Unicode
အပိုင်း၄၅၁- လင်းယုန်အိုကြီး
ရွှေဝတ်ရုံကိုမြင်လိုက်ရတဲ့အခါမှာတော့
ယူရှောင်းမိုရဲ့အမူအရာက တဖြည်းဖြည်းချင်း
အက်ကွဲလာတော့သည်။ ဘာကြီးတုန်း?
ဘာလို့စုတ်ပြတ်နေတာလဲ? သူတစ်ခုခုများ
မှားရွတ်မိလို့လား?
ယူရှောင်းမိုက မည်မျှပင်ကြိုးစားပါစေ
အဖြေရှာမရဖြစ်နေလေသည်။ သူက
သတ္တုစားသားရဲလေးကိုမေးကြည့်ချင်သော်လည်း
မျက်လုံးတစ်ဖက်အမာရွတ်က လာနေပြီဖြစ်ရာ
မေးခွန်းကိုဘေးခဏဖယ်ထားလိုက်ရတော့သည်၊
စိတ်ဝိဉာဉ်တိုက်ခိုက်ခြင်းခံထားရသော
မျက်လုံးတစ်ဖက်မှာ သတိကြီးကြီးထားနေပြီ
ဖြစ်၏။
ယူရှောင်းမိုကိုနားချိန်မပေးဘဲ မျက်လုံးတစ်ဖက်
အမာရွတ်ရဲ့စွမ်းအားက ရုတ်တရက်ပေါက်ကွဲ
ထွက်လာပြီး ပိုမိုလျင်မြန်သောအဟုန်ဖြင့်
ယူရှောင်းမိုရှေ့တွင်ပေါ် လာကာ
သူ့ဓားကတောင်ခွဲခြမ်းနိုင်သည့်အားတစ်ခုနှင့်
ယူရှောင်းမိုခေါင်းဆီလွှဲခုတ်လိုက်လေသည်။
ယူရှောင်းမိုက ရှောင်မယ်လို့လူတိုင်းတွေးနေစဉ်မှာပဲ
ထိုအစားသူက ကာဆီးဖို့လက်မြှောက်လိုက်၏......
ဓားက ယူရှောင်းမိုကိုနှစ်ပိုင်းဖြတ်တော့မယ်ဆိုတာ
မြင်လိုက်ရတော့ အသည်းငယ်တဲ့လူတစ်ချို့က
မျက်လုံးများကာလိုက်ကြတော့သည်။
လူအုပ်ထဲမှကြည့်နေသောရှောင်ဟိန်တို့မှာ
သူတို့ရင်ဘတ်ကနေနှလုံးတွေခုန်ထွက်လာတော့မယ်
လို့တောင် ခံစားနေရသည်။
ကလန်_
ဓားသွားက ယူရှောင်းမိုလက်နှင့်ထိခတ်မိသွားသည့်
အခါ စွမ်းအင်လှိုင်းတစ်ခုထွက်ပေါ် လာပြီိး
လေပြင်းတစ်ခုဝှေ့သွား၏။
လူတိုင်းက ယူရှောင်းမိုလက်တော့
တစ်ဖက်ပြတ်တော့မှာပဲလို့ထင်ထားခဲ့သည်၊
သို့ပေမယ့် နည်းနည်းလေးမှထိခိုက်မှုမရှိဘဲ
အပြည့်အစုံရှိနေသေး၏။ ဆန့်ကျင်ဘက်အနေနဲ့
ဖိအားကြောင့်မျက်နှာနီရဲသွားရသည်မှာ
မျက်လုံးတစ်ဖက်အမာရွတ်ဖြစ်နေသည်။
ဘာ..... ဖြစ်သွားတာလဲ?
ယူရှောင်းမိုက ဝမ်းသာသွားသည်။ သူ
တကယ့်ရတနာတစ်ခုတွေ့လိုက်ရတာပဲ။
ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများက
သတ္တုစားသားရဲတွင်အသုံးမဝင်ပေ။
မျက်လုံးတစ်ဖက်အမာရွတ်ရဲ့ဓားကို
ဘယ်လိုကိုင်တွယ်ရမလဲလို့သူစိတ်ပူနေခဲ့ရာ
အခုတော့ ဖြေရှင်းနည်းကောင်းတစ်ခု
ရသွားပြီဖြစ်၏။
" ဘယ်လိုဖြစ်နိုင်မှာလဲ? မင်းအင်အားလောက်လေး
နဲ့ ငါ့ဓားကိုဘယ်လိုလုပ်တားနိုင်မှာလဲ?"
မျက်လုံးတစ်ဖက်အမာရွတ်က ထိတ်လန့်တုန်လှုပ်
သွားပြီး မျက်လုံးများပြူးကျယ်သွားကာ
တစ်ယောက်တည်းရေရွတ်နေသည်။ သူ့ဓားရဲ့
စွမ်းအားကို အမြဲတမ်းယုံကြည်ချက်ရှိခဲ့သည်။
ယူရှောင်းမိုက ဓားကိုဆုပ်ကိုင်လိုက်ပြီး
ဝှေ့ယမ်းလိုက်ရင်း မျက်လုံးတစ်ဖက်ကို
ကန်ချလိုက်သည်။ ဓားကလက်လွတ်သွားပြီး
သူကလွင့်ပျံသွားတော့သည်။
ယူရှောင်းမိုက ဓားကိုပစ်ချလိုက်ကာ
ရှေ့သို့တဟုန်ထိုးထွက်သွားလိုက်၏။
မျက်လုံးတစ်ဖက်က သတိပြန်ဝင်လာကာ
ယူရှောင်းမိုကို မျက်လုံးနီနီများဖြင့်စိန်းစိန်းဝါးဝါး
ကြည့်လိုက်သည်။ သူ့လက်နက်ကိုဆုံးသွားပေမယ့်
သူကခေသူတော့မဟုတ်ချေ။
မြေပေါ် ရောက်တဲ့အခါ မျက်လုံးတစ်ဖက်က
ညာခြေကိုထောက်လိုက်ပြီး အနေအထားကို
လျင်မြန်စွာညှိလိုက်ကာ တစ်ချက်တွန်းကန်လိုက်ပြီး
ယူရှောင်းမိုဆီသို့ကျည်ဆန်တစ်ခုကဲ့သို့
ပစ်ဝင်သွား၏။
သူမသိတာက ဓားမရှိရင်ယူရှောင်းမိုကသူ့ကို
လုံးဝမကြောက်ဘူးဆိုတာပဲ။
စိတ်နှလုံးကိုတင်းကြပ်စေသည့်အော်ရာတစ်ခု
ပါဝင်နေသောစိတ်ဝိဉာဉ်အားတစ်ခုက
သူ့ခေါင်းထက်တွင် ပေါ် လာသည်။
ထို့နောက် ကြီးမားသောဓားကြီးတစ်ချောင်းအဖြစ်
ပြောင်းလဲသွားကာ မျက်လုံးတစ်ဖက်၏ဦးခေါင်း
ဆီသို့ အညှာအတာမရှိပိုင်းချလိုက်၏။
တစ်ချိန်တည်းမှာပဲ သတိထားမိဖို့ခက်ခဲသော
ငွေရောင်စိတ်ဝိဉာဉ်အားတစ်ခုက
သူ့ခြေထောက်အောက်မှထွက်လာသည်။
ဒါကိုတွေ့တော့ လူတိုင်းရဲ့ အမူအရာများက
ရှုံ့တွသွားတော့သည်။
ဒီလူငယ်လေးက ရန်သူဖြစ်ဖို့ကောင်းတဲ့သူ
မဟုတ်ဘူးပဲ။ မျက်လုံးတစ်ဖက်ကို
ဓားလွတ်အောင်လုပ်ပြီးတော့ သူက
လက်ကိုင်ရိုးထိအောင်ထပ်တူညီတဲ့ဓားတစ်ချောင်းကို
တောင်လုပ်လိုက်သေးတယ်။ သူ့ကိုဒေါသ
ပေါက်ကွဲအောင်လုပ်နေတာလား?
မျက်လုံးတစ်ဖက်အမာရွတ်က သွက်လက်စွာ
ခုန်လိုက်ကာ မျက်လုံးထဲတွင်
ဒေါသများပြည့်လာတော့သည်။
သူ့ကိုစော်ကားရဲတယ်ပေါ့? ခွင့်မလွှတ်နိုင်ဘူး!
ခမ်းနားသောစိတ်စွမ်းအင်က မျက်လုံးတစ်ဖက်ရှေ့
၌ အကာအရံတစ်ခုဖြစ်သွားသည်။
နောက်အခိုက်အတန့်တွင် စိတ်ဝိဉာဉ်ဓားက
အကာအရံပေါ် သို့ ကြမ်းတမ်းစွာကျရောက်သွား
တော့သည်။ လေကကဆုန်ပေါက်ဝှေ့ဝိုက်တိုက်ခတ်
သွားပြီး မြေကြီးပေါ် ရှိဖုန်နှင့်သဲများထလာကာ
လူတိုင်းကမျက်လုံးမဖွင့်ထားနိုင်တော့ချေ။
အားနှစ်ခုက အင်အားမျှနေပုံရ၏။
အားနှစ်ခုပျက်ပျယ်သွားသည့်အခါ
ယူရှောင်းမို၏အရိပ်က တစ်ခဏချင်းပျောက်ကွယ်
သွားသည်။
ဖုန်မှုန့်များကြောင့် မျက်လုံးတစ်ဖက်က
ချက်ချင်းသတိမထားမိပေ။ သူသတိပြုမိလိုက်
သည့်အခါတွင်မူ ထိုငယ်ရွယ်သောသာမာန်ဆန်သည့်
မျက်နှာက သူရှေ့တွင်ရုတ်တရက်ပေါ် လာပြီး
သူ့ကိုပြုံးပြလိုက်၏။
မျက်လုံးတစ်ဖက်အမာရွတ်ရဲ့နှလုံးက
တစ်ချက်ကျော်ခုန်သွားတော့သည်။
သူမတုံ့ပြန်နိုင်ခင်မှာပဲ ဝိဉာဉ်ကိုသက်ရောက်သည့်
နာကျင်မှုက သူ့ခေါင်းမှပေါက်ကွဲထွက်လာပြီး
အော်ဟစ်လိုက်၏။
"အား!"
ဖုန်မှုန့်များကျဲသွားသည့်အခါ
မာနကြီးတဲ့မျက်လုံးတစ်ဖက်အမာရွတ်က
မြေကြီးပေါ် တွင်လူးလှိမ့်နေပြီး ခေါင်းကို
ကိုင်ထားကာမြေကြီးနှင့်ဆောင့်နေသည်၊
သူ့ရဲ့သွေးတွေရွှဲနေတဲ့မျက်နှာက အလွန်ပင်
ကြောက်ဖို့ကောင်း၏။
လူအုပ်ကြီးက ယူရှောင်းမိုကိုထိတ်လန့်အံ့အားသင့်
စွာကြည့်လိုက်ကြသည်။ သူဘာလုပ်လိုက်တာလဲ?
စိတ်ဝိဉာဉ်မှာ လူတစ်ယောက်ရဲ့အခြေခံ
ဖြစ်ပြီး ကျိုးပဲ့လွယ်သည်။
ယူရှောင်းမိုက တိုက်ခိုက်တုန်းကမညှာခဲ့ပေ။
လင်းရှောင်ပြောခဲ့သလိုပင်၊ ရန်သူကိုသနားတာက
ကိုယ့်ကိုကိုယ်အန္တရာယ်ဖြစ်စေတာပဲ။
အနိုင်ရသူကိုဆုံးဖြတ်ပြီးဖြစ်လေသည်။
ထိုအချိန်တွင် မျက်လုံးတစ်ဖက်အမာရွတ်၏
လက်အောက်ငယ်သားတစ်ယောက်က
ပြေးထွက်လာပြီး သူ့အခြေအနေကိုမြင်လိုက်တော့
ယူရှောင်းမိုကိုဒေါသထွက်စွာအော်လိုက်သည်
" မင်းဘာလုပ်လိုက်တာလဲ?"
ယူရှောင်းမိုကနှာခေါင်းကိုပွတ်လိုက်ရင်း
" မင်းမမြင်ဘူးလား? နောက်ပြီးဒါက
တိုက်ပွဲမှာဖြစ်လေ့ဖြစ်ထရှိတာပဲ။ ဘာလို့ငါ့
လာအော်နေတာတုန်း? သူ့အတွက်
ကလဲ့စားချေချင်တယ်ပေါ့?"
လျောင်ယက သူ့စကားများကိုဘယ်လိုပြန်ပြော
ရမလဲမသိတော့ချေ။ မျက်လုံးတစ်ဖက်အမာရွတ်
တောင်မှ ရှုံးခဲ့တာ၊ သူ့လိုပိုအားနည်းတဲ့သူက
အခွင့်ရေးတစ်ခုတောင်ရလိုက်မှာမဟုတ်ပေ။
သူထွက်လာရသည့်အကြောင်းရင်းမှာ
သူ့သစ္စာရှိခြင်းကိုပြရန်အတွက်ဖြစ်သည်၊
ဘာလို့လဲဆိုတော့ သူ့အကိုကြီးဒဏ်ရာရသွားတယ်
ဆိုတာသာ မျိုးနွယ်စုခေါင်းဆောင်ကြားရင်
ကိစ္စများကိုထိုအတိုင်းထားမည်မဟုတ်သောကြောင့်
ပင်။
ထိုအကြောင်းတွေးမိတော့ လျောင်ယက
ခြိမ်းခြောက်လိုက်သည် " ပြီးသွားပြီလို့မထင်နဲ့။
ခေါင်းဆောင်ကမင်းနောက်လိုက်မှာ
မဟုတ်ပေမယ့် အဲ့ကတိပြုထားတာက
သူတစ်ယောက်တည်းပဲ။ မျိုးနွယ်စုခေါင်းဆောင်
က ဘာမှကတိပြုမထားဘူး။
မင်းစောင့်နေလိုက်"
ယူရှောင်းမိုက မအံ့ဩပေ။ အမှန်တွင်
သူကအစကတည်းကစဉ်းစားထားပြီးဖြစ်သည်။
သို့ပေမယ့် ပြဿနာအိုးတစ်ယောက်နှင့်
ဖြေရှင်းနိုင်ဖို့ ကတိတစ်ခုပြုလိုက်ရလဲဘာအရေးလဲ။
" မျိုးနွယ်စုခေါင်းဆောင်ကိုသတင်းပို့ဖို့
လူလွှတ်ထားပြီးပြီ၊ သူခဏနေရင်ရောက်လာလိမ့်
မယ်။ မင်းပြေးလို့မရပါဘူး"
သူနေမြဲအတိုင်းဖြစ်နေတာမြင်တော့
လျောင်ယကဆက်ပြောလိုက်သည်။
ခေါင်းဆောင်က ရွှမ်းယွီဟိုတယ်ကဟိုပိုးဟပ်
နှစ်ကောင်ကိုတိုက်မှာစိုးပြီး ဘာတွေဖြစ်နေလဲ
ဆိုတာမျိုးနွယ်စုခေါင်းဆောင်ကို
လျှို့ဝှက်သတင်းပေးဖို့ကြိုမြင်ခဲ့တာ
ကျေးဇူးတင်ရမှာပဲ။ မျိုးနွယ်စုခေါင်းဆောင်က
သူ့အမှားတွေကိုပြရတာမကြိုက်တဲ့
လူတစ်ယောက်ဖြစ်သည်။
ယူရှောင်းမိုက အံ့အားသင့်သွား၏။
ထုံထျန်းအဆင့်သတ်မှတ်ချက်ရဲ့
နတ်ဒေဝါဆယ်ပါးထဲကလင်းယုန်နတ်ဘုရား
ပေါ့လေ?
ဒါသာအမှန်ဆိုရင် မကောင်းတော့ဘူး။
ပြန်ဆုတ်ရမယ့်အချိန်ပဲ!
သူထွက်ပြေးတော့မယ့်ရည်ရွယ်ချက်ကိုမြင်တော့
လျောင်ယက သူ့ကိုထိန်းထားချင်ဇောအားကြီးပြီး
သူမတုံ့ပြန်နိုင်ခင်မှာပဲ သူ့ကိုယ်က
ယူရှောင်းမိုလမ်းတွင်ပိတ်ထားနှင့်ပြီးဖြစ်၏။
ယူရှောင်းမိုက ရယ်စရာကောင်းတယ်လို့
ခံစားလိုက်ရတယ်
" ဒါကသဘောတူထားတဲ့အလောင်းအစားပဲလေ။
သူကငါ့လောက်မသန်မာလို့ ရှုံးတာပဲ။
မင်းကဘာကိုဆိုလိုတာလဲ? မင်းတို့
လင်းယုန်မျိုးနွယ်စုကလူတိုင်းက
ရှုံးမဲမဲတတ်သူတွေနဲ့ပြည့်နေတယ်လို့
လူတိုင်းကိုပြောနေတာလား?"
လျောင်ယမျက်နှာက နီရဲသွားတော့သည်။
လူအုပ်ကြီးရဲ့မျက်လုံးတွေထဲကအထင်သေးမှုကို
မြင်လိုက်ရတဲ့အခါ သူကနောင်တရနေပြီဖြစ်၏။
" ကောင်စုတ်လေး၊ မင်းကတော်တော်လေး
သတ္တိရှိတာပဲ၊ ငါ့အကိုကြီးကိုဒဏ်ရာရအောင်
လုပ်ရဲတယ်။ အထင်ကြီးစရာပဲ!"
ထိုအခိုက်တွင် သူတို့အထက်မှ
မာနကြီးသောသက်ပြင်းချသံတစ်ခုကြားလိုက်ရ၏။
အသံကနိမ့်ကာ နေရာတိုင်းမှလာနေသလိုရှိသလို
တစ်ချိန်တည်းမှာပဲ ဘယ်နေရာကမှလာနေတာ
မဟုတ်သလိုလဲထင်ရသည်။
လျောင်ယက ဝမ်းသာပီတိဖြစ်သွားကာ
ယူရှောင်းမိုကို ကောင်စုတ်လေး... မင်းတော့သေပြီ
ပဲ လို့ပြောနေသလိုကြည့်လိုက်၏။
ယူရှောင်းမိုက မျက်မှောင်ကြုံ့သွားတယ်။
ဒီလင်းယုန်နတ်ဘုရားကတကယ်ရောက်လာလိမ့်
မယ်လို့ သူမထင်ထားချေ။ လင်းရှောင်သာ
သူ့ဘေးမှာရှိရင် ဘာမှကြောက်စရာမလိုဘူး။
ကံဆိုးတာက သူတစ်ယောက်တည်းရယ်၊
နောက်ပြီး သူ့ပြိုင်ဖက်ကလဲ
နတ်ဒေဝါအထွတ်အထိပ်ဆင့်ကျင့်ကြံသူဖြစ်နေတယ်။
သူ့မှာအခွင့်အရေးတစ်ခုတောင်ရှိမနေဘူးဆိုတာ
ကြည့်နေဖို့တောင်မလိုဘူး။
သူတွေးနေတုန်းမှာပဲ အသံရှင်က
လူတိုင်းရှေ့တွင်ပေါ် လာတော့သည်။
ယူရှောင်းမိုက ခေါင်းမော့လိုက်ကာ
ကောင်းကင်ကိုကြည့်လိုက်သည်။ လူရိပ်တစ်ခုက
ရုတ်တရက်ပေါ် လာကာ လေထဲတွင်တန့်နေ၏။
သူ့မျက်နှာကိုမြင်လိုက်တော့ ယူရှောင်းမိုက
မတုန်လှုပ်ဘဲမနေနိုင်တော့ပေ။
ထိုယောက်ျားက အေးချမ်းသောအငွေ့အသက်တစ်ခု
ရှိသည်၊ သို့သော် သူ့မျက်နှာသွင်ပြင်က
ပျော့ပြောင်းကာ အထူးသဖြင့်
တောင့်တင်းခိုင်မာခြင်းကိုပယ်ဖျက်ထားသော
သူ့ရဲ့မျက်လုံးစောင်းစောင်းများဖြစ်သည်။
ဤအရာက သူ့ပုံရိပ်ကိုဖျက်စီးနေသည်။
သူ့မျက်နှာက မျက်လုံးတစ်ဖက်အမာရွတ်ရဲ့
ကြမ်းကြုတ်ပုံပေါက်သည့်မျက်နှာနှင့်
တစ်ခြားစီဖြစ်၏။ ဒါကလူတိုင်းကိုသိချင်စိတ်ဖြစ်
စေတယ်၊ သူတို့ကတကယ့်ညီအစ်ကိုရင်းတွေရော
ဟုတ်ရဲ့လား?
ယူရှောင်းမိုက မျက်မှောင်ကြုံ့ထားရင်း
" ငါက ရဲတာမဟုတ်ဘူး၊ တိုက်ခိုက်ရင်
သေဆုံးတာနဲ့ထိခိုက်ဒဏ်ရာရာတာက
ပုံမှန်ပဲဆိုတာတော့ ငါသိသေးတယ်၊
တိုက်ခိုက်တယ်ဆိုတာ လူနှစ်ယောက်
ထိုင်ပြီးလက်ဖက်ရည်သောက်တာလို့
မင်းမထင်ရင်ပေါ့လေ၊ အဲ့လိုသာဆိုရင်တော့
ငါလဲဘာပြောရမယ်မှန်းမသိဘူး"
" မင်းကစကားပြောကောင်းတာပဲ" ထိုယောက်ျားက
'ဟွန့်' ကနဲအသံပြုလိုက်သည်။
" ဒါကစကားပြောကောင်းတယ်လို့မခေါ် ဘူး၊
အမှန်ကိုပြောနေတာ"
ထိုလူက ခပ်နှေးနှေးပြောလိုက်၏
" မင်းနဲ့မျက်လုံးတစ်ဖက်ကြားမှာ ဘာကိုယ်ရေး
ကိုယ်တာအငြှိုးပဲရှိရှိငါဂရုမစိုက်ဘူး၊
ဒါပေမယ့် မင်းကငါ့အကိုကိုထိခိုက်အောင်လုပ်ရဲ
တယ်။ မင်းကိုဒီတိုင်းသွားခွင့်ပေးလိုက်ရင်
ငါ့သိက္ခာကျတာပေါ့။ မင်းကိုသွားခွင့်ပြုလို့တော့
ရပါတယ်၊ ဒါပေမယ့် အကို့ကိုလုပ်ခဲ့သမျှရဲ့
နှစ်ဆပြန်ပေးရမယ်"
ယူရှောင်းမိုက ဤလူ၏စရိုက်ကိုနားလည်သွားနှင့်
ပြီဖြစ်သည်။ အတိုချုပ်ရရင် သူက
အလွန်အမင်းမာနကြီးပြီး သူလုပ်ချင်သမျှလုပ်သည်။
ဤသို့သောလူစားမျိုးမှာ မိတ်ဆွေဖွဲ့ကောင်းသည့်
လူမျိုးမဟုတ်ပေ၊ သူစိတ်ရှုပ်လာလျှင်
ပြောပြီးသားစကားကိုပြန်ဖျက်တတ်သောလူမျိုး
ဖြစ်သောကြောင့်ပင်။
လင်းရှောင်ကပင် တော်တော်လေးမာနကြီးသည်ဟု
သူထင်ခဲ့၏။ *ကောင်းကင်ထက်မှာကောင်းကင်
ထပ်ရှိပြီး လူတွေကပိုတောင်ဆိုးရွားတယ်ဆိုတာ
ဘယ်သူထင်မှာလဲ။ သူဒီနေ့တော့
သင်ယူလိုက်ရတယ်။
( *တစ်တောင်ထက်တစ်တောင်မြင့်တာကို
ပြောတယ်ထင်တယ်)
" မင်းရဲ့သဘောထားနဲ့ နတ်ဒေဝါဆယ်ပါးထဲက
တစ်ယောက်ဖြစ်နေသေးတာကို တကယ်အံ့ဩတယ်၊
သဘောထားကြီးမြတ်လွန်းလို့ လူတွေက
မင်းနောက်ကွယ်မှာလှောင်နေကြမယ်ဆိုတာ
ငါလောင်းရဲတယ်" ယူရှောင်းမိုက တိတ်တိတ်လေး
ရေရွတ်လိုက်သည်။
" မင်းဘာပြောတာလဲ?" သူ့အကြည့်က
အေးစက်သွားတော့သည်။
ယူရှောင်းမိုက ပြုံးပြလိုက်ရင်း " ဘာမှမဟုတ်ဘူး"
လျောင်ယက သူ့ဘေးလာပြီးယူရှောင်းမိုကို
စိန်းစိန်းဝါးဝါးကြည့်လိုက်ကာ
" မျိုးနွယ်စုခေါင်းဆောင်၊ ဒီကောင်က
ခေါင်းဆောင်ကိုဒီလိုဆိုးဝါးတဲ့အခြေအနေရောက်
အောင် လုပ်ခဲ့တာ၊ သူ့ကိုခွင့်လွှတ်ပေးလို့မရဘူး;
ခေါင်းဆောင်အတွက်လက်စားချေပေးပါ!"
ထိုယောက်ျားရဲ့နှုတ်ခမ်းထောင့်တွေက
ဘဝင်မြင့်စွာကွေးတက်သွားကာ
" ကောင်းပြီ၊ ခြေတစ်ဖက်လက်တစ်ဖက်ထားခဲ့
မလား.. ဒါမှမဟုတ်သေမလား၊ ရွေး"
လူအုပ်ထဲမှာရှိနေတဲ့ဝူချန်က သွားချင်သော်ငြား
အကြ်ီးအကဲနှစ်ယောက်၏ဟန့်တားခြင်းကို
ခံလိုက်ရ၏။
အဖိုးလင်က သူ့ကိုဖျောင်းဖျလိုက်သည်
" သခင်လေးဝူ.... လင်းယုန်အိုကြီးဝင်စွက်ဖက်
တာကို မင်းဘာမှလုပ်လို့မရဘူး။ သခင်က
သာမာန်မှော်ဆရာလေးတစ်ယောက်အတွက်နဲ့
လင်းယုန်အိုကြီးကိုဆန့်ကျင်မှာမဟုတ်ဘူး။
စောင့်ကြည့်တာပိုကောင်းမယ်။
ဟိုလူလဲဒီမှာမရှိသေးဘူးလေ"
ဝူချန်က အလွန်ဖြူဖျော့နေသည်၊ သို့ပေမယ့်
အဖိုးလင်ပြောတာမှန်တယ်ဆိုတာ သိနေသည်။
___________
Zawgyi
အပိုင္း၄၅၁- လင္းယုန္အိုႀကီး
ေရႊဝတ္ရံုကိုျမင္လိုက္ရတဲ့အခါမွာေတာ့
ယူေရွာင္းမိုရဲ့အမူအရာက တျဖည္းျဖည္းခ်င္း
အက္ကဲြလာေတာ့သည္။ ဘာႀကီးတုန္း?
ဘာလို႔စုတ္ျပတ္ေနတာလဲ? သူတစ္ခုခုမ်ား
မွားရြတ္မိလို႔လား?
ယူေရွာင္းမိုက မည္မ်ွပင္ႀကိဳးစားပါေစ
အေျဖရွာမရျဖစ္ေနေလသည္။ သူက
သတၲုစားသားရဲေလးကိုေမးၾကၫ့္ခ်င္ေသာ္လည္း
မ်က္လံုးတစ္ဖက္အမာရြတ္က လာေနၿပီျဖစ္ရာ
ေမးခြန္းကိုေဘးခဏဖယ္ထားလိုက္ရေတာ့သည္၊
စိတ္ဝိဉာဉ္တိုက္ခိုက္ျခင္းခံထားရေသာ
မ်က္လံုးတစ္ဖက္မွာ သတိႀကီးႀကီးထားေနၿပီ
ျဖစ္၏။
ယူေရွာင္းမိုကိုနားခ်ိန္မေပးဘဲ မ်က္လံုးတစ္ဖက္
အမာရြတ္ရဲ့စြမ္းအားက ရုတ္တရက္ေပါက္ကဲြ
ထြက္လာၿပီး ပိုမိုလ်င္ျမန္ေသာအဟုန္ျဖင့္
ယူေရွာင္းမိုေရ႔ွတြင္ေပၚ လာကာ
သူ႔ဓားကေတာင္ခဲြျခမ္းႏိုင္သၫ့္အားတစ္ခုႏွင့္
ယူေရွာင္းမိုေခါင္းဆီလႊဲခုတ္လိုက္ေလသည္။
ယူေရွာင္းမိုက ေရွာင္မယ္လို႔လူတိုင္းေတြးေနစဉ္မွာပဲ
ထိုအစားသူက ကာဆီးဖို႔လက္ၿမွောက္လိုက္၏......
ဓားက ယူေရွာင္းမိုကိုႏွစ္ပိုင္းျဖတ္ေတာ့မယ္ဆိုတာ
ျမင္လိုက္ရေတာ့ အသည္းငယ္တဲ့လူတစ္ခ်ိဳ႕က
မ်က္လံုးမ်ားကာလိုက္ၾကေတာ့သည္။
လူအုပ္ထဲမွၾကၫ့္ေနေသာေရွာင္ဟိန္တို႔မွာ
သူတို႔ရင္ဘတ္ကေနႏွလံုးေတြခုန္ထြက္လာေတာ့မယ္
လို႔ေတာင္ ခံစားေနရသည္။
ကလန္_
ဓားသြားက ယူေရွာင္းမိုလက္ႏွင့္ထိခတ္မိသြားသၫ့္
အခါ စြမ္းအင္လိႈင္းတစ္ခုထြက္ေပၚ လာၿပီိး
ေလျပင္းတစ္ခုေဝ႔ွသြား၏။
လူတိုင္းက ယူေရွာင္းမိုလက္ေတာ့
တစ္ဖက္ျပတ္ေတာ့မွာပဲလို႔ထင္ထားခဲ့သည္၊
သို႔ေပမယ့္ နည္းနည္းေလးမွထိခိုက္မႈမရိွဘဲ
အျပၫ့္အစံုရိွေနေသး၏။ ဆန႔္က်င္ဘက္အေနနဲ႔
ဖိအားေၾကာင့္မ်က္ႏွာနီရဲသြားရသည္မွာ
မ်က္လံုးတစ္ဖက္အမာရြတ္ျဖစ္ေနသည္။
ဘာ..... ျဖစ္သြားတာလဲ?
ယူေရွာင္းမိုက ဝမ္းသာသြားသည္။ သူ
တကယ့္ရတနာတစ္ခုေတြ့လိုက္ရတာပဲ။
ရုပ္ပိုင္းဆိုင္ရာတိုက္ခိုက္မႈမ်ားက
သတၲုစားသားရဲတြင္အသံုးမဝင္ေပ။
မ်က္လံုးတစ္ဖက္အမာရြတ္ရဲ့ဓားကို
ဘယ္လိုကိုင္တြယ္ရမလဲလို႔သူစိတ္ပူေနခဲ့ရာ
အခုေတာ့ ေျဖရွင္းနည္းေကာင္းတစ္ခု
ရသြားၿပီျဖစ္၏။
" ဘယ္လိုျဖစ္ႏိုင္မွာလဲ? မင္းအင္အားေလာက္ေလး
နဲ႔ ငါ့ဓားကိုဘယ္လိုလုပ္တားႏိုင္မွာလဲ?"
မ်က္လံုးတစ္ဖက္အမာရြတ္က ထိတ္လန႔္တုန္လႈပ္
သြားၿပီး မ်က္လံုးမ်ားျပဴးက်ယ္သြားကာ
တစ္ေယာက္တည္းေရရြတ္ေနသည္။ သူ႔ဓားရဲ့
စြမ္းအားကို အၿမဲတမ္းယံုၾကည္ခ်က္ရိွခဲ့သည္။
ယူေရွာင္းမိုက ဓားကိုဆုပ္ကိုင္လိုက္ၿပီး
ေဝ႔ွယမ္းလိုက္ရင္း မ်က္လံုးတစ္ဖက္ကို
ကန္ခ်လိုက္သည္။ ဓားကလက္လြတ္သြားၿပီး
သူကလြင့္ပ်ံသြားေတာ့သည္။
ယူေရွာင္းမိုက ဓားကိုပစ္ခ်လိုက္ကာ
ေရ႔ွသို႔တဟုန္ထိုးထြက္သြားလိုက္၏။
မ်က္လံုးတစ္ဖက္က သတိျပန္ဝင္လာကာ
ယူေရွာင္းမိုကို မ်က္လံုးနီနီမ်ားျဖင့္စိန္းစိန္းဝါးဝါး
ၾကၫ့္လိုက္သည္။ သူ႔လက္နက္ကိုဆံုးသြားေပမယ့္
သူကေခသူေတာ့မဟုတ္ေခ်။
ေျမေပၚ ေရာက္တဲ့အခါ မ်က္လံုးတစ္ဖက္က
ညာေျခကိုေထာက္လိုက္ၿပီး အေနအထားကို
လ်င္ျမန္စြာၫွိလိုက္ကာ တစ္ခ်က္တြန္းကန္လိုက္ၿပီး
ယူေရွာင္းမိုဆီသို႔က်ည္ဆန္တစ္ခုကဲ့သို႔
ပစ္ဝင္သြား၏။
သူမသိတာက ဓားမရိွရင္ယူေရွာင္းမိုကသူ႔ကို
လံုးဝမေၾကာက္ဘူးဆိုတာပဲ။
စိတ္ႏွလံုးကိုတင္းၾကပ္ေစသၫ့္ေအာ္ရာတစ္ခု
ပါဝင္ေနေသာစိတ္ဝိဉာဉ္အားတစ္ခုက
သူ႔ေခါင္းထက္တြင္ ေပၚ လာသည္။
ထို႔ေနာက္ ႀကီးမားေသာဓားႀကီးတစ္ေခ်ာင္းအျဖစ္
ေျပာင္းလဲသြားကာ မ်က္လံုးတစ္ဖက္၏ဦးေခါင္း
ဆီသို႔ အၫွာအတာမရိွပိုင္းခ်လိုက္၏။
တစ္ခ်ိန္တည္းမွာပဲ သတိထားမိဖို႔ခက္ခဲေသာ
ေငြေရာင္စိတ္ဝိဉာဉ္အားတစ္ခုက
သူ႔ေျခေထာက္ေအာက္မွထြက္လာသည္။
ဒါကိုေတြ့ေတာ့ လူတိုင္းရဲ့ အမူအရာမ်ားက
ရႈံ႔တြသြားေတာ့သည္။
ဒီလူငယ္ေလးက ရန္သူျဖစ္ဖို႔ေကာင္းတဲ့သူ
မဟုတ္ဘူးပဲ။ မ်က္လံုးတစ္ဖက္ကို
ဓားလြတ္ေအာင္လုပ္ၿပီးေတာ့ သူက
လက္ကိုင္ရိုးထိေအာင္ထပ္တူညီတဲ့ဓားတစ္ေခ်ာင္းကို
ေတာင္လုပ္လိုက္ေသးတယ္။ သူ႔ကိုေဒါသ
ေပါက္ကဲြေအာင္လုပ္ေနတာလား?
မ်က္လံုးတစ္ဖက္အမာရြတ္က သြက္လက္စြာ
ခုန္လိုက္ကာ မ်က္လံုးထဲတြင္
ေဒါသမ်ားျပၫ့္လာေတာ့သည္။
သူ႔ကိုေစာ္ကားရဲတယ္ေပါ့? ခြင့္မလႊတ္ႏိုင္ဘူး!
ခမ္းနားေသာစိတ္စြမ္းအင္က မ်က္လံုးတစ္ဖက္ေရ႔ွ
၌ အကာအရံတစ္ခုျဖစ္သြားသည္။
ေနာက္အခိုက္အတန႔္တြင္ စိတ္ဝိဉာဉ္ဓားက
အကာအရံေပၚ သို႔ ၾကမ္းတမ္းစြာက်ေရာက္သြား
ေတာ့သည္။ ေလကကဆုန္ေပါက္ေဝ႔ွဝိုက္တိုက္ခတ္
သြားၿပီး ေျမၾကီးေပၚ ရိွဖုန္ႏွင့္သဲမ်ားထလာကာ
လူတိုင္းကမ်က္လံုးမဖြင့္ထားႏိုင္ေတာ့ေခ်။
အားႏွစ္ခုက အင္အားမ်ွေနပံုရ၏။
အားႏွစ္ခုပ်က္ပ်ယ္သြားသၫ့္အခါ
ယူေရွာင္းမို၏အရိပ္က တစ္ခဏခ်င္းေပ်ာက္ကြယ္
သြားသည္။
ဖုန္မႈန႔္မ်ားေၾကာင့္ မ်က္လံုးတစ္ဖက္က
ခ်က္ခ်င္းသတိမထားမိေပ။ သူသတိျပဳမိလိုက္
သၫ့္အခါတြင္မူ ထိုငယ္ရြယ္ေသာသာမာန္ဆန္သၫ့္
မ်က္ႏွာက သူေရ႔ွတြင္ရုတ္တရက္ေပၚ လာၿပီး
သူ႔ကိုႃပံုးျပလိုက္၏။
မ်က္လံုးတစ္ဖက္အမာရြတ္ရဲ့ႏွလံုးက
တစ္ခ်က္ေက်ာ္ခုန္သြားေတာ့သည္။
သူမတံု႔ျပန္ႏိုင္ခင္မွာပဲ ဝိဉာဉ္ကိုသက္ေရာက္သၫ့္
နာက်င္မႈက သူ႔ေခါင္းမွေပါက္ကဲြထြက္လာၿပီး
ေအာ္ဟစ္လိုက္၏။
"အား!"
ဖုန္မႈန႔္မ်ားက်ဲသြားသၫ့္အခါ
မာနႀကီးတဲ့မ်က္လံုးတစ္ဖက္အမာရြတ္က
ေျမၾကီးေပၚ တြင္လူးလိွမ့္ေနၿပီး ေခါင္းကို
ကိုင္ထားကာေျမၾကီးႏွင့္ေဆာင့္ေနသည္၊
သူ႔ရဲ့ေသြးေတြရႊဲေနတဲ့မ်က္ႏွာက အလြန္ပင္
ေၾကာက္ဖို႔ေကာင္း၏။
လူအုပ္ႀကီးက ယူေရွာင္းမိုကိုထိတ္လန႔္အံ့အားသင့္
စြာၾကၫ့္လိုက္ၾကသည္။ သူဘာလုပ္လိုက္တာလဲ?
စိတ္ဝိဉာဉ္မွာ လူတစ္ေယာက္ရဲ့အေျခခံ
ျဖစ္ၿပီး က်ိဳးပဲ့လြယ္သည္။
ယူေရွာင္းမိုက တိုက္ခိုက္တုန္းကမၫွာခဲ့ေပ။
လင္းေရွာင္ေျပာခဲ့သလိုပင္၊ ရန္သူကိုသနားတာက
ကိုယ့္ကိုကိုယ္အႏၲရာယ္ျဖစ္ေစတာပဲ။
အႏိုင္ရသူကိုဆံုးျဖတ္ၿပီးျဖစ္ေလသည္။
ထိုအခ်ိန္တြင္ မ်က္လံုးတစ္ဖက္အမာရြတ္၏
လက္ေအာက္ငယ္သားတစ္ေယာက္က
ေျပးထြက္လာၿပီး သူ႔အေျခအေနကိုျမင္လိုက္ေတာ့
ယူေရွာင္းမိုကိုေဒါသထြက္စြာေအာ္လိုက္သည္
" မင္းဘာလုပ္လိုက္တာလဲ?"
ယူေရွာင္းမိုကႏွာေခါင္းကိုပြတ္လိုက္ရင္း
" မင္းမျမင္ဘူးလား? ေနာက္ၿပီးဒါက
တိုက္ပဲြမွာျဖစ္ေလ့ျဖစ္ထရိွတာပဲ။ ဘာလို႔ငါ့
လာေအာ္ေနတာတုန္း? သူ႔အတြက္
ကလဲ့စားေခ်ခ်င္တယ္ေပါ့?"
ေလ်ာင္ယက သူ႔စကားမ်ားကိုဘယ္လိုျပန္ေျပာ
ရမလဲမသိေတာ့ေခ်။ မ်က္လံုးတစ္ဖက္အမာရြတ္
ေတာင္မွ ရႈံးခဲ့တာ၊ သူ႔လိုပိုအားနည္းတဲ့သူက
အခြင့္ေရးတစ္ခုေတာင္ရလိုက္မွာမဟုတ္ေပ။
သူထြက္လာရသၫ့္အေၾကာင္းရင္းမွာ
သူ႔သစၥာရိျွခင္းကိုျပရန္အတြက္ျဖစ္သည္၊
ဘာလို႔လဲဆိုေတာ့ သူ႔အကိုႀကီးဒဏ္ရာရသြားတယ္
ဆိုတာသာ မ်ိဳးႏြယ္စုေခါင္းေဆာင္ၾကားရင္
ကိစၥမ်ားကိုထိုအတိုင္းထားမည္မဟုတ္ေသာေၾကာင့္
ပင္။
ထိုအေၾကာင္းေတြးမိေတာ့ ေလ်ာင္ယက
ၿခိမ္းေျခာက္လိုက္သည္ " ၿပီးသြားၿပီလို႔မထင္နဲ႔။
ေခါင္းေဆာင္ကမင္းေနာက္လိုက္မွာ
မဟုတ္ေပမယ့္ အဲ့ကတိျပဳထားတာက
သူတစ္ေယာက္တည္းပဲ။ မ်ိဳးႏြယ္စုေခါင္းေဆာင္
က ဘာမွကတိျပဳမထားဘူး။
မင္းေစာင့္ေနလိုက္"
ယူေရွာင္းမိုက မအံ့ဩေပ။ အမွန္တြင္
သူကအစကတည္းကစဉ္းစားထားၿပီးျဖစ္သည္။
သို႔ေပမယ့္ ျပႆနာအိုးတစ္ေယာက္ႏွင့္
ေျဖရွင္းႏိုင္ဖို႔ ကတိတစ္ခုျပဳလိုက္ရလဲဘာအေရးလဲ။
" မ်ိဳးႏြယ္စုေခါင္းေဆာင္ကိုသတင္းပို႔ဖို႔
လူလႊတ္ထားၿပီးၿပီ၊ သူခဏေနရင္ေရာက္လာလိမ့္
မယ္။ မင္းေျပးလို႔မရပါဘူး"
သူေနၿမဲအတိုင္းျဖစ္ေနတာျမင္ေတာ့
ေလ်ာင္ယကဆက္ေျပာလိုက္သည္။
ေခါင္းေဆာင္က ရႊမ္းယီြဟိုတယ္ကဟိုပိုးဟပ္
ႏွစ္ေကာင္ကိုတိုက္မွာစိုးၿပီး ဘာေတျြဖစ္ေနလဲ
ဆိုတာမ်ိဳးႏြယ္စုေခါင္းေဆာင္ကို
လ်ိႈ႔ဝွက္သတင္းေပးဖို႔ႀကိဳျမင္ခဲ့တာ
ေက်းဇူးတင္ရမွာပဲ။ မ်ိဳးႏြယ္စုေခါင္းေဆာင္က
သူ႔အမွားေတြကိုျပရတာမႀကိဳက္တဲ့
လူတစ္ေယာက္ျဖစ္သည္။
ယူေရွာင္းမိုက အံ့အားသင့္သြား၏။
ထံုထ်န္းအဆင့္သတ္မွတ္ခ်က္ရဲ့
နတ္ေဒဝါဆယ္ပါးထဲကလင္းယုန္နတ္ဘုရား
ေပါ့ေလ?
ဒါသာအမွန္ဆိုရင္ မေကာင္းေတာ့ဘူး။
ျပန္ဆုတ္ရမယ့္အခ်ိန္ပဲ!
သူထြက္ေျပးေတာ့မယ့္ရည္ရြယ္ခ်က္ကိုျမင္ေတာ့
ေလ်ာင္ယက သူ႔ကိုထိန္းထားခ်င္ေဇာအားႀကီးၿပီး
သူမတံု႔ျပန္ႏိုင္ခင္မွာပဲ သူ႔ကိုယ္က
ယူေရွာင္းမိုလမ္းတြင္ပိတ္ထားႏွင့္ၿပီးျဖစ္၏။
ယူေရွာင္းမိုက ရယ္စရာေကာင္းတယ္လို႔
ခံစားလိုက္ရတယ္
" ဒါကသေဘာတူထားတဲ့အေလာင္းအစားပဲေလ။
သူကငါ့ေလာက္မသန္မာလို႔ ရႈံးတာပဲ။
မင္းကဘာကိုဆိုလိုတာလဲ? မင္းတို႔
လင္းယုန္မ်ိဳးႏြယ္စုကလူတိုင္းက
ရႈံးမဲမဲတတ္သူေတြနဲ႔ျပၫ့္ေနတယ္လို႔
လူတိုင္းကိုေျပာေနတာလား?"
ေလ်ာင္ယမ်က္ႏွာက နီရဲသြားေတာ့သည္။
လူအုပ္ႀကီးရဲ့မ်က္လံုးေတြထဲကအထင္ေသးမႈကို
ျမင္လိုက္ရတဲ့အခါ သူကေနာင္တရေနၿပီျဖစ္၏။
" ေကာင္စုတ္ေလး၊ မင္းကေတာ္ေတာ္ေလး
သတၲိရိွတာပဲ၊ ငါ့အကိုႀကီးကိုဒဏ္ရာရေအာင္
လုပ္ရဲတယ္။ အထင္ႀကီးစရာပဲ!"
ထိုအခိုက္တြင္ သူတို႔အထက္မွ
မာနႀကီးေသာသက္ျပင္းခ်သံတစ္ခုၾကားလိုက္ရ၏။
အသံကနိမ့္ကာ ေနရာတိုင္းမွလာေနသလိုရိွသလို
တစ္ခ်ိန္တည္းမွာပဲ ဘယ္ေနရာကမွလာေနတာ
မဟုတ္သလိုလဲထင္ရသည္။
ေလ်ာင္ယက ဝမ္းသာပီတိျဖစ္သြားကာ
ယူေရွာင္းမိုကို ေကာင္စုတ္ေလး... မင္းေတာ့ေသၿပီ
ပဲ လို႔ေျပာေနသလိုၾကၫ့္လိုက္၏။
ယူေရွာင္းမိုက မ်က္ေမွာင္ႄကံု႔သြားတယ္။
ဒီလင္းယုန္နတ္ဘုရားကတကယ္ေရာက္လာလိမ့္
မယ္လို႔ သူမထင္ထားေခ်။ လင္းေရွာင္သာ
သူ႔ေဘးမွာရိွရင္ ဘာမွေၾကာက္စရာမလိုဘူး။
ကံဆိုးတာက သူတစ္ေယာက္တည္းရယ္၊
ေနာက္ၿပီး သူ႔ၿပိဳင္ဖက္ကလဲ
နတ္ေဒဝါအထြတ္အထိပ္ဆင့္က်င့္ႀကံသူျဖစ္ေနတယ္။
သူ႔မွာအခြင့္အေရးတစ္ခုေတာင္ရိွမေနဘူးဆိုတာ
ၾကၫ့္ေနဖို႔ေတာင္မလိုဘူး။
သူေတြးေနတုန္းမွာပဲ အသံရွင္က
လူတိုင္းေရ႔ွတြင္ေပၚ လာေတာ့သည္။
ယူေရွာင္းမိုက ေခါင္းေမာ့လိုက္ကာ
ေကာင္းကင္ကိုၾကၫ့္လိုက္သည္။ လူရိပ္တစ္ခုက
ရုတ္တရက္ေပၚ လာကာ ေလထဲတြင္တန႔္ေန၏။
သူ႔မ်က္ႏွာကိုျမင္လိုက္ေတာ့ ယူေရွာင္းမိုက
မတုန္လႈပ္ဘဲမေနႏိုင္ေတာ့ေပ။
ထိုေယာက္်ားက ေအးခ်မ္းေသာအေငြ့အသက္တစ္ခု
ရိွသည္၊ သို႔ေသာ္ သူ႔မ်က္ႏွာသြင္ျပင္က
ေပ်ာ့ေျပာင္းကာ အထူးသျဖင့္
ေတာင့္တင္းခိုင္မာျခင္းကိုပယ္ဖ်က္ထားေသာ
သူ႔ရဲ့မ်က္လံုးေစာင္းေစာင္းမ်ားျဖစ္သည္။
ဤအရာက သူ႔ပံုရိပ္ကိုဖ်က္စီးေနသည္။
သူ႔မ်က္ႏွာက မ်က္လံုးတစ္ဖက္အမာရြတ္ရဲ့
ၾကမ္းၾကဳတ္ပံုေပါက္သၫ့္မ်က္ႏွာႏွင့္
တစ္ျခားစီျဖစ္၏။ ဒါကလူတိုင္းကိုသိခ်င္စိတ္ျဖစ္
ေစတယ္၊ သူတို႔ကတကယ့္ညီအစ္ကိုရင္းေတြေရာ
ဟုတ္ရဲ့လား?
ယူေရွာင္းမိုက မ်က္ေမွာင္ႄကံု႔ထားရင္း
" ငါက ရဲတာမဟုတ္ဘူး၊ တိုက္ခိုက္ရင္
ေသဆံုးတာနဲ႔ထိခိုက္ဒဏ္ရာရာတာက
ပံုမွန္ပဲဆိုတာေတာ့ ငါသိေသးတယ္၊
တိုက္ခိုက္တယ္ဆိုတာ လူႏွစ္ေယာက္
ထိုင္ၿပီးလက္ဖက္ရည္ေသာက္တာလို႔
မင္းမထင္ရင္ေပါ့ေလ၊ အဲ့လိုသာဆိုရင္ေတာ့
ငါလဲဘာေျပာရမယ္မွန္းမသိဘူး"
" မင္းကစကားေျပာေကာင္းတာပဲ" ထိုေယာက္်ားက
'ဟြန႔္' ကနဲအသံျပဳလိုက္သည္။
" ဒါကစကားေျပာေကာင္းတယ္လို႔မေခၚ ဘူး၊
အမွန္ကိုေျပာေနတာ"
ထိုလူက ခပ္ေနွးေနွးေျပာလိုက္၏
" မင္းနဲ႔မ်က္လံုးတစ္ဖက္ၾကားမွာ ဘာကိုယ္ေရး
ကိုယ္တာအႃငွိုးပဲရိွရိွငါဂရုမစိုက္ဘူး၊
ဒါေပမယ့္ မင္းကငါ့အကိုကိုထိခိုက္ေအာင္လုပ္ရဲ
တယ္။ မင္းကိုဒီတိုင္းသြားခြင့္ေပးလိုက္ရင္
ငါ့သိကၡာက်တာေပါ့။ မင္းကိုသြားခြင့္ျပဳလို႔ေတာ့
ရပါတယ္၊ ဒါေပမယ့္ အကို႔ကိုလုပ္ခဲ့သမ်ွရဲ့
ႏွစ္ဆျပန္ေပးရမယ္"
ယူေရွာင္းမိုက ဤလူ၏စရိုက္ကိုနားလည္သြားႏွင့္
ၿပီျဖစ္သည္။ အတိုခ်ဳပ္ရရင္ သူက
အလြန္အမင္းမာနႀကီးၿပီး သူလုပ္ခ်င္သမ်ွလုပ္သည္။
ဤသို႔ေသာလူစားမ်ိဳးမွာ မိတ္ေဆြဖဲြ႔ေကာင္းသၫ့္
လူမ်ိဳးမဟုတ္ေပ၊ သူစိတ္ရႈပ္လာလ်ွင္
ေျပာၿပီးသားစကားကိုျပန္ဖ်က္တတ္ေသာလူမ်ိဳး
ျဖစ္ေသာေၾကာင့္ပင္။
လင္းေရွာင္ကပင္ ေတာ္ေတာ္ေလးမာနႀကီးသည္ဟု
သူထင္ခဲ့၏။ *ေကာင္းကင္ထက္မွာေကာင္းကင္
ထပ္ရိွၿပီး လူေတြကပိုေတာင္ဆိုးရြားတယ္ဆိုတာ
ဘယ္သူထင္မွာလဲ။ သူဒီေန့ေတာ့
သင္ယူလိုက္ရတယ္။
( *တစ္ေတာင္ထက္တစ္ေတာင္ျမင့္တာကို
ေျပာတယ္ထင္တယ္)
" မင္းရဲ့သေဘာထားနဲ႔ နတ္ေဒဝါဆယ္ပါးထဲက
တစ္ေယာက္ျဖစ္ေနေသးတာကို တကယ္အံ့ဩတယ္၊
သေဘာထားႀကီးျမတ္လြန္းလို႔ လူေတြက
မင္းေနာက္ကြယ္မွာေလွာင္ေနၾကမယ္ဆိုတာ
ငါေလာင္းရဲတယ္" ယူေရွာင္းမိုက တိတ္တိတ္ေလး
ေရရြတ္လိုက္သည္။
" မင္းဘာေျပာတာလဲ?" သူ႔အၾကၫ့္က
ေအးစက္သြားေတာ့သည္။
ယူေရွာင္းမိုက ႃပံုးျပလိုက္ရင္း " ဘာမွမဟုတ္ဘူး"
ေလ်ာင္ယက သူ႔ေဘးလာၿပီးယူေရွာင္းမိုကို
စိန္းစိန္းဝါးဝါးၾကၫ့္လိုက္ကာ
" မ်ိဳးႏြယ္စုေခါင္းေဆာင္၊ ဒီေကာင္က
ေခါင္းေဆာင္ကိုဒီလိုဆိုးဝါးတဲ့အေျခအေနေရာက္
ေအာင္ လုပ္ခဲ့တာ၊ သူ႔ကိုခြင့္လႊတ္ေပးလို႔မရဘူး;
ေခါင္းေဆာင္အတြက္လက္စားေခ်ေပးပါ!"
ထိုေယာက္်ားရဲ့ႏႈတ္ခမ္းေထာင့္ေတြက
ဘဝင္ျမင့္စြာေကြးတက္သြားကာ
" ေကာင္းၿပီ၊ ေျခတစ္ဖက္လက္တစ္ဖက္ထားခဲ့
မလား.. ဒါမွမဟုတ္ေသမလား၊ ေရြး"
လူအုပ္ထဲမွာရိွေနတဲ့ဝူခ်န္က သြားခ်င္ေသာ္ျငား
အႀက္ီးအကဲႏွစ္ေယာက္၏ဟန႔္တားျခင္းကို
ခံလိုက္ရ၏။
အဖိုးလင္က သူ႔ကိုေဖ်ာင္းဖ်လိုက္သည္
" သခင္ေလးဝူ.... လင္းယုန္အိုႀကီးဝင္စြက္ဖက္
တာကို မင္းဘာမွလုပ္လို႔မရဘူး။ သခင္က
သာမာန္ေမွာ္ဆရာေလးတစ္ေယာက္အတြက္နဲ႔
လင္းယုန္အိုႀကီးကိုဆန႔္က်င္မွာမဟုတ္ဘူး။
ေစာင့္ၾကၫ့္တာပိုေကာင္းမယ္။
ဟိုလူလဲဒီမွာမရိွေသးဘူးေလ"
ဝူခ်န္က အလြန္ျဖဴေဖ်ာ့ေနသည္၊ သို႔ေပမယ့္
အဖိုးလင္ေျပာတာမွန္တယ္ဆိုတာ သိေနသည္။
___________