Unicode
အပိုင်း၄၅၀- တစ်ကိုယ်တော်တိုက်ခိုက်ခြင်း
မျက်လုံးတစ်ဖက်အမာရွတ်၏ လူသိများသော
လက်နက်မှာ ဗျက်ကျယ်ဓားရှည်ဖြစ်သည်။
သူကယခင်က ဓားရှည်ကျင့်စဉ်များကိုသုတေသနပြု
ခြင်းကို အထူးပြုခဲ့သည်။ နောက်ပိုင်းတွင်
ဗျက်ကျယ်ဓားရှည်များအားပြန်လည်တိုက်ခိုက်ခြင်း
ကျင့်စဉ်များကို သင်ယူလေ့လာခဲ့သည်၊
သို့သော် ၎င်းကအလွန်ငြီးငွေ့ဖွယ်ကောင်းကာ
သူကလည်းစိတ်မရှည်တတ်သည့်လူတစ်ယောက်
ဖြစ်သည်မို့ အဆင့်များစွာကိုဖယ်ထုတ်ပစ်ခဲ့၏။
နောက်ဆုံးတွင်တော့ သူက ဖြတ်ခြင်းနှင့်
ခုတ်ပိုင်းခြင်းနှစ်ခုကိုသာ သင်ခဲ့သည်။
ထိုလှုပ်ရှားမှုများက ရိုးရှင်းသော်ငြား
သူ့ရဲ့စွမ်းအားကရှိန်လောက်စရာဖြစ်၏။
သူ့ဓားချက်နှစ်ခုအောက်တွင်
စွမ်းအားကြီးကျင့်ကြံသူများစွာရှုံးနိမ့်ခဲ့ရပြီး
မရေမတွက်နိုင်သောကျွမ်းကျင်သူများမှာ
နှစ်ပိုင်းဖြတ်တာဖြစ်ဖြစ်
တစ်ဝက်ပိုင်းတာဖြစ်ဖြစ် ခံခဲ့ရသည်။
ယူရှောင်းမိုက အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။
ဧကရာဇ်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့်
ထိပ်တိုက်ရင်ဆိုင်ရတာ ဒါကပထမဆုံးအကြိမ်
ဖြစ်ပေမယ့် သူမကြောက်ပေ။ အမှန်တွင်
သူက ဒီလိုကျွမ်းကျင်သူမျိုးနဲ့ ဖလှယ်ရန်
မျှော်လင့်နေတာကြာပြီဖြစ်၏။
ယူရှောင်းမိုက လက်စည်းချိပ်တစ်ခုကို
လျင်မြန်စွာဖော်လိုက်သည်။ စိတ်နှလုံးကို
တုန်လှုပ်စေနိုင်သည့်အော်ရာတစ်ခုပါဝင်သော
အဖြူရောင်အလင်းတန်းစုလေးတစ်ခုက
မျက်လုံးတစ်ဖက်အမာရွတ်၏ဓားအော်ရာနှင့်
တိုက်သွား၏။ တစ်ခဏချင်းမှာပဲ
တည်းခိုခန်းအတွင်းတွင် လေမုန်တိုင်းတစ်ခု
ဝှေ့ဝိုက်တိုက်ခတ်လာပြီး စားပွဲထိုင်ခုံတွေက
လေထဲသို့မြှောက်တက်သွားတော့သည်။
အားနည်းသည့်တိုက်ခိုက်သူများမှာ
မြေကြီးပေါ် လဲကျကုန်ကြပြီး နေရာအနှံ့တွင်
သနားစဖွယ်အော်သံများထွက်လာတော့သည်။
လူတိုင်းရဲ့အကြည့်တွေကွယ်နေတဲ့အချိန်ကို
အခွင့်ကောင်းယူလိုက်ကာ ရှောင်ဟိန်က
ယူရှောင်းမိုလက်မောင်းကိုဆွဲလိုက်သည်
" အရင်သွားရအောင်"
ယူရှောင်းမိုက သူ့လက်ကိုဖယ်ထုတ်လိုက်သည်
" ငါ့အတွက်ပူစရာမလိုဘူး။ သူ့ကိုအနိုင်တိုက်နိုင်မယ်
လို့ခံစားရတယ်။ ဒါ့ပြင် ရှဲ့ချုံးကလဲ
အပေါ် ထပ်မှာတင်လေ။ အောက်ထပ်မှာဒီလောက်
ကြီးတဲ့ရန်ပွဲကြီးဖြစ်နေတာ သူသိပြီးတာကြာ
လောက်ပြီ။ အခုအပေါ် ထပ်ကနေ
ကြည့်နေတာတောင်ဖြစ်နိုင်တယ်"
" တစ်ရာရာခိုင်နှုန်းအာမခံချက်မရှိဘူး။
မစွန့်စားတာကောင်းမယ်"
ဒီမတိုင်မီက ယူရှောင်းမိုကအဆင့်တစ်ဆယ်မှော်ဆရာ
တစ်ယောက်ဖြစ်နေပြီဆိုတာကို ရှောင်ဟိန်မသိပေ။
သို့သော်ငြားလည်း သူအခုသိသွားတာတောင်မှ
သူ့တုံ့ပြန်မှုကအတူတူပင်ဖြစ်သည်။
ယူရှောင်းမိုသာဒဏ်ရာရသွားခဲ့လျှင် တစ်ခြားသူတွေ
ကိုဘယ်လိုရှင်းပြရမလဲ သူမသိချေ။
" စိတ်အေးအေးထား၊ မသေချာဘဲနဲ့ငါမလုပ်ဘူး"
ယူရှောင်းမိုက သူ့အဝတ်ထဲရှိ ဖီချုံးနှင့်
သတ္တုစားသားရဲလေးကိုမလိုက်သည်
" သူတို့ကိုခေါ် သွားပြီးစောင့်ကြည့်ထား။
နေရာတစ်ခုလုံးပတ်ပြေးခွင့်မပေးနဲ့"
ရှောင်ဟိန်က ထိုနှစ်ကောင်ကိုယူလိုက်ကာ
သူ့ကိုရှုပ်ထွေးသောအမူအရာနှင့်ကြည့်လိုက်၏။
ဘေးကနေပဲ ကြည့်ရတယ်ဆိုတာကိုတွေး
လိုက်ရင် သူကလုံးဝသောက်သုံးမကျတာပဲလို့
ခံစားရတဲ့ပထမဆုံးအကြိမ်ဖြစ်သည်။
ထားလိုက်ပါတော့ သူတို့ကခဏလောက်ပဲ
စိတ်လွတ်သွားကာရှိသေးတယ်၊ သခင်ကသူတို့ရှေ့
အများကြီးရောက်နေနှင့်ပြီးပြီ။
" သိပ်အဝေးကြီးမပြေးနဲ့ဦး။ ဒီကိစ္စပြီးသွားရင်
မင်းတို့ကောင်တွေကိုပေးစရာရှိသေးတယ်"
ပြောရင်းနှင့်ပင် ယူရှောင်းမိုကရှောင်ဟိန်ပြန်ဖြေတာ
တောင်မစောင့်တော့ဘဲ လှေကားရှိရာဘက်သို့
တွန်းလိုက်သည်။ သူနဲ့မျက်လုံးတစ်ဖက်အမာရွတ်
ကြောင့်ဖြစ်သွားသည့်ရုတ်ရုတ်သဲသဲမြင်ကွင်းကလဲ
ငြိမ်သွားပြီဖြစ်၏။ ရင်းနှီးနေသည့်အသွင်နှင့်
သူစိမ်းအဘိုးကြီးနှစ်ယောက်က
သူတို့နှစ်ယောက်ကြားတွင်
မည့်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိပေ။
ဝူချန်က ပျော်ရွှင်စွာအော်ခေါ် လိုက်၏
" အဖိုးလင်၊ အဖိုးကျိုး"
အဘိုးကြီးနှစ်ယောက်ကသူ့ဘက်သို့ ခေါင်းညိမ့်ပြ
လိုက်ပြီးနောက် မှောင်မည်းနေသည့်အမူအရာ
ရှိနေတဲ့မျက်လုံးတစ်ဖက်အမာရွတ်ကို
ကြည့်လိုက်သည်။ အဖိုးလင်ကတည်တည်ငြိမ်ငြိမ်
ပြောလိုက်သည် " မျက်လုံးတစ်ဖက်.....
ဒါကရွှမ်းယွီဟိုတယ်ရဲ့ပိုင်နက်ပါ၊
မင်းနောက်တစ်ခေါက်ထပ်လှုပ်ရှားရင်
ဒီအဘိုးကြီးကိုမယဉ်ကျေးဘူးလို့
အပြစ်မတင်နဲ့"
မျက်လုံးတစ်ဖက်အမာရွတ်က သူတို့ကို
ရက်ရက်စက်စက်စိုက်ကြည့်လိုက်ပြီး
ယူရှောင်းမိုကို လက်ညိုးထိုးပြလိုက်သည်
" လင်ထန်း၊ ဒီအကောင်လေးအတွက်နဲ့
လင်းယန်မျိုးနွယ်စုကိုရန်သူလုပ်ချင်တယ်ဆိုတာ
သေချာရဲ့လား?"
အဖိုးလင်ကပြုံးလိုက်၏ " မျက်လုံးတစ်ဖက်....
မင်းနဲ့သူ့ကြားဘာဖြစ်လဲဆိုတာငါတို့ဂရုမစိုက်ဘူး။
ဒါပေမယ့်.... ဒီနေရာကရွှမ်းယွီဟိုတယ်၊
ဒီဟိုတယ်မှာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ
တိုက်ခွင့်မပြုဘူး။ သူ့ကိုပြဿနာရှာချင်ရင်
သူဟိုတယ်ကနေထွက်သွားတဲ့အခါ မင်းကြိုက်သလို
လုပ်လို့ရတယ်၊ ဘာဖြစ်ဖြစ်ငါတို့ဝင်ပါမှာ
မဟုတ်ဘူး"
အဲ့လိုပဲထားလိုက်ပါတော့တဲ့၊ ဒါပေမယ့်
ရွှမ်းယွီဟိုတယ်က ယူရှောင်းမိုကိုကာပေးဖို့
ဆုံးဖြတ်ထားတယ်ဆိုတာကို မျက်လုံးတစ်ဖက်
သိနေသည်။ ယူရှောင်းမိုကတည်းခိုခန်းမှ
ထွက်မလာတော့ဘူးဆိုလျှင် သူကတစ်ရက်လေးပင်
ပြဿနာရှာ၍ရမည်မဟုတ်သောကြောင့်ပင်။
မျက်လုံးတစ်ဖက်အမာရွတ်က သူတ်ို့ကို
အေးစက်စွာစိုက်ကြည့်လိုက်ပြီး
တံတွေးထွေးလိုက်၏
" ကောင်းတယ်... အရမ်းကောင်းတယ်!
လင်ထန်း ၊ ကျိုးထျန်း၊ ငါမျက်လုံးတစ်ဖက်က
ဒီဟာကိုမှတ်ထားမယ်။ ပြောရအုံးမယ်...
ဒီကိစ္စကိုဒီတိုင်းထားလိုက်မှာမဟုတ်ဘူးနော်။
မင်းတို့ကောင်တွေက သူ့ကိုကာကွယ်ပေးချင်
တယ်ဆိုမှတော့ ဘယ်လောက်ထိကာကွယ်ပေးနိုင်
မလဲကြည့်ကြတာပေါ့။ သွားမယ်"
" နေဦး!" ယူရှောင်းမိုက သူ့ကိုရုတ်တရက်
အော်ခေါ် လိုက်၏။
ဤကိစ္စက ဒီနေရာမှတင်ပြီးနိုင်သော်ငြား
ယူရှောင်းမိုကအမှန်ပင်ပြေးထွက်သွားသည်။
ဝူချန်က ယူရှောင်းမိုကိုဆွဲရပ်လိုက်တော့သည်
" ယူရှောင်းဟာ၊ မင်းဘာလုပ်နေတာတုန်း?"
" ငါ့အကန့်ကိုငါသိပါတယ်" ယူရှောင်းမိုက
သူ့လက်ကိုခါချလိုက်ပြီး မျက်လုံးတစ်ဖက်
အမာရွတ်ဆီသို့လျှောက်သွားလိုက်သည်
" ဟေ့ကောင်ကြီး၊ ငါတို့ကိစ္စကိုရှင်းဖို့
နောင်ထိစောင့်စရာမလိုဘူး။ မင်းအခုချက်ချင်း
ရှင်းချင်တယ်ဆိုရင်လဲ အဆုံးသတ်လိုက်ကြတာပေါ့"
မျက်လုံးတစ်ဖက်အမာရွတ်က ထေ့ငေါ့လိုက်သည်
" မင်းတစ်ယောက်တည်းပေါ့?"
ယူရှောင်းမိုက ရင်ကော့လိုက်သည်
" ဟုတ်တယ်"
သူ့အတွက် စမ်းသပ်ခံရှာဖို့လွယ်တာမဟုတ်ဘူး၊
ဘာလို့ထွက်ပြေးခွင့်ပေးရမှာလဲ? ဘယ်လိုပဲဖြစ်ဖြစ်
အမုန်းတရားက ပေါ် ပေါက်နေပြီးပြီပဲ။
မျက်လုံးတစ်ဖက်အမာရွတ်ရဲ့စရိုက်နဲ့ဆိုရင်
ဒီကိစ္စကိုဒီတိုင်းထားလိုက်မှာမဟုတ်ပေ။
သူကသေသေချာချာအသုံးမချလိုက်ရင်
မျက်လုံးတစ်ဖက်အမာရွတ်ကို စိတ်ပျက်အောင်
လုပ်မိသလိုဖြစ်သွားမှာပေါ့။
" ကောင်းပြီလေ၊ မင်းကသေချင်နေတယ်ဆိုမှတော့
ကူညီပေးပါမယ်" မျက်လုံးတစ်ဖက်က
ရက်စက်ကြမ်းကြုတ်စွာပြောလိုက်ရင်း
နောက်လှည့်ပြီး လျှောက်ထွက်သွား၏။
ယူရှောင်းမိုက လိုက်သွားတော့မည့်အချိန်တွင်
ဝူချန်က ရုတ်တရက်တားလိုက်ပြီး
သူ့ကိုရှုတ်ချလိုက်၏၊
" အရူး! မျက်လုံးတစ်ဖက်အမာရွတ်က
နှစ်ပေါင်းများစွာလူသိများလာခဲ့တဲ့
ဧကရာဇ်အဆင့်ကျင့်ကြံသူလေ၊ မင်းကတော့
အဆင့်တစ်ဆယ်မှော်ဆရာလေးတစ်ယောက်ပဲ
ရှိသေးတာ။ တိုက်ပွဲအတွေ့အကြုံမှာပဲဖြစ်ဖြစ်
တိုက်ခိုက်အားမှာပဲဖြစ်ဖြစ် မင်းကသူ့ပြိုင်ဖက်
လုံးဝမဟုတ်ဘူး။ အဲ့လောက်တောင်
ပြေးပြီးသေချင်နေတာလား?"
" ငါ့ကိုအရူးလို့ထင်နေတာလား? အာမခံချက်မရှိဘဲ
ဘယ်သူကဒီတိုင်းကြီးသွားမှာတုန်း?"
ယူရှောင်းမိုက အံ့အားသင့်သွား၏၊
သူ့ကိုဖျောင်းဖျမည့်သူမှာ ဝူချန်ဖြစ်နေမည်ဟု
မထင်ထားချေ။
ဝူချန်က တစ်ခဏမျှတွေဝေနေ၏
"တကယ်သေချာရဲ့လား?"
သူကယူရှောင်းမိုကို ပေါ့ပေါ့လေးတွေထား၍မဟုတ်
ပါချေ။ သူကမျက်လုံးတစ်ဖက်အမာရွတ်ကို
နားလည်သော်လည်း ယူရှောင်းမိုကိုတော့
နားမလည်သောကြောင့်ဖြစ်သည်။
မှော်ဆရာများထဲတွင် စွမ်းအားကြီးသူများရှိနိုင်
သော်လည်း သက်လုံကဲ့သို့သောအရာတွင်မူ
မှော်ဆရာများက တိုက်ခိုက်သူများထက်
နိမ့်ကျသည်။
" စိတ်အေးအေးထား!"
ယူရှောင်းမိုက ပြောလိုက်ပြီးအပြင်ထွက်သွား
လိုက်တော့သည်။
ရွှမ်းယွီဟိုတယ်မှထွက်လာပြီး ညာဘက်ကွေ့ကာ
မီတာနှစ်ရာခန့်လျှောက်သွားလိုက်လျှင်
ဈေးကြီးသောမြေကွက်လပ်ကြီးတစ်ခုရှိ၏။
ဤမြေကွက်မှာ အရင်ကကုန်သွယ်ရေးနေရာ
ဖြစ်သည်။ နောက်ပိုင်းတွင် အနီးအနားရှိ
ကုန်သွယ်ရေးဧရိယာများကတစ်ခုတည်းအဖြစ်
ပေါင်းလိုက်သည့်အခါ မြေနေရာကကွက်လပ်
ဖြစ်သွားသည်။ ယနေ့တွင်တော့
၎င်းက သူတို့တွေကိစ္စရှင်းဖို့နေရာကောင်းတစ်ခု
ဖြစ်နေ၏။
ယူရှောင်းမိုရောက်သွားသည့်အခါ
မျက်လုံးတစ်ဖက်အမာရွတ်နှင့် သူ့နောက်လိုက်များက
စောင့်နေကြပြီဖြစ်သည်။ သူလာနေတာကိုမြင်တော့
သူတို့တစ်ယောက်ချင်းစီတိုင်းက
မကောင်းသောအကြံအစည်ရှိနေသည့်အမူအရာများ
ပြလိုက်ကြသည်။
မျက်လုံးတစ်ဖက်က ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး
လှောင်ပြောင်လိုက်သည်
" ငါ့မှာတော့ မင်းလွတ်သွားတော့မှာပဲဆိုပြီး
တွေးပူနေတာ၊ မင်းကအသက်ပေးဖို့ရောက်လာမယ်
လို့ ဘယ်သူထင်မှာလဲ?"
ယူရှောင်းမိုက နားဖာဂျီးကလော်လိုက်သည်
" စာကြောင်းတိုင်းမှာ ' မင်းအသက်ပေးတယ်'
ဆိုတာတွေ လိုက်ထည့်နေတာတော်လိုက်တော့။
တိုက်ချင်တယ်ဆိုရင် တိုက်မယ်။ ဒါပေမယ့်
ဘယ်သူကပဲနိုင်နိုင်ဘယ်သူကပဲရှုံးရှုံး၊ ရှုံးတဲ့သူက
နိုင်တဲ့သူကိုဘယ်တော့မှထပ်ပြီးပြဿနာမရှာဘူးလို့
ကျိန်ရမယ်။ ဘယ်လိုလဲ၊ လုပ်ရဲလား
မလုပ်ရဲဘူးလား?"
" ဘယ်လိုပဲနေနေ၊ ငါကနိုင်တဲ့သူဖြစ်မှာပဲ။
ကျိန်ကျိန်မကျိန်ကျိန်မကွာခြားဘူး"
မျက်လုံးတစ်ဖက်ကပြောပြီးသောအခါ
လက်မြှောက်လိုက်ပြီး ကတိပြုလိုက်၏
" ငါ၊ မျက်လုံးတစ်ဖက်အမာရွတ်သည်
ဤပွဲတွင်ရှုံးနိမ့်ခဲ့လျှင် အနိုင်ရသူအား
ယခုမှနောင်ထိ မည်သည့်အခါမျှပြဿနာမရှာတော့ပါ
ဟု ကောင်းကင်ဘုံအားကျိန်ဆိုပါသည်"
ယူရှောင်းမိုက ကျေနပ်သွားပြီးခေါင်းညိမ့်လိုက်ကာ
လက်မြှောက်ပြီးကတိပြုလိုက်သည်
" ယူရှောင်းဟာက ကျိန်ဆိုပါတယ်........"
ကျမ်းကျိန်မှုကို အတည်ပြုပြီးသည့်နောက်တွင်
သူနောက်ဆုံးတစ်ကြိမ်ကျိန်ခဲ့တုန်းကလိုပဲ
ဘာမှမခံစားရပေ။ ထိုအချိန်တုန်းက
လင်းရှောင်ကသူ့ကို
ကူညီပေးခဲ့တာကြောင့်ဖြစ်သည်။
သို့သော် ဤတစ်ကြိမ်ကခြားနား၏။
ကျမ်းသစ္စာက အလုပ်မလုပ်ရခြင်းမှာ
သူ့နာမည်ကယူရှောင်းဟာမဟုတ်သောကြောင့်ပင်။
မျက်လုံးတစ်ဖက်အမာရွတ်က ဗျက်ကျယ်ဓားရှည်ကို
မ လိုက်သည်။ ပြိုင်ပွဲစသည်ကိုမကြေညာရသေး
ခင်မှာပင် သူ့ခြေထောက်အောက်တွင်
အားတစ်ခုရုတ်တရက်ထွက်လာကာ
သူ့ကိုယ်ကအနက်ရောင်အရိပ်တစ်ခုဖြစ်သွားပြီး
ယူရှောင်းမိုဆီသို့ပြေးဝင်သွားတော့သည်။
အနားမရောက်ခင်မှာ သူ့ရဲ့နှစ်မီတာရှည်တဲ့
ဗျက်ကျယ်ဓားရှည်ကိုခေါင်းထက်မှာဝှေ့ယမ်းလိုက်ပြီး
ယူရှောင်းမိုရှိရာဘက်ကို ရေပြင်ညီအတိုင်းခုတ်ပိုင်း
လိုက်သည်။
ယူရှောင်းမိုက ခန္ဓာကိုယ်ကို
နောက်သို့ကွေးလိုက်ပြီး လက်ကိုမြေကြီးပေါ်
ထောက်လိုက်ကာ ဗျက်ကျယ်ဓားရှည်ကို
ခြေထောက်တစ်ဖက်နှင့်အားပြင်းပြင်း
ကန်လိုက်သည်။ ထို့နောက် နောက်ဂျွမ်းနှစ်ပတ်ပစ်
လိုက်ပြီး ဆယ်မီတာအကွာသို့ဆုတ်လိုက်၏။
မျက်လုံးတစ်ဖက်အမာရွတ်က ချက်ချင်းပင်
လိုက်သွားလိုက်သည်။ သူ့ဓားက နှစ်မီတာရှည်တာ
ကြောင့် သူ့ရဲ့တိုက်ခိုက်နိုင်သည့်အကွာအဝေးက
ပိုများလေသည်။ ထို့ပြင် ဓားမှာ
တစ်ရာကီလိုဂရမ်ဝန်းကျင်
အလေးချိန်ရှိသည်( ပေါင်၂၂၀) ။
သူ့လက်မောင်းအားက ဓားကိုလွယ်လွယ်ကူကူ
မနိုင်လောက်သည်အထိ သန်မာ၏။
တစ်ချက်တစ်ချက် ဝှေ့ယမ်းလိုက်လျှင်
တောင်ကိုနှစ်ခြမ်းခွဲနေသလိုခံစားရသည်။
လူတစ်ယောက်၏စိတ်နှလုံးကိုတုန်လှုပ်စေနိုင်သော
အားတစ်ခုက သာမာန်မျက်လုံးနှင့်မြင်နိုင်သည့်
အမြန်နှုန်းဖြင့်လေထုကိုခွဲခြမ်းနေသည်ကို
ခံစားရနိုင်၏။
ခုနတုန်းက သူ့လက်မောင်းအားနဲ့ ဗျက်ကျယ်ဓားရှည်
ရဲ့ အလေးချိန်ကို ယူရှောင်းမိုကိုယ်တွေ့သိလိုက်ရ
သည်။ ထို့ကြောင့် သူ့ပြိုင်ဖက်ကိုအထင်မသေးရဲ
ချေ။ ထို့အပြင် သူမျှော်လင့်မထားတာက
မျက်လုံးတစ်ဖက်အမာရွတ်က လူကောင်ကြီးပေမယ့်
သွက်လက်လျင်မြန်နေခြင်းဖြစ်သည်။
ဧကရာဇ်အဆင့်ကျွမ်းကျင်သူတွေက
ဘယ်လောက်ထိစွမ်းအားကြီးလဲဆိုတာ
ကိုယ်တိုင်ကြုံမှသိနိုင်မည်ဖြစ်သည်။
ဒါကိုတွေးမိတော့ ယူရှောင်းမိုကမပျော်မရွှင်မဖြစ်ဘဲ
မနေနိုင်တော့ချေ။ သူ့ရဲ့တိုက်ပွဲအတွေ့အကြုံကလဲ
သိပ်မရှိပေ၊ သို့ပေမယ့် ယောက်ျားတိုင်း၏သွေး
သားထဲတွင် သွေးဆာမှုအနဲနှင့်အများတော့ရှိကြ
သည်။
ခမ်းနားသောစိတ်ဝိဉာဉ်အားတစ်ခုက
သူ့မျက်ခုံးများကြားမှ မုန်တိုင်းတစ်ခုကဲ့သို့
ထွက်လာပြီး မြေပြင်ကိုတစ်ခဏချင်းမှာပဲ
လွှမ်းခြုံသွားသော်လည်း
သူကပြန်ဆွဲယူလိုက်သည်။ ဆံပင်တွေထောင်
သွားလောက်သည့်စွမ်းအားက သူ့လက်ထဲတွင်
ဖိနှိပ်ခံထားရပြီး ကြောက်မက်ဖွယ်ကောင်းသည့်
ဖိအားက မျက်လုံးတစ်ဖက်အမာရွတ်ဆီသို့
ပေါက်ကွဲထွက်သွားသည်။
မျက်လုံးတစ်ဖက်ရဲ့ အမူအရာကပြောင်းလဲသွား
တော့သည်၊ သို့သော် သူ့အတွက်ခုခံရန်
နောက်ကျသွားပြီဖြစ်၏။
ယူရှောင်းမိုရဲ့ကြောက်မက်ဖွယ်ကောင်းတဲ့
စိတ်ဝိဉာဉ်အားက ဗျက်ကျယ်ဓားရှည်နဲ့
တိုက်မိသွားပြီး စူးရှသောအသံတစ်ခုထွက်လာသည်။
ခေါင်းထိပ်တိုက် တိုက်ခံလိုက်ရတဲ့
မျက်လုံးတစ်ဖက်အမာရွတ်က 'အိုး' ဟုအော်လိုက်
သည်။ သူ့ဝိဉာဉ်က အတိုက်ခိုက်ခံလိုက်ရသလို
ခံစားနေရပြီး မျက်လုံးထဲတွင်အမှောင်ထုသာ
မြင်နေရကာသူ့ကိုယ်ကနောက်ပြန်ဆုတ်သွား၏။
တစ်စက္ကန့်မပြည့်တပြည့်လောက်တွင်
သူ့အမြင်အာရုံပြန်ရလာသည်။
ယူရှောင်းမိုက နောက်ဆုတ်သွားသည့်ရန်သူနောက်
မလိုက်ပေ။ သူ့စိတ်ဝိဉာဉ်စွမ်းအင်က
အခြားလူရဲ့ဝိဉာဉ်ကိုတိုက်ခိုက်နိုင်သော်လည်း
၎င်းကသာမာန်တိုက်ခိုက်မှုလေးသာဖြစ်တာကြောင့်
လုံလုံလောက်လောက်အန္တရာယ်မပေးနိုင်ပေ။
ထို့ပြင် သူ့ဗျက်ကျယ်ဓားရှည်က အမှန်ပင်
စိတ်ရှုပ်ဖို့ကောင်းသည်။
ထိုအခိုက်မှာပဲ ကြည့်နေတဲ့သူတွေထဲကနေ
သူနဲ့ရင်းနှီးနေတဲ့အော်ရာတစ်ခုခံစားမိလိုက်သည်။
ခဏအကြာတွင် ရွှေရောင်အရိပ်တစ်ခုက
လျှပ်စီးလက်သည့်အရှိန်နှင့် သူ့အဝတ်ထဲသို့
တိုးဝင်သွားတော့သည်။ ၎င်းမှာ
သတ္တုစားသားရဲလေးဖြစ်သည်။
ယူရှောင်းမိုက သားရဲအသွင်ပြောင်းလဲခြင်းအခန်းထဲ
မှာ သင်ယူခဲ့တဲ့ သားရဲအသွင်ပြောင်းခြင်းတစ်မျိုးကို
မှတ်မိသွားသည်။ သတ္တုစားသားရဲမှာ
ဖြုံလောက်တဲ့စွမ်းရည်တစ်ခုရှိတာကို
မှတ်မိသွားပြီး သူ့နှလုံးသားထဲတွင်
ကြိတ်ပျော်သွား၏။ အခုက စမ်းသပ်ကြည့်ဖို့
အခွင့်ရေးကောင်းပဲ။
ဒါကိုတွေးမိလိုက်တာနဲ့ ယူရှောင်းမိုကချက်ချင်းပဲ
စတင်ရွတ်ဖတ်တော့သည်။ တွန့်လိမ်နေသည့်
ရှေးဟောင်းအက္ခရာများက သူ့ပါးစပ်ကနေ
တစ်ခုပြီးတစ်ခုထွက်ပေါ် လာကာ
တဖြည်းဖြည်း စာလုံးတစ်လုံးဖြစ်သွားသည်။
တုံ့ပြန်မှုတစ်ခုကိုခံစားလိုက်ရသည့်အလား
သူ့ရင်ဘတ်ထဲမှာရှိနေတဲ့ သတ္တုစားသားရဲလေးရဲ့
ခန္ဓာကိုယ်က ကြီးမားတောက်ပတဲ့အလင်းတန်းတစ်ခု
ထုတ်လိုက်၏။ အလင်းတန်းကသူ့ကို
လွှမ်းခြုံသွားသည်........
နှစ်စက္ကန့်တိတိကြာပြီးနောက်တွင်
ယူရှောင်းမိုကိုယ်ပေါ် ၌ အဝတ်တစ်ထည်ရဲ့
ရွှေအမျှင်တန်းလေးတွေပေါ် လာသည်။
ထို အဝတ်လို့ခေါ် သည့်အရာများမှာ
အမှန်တွင်တော့ အဝတ်စုတ်လေးများသာဖြစ်၏။
_____________
Zawgyi
အပိုင္း၄၅၀- တစ္ကိုယ္ေတာ္တိုက္ခိုက္ျခင္း
မ်က္လံုးတစ္ဖက္အမာရြတ္၏ လူသိမ်ားေသာ
လက္နက္မွာ ဗ်က္က်ယ္ဓားရွည္ျဖစ္သည္။
သူကယခင္က ဓားရွည္က်င့္စဉ္မ်ားကိုသုေတသနျပဳ
ျခင္းကို အထူးျပဳခဲ့သည္။ ေနာက္ပိုင္းတြင္
ဗ်က္က်ယ္ဓားရွည္မ်ားအားျပန္လည္တိုက္ခိုက္ျခင္း
က်င့္စဉ္မ်ားကို သင္ယူေလ့လာခဲ့သည္၊
သို႔ေသာ္ ၄ကအလြန္ၿငီးေငြ့ဖြယ္ေကာင္းကာ
သူကလည္းစိတ္မရွည္တတ္သၫ့္လူတစ္ေယာက္
ျဖစ္သည္မို႔ အဆင့္မ်ားစြာကိုဖယ္ထုတ္ပစ္ခဲ့၏။
ေနာက္ဆံုးတြင္ေတာ့ သူက ျဖတ္ျခင္းႏွင့္
ခုတ္ပိုင္းျခင္းႏွစ္ခုကိုသာ သင္ခဲ့သည္။
ထိုလႈပ္ရွားမႈမ်ားက ရိုးရွင္းေသာ္ျငား
သူ႔ရဲ့စြမ္းအားကရိွန္ေလာက္စရာျဖစ္၏။
သူ႔ဓားခ်က္ႏွစ္ခုေအာက္တြင္
စြမ္းအားႀကီးက်င့္ႀကံသူမ်ားစြာရႈံးနိမ့္ခဲ့ရၿပီး
မေရမတြက္ႏိုင္ေသာကၽြမ္းက်င္သူမ်ားမွာ
ႏွစ္ပိုင္းျဖတ္တာျဖစ္ျဖစ္
တစ္ဝက္ပိုင္းတာျဖစ္ျဖစ္ ခံခဲ့ရသည္။
ယူေရွာင္းမိုက ေအးစက္စက္ႏွာေခါင္းရႈံ႔လိုက္သည္။
ဧကရာဇ္အဆင့္က်င့္ႀကံသူတစ္ေယာက္ႏွင့္
ထိပ္တိုက္ရင္ဆိုင္ရတာ ဒါကပထမဆံုးအႀကိမ္
ျဖစ္ေပမယ့္ သူမေၾကာက္ေပ။ အမွန္တြင္
သူက ဒီလိုကၽြမ္းက်င္သူမ်ိဳးနဲ႔ ဖလွယ္ရန္
ေမ်ွာ္လင့္ေနတာၾကာၿပီျဖစ္၏။
ယူေရွာင္းမိုက လက္စည္းခ်ိပ္တစ္ခုကို
လ်င္ျမန္စြာေဖာ္လိုက္သည္။ စိတ္ႏွလံုးကို
တုန္လႈပ္ေစႏိုင္သၫ့္ေအာ္ရာတစ္ခုပါဝင္ေသာ
အျဖဴေရာင္အလင္းတန္းစုေလးတစ္ခုက
မ်က္လံုးတစ္ဖက္အမာရြတ္၏ဓားေအာ္ရာႏွင့္
တိုက္သြား၏။ တစ္ခဏခ်င္းမွာပဲ
တည္းခိုခန္းအတြင္းတြင္ ေလမုန္တိုင္းတစ္ခု
ေဝ႔ွဝိုက္တိုက္ခတ္လာၿပီး စားပဲြထိုင္ခံုေတြက
ေလထဲသို႔ၿမွောက္တက္သြားေတာ့သည္။
အားနည္းသၫ့္တိုက္ခိုက္သူမ်ားမွာ
ေျမၾကီးေပၚ လဲက်ကုန္ၾကၿပီး ေနရာအႏွံ႔တြင္
သနားစဖြယ္ေအာ္သံမ်ားထြက္လာေတာ့သည္။
လူတိုင္းရဲ့အၾကၫ့္ေတြကြယ္ေနတဲ့အခ်ိန္ကို
အခြင့္ေကာင္းယူလိုက္ကာ ေရွာင္ဟိန္က
ယူေရွာင္းမိုလက္ေမာင္းကိုဆဲြလိုက္သည္
" အရင္သြားရေအာင္"
ယူေရွာင္းမိုက သူ႔လက္ကိုဖယ္ထုတ္လိုက္သည္
" ငါ့အတြက္ပူစရာမလိုဘူး။ သူ႔ကိုအႏိုင္တိုက္ႏိုင္မယ္
လို႔ခံစားရတယ္။ ဒါ့ျပင္ ရွဲ႔ခ်ဳံးကလဲ
အေပၚ ထပ္မွာတင္ေလ။ ေအာက္ထပ္မွာဒီေလာက္
ႀကီးတဲ့ရန္ပဲြႀကီးျဖစ္ေနတာ သူသိၿပီးတာၾကာ
ေလာက္ၿပီ။ အခုအေပၚ ထပ္ကေန
ၾကၫ့္ေနတာေတာင္ျဖစ္ႏိုင္တယ္"
" တစ္ရာရာခိုင္ႏႈန္းအာမခံခ်က္မရိွဘူး။
မစြန႔္စားတာေကာင္းမယ္"
ဒီမတိုင္မီက ယူေရွာင္းမိုကအဆင့္တစ္ဆယ္ေမွာ္ဆရာ
တစ္ေယာက္ျဖစ္ေနၿပီဆိုတာကို ေရွာင္ဟိန္မသိေပ။
သို႔ေသာ္ျငားလည္း သူအခုသိသြားတာေတာင္မွ
သူ႔တံု႔ျပန္မႈကအတူတူပင္ျဖစ္သည္။
ယူေရွာင္းမိုသာဒဏ္ရာရသြားခဲ့လ်ွင္ တစ္ျခားသူေတြ
ကိုဘယ္လိုရွင္းျပရမလဲ သူမသိေခ်။
" စိတ္ေအးေအးထား၊ မေသခ်ာဘဲနဲ႔ငါမလုပ္ဘူး"
ယူေရွာင္းမိုက သူ႔အဝတ္ထဲရိွ ဖီခ်ဳံးႏွင့္
သတၲုစားသားရဲေလးကိုမလိုက္သည္
" သူတို႔ကိုေခၚ သြားၿပီးေစာင့္ၾကၫ့္ထား။
ေနရာတစ္ခုလံုးပတ္ေျပးခြင့္မေပးနဲ႔"
ေရွာင္ဟိန္က ထိုႏွစ္ေကာင္ကိုယူလိုက္ကာ
သူ႔ကိုရႈပ္ေထြးေသာအမူအရာႏွင့္ၾကၫ့္လိုက္၏။
ေဘးကေနပဲ ၾကၫ့္ရတယ္ဆိုတာကိုေတြး
လိုက္ရင္ သူကလံုးဝေသာက္သံုးမက်တာပဲလို႔
ခံစားရတဲ့ပထမဆံုးအႀကိမ္ျဖစ္သည္။
ထားလိုက္ပါေတာ့ သူတို႔ကခဏေလာက္ပဲ
စိတ္လြတ္သြားကာရိွေသးတယ္၊ သခင္ကသူတို႔ေရ႔ွ
အမ်ားႀကီးေရာက္ေနႏွင့္ၿပီးၿပီ။
" သိပ္အေဝးႀကီးမေျပးနဲ႔ဦး။ ဒီကိႁစၥပီးသြားရင္
မင္းတို႔ေကာင္ေတြကိုေပးစရာရိွေသးတယ္"
ေျပာရင္းႏွင့္ပင္ ယူေရွာင္းမိုကေရွာင္ဟိန္ျပန္ေျဖတာ
ေတာင္မေစာင့္ေတာ့ဘဲ ေလွကားရိွရာဘက္သို႔
တြန္းလိုက္သည္။ သူနဲ႔မ်က္လံုးတစ္ဖက္အမာရြတ္
ေၾကာင့္ျဖစ္သြားသၫ့္ရုတ္ရုတ္သဲသဲျမင္ကြင္းကလဲ
ၿငိမ္သြားၿပီျဖစ္၏။ ရင္းႏွီးေနသၫ့္အသြင္ႏွင့္
သူစိမ္းအဘိုးႀကီးႏွစ္ေယာက္က
သူတို႔ႏွစ္ေယာက္ၾကားတြင္
မၫ့္သၫ့္အခ်ိန္ကတည္းက ေရာက္ေနမွန္းမသိေပ။
ဝူခ်န္က ေပ်ာ္ရႊင္စြာေအာ္ေခၚ လိုက္၏
" အဖိုးလင္၊ အဖိုးက်ိဳး"
အဘိုးႀကီးႏွစ္ေယာက္ကသူ႔ဘက္သို႔ ေခါင္းညိမ့္ျပ
လိုက္ၿပီးေနာက္ ေမွာင္မည္းေနသၫ့္အမူအရာ
ရိွေနတဲ့မ်က္လံုးတစ္ဖက္အမာရြတ္ကို
ၾကၫ့္လိုက္သည္။ အဖိုးလင္ကတည္တည္ၿငိမ္ၿငိမ္
ေျပာလိုက္သည္ " မ်က္လံုးတစ္ဖက္.....
ဒါကရႊမ္းယီြဟိုတယ္ရဲ့ပိုင္နက္ပါ၊
မင္းေနာက္တစ္ေခါက္ထပ္လႈပ္ရွားရင္
ဒီအဘိုးႀကီးကိုမယဉ္ေက်းဘူးလို႔
အျပစ္မတင္နဲ႔"
မ်က္လံုးတစ္ဖက္အမာရြတ္က သူတို႔ကို
ရက္ရက္စက္စက္စိုက္ၾကၫ့္လိုက္ၿပီး
ယူေရွာင္းမိုကို လက္ညိုးထိုးျပလိုက္သည္
" လင္ထန္း၊ ဒီအေကာင္ေလးအတြက္နဲ႔
လင္းယန္မ်ိဳးႏြယ္စုကိုရန္သူလုပ္ခ်င္တယ္ဆိုတာ
ေသခ်ာရဲ့လား?"
အဖိုးလင္ကႃပံုးလိုက္၏ " မ်က္လံုးတစ္ဖက္....
မင္းနဲ႔သူ႔ၾကားဘာျဖစ္လဲဆိုတာငါတို႔ဂရုမစိုက္ဘူး။
ဒါေပမယ့္.... ဒီေနရာကရႊမ္းယီြဟိုတယ္၊
ဒီဟိုတယ္မွာ ဘယ္သူတစ္ဦးတစ္ေယာက္ကိုမွ
တိုက္ခြင့္မျပဳဘူး။ သူ႔ကိုျပႆနာရွာခ်င္ရင္
သူဟိုတယ္ကေနထြက္သြားတဲ့အခါ မင္းႀကိဳက္သလို
လုပ္လို႔ရတယ္၊ ဘာျဖစ္ျဖစ္ငါတို႔ဝင္ပါမွာ
မဟုတ္ဘူး"
အဲ့လိုပဲထားလိုက္ပါေတာ့တဲ့၊ ဒါေပမယ့္
ရႊမ္းယီြဟိုတယ္က ယူေရွာင္းမိုကိုကာေပးဖို႔
ဆံုးျဖတ္ထားတယ္ဆိုတာကို မ်က္လံုးတစ္ဖက္
သိေနသည္။ ယူေရွာင္းမိုကတည္းခိုခန္းမွ
ထြက္မလာေတာ့ဘူးဆိုလ်ွင္ သူကတစ္ရက္ေလးပင္
ျပႆနာရွာ၍ရမည္မဟုတ္ေသာေၾကာင့္ပင္။
မ်က္လံုးတစ္ဖက္အမာရြတ္က သူတ္ို႔ကို
ေအးစက္စြာစိုက္ၾကၫ့္လိုက္ၿပီး
တံေတြးေထြးလိုက္၏
" ေကာင္းတယ္... အရမ္းေကာင္းတယ္!
လင္ထန္း ၊ က်ိဳးထ်န္း၊ ငါမ်က္လံုးတစ္ဖက္က
ဒီဟာကိုမွတ္ထားမယ္။ ေျပာရအံုးမယ္...
ဒီကိစၥကိုဒီတိုင္းထားလိုက္မွာမဟုတ္ဘူးေနာ္။
မင္းတို႔ေကာင္ေတြက သူ႔ကိုကာကြယ္ေပးခ်င္
တယ္ဆိုမွေတာ့ ဘယ္ေလာက္ထိကာကြယ္ေပးႏိုင္
မလဲၾကၫ့္ၾကတာေပါ့။ သြားမယ္"
" ေနဦး!" ယူေရွာင္းမိုက သူ႔ကိုရုတ္တရက္
ေအာ္ေခၚ လိုက္၏။
ဤကိစၥက ဒီေနရာမွတင္ၿပီးႏိုင္ေသာ္ျငား
ယူေရွာင္းမိုကအမွန္ပင္ေျပးထြက္သြားသည္။
ဝူခ်န္က ယူေရွာင္းမိုကိုဆဲြရပ္လိုက္ေတာ့သည္
" ယူေရွာင္းဟာ၊ မင္းဘာလုပ္ေနတာတုန္း?"
" ငါ့အကန႔္ကိုငါသိပါတယ္" ယူေရွာင္းမိုက
သူ႔လက္ကိုခါခ်လိုက္ၿပီး မ်က္လံုးတစ္ဖက္
အမာရြတ္ဆီသို႔ေလ်ွာက္သြားလိုက္သည္
" ေဟ့ေကာင္ႀကီး၊ ငါတို႔ကိစၥကိုရွင္းဖို႔
ေနာင္ထိေစာင့္စရာမလိုဘူး။ မင္းအခုခ်က္ခ်င္း
ရွင္းခ်င္တယ္ဆိုရင္လဲ အဆံုးသတ္လိုက္ၾကတာေပါ့"
မ်က္လံုးတစ္ဖက္အမာရြတ္က ေထ့ေငါ့လိုက္သည္
" မင္းတစ္ေယာက္တည္းေပါ့?"
ယူေရွာင္းမိုက ရင္ေကာ့လိုက္သည္
" ဟုတ္တယ္"
သူ႔အတြက္ စမ္းသပ္ခံရွာဖို႔လြယ္တာမဟုတ္ဘူး၊
ဘာလို႔ထြက္ေျပးခြင့္ေပးရမွာလဲ? ဘယ္လိုပဲျဖစ္ျဖစ္
အမုန္းတရားက ေပၚ ေပါက္ေနၿပီးၿပီပဲ။
မ်က္လံုးတစ္ဖက္အမာရြတ္ရဲ့စရိုက္နဲ႔ဆိုရင္
ဒီကိစၥကိုဒီတိုင္းထားလိုက္မွာမဟုတ္ေပ။
သူကေသေသခ်ာခ်ာအသံုးမခ်လိုက္ရင္
မ်က္လံုးတစ္ဖက္အမာရြတ္ကို စိတ္ပ်က္ေအာင္
လုပ္မိသလိုျဖစ္သြားမွာေပါ့။
" ေကာင္းၿပီေလ၊ မင္းကေသခ်င္ေနတယ္ဆိုမွေတာ့
ကူညီေပးပါမယ္" မ်က္လံုးတစ္ဖက္က
ရက္စက္ၾကမ္းၾကဳတ္စြာေျပာလိုက္ရင္း
ေနာက္လွၫ့္ၿပီး ေလ်ွာက္ထြက္သြား၏။
ယူေရွာင္းမိုက လိုက္သြားေတာ့မၫ့္အခ်ိန္တြင္
ဝူခ်န္က ရုတ္တရက္တားလိုက္ၿပီး
သူ႔ကိုရႈတ္ခ်လိုက္၏၊
" အရူး! မ်က္လံုးတစ္ဖက္အမာရြတ္က
ႏွစ္ေပါင္းမ်ားစြာလူသိမ်ားလာခဲ့တဲ့
ဧကရာဇ္အဆင့္က်င့္ႀကံသူေလ၊ မင္းကေတာ့
အဆင့္တစ္ဆယ္ေမွာ္ဆရာေလးတစ္ေယာက္ပဲ
ရိွေသးတာ။ တိုက္ပဲြအေတြ့အႄကံုမွာပဲျဖစ္ျဖစ္
တိုက္ခိုက္အားမွာပဲျဖစ္ျဖစ္ မင္းကသူ႔ၿပိဳင္ဖက္
လံုးဝမဟုတ္ဘူး။ အဲ့ေလာက္ေတာင္
ေျပးၿပီးေသခ်င္ေနတာလား?"
" ငါ့ကိုအရူးလို႔ထင္ေနတာလား? အာမခံခ်က္မရိွဘဲ
ဘယ္သူကဒီတိုင္းႀကီးသြားမွာတုန္း?"
ယူေရွာင္းမိုက အံ့အားသင့္သြား၏၊
သူ႔ကိုေဖ်ာင္းဖ်မၫ့္သူမွာ ဝူခ်န္ျဖစ္ေနမည္ဟု
မထင္ထားေခ်။
ဝူခ်န္က တစ္ခဏမ်ွေတြေဝေန၏
"တကယ္ေသခ်ာရဲ့လား?"
သူကယူေရွာင္းမိုကို ေပါ့ေပါ့ေလးေတြထား၍မဟုတ္
ပါေခ်။ သူကမ်က္လံုးတစ္ဖက္အမာရြတ္ကို
နားလည္ေသာ္လည္း ယူေရွာင္းမိုကိုေတာ့
နားမလည္ေသာေၾကာင့္ျဖစ္သည္။
ေမွာ္ဆရာမ်ားထဲတြင္ စြမ္းအားႀကီးသူမ်ားရိွႏိုင္
ေသာ္လည္း သက္လံုကဲ့သို႔ေသာအရာတြင္မူ
ေမွာ္ဆရာမ်ားက တိုက္ခိုက္သူမ်ားထက္
နိမ့္က်သည္။
" စိတ္ေအးေအးထား!"
ယူေရွာင္းမိုက ေျပာလိုက္ၿပီးအျပင္ထြက္သြား
လိုက္ေတာ့သည္။
ရႊမ္းယီြဟိုတယ္မွထြက္လာၿပီး ညာဘက္ေကြ့ကာ
မီတာႏွစ္ရာခန႔္ေလ်ွာက္သြားလိုက္လ်ွင္
ေဈးႀကီးေသာေျမကြက္လပ္ႀကီးတစ္ခုရိွ၏။
ဤေျမကြက္မွာ အရင္ကကုန္သြယ္ေရးေနရာ
ျဖစ္သည္။ ေနာက္ပိုင္းတြင္ အနီးအနားရိွ
ကုန္သြယ္ေရးဧရိယာမ်ားကတစ္ခုတည္းအျဖစ္
ေပါင္းလိုက္သၫ့္အခါ ေျမေနရာကကြက္လပ္
ျဖစ္သြားသည္။ ယေန့တြင္ေတာ့
၄က သူတို႔ေတြကိစၥရွင္းဖို႔ေနရာေကာင္းတစ္ခု
ျဖစ္ေန၏။
ယူေရွာင္းမိုေရာက္သြားသၫ့္အခါ
မ်က္လံုးတစ္ဖက္အမာရြတ္ႏွင့္ သူ႔ေနာက္လိုက္မ်ားက
ေစာင့္ေနၾကၿပီျဖစ္သည္။ သူလာေနတာကိုျမင္ေတာ့
သူတို႔တစ္ေယာက္ခ်င္းစီတိုင္းက
မေကာင္းေသာအႀကံအစည္ရိွေနသၫ့္အမူအရာမ်ား
ျပလိုက္ၾကသည္။
မ်က္လံုးတစ္ဖက္က ေရ႔ွသို႔တစ္လွမ္းတိုးလိုက္ၿပီး
ေလွာင္ေျပာင္လိုက္သည္
" ငါ့မွာေတာ့ မင္းလြတ္သြားေတာ့မွာပဲဆိုၿပီး
ေတြးပူေနတာ၊ မင္းကအသက္ေပးဖို႔ေရာက္လာမယ္
လို႔ ဘယ္သူထင္မွာလဲ?"
ယူေရွာင္းမိုက နားဖာဂ်ီးကေလာ္လိုက္သည္
" စာေၾကာင္းတိုင္းမွာ ' မင္းအသက္ေပးတယ္'
ဆိုတာေတြ လိုက္ထၫ့္ေနတာေတာ္လိုက္ေတာ့။
တိုက္ခ်င္တယ္ဆိုရင္ တိုက္မယ္။ ဒါေပမယ့္
ဘယ္သူကပဲႏိုင္ႏိုင္ဘယ္သူကပဲရႈံးရႈံး၊ ရႈံးတဲ့သူက
ႏိုင္တဲ့သူကိုဘယ္ေတာ့မွထပ္ၿပီးျပႆနာမရွာဘူးလို႔
က်ိန္ရမယ္။ ဘယ္လိုလဲ၊ လုပ္ရဲလား
မလုပ္ရဲဘူးလား?"
" ဘယ္လိုပဲေနေန၊ ငါကႏိုင္တဲ့သူျဖစ္မွာပဲ။
က်ိန္က်ိန္မက်ိန္က်ိန္မကြာျခားဘူး"
မ်က္လံုးတစ္ဖက္ကေျပာၿပီးေသာအခါ
လက္ၿမွောက္လိုက္ၿပီး ကတိျပဳလိုက္၏
" ငါ၊ မ်က္လံုးတစ္ဖက္အမာရြတ္သည္
ဤပဲြတြင္ရႈံးနိမ့္ခဲ့လ်ွင္ အႏိုင္ရသူအား
ယခုမွေနာင္ထိ မည္သၫ့္အခါမ်ျွပႆနာမရွာေတာ့ပါ
ဟု ေကာင္းကင္ဘံုအားက်ိန္ဆိုပါသည္"
ယူေရွာင္းမိုက ေက်နပ္သြားၿပီးေခါင္းညိမ့္လိုက္ကာ
လက္ၿမွောက္ၿပီးကတိျပဳလိုက္သည္
" ယူေရွာင္းဟာက က်ိန္ဆိုပါတယ္........"
က်မ္းက်ိန္မႈကို အတည္ျပဳျပီးသၫ့္ေနာက္တြင္
သူေနာက္ဆံုးတစ္ႀကိမ္က်ိန္ခဲ့တုန္းကလိုပဲ
ဘာမွမခံစားရေပ။ ထိုအခ်ိန္တုန္းက
လင္းေရွာင္ကသူ႔ကို
ကူညီေပးခဲ့တာေၾကာင့္ျဖစ္သည္။
သို႔ေသာ္ ဤတစ္ႀကိမ္ကျခားနား၏။
က်မ္းသစၥာက အလုပ္မလုပ္ရျခင္းမွာ
သူ႔နာမည္ကယူေရွာင္းဟာမဟုတ္ေသာေၾကာင့္ပင္။
မ်က္လံုးတစ္ဖက္အမာရြတ္က ဗ်က္က်ယ္ဓားရွည္ကို
မ လိုက္သည္။ ၿပိဳင္ပဲြစသည္ကိုမေၾကညာရေသး
ခင္မွာပင္ သူ႔ေျခေထာက္ေအာက္တြင္
အားတစ္ခုရုတ္တရက္ထြက္လာကာ
သူ႔ကိုယ္ကအနက္ေရာင္အရိပ္တစ္ခုျဖစ္သြားၿပီး
ယူေရွာင္းမိုဆီသို႔ေျပးဝင္သြားေတာ့သည္။
အနားမေရာက္ခင္မွာ သူ႔ရဲ့ႏွစ္မီတာရွည္တဲ့
ဗ်က္က်ယ္ဓားရွည္ကိုေခါင္းထက္မွာေဝ႔ွယမ္းလိုက္ၿပီး
ယူေရွာင္းမိုရိွရာဘက္ကို ေရျပင္ညီအတိုင္းခုတ္ပိုင္း
လိုက္သည္။
ယူေရွာင္းမိုက ခႏၶာကိုယ္ကို
ေနာက္သို႔ေကြးလိုက္ၿပီး လက္ကိုေျမၾကီးေပၚ
ေထာက္လိုက္ကာ ဗ်က္က်ယ္ဓားရွည္ကို
ေျခေထာက္တစ္ဖက္ႏွင့္အားျပင္းျပင္း
ကန္လိုက္သည္။ ထို႔ေနာက္ ေနာက္ဂၽြမ္းႏွစ္ပတ္ပစ္
လိုက္ၿပီး ဆယ္မီတာအကြာသို႔ဆုတ္လိုက္၏။
မ်က္လံုးတစ္ဖက္အမာရြတ္က ခ်က္ခ်င္းပင္
လိုက္သြားလိုက္သည္။ သူ႔ဓားက ႏွစ္မီတာရွည္တာ
ေၾကာင့္ သူ႔ရဲ့တိုက္ခိုက္ႏိုင္သၫ့္အကြာအေဝးက
ပိုမ်ားေလသည္။ ထို႔ျပင္ ဓားမွာ
တစ္ရာကီလိုဂရမ္ဝန္းက်င္
အေလးခ်ိန္ရိွသည္( ေပါင္၂၂၀) ။
သူ႔လက္ေမာင္းအားက ဓားကိုလြယ္လြယ္ကူကူ
မႏိုင္ေလာက္သည္အထိ သန္မာ၏။
တစ္ခ်က္တစ္ခ်က္ ေဝ႔ွယမ္းလိုက္လ်ွင္
ေတာင္ကိုႏွစ္ျခမ္းခဲြေနသလိုခံစားရသည္။
လူတစ္ေယာက္၏စိတ္ႏွလံုးကိုတုန္လႈပ္ေစႏိုင္ေသာ
အားတစ္ခုက သာမာန္မ်က္လံုးႏွင့္ျမင္ႏိုင္သၫ့္
အျမန္ႏႈန္းျဖင့္ေလထုကိုခဲြျခမ္းေနသည္ကို
ခံစားရႏိုင္၏။
ခုနတုန္းက သူ႔လက္ေမာင္းအားနဲ႔ ဗ်က္က်ယ္ဓားရွည္
ရဲ့ အေလးခ်ိန္ကို ယူေရွာင္းမိုကိုယ္ေတြ့သိလိုက္ရ
သည္။ ထို႔ေၾကာင့္ သူ႔ၿပိဳင္ဖက္ကိုအထင္မေသးရဲ
ေခ်။ ထို႔အျပင္ သူေမ်ွာ္လင့္မထားတာက
မ်က္လံုးတစ္ဖက္အမာရြတ္က လူေကာင္ႀကီးေပမယ့္
သြက္လက္လ်င္ျမန္ေနျခင္းျဖစ္သည္။
ဧကရာဇ္အဆင့္ကၽြမ္းက်င္သူေတြက
ဘယ္ေလာက္ထိစြမ္းအားႀကီးလဲဆိုတာ
ကိုယ္တိုင္ႄကံုမွသိႏိုင္မည္ျဖစ္သည္။
ဒါကိုေတြးမိေတာ့ ယူေရွာင္းမိုကမေပ်ာ္မရႊင္မျဖစ္ဘဲ
မေနႏိုင္ေတာ့ေခ်။ သူ႔ရဲ့တိုက္ပဲြအေတြ့အႄကံုကလဲ
သိပ္မရိွေပ၊ သို႔ေပမယ့္ ေယာက္်ားတိုင္း၏ေသြး
သားထဲတြင္ ေသြးဆာမႈအနဲႏွင့္အမ်ားေတာ့ရိွၾက
သည္။
ခမ္းနားေသာစိတ္ဝိဉာဉ္အားတစ္ခုက
သူ႔မ်က္ခံုးမ်ားၾကားမွ မုန္တိုင္းတစ္ခုကဲ့သို႔
ထြက္လာၿပီး ေျမျပင္ကိုတစ္ခဏခ်င္းမွာပဲ
လႊမ္းႃခံုသြားေသာ္လည္း
သူကျပန္ဆဲြယူလိုက္သည္။ ဆံပင္ေတြေထာင္
သြားေလာက္သၫ့္စြမ္းအားက သူ႔လက္ထဲတြင္
ဖိႏိွပ္ခံထားရၿပီး ေၾကာက္မက္ဖြယ္ေကာင္းသၫ့္
ဖိအားက မ်က္လံုးတစ္ဖက္အမာရြတ္ဆီသို႔
ေပါက္ကဲြထြက္သြားသည္။
မ်က္လံုးတစ္ဖက္ရဲ့ အမူအရာကေျပာင္းလဲသြား
ေတာ့သည္၊ သို႔ေသာ္ သူ႔အတြက္ခုခံရန္
ေနာက္က်သြားၿပီျဖစ္၏။
ယူေရွာင္းမိုရဲ့ေၾကာက္မက္ဖြယ္ေကာင္းတဲ့
စိတ္ဝိဉာဉ္အားက ဗ်က္က်ယ္ဓားရွည္နဲ႔
တိုက္မိသြားၿပီး စူးရွေသာအသံတစ္ခုထြက္လာသည္။
ေခါင္းထိပ္တိုက္ တိုက္ခံလိုက္ရတဲ့
မ်က္လံုးတစ္ဖက္အမာရြတ္က 'အိုး' ဟုေအာ္လိုက္
သည္။ သူ႔ဝိဉာဉ္က အတိုက္ခိုက္ခံလိုက္ရသလို
ခံစားေနရၿပီး မ်က္လံုးထဲတြင္အေမွာင္ထုသာ
ျမင္ေနရကာသူ႔ကိုယ္ကေနာက္ျပန္ဆုတ္သြား၏။
တစ္စကၠန႔္မျပၫ့္တျပၫ့္ေလာက္တြင္
သူ႔အျမင္အာရံုျပန္ရလာသည္။
ယူေရွာင္းမိုက ေနာက္ဆုတ္သြားသၫ့္ရန္သူေနာက္
မလိုက္ေပ။ သူ႔စိတ္ဝိဉာဉ္စြမ္းအင္က
အျခားလူရဲ့ဝိဉာဉ္ကိုတိုက္ခိုက္ႏိုင္ေသာ္လည္း
၄ကသာမာန္တိုက္ခိုက္မႈေလးသာျဖစ္တာေၾကာင့္
လံုလံုေလာက္ေလာက္အႏၲရာယ္မေပးႏိုင္ေပ။
ထို႔ျပင္ သူ႔ဗ်က္က်ယ္ဓားရွည္က အမွန္ပင္
စိတ္ရႈပ္ဖို႔ေကာင္းသည္။
ထိုအခိုက္မွာပဲ ၾကၫ့္ေနတဲ့သူေတြထဲကေန
သူနဲ႔ရင္းႏွီးေနတဲ့ေအာ္ရာတစ္ခုခံစားမိလိုက္သည္။
ခဏအၾကာတြင္ ေရႊေရာင္အရိပ္တစ္ခုက
လ်ွပ္စီးလက္သၫ့္အရိွန္ႏွင့္ သူ႔အဝတ္ထဲသို႔
တိုးဝင္သြားေတာ့သည္။ ၄မွာ
သတၲုစားသားရဲေလးျဖစ္သည္။
ယူေရွာင္းမိုက သားရဲအသြင္ေျပာင္းလဲျခင္းအခန္းထဲ
မွာ သင္ယူခဲ့တဲ့ သားရဲအသြင္ေျပာင္းျခင္းတစ္မ်ိဳးကို
မွတ္မိသြားသည္။ သတၲုစားသားရဲမွာ
ႃဖံုေလာက္တဲ့စြမ္းရည္တစ္ခုရိွတာကို
မွတ္မိသြားၿပီး သူ႔ႏွလံုးသားထဲတြင္
ႀကိတ္ေပ်ာ္သြား၏။ အခုက စမ္းသပ္ၾကၫ့္ဖို႔
အခြင့္ေရးေကာင္းပဲ။
ဒါကိုေတြးမိလိုက္တာနဲ႔ ယူေရွာင္းမိုကခ်က္ခ်င္းပဲ
စတင္ရြတ္ဖတ္ေတာ့သည္။ တြန႔္လိမ္ေနသၫ့္
ေရွးေဟာင္းအကၡရာမ်ားက သူ႔ပါးစပ္ကေန
တစ္ခုၿပီးတစ္ခုထြက္ေပၚ လာကာ
တျဖည္းျဖည္း စာလံုးတစ္လံုးျဖစ္သြားသည္။
တံု႔ျပန္မႈတစ္ခုကိုခံစားလိုက္ရသၫ့္အလား
သူ႔ရင္ဘတ္ထဲမွာရိွေနတဲ့ သတၲုစားသားရဲေလးရဲ့
ခႏၶာကိုယ္က ႀကီးမားေတာက္ပတဲ့အလင္းတန္းတစ္ခု
ထုတ္လိုက္၏။ အလင္းတန္းကသူ႔ကို
လႊမ္းႃခံုသြားသည္........
ႏွစ္စကၠန႔္တိတိၾကာၿပီးေနာက္တြင္
ယူေရွာင္းမိုကိုယ္ေပၚ ၌ အဝတ္တစ္ထည္ရဲ့
ေရႊအမ်ွင္တန္းေလးေတြေပၚ လာသည္။
ထို အဝတ္လို႔ေခၚ သၫ့္အရာမ်ားမွာ
အမွန္တြင္ေတာ့ အဝတ္စုတ္ေလးမ်ားသာျဖစ္၏။
_____________