Unicode
အပိုင်း၄၄၅- ခံစားချက်များ
လင်းရှောင်ထွက်သွားပြီးတဲ့နောက်တွင်
ယူရှောင်းမိုဘဝကပိုလို့တောင်လုပ်ရိုးလုပ်စဉ်
အတိုင်းဖြစ်လာသည်။ အသွင်ပြောင်းလဲခြင်းအခန်း
ကနေ ထွက်လာပြီးတဲ့နောက်မှာ
အဲ့နေ့ကသူမှတ်မိတာတွေကိုချေဖျက်ဖို့အတွက်
အခန်းထဲမှာပဲပိတ်နေတော့သည်။
အသွင့်ပြောင်းလဲခြင်း အဆင့်နိမ့်ကျင့်စဉ်တွေနဲ့
အဆင့်မြင့်ကျင့်စဉ်တွေက ကွာဟချက်ကြီးမားတယ်။
အထင်ရှားဆုံးကွာဟမှုကတော့ စာအရှည်ပဲ။
အဆင့်နိမ့်ကျင့်စဉ်တွေက စာတစ်ကြောင်းပဲရှိပြီး
ရှင်းရှင်းဖော်ပြထားခြင်းမရှိဘဲ နားလည်ဖို့ခက်
သော်လည်း စွမ်းရည်လုံလုံလောက်လောက်ရှိပြီး
အဲ့ဒီ့စာကြောင်းနဲ့ရင်းနှီးမယ်ဆိုရင်
လွယ်လွယ်ကူကူဖမ်းဆုပ်လို့ရနိုင်တယ်။
အလယ်လတ်ဆင့်ကျင့်စဉ်တွေအတွက်ကျတော့
စာကြောင်းနှစ်ကြောင်းကနေသုံးကြောင်းထိ
ရှိပြီး စာတစ်ကြောင်းချင်းစီတိုင်းက
အဆင့်တစ်ခုစီဖြစ်သည်။
တစ်ရက်ဆိုတဲ့အချိန်ကမလုံလောက်ဘူး၊
ထို့ကြောင့်ပဲ လူတိုင်းကမြင်သမျှကိုသိမ်းကြုံး
မှတ်ထားပြီး ထွက်လာပြီးတော့မှ
သူတို့စုဆောင်းလာတာတွေကိုပြန်ထုတ်ပြီး
လေ့လာသင်ယူကြခြင်းဖြစ်သည်။
ယူရှောင်းမိုရွေးခဲ့တဲ့ သားရဲအသွင်ပြောင်းခြင်း
ကျင့်စဉ်က သူ့ရဲ့ဆက်နွယ်သားရဲနဲ့
ဆက်စပ်နေတယ်။ လန်ချုံးကို ဥပမာယူရရင်...
သူကမာနငှက်ဖြစ်တာကြောင့် သူ့ရဲ့အဓိက
ပင်ကိုယ်အရည်အချင်းကပျံသန်းခြင်းဖြစ်တယ်၊
ဒါပေမယ့် တိုက်ခိုက်တာနဲ့ခုခံကာကွယ်တာလိုမျိုး
အရည်အချင်းတွေကိုတော့ အထူးအာရုံစိုက်ရ၏။ ပျံသန်းတာကအရေးပါတယ်
ဒါပေမယ့် ယူရှောင်းမိုကတော့
ခုခံတာနဲ့တိုက်ခိုက်တာကပိုအရေးပါတယ်လို့
ခံစားရသည်။ ထို့ပြင် သူ့ဆက်နွယ်နတ်ဆိုးသားရဲ
တွေထဲမှာ လန်ချုံးကအသန်မာဆုံးဖြစ်သည်။
ယူရှောင်းမိုကသူ့ခေါင်းထဲကအချက်အလက်တွေကို
လှန်လှောရှာလိုက်ပြီး နောက်ဆုံးမှာတော့
အသွင်ပြောင်းလဲခြင်းကျင့်စဉ်တစ်ချို့ကို
သဘောပေါက်သွားတော့သည်။
ပြောမယ်ဆိုမှပဲ၊ လူတွေကဘာလို့ဒါတွေလုပ်နေကြ
တာလဲဆိုတာ ယူရှောင်းမိုတကယ်နားမလည်ဘူး။
ဆက်နွယ်ထားတဲ့နတ်ဆိုးသားရဲတွေက
ကိုယ့်အသိစိတ်နဲ့ကိုယ်ရှိပြီးသားလေ၊
ဒါကို မှော်ဆရာတွေကသူတို့ကိုထိန်းချုပ်
တာလိုမျိုးမလိုအပ်တာတွေ ဘာလို့လုပ်နေကြတာ
လဲ? သူမေးချင်နေတာကြာပြီ၊ ဒါပေမယ့်
မေ့မေ့နေတယ်။ အခုတော့
လင်းရှောင်ကဘေးမှာမရှိဘူး၊
သူမေးစရာလူမရှိတော့ဘူး။
ယူရှောင်းမိုက အခန်းပြင်ထွက်လာတယ်။
အထပ်တိုင်းမှာစာကြည့်တိုက်လိုနေရာတစ်ခုရှိတယ်
လို့သူကြားတယ်၊ နောက်ပြီးစာအုပ်တွေလဲ
အများကြီးရှိတယ်တဲ့။ ဒါကိုတွေးမိတော့
ယူရှောင်းမိုရဲ့စိတ်ခံစားချက်က ပိုကောင်းလာ
တော့တယ်။
သူထောင့်တစ်ခုကိုကွေ့တော့မယ့်အချိန်မှာပဲ
လက်တစ်ဖက်ကသူ့ပါးစပ်ကိုပိတ်လိုက်ပြီး
နောက်ပြန်ဆွဲလိုက်သည်။ ယူရှောင်းမိုက
အလွန်ထိတ်လန့်သွားပြီး ရုန်းတော့မယ့်
အချိန်မှာပဲ သူ့ကိုနောက်ပြန်ဆွဲထားတဲ့လူက
ရင်းနှီးနေတာကို ရုတ်တရက်သိသွားတယ်။
သူလှည့်လိုက်တော့ ယန်ဟွေ့ရဲ့ကိုးယိုးကားယား
မျက်နှာကြီးကိုမြင်လိုက်ရတော့တယ်၊
သူကမျက်လုံးလှန်လိုက်ပြီး သူ့လက်ကိုဖယ်ဖို့
အရိပ်အကဲပြလိုက်တယ်။
ယန်ဟွေ့က သူ့ကိုချက်ချင်းလွှတ်ပေးလိုက်သည်။
ယူရှောင်းမိုကမေးကိုပွတ်လိုက်ပြီး
သိပ်မကောင်းနေတဲ့အသံနဲ့ " မင်းဘာလုပ်တာလဲ?"
ယန်ဟွေ့က သူ့ကိုစကားမပြောဖို့အချက်ပြလိုက်ပြီး
ရှေ့ကအကွေ့ကို လက်ညိုးထိုးပြလိုက်တယ်။
ယူရှောင်းမိုက ချက်ချင်းပဲနားစွင့်လိုက်တယ်။
နောက်စက္ကန့်အနည်းငယ်တွင် တစ်ယောက်နဲ့
တစ်ယောက်ပြောနေတဲ့ အသံနှစ်သံကိုကြား
လိုက်ရတယ်။ အသံများက သူရင်းနှီးတဲ့
ချောင်ဝူရှင်းနှင့်ထျန်ရှင်းရဲ့ အသံဖြစ်သည်။
" ထျန်ရှင်း... ငါမင်းကိုပြောနေတယ်လေ။
မကြားဘူးလား?" ချောင်ဝူရှင်းက
သူမကိုလက်မောင်းကနေဆွဲလိုက်ပြီး
သူ့ဘက်ကိုဆွဲလှည့်လိုက်သည်။
ထျန်ရှင်းရဲ့မျက်နှာလှလှလေးမှာ စိတ်ရှုပ်တဲ့ပုံ
ပေါ် လာသည်။ သူမကသူ့လက်ကို
တွန်းဖယ်လိုက်တယ်။
" အကိုပြောတာကြားသားပဲ။ ဒီနှစ်ရက်လုံးလုံး
ပွစိပွစိလုပ်နေလို့ ညီမနားတွေတောင်အသားမာတက်
တော့မယ်။ အကိုဝူရှင်း၊ ငါ့ကိုတစ်ယောက်တည်းပဲ
လွှတ်ထားပေးလို့ရမလား?"
သူမကအော်လိုက်တယ်။
" မင်းကိုတစ်ယောက်တည်းလွှတ်ထားပေးရမယ်
ဆိုတာမဖြစ်နိုင်ဘူး။ ငါတို့တွေ
ရှောင်ယောင်တက္ကသိုလ်ကိုမဝင်ခင်က
မင်းကိုစောင့်ရှောက်ပေးပါ့မယ်လို့အကြီးအကဲရှန်ကို
ကတိပေးထားခဲ့တယ်။ မင်းကိစ္စတွေမှာ
ငါ့ကိုဝင်မပါရဘူးလို့ မင်းပြောလို့မရဘူး"
ချောင်ဝူရှင်းက သူမကိုပြန်ဆွဲလိုက်သည်။
ထျန်ရှင်းက တစ်ခဏမျှတိတ်ဆိတ်သွား၏
" ညီမတို့နှစ်ယောက်စလုံးဘာမှမပြောရင်
အဲ့အဘိုးကြီးသိမှာမဟုတ်ဘူးလေ"
" ထျန်ရှင်း.... အကိုပြောတာနားထောင်စမ်းပါ။
အဓိပ္ပါယ်မရှိတာတွေမလုပ်စမ်းနဲ့"
ချောင်ဝူရှင်းက တတ်နိုင်သမျှစိတ်ရှည်ရှည်
ထားပြီး ဖြောင့်ဖြနေ၏။ ထျန်ရှင်းအကြောင်း
သူကောင်းကောင်းသိတယ်။
သူမကိုလောလိုက်ရင် သူမကရမ်းကားတဲ့
အပြုအမူတွေလုပ်နိုင်တယ်။
" ညီမသူ့ကိုကြိုက်တယ်။ ဒီိခံစားချက်မျိုးက
ဘယ်လိုလုပ်ပြီး အဓိပ္ပါယ်မရှိတဲ့အရာဖြစ်မှာလဲ?"
ထျန်ရှင်းက သူမလက်တွေကိုစိတ်တိုတိုနဲ့ယမ်းလိုက်
တယ်။ သူပြောတာတစ်ခုမှ သူမ မယုံဘူး။
သူမ သူ့ကိုကြိုက်တယ်၊ ဒါပဲလေ။
" သူမင်းကိုပြန်ကြိုက်မှာမဟုတ်ဘူး"
ချောင်ဝူရှင်းက အညှာအတာကင်းမဲ့စွာ
ပြောချလိုက်တော့သည်။
ထျန်ရှင်းက သူ့ကိုဒေါသထွက်စွာနဲ့
စိန်းစိန်းဝါးဝါးကြည့်လိုက်သည်
" အကိုကသူမဟုတ်ဘူး။ သူညီမကို
မကြိုက်ဘူးလို့ အကိုဘယ်လိုသိနိုင်မှာလဲ?"
ချောင်ဝူရှင်းကသက်ပြင်းချလိုက်တယ်။
ထျန်ရှင်းကဒီလောက်ထိဇွဲကောင်းနေမယ်လို့
သူမထင်ခဲ့ဘူး။ ဒါပေမယ့်လည်း သူမခံစားချက်တွေ
ကို သူနားလည်ပေးနိုင်တယ်။ ဒါက
သူမခံစားချက်တွေရှိလာဖူးတဲ့ ပထမဆုံးသူပဲလေ။
ဒါ့ကြောင့်ပဲ သူမခံစားချက်တွေကိုမြန်မြန်
အဆုံးသတ်ပေးဖို့လိုတာ။ အဲ့လိုမှမဟုတ်လို့
ဒီခံစားချက်တွေကပိုနက်ရှိုင်းလာမယ်ဆိုရင်
သူမအတွက် အကျနာတာပဲရှိမှာ။
သူကသူ့စိတ်ကိုတင်းလိုက်ပြီး ပြောလိုက်တော့တယ်
" ဘာလို့လဲဆိုတော့ သူ့မှာ သူကြိုက်တဲ့သူ
ရှိနေပြီးသားမလို့ပဲ"
ထျန်ရှင်းမျက်လုံးများက ပြူးကျယ်သွားတော့၏။
သူမက အချိန်တော်တော်ကြာမှမေးလိုက်တယ်။
" မဖြစ်နိုင်တာ။ သူ့ကိုသိကတည်းကစလို့
သူ့ဘေးမှာမိန်းကလေးတစ်ယောက်မှ
မတွေ့ဖူးဘူးလေ။ သူကြိုက်တဲ့သူဘယ်လိုလုပ်
ရှိနိုင်မှာလဲ? နောက်ပြီး အကိုကဘယ်လိုသိတာလဲ?"
ချောင်ဝူရှင်းက သူမအမေးကိုဘယ်လိုဖြေရမယ်မှန်း
မသိတော့သည့်အလား တိတ်ဆိတ်သွားတော့၏။
" ညီမအမေးကိုမဖြေနိုင်ဘူးမလား?
အကိုလိမ်နေတာမှန်းသိသားပဲ"
ထျန်ရှင်းက ဝင့်ကြွားစွာရယ်လိုက်သည်။
ချောင်ဝူရှင်းက လုံးဝကိုကူကယ်ရာမဲ့နေသည်။
" ထျန်ရှင်း.... တစ်ချို့လူတွေမှာ
မိန်းကလေးမဟုတ်ဘဲသူတို့ကြိုက်တဲ့သူတွေ
ရှိတတ်ကြတယ်။ ဒါက ...... အာ၊ ယောက်ျားတွေ
လဲဖြစ်နိုင်တာပဲ" သူက နောက်ဆုံးစကားကို
ပြောမထွက်နိုင်တော့မလိုပင်ဖြစ်နေသည်။
ထျန်ရှင်းက သူ့ကိုမယုံနိုင်စွာစိုက်ကြည့်နေ၏။
" ကမ္ဘာကြီးကကျယ်ပြန့်လွန်းတယ်၊ ကိစ္စတွေ
အများကြီးလဲရှိတယ်။ မင်းသေသေချာချာ
စဉ်းစားကြည့်ရင် အကိုမလိမ်ဘူးဆိုတာသိလိမ့်မယ်"
ချောင်ဝူရှင်းက ဒါကသူမအတွက်အရမ်းကြီးလွန်းတဲ့
ထိုးနှက်ချက်တစ်ခုဖြစ်သွားမှာကို စိုးတယ်၊
ဒါပေမယ့် သူအခုဒီကိစ္စတွေကိုအဆုံးမသတ်
ထားရင် နောင်ကျရင်ထိန်းချုပ်လို့မရ
ဖြစ်သွားနိုင်တယ်။ အစကတည်းက
ရက်စက်ထားရင်ပိုကောင်းသေးတယ်။
ထျန်ရှင်းက သူမရဲ့အောက်နှုတ်ခမ်းကိုခပ်ကြမ်းကြမ်း
ကိုက်လိုက်ပေမယ့် ဘာမှမပြောဘူး။
ချောင်ဝူရှင်းက သူ့စကားတွေကိုသူမနားလည်သွား
ပြီဆိုတာသိလိုက်ပြီး သူသက်ပြင်းချတော့မယ့်
အချိန်မှာပဲ သူမရဲ့စကားများက သူ့ကို
ပြောစရာစကားပျောက်ရှသွားစေတော့သည်။
" ညီမနားလည်တယ်၊ ဒါပေမယ့်ဒီလိုပဲလက်မလျှော့
လိုက်ချင်ဘူး။ ညီမအတွက်လူတစ်ယောက်ကို
ကြိုက်ဖို့ကမလွယ်သလို သူ့ကိုလဲအခုမှ
စကြိုက်ကာရှိသေးတယ်။ ဒါလေးအတွက်နဲ့
လက်လျှော့ခဲ့လိုက်ရင် ညီမဘယ်တော့မှ
ကျေနပ်မှာမဟုတ်ဘူး" ထျန်ရှင်းက
လက်သီးဆုပ်လိုက်ပြီး ခိုင်မာတဲ့အကြည့်နဲ့
ပြောလိုက်၏
" အဲ့ဒီ့လူကအခုလောလောဆယ်သူ့ဘေးမှာရှိမနေဘူး၊
အခုကညီမရဲ့အခွင့်ရေးပဲ။ သူ့နှလုံးသားကိုရဖို့
ဒီအခွင့်အရေးကိုသုံးမယ်"
"...... မင်းမအောင်မြင်ခဲ့ရင်ရော?"
ချောင်ဝူရှင်းက မေးလိုက်တယ်။
" အဲ့အခါကျရင် လက်လျှော့လိုက်မယ်"
ချောင်ဝူရှင်းက ခေါင်းယမ်းလိုက်တယ်
" ငါနားလည်ပြီ"
သူမကိုထပ်မတားတော့ဘူး။ ဒီဟာက
သူမကိုလုံးဝလက်လျှော့သွားစေမယ့်
တစ်ခုတည်းသောနည်းလမ်းပဲ။
ဒါကိုကြားတော့ ယန်ဟွေ့ကယူရှောင်းမိုရဲ့
အမူအရာကို သတိထားပြီးကြည့်လိုက်တယ်။
သူတို့စကားပြောပြီးသွားပြီဆိုတာတွေ့တော့၊
ယူရှောင်းမိုက အစကနေအဆုံးထိတုံ့ပြန်မှုကြီးကြီး
မားမားရှိမနေဘဲ
ပြန်လှည့်လိုက်ပြီး လာရာလမ်းအတိုင်း
ပြန်သွားလိုက်တယ်။
" ဘယ်သွားမလို့လဲ?" ယန်ဟွေ့က ကပျာကယာနဲ့
သူ့နောက်လိုက်လာတယ်။
" ငါ့အခန်း" ယူရှောင်းမိုက လှည့်တောင်လှည့်မကြည့်
ချေ။
ယန်ဟွေ့ကရယ်လိုက်တယ် (😏ဒီလိုပုံပါ)
" အခန်းထဲပြန်ပြီး မိန်းမလှလေးတစ်ယောက်
မတော်တဆလာလည်တာကိုစောင့်မလို့လို့တော့
မပြောနဲ့နော်? ဘယ်လောက်တောင်ကံကောင်း
လိုက်လဲ၊ မိန်းမလှလေးရဲ့နှစ်သက်တာခံရတာ
ဘယ်လိုခံစားရလဲ?"
သူ့စကားကြားတော့ ယူရှောင်းမိုကရပ်သွားပြီး
သူ့ဘက်စောင်းကြည့်လိုက်တယ်။
" ခုနလေးကတင်ချောင်ဝူရှင်းပြောလိုက်တဲ့ဟာ
မကြားဘူးလား? မိန်းမတွေနဲ့စာရင်
ငါကယောက်ျားတွေပိုကြိုက်တယ်"
ယူရှောင်းမိုကပြုံးလိုက်ပြီး သူ့ကို
အပေါ်အောက်ကြည့်လိုက်တယ်။
ယန်ဟွေ့က သူ့လက်မောင်းပေါ်မှာ
ကြက်သီးတွေထလာတာကိုခံစားလိုက်ရပြီး
လက်တွေကိုရူးသွပ်စွာဝှေ့ယမ်းလိုက်တော့သည်
" မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊
ငါကအဲ့လိုမယိမ်းဘူး"
ယူရှောင်းမိုက တော်တော်လေးစိတ်အနှောင့်အယှက်
ဖြစ်နေတယ်။ သူကအခန်းထဲလျှောက်သွားလိုက်ပြီး
လှည့်ပြောလိုက်သည် "အိုး.. ဟုတ်သားပဲ၊
ငါတစ်လခွဲလောက်တံခါးပိတ်လေ့ကျင့်မယ်လို့
တစ်ခြားလူတိုင်းကိုပြောပေးလို့ရမလား?
သူတို့တစ်ခုခုလိုအပ်ရင် ငါထွက်လာမှ
ပြောကြမယ်လို့၊ ဒါပါပဲ"
ယန်ဟွေ့က တစ်ခုခုထပ်ထည့်ပြောစရာရှိပေမယ့်
ယူရှောင်းမိုကတံခါးပိတ်သွားပြီဖြစ်၏။
သူ့နှာခေါင်းတောင်တံခါးနဲ့ရိုက်မိခါနီးပဲ၊
သူကနာသွားသလိုနဲ့ နှာခေါင်းကိုပွတ်လိုက်တယ်။
ဘေးအခန်းကချန်ရှန်းရုန်က အသံကြားပြီး
ချက်ချင်းပဲခေါင်းထွက်လာသည်။
" ယန်ဟွေ့၊ ဘာဖြစ်တာလဲ?"
ယန်ဟွေ့ပြန်ဖြေတော့မယ့်အချိန်မှာပဲ
ထျန်ရှင်းနဲ့ ချောင်ဝူရှင်း ပြန်ရောက်လာသည်။
သူတို့တွေယူရှောင်းမိုအခန်းရှေ့မှာ ရပ်နေတာ
မြင်တော့ ထျန်ရှင်းကအပြေးကလေးရောက်
လာပြီး " နင်တို့တွေဒီမှာဘာလုပ်နေကြတာလဲ?"
ယန်ဟွေ့က စကားအကြောင်းအရာကနီးစပ်လာ
တာမြင်တော့ ပြုံးလိုက်တယ်
" မင်းတို့တွေအချိန်ကိုက်ရောက်လာကြတာပဲ။
ငါ့မှာ မင်းတို့ကိုကြေညာပေးစရာတစ်ခုရှိနေတာ။
အဲ့တာက ယူရှောင်းဟာနဲ့ပတ်သတ်တယ်"
" ဘာလဲ?" ထျန်ရှင်းက နဲနဲလေးမှအချိန်မခြားဘဲ
မေးလိုက်သည်။
" ရှောင်းဟာက တံခါးပိတ်လေ့ကျင့်မလို့တဲ့၊
နောက်ပြီး တစ်လကျော်ကြာတော့မှထွက်လာမယ်
ပြောတယ်။ တစ်ခုခုလိုအပ်တယ်ဆိုရင်
သူထွက်လာမှဆွေးနွေးပါလို့ပြောခဲ့တယ်"
ထျန်ရှင်းမျက်နှာပေါ်က အပြုံးကချက်ချင်းပင်
ပျောက်ကွယ်သွားတော့သည်။
" နင်လိမ်နေတာမဟုတ်ပါဘူးနော်?
သူကဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး
တံခါးပိတ်လေ့ကျင့်သွားတာလဲ?"
" ငါကဘယ်လိုလုပ်သိမှာတုန်း?
ဟိုလူမရှိတာကြောင့် သူကအချိန်ကုန်အောင်
တံခါးပိတ်တရားထိုင်ချင်တာဖြစ်နိုင်တယ်။
ဒါမှမဟုတ်လဲသားရဲအသွင်ပြောင်းခြင်းအခန်းကနေ
ရခဲ့တာတွေကိုလေ့ကျင့်ချင်လို့နေမှာပေါ့"
ယန်ဟွေ့ကပုခုံးတွန့်လိုက်တယ်။
ထျန်ရှင်းမျက်နှာအမူအရာက
မှောင်မည်းလာတော့၏။ ချောင်ဝူရှင်းကတော့
ထျန်ရှင်းလိုမဟုတ်ဘူး၊ သူကသက်ရောက်မှုမခံရဘဲ
မေးလိုက်တယ် " တစ်ခုခုဖြစ်ခဲ့လို့လား?"
ယန်ဟွေ့က သူ့ကိုထိတ်လန့်အံ့ဩတဲ့အကြည့်
တစ်ချက်ပေးလိုက်ပြီး ပျော်ပျော်ရွှင်ရွှင်ပြော
လိုက်တယ် " တကယ်တော့ငါလဲမသေချာဘူး၊
ဒါပေမယ့် သူကစာအုပ်ခန်းဆီသွားနေခဲ့ပုံ
ပေါ်တယ်။ အကြောင်းတစ်ခုခုကြောင့်
သူကလမ်းတစ်ဝက်မှာတင်ရုတ်တရက်
ပြန်လှည့်လာတယ်၊ နောက်ပြီး
တံခါးပိတ်လေ့ကျင့်တော့မယ်လို့ပြောခဲ့တာပဲ"
ထျန်ရှင်းရဲ့အမူအရာက ပြောင်းလဲသွားတယ်။
ချောင်ဝူရှင်းက သူဘာပြောနေလဲဆိုတာ
ခဏချင်းပဲနားလည်သွားတော့သည်။
" အကိုဝူရှင်း... သူညီမတို့ပြောနေတာ
ကြားသွားတာတော့မဟုတ်လောက်ပါဘူးနော်?"
ထျန်ရှင်းက နှုတ်ခမ်းကိုဖိကိုက်လိုက်တယ်။
ချောင်ဝူရှင်းက သက်ပြင်းချလိုက်တယ်။
" စာအုပ်ခန်းကိုရောက်ဖို့ သူအဲ့နေရာကို
ဖြတ်သွားဖို့လိုတယ်။ သူကြားပြီးပြီလို့ထင်တယ်"
သူ့အသံက နောင်တရနေပုံဖြစ်ပေမယ့်
သူ့စိတ်ထဲမှာတော့ ဒီအလှည့်အပြောင်းအတွက်
ကျေးဇူးတင်နေတယ်။ ဒါကထင်ရှားတဲ့
ငြင်းပယ်ချက်ဖြစ်တယ်၊ ထျန်ရှင်းမသိဘူးလို့တော့
သူမထင်ဘူး။
" မင်းတို့တွေဘာအကြောင်းပြောနေကြတာလဲ?"
ချန်ရှန်းရုန်က နားမလည်ဘူး။
" ဘာမှမဟုတ်ဘူး။ နင့်အခန်းပဲပြန်သွားနေ"
ထျန်ရှင်းက သူ့ကိုမကျေမနပ်အော်လိုက်ပြီး
သူမအခန်းဆီခြေဆောင့်ဝင်သွားကာ
တံခါးကိုဝုန်းကနဲပိတ်လိုက်၏။
ချန်ရှန်းရုန်က ခေါင်းယမ်းလိုက်တယ်။
ထင်ထားသလိုပဲ၊ သခင်မလေးရဲ့ဂျီကျတာက
ကိုင်တွယ်ဖို့ခက်တယ်။
" တောင်းပန်တယ်ကွာ၊ သူမစိတ်အခြေအနေ
မကောင်းနေဘူး။ သူမကိုယ်စားတောင်းပန်ပါတယ်"
ချောင်ဝူရှင်းက ပြောလိုက်တယ်။
" ရပါတယ်" ချန်ရှန်းရုန်က ရုတ်တရက်တောင်းပန်
စကားရဲ့လွှမ်းမိုးမှုကိုခံလိုက်ရကာ
အလျင်အမြန်လက်ယမ်းပြလိုက်၏။
ချောင်ဝူရှင်းက ဘာမှထပ်မပြောတော့ချေ။
သူထွက်မသွားခင် ယူရှောင်းမိုရဲ့တင်းတင်းကြပ်ကြပ်
ပိတ်ထားတဲ့တံခါးကိုတစ်ချက်ကြည့်လိုက်တယ်။
သူကထျန်ရှင်းကိုလဲ သွားမရှာတော့ပေ။
သူမကိုထပ်နားချစရာမလိုတော့ဘူး၊
အခုက သူမနဲ့ပဲဆိုင်တော့တယ်။
ချန်ရှန်းရုန်ကအလွန်တရာမှပင် ရှုပ်ထွေးနေ၏။
ပြဇာတ်ကြည့်နေတာနဲ့တူနေတဲ့ ပြုံးဖြဲဖြဲယန်ဟွေ့ဘက်
လှည့်လိုက်ပြီး မေးလိုက်သည်
" ဘာဖြစ်နေတာလဲမင်းသိလား?"
" ယောက်ျားနှစ်ယောက်နဲ့မိန်းမတစ်ယောက်ရဲ့
ဇာတ်လမ်းလို့ပြောလို့ရတယ်၊ ဒါပေမယ့်
သုံးပွင့်ဆိုင်အချစ်တော့မဟုတ်ဘူး။
အိုး... ဘယ်လောက်တောင်ပျော်ဖို့ကောင်းလိုက်လဲ၊
ခံစားချက်တွေလိုမျိုးအရာတွေက တကယ်ကို
နားလည်ရအခက်ဆုံးပဲ" ယန်ဟွေ့ကပြုံးလိုက်တယ်။
____________
Zawgyi
အပိုင္း၄၄၅- ခံစားခ်က္မ်ား
လင္းေရွာင္ထြက္သြားၿပီးတဲ့ေနာက္တြင္
ယူေရွာင္းမိုဘဝကပိုလို႔ေတာင္လုပ္ရိုးလုပ္စဉ္
အတိုင္းျဖစ္လာသည္။ အသြင္ေျပာင္းလဲျခင္းအခန္း
ကေန ထြက္လာၿပီးတဲ့ေနာက္မွာ
အဲ့ေန့ကသူမွတ္မိတာေတြကိုေခ်ဖ်က္ဖို႔အတြက္
အခန္းထဲမွာပဲပိတ္ေနေတာ့သည္။
အသြင့္ေျပာင္းလဲျခင္း အဆင့္နိမ့္က်င့္စဉ္ေတြနဲ႔
အဆင့္ျမင့္က်င့္စဉ္ေတြက ကြာဟခ်က္ႀကီးမားတယ္။
အထင္ရွားဆံုးကြာဟမႈကေတာ့ စာအရွည္ပဲ။
အဆင့္နိမ့္က်င့္စဉ္ေတြက စာတစ္ေၾကာင္းပဲရိွၿပီး
ရွင္းရွင္းေဖာ္ျပထားျခင္းမရိွဘဲ နားလည္ဖို႔ခက္
ေသာ္လည္း စြမ္းရည္လံုလံုေလာက္ေလာက္ရိွၿပီး
အဲ့ဒီ့စာေၾကာင္းနဲ႔ရင္းႏွီးမယ္ဆိုရင္
လြယ္လြယ္ကူကူဖမ္းဆုပ္လို႔ရႏိုင္တယ္။
အလယ္လတ္ဆင့္က်င့္စဉ္ေတြအတြက္က်ေတာ့
စာေၾကာင္းႏွစ္ေၾကာင္းကေနသံုးေၾကာင္းထိ
ရိွၿပီး စာတစ္ေၾကာင္းခ်င္းစီတိုင္းက
အဆင့္တစ္ခုစီျဖစ္သည္။
တစ္ရက္ဆိုတဲ့အခ်ိန္ကမလံုေလာက္ဘူး၊
ထို႔ေၾကာင့္ပဲ လူတိုင္းကျမင္သမ်ွကိုသိမ္းႄကံုး
မွတ္ထားၿပီး ထြက္လာၿပီးေတာ့မွ
သူတို႔စုေဆာင္းလာတာေတြကိုျပန္ထုတ္ၿပီး
ေလ့လာသင္ယူၾကျခင္းျဖစ္သည္။
ယူေရွာင္းမိုေရြးခဲ့တဲ့ သားရဲအသြင္ေျပာင္းျခင္း
က်င့္စဉ္က သူ႔ရဲ့ဆက္ႏြယ္သားရဲနဲ႔
ဆက္စပ္ေနတယ္။ လန္ခ်ဳံးကို ဥပမာယူရရင္...
သူကမာနငွက္ျဖစ္တာေၾကာင့္ သူ႔ရဲ့အဓိက
ပင္ကိုယ္အရည္အခ်င္းကပ်ံသန္းျခင္းျဖစ္တယ္၊
ဒါေပမယ့္ တိုက္ခိုက္တာနဲ႔ခုခံကာကြယ္တာလိုမ်ိဳး
အရည္အခ်င္းေတြကိုေတာ့ အထူးအာရံုစိုက္ရ၏။ ပ်ံသန္းတာကအေရးပါတယ္
ဒါေပမယ့္ ယူေရွာင္းမိုကေတာ့
ခုခံတာနဲ႔တိုက္ခိုက္တာကပိုအေရးပါတယ္လို႔
ခံစားရသည္။ ထို႔ျပင္ သူ႔ဆက္ႏြယ္နတ္ဆိုးသားရဲ
ေတြထဲမွာ လန္ခ်ဳံးကအသန္မာဆံုးျဖစ္သည္။
ယူေရွာင္းမိုကသူ႔ေခါင္းထဲကအခ်က္အလက္ေတြကို
လွန္ေလွာရွာလိုက္ၿပီး ေနာက္ဆံုးမွာေတာ့
အသြင္ေျပာင္းလဲျခင္းက်င့္စဉ္တစ္ခ်ိဳ႕ကို
သေဘာေပါက္သြားေတာ့သည္။
ေျပာမယ္ဆိုမွပဲ၊ လူေတြကဘာလို႔ဒါေတြလုပ္ေနၾက
တာလဲဆိုတာ ယူေရွာင္းမိုတကယ္နားမလည္ဘူး။
ဆက္ႏြယ္ထားတဲ့နတ္ဆိုးသားရဲေတြက
ကိုယ့္အသိစိတ္နဲ႔ကိုယ္ရိွၿပီးသားေလ၊
ဒါကို ေမွာ္ဆရာေတြကသူတို႔ကိုထိန္းခ်ဳပ္
တာလိုမ်ိဳးမလိုအပ္တာေတြ ဘာလို႔လုပ္ေနၾကတာ
လဲ? သူေမးခ်င္ေနတာၾကာၿပီ၊ ဒါေပမယ့္
ေမ့ေမ့ေနတယ္။ အခုေတာ့
လင္းေရွာင္ကေဘးမွာမရိွဘူး၊
သူေမးစရာလူမရိွေတာ့ဘူး။
ယူေရွာင္းမိုက အခန္းျပင္ထြက္လာတယ္။
အထပ္တိုင္းမွာစာၾကၫ့္တိုက္လိုေနရာတစ္ခုရိွတယ္
လို႔သူၾကားတယ္၊ ေနာက္ၿပီးစာအုပ္ေတြလဲ
အမ်ားႀကီးရိွတယ္တဲ့။ ဒါကိုေတြးမိေတာ့
ယူေရွာင္းမိုရဲ့စိတ္ခံစားခ်က္က ပိုေကာင္းလာ
ေတာ့တယ္။
သူေထာင့္တစ္ခုကိုေကြ့ေတာ့မယ့္အခ်ိန္မွာပဲ
လက္တစ္ဖက္ကသူ႔ပါးစပ္ကိုပိတ္လိုက္ၿပီး
ေနာက္ျပန္ဆဲြလိုက္သည္။ ယူေရွာင္းမိုက
အလြန္ထိတ္လန႔္သြားၿပီး ရုန္းေတာ့မယ့္
အခ်ိန္မွာပဲ သူ႔ကိုေနာက္ျပန္ဆဲြထားတဲ့လူက
ရင္းႏွီးေနတာကို ရုတ္တရက္သိသြားတယ္။
သူလွၫ့္လိုက္ေတာ့ ယန္ေဟြ့ရဲ့ကိုးယိုးကားယား
မ်က္ႏွာႀကီးကိုျမင္လိုက္ရေတာ့တယ္၊
သူကမ်က္လံုးလွန္လိုက္ၿပီး သူ႔လက္ကိုဖယ္ဖို႔
အရိပ္အကဲျပလိုက္တယ္။
ယန္ေဟြ့က သူ႔ကိုခ်က္ခ်င္းလႊတ္ေပးလိုက္သည္။
ယူေရွာင္းမိုကေမးကိုပြတ္လိုက္ၿပီး
သိပ္မေကာင္းေနတဲ့အသံနဲ႔ " မင္းဘာလုပ္တာလဲ?"
ယန္ေဟြ့က သူ႔ကိုစကားမေျပာဖို႔အခ်က္ျပလိုက္ၿပီး
ေရ႔ွကအေကြ့ကို လက္ညိုးထိုးျပလိုက္တယ္။
ယူေရွာင္းမိုက ခ်က္ခ်င္းပဲနားစြင့္လိုက္တယ္။
ေနာက္စကၠန႔္အနည္းငယ္တြင္ တစ္ေယာက္နဲ႔
တစ္ေယာက္ေျပာေနတဲ့ အသံႏွစ္သံကိုၾကား
လိုက္ရတယ္။ အသံမ်ားက သူရင္းႏွီးတဲ့
ေခ်ာင္ဝူရွင္းႏွင့္ထ်န္ရွင္းရဲ့ အသံျဖစ္သည္။
" ထ်န္ရွင္း... ငါမင္းကိုေျပာေနတယ္ေလ။
မၾကားဘူးလား?" ေခ်ာင္ဝူရွင္းက
သူမကိုလက္ေမာင္းကေနဆဲြလိုက္ၿပီး
သူ႔ဘက္ကိုဆဲြလွၫ့္လိုက္သည္။
ထ်န္ရွင္းရဲ့မ်က္ႏွာလွလွေလးမွာ စိတ္ရႈပ္တဲ့ပံု
ေပၚ လာသည္။ သူမကသူ႔လက္ကို
တြန္းဖယ္လိုက္တယ္။
" အကိုေျပာတာၾကားသားပဲ။ ဒီႏွစ္ရက္လံုးလံုး
ပြစိပြစိလုပ္ေနလို႔ ညီမနားေတြေတာင္အသားမာတက္
ေတာ့မယ္။ အကိုဝူရွင္း၊ ငါ့ကိုတစ္ေယာက္တည္းပဲ
လႊတ္ထားေပးလို႔ရမလား?"
သူမကေအာ္လိုက္တယ္။
" မင္းကိုတစ္ေယာက္တည္းလႊတ္ထားေပးရမယ္
ဆိုတာမျဖစ္ႏိုင္ဘူး။ ငါတို႔ေတြ
ေရွာင္ေယာင္တကၠသိုလ္ကိုမဝင္ခင္က
မင္းကိုေစာင့္ေရွာက္ေပးပါ့မယ္လို႔အႀကီးအကဲရွန္ကို
ကတိေပးထားခဲ့တယ္။ မင္းကိစၥေတြမွာ
ငါ့ကိုဝင္မပါရဘူးလို႔ မင္းေျပာလို႔မရဘူး"
ေခ်ာင္ဝူရွင္းက သူမကိုျပန္ဆဲြလိုက္သည္။
ထ်န္ရွင္းက တစ္ခဏမ်ွတိတ္ဆိတ္သြား၏
" ညီမတို႔ႏွစ္ေယာက္စလံုးဘာမွမေျပာရင္
အဲ့အဘိုးႀကီးသိမွာမဟုတ္ဘူးေလ"
" ထ်န္ရွင္း.... အကိုေျပာတာနားေထာင္စမ္းပါ။
အဓိပၸါယ္မရိွတာေတြမလုပ္စမ္းနဲ႔"
ေခ်ာင္ဝူရွင္းက တတ္ႏိုင္သမ်ွစိတ္ရွည္ရွည္
ထားၿပီး ေျဖာင့္ျဖေန၏။ ထ်န္ရွင္းအေၾကာင္း
သူေကာင္းေကာင္းသိတယ္။
သူမကိုေလာလိုက္ရင္ သူမကရမ္းကားတဲ့
အျပဳအမူေတြလုပ္ႏိုင္တယ္။
" ညီမသူ႔ကိုႀကိဳက္တယ္။ ဒီိခံစားခ်က္မ်ိဳးက
ဘယ္လိုလုပ္ၿပီး အဓိပၸါယ္မရိွတဲ့အရာျဖစ္မွာလဲ?"
ထ်န္ရွင္းက သူမလက္ေတြကိုစိတ္တိုတိုနဲ႔ယမ္းလိုက္
တယ္။ သူေျပာတာတစ္ခုမွ သူမ မယံုဘူး။
သူမ သူ႔ကိုႀကိဳက္တယ္၊ ဒါပဲေလ။
" သူမင္းကိုျပန္ႀကိဳက္မွာမဟုတ္ဘူး"
ေခ်ာင္ဝူရွင္းက အၫွာအတာကင္းမဲ့စြာ
ေျပာခ်လိုက္ေတာ့သည္။
ထ်န္ရွင္းက သူ႔ကိုေဒါသထြက္စြာနဲ႔
စိန္းစိန္းဝါးဝါးၾကၫ့္လိုက္သည္
" အကိုကသူမဟုတ္ဘူး။ သူညီမကို
မႀကိဳက္ဘူးလို႔ အကိုဘယ္လိုသိႏိုင္မွာလဲ?"
ေခ်ာင္ဝူရွင္းကသက္ျပင္းခ်လိုက္တယ္။
ထ်န္ရွင္းကဒီေလာက္ထိဇဲြေကာင္းေနမယ္လို႔
သူမထင္ခဲ့ဘူး။ ဒါေပမယ့္လည္း သူမခံစားခ်က္ေတြ
ကို သူနားလည္ေပးႏိုင္တယ္။ ဒါက
သူမခံစားခ်က္ေတြရိွလာဖူးတဲ့ ပထမဆံုးသူပဲေလ။
ဒါ့ေၾကာင့္ပဲ သူမခံစားခ်က္ေတြကိုျမန္ျမန္
အဆံုးသတ္ေပးဖို႔လိုတာ။ အဲ့လိုမွမဟုတ္လို႔
ဒီခံစားခ်က္ေတြကပိုနက္ရိႈင္းလာမယ္ဆိုရင္
သူမအတြက္ အက်နာတာပဲရိွမွာ။
သူကသူ႔စိတ္ကိုတင္းလိုက္ၿပီး ေျပာလိုက္ေတာ့တယ္
" ဘာလို႔လဲဆိုေတာ့ သူ႔မွာ သူႀကိဳက္တဲ့သူ
ရိွေနၿပီးသားမလို႔ပဲ"
ထ်န္ရွင္းမ်က္လံုးမ်ားက ျပဴးက်ယ္သြားေတာ့၏။
သူမက အခ်ိန္ေတာ္ေတာ္ၾကာမွေမးလိုက္တယ္။
" မျဖစ္ႏိုင္တာ။ သူ႔ကိုသိကတည္းကစလို႔
သူ႔ေဘးမွာမိန္းကေလးတစ္ေယာက္မွ
မေတြ့ဖူးဘူးေလ။ သူႀကိဳက္တဲ့သူဘယ္လိုလုပ္
ရိွႏိုင္မွာလဲ? ေနာက္ၿပီး အကိုကဘယ္လိုသိတာလဲ?"
ေခ်ာင္ဝူရွင္းက သူမအေမးကိုဘယ္လိုေျဖရမယ္မွန္း
မသိေတာ့သၫ့္အလား တိတ္ဆိတ္သြားေတာ့၏။
" ညီမအေမးကိုမေျဖႏိုင္ဘူးမလား?
အကိုလိမ္ေနတာမွန္းသိသားပဲ"
ထ်န္ရွင္းက ဝင့္ႂကြားစြာရယ္လိုက္သည္။
ေခ်ာင္ဝူရွင္းက လံုးဝကိုကူကယ္ရာမဲ့ေနသည္။
" ထ်န္ရွင္း.... တစ္ခ်ိဳ႕လူေတြမွာ
မိန္းကေလးမဟုတ္ဘဲသူတို႔ႀကိဳက္တဲ့သူေတြ
ရိွတတ္ၾကတယ္။ ဒါက ...... အာ၊ ေယာက္်ားေတြ
လဲျဖစ္ႏိုင္တာပဲ" သူက ေနာက္ဆံုးစကားကို
ေျပာမထြက္ႏိုင္ေတာ့မလိုပင္ျဖစ္ေနသည္။
ထ်န္ရွင္းက သူ႔ကိုမယံုႏိုင္စြာစိုက္ၾကၫ့္ေန၏။
" ကမ႓ာႀကီးကက်ယ္ျပန႔္လြန္းတယ္၊ ကိစၥေတြ
အမ်ားႀကီးလဲရိွတယ္။ မင္းေသေသခ်ာခ်ာ
စဉ္းစားၾကၫ့္ရင္ အကိုမလိမ္ဘူးဆိုတာသိလိမ့္မယ္"
ေခ်ာင္ဝူရွင္းက ဒါကသူမအတြက္အရမ္းႀကီးလြန္းတဲ့
ထိုးႏွက္ခ်က္တစ္ခုျဖစ္သြားမွာကို စိုးတယ္၊
ဒါေပမယ့္ သူအခုဒီကိစၥေတြကိုအဆံုးမသတ္
ထားရင္ ေနာင္က်ရင္ထိန္းခ်ဳပ္လို႔မရ
ျဖစ္သြားႏိုင္တယ္။ အစကတည္းက
ရက္စက္ထားရင္ပိုေကာင္းေသးတယ္။
ထ်န္ရွင္းက သူမရဲ့ေအာက္ႏႈတ္ခမ္းကိုခပ္ၾကမ္းၾကမ္း
ကိုက္လိုက္ေပမယ့္ ဘာမွမေျပာဘူး။
ေခ်ာင္ဝူရွင္းက သူ႔စကားေတြကိုသူမနားလည္သြား
ၿပီဆိုတာသိလိုက္ၿပီး သူသက္ျပင္းခ်ေတာ့မယ့္
အခ်ိန္မွာပဲ သူမရဲ့စကားမ်ားက သူ႔ကို
ေျပာစရာစကားေပ်ာက္ရွသြားေစေတာ့သည္။
" ညီမနားလည္တယ္၊ ဒါေပမယ့္ဒီလိုပဲလက္မေလ်ွာ့
လိုက္ခ်င္ဘူး။ ညီမအတြက္လူတစ္ေယာက္ကို
ႀကိဳက္ဖို႔ကမလြယ္သလို သူ႔ကိုလဲအခုမွ
စႀကိဳက္ကာရိွေသးတယ္။ ဒါေလးအတြက္နဲ႔
လက္ေလ်ွာ့ခဲ့လိုက္ရင္ ညီမဘယ္ေတာ့မွ
ေက်နပ္မွာမဟုတ္ဘူး" ထ်န္ရွင္းက
လက္သီးဆုပ္လိုက္ၿပီး ခိုင္မာတဲ့အၾကၫ့္နဲ႔
ေျပာလိုက္၏
" အဲ့ဒီ့လူကအခုေလာေလာဆယ္သူ႔ေဘးမွာရိွမေနဘူး၊
အခုကညီမရဲ့အခြင့္ေရးပဲ။ သူ႔ႏွလံုးသားကိုရဖို႔
ဒီအခြင့္အေရးကိုသံုးမယ္"
"...... မင္းမေအာင္ျမင္ခဲ့ရင္ေရာ?"
ေခ်ာင္ဝူရွင္းက ေမးလိုက္တယ္။
" အဲ့အခါက်ရင္ လက္ေလ်ွာ့လိုက္မယ္"
ေခ်ာင္ဝူရွင္းက ေခါင္းယမ္းလိုက္တယ္
" ငါနားလည္ၿပီ"
သူမကိုထပ္မတားေတာ့ဘူး။ ဒီဟာက
သူမကိုလံုးဝလက္ေလ်ွာ့သြားေစမယ့္
တစ္ခုတည္းေသာနည္းလမ္းပဲ။
ဒါကိုၾကားေတာ့ ယန္ေဟြ့ကယူေရွာင္းမိုရဲ့
အမူအရာကို သတိထားၿပီးၾကၫ့္လိုက္တယ္။
သူတို႔စကားေျပာၿပီးသြားၿပီဆိုတာေတြ့ေတာ့၊
ယူေရွာင္းမိုက အစကေနအဆံုးထိတံု႔ျပန္မႈႀကီးႀကီး
မားမားရိွမေနဘဲ
ျပန္လွၫ့္လိုက္ၿပီး လာရာလမ္းအတိုင္း
ျပန္သြားလိုက္တယ္။
" ဘယ္သြားမလို႔လဲ?" ယန္ေဟြ့က ကပ်ာကယာနဲ႔
သူ႔ေနာက္လိုက္လာတယ္။
" ငါ့အခန္း" ယူေရွာင္းမိုက လွၫ့္ေတာင္လွၫ့္မၾကည့္
ေခ်။
ယန္ေဟြ့ကရယ္လိုက္တယ္ (😏ဒီလိုပံုပါ)
" အခန္းထဲျပန္ၿပီး မိန္းမလွေလးတစ္ေယာက္
မေတာ္တဆလာလည္တာကိုေစာင့္မလို႔လို႔ေတာ့
မေျပာနဲ႔ေနာ္? ဘယ္ေလာက္ေတာင္ကံေကာင္း
လိုက္လဲ၊ မိန္းမလွေလးရဲ့ႏွစ္သက္တာခံရတာ
ဘယ္လိုခံစားရလဲ?"
သူ႔စကားၾကားေတာ့ ယူေရွာင္းမိုကရပ္သြားၿပီး
သူ႔ဘက္ေစာင္းၾကၫ့္လိုက္တယ္။
" ခုနေလးကတင္ေခ်ာင္ဝူရွင္းေျပာလိုက္တဲ့ဟာ
မၾကားဘူးလား? မိန္းမေတြနဲ႔စာရင္
ငါကေယာက္်ားေတြပိုႀကိဳက္တယ္"
ယူေရွာင္းမိုကႃပံုးလိုက္ၿပီး သူ႔ကို
အေပၚေအာက္ၾကၫ့္လိုက္တယ္။
ယန္ေဟြ့က သူ႔လက္ေမာင္းေပၚမွာ
ၾကက္သီးေတြထလာတာကိုခံစားလိုက္ရၿပီး
လက္ေတြကိုရူးသြပ္စြာေဝ႔ွယမ္းလိုက္ေတာ့သည္
" မဟုတ္ဘူး၊ မဟုတ္ဘူး၊ မဟုတ္ဘူး၊
ငါကအဲ့လိုမယိမ္းဘူး"
ယူေရွာင္းမိုက ေတာ္ေတာ္ေလးစိတ္အေနွာင့္အယွက္
ျဖစ္ေနတယ္။ သူကအခန္းထဲေလ်ွာက္သြားလိုက္ၿပီး
လွၫ့္ေျပာလိုက္သည္ "အိုး.. ဟုတ္သားပဲ၊
ငါတစ္လခဲြေလာက္တံခါးပိတ္ေလ့က်င့္မယ္လို႔
တစ္ျခားလူတိုင္းကိုေျပာေပးလို႔ရမလား?
သူတို႔တစ္ခုခုလိုအပ္ရင္ ငါထြက္လာမွ
ေျပာၾကမယ္လို႔၊ ဒါပါပဲ"
ယန္ေဟြ့က တစ္ခုခုထပ္ထၫ့္ေျပာစရာရိွေပမယ့္
ယူေရွာင္းမိုကတံခါးပိတ္သြားၿပီျဖစ္၏။
သူ႔ႏွာေခါင္းေတာင္တံခါးနဲ႔ရိုက္မိခါနီးပဲ၊
သူကနာသြားသလိုနဲ႔ ႏွာေခါင္းကိုပြတ္လိုက္တယ္။
ေဘးအခန္းကခ်န္ရွန္းရုန္က အသံၾကားၿပီး
ခ်က္ခ်င္းပဲေခါင္းထြက္လာသည္။
" ယန္ေဟြ့၊ ဘာျဖစ္တာလဲ?"
ယန္ေဟြ့ျပန္ေျဖေတာ့မယ့္အခ်ိန္မွာပဲ
ထ်န္ရွင္းနဲ႔ ေခ်ာင္ဝူရွင္း ျပန္ေရာက္လာသည္။
သူတို႔ေတြယူေရွာင္းမိုအခန္းေရ႔ွမွာ ရပ္ေနတာ
ျမင္ေတာ့ ထ်န္ရွင္းကအေျပးကေလးေရာက္
လာၿပီး " နင္တို႔ေတြဒီမွာဘာလုပ္ေနၾကတာလဲ?"
ယန္ေဟြ့က စကားအေၾကာင္းအရာကနီးစပ္လာ
တာျမင္ေတာ့ ႃပံုးလိုက္တယ္
" မင္းတို႔ေတြအခ်ိန္ကိုက္ေရာက္လာၾကတာပဲ။
ငါ့မွာ မင္းတို႔ကိုေၾကညာေပးစရာတစ္ခုရိွေနတာ။
အဲ့တာက ယူေရွာင္းဟာနဲ႔ပတ္သတ္တယ္"
" ဘာလဲ?" ထ်န္ရွင္းက နဲနဲေလးမွအခ်ိန္မျခားဘဲ
ေမးလိုက္သည္။
" ေရွာင္းဟာက တံခါးပိတ္ေလ့က်င့္မလို႔တဲ့၊
ေနာက္ၿပီး တစ္လေက်ာ္ၾကာေတာ့မွထြက္လာမယ္
ေျပာတယ္။ တစ္ခုခုလိုအပ္တယ္ဆိုရင္
သူထြက္လာမွေဆြးေနြးပါလို႔ေျပာခဲ့တယ္"
ထ်န္ရွင္းမ်က္ႏွာေပၚက အႃပံုးကခ်က္ခ်င္းပင္
ေပ်ာက္ကြယ္သြားေတာ့သည္။
" နင္လိမ္ေနတာမဟုတ္ပါဘူးေနာ္?
သူကဘယ္လိုလုပ္ၿပီး ရုတ္တရက္ႀကီး
တံခါးပိတ္ေလ့က်င့္သြားတာလဲ?"
" ငါကဘယ္လိုလုပ္သိမွာတုန္း?
ဟိုလူမရိွတာေၾကာင့္ သူကအခ်ိန္ကုန္ေအာင္
တံခါးပိတ္တရားထိုင္ခ်င္တာျဖစ္ႏိုင္တယ္။
ဒါမွမဟုတ္လဲသားရဲအသြင္ေျပာင္းျခင္းအခန္းကေန
ရခဲ့တာေတြကိုေလ့က်င့္ခ်င္လို႔ေနမွာေပါ့"
ယန္ေဟြ့ကပုခံုးတြန႔္လိုက္တယ္။
ထ်န္ရွင္းမ်က္ႏွာအမူအရာက
ေမွာင္မည္းလာေတာ့၏။ ေခ်ာင္ဝူရွင္းကေတာ့
ထ်န္ရွင္းလိုမဟုတ္ဘူး၊ သူကသက္ေရာက္မႈမခံရဘဲ
ေမးလိုက္တယ္ " တစ္ခုခုျဖစ္ခဲ့လို႔လား?"
ယန္ေဟြ့က သူ႔ကိုထိတ္လန႔္အံ့ဩတဲ့အၾကၫ့္
တစ္ခ်က္ေပးလိုက္ၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေျပာ
လိုက္တယ္ " တကယ္ေတာ့ငါလဲမေသခ်ာဘူး၊
ဒါေပမယ့္ သူကစာအုပ္ခန္းဆီသြားေနခဲ့ပံု
ေပၚတယ္။ အေၾကာင္းတစ္ခုခုေၾကာင့္
သူကလမ္းတစ္ဝက္မွာတင္ရုတ္တရက္
ျပန္လွၫ့္လာတယ္၊ ေနာက္ၿပီး
တံခါးပိတ္ေလ့က်င့္ေတာ့မယ္လို႔ေျပာခဲ့တာပဲ"
ထ်န္ရွင္းရဲ့အမူအရာက ေျပာင္းလဲသြားတယ္။
ေခ်ာင္ဝူရွင္းက သူဘာေျပာေနလဲဆိုတာ
ခဏခ်င္းပဲနားလည္သြားေတာ့သည္။
" အကိုဝူရွင္း... သူညီမတို႔ေျပာေနတာ
ၾကားသြားတာေတာ့မဟုတ္ေလာက္ပါဘူးေနာ္?"
ထ်န္ရွင္းက ႏႈတ္ခမ္းကိုဖိကိုက္လိုက္တယ္။
ေခ်ာင္ဝူရွင္းက သက္ျပင္းခ်လိုက္တယ္။
" စာအုပ္ခန္းကိုေရာက္ဖို႔ သူအဲ့ေနရာကို
ျဖတ္သြားဖို႔လိုတယ္။ သူၾကားၿပီးၿပီလို႔ထင္တယ္"
သူ႔အသံက ေနာင္တရေနပံုျဖစ္ေပမယ့္
သူ႔စိတ္ထဲမွာေတာ့ ဒီအလွၫ့္အေျပာင္းအတြက္
ေက်းဇူးတင္ေနတယ္။ ဒါကထင္ရွားတဲ့
ျငင္းပယ္ခ်က္ျဖစ္တယ္၊ ထ်န္ရွင္းမသိဘူးလို႔ေတာ့
သူမထင္ဘူး။
" မင္းတို႔ေတြဘာအေၾကာင္းေျပာေနၾကတာလဲ?"
ခ်န္ရွန္းရုန္က နားမလည္ဘူး။
" ဘာမွမဟုတ္ဘူး။ နင့္အခန္းပဲျပန္သြားေန"
ထ်န္ရွင္းက သူ႔ကိုမေက်မနပ္ေအာ္လိုက္ၿပီး
သူမအခန္းဆီေျခေဆာင့္ဝင္သြားကာ
တံခါးကိုဝုန္းကနဲပိတ္လိုက္၏။
ခ်န္ရွန္းရုန္က ေခါင္းယမ္းလိုက္တယ္။
ထင္ထားသလိုပဲ၊ သခင္မေလးရဲ့ဂ်ီက်တာက
ကိုင္တြယ္ဖို႔ခက္တယ္။
" ေတာင္းပန္တယ္ကြာ၊ သူမစိတ္အေျခအေန
မေကာင္းေနဘူး။ သူမကိုယ္စားေတာင္းပန္ပါတယ္"
ေခ်ာင္ဝူရွင္းက ေျပာလိုက္တယ္။
" ရပါတယ္" ခ်န္ရွန္းရုန္က ရုတ္တရက္ေတာင္းပန္
စကားရဲ့လႊမ္းမိုးမႈကိုခံလိုက္ရကာ
အလ်င္အျမန္လက္ယမ္းျပလိုက္၏။
ေခ်ာင္ဝူရွင္းက ဘာမွထပ္မေျပာေတာ့ေခ်။
သူထြက္မသြားခင္ ယူေရွာင္းမိုရဲ့တင္းတင္းၾကပ္ၾကပ္
ပိတ္ထားတဲ့တံခါးကိုတစ္ခ်က္ၾကၫ့္လိုက္တယ္။
သူကထ်န္ရွင္းကိုလဲ သြားမရွာေတာ့ေပ။
သူမကိုထပ္နားခ်စရာမလိုေတာ့ဘူး၊
အခုက သူမနဲ႔ပဲဆိုင္ေတာ့တယ္။
ခ်န္ရွန္းရုန္ကအလြန္တရာမွပင္ ရႈပ္ေထြးေန၏။
ျပဇာတ္ၾကၫ့္ေနတာနဲ႔တူေနတဲ့ ႃပံုးၿဖဲျဖဲယန္ေဟြ့ဘက္
လွၫ့္လိုက္ၿပီး ေမးလိုက္သည္
" ဘာျဖစ္ေနတာလဲမင္းသိလား?"
" ေယာက္်ားႏွစ္ေယာက္နဲ႔မိန္းမတစ္ေယာက္ရဲ့
ဇာတ္လမ္းလို႔ေျပာလို႔ရတယ္၊ ဒါေပမယ့္
သံုးပြင့္ဆိုင္အခ်စ္ေတာ့မဟုတ္ဘူး။
အိုး... ဘယ္ေလာက္ေတာင္ေပ်ာ္ဖို႔ေကာင္းလိုက္လဲ၊
ခံစားခ်က္ေတြလိုမ်ိဳးအရာေတြက တကယ္ကို
နားလည္ရအခက္ဆံုးပဲ" ယန္ေဟြ့ကႃပံုးလိုက္တယ္။
____________