္ေပး
ရဲသူရိွမယ္မထင္ခဲ့ေပ၊ အဆင့္တစ္ဆယ္
နတ္ဆိုးသားရဲတစ္ေကာင္ဆိုပိုေတာင္မထင္ေသး
တယ္။ ဒါကအံ့အားသင့္ဖို႔ေကာင္းေပမယ့္
အရမ္းအားနည္းလြန္းတယ္။
ယူေရွာင္းမိုလြတ္သြားေတာ့မယ္ဆိုတာ
ျမင္လိုက္ရေတာ့ ေလ်ာင္ယက
သူ႔မ်ိဳးႏြယ္စုေခါင္းေဆာင္ကို စိုးရိမ္ပူပန္စြာ
ၾကၫ့္လိုက္သည္။
လင္းယုန္အိုႀကီးက နည္းနည္းေလးမွ
ပ်ာယာခတ္မေနဘဲတည္ၿငိမ္ေအးေဆးေနသည္။
ထို႔ေနာက္ ယူေရွာင္းမိုႏွင့္အနက္ေရာက္အရိပ္တို႔
ထြက္ေျပးေနရာဘက္သို႔ သာမာန္မ်ွေဝ႔ွယမ္းလိုက္
သၫ့္အခါ ၄ေနရာပတ္ပတ္လည္ရိွေနရာလပ္မွာ
တြန႔္ရႈံ႔သြားေတာ့သည္။
ရပ္တန႔္၍မရလိုက္သၫ့္အနက္ေရာင္အရိပ္မွာ
ရိုက္ခ်က္ကိုအျပၫ့္အဝခံလိုက္ရံုသာတတ္ႏိုင္ၿပီး
လြင့္သြားေတာ့သည္။ ဆယ္မီတာေက်ာ္မွ
ရပ္လိုက္ႏိုင္ကာ သူ႔ပါးစပ္ေထာင့္မွ
ေသြးမ်ားစီးက်လာ၏။
ယူေရွာင္းမိုက ျမန္ျမန္ေျပးသြားလိုက္ၿပီး
စိုးရိမ္စြာေျပာလိုက္သည္
" ရွဲ႔ခ်ဳံး အဆင္ေျပရဲ့လား? ငါ့ကိုမေျခာက္ပါနဲ႔ကြာ"
သူ႔ကိုကယ္လိုက္သၫ့္သူမွာ ရွဲ႔ခ်ဳံးျဖစ္သည္။
တည္းခိုခန္းထဲတြင္ရန္ပဲြစကတည္းက
သူသိၿပီးသားျဖစ္သည္။ ယူေရွာင္းမိုက
အဆင့္တစ္ဆယ္ေရာက္ေနၿပီဆိုတာ ျမင္လိုက္
တာေၾကာင့္ ခ်က္ခ်င္းေပၚ မလာခဲ့ျခင္းျဖစ္၏။
ထိုမ်ွမကေသး သူကယူေရွာင္းမိုအေၾကာင္း
သိတယ္၊ သူလုပ္ႏိုင္တဲ့အရာမဟုတ္ရင္
လုပ္မွာမဟုတ္ေပ။ ထို႔ေၾကာင့္
မ်က္လံုးတစ္ဖက္အမာရြတ္ႏွင့္တိုက္ခိုက္ဖို႔
ဆံုးျဖတ္လိုက္တုန္းက ဝင္မပါခဲ့ျခင္းျဖစ္သည္။
ရိုးရိုးသားသားေျပာရရင္ မ်က္လံုးတစ္ဖက္မွာ
' စြမ္းအားကသာအရာရာ'လို႔ခံယူထားတဲ့၊
' အမ်ားနဲ႔မတူတမူထူးျခား' ကိုမွေနာက္တစ္ဆင့္ထိ
ေရာက္ေနတဲ့ ဒီလို 'အံ့အားသင့္ဖြယ္'
ညီငယ္ေလးတစ္ေယာက္ရိွေနမည္ဟု
သူမထင္ထားခဲ့ေခ်။
" ေျပပါတယ္၊ အတြင္းဒဏ္ရာေလးနည္းနည္း
ေလာက္ပါပဲ" ရွဲ႔ခ်ဳံးက သူ႔ရဲ့ဒဏ္ရာရထားတဲ့
ရင္ဘတ္ကိုဖံုးထားရင္း မတ္တပ္ရပ္လိုက္သည္။
သူ႔အတြင္းဒဏ္ရာေတြအေၾကာင္းၾကားလိုက္တဲ့အခါ
ယူေရွာင္းမိုက နတ္ဘုရားေမွာ္ေဆးလံုးတစ္လံုး
ထုတ္လိုက္ၿပီး " ဒါစားလိုက္၊ အဆင္ေျပသြား
လိမ့္မယ္"
ရွဲ႔ခ်ဳံးက ေလာကဝတ္ေတျြပဳမေနေတာ့ဘဲ
ခ်ိဳခ်ဉ္ဝါးသလိုဝါးစားလိုက္သည္။
သူ႔ဒဏ္ရာမ်ားကတစ္ခဏခ်င္းမွာပဲ
ပိုေကာင္းလာၿပီး ယူေရွာင္းမိုကိုသူ႔ေနာက္မွာ
ကာလိုက္ကာေျပာလိုက္သည္
" သခင္၊ ေရ႔ွကသြားႏွင့္ၿပီး
ဒါကိုကၽြန္ေတာ္နဲ႔ထားခဲ့။ သူတို႔ကို
တတ္ႏိုင္မ်ွၾကာေအာင္တားေပးထားမယ္၊
အႀကီးအကဲျပန္လာဖို႔သိပ္မၾကာေတာ့ပါဘူး"
" မသြားဘူး" သူတစ္ေယာက္တည္း
လင္းယုန္အိုႀကီးနဲ႔ရင္ဆိုင္မယ္လို႔ၾကားလိုက္ရတဲ့
အခ်ိန္ သူကဘယ္လိုလုပ္စိတ္ေအးႏိုင္မွာလဲ?
" မင္းတို႔ေကာင္ေတြကို မထားခဲ့ႏိုင္ဘူး၊
ငါ့ကိုယ္ငါေဖာ္ထုတ္လိုက္ရမယ္ဆိုရင္ေတာင္
မင္းတို႔ေတြေဘးကင္းလံုႃခံုေအာင္
လုပ္ေပးမယ္"
ရွဲ႔ခ်ဳံးပင္လ်ွင္စိတ္ေပ်ာ့သြားေတာ့သည္၊
သို႔ေသာ္ သူစိတ္ထဲခံစားလိုက္ရေသာ္ျငား
သူ႔သေဘာထားကေတာ့မေျပာင္းလဲေခ်။
ထိုအခိုက္တြင္ လင္းယုန္အိုႀကီးက
ေျပာလိုက္၏ " ငါစိတ္ေျပာင္းသြားၿပီ"
သူတို႔ႏွစ္ေယာက္က သတိထားလိုက္ကာ
ခ်က္ခ်င္းသူ႔ဘက္လွၫ့္လိုက္ၾကသည္။
လင္းယုန္အိုႀကီးက ရယ္လိုက္ၿပီး
ယူေရွာင္းမိုကိုၾကၫ့္လိုက္ကာ
" မင္းကအဆင့္တစ္ဆယ္ေမွာ္ဆရာတစ္ေယာက္
ျဖစ္ပံုရတယ္။ မင္းကိုမသတ္ေတာ့ဘူး၊
ငါေက်နပ္တဲ့အထိ လင္းယုန္မ်ိဳးႏြယ္စုအတြက္
ေဆးလံုးသန႔္စင္ေပးရမယ္။ ဒါဆိုရင္ေတာ့
မင္းနဲ႔မင္းသူငယ္ခ်င္းေတြရဲ့အသက္ကို
ခ်မ္းသာေပးဖို႔စဉ္းစားေပးမယ္"
ယူေရွာင္းမိုက တံေတြးေထြးလိုက္၏။
တစ္ၿပိဳင္နက္ထဲမွာပဲ လင္းယုန္အိုႀကီးရဲ့
အမူအရာကေမွာင္မည္းသြားေတာ့သည္
" မင္းတို႔ေတြက အၾကမ္းနည္းကိုႀကိဳက္ပံုရတယ္။
ဒီေလာက္ထိေသခ်င္ေနမွေတာ့ ျဖၫ့္ဆည္းေပး
ရတာေပါ့"
သတ္ျဖတ္လိုစိတ္ကိုေတြ့လိုက္ရသၫ့္အခါ
ရွဲ႔ခ်ဳံးက ယူေရွာင္းမိုကိုအေဝးတြန္းထုတ္လိုက္ၿပီး
ခပ္တိုးတိုးေအာ္လိုက္သည္ " ျမန္ျမန္၊ သြားေတာ့!"
" လြတ္မယ္လို႔မထင္နဲ႔!" လင္းယုန္အိုႀကီးက
ေအးစက္သၫ့္အသံႏွင့္ေျပာေနရင္းျဖင့္
ညာေျခကိုေရ႔ွသို႔တစ္လွမ္းလွမ္းလိုက္ကာ
သူ႔ကိုယ္က ရုတ္ျခည္းေပ်ာက္ကြယ္သြား၏။
ထို႔ေနာက္တြင္ သူတို႔ႏွစ္ေယာက္ေရ႔ွ၌
ရုတ္တရက္ေပၚ လာၿပီး သူ႔လက္မ်ားက
ယူေရွာင္းမိုေခါင္းကိုရိုက္ရန္ အသင့္ျဖစ္ေနသည္။
ရွဲ႔ခ်ဳံးက သူ႔ကိုဆဲြထုတ္ဖို႔အခ်ိန္မရိွေတာ့တာေၾကာင့္
ကိုယ္လံုးႏွင့္ကာလိုက္၏။
နတ္ေဒဝါအဆင့္က်င့္ႀကံသူတစ္ေယာက္ရဲ့
တိုက္ခိုက္မႈက သူ႔အတြင္းကလီစာမ်ားပင္
ေၾကမြသြားသေယာင္ခံစားလိုက္ရသည္။
လည္ေခ်ာင္းမွေသြးမ်ားကိုအတင္းမ်ိဳခ်လိုက္ၿပီး
ယူေရွာင္းမိုႏွင့္အတူ ေနာက္ျပန္ဆုတ္လိုက္
ေတာ့သည္။
ယူေရွာင္းမိုက ေဒါသထြက္သြားၿပီး သူက
လင္းယုန္အိုႀကီးရဲ့ၿပိဳင္ဖက္မဟုတ္ဘူးဆိုတဲ့
အခ်က္ကိုလ်စ္လ်ူရႈလိုက္ေတာ့သည္။
စိတ္ဝိဉာဉ္အားအမ်ွင္မ်ား၊ သဘာဝစိတ္ဝိဉာဉ္
စြမ္းအားမ်ားျဖင့္ သူ႔လက္မ်ားက လက္စည္းခ်ိပ္တစ္ခုလ်င္ျမန္စြာပံုေဖာ္လိုက္ၿပီး
အနက္ေရာင္စည္းတစ္ခုက တျဖည္းျဖည္း
ျဖစ္ေပၚ လာ၏။ သူကကမ႓ာေျမစည္းကို
ပံုေဖာ္ခ်င္သည္၊ သို႔ေသာ္ျငား
သူကထိုစည္းႏွင့္ မရင္းႏွီးေသးဘဲ
၄ အျပၫ့္အစံုျဖစ္ေပၚ လာရန္ျဖဳန္းစရာ
အခ်ိန္လဲမရိွေခ်၊ သူကလင္းယုန္အိုႀကီးရိွရာဘက္ကို
လွၫ့္လိုက္ၿပီး စည္းတံဆိပ္ကိုလႊတ္လိုက္သည္။
သူက တကယ္ပဲျပန္တိုက္ခ်င္တာကိုျမင္ေတာ့
လင္းယုန္အိုႀကီးက ေအးစက္စက္ႃပံုးလိုက္ၿပီး
" ဒါမင္းမွာရိွတာအကုန္ပဲေပါ့?"
ေျပာရင္းႏွင့္ပင္ လက္ဆန႔္လိုက္ကာ
အနက္ေရာင္စည္းကိုဆဲြလိုက္သည္။
ယူေရွာင္းမိုမေပ်ာ္ႏိုင္ေသးခင္မွာပဲ
အနက္ေရာင္စည္းက သူ႔လက္ထဲမွာ
အႀကိမ္အနည္းငယ္မ်ွယမ္းခါသြားၿပီး
တစ္ျဖည္းျဖည္းအားနည္းလာကာ
ေပ်ာက္ကြယ္သြားေတာ့၏။
" မင္းသရုပ္ျပတာၿပီးၿပီဆိုေတာ့ ငါ့အလွၫ့္ေပါ့။
ဒီေန့ မင္းကို တိုက္စားျခင္းယင္လက္သည္းရဲ့
စြမ္းအားကိုျမည္းစမ္းခိုင္းမွာဆိုေတာ့
ဂုဏ္ယူသင့္တယ္"
လင္းယုန္အိုႀကီးက အက်ႌလက္ကိုခါလိုက္သည္၊
ညာလက္ဝါးမွ အနက္ေရာင္ေလထြက္လာၿပီး
သူ႔လက္ကိုၾကမ္းတမ္းစြာရစ္ပတ္သြား၏။
ေနာက္အခိုက္အတန႔္တြင္ ၄က
ႀကီးမားသၫ့္အနက္ေရာင္လက္သည္းႀကီးတစ္ခု
အျဖစ္ေျပာင္းသြားၿပီး ယူေရွာင္းမိုေပၚ အုပ္သြားကာ
စိတ္ပ်က္ဆိုးရြားေသာအေငြ့အသက္တစ္ခုႏွင့္
သူတို႔ဆီဆင္းသက္လာေတာ့သည္။
နတ္ဘုရားဆယ္ပါးထဲမွတစ္ေယာက္အေနျဖင့္
သူ႔မွာထင္ရွားသၫ့္အမွတ္အသားတိုက္ကြက္
တစ္ခုမရိွဘူးဆိုတာ မျဖစ္ႏိုင္ေပ၊
သို႔ေပမယ့္ သူတို႔အမ်ားစုရဲ့ပြင့္လင္းရိုးသားတဲ့
က်င့္စဉ္မ်ားႏွင့္ယွဉ္လ်ွင္ လင္းယုန္အိုႀကီး၏
တိုက္ခိုက္မႈက သူ႔စရိုက္ကဲ့သို႔ပင္
ရက္စက္ယုတ္မာ၏။ ထို႔ေၾကာင့္
တိုက္ကြက္အမ်ားစုက အဆိပ္ႏွင့္ အဆိပ္ကဲ့သို႔ေသာ
အရာမ်ားျဖစ္ေလသည္။
တိုက္စားျခင္းယင္လက္သည္းကိုဥပမာယူရရင္
၄ကို မေရမတြက္ႏိုင္ေသာမိန္းမပ်ိဳေလးမ်ားကို
သတ္ၿပီး လက္မ်ားကိုယင္က်င့္ႀကံဖို႔အတြက္
အသံုးျပဳကာဖန္တီးထားျခင္းျဖစ္သည္။
ႏွစ္ေပါင္းမ်ားစြာသန႔္စင္ၿပီးေနာက္တြင္မူ
ယင္အဆိပ္ျဖစ္လာ၏။ ဤက်င့္စဉ္ေၾကာင့္
ဒဏ္ရာရသြားသူမ်ား၏အသားမွာ ပုပ္လာရံုသာမက
သူတို႔စိတ္ဝိဉာဉ္ကိုလဲထိခိုက္ေစသည္။
အရင္တုန္းက ၄ကႀကီးမားသၫ့္ဂယက္ရိုက္မႈ
ႀကီးျဖစ္ေစခဲ့သည္။
ေမွာ္ဆရာတစ္ေယာက္အတြက္ စိတ္ဝိဉာဉ္က
အလြန္အေရးႀကီးကာ တစ္ခါပ်က္စီးသြားလ်ွင္
ျပန္ကုရခက္ၿပီး အဆင့္ကိုလဲ ေလ်ာ့က်သြားေစမည္
ျဖစ္သည္။ သို႔ျဖစ္၍ ၄ကေဘာင္ေက်ာ္ေနျခင္း
ျဖစ္ရင္ေတာင္မွ လင္းယုန္အိုႀကီး၏
ယုတ္မာေသာအႀကံကိုလူတိုင္းေျပာႏိုင္၏;
မင္းမရႏိုင္ရင္ ဖ်က္စီးပစ္လိုက္။
ရွဲ႔ခ်ဳံးက တိုက္စားျခင္းယင္လက္သည္းအေၾကာင္း
မသိေသာ္လည္း သူတို႔မေရွာင္ရင္ေသဖို႔ပဲရိွတယ္
ဆိုတာေတာ့ ေျပာႏိုင္သည္။
သူကယူေရွာင္းမိုကိုတြန္းထုတ္ေတာ့မယ့္
အခ်ိန္မွာပဲ ယူေရွာင္းမိုကသူ႔ထက္
တစ္လွမ္းသာသြားၿပီး ေနရာလပ္တစ္ခုဆီသို႔
ေကာ္လံကေနဆဲြသြားေတာ့၏ " ေျပး!"
ယခုမွာအခ်ိန္မွန္မဟုတ္ေသာ္လည္း
ရွဲ႔ခ်ဳံးက ႏႈတ္ခမ္းမ်ားတြန႔္လိုက္မိသည္။
သို႔ေပမယ့္ သူတို႔ဘယ္ေလာက္ပဲျမန္ျမန္၊
ယူေရွာင္းမိုေပၚ အုပ္မိုးထားၿပီးျဖစ္သၫ့္
အနက္ေရာင္လက္သည္းကိုမေရွာင္ႏိုင္ေတာ့ေခ်။
သူတို႔ထဲကတစ္ေယာက္က ခံယူလိုက္တာမဟုတ္ရင္
မေရွာင္တိမ္းႏိုင္ေတာ့ရာ
ဒါကေသေၾကာင္းႀကံသလိုျဖစ္ေနရင္ေတာင္မွ
တစ္ျခားနည္းမရိွေတာ့ေပ။ ဒါကိုသေဘာေပါက္
သြားတဲ့အခါ ရွဲ႔ခ်ဳံးက လက္ၿမွောက္လိုက္ၿပီး
သူ႔ႏွလံုးသားကိုမာေၾကာလိုက္ကာ
ယူေရွာင္းမိုကို ေနာက္ေက်ာမွအေဝးသို႔ရိုက္ထုတ္
လိုက္ေတာ့သည္။
သူသေဘာမေပါက္လိုက္တာက ယူေရွာင္းမိုက
သူတစ္ေယာက္တည္းရင္ဆိုင္လိုက္မွာ
ေၾကာက္ၿပီး ဖယ္မရတဲ့အားနဲ႔သူ႔ကိုဆဲြထားတာပဲ။
ထို႔ေၾကာင့္ သူ႔လက္ကယူေရွာင္းမိုေနာက္ေက်ာနဲ႔
ထိသြားတဲ့အခါ ယူေရွာင္းမိုက
လြင့္ထြက္သြားသည္
သို႔ေပမယ့္..... တစ္ခ်ိန္တည္းမွာပဲသူကလဲ
တန္းလန္းႀကီးပါသြားေတာ့၏။
ရွဲ႔ခ်ဳံးက လည္းပင္းအစ္ၿပီးေသေတာ့မလို
ျဖစ္ေနသည္။
ထူးဆန္းသည္မွာ ရွဲ႔ခ်ဳံးက ယူေရွာင္းမိုျပန္ေပါက္
လိုက္တာခံလိုက္ရသလိုပင္
ယူေရွာင္းမိုေရ႔ွ သို႔ပ်ံထြက္သြားျခင္းျဖစ္သည္၊
သူတို႔ႏွစ္ေယာက္ ေျမၾကီးေပၚ ျပန္က်သၫ့္အခါ
ယူေရွာင္းမိုက မူလေနရာႏွင့္သိပ္မေဝးေန။
ယူေရွာင္းမိုျပန္ထလိုက္သၫ့္အခါ
အနက္ေရာင္လက္သည္းႀကီးက
သူ႔ေရ႔ွ ေရာက္ေနၿပီျဖစ္သည္။ သူ႔တစ္ကိုယ္လံုးကို
ဝါးၿမိဳေတာ့မၫ့္အခ်ိန္တြင္ အၿမီးတြင္
ခရမ္းေရာင္မီးေတာက္တစ္ခုစဲြၿငိေနေသာ
ၿမွားတစ္ေခ်ာင္းက ေနရာလပ္ကိုပိုင္းျဖတ္ကာ
ထြက္ေပၚ လာ၏။ ၄က
ယူေရွာင္းမိုကိုျဖတ္ေက်ာ္သြားၿပီး
အနက္ေရာင္လက္သည္း၏ အလယ္ေခါင္တၫ့္တၫ့္သို႔ ထိမွန္သြားသည္။
လူအုပ္ႀကီးရဲ့ထိတ္လန႔္အံ့အားသင့္ေနသၫ့္အၾကၫ့္
ေအာက္တြင္ အနက္ေရာင္လက္သည္းက
ၿပိဳင္ဖက္တစ္ေယာက္ေတြ့လိုက္ရသၫ့္အလား
လ်င္ျမန္စြာတုန္ခါလာၿပီး စကၠန႔္အနဲငယ္
အၾကာတြင္ရုန္းကန္ေနတာရပ္သြားကာ
ၿမွားေၾကာင့္အလယ္မွႏွစ္ျခမ္းကဲြသြားေတာ့သည္။
ဘာျဖစ္သြားလဲဆိုတာ ယူေရွာင္းမိုမသိေသးခင္မွာ
တစ္စံုတစ္ေယာက္၏ရင္ခြင္ထဲေရာက္သြား၏။
ထိုလူ၏ေအးေဆးတည္ၿငိမ္ေသာအသံက
သူ႔ေခါင္းထက္မွထြက္လာသည္
" ငတံုးေလး၊ ေလ်ွာက္ေဆာ့ေနရတာ
ေပ်ာ္ရဲ့လား?"
' ငတံုး' မွာသူ႔ရင္ခြင္ထဲတြင္ ေပ်ာ္က်သြားၿပီး
ျပန္ကန႔္ကြက္လိုက္သည္
" ဒါေပမယ့္ ကၽြန္ေတာ္ကေလ်ွာက္ေဆာ့ေနတာမွ
မဟုတ္တာ"
လင္းေရွာင္က သူ႔ကို ရင္ခြင္ထဲကေနဆဲြထုတ္လိုက္ၿပီး
အၾကၫ့္ခ်င္းဆံုေစလိုက္သည္။
' ငတံုး' မွာ သူနားမလည္သၫ့္ခံစားခ်က္မ်ားပါ
ေနေသာ နက္ရိႈင္းသၫ့္မ်က္လံုးတစ္စံုႏွင့္
အၾကၫ့္ခ်င္းဆံုသြားေတာ့၏။ သူကဇက္ကေလး
ပုလိုက္ကာ သနားစဖြယ္ပံုေလးႏွင့္
စတင္တိုင္တန္းေတာ့သည္။
" အီး... ဟီး.... ကၽြန္ေတာ့္အမွားမွမဟုတ္တာ၊
လင္းယုန္အိုႀကီးကမ်ွမ်ွတတမေဆာ့တာေလ။
သူ႔အရႈံးကိုလက္မခံဘဲ ကၽြန္ေတာ့္ကို
သတ္ေတာင္သတ္ခ်င္ေနတယ္......."
ထို႔ေနာက္ လင္းေရွာင္ကိုအက်ဉ္းခ်ဳံးရွင္းျပလိုက္
သည္။
ထိုအခ်ိန္တြင္ မီးၿမွားႏွင့္အနက္ေရာင္လက္သည္း၏
ရုတ္ရုတ္သဲသဲျမင္ကြင္းက ၿငိမ္သြားၿပီျဖစ္ရာ
လင္းယုန္အိုႀကီးႏွင့္သူ႔ၿပိဳင္ဖက္၏အရိပ္မ်ားက
ေပၚ လာၿပီး အံ့အားသင့္စြာၾကၫ့္လိုက္ၾကသည္။
လင္းေရွာင္က ေခါင္းေစာင္းလိုက္သည္၊
သူ႔ရဲ့ထိုးေဖာက္ႏိုင္သၫ့္အၾကၫ့္တြင္
တုန္လႈပ္ဖြယ္ေကာင္းသၫ့္ၾကမ္းၾကဳတ္မႈတစ္ခု
လက္သြား၏။ စိုးရိမ္ေၾကာင့္ၾကေနၿပီး
သကၤာမကင္းျဖစ္ေနသၫ့္လင္းယုန္အိုႀကီး၏
အၾကၫ့္ႏွင့္ေတြ့သြားသၫ့္အခါ
လင္းေရွာင္က ခပ္သဲ့သဲ့ႃပံုးလိုက္ၿပီး
" မင္းၾကၫ့္ေန၊ ဒီလင္းယုန္အိုႀကီးကို
ငွက္ေပါက္ေလးျဖစ္ေအာင္ ကိုယ္ေျပာင္းေပးမယ္"
__________