Unicode
အပိုင်း၄၄၇- ငြင်းပယ်ခြင်း
အချိန်များကလျင်မြန်စွာ ကုန်ဆုံးသွားကာ
လတစ်ဝက်က မျက်တောင်တစ်ခတ်မှာပင်
ပြီးဆုံးသွားပြီဖြစ်၏။
ယူရှောင်းမိုက တံခါးပိတ်ကျင့်ကြံနေစဉ်
အတောအတွင်းမှာ မှော်ဆေးလုံးဖော်စပ်နည်းများစွာ
ကို စမ်းသပ်ကြည့်ခဲ့သည်။ တစ်ရာ
ရာခိုင်နှုန်းအပြည့်တော့မအောင်မြင်ခဲ့ပေ၊
သူသန့်စင်နေတာက အဆင့်နိမ့်နဲ့အလယ်လတ်ဆင့်
ဆေးလုံးတွေမှမဟုတ်ဘဲ။ သူဘယ်လောက်ပဲ
တော်တော် တစ်ရာရာခိုင်နှုန်းအောင်မြင်မှုရှိတဲ့
အဆင့်မြင့်ဆေးလုံးတွေကိုတော့
သန့်စင်နိုင်မှာမဟုတ်ဘူး၊ ထို့ကြောင့်
အကြိမ်အနည်းငယ်ကျရှုံးခဲ့၏။
ယူရှောင်းမိုက အကြောဆန့်လိုက်တယ်။
အမှန်တွင် တစ်လကျော်လောက်တံခါးပိတ်နေဖို့
သူ့မှာအစီစဉ်မရှိခဲ့ပေ။ ဒါကပထမဆုံးအကြိမ်
မဟုတ်လို့ပဲတော်သေးတယ်။
စားပွဲပေါ် က ဆေးဖန်ခွက်တွေနဲ့ ပုလင်းတွေကို
ရှင်းလိုက်ရင်း ယူရှောင်းမိုကစိတ်စွမ်းအင်ရေနဲ့
မျက်နှာသစ်လိုက်ပြီး သူ့ကိုယ်သူနည်းနည်းလောက်
သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်လိုက်ကာ
အတွင်းခန်းမှထွက်လာခဲ့လိုက်သည်။
သူတံခါးဖွင့်လိုက်တော့
အပြင်မှာရှိနေတဲ့လူတွေကြောင့်
လန့်သွားရတော့၏။
" မင်းတို့တွေ ဘာလုပ်နေကြတာတုန်း?"
ယူရှောင်းမိုက ကိုးယိုးကားရားဖြစ်နေတဲ့
ချောင်ဝူရှင်းနဲ့ ဝမ်းသာပီတိဖြစ်နေတဲ့ထျန်ရှင်းကို
အံ့အားသင့်စွာကြည့်လိုက်သည်၊ ထျန်ရှင်းက
ချောင်ဝူရှင်းကိုဆွဲခေါ် လာကာ
သူ့ကိုကြည့်နေတဲ့မျက်လုံးများက တောက်ပနေ၏။
သူတို့နောက်တွင် ယန်ဟွေ့နှင့်ချန်ရှန်းရုန်ရှိနေကာ
ချန်ရှန်းရုန်နောက်တွင်တော့ ကျုံးယဲ့က
သူ့တံခါးကိုမှီရပ်နေပြီး လက်ပိုက်ထားကာ
အမူအရာမရှိဖြစ်နေသည်။ သူတို့အားလုံးက
ယူရှောင်းမိုတံခါးရှေ့တွင်
အကြောင်းတစ်ချို့ကြောင့် စုနေကြ၏။
ထျန်ရှင်းက ချောင်ဝူရှင်းကိုအလျင်စလို
တွန်းထုတ်လိုက်ပြီး ယူရှောင်းမိုလက်မောင်းကို
ကိုင်လိုက်သည်၊ " ရှောင်းဟာ၊
နောက်ဆုံးတော့နင်ထွက်လာပြီ။
ငါနင့်ကိုစောင့်နေတာကြာပေါ့"
ယူရှောင်းမိုက ကြက်သီးများထလာတော့သည်။
'ရှောင်းဟာ' ဆိုတာကြီးကချိုလွန်းနေတယ်။
သူတံခါးပိတ်နေခဲ့တုန်း တစ်ခုခုများဖြစ်သွားတာ
လား?
ယူရှောင်းမိုက သူ့လက်ကိုပြန်ဆွဲလိုက်ရင်း
ချည့်နဲ့နဲ့ပြုံးလိုက်ကာ အမှုမထားယောင်ဆောင်
လိုက်သည် " မင်းတို့တွေအားလုံး ဘယ်လိုလုပ်ပြီး
ငါ့နေရာရောက်လာကြတာလဲ?"
" အာ... ချန်ရှန်းရုန်နဲ့ငါက ဖြတ်သွားယုံပဲ"
ယန်ဟွေ့က သူတို့အတွက်ဆင်ခြေရှာလိုက်တယ်။
ရိုးသားလိမ္မာတဲ့ချန်ရှန်းရုန်က ချက်ချင်းပဲ
ခေါင်းညိမ့်လိုက်သည်။
ချောင်ဝူရှင်းတစ်ယောက်တည်းသာလျှင်
ကူကယ်ရာမဲ့နေသည့်အမူအရာရှိနေသည်
" တောင်းပန်တယ်ကွာ၊ မင်းကိုနှောင့်ယှက်သလို
ဖြစ်သွားလား?"
ယူရှောင်းမိုက ခေါင်းယမ်းလိုက်တယ်
" မဖြစ်ပါဘူး၊ မင်းတို့တွေအချိန်ကိုက်ရောက်
လာကြတာပဲ။ ငါတံခါးပိတ်ဆက်ကျင့်ဖို့
အစီစဉ်မရှိတော့ဘူး။ ငါထွက်လာလာချင်း
မင်းတို့တွေရောက်လာတာဘယ်လောက်တောင်
တိုက်ဆိုင်လိုက်လဲ"
သူပြောလိုက်တဲ့အခါ လူတိုင်းရဲ့အမူအရာများက
ရှုံ့တွသွားတော့သည်။
အမှန်တကယ်တွင် ဒါကတိုက်ဆိုင်မှုမဟုတ်ပေ။
ယူရှောင်းမိုတံခါးပိတ်မကျင့်ကြံခင်က
တစ်လခွဲလောက်ကြာမယ်လို့ပြောခဲ့တယ်။
ဒီနေ့ကနောက်ဆုံးနေ့ပဲ၊ ဒါ့ကြောင့်
ထျန်ရှင်းက သူ့ကိုစောစောလာစောင့်နေခြင်း
ဖြစ်၏။ အခြားသူများကတော့ ဖြစ်လာနိုင်သည့်
ပြဇာတ်အတွက်ရောက်နေကြခြင်းဖြစ်သည်။
ဒါပေါ့၊ ဘယ်သူကမှတော့သူ့ကိုဒီလိုပြောမပြဘူး၊
သူ့ဘာသူခန့်မှန်းမိသွားရင်တော့တစ်မျိုးပေါ့။
" ဘယ်သွားမလို့လဲ?" သူထွက်သွားဖို့
လုပ်နေတာမြင်တော့ ထျန်ရှင်းကမေးလိုက်သည်။
ယူရှောင်းမိုက ခြေတစ်လှမ်းဆုတ်လိုက်၏
" ငါ့မှာလုပ်စရာတစ်ချို့ရှိလို့ ရှောင်ယောင်တက္ကသိုလ်
ကနေခဏလောက်ထွက်သွားမလို့"
ထျန်ရှင်းက နောက်ကနေလိုက်လာပြီး
ရှေ့တစ်လှမ်းတိုးလိုက်ကာ တောက်ပနေသည့်
အပြုံးတစ်ခုနှင့် "တိုက်ဆိုင်လိုက်တာ..
ငါလဲသွားဖို့လိုနေတယ်။ အတူတူသွားကြရင်ရော?"
ယူရှောင်းမိုပါးစပ်ထောင့်များတွန့်သွားတော့သည်
" မလိုပါဘူး။ ငါ့မှာတကယ့်ကိုအရေးကြီးတာတစ်ခု
လုပ်စရာရှိနေတယ်။ မင်းလိုက်လာဖို့အဆင်မပြေ
ဘူး"
ထျန်ရှင်းက အနားဆက်တိုးလာ၏
" အဆင်ပြေပါတယ်၊ နင်ကနင်လုပ်စရာရှိတာသွား
လုပ်လေ၊ ငါမလိုက်လာပါဘူး"
သူမတစ်ယောက်ယောက်ကိုကြိုက်တယ်ဆိုတာ
အရမ်းရှားတယ်၊ ဒါ့ကြောင့်လွယ်လွယ်ကူကူတော့
နောက်မဆုတ်ပေးနိုင်ဘူး၊ ဒီလိုမှမဟုတ်ရင်
သူမက ထျန်ရှင်းဘယ်ဟုတ်တော့မလဲ။
ယူရှောင်းမိုက အကူအညီရဖို့ချောင်ဝူရှင်းကို
ကြည့်လိုက်သည်။
ချောင်ဝူရှင်းက သဘောပေါက်သွားပြီးသူမကို
ဆွဲခေါ် လိုက်တယ် " ထျန်ရှင်း၊ ဣဒြေရရနေ၊
ဟုတ်ပြီလား?" သူကထျန်ရှင်းကိုလက်လျှော့အောင်
လုပ်ဖို့ ဒီလသူ့မှာရှိရှိသမျှအင်အားအကုန်လုံး
သုံးထားပြီးဖြစ်သည်။
ထျန်ရှင်းက စိတ်ပျက်စွာနဲ့သူမနှုတ်ခမ်းကို
ကိုက်လိုက်ကာ ယူရှောင်းမိုကိုမျှော်လင့်တကြီး
ကြည့်နေ၏။
ယူရှောင်းမိုက ခေါင်းကိုက်လာတာကြောင့်
နှဖူးကိုကိုင်လိုက်တယ်။ သူကလင်းရှောင်ကိုတောင်
မနာလိုဖြစ်လာသည်။ သူမကြိုက်တဲ့လူဆိုရင်
အရေးမလုပ်ဘဲ တစ်ခြားတစ်ယောက်အတွက်
ကိုယ့်ကိုကိုယ်လဲတွန်းအားပေးနေမှာမဟုတ်ဘူး။
သူသာပွင့်ပွင့်လင်းလင်းရှိနိုင်ရင်....
" မိန်းကလေးထျန်ရှင်း..."
" ထျန်ရှင်းလို့ပဲခေါ် "
ယူရှောင်းမိုက သူမကိုခေါ်လိုက်တာကြားတော့
ထျန်ရှင်းစိတ်အခြေအနေကကောင်းလာပြီး
သူ့ကိုနှစ်သက်စွာကြည့်နေသည်။
ယူရှောင်းမိုက နှာခေါင်းကိုပွတ်လိုက်ပြီး
" ကောင်းပြီ၊ ထျန်ရှင်း၊ မင်းကိုတစ်ခုခုပြောပြဖို့
တကယ်လိုနေပြီ"
" ဘာလဲ?"
ယူရှောင်းမိုက အချိန်ဆွဲမနေချင်တော့ဘဲ
မြန်မြန်ပြောချလိုက်တယ်
" ငါ့မှာ ကြိုက်တဲ့သူရှိပြီးသား။ သူ့ကိုတကယ်
ကြိုက်တယ်၊ နောက်ပြီးသူနဲ့လဲဘယ်တော့မှ
မခွဲချင်ဘူး။ အာ့ကြောင့်... အာ၊ စိတ်မကောင်းပါ
ဘူး"
ထျန်ရှင်းမျက်နှာပေါ်ကအပြုံးက မှေးမှိန်သွားတော့
၏။
လျှောက်လမ်းထဲရှိလေထုက ချက်ချင်းပင်
လေးလံလာသည်။ လူတိုင်းက
အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ယူရှောင်းမိုက
ပွင့်လင်းလိုက်လိမ့်မယ်လို့မထင်ခဲ့ဘူး။
သို့သော်လည်း ၎င်းကအကောင်းဆုံးရွေးချယ်မှု
ဖြစ်၏။ ကိစ္စတွေကိုစောစောစီးစီးရှင်းထားလေလေ
နောက်တစ်ယောက်မှာအတွေးတွေများမနေတော့
လေလေပဲ။
ထျန်ရှင်းအသားရည်ကဖြူဖျော့သွားတော့သည်။
လူတိုင်းက သူမကိုသနားကရုဏာသက်နေတဲ့
အကြည့်တွေနဲ့ကြည့်နေကြတာကို
သတိထားမိသွားတယ်။ သူမကမျက်နှာကို
ကြမ်းကြမ်းတမ်းတမ်းသုတ်ပစ်လိုက်ပြီး
မေးပင့်လိုက်ကာ " နင်တစ်ယောက်ယောက်ကို
ကြိုက်တာငါနဲ့ဘာဆိုင်လို့လဲ? ဘာတွေလာပြီး
စိတ်မကောင်းဖြစ်နေတာလဲ? ငါနင့်ကိုကြိုက်တာ
လဲမဟုတ်ပါဘူး၊ စာတွေသိပ်မဖတ်နဲ့။
နင့်လိုပျော့ဖတ်ဖတ်ကောင်မျိုးကို
ဘယ်တော့မှအဲ့လိုမျိုးကြိုက်မှာမဟုတ်ဘူး"
ထို့နောက်တွင် သူမကပြေးထွက်သွားတော့သည်။
ချောင်ဝူရှင်းက ယူရှောင်းမိုကိုတောင်းပန်စွာ
ကြည့်လိုက်ပြီး သူမနောက်လိုက်သွားတော့၏။
ယူရှောင်းမိုက ဆွံ့အသွားတယ်။
ဒါကပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုပဲ!
သူကပျော့ဖတ်ဖတ်ပုံပေါက်တော့ရော
ဘာဖြစ်လဲ? ဒီကမ္ဘာကြီးမှာ ခွန်အားကပဲ
စကားပြောတယ်။ သူတို့ရဲ့ရုပ်ရည်ကိုကြည့်ပြီး
အပေါ် ယံဆုံးဖြတ်လို့မရဘူး။
သူကဘယ်လောက်ထိပဲအားနည်းပုံပေါက်နေပါစေ
ဒီနေရာကလူအများစုထက်တော့ ပိုသန်မာသေး
တာပဲ။
သို့ပေမယ့် ထျန်ရှင်းရဲ့မာနနဲ့သိက္ခာကိုသူသိတယ်။
သူငြင်းပယ်လိုက်တာက သူမမျက်နှာပျက်စေလို့
ဒီလိုပြန်ပြောခဲ့ခြင်းဖြစ်သည်။
သူကြိုပြင်ဆင်ထားလို့တော်သေးတာပေါ့။
ယန်ဟွေ့က နှစ်သိမ့်သည့်အနေဖြင့်
သူ့ပုခုံးကိုပုတ်လိုက်သည်
" ညီအစ်ကိုရေ၊ သိပ်မတွေးပါနဲ့ကွာ။
မင်းကသူ့ကိုငြင်းလိုက်တာလေ၊ အာ့ကြောင့်
သူမမာနကိုထိန်းဖို့ဒီလိုနည်းသုံးလိုက်တာ"
ယူရှောင်းမိုက ရယ်ရမလားငိုရမလားပင်
မသိတော့ချေ။
" ဟုတ်တယ်၊ မင်းတံခါးပိတ်ကျင့်ကြံနေတုန်းက
မင်းဆီနေ့တိုင်းလာတယ်။ သူကမင်းကိုတကယ်
ကြိုက်တယ်ဆိုတာပြောနိုင်တယ်။
သူမကိုခွင့်လွှတ်ပေးလိုက်ပါ၊ သူမအတွက်လဲ
လွယ်တာမဟုတ်ဘူးလေ" ချန်ရှန်းရုန်က
ထျန်ရှင်းကိုသနားသွားတယ်။ သူမက
လူမှားကြိုက်မိတာပဲ။
ယူရှောင်းမိုက သူ့ဘေးကပ်ရပ်အခန်းကို
တစ်ချက်ကြည့်လိုက်တယ်။ သူဖြတ်သွားရင်
စစ်ကြည့်သင့်လား?
" မပူပါနဲ့၊ ငါစိတ်ထဲမထားဘူး။
ဟုတ်ပြီလေ ဒါဆိုအခုသွားတော့မယ်"
သူအလျင်စလိုထွက်သွားတာကိုကြည့်ရင်း
ယန်ဟွေ့ကခေါင်းကုတ်လိုက်သည်
" သူကတော်တော်လေးလောနေတာပဲ။
လင်းမော့ပြန်လာတာကြောင့် ကိုယ်တိုင်ကိုယ်ကျ
သွားကြိုတာများလား? သူ့နောက်တိတ်တိတ်လေး
လိုက်သွားပြီးကြည့်ကြမလား?"
ချန်ရှန်းရုန်က အခန်းပြန်ဖို့ပြင်နေချိန်တွင်
ထိုစကားကိုကြားလိုက်ရတော့မျက်မှောင်ကြုံ့လိုက်
သည် " ဒါကသူ့ကိုယ်ရေးကိုယ်တာပဲ၊
မင်းဒီလိုပြောလို့မရဘူး"
ယန်ဟွေ့က လက်မြှောက်လိုက်သည်
" သိပါတယ်၊ သက်သက်နောက်နေရုံပါကွာ"
ချန်ရှန်းရုန်က ပြောလိုက်သည်
" နောင်ကျရင် ဒီလိုထပ်မနောက်သင့်
ဘူး၊ တစ်ခြားလူတွေကြားသွားရင်မကောင်းဘူး"
" သိပါပြီဦးလေးကြီးရဲ့"
ကျုံးယဲ့ကတော့ မရှိတော့တာကြာပြီဖြစ်၏။
စင်္ကြံ ၏တစ်ဖက်ခြမ်းတွင် ချောင်ဝူရှင်းက
ထျန်ရှင်းကိုမှီသွားပြီးတဲ့နောက် သူမကို
စကားနဲနဲလောက်နဲ့နှစ်သိမ့်ပေးပြီး
သိပ်အများကြီးတွေးမနေနဲ့လို့ပြောဖို့
စဉ်းစားထား၏။ သို့သော်
သူမကိုငိုတော့မယ့်မျက်လုံးများရှိနေသော်ငြား
ဆုံးဖြတ်ချက်ချထားတဲ့အမူအရာနဲ့တွေ့လိုက်ရတဲ့
အခါ သူ့စိတ်ကပျော့ပြောင်းသွားတော့သည်။
" မငိုနဲ့လေ၊ မင်းကိုမကြိုက်တာသူရှုံးတာပဲ။
မင်းကသားရဲသဏ္ဍာန်ပြောင်းလဲခြင်းအဖွဲ့အစည်းရဲ့
သခင်မလေးထျန်ရှင်းပဲ။ မင်းကိုလိုက်နေတဲ့
လူတွေမှအများကြီးပဲရှိတယ်။
တစ်ခြားလူတွေကိုဒီလိုပုံနဲ့မြင်ခွင့်ပေးလို့
ဘယ်ရမလဲ?"
ထျန်ရှင်းက မျက်ရည်များသုတ်လိုက်ပြီး
စိတ်ပျက်လက်ပျက်ပြောလိုက်သည်
" သူကညီမရဲ့အချစ်ဦးလေ၊ မေ့ဖို့လွယ်မှမလွယ်တာ"
ချောင်ဝူရှင်းက ကူကယ်ရာမဲ့စွာမေးလိုက်၏
" ထျန်ရှင်း.. ငါအမြဲမေးချင်နေခဲ့တာ...
သူ့ဘယ်နေရာကမင်းအကြိုက်မိသွားတာလဲ?"
ထျန်ရှင်းက ရှက်သွေးဖြာသွားသည်
" သူကလူကောင်းတစ်ယောက်လို့ခံစားရတယ်၊
ညီမနဲ့တန်တဲ့တစ်ယောက်ယောက်ပေါ့၊
နောက်ပြီး သူကတစ်ခြားလူတွေနဲ့မတူဘူး၊
ညီမတို့ကဘယ်သူတွေမှန်းသူသိပေမယ့်
ကပ်ဖားရပ်ဖားမလုပ်ဘူး"
" ဒီလိုကြောင့်ဆိုရင်တော့ အချစ်မဟုတ်ဘူး။
သူ့အတွက်ခံစားချက်ကောင်းတွေရှိတာတစ်ခုပဲ။
ဒီနှစ်မျိုးကကွဲပြားတယ်။ သူကမင်းနဲ့မလိုက်ဖက်
ဘူး။ လူမှန်နဲ့တွေ့တဲ့အခါကျရင် အဲ့ဒီ့လူဟာ
မင်းအကြာကြီးစောင့်နေခဲ့ရတဲ့သူပဲဆိုတာ
သိရလိမ့်မယ်" ချောင်ဝူရှင်းက သူမပါးလေးကို
ပုတ်လိုက်တယ်။
" အဲ့ဒီ့လူကိုတကယ်ပဲတွေ့နိုင်မှာလား?"
ထျန်ရှင်းကမော့ကြည့်လိုက်တယ်။
" ဒါပေါ့" ချောင်ဝူရှင်းက သေချာစွာခေါင်းညိမ့်
လိုက်၏။
ထျန်ရှင်းက အားတင်းပြုံးလိုက်ရင်း
" အကိုပြောတာကိုမှတ်ထားနော်။
တကယ်လို့ညီမမတွေ့ခဲ့ရရင် အကိုဝူရှင်းက
ညီမအပေါ် အကြွေးတင်သွားပြီ"
ချောင်ဝူရှင်းက ပြုံးလိုက်တယ်
" ကောင်းပြီ၊ ဝူရွှမ်းကိုပေးမယ်ဆိုရင်ရော?"
သူက သူ့ဝမ်းကွဲကိုပေးလိုက်ဖို့ မတွေဝေနေချေ။
" မဖြစ်နိုင်ဘူး၊ အဲ့ကောင်ကညီမကိုအမြဲတမ်း
အနိုင်ကျင့်နေတာ"
" သူက မင်းကိုကြိုက်လို့အနိုင်ကျင့်တာနေမှာပေါ့"
" သူ့အတွက်ပြောပေးမနေနဲ့"
" ဟဲ...."
ရှောင်ယောင်တက္ကသိုလ်ကနေ ယူရှောင်းမိုထွက်လာ
ပြီးတဲ့နောက် ရွှမ်းယွီဟိုတယ်ကိုတန်းသွားလိုက်သည်။
သူတံခါးပိတ်မကျင့်ကြံခင်က ရှဲ့ချုံးတ်ို့ကို
ရွှမ်းယွီဟိုတယ်မှာလာတွေ့ဖို့ပြောထားတယ်၊
ဒီနေ့က ရှုန်းရှောင်ကတိပေးထားတဲ့
သုံးလရဲ့နောက်ဆုံးနေ့ပဲ။ ကတိပေးထားတဲ့အတိုင်း
သတင်းလှမ်းပို့ပေးမလားတော့သူတို့မသိပေမယ့်
သွားစစ်ကြည့်ဖို့လိုသေးတယ်။
ရွှမ်းယွီဟိုတယ်က ရှောင်ယောင်တက္ကသိုလ်အနီးတွင်
ရှိသောကြောင့် ယူရှောင်းမိုလမ်းလျှောက်သွားဖို့
အချိန်သိပ်မကြာပေ။
ဟိုတယ်က ခါတိုင်းကဲ့သို့ပင်စည်ကားနေသည်။
နေ့ခင်းမှာတောင်မှပဲ လောင်းကစားလာလုပ်သည့်
လူများမဆုံးပေ။ ဧည့်ခန်းတွင်
လောင်းကစားအကြောင်း
ထိုင်ဆွေးနွေးနေကြသည့်လူများစွာရှိနေကာ
အလွန်ဆူညံနေသည်။
သူကနေရာမှန်ရောက်နေတယ်ဆိုတာ
သေချာအောင်လုပ်ပြီးတဲ့အခါမှာတော့
ယူရှောင်းမိုကအထဲဝင်သွားလိုက်သည်။
ရှဲ့ချုံးတို့က လင်းရှောင်နဲ့သူနေခဲ့တဲ့အခန်းမှာပဲ
နေနေကြသည်။ နေရာနဲ့ရင်းနှီးနေတာကြောင့်
သူကအခန်းကိုအလွယ်တကူရှာတွေ့သွားသည်။
သူအပေါ် တက်သွားတဲ့အချိန်မှာပဲ
ဟိုတယ်ကနေထွက်ဖို့ပြင်နေရင်း သူ့နားကနေ
ဖြတ်သွားတဲ့အဘိုးကြီးက
ရုတ်တရက်လှည့်လိုက်ပြီး တွေးတွေးဆဆနဲ့
ကြည့်နေပြီးနောက်တွင် လောင်းကစားရုံအပေါက်ဝ
သို့ပြန်လှည့်သွားတော့၏။
ယူရှောင်းမိုတွေ့လိုက်ခဲ့ရင် ဒီအဘိုးကြီးက
မြေအောက်လောင်းကစားရုံမှာတုန်းက
ဝူချန်ရဲ့ကာကွယ်သူနှစ်ယောက်ထဲကတစ်ယောက်
ဆိုတာသိလိမ့်မယ်။
__________
Zawgyi
အပိုင္း၄၄၇- ျငင္းပယ္ျခင္း
အခ်ိန္မ်ားကလ်င္ျမန္စြာ ကုန္ဆံုးသြားကာ
လတစ္ဝက္က မ်က္ေတာင္တစ္ခတ္မွာပင္
ၿပီးဆံုးသြားၿပီျဖစ္၏။
ယူေရွာင္းမိုက တံခါးပိတ္က်င့္ႀကံေနစဉ္
အေတာအတြင္းမွာ ေမွာ္ေဆးလံုးေဖာ္စပ္နည္းမ်ားစြာ
ကို စမ္းသပ္ၾကၫ့္ခဲ့သည္။ တစ္ရာ
ရာခိုင္ႏႈန္းအျပၫ့္ေတာ့မေအာင္ျမင္ခဲ့ေပ၊
သူသန႔္စင္ေနတာက အဆင့္နိမ့္နဲ႔အလယ္လတ္ဆင့္
ေဆးလံုးေတြမွမဟုတ္ဘဲ။ သူဘယ္ေလာက္ပဲ
ေတာ္ေတာ္ တစ္ရာရာခိုင္ႏႈန္းေအာင္ျမင္မႈရိွတဲ့
အဆင့္ျမင့္ေဆးလံုးေတြကိုေတာ့
သန႔္စင္ႏိုင္မွာမဟုတ္ဘူး၊ ထို႔ေၾကာင့္
အႀကိမ္အနည္းငယ္က်ရႈံးခဲ့၏။
ယူေရွာင္းမိုက အေၾကာဆန႔္လိုက္တယ္။
အမွန္တြင္ တစ္လေက်ာ္ေလာက္တံခါးပိတ္ေနဖို႔
သူ႔မွာအစီစဉ္မရိွခဲ့ေပ။ ဒါကပထမဆံုးအႀကိမ္
မဟုတ္လို႔ပဲေတာ္ေသးတယ္။
စားပဲြေပၚ က ေဆးဖန္ခြက္ေတြနဲ႔ ပုလင္းေတြကို
ရွင္းလိုက္ရင္း ယူေရွာင္းမိုကစိတ္စြမ္းအင္ေရနဲ႔
မ်က္ႏွာသစ္လိုက္ၿပီး သူ႔ကိုယ္သူနည္းနည္းေလာက္
သပ္သပ္ရပ္ရပ္ျဖစ္ေအာင္ျပင္လိုက္ကာ
အတြင္းခန္းမွထြက္လာခဲ့လိုက္သည္။
သူတံခါးဖြင့္လိုက္ေတာ့
အျပင္မွာရိွေနတဲ့လူေတြေၾကာင့္
လန႔္သြားရေတာ့၏။
" မင္းတို႔ေတြ ဘာလုပ္ေနၾကတာတုန္း?"
ယူေရွာင္းမိုက ကိုးယိုးကားရားျဖစ္ေနတဲ့
ေခ်ာင္ဝူရွင္းနဲ႔ ဝမ္းသာပီတိျဖစ္ေနတဲ့ထ်န္ရွင္းကို
အံ့အားသင့္စြာၾကၫ့္လိုက္သည္၊ ထ်န္ရွင္းက
ေခ်ာင္ဝူရွင္းကိုဆဲြေခၚ လာကာ
သူ႔ကိုၾကၫ့္ေနတဲ့မ်က္လံုးမ်ားက ေတာက္ပေန၏။
သူတို႔ေနာက္တြင္ ယန္ေဟြ့ႏွင့္ခ်န္ရွန္းရုန္ရိွေနကာ
ခ်န္ရွန္းရုန္ေနာက္တြင္ေတာ့ က်ဳံးယဲ့က
သူ႔တံခါးကိုမွီရပ္ေနၿပီး လက္ပိုက္ထားကာ
အမူအရာမရိျွဖစ္ေနသည္။ သူတို႔အားလံုးက
ယူေရွာင္းမိုတံခါးေရ႔ွတြင္
အေၾကာင္းတစ္ခ်ိဳ႕ေၾကာင့္ စုေနၾက၏။
ထ်န္ရွင္းက ေခ်ာင္ဝူရွင္းကိုအလ်င္စလို
တြန္းထုတ္လိုက္ၿပီး ယူေရွာင္းမိုလက္ေမာင္းကို
ကိုင္လိုက္သည္၊ " ေရွာင္းဟာ၊
ေနာက္ဆံုးေတာ့နင္ထြက္လာၿပီ။
ငါနင့္ကိုေစာင့္ေနတာၾကာေပါ့"
ယူေရွာင္းမိုက ၾကက္သီးမ်ားထလာေတာ့သည္။
'ေရွာင္းဟာ' ဆိုတာႀကီးကခ်ိဳလြန္းေနတယ္။
သူတံခါးပိတ္ေနခဲ့တုန္း တစ္ခုခုမ်ားျဖစ္သြားတာ
လား?
ယူေရွာင္းမိုက သူ႔လက္ကိုျပန္ဆဲြလိုက္ရင္း
ခ်ၫ့္နဲ႔နဲ႔ႃပံုးလိုက္ကာ အမႈမထားေယာင္ေဆာင္
လိုက္သည္ " မင္းတို႔ေတြအားလံုး ဘယ္လိုလုပ္ၿပီး
ငါ့ေနရာေရာက္လာၾကတာလဲ?"
" အာ... ခ်န္ရွန္းရုန္နဲ႔ငါက ျဖတ္သြားယံုပဲ"
ယန္ေဟြ့က သူတို႔အတြက္ဆင္ေျခရွာလိုက္တယ္။
ရိုးသားလိမၼာတဲ့ခ်န္ရွန္းရုန္က ခ်က္ခ်င္းပဲ
ေခါင္းညိမ့္လိုက္သည္။
ေခ်ာင္ဝူရွင္းတစ္ေယာက္တည္းသာလ်ွင္
ကူကယ္ရာမဲ့ေနသၫ့္အမူအရာရိွေနသည္
" ေတာင္းပန္တယ္ကြာ၊ မင္းကိုေနွာင့္ယွက္သလို
ျဖစ္သြားလား?"
ယူေရွာင္းမိုက ေခါင္းယမ္းလိုက္တယ္
" မျဖစ္ပါဘူး၊ မင္းတို႔ေတြအခ်ိန္ကိုက္ေရာက္
လာၾကတာပဲ။ ငါတံခါးပိတ္ဆက္က်င့္ဖို႔
အစီစဉ္မရိွေတာ့ဘူး။ ငါထြက္လာလာခ်င္း
မင္းတို႔ေတြေရာက္လာတာဘယ္ေလာက္ေတာင္
တိုက္ဆိုင္လိုက္လဲ"
သူေျပာလိုက္တဲ့အခါ လူတိုင္းရဲ့အမူအရာမ်ားက
ရႈံ႔တြသြားေတာ့သည္။
အမွန္တကယ္တြင္ ဒါကတိုက္ဆိုင္မႈမဟုတ္ေပ။
ယူေရွာင္းမိုတံခါးပိတ္မက်င့္ႀကံခင္က
တစ္လခဲြေလာက္ၾကာမယ္လို႔ေျပာခဲ့တယ္။
ဒီေန့ကေနာက္ဆံုးေန့ပဲ၊ ဒါ့ေၾကာင့္
ထ်န္ရွင္းက သူ႔ကိုေစာေစာလာေစာင့္ေနျခင္း
ျဖစ္၏။ အျခားသူမ်ားကေတာ့ ျဖစ္လာႏိုင္သၫ့္
ျပဇာတ္အတြက္ေရာက္ေနၾကျခင္းျဖစ္သည္။
ဒါေပါ့၊ ဘယ္သူကမွေတာ့သူ႔ကိုဒီလိုေျပာမျပဘူး၊
သူ႔ဘာသူခန႔္မွန္းမိသြားရင္ေတာ့တစ္မ်ိဳးေပါ့။
" ဘယ္သြားမလို႔လဲ?" သူထြက္သြားဖို႔
လုပ္ေနတာျမင္ေတာ့ ထ်န္ရွင္းကေမးလိုက္သည္။
ယူေရွာင္းမိုက ေျခတစ္လွမ္းဆုတ္လိုက္၏
" ငါ့မွာလုပ္စရာတစ္ခ်ိဳ႕ရိွလို႔ ေရွာင္ေယာင္တကၠသိုလ္
ကေနခဏေလာက္ထြက္သြားမလို႔"
ထ်န္ရွင္းက ေနာက္ကေနလိုက္လာၿပီး
ေရ႔ွတစ္လွမ္းတိုးလိုက္ကာ ေတာက္ပေနသည့္
အႃပံုးတစ္ခုႏွင့္ "တိုက္ဆိုင္လိုက္တာ..
ငါလဲသြားဖို႔လိုေနတယ္။ အတူတူသြားၾကရင္ေရာ?"
ယူေရွာင္းမိုပါးစပ္ေထာင့္မ်ားတြန႔္သြားေတာ့သည္
" မလိုပါဘူး။ ငါ့မွာတကယ့္ကိုအေရးႀကီးတာတစ္ခု
လုပ္စရာရိွေနတယ္။ မင္းလိုက္လာဖို႔အဆင္မေျပ
ဘူး"
ထ်န္ရွင္းက အနားဆက္တိုးလာ၏
" အဆင္ေျပပါတယ္၊ နင္ကနင္လုပ္စရာရိွတာသြား
လုပ္ေလ၊ ငါမလိုက္လာပါဘူး"
သူမတစ္ေယာက္ေယာက္ကိုႀကိဳက္တယ္ဆိုတာ
အရမ္းရွားတယ္၊ ဒါ့ေၾကာင့္လြယ္လြယ္ကူကူေတာ့
ေနာက္မဆုတ္ေပးႏိုင္ဘူး၊ ဒီလိုမွမဟုတ္ရင္
သူမက ထ်န္ရွင္းဘယ္ဟုတ္ေတာ့မလဲ။
ယူေရွာင္းမိုက အကူအညီရဖို႔ေခ်ာင္ဝူရွင္းကို
ၾကၫ့္လိုက္သည္။
ေခ်ာင္ဝူရွင္းက သေဘာေပါက္သြားၿပီးသူမကို
ဆဲြေခၚ လိုက္တယ္ " ထ်န္ရွင္း၊ ဣေျဒရရေန၊
ဟုတ္ၿပီလား?" သူကထ်န္ရွင္းကိုလက္ေလ်ွာ့ေအာင္
လုပ္ဖို႔ ဒီလသူ႔မွာရိွရိွသမ်ွအင္အားအကုန္လံုး
သံုးထားၿပီးျဖစ္သည္။
ထ်န္ရွင္းက စိတ္ပ်က္စြာနဲ႔သူမႏႈတ္ခမ္းကို
ကိုက္လိုက္ကာ ယူေရွာင္းမိုကိုေမ်ွာ္လင့္တႀကီး
ၾကၫ့္ေန၏။
ယူေရွာင္းမိုက ေခါင္းကိုက္လာတာေၾကာင့္
ႏွဖူးကိုကိုင္လိုက္တယ္။ သူကလင္းေရွာင္ကိုေတာင္
မနာလိုျဖစ္လာသည္။ သူမႀကိဳက္တဲ့လူဆိုရင္
အေရးမလုပ္ဘဲ တစ္ျခားတစ္ေယာက္အတြက္
ကိုယ့္ကိုကိုယ္လဲတြန္းအားေပးေနမွာမဟုတ္ဘူး။
သူသာပြင့္ပြင့္လင္းလင္းရိွႏိုင္ရင္....
" မိန္းကေလးထ်န္ရွင္း..."
" ထ်န္ရွင္းလို႔ပဲေခၚ "
ယူေရွာင္းမိုက သူမကိုေခၚလိုက္တာၾကားေတာ့
ထ်န္ရွင္းစိတ္အေျခအေနကေကာင္းလာၿပီး
သူ႔ကိုႏွစ္သက္စြာၾကၫ့္ေနသည္။
ယူေရွာင္းမိုက ႏွာေခါင္းကိုပြတ္လိုက္ၿပီး
" ေကာင္းၿပီ၊ ထ်န္ရွင္း၊ မင္းကိုတစ္ခုခုေျပာျပဖို႔
တကယ္လိုေနၿပီ"
" ဘာလဲ?"
ယူေရွာင္းမိုက အခ်ိန္ဆဲြမေနခ်င္ေတာ့ဘဲ
ျမန္ျမန္ေျပာခ်လိုက္တယ္
" ငါ့မွာ ႀကိဳက္တဲ့သူရိွၿပီးသား။ သူ႔ကိုတကယ္
ႀကိဳက္တယ္၊ ေနာက္ၿပီးသူနဲ႔လဲဘယ္ေတာ့မွ
မခဲြခ်င္ဘူး။ အာ့ေၾကာင့္... အာ၊ စိတ္မေကာင္းပါ
ဘူး"
ထ်န္ရွင္းမ်က္ႏွာေပၚကအႃပံုးက ေမွးမိွန္သြားေတာ့
၏။
ေလ်ွာက္လမ္းထဲရိွေလထုက ခ်က္ခ်င္းပင္
ေလးလံလာသည္။ လူတိုင္းက
အၾကၫ့္ခ်င္းဖလွယ္လိုက္ၾကသည္။ ယူေရွာင္းမိုက
ပြင့္လင္းလိုက္လိမ့္မယ္လို႔မထင္ခဲ့ဘူး။
သို႔ေသာ္လည္း ၄ကအေကာင္းဆံုးေရြးခ်ယ္မႈ
ျဖစ္၏။ ကိစၥေတြကိုေစာေစာစီးစီးရွင္းထားေလေလ
ေနာက္တစ္ေယာက္မွာအေတြးေတြမ်ားမေနေတာ့
ေလေလပဲ။
ထ်န္ရွင္းအသားရည္ကျဖဴေဖ်ာ့သြားေတာ့သည္။
လူတိုင္းက သူမကိုသနားကရုဏာသက္ေနတဲ့
အၾကၫ့္ေတြနဲ႔ၾကၫ့္ေနၾကတာကို
သတိထားမိသြားတယ္။ သူမကမ်က္ႏွာကို
ၾကမ္းၾကမ္းတမ္းတမ္းသုတ္ပစ္လိုက္ၿပီး
ေမးပင့္လိုက္ကာ " နင္တစ္ေယာက္ေယာက္ကို
ႀကိဳက္တာငါနဲ႔ဘာဆိုင္လို႔လဲ? ဘာေတြလာၿပီး
စိတ္မေကာင္းျဖစ္ေနတာလဲ? ငါနင့္ကိုႀကိဳက္တာ
လဲမဟုတ္ပါဘူး၊ စာေတြသိပ္မဖတ္နဲ႔။
နင့္လိုေပ်ာ့ဖတ္ဖတ္ေကာင္မ်ိဳးကို
ဘယ္ေတာ့မွအဲ့လိုမ်ိဳးႀကိဳက္မွာမဟုတ္ဘူး"
ထို႔ေနာက္တြင္ သူမကေျပးထြက္သြားေတာ့သည္။
ေခ်ာင္ဝူရွင္းက ယူေရွာင္းမိုကိုေတာင္းပန္စြာ
ၾကၫ့္လိုက္ၿပီး သူမေနာက္လိုက္သြားေတာ့၏။
ယူေရွာင္းမိုက ဆြံ႔အသြားတယ္။
ဒါကပုဂၢိုလ္ေရးတိုက္ခိုက္မႈပဲ!
သူကေပ်ာ့ဖတ္ဖတ္ပံုေပါက္ေတာ့ေရာ
ဘာျဖစ္လဲ? ဒီကမ႓ာႀကီးမွာ ခြန္အားကပဲ
စကားေျပာတယ္။ သူတို႔ရဲ့ရုပ္ရည္ကိုၾကၫ့္ၿပီး
အေပၚ ယံဆံုးျဖတ္လို႔မရဘူး။
သူကဘယ္ေလာက္ထိပဲအားနည္းပံုေပါက္ေနပါေစ
ဒီေနရာကလူအမ်ားစုထက္ေတာ့ ပိုသန္မာေသး
တာပဲ။
သို႔ေပမယ့္ ထ်န္ရွင္းရဲ့မာနနဲ႔သိကၡာကိုသူသိတယ္။
သူျငင္းပယ္လိုက္တာက သူမမ်က္ႏွာပ်က္ေစလို႔
ဒီလိုျပန္ေျပာခဲ့ျခင္းျဖစ္သည္။
သူႀကိဳျပင္ဆင္ထားလို႔ေတာ္ေသးတာေပါ့။
ယန္ေဟြ့က ႏွစ္သိမ့္သၫ့္အေနျဖင့္
သူ႔ပုခံုးကိုပုတ္လိုက္သည္
" ညီအစ္ကိုေရ၊ သိပ္မေတြးပါနဲ႔ကြာ။
မင္းကသူ႔ကိုျငင္းလိုက္တာေလ၊ အာ့ေၾကာင့္
သူမမာနကိုထိန္းဖို႔ဒီလိုနည္းသံုးလိုက္တာ"
ယူေရွာင္းမိုက ရယ္ရမလားငိုရမလားပင္
မသိေတာ့ေခ်။
" ဟုတ္တယ္၊ မင္းတံခါးပိတ္က်င့္ႀကံေနတုန္းက
မင္းဆီေန့တိုင္းလာတယ္။ သူကမင္းကိုတကယ္
ႀကိဳက္တယ္ဆိုတာေျပာႏိုင္တယ္။
သူမကိုခြင့္လႊတ္ေပးလိုက္ပါ၊ သူမအတြက္လဲ
လြယ္တာမဟုတ္ဘူးေလ" ခ်န္ရွန္းရုန္က
ထ်န္ရွင္းကိုသနားသြားတယ္။ သူမက
လူမွားႀကိဳက္မိတာပဲ။
ယူေရွာင္းမိုက သူ႔ေဘးကပ္ရပ္အခန္းကို
တစ္ခ်က္ၾကၫ့္လိုက္တယ္။ သူျဖတ္သြားရင္
စစ္ၾကၫ့္သင့္လား?
" မပူပါနဲ႔၊ ငါစိတ္ထဲမထားဘူး။
ဟုတ္ၿပီေလ ဒါဆိုအခုသြားေတာ့မယ္"
သူအလ်င္စလိုထြက္သြားတာကိုၾကၫ့္ရင္း
ယန္ေဟြ့ကေခါင္းကုတ္လိုက္သည္
" သူကေတာ္ေတာ္ေလးေလာေနတာပဲ။
လင္းေမာ့ျပန္လာတာေၾကာင့္ ကိုယ္တိုင္ကိုယ္က်
သြားႀကိဳတာမ်ားလား? သူ႔ေနာက္တိတ္တိတ္ေလး
လိုက္သြားၿပီးၾကၫ့္ၾကမလား?"
ခ်န္ရွန္းရုန္က အခန္းျပန္ဖို႔ျပင္ေနခ်ိန္တြင္
ထိုစကားကိုၾကားလိုက္ရေတာ့မ်က္ေမွာင္ႄကံု႔လိုက္
သည္ " ဒါကသူ႔ကိုယ္ေရးကိုယ္တာပဲ၊
မင္းဒီလိုေျပာလို႔မရဘူး"
ယန္ေဟြ့က လက္ၿမွောက္လိုက္သည္
" သိပါတယ္၊ သက္သက္ေနာက္ေနရံုပါကြာ"
ခ်န္ရွန္းရုန္က ေျပာလိုက္သည္
" ေနာင္က်ရင္ ဒီလိုထပ္မေနာက္သင့္
ဘူး၊ တစ္ျခားလူေတြၾကားသြားရင္မေကာင္းဘူး"
" သိပါၿပီဦးေလးႀကီးရဲ့"
က်ဳံးယဲ့ကေတာ့ မရိွေတာ့တာၾကာၿပီျဖစ္၏။
စႀကၤံ ၏တစ္ဖက္ျခမ္းတြင္ ေခ်ာင္ဝူရွင္းက
ထ်န္ရွင္းကိုမွီသြားၿပီးတဲ့ေနာက္ သူမကို
စကားနဲနဲေလာက္နဲ႔ႏွစ္သိမ့္ေပးၿပီး
သိပ္အမ်ားႀကီးေတြးမေနနဲ႔လို႔ေျပာဖို႔
စဉ္းစားထား၏။ သို႔ေသာ္
သူမကိုငိုေတာ့မယ့္မ်က္လံုးမ်ားရိွေနေသာ္ျငား
ဆံုးျဖတ္ခ်က္ခ်ထားတဲ့အမူအရာနဲ႔ေတြ့လိုက္ရတဲ့
အခါ သူ႔စိတ္ကေပ်ာ့ေျပာင္းသြားေတာ့သည္။
" မငိုနဲ႔ေလ၊ မင္းကိုမႀကိဳက္တာသူရႈံးတာပဲ။
မင္းကသားရဲသ႑ာန္ေျပာင္းလဲျခင္းအဖဲြ႔အစည္းရဲ့
သခင္မေလးထ်န္ရွင္းပဲ။ မင္းကိုလိုက္ေနတဲ့
လူေတြမွအမ်ားႀကီးပဲရိွတယ္။
တစ္ျခားလူေတြကိုဒီလိုပံုနဲ႔ျမင္ခြင့္ေပးလို႔
ဘယ္ရမလဲ?"
ထ်န္ရွင္းက မ်က္ရည္မ်ားသုတ္လိုက္ၿပီး
စိတ္ပ်က္လက္ပ်က္ေျပာလိုက္သည္
" သူကညီမရဲ့အခ်စ္ဦးေလ၊ ေမ့ဖို႔လြယ္မွမလြယ္တာ"
ေခ်ာင္ဝူရွင္းက ကူကယ္ရာမဲ့စြာေမးလိုက္၏
" ထ်န္ရွင္း.. ငါအၿမဲေမးခ်င္ေနခဲ့တာ...
သူ႔ဘယ္ေနရာကမင္းအႀကိဳက္မိသြားတာလဲ?"
ထ်န္ရွင္းက ရွက္ေသြးျဖာသြားသည္
" သူကလူေကာင္းတစ္ေယာက္လို႔ခံစားရတယ္၊
ညီမနဲ႔တန္တဲ့တစ္ေယာက္ေယာက္ေပါ့၊
ေနာက္ၿပီး သူကတစ္ျခားလူေတြနဲ႔မတူဘူး၊
ညီမတို႔ကဘယ္သူေတြမွန္းသူသိေပမယ့္
ကပ္ဖားရပ္ဖားမလုပ္ဘူး"
" ဒီလိုေၾကာင့္ဆိုရင္ေတာ့ အခ်စ္မဟုတ္ဘူး။
သူ႔အတြက္ခံစားခ်က္ေကာင္းေတြရိွတာတစ္ခုပဲ။
ဒီႏွစ္မ်ိဳးကကဲြျပားတယ္။ သူကမင္းနဲ႔မလိုက္ဖက္
ဘူး။ လူမွန္နဲ႔ေတြ့တဲ့အခါက်ရင္ အဲ့ဒီ့လူဟာ
မင္းအၾကာႀကီးေစာင့္ေနခဲ့ရတဲ့သူပဲဆိုတာ
သိရလိမ့္မယ္" ေခ်ာင္ဝူရွင္းက သူမပါးေလးကို
ပုတ္လိုက္တယ္။
" အဲ့ဒီ့လူကိုတကယ္ပဲေတြ့ႏိုင္မွာလား?"
ထ်န္ရွင္းကေမာ့ၾကၫ့္လိုက္တယ္။
" ဒါေပါ့" ေခ်ာင္ဝူရွင္းက ေသခ်ာစြာေခါင္းညိမ့္
လိုက္၏။
ထ်န္ရွင္းက အားတင္းႃပံုးလိုက္ရင္း
" အကိုေျပာတာကိုမွတ္ထားေနာ္။
တကယ္လို႔ညီမမေတြ့ခဲ့ရရင္ အကိုဝူရွင္းက
ညီမအေပၚ အႂကြေးတင္သြားၿပီ"
ေခ်ာင္ဝူရွင္းက ႃပံုးလိုက္တယ္
" ေကာင္းၿပီ၊ ဝူရႊမ္းကိုေပးမယ္ဆိုရင္ေရာ?"
သူက သူ႔ဝမ္းကဲြကိုေပးလိုက္ဖို႔ မေတြေဝေနေခ်။
" မျဖစ္ႏိုင္ဘူး၊ အဲ့ေကာင္ကညီမကိုအၿမဲတမ္း
အႏိုင္က်င့္ေနတာ"
" သူက မင္းကိုႀကိဳက္လို႔အႏိုင္က်င့္တာေနမွာေပါ့"
" သူ႔အတြက္ေျပာေပးမေနနဲ႔"
" ဟဲ...."
ေရွာင္ေယာင္တကၠသိုလ္ကေန ယူေရွာင္းမိုထြက္လာ
ၿပီးတဲ့ေနာက္ ရႊမ္းယီြဟိုတယ္ကိုတန္းသြားလိုက္သည္။
သူတံခါးပိတ္မက်င့္ႀကံခင္က ရွဲ႔ခ်ဳံးတ္ို႔ကို
ရႊမ္းယီြဟိုတယ္မွာလာေတြ့ဖို႔ေျပာထားတယ္၊
ဒီေန့က ရႈန္းေရွာင္ကတိေပးထားတဲ့
သံုးလရဲ့ေနာက္ဆံုးေန့ပဲ။ ကတိေပးထားတဲ့အတိုင္း
သတင္းလွမ္းပို႔ေပးမလားေတာ့သူတို႔မသိေပမယ့္
သြားစစ္ၾကၫ့္ဖို႔လိုေသးတယ္။
ရႊမ္းယီြဟိုတယ္က ေရွာင္ေယာင္တကၠသိုလ္အနီးတြင္
ရိွေသာေၾကာင့္ ယူေရွာင္းမိုလမ္းေလ်ွာက္သြားဖို႔
အခ်ိန္သိပ္မၾကာေပ။
ဟိုတယ္က ခါတိုင္းကဲ့သို႔ပင္စည္ကားေနသည္။
ေန့ခင္းမွာေတာင္မွပဲ ေလာင္းကစားလာလုပ္သၫ့္
လူမ်ားမဆံုးေပ။ ဧၫ့္ခန္းတြင္
ေလာင္းကစားအေၾကာင္း
ထိုင္ေဆြးေနြးေနၾကသၫ့္လူမ်ားစြာရိွေနကာ
အလြန္ဆူညံေနသည္။
သူကေနရာမွန္ေရာက္ေနတယ္ဆိုတာ
ေသခ်ာေအာင္လုပ္ၿပီးတဲ့အခါမွာေတာ့
ယူေရွာင္းမိုကအထဲဝင္သြားလိုက္သည္။
ရွဲ႔ခ်ဳံးတို႔က လင္းေရွာင္နဲ႔သူေနခဲ့တဲ့အခန္းမွာပဲ
ေနေနၾကသည္။ ေနရာနဲ႔ရင္းႏွီးေနတာေၾကာင့္
သူကအခန္းကိုအလြယ္တကူရွာေတြ့သြားသည္။
သူအေပၚ တက္သြားတဲ့အခ်ိန္မွာပဲ
ဟိုတယ္ကေနထြက္ဖို႔ျပင္ေနရင္း သူ႔နားကေန
ျဖတ္သြားတဲ့အဘိုးႀကီးက
ရုတ္တရက္လွၫ့္လိုက္ၿပီး ေတြးေတြးဆဆနဲ႔
ၾကၫ့္ေနၿပီးေနာက္တြင္ ေလာင္းကစားရံုအေပါက္ဝ
သို႔ျပန္လွၫ့္သြားေတာ့၏။
ယူေရွာင္းမိုေတြ့လိုက္ခဲ့ရင္ ဒီအဘိုးႀကီးက
ေျမေအာက္ေလာင္းကစားရံုမွာတုန္းက
ဝူခ်န္ရဲ့ကာကြယ္သူႏွစ္ေယာက္ထဲကတစ္ေယာက္
ဆိုတာသိလိမ့္မယ္။
__________