Unicode
အပိုင်း၄၄၉- မျက်လုံးတစ်ဖက်အမာရွတ်
နတ်ဆိုးသားရဲများဖြစ်နေသရွေ့ ၎င်းတို့က
မိတ်လိုက်ရာသီကိုကြုံရမည်ဖြစ်၏။
ရှောင်ဟိန်က သူ့မှာမရှိဘူးလို့ပြောခဲ့သော်ငြား
၎င်းကအလုံးစုံမှန်သည်တော့မဟုတ်ပေ။
သို့သော်လည်း သူထိုအကြောင်းမစဉ်းစားသရွေ့
သူ့မှာ မိတ်လိုက်ရာသီမရှိဘူးလို့ ယူဆနိုင်သည်။
အကြောင်းမှာ အစွမ်းပိုထက်သည့်နတ်ဆိုးသားရဲများ
က မိတ်လိုက်ရာသီအတွင်းတွင်
မိတ်လိုက်သည့်ဗီဇကို သူတို့၏ကျင့်ကြံခြင်းနှင့်
ဖိနှိပ်ထားနိုင်၍ဖြစ်၏၊ ၎င်းကသူတို့ခန္ဓာကိုယ်တွင်
မကောင်းသောအကျိုးသက်ရောက်ခြင်းလဲ
မရှိနိုင်ပေ။ သို့ပေမယ့် ရှဲ့ချုံးနှင့်မောင်ချုံးအတွက်
ကတော့ ရာသီအတွင်းမှာသူတို့ရဲ့မိတ်လိုက်ချင်တဲ့
ဆန္ဒက တစ်ခြားသူများထက်ပိုပြင်းထန်သည်။
ထို့ပြင် သူတို့ရဲ့ ' ငါလုပ်ချင်သလိုလုပ်' ဆိုတဲ့
စရိုက်က ဆန္ဒတွေကိုချုပ်တည်းထားစရာ
အကြောင်းပြချက်မပေးပေ။
တော်တော်ကြာနားထောင်ပြီးမှ အနက်ရောင်ဝတ်
ထားတဲ့အေးစက်စက်လူဟာ နတ်ဆိုးသားရဲ
တစ်ကောင်ဆိုတာကို ဝူချန်သိသွား၏။
နတ်ဆိုးသားရဲများစွာက လူအသွင်ပြောင်းလို့
ရပေမယ့် သူ့နဲ့ယူရှောင်းမိုရဲ့ဆက်ဆံရေးက
သူ့ကိုသိချင်စိတ်ဖြစ်စေသည်။
သူ့ကိုကြည့်နေတာကို ရှောင်ဟိန်ကသတိထားမိသွား
သည်။ ယူရှောင်းမိုနဲ့စကားပြောပြီးတဲ့နောက်မှာ
သူ့ကိုအေးစက်စွာကြည့်လိုက်ကာ
သူ့မျက်လုံးထဲတွင်သတိပေးခြင်းက
ပေါ် လွင်နေသည်။ ဝူချန်က သူ့အကြည့်ကို
ကိုးယိုးကားယားပြောင်းလိုက်တော့၏။
ယူရှောင်းမိုက သူ့လှုပ်ရှားမှုကိုအချိန်ကိုက်ဖမ်းမိသွား
ပြီးမေးလိုက်သည် "ဟေး.... ဘာဖြစ်လို့လဲ?"
" ငါ့နာမည်က ဝူချန်၊ ဟေး မဟုတ်ဘူး"
" ကောင်းပြီ.... မင်းကဘာလို့ဒီမှာထိုင်နေသေးတာ
တုန်း?" သူတို့ကစားပွဲတစ်ခုတည်းမျှထိုင်ရလောက်
အောင်မရင်းနှီးဘူးလို့ခံစားရတယ်။
ဝူချန့်အမူအရာက ပိုလို့တောင်မသက်မသာ
ဖြစ်လာသည်။
" ရွှမ်းယွီဟိုတယ်က ငါ့နေရာပဲ!
ငါထိုင်ချင်တဲ့နေရာကို သူများဆီကခွင့်တောင်းဖို့
လိုသေးလို့လား?"
" မလိုပါဘူး" ယူရှောင်းမိုက သူနဲ့ငြင်းခုံမနေဖို့
ဆုံးဖြတ်လိုက်သည်။
ထိုအခိုက်တွင် အပြင်ဘက်မှရုတ်ရုတ်
ရုတ်ရုတ်အသံတစ်ခုကို ရုတ်တရက်ကြားလိုက်ရ
သည်။ အလျင်လိုနေသည့်ခြေသံများက
ရွှမ်းယွီဟိုတယ်ကိုရောက်လာတော့မယောင်
တဖြည်းဖြည်းနီးကပ်လာ၏။
စက္ကန့်အနည်းငယ်ကြာပြီးနောက်တွင်
အဖြူရောင်အရိပ်တစ်ခုက တံခါးမကြီးမှ
ဝုန်းကနဲဝင်လာပြီး ယူရှောင်းမိုလက်မောင်းထဲသို့
လျှပ်စီးတစ်ခုအလားဒိုင်ဗင်ထိုးဝင်သွားတော့
သည်။
စာချုပ်ဆက်နွယ်မှုကြောင့်သာမဟုတ်ရင်
ယူရှောင်းမိုကကြောက်လန့်ပြီး လမ်းတစ်ဝက်မှာတင်
ရိုက်ထုတ်ပစ်မိလောက်မယ်။
သူငုံ့ကြည့်လိုက်တော့ တောက်ပနေတဲ့အနီရောင်
မျက်လုံးတွေနဲ့ အကြည့်ချင်းဆုံသွားတော့သည်။
ထို့နောက်တွင်တော့ ၎င်း၏ဝမ်းဗိုက်အောက်မှ
ပိုသေးတဲ့ရွှေရောင်ခေါင်းလေးတစ်ခု
ထွက်လာ၏။ ဒါကဖီချုံးနဲ့သတ္တုစားသားရဲလေးကလွဲ
လို့ ဘယ်သူဖြစ်နိုင်ဦးမှာလဲ?
ယူရှောင်းမိုပါးစပ်ထောင့်များတွန့်သွားတော့သည်။
" မင်းတို့ကောင်တွေ......."
သူပြီးအောင်မပြောရသေးခင်မှာပဲ
ရန်လိုနေပုံရပြီး ဘာတစ်ခုမှကောင်းပုံမပေါ် သော
ဓားရှည်ဓားတိုများကိုင်ထားသည့်ယောက်ျား
အုပ်လိုက်ကြီးက အပြင်မှဝုန်းဒိုင်းကြဲ
ဝင်လာကြသည်။
ယူရှောင်းမို မတုံ့ပြန်နိုင်ခင်တွင်
ဖီချုံးကလက်ထဲမှရုန်းလိုက်ပြီး
သူ့အဝတ်ထဲသို့လျှောကနဲဝင်သွားတော့၏။
"......"
အုပ်စုကိုခေါင်းဆောင်သည့်လူ၏မျက်နှာတွင်
ဓားရာရှည်ကြီးရှိနေသည်။ အမာရွတ်က
မျက်နှာတစ်ဝက်ကိုကန့်လန့်ဖြတ်ရှိနေကာ
မျက်လုံးတစ်ဖက်ကန်းနေပြီး သူ့ရဲ့နဂိုကြမ်းတမ်း
သောရုပ်ကို ရက်စက်ပုံပေါက်နေစေသည်။
ပုခုံးပေါ် တွင် နှစ်မီတာရှည်သည့်
ဗျက်ကျယ်ဓားရှည်ကိုထမ်းထားပြီး
သူ့ကိုယ်မှ သွေးနံ့များထွက်နေသည်။
တံခါးပေါက်တွင်ရပ်နေရင်း သူကဧည့်ခန်းကို
သိမ်းကြုံးကြည့်လိုက်သည်။
သူ့အကြည့်ခံလိုက်ရသော
လူများက သူတို့ဦးရေပြားများ
စပ်ဖျဉ်းဖျဉ်းဖြစ်သွားသည်ကို
ခံစားလိုက်ရ၏။
" အိုး... ဘုရားရေ.... အဲ့တာမျက်လုံးတစ်ဖက်
အမာရွတ်မဟုတ်လား?"
" အိုး.... ချီး... ဒီနတ်ဆိုးကဘာလို့ရောက်လာတာ
လဲ?"
..........
ဟိုတယ်က ခပ်တိုးတိုးအသံများ တီးတိုးရေရွတ်သံ
များဖြင့် ဆူညံလာတော့သည်။ လူတိုင်းက
ဒီအမာရွတ်နဲ့လူကိုမှတ်မိကြပြီး
အလွန်အမင်းကြောက်ကြတာ ထင်ရှားနေ၏။
သူတို့စကားပြောသည့်အခါတွင်ပင်
အသံများကိုနိမ့်ပြီးတီးတိုးသာပြောကြသည်။
သို့သော် ပြောလိုက်သည့်ဟာကို
ကြားနေရသေး၏။
မျက်လုံးတစ်လုံးအမာရွတ်လူက ရှေ့သို့တစ်လှမ်း
တိုးလိုက်ပြီး အထက်စီးဆန်ဆန်ပြောလိုက်သည်
" ငွေဖြူရောင်နတ်ဆိုးသားရဲတစ်ကောင်နောက်
လိုက်နေတာ။ မြင်လိုက်တယ်ဆိုရင်
ဖုံးကွယ်မထားတာကောင်းမယ်... အဲ့လိုမှ
မဟုတ်ရင်တော့........"
ခြိမ်းခြောက်စကားကိုမပြောရသေးခင်မှာပင်
ရှိနေသည့်လူတိုင်းက ယူရှောင်းမိုကို
ညီညီညွတ်ညွတ်ကြည့်လိုက်ကြ၏။
အဖြူရောင်အရိပ်ပြေးဝင်လာတုန်းက
သူတို့အားလုံး ရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်။
မျက်လုံးတစ်လုံးအမာရွတ်လူက သူတို့အကြည့်
အတိုင်းလိုက်ကြည့်လိုက်တော့ ယူရှောင်းမိုနဲ့
ကျန်နှစ်ယောက်ကိုတွေ့လိုက်ရတော့သည်။
အကြည်းတန်ပြီးစက်ဆုပ်ဖို့ကောင်းတဲ့အပြုံးတစ်ခုက
သူ့ရဲ့လေးထောင့်မျက်နှာပေါ် တွင်
ပေါ် လာပြီး သူတို့ဆီသို့ခြေလှမ်းကျယ်ကျယ်ဖြင့်
လျှောက်သွားတော့၏။
" ယူရှောင်းဟာ... မင်းတို့တွေဂရုစိုက်ရမယ်"
ဝူချန်က တိုးတိုးပြောလိုက်သည်
" သူက လင်းယုန်မျိုးနွယ်စုကမျက်လုံးတစ်ဖက်
အမာရွတ်ပဲ၊ သူ့စွမ်းအားက ကြယ်သုံးပွင့်
ဧကရာဇ်အဆင့်မှာရှိတယ်။
သူကဗဟိုမြို့တော်မှာ အာဏာရှင်တစ်ယောက်လို
ပြုမူနေပေမယ့် ဘယ်သူကမှပြန်မပြောရဲကြဘူး၊
သူတို့လင်းယုန်မျိုးနွယ်စုရဲ့ခေါင်းဆောင်က
ထုံထျန်းနတ်ဒေဝါဆယ်ပါးထဲက
လင်းယုန်နတ်ဘုရားလေ။ သူက
မျက်လုံးတစ်ဖက်အမာရွတ်ရဲ့ ညီငယ်လေးပဲ"
ယူရှောင်းမိုက ခေါင်းညိမ့်လိုက်သည်။
သူ့မှာ ဒီလိုနောက်ခံမျိုးရှိတာပေါ့။ ဗဟိုမြို့တော်မှာ
သူကြိုက်သလိုလုပ်ရဲပြီး ရွှမ်းယွီဟိုတယ်ကို
ဘာမှမမှားတဲ့ပုံနဲ့ဖောက်ဝင်လာရဲတာ
အံ့ဩစရာမရှိတော့ပေ။
သူသိသလောက်တော့ ရွှမ်းယွီဟိုတယ်မှာလဲ
ကြည့်ရှုပေးနေတဲ့နတ်ဒေဝါအဆင့်ကျင့်ကြံသူ
တစ်ယောက်ရှိနေတယ်။ ထိုပုဂ္ဂိုလ်၏စွမ်းအားမှာ
လင်းယုန်မျိုးနွယ်စုနှင့်မယှဉ်နိုင်သော်လည်း
ရွှမ်းယွီဟိုတယ်၏ ဆန်းကြယ်သောတည်ထောင်သူ
ကြောင့် လင်းယုန်မျိုးနွယ်စုနှင့်ရွှမ်းယွီဟိုတယ်တို့မှာ
ပဋိပက္ခကြီးကြီးမားမားမရှိခဲ့ပေ။
သို့ပေမယ့် ဆန်းကြယ်သောတည်ထောင်သူကို
မည်သူမျှမြင်ဖူးခဲ့ခြင်းမရှိရာ လင်းယုန်မျိုးနွယ်စုက
သူတို့ကိုယ်သူတို့ပိုအင်အားကြီးသည်ဟုထင်ကြပြီး
ရွှမ်းယွီဟိုတယ်ကို မျက်လုံးထဲမထည့်ကြသည်က
များ၏။
မျက်လုံးတစ်ဖက်အမာရွတ်က ဇွတ်ဝင်လာတဲ့
အချိန်တွင် သူ့စိတ်ထဲ၌ထိုကဲ့သို့ရှိနေသည်။
သူက သူတို့ရှေ့လျှောက်လာပြီး
ထိုင်ခုံတစ်ခုပေါ် တွင် ခြေတစ်ဖက်တင်လိုက်သည်။
သူ့မျက်လုံးများက ဝူချန်ပေါ် ရောက်သွားသည့်အခါ
ပြုံးလိုက်၏။
" အိုး.... သခင်လေးဝူပဲ။ အဲ့ဒီ့နတ်ဆိုးသားရဲကို
မြင်လိုက်သေးလား?"
" မင်းကိုဘာလို့ပြောပြရမှာလဲ?"
ဝူချန်က ထေ့ငေါ့လိုက်သည်။
မျက်လုံးတစ်ဖက်အမာရွတ်ကနှာမှုတ်လိုက်သည်
" ငါနောက်လုပ်မယ့်အရာတွေက
ကိုယ်ရေးကိုယ်တာတွေပါ။ သခင်လေးဝူက
မနှောင့်ယှက်ရလောက်အောင်ထိဉာဏ်ကောင်းမယ်လို့
မျှော်လင့်တယ်"
ဝူချန့်မျက်နှာကမှောင်မည်းသွားတော့သည်
" မျက်လုံးတစ်ဖက်.... မင်းနောက်မှာ
တစ်ယောက်ယောက်ရှိတယ်ဆိုတိုင်း
မင်းလုပ်ချင်တာလုပ်လို့ရတယ်မထင်နဲ့။
ဒါကရွှမ်းယွီဟိုတယ်ရဲ့ပိုင်နက်။ ဒီနေရာမှာ
ပြဿနာရှာရဲရင် မင်းကိုနှင်ထုတ်တဲ့အခါ
ငါ့ကိုအပြစ်မတင်နဲ့"
သူပြောပြီးနောက်တွင် အားကောင်းသောတည်ရှိမှု
နှစ်ခုကဟိုတယ်ထဲမှာ ရုတ်ခြည်းထွက်ပေါ် လာ၏။
မျက်လုံးတစ်ဖက်အမာရွတ်က သူ့ကိုအေးစက်စွာ
စိုက်ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများက
ယူရှောင်းမိုပေါ် သို့ကျသွားတော့သည်။
" ကောင်စုတ်လေး... နတ်ဆိုးသားရဲကို
မင်းဖွက်ထားတယ်ဆိုတာငါသိတယ်။
ပေးစမ်း" သူကမှောင်မည်းစွာပြောလိုက်၏။
" အဲ့တာက ငါ့ရဲ့ဆက်နွယ်သားရဲပဲ၊
မင်းကိုဘာလို့ပေးရမှာလဲ?" ဖီချုံးကတမင်သက်သက်
ပြဿနာရှာခဲ့တာ ဟုတ်ဟုတ်မဟုတ်ဟုတ်
အရေးမပါပေ၊ ယူရှောင်းမိုက သူ့ကိုပေးလိုက်ဖို့
စိတ်ကူးမရှိပေ။
" ကောင်စုတ်လေး၊ ငါတို့ကိုလာပြီးဖိအားမပေးခိုင်းနဲ့။
မင်းရဲ့ဆက်နွယ်သားရဲက ငါတို့ခေါင်းဆောင်ကို
အပြစ်ပြုခဲ့တယ်၊ အာ့ကြောင့်ပေးလိုက်ရင်
ကောင်းမယ်နော်။ မဟုတ်ရင်တော့
နောက်တစ်နေ့ကိုမြင်ရမှာမဟုတ်တော့ဘူး"
မျက်လုံးတစ်ဖက်အမာရွတ်၏ လက်အောက်
ငယ်သားတစ်ယောက်က ဒေါသနဲ့အော်လိုက်၏။
ယူရှောင်းမိုက မျက်ခုံးပင့်လိုက်သည်။
" ငါ့ဆက်နွယ်သားရဲလေးက မင်းတို့ခေါင်းဆောင်ကို
ဝင်တိုက်မိသွားတယ်? သူထိခိုက်သွားလား?
အရေပြားဘယ်လောက်များပဲ့သွားလို့လဲ?
စွမ်းအင်ကျောက်တုံး
ဘယ်လောက်လျော်ပေးရမလဲ?"
ထိုအခိုက်တွင် ဗျက်ကျယ်ဓားရှည်တစ်ချောင်းက
ကောင်းကင်မှပြုတ်ကျလာကာ
သူတို့စားပွဲကို ' ကလန်!' ဟူသောအသံကျယ်ကြီးနှင့်
ရိုက်မိသွား၏။ ကျိုးပဲ့လွယ်သောစားပွဲက
ဝန်ကိုမခံနိုင်ဘဲ အပိုင်းပိုင်းအစစဖြစ်သွားတော့
သည်။
ယူရှောင်းမိုက ခေါင်းမော့ကြည့်လိုက်သည်။
ဓားရှည်ပိုင်ရှင်မှာ မျက်လုံးတစ်ဖက်အမာရွတ်ပင်။
သူ့သွေးကြောတွေကထောင်နေပြီး
ယူရှောင်းမိုကိုဖိအားပေးနေသည့်မျက်လုံးများတွင်
ရက်စက်သောအကြည့်တစ်ခုရှိနေရာ
ဒေါသအရိပ်အယောင်တစ်ခုပေါင်းလိုက်သည့်အခါ
တွင် သူ့လေးထောင့်မျက်နှာက ပိုပြီးအန္တရာယ်ရှိပုံ
ပေါ် နေ၏။
" သတ္တိတွေရှိနေတာပေါ့.. ကောင်စုတ်လေး!"
" မြှောက်ပင့်နေပါပြီ"
မျက်လုံးတစ်ဖက်အမာရွတ်မှာ ယူရှောင်းမိုစကားများ
ကြောင့် ဆင်ခြင်နိုင်စွမ်းဆုံးရှုံးသွားမည့်သူမဟုတ်ပါ
ချေ။ သူကဗဟိုမြို့တော်မှာခက်ခက်ခဲခဲဖြင့်ရှင်သန်
ခဲ့ရသည်ဟုဆိုလျှင် မမှားပေ။ ထို့ပြင်
သူကယခုတွင် ရွှမ်းယွီဟိုတယ်၏ပိုင်နက်တွင်း၌
ရှိနေ၏။ တိုက်ခိုက်တာ၊ သို့တည်းမဟုတ်
တစ်ခုခုကိုများဖျက်စီးရဲမယ်ဆိုရင်
ထိုအဘိုးကြီးနှစ်ယောက်ကလဲလှုပ်ရှားလာမည်
ဖြစ်သည်။ ဘယ်နေရာကမှန်းမသိပေါ် လာတဲ့
ကောင်စုတ်လေးတစ်ယောက်အတွက်နှင့်
ရွှမ်းယွီဟိုတယ်နှင့်ပဋိပက္ခဖြစ်ရတာ
မတန်ပေ။
သူကရွှမ်းယွီဟိုတယ်ကို သိပ်ဂရုမစိုက်သော်လည်း
သူ့ညီငယ်လေးက မလုပ်မဖြစ်မှမဟုတ်ရင်
ရွှမ်းယွီဟိုတယ်နှင့်မတိုက်ချင်ဘူးဟု
ပြောဖူးသည်။
" မင်းရဲ့ဆက်နွယ်သားရဲအတွက်
အလျော်ပေးချင်တယ်ဆိုမှတော့
သခင်လေးဝူရဲ့မျက်နှာကိုထောက်ပြီး
မင်းကိုအခွင့်ရေးတစ်ခုပေးမယ်။
ငါ့ကို စွမ်းအင်ကျောက်တုံးတစ်သန်းပေး၊
မင်းတို့ကိုလွှတ်ပေးမယ်"
မျက်လုံးတစ်ဖက်အမာရွတ်က မတန်တဆဈေးကို
တောင်းလိုက်၏။
ဧည့်ခန်းရှိလူအုပ်ကြီးမှာ တံတွေးထွေးမိတော့မလိုပင်။
လျော်ကြေးအဖြစ်စွမ်းအင်ကျောက်တုံးတစ်သန်း?
သို့ပေမယ့် ၎င်းက မျက်လုံးတစ်ဖက်အမာရွတ်
အလုပ်လုပ်သည့်ပုံစံနှင့် အလွန်တူ၏။
" မင်းကိုဝင်တိုက်မိလို့ စွမ်းအင်ကျောက်တုံးတစ်သန်း
ပေးရမယ်? စွမ်းအင်ကျောက်တုံးရှာရတာ
လွယ်တယ်ထင်နေလား? သုံးနှစ်ကလေးတောင်
ဒီလိုမပြောဘူး။ ငါ့မှာတစ်သန်းတော့မရှိဘူး၊
တစ်ရာဆိုရင်တော့ပေးမယ်" ယူရှောင်းမိုက
တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။
ဧည့်ခန်းကတိတ်သွားပြန်၏။
စွမ်းအင်ကျောက်တုံးတစ်သန်းဆိုတာက
အဆမတန်ဖြစ်ပြီး နေ့ခင်းကြောင်တောင်ဓားပြ
တိုက်နေတာပဲ၊ ဒါပေမယ့် အတုံးတစ်ရာ?
တစ်သန်းနဲ့ယှဉ်ရင် အဲ့တာကသူတောင်းစားကို
မောင်းလွှတ်ဖို့ပေးတဲ့ပိုက်ဆံပဲရှိတာ။
မျက်လုံးတစ်ဖက်အမာရွတ်ရဲ့အဆင့်အတန်းအတွက်
၎င်းက သူ့ထိုက်တန်မှုကိုနိမ့်ကျစေ၏။
" သတိထား!" အော်လိုက်သည့်သူမှာဝူချန်ဖြစ်သည်။
သူက မျက်လုံးတစ်ဖက်အကြောင်းအသိဆုံးပဲ။
အဲ့ကောင်က ယူရှောင်းမိုရန်စတာခံထားရတယ်၊
သူကအရှက်ရပြီး သေချာပေါက်ကိုစိတ်တိုနေမှာပဲ၊
ဒါ့ကြောင့် ပထမဆုံးသူလုပ်မယ့်အရာက
လက်ပါလာတာပဲ။
သူသတိပေးစရာမလိုဘဲ ယူရှောင်းမိုက
မျက်လုံးတစ်ဖက်အမာရွတ်၏သတ်ဖြတ်လိုစိတ်ကို
သတိထားမိနှင့်ပြီးဖြစ်ကာ မြန်မြန်နောက်ဆုတ်လိုက်
သည်။ မျက်လုံးတစ်ဖက်က ဧကရာဇ်အဆင့်
ကျင့်ကြံသူတစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်
သူကအဆင့်တစ်ဆယ်မှော်ဆရာတစ်ယောက်
ဖြစ်သည်။ သူတို့တကယ်တိုက်ကြရင်
သူရှုံးမည်မဟုတ်ပေ။
စားပွဲမှသစ်သားစများက အားကောင်း
သည့်အော်ရာနှစ်ခုကြောင့် အစအနများအဖြစ်
ကွဲကြေသွားတော့သည်။ ပတ်ပတ်လည်မှလူများက
ဘေးဘက်ဆီသို့ရွှေ့လိုက်ကြကာ
ယူရှောင်းမိုကို ထိတ်လန့်အံ့ဩစွာကြည့်လိုက်ကြ၏။
မျက်လုံးတစ်ဖက်အမာရွတ်က နေရာကို
ထိန်းထားနိုင်သော်လည်း သူ့အမူအရာကတော့
လူတိုင်းနှင့်အတူတူပင်ဖြစ်နေသည်။
" မင်းက အဆင့်တစ်ဆယ်မှော်ဆရာပေါ့?"
သူက ယူရှောင်းမိုကိုမယုံနိုင်စွာကြည့်လိုက်သည်။
ရှေးဟောင်းဝိဉာဉ်နှင့်စွမ်းရည်ကျင့်စဉ်များကို
လက်ဆင့်ကမ်းလာသည့်နေရာတွင်
ထုံထျန်းကုန်းမြေက လုံရှန်းကုန်းမြေနှင့်ခြားနားသည်။
ဤအရာများကိုလေ့လာသင်ယူသရွေ့
သူတို့ကို မှော်ဆရာတစ်ယောက်ဟုယူဆကြသည်။
တိုက်ခိုက်အားအကြောင်းပြောရမည်ဆိုလျှင်
သူတို့က တိုက်ခိုက်သူများနှင့် ယှဉ်တိုက်နိုင်၏။
သို့ပေမယ့် ၎င်းကအရေးကြီးဆုံးအပိုင်း
မဟုတ်ပေ။ မှော်ဆရာတစ်ယောက်၏တန်ဖိုးက
တိုက်ခိုက်သူတစ်ယောက်ထက်ပိုမြင့်သည်။
အဆင့်မြင့်မှော်ဆရာတစ်ယောက်က
ဆုလာဒ်တစ်ခုကိုသာမာန်ကာလျှံကာထုတ်လိုက်ရုံနှင့်
လုပ်ဆောင်ပေးဖို့ဆန္ဒရှိသည့် စွမ်းအားကြီးသူများမှာ
လုံလောက်သည်ထက်ပင်ပိုနေလိမ့်မည်ဖြစ်၏။
ကံကောင်းတာက သူကအခုမှအဆင့်တစ်ဆယ်
မှော်ဆရာပဲရှိသေးတယ်။ သူသာ
အဆင့်ဆယ့်တစ်မှော်ဆရာတစ်ယောက်
ဖြစ်လာရင် ပြဿနာဖြစ်တော့မှာပဲ။
ထိုအကြောင်းတွေးမိသွားတော့
မျက်လုံးတစ်ဖက်အမာရွတ်က သူ့မျက်လုံးတွင်
ဖြတ်ပြေးသွားသည့် အေးစက်သောလူသတ်လိုသည့်
အလင်းကိုမထိန်းထားတော့ပေ။
ယူရှောင်းမိုကို အပြစ်ပြုပြီးပြီဆိုမှတော့
ဖျက်စီးပစ်လိုက်တာပဲကောင်းမယ်။
ထိုအခိုက်တွင် ရှောင်ဟိန်က သူ့ကိုယ်ပိုင်စွမ်းအားကို
နောင်တရသွား၏။ သူကအဆင့်ကိုးကြယ်ခြောက်ပွင့်
ပဲရှိသေးတယ်။ သူ့ရဲ့အဆင့်တက်တဲ့အမြန်နှုန်းကို
အလွန်မြန်သည်ဟုယူဆနိုင်သော်လည်း
ဧကရာဇ်အဆင့်ကျင့်ကြံသူတစ်ယောက်အတွက်တော့
ပြိုင်ဖက်မဟုတ်ပေ။
" မျက်လုံးတစ်ဖက်၊ ရွှမ်းယွီဟိုတယ်မှာ
ပြဿနာရှာရဲတယ်ပေါ့?" သူ့ရဲ့သတ်ဖြတ်လိုစိတ်ကို
အာရုံခံမိလိုက်သည့်အခါ ဝူချန်က
ဒေါသထွက်စွာအော်လိုက်၏။
မျက်လုံးတစ်ဖက်အမာရွတ်က သူ့ကိုအရေးမလုပ်
ပေ။ သူ့လက်ထဲကဓားရှည်ကိုမြှောက်လိုက်ပြီး
ယူရှောင်းမိုဆီသို့ ဝှေ့ယမ်းလိုက်၏။
_____________
Zawgyi
အပိုင္း၄၄၉- မ်က္လံုးတစ္ဖက္အမာရြတ္
နတ္ဆိုးသားရဲမ်ားျဖစ္ေနသေရြ့ ၄တို႔က
မိတ္လိုက္ရာသီကိုႄကံုရမည္ျဖစ္၏။
ေရွာင္ဟိန္က သူ႔မွာမရိွဘူးလို႔ေျပာခဲ့ေသာ္ျငား
၄ကအလံုးစံုမွန္သည္ေတာ့မဟုတ္ေပ။
သို႔ေသာ္လည္း သူထိုအေၾကာင္းမစဉ္းစားသေရြ့
သူ႔မွာ မိတ္လိုက္ရာသီမရိွဘူးလို႔ ယူဆႏိုင္သည္။
အေၾကာင္းမွာ အစြမ္းပိုထက္သၫ့္နတ္ဆိုးသားရဲမ်ား
က မိတ္လိုက္ရာသီအတြင္းတြင္
မိတ္လိုက္သၫ့္ဗီဇကို သူတို႔၏က်င့္ႀကံျခင္းႏွင့္
ဖိႏိွပ္ထားႏိုင္၍ျဖစ္၏၊ ၄ကသူတို႔ခႏၶာကိုယ္တြင္
မေကာင္းေသာအက်ိဳးသက္ေရာက္ျခင္းလဲ
မရိွႏိုင္ေပ။ သို႔ေပမယ့္ ရွဲ႔ခ်ဳံးႏွင့္ေမာင္ခ်ဳံးအတြက္
ကေတာ့ ရာသီအတြင္းမွာသူတို႔ရဲ့မိတ္လိုက္ခ်င္တဲ့
ဆႏၵက တစ္ျခားသူမ်ားထက္ပိုျပင္းထန္သည္။
ထို႔ျပင္ သူတို႔ရဲ့ ' ငါလုပ္ခ်င္သလိုလုပ္' ဆိုတဲ့
စရိုက္က ဆႏၵေတြကိုခ်ဳပ္တည္းထားစရာ
အေၾကာင္းျပခ်က္မေပးေပ။
ေတာ္ေတာ္ၾကာနားေထာင္ၿပီးမွ အနက္ေရာင္ဝတ္
ထားတဲ့ေအးစက္စက္လူဟာ နတ္ဆိုးသားရဲ
တစ္ေကာင္ဆိုတာကို ဝူခ်န္သိသြား၏။
နတ္ဆိုးသားရဲမ်ားစြာက လူအသြင္ေျပာင္းလို႔
ရေပမယ့္ သူ႔နဲ႔ယူေရွာင္းမိုရဲ့ဆက္ဆံေရးက
သူ႔ကိုသိခ်င္စိတ္ျဖစ္ေစသည္။
သူ႔ကိုၾကၫ့္ေနတာကို ေရွာင္ဟိန္ကသတိထားမိသြား
သည္။ ယူေရွာင္းမိုနဲ႔စကားေျပာၿပီးတဲ့ေနာက္မွာ
သူ႔ကိုေအးစက္စြာၾကၫ့္လိုက္ကာ
သူ႔မ်က္လံုးထဲတြင္သတိေပးျခင္းက
ေပၚ လြင္ေနသည္။ ဝူခ်န္က သူ႔အၾကၫ့္ကို
ကိုးယိုးကားယားေျပာင္းလိုက္ေတာ့၏။
ယူေရွာင္းမိုက သူ႔လႈပ္ရွားမႈကိုအခ်ိန္ကိုက္ဖမ္းမိသြား
ၿပီးေမးလိုက္သည္ "ေဟး.... ဘာျဖစ္လို႔လဲ?"
" ငါ့နာမည္က ဝူခ်န္၊ ေဟး မဟုတ္ဘူး"
" ေကာင္းၿပီ.... မင္းကဘာလို႔ဒီမွာထိုင္ေနေသးတာ
တုန္း?" သူတို႔ကစားပဲြတစ္ခုတည္းမ်ွထိုင္ရေလာက္
ေအာင္မရင္းႏွီးဘူးလို႔ခံစားရတယ္။
ဝူခ်န႔္အမူအရာက ပိုလို႔ေတာင္မသက္မသာ
ျဖစ္လာသည္။
" ရႊမ္းယီြဟိုတယ္က ငါ့ေနရာပဲ!
ငါထိုင္ခ်င္တဲ့ေနရာကို သူမ်ားဆီကခြင့္ေတာင္းဖို႔
လိုေသးလို႔လား?"
" မလိုပါဘူး" ယူေရွာင္းမိုက သူနဲ႔ျငင္းခံုမေနဖို႔
ဆံုးျဖတ္လိုက္သည္။
ထိုအခိုက္တြင္ အျပင္ဘက္မွရုတ္ရုတ္
ရုတ္ရုတ္အသံတစ္ခုကို ရုတ္တရက္ၾကားလိုက္ရ
သည္။ အလ်င္လိုေနသၫ့္ေျခသံမ်ားက
ရႊမ္းယီြဟိုတယ္ကိုေရာက္လာေတာ့မေယာင္
တျဖည္းျဖည္းနီးကပ္လာ၏။
စကၠန႔္အနည္းငယ္ၾကာၿပီးေနာက္တြင္
အျဖဴေရာင္အရိပ္တစ္ခုက တံခါးမႀကီးမွ
ဝုန္းကနဲဝင္လာၿပီး ယူေရွာင္းမိုလက္ေမာင္းထဲသို႔
လ်ွပ္စီးတစ္ခုအလားဒိုင္ဗင္ထိုးဝင္သြားေတာ့
သည္။
စာခ်ဳပ္ဆက္ႏြယ္မႈေၾကာင့္သာမဟုတ္ရင္
ယူေရွာင္းမိုကေၾကာက္လန႔္ၿပီး လမ္းတစ္ဝက္မွာတင္
ရိုက္ထုတ္ပစ္မိေလာက္မယ္။
သူငံု႔ၾကၫ့္လိုက္ေတာ့ ေတာက္ပေနတဲ့အနီေရာင္
မ်က္လံုးေတြနဲ႔ အၾကၫ့္ခ်င္းဆံုသြားေတာ့သည္။
ထို႔ေနာက္တြင္ေတာ့ ၄၏ဝမ္းဗိုက္ေအာက္မွ
ပိုေသးတဲ့ေရႊေရာင္ေခါင္းေလးတစ္ခု
ထြက္လာ၏။ ဒါကဖီခ်ဳံးနဲ႔သတၲုစားသားရဲေလးကလဲြ
လို႔ ဘယ္သူျဖစ္ႏိုင္ဦးမွာလဲ?
ယူေရွာင္းမိုပါးစပ္ေထာင့္မ်ားတြန႔္သြားေတာ့သည္။
" မင္းတို႔ေကာင္ေတြ......."
သူၿပီးေအာင္မေျပာရေသးခင္မွာပဲ
ရန္လိုေနပံုရၿပီး ဘာတစ္ခုမွေကာင္းပံုမေပၚ ေသာ
ဓားရွည္ဓားတိုမ်ားကိုင္ထားသၫ့္ေယာက္်ား
အုပ္လိုက္ႀကီးက အျပင္မွဝုန္းဒိုင္းႀကဲ
ဝင္လာၾကသည္။
ယူေရွာင္းမို မတံု႔ျပန္ႏိုင္ခင္တြင္
ဖီခ်ဳံးကလက္ထဲမွရုန္းလိုက္ၿပီး
သူ႔အဝတ္ထဲသို႔ေလ်ွာကနဲဝင္သြားေတာ့၏။
"......"
အုပ္စုကိုေခါင္းေဆာင္သၫ့္လူ၏မ်က္ႏွာတြင္
ဓားရာရွည္ႀကီးရိွေနသည္။ အမာရြတ္က
မ်က္ႏွာတစ္ဝက္ကိုကန႔္လန႔္ျဖတ္ရိွေနကာ
မ်က္လံုးတစ္ဖက္ကန္းေနၿပီး သူ႔ရဲ့နဂိုၾကမ္းတမ္း
ေသာရုပ္ကို ရက္စက္ပံုေပါက္ေနေစသည္။
ပုခံုးေပၚ တြင္ ႏွစ္မီတာရွည္သၫ့္
ဗ်က္က်ယ္ဓားရွည္ကိုထမ္းထားၿပီး
သူ႔ကိုယ္မွ ေသြးနံ႔မ်ားထြက္ေနသည္။
တံခါးေပါက္တြင္ရပ္ေနရင္း သူကဧၫ့္ခန္းကို
သိမ္းႄကံုးၾကၫ့္လိုက္သည္။
သူ႔အၾကၫ့္ခံလိုက္ရေသာ
လူမ်ားက သူတို႔ဦးေရျပားမ်ား
စပ္ဖ်ဉ္းဖ်ဉ္းျဖစ္သြားသည္ကို
ခံစားလိုက္ရ၏။
" အိုး... ဘုရားေရ.... အဲ့တာမ်က္လံုးတစ္ဖက္
အမာရြတ္မဟုတ္လား?"
" အိုး.... ခ်ီး... ဒီနတ္ဆိုးကဘာလို႔ေရာက္လာတာ
လဲ?"
..........
ဟိုတယ္က ခပ္တိုးတိုးအသံမ်ား တီးတိုးေရရြတ္သံ
မ်ားျဖင့္ ဆူညံလာေတာ့သည္။ လူတိုင္းက
ဒီအမာရြတ္နဲ႔လူကိုမွတ္မိၾကၿပီး
အလြန္အမင္းေၾကာက္ၾကတာ ထင္ရွားေန၏။
သူတို႔စကားေျပာသၫ့္အခါတြင္ပင္
အသံမ်ားကိုနိမ့္ၿပီးတီးတိုးသာေျပာၾကသည္။
သို႔ေသာ္ ေျပာလိုက္သၫ့္ဟာကို
ၾကားေနရေသး၏။
မ်က္လံုးတစ္လံုးအမာရြတ္လူက ေရ႔ွသို႔တစ္လွမ္း
တိုးလိုက္ၿပီး အထက္စီးဆန္ဆန္ေျပာလိုက္သည္
" ေငျြဖဴေရာင္နတ္ဆိုးသားရဲတစ္ေကာင္ေနာက္
လိုက္ေနတာ။ ျမင္လိုက္တယ္ဆိုရင္
ဖံုးကြယ္မထားတာေကာင္းမယ္... အဲ့လိုမွ
မဟုတ္ရင္ေတာ့........"
ၿခိမ္းေျခာက္စကားကိုမေျပာရေသးခင္မွာပင္
ရိွေနသၫ့္လူတိုင္းက ယူေရွာင္းမိုကို
ညီညီၫြတ္ၫြတ္ၾကၫ့္လိုက္ၾက၏။
အျဖဴေရာင္အရိပ္ေျပးဝင္လာတုန္းက
သူတို႔အားလံုး ရွင္းရွင္းလင္းလင္းျမင္လိုက္ရတယ္။
မ်က္လံုးတစ္လံုးအမာရြတ္လူက သူတို႔အၾကၫ့္
အတိုင္းလိုက္ၾကၫ့္လိုက္ေတာ့ ယူေရွာင္းမိုနဲ႔
က်န္ႏွစ္ေယာက္ကိုေတြ့လိုက္ရေတာ့သည္။
အၾကည္းတန္ၿပီးစက္ဆုပ္ဖို႔ေကာင္းတဲ့အႃပံုးတစ္ခုက
သူ႔ရဲ့ေလးေထာင့္မ်က္ႏွာေပၚ တြင္
ေပၚ လာၿပီး သူတို႔ဆီသို႔ေျခလွမ္းက်ယ္က်ယ္ျဖင့္
ေလ်ွာက္သြားေတာ့၏။
" ယူေရွာင္းဟာ... မင္းတို႔ေတြဂရုစိုက္ရမယ္"
ဝူခ်န္က တိုးတိုးေျပာလိုက္သည္
" သူက လင္းယုန္မ်ိဳးႏြယ္စုကမ်က္လံုးတစ္ဖက္
အမာရြတ္ပဲ၊ သူ႔စြမ္းအားက ၾကယ္သံုးပြင့္
ဧကရာဇ္အဆင့္မွာရိွတယ္။
သူကဗဟိုၿမိဳ႔ေတာ္မွာ အာဏာရွင္တစ္ေယာက္လို
ျပဳမူေနေပမယ့္ ဘယ္သူကမျွပန္မေျပာရဲၾကဘူး၊
သူတို႔လင္းယုန္မ်ိဳးႏြယ္စုရဲ့ေခါင္းေဆာင္က
ထံုထ်န္းနတ္ေဒဝါဆယ္ပါးထဲက
လင္းယုန္နတ္ဘုရားေလ။ သူက
မ်က္လံုးတစ္ဖက္အမာရြတ္ရဲ့ ညီငယ္ေလးပဲ"
ယူေရွာင္းမိုက ေခါင္းညိမ့္လိုက္သည္။
သူ႔မွာ ဒီလိုေနာက္ခံမ်ိဳးရိွတာေပါ့။ ဗဟိုၿမိဳ႔ေတာ္မွာ
သူႀကိဳက္သလိုလုပ္ရဲၿပီး ရႊမ္းယီြဟိုတယ္ကို
ဘာမွမမွားတဲ့ပံုနဲ႔ေဖာက္ဝင္လာရဲတာ
အံ့ဩစရာမရိွေတာ့ေပ။
သူသိသေလာက္ေတာ့ ရႊမ္းယီြဟိုတယ္မွာလဲ
ၾကၫ့္ရႈေပးေနတဲ့နတ္ေဒဝါအဆင့္က်င့္ႀကံသူ
တစ္ေယာက္ရိွေနတယ္။ ထိုပုဂၢိုလ္၏စြမ္းအားမွာ
လင္းယုန္မ်ိဳးႏြယ္စုႏွင့္မယွဉ္ႏိုင္ေသာ္လည္း
ရႊမ္းယီြဟိုတယ္၏ ဆန္းၾကယ္ေသာတည္ေထာင္သူ
ေၾကာင့္ လင္းယုန္မ်ိဳးႏြယ္စုႏွင့္ရႊမ္းယီြဟိုတယ္တို႔မွာ
ပဋိပႂကၡကီးႀကီးမားမားမရိွခဲ့ေပ။
သို႔ေပမယ့္ ဆန္းၾကယ္ေသာတည္ေထာင္သူကို
မည္သူမ်ျွမင္ဖူးခဲ့ျခင္းမရိွရာ လင္းယုန္မ်ိဳးႏြယ္စုက
သူတို႔ကိုယ္သူတို႔ပိုအင္အားႀကီးသည္ဟုထင္ၾကၿပီး
ရႊမ္းယီြဟိုတယ္ကို မ်က္လံုးထဲမထၫ့္ၾကသည္က
မ်ား၏။
မ်က္လံုးတစ္ဖက္အမာရြတ္က ဇြတ္ဝင္လာတဲ့
အခ်ိန္တြင္ သူ႔စိတ္ထဲ၌ထိုကဲ့သို႔ရိွေနသည္။
သူက သူတို႔ေရ႔ွေလ်ွာက္လာၿပီး
ထိုင္ခံုတစ္ခုေပၚ တြင္ ေျခတစ္ဖက္တင္လိုက္သည္။
သူ႔မ်က္လံုးမ်ားက ဝူခ်န္ေပၚ ေရာက္သြားသၫ့္အခါ
ႃပံုးလိုက္၏။
" အိုး.... သခင္ေလးဝူပဲ။ အဲ့ဒီ့နတ္ဆိုးသားရဲကို
ျမင္လိုက္ေသးလား?"
" မင္းကိုဘာလို႔ေျပာျပရမွာလဲ?"
ဝူခ်န္က ေထ့ေငါ့လိုက္သည္။
မ်က္လံုးတစ္ဖက္အမာရြတ္ကႏွာမႈတ္လိုက္သည္
" ငါေနာက္လုပ္မယ့္အရာေတြက
ကိုယ္ေရးကိုယ္တာေတြပါ။ သခင္ေလးဝူက
မေနွာင့္ယွက္ရေလာက္ေအာင္ထိဉာဏ္ေကာင္းမယ္လို႔
ေမ်ွာ္လင့္တယ္"
ဝူခ်န႔္မ်က္ႏွာကေမွာင္မည္းသြားေတာ့သည္
" မ်က္လံုးတစ္ဖက္.... မင္းေနာက္မွာ
တစ္ေယာက္ေယာက္ရိွတယ္ဆိုတိုင္း
မင္းလုပ္ခ်င္တာလုပ္လို႔ရတယ္မထင္နဲ႔။
ဒါကရႊမ္းယီြဟိုတယ္ရဲ့ပိုင္နက္။ ဒီေနရာမွာ
ျပႆနာရွာရဲရင္ မင္းကိုႏွင္ထုတ္တဲ့အခါ
ငါ့ကိုအျပစ္မတင္နဲ႔"
သူေျပာၿပီးေနာက္တြင္ အားေကာင္းေသာတည္ရိွမႈ
ႏွစ္ခုကဟိုတယ္ထဲမွာ ရုတ္ျခည္းထြက္ေပၚ လာ၏။
မ်က္လံုးတစ္ဖက္အမာရြတ္က သူ႔ကိုေအးစက္စြာ
စိုက္ၾကၫ့္လိုက္ၿပီးေနာက္ သူ႔မ်က္လံုးမ်ားက
ယူေရွာင္းမိုေပၚ သို႔က်သြားေတာ့သည္။
" ေကာင္စုတ္ေလး... နတ္ဆိုးသားရဲကို
မင္းဖြက္ထားတယ္ဆိုတာငါသိတယ္။
ေပးစမ္း" သူကေမွာင္မည္းစြာေျပာလိုက္၏။
" အဲ့တာက ငါ့ရဲ့ဆက္ႏြယ္သားရဲပဲ၊
မင္းကိုဘာလို႔ေပးရမွာလဲ?" ဖီခ်ဳံးကတမင္သက္သက္
ျပႆနာရွာခဲ့တာ ဟုတ္ဟုတ္မဟုတ္ဟုတ္
အေရးမပါေပ၊ ယူေရွာင္းမိုက သူ႔ကိုေပးလိုက္ဖို႔
စိတ္ကူးမရိွေပ။
" ေကာင္စုတ္ေလး၊ ငါတို႔ကိုလာၿပီးဖိအားမေပးခိုင္းနဲ႔။
မင္းရဲ့ဆက္ႏြယ္သားရဲက ငါတို႔ေခါင္းေဆာင္ကို
အျပစ္ျပဳခဲ့တယ္၊ အာ့ေၾကာင့္ေပးလိုက္ရင္
ေကာင္းမယ္ေနာ္။ မဟုတ္ရင္ေတာ့
ေနာက္တစ္ေန့ကိုျမင္ရမွာမဟုတ္ေတာ့ဘူး"
မ်က္လံုးတစ္ဖက္အမာရြတ္၏ လက္ေအာက္
ငယ္သားတစ္ေယာက္က ေဒါသနဲ႔ေအာ္လိုက္၏။
ယူေရွာင္းမိုက မ်က္ခံုးပင့္လိုက္သည္။
" ငါ့ဆက္ႏြယ္သားရဲေလးက မင္းတို႔ေခါင္းေဆာင္ကို
ဝင္တိုက္မိသြားတယ္? သူထိခိုက္သြားလား?
အေရျပားဘယ္ေလာက္မ်ားပဲ့သြားလို႔လဲ?
စြမ္းအင္ေက်ာက္တံုး
ဘယ္ေလာက္ေလ်ာ္ေပးရမလဲ?"
ထိုအခိုက္တြင္ ဗ်က္က်ယ္ဓားရွည္တစ္ေခ်ာင္းက
ေကာင္းကင္မျွပဳတ္က်လာကာ
သူတို႔စားပဲြကို ' ကလန္!' ဟူေသာအသံက်ယ္ႀကီးႏွင့္
ရိုက္မိသြား၏။ က်ိဳးပဲ့လြယ္ေသာစားပဲြက
ဝန္ကိုမခံႏိုင္ဘဲ အပိုင္းပိုင္းအစစျဖစ္သြားေတာ့
သည္။
ယူေရွာင္းမိုက ေခါင္းေမာ့ၾကၫ့္လိုက္သည္။
ဓားရွည္ပိုင္ရွင္မွာ မ်က္လံုးတစ္ဖက္အမာရြတ္ပင္။
သူ႔ေသြးေၾကာေတြကေထာင္ေနၿပီး
ယူေရွာင္းမိုကိုဖိအားေပးေနသၫ့္မ်က္လံုးမ်ားတြင္
ရက္စက္ေသာအၾကၫ့္တစ္ခုရိွေနရာ
ေဒါသအရိပ္အေယာင္တစ္ခုေပါင္းလိုက္သၫ့္အခါ
တြင္ သူ႔ေလးေထာင့္မ်က္ႏွာက ပိုၿပီးအႏၲရာယ္ရိွပံု
ေပၚ ေန၏။
" သတၲိေတြရိွေနတာေပါ့.. ေကာင္စုတ္ေလး!"
" ၿမွောက္ပင့္ေနပါၿပီ"
မ်က္လံုးတစ္ဖက္အမာရြတ္မွာ ယူေရွာင္းမိုစကားမ်ား
ေၾကာင့္ ဆင္ျခင္ႏိုင္စြမ္းဆံုးရႈံးသြားမၫ့္သူမဟုတ္ပါ
ေခ်။ သူကဗဟိုၿမိဳ႔ေတာ္မွာခက္ခက္ခဲခဲျဖင့္ရွင္သန္
ခဲ့ရသည္ဟုဆိုလ်ွင္ မမွားေပ။ ထို႔ျပင္
သူကယခုတြင္ ရႊမ္းယီြဟိုတယ္၏ပိုင္နက္တြင္း၌
ရိွေန၏။ တိုက္ခိုက္တာ၊ သို႔တည္းမဟုတ္
တစ္ခုခုကိုမ်ားဖ်က္စီးရဲမယ္ဆိုရင္
ထိုအဘိုးႀကီးႏွစ္ေယာက္ကလဲလႈပ္ရွားလာမည္
ျဖစ္သည္။ ဘယ္ေနရာကမွန္းမသိေပၚ လာတဲ့
ေကာင္စုတ္ေလးတစ္ေယာက္အတြက္ႏွင့္
ရႊမ္းယီြဟိုတယ္ႏွင့္ပဋိပႂကၡဖစ္ရတာ
မတန္ေပ။
သူကရႊမ္းယီြဟိုတယ္ကို သိပ္ဂရုမစိုက္ေသာ္လည္း
သူ႔ညီငယ္ေလးက မလုပ္မျဖစ္မွမဟုတ္ရင္
ရႊမ္းယီြဟိုတယ္ႏွင့္မတိုက္ခ်င္ဘူးဟု
ေျပာဖူးသည္။
" မင္းရဲ့ဆက္ႏြယ္သားရဲအတြက္
အေလ်ာ္ေပးခ်င္တယ္ဆိုမွေတာ့
သခင္ေလးဝူရဲ့မ်က္ႏွာကိုေထာက္ၿပီး
မင္းကိုအခြင့္ေရးတစ္ခုေပးမယ္။
ငါ့ကို စြမ္းအင္ေက်ာက္တံုးတစ္သန္းေပး၊
မင္းတို႔ကိုလႊတ္ေပးမယ္"
မ်က္လံုးတစ္ဖက္အမာရြတ္က မတန္တဆေဈးကို
ေတာင္းလိုက္၏။
ဧၫ့္ခန္းရိွလူအုပ္ႀကီးမွာ တံေတြးေထြးမိေတာ့မလိုပင္။
ေလ်ာ္ေၾကးအျဖစ္စြမ္းအင္ေက်ာက္တံုးတစ္သန္း?
သို႔ေပမယ့္ ၄က မ်က္လံုးတစ္ဖက္အမာရြတ္
အလုပ္လုပ္သၫ့္ပံုစံႏွင့္ အလြန္တူ၏။
" မင္းကိုဝင္တိုက္မိလို႔ စြမ္းအင္ေက်ာက္တံုးတစ္သန္း
ေပးရမယ္? စြမ္းအင္ေက်ာက္တံုးရွာရတာ
လြယ္တယ္ထင္ေနလား? သံုးႏွစ္ကေလးေတာင္
ဒီလိုမေျပာဘူး။ ငါ့မွာတစ္သန္းေတာ့မရိွဘူး၊
တစ္ရာဆိုရင္ေတာ့ေပးမယ္" ယူေရွာင္းမိုက
တည္တည္ၿငိမ္ၿငိမ္ေျပာလိုက္သည္။
ဧၫ့္ခန္းကတိတ္သြားျပန္၏။
စြမ္းအင္ေက်ာက္တံုးတစ္သန္းဆိုတာက
အဆမတန္ျဖစ္ၿပီး ေန့ခင္းေၾကာင္ေတာင္ဓားျပ
တိုက္ေနတာပဲ၊ ဒါေပမယ့္ အတံုးတစ္ရာ?
တစ္သန္းနဲ႔ယွဉ္ရင္ အဲ့တာကသူေတာင္းစားကို
ေမာင္းလႊတ္ဖို႔ေပးတဲ့ပိုက္ဆံပဲရိွတာ။
မ်က္လံုးတစ္ဖက္အမာရြတ္ရဲ့အဆင့္အတန္းအတြက္
၄က သူ႔ထိုက္တန္မႈကိုနိမ့္က်ေစ၏။
" သတိထား!" ေအာ္လိုက္သၫ့္သူမွာဝူခ်န္ျဖစ္သည္။
သူက မ်က္လံုးတစ္ဖက္အေၾကာင္းအသိဆံုးပဲ။
အဲ့ေကာင္က ယူေရွာင္းမိုရန္စတာခံထားရတယ္၊
သူကအရွက္ရၿပီး ေသခ်ာေပါက္ကိုစိတ္တိုေနမွာပဲ၊
ဒါ့ေၾကာင့္ ပထမဆံုးသူလုပ္မယ့္အရာက
လက္ပါလာတာပဲ။
သူသတိေပးစရာမလိုဘဲ ယူေရွာင္းမိုက
မ်က္လံုးတစ္ဖက္အမာရြတ္၏သတ္ျဖတ္လိုစိတ္ကို
သတိထားမိႏွင့္ၿပီးျဖစ္ကာ ျမန္ျမန္ေနာက္ဆုတ္လိုက္
သည္။ မ်က္လံုးတစ္ဖက္က ဧကရာဇ္အဆင့္
က်င့္ႀကံသူတစ္ေယာက္ျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္
သူကအဆင့္တစ္ဆယ္ေမွာ္ဆရာတစ္ေယာက္
ျဖစ္သည္။ သူတို႔တကယ္တိုက္ၾကရင္
သူရႈံးမည္မဟုတ္ေပ။
စားပဲြမွသစ္သားစမ်ားက အားေကာင္း
သၫ့္ေအာ္ရာႏွစ္ခုေၾကာင့္ အစအနမ်ားအျဖစ္
ကဲြေၾကသြားေတာ့သည္။ ပတ္ပတ္လည္မွလူမ်ားက
ေဘးဘက္ဆီသို႔ေရႊ့လိုက္ၾကကာ
ယူေရွာင္းမိုကို ထိတ္လန႔္အံ့ဩစြာၾကၫ့္လိုက္ၾက၏။
မ်က္လံုးတစ္ဖက္အမာရြတ္က ေနရာကို
ထိန္းထားႏိုင္ေသာ္လည္း သူ႔အမူအရာကေတာ့
လူတိုင္းႏွင့္အတူတူပင္ျဖစ္ေနသည္။
" မင္းက အဆင့္တစ္ဆယ္ေမွာ္ဆရာေပါ့?"
သူက ယူေရွာင္းမိုကိုမယံုႏိုင္စြာၾကၫ့္လိုက္သည္။
ေရွးေဟာင္းဝိဉာဉ္ႏွင့္စြမ္းရည္က်င့္စဉ္မ်ားကို
လက္ဆင့္ကမ္းလာသၫ့္ေနရာတြင္
ထံုထ်န္းကုန္းေျမက လံုရွန္းကုန္းေျမႏွင့္ျခားနားသည္။
ဤအရာမ်ားကိုေလ့လာသင္ယူသေရြ့
သူတို႔ကို ေမွာ္ဆရာတစ္ေယာက္ဟုယူဆၾကသည္။
တိုက္ခိုက္အားအေၾကာင္းေျပာရမည္ဆိုလ်ွင္
သူတို႔က တိုက္ခိုက္သူမ်ားႏွင့္ ယွဉ္တိုက္ႏိုင္၏။
သို႔ေပမယ့္ ၄ကအေရးႀကီးဆံုးအပိုင္း
မဟုတ္ေပ။ ေမွာ္ဆရာတစ္ေယာက္၏တန္ဖိုးက
တိုက္ခိုက္သူတစ္ေယာက္ထက္ပိုျမင့္သည္။
အဆင့္ျမင့္ေမွာ္ဆရာတစ္ေယာက္က
ဆုလာဒ္တစ္ခုကိုသာမာန္ကာလ်ွံကာထုတ္လိုက္ရံုႏွင့္
လုပ္ေဆာင္ေပးဖို႔ဆႏၵရိွသၫ့္ စြမ္းအားႀကီးသူမ်ားမွာ
လံုေလာက္သည္ထက္ပင္ပိုေနလိမ့္မည္ျဖစ္၏။
ကံေကာင္းတာက သူကအခုမွအဆင့္တစ္ဆယ္
ေမွာ္ဆရာပဲရိွေသးတယ္။ သူသာ
အဆင့္ဆယ့္တစ္ေမွာ္ဆရာတစ္ေယာက္
ျဖစ္လာရင္ ျပႆနာျဖစ္ေတာ့မွာပဲ။
ထိုအေၾကာင္းေတြးမိသြားေတာ့
မ်က္လံုးတစ္ဖက္အမာရြတ္က သူ႔မ်က္လံုးတြင္
ျဖတ္ေျပးသြားသၫ့္ ေအးစက္ေသာလူသတ္လိုသၫ့္
အလင္းကိုမထိန္းထားေတာ့ေပ။
ယူေရွာင္းမိုကို အျပစ္ျပဳျပီးၿပီဆိုမွေတာ့
ဖ်က္စီးပစ္လိုက္တာပဲေကာင္းမယ္။
ထိုအခိုက္တြင္ ေရွာင္ဟိန္က သူ႔ကိုယ္ပိုင္စြမ္းအားကို
ေနာင္တရသြား၏။ သူကအဆင့္ကိုးၾကယ္ေျခာက္ပြင့္
ပဲရိွေသးတယ္။ သူ႔ရဲ့အဆင့္တက္တဲ့အျမန္ႏႈန္းကို
အလြန္ျမန္သည္ဟုယူဆႏိုင္ေသာ္လည္း
ဧကရာဇ္အဆင့္က်င့္ႀကံသူတစ္ေယာက္အတြက္ေတာ့
ၿပိဳင္ဖက္မဟုတ္ေပ။
" မ်က္လံုးတစ္ဖက္၊ ရႊမ္းယီြဟိုတယ္မွာ
ျပႆနာရွာရဲတယ္ေပါ့?" သူ႔ရဲ့သတ္ျဖတ္လိုစိတ္ကို
အာရံုခံမိလိုက္သၫ့္အခါ ဝူခ်န္က
ေဒါသထြက္စြာေအာ္လိုက္၏။
မ်က္လံုးတစ္ဖက္အမာရြတ္က သူ႔ကိုအေရးမလုပ္
ေပ။ သူ႔လက္ထဲကဓားရွည္ကိုၿမွောက္လိုက္ၿပီး
ယူေရွာင္းမိုဆီသို႔ ေဝ႔ွယမ္းလိုက္၏။
_____________