Unicode
အပိုင်း၄၄၂- ယူရှောင်းမိုကဘာကိုမှလျှို့ဝှက်
မထားတော့ဘူး
လင်းရှောင်က အခန်းထဲမှာ
တစ်ခုတည်းသောထိုင်စရာနေရာ
ဖြစ်တဲ့ခုတင်ဆီလျှောက်သွားလိုက်သည်။
ယူရှောင်းမိုက စိတ်လှုပ်ရှားစွာနဲ့
ခေါက်တုံ့ခေါက်ပြန်လျှောက်နေတာကိုမြင်တော့
သူမေးလိုက်တယ်
"အချိန်နံရံထဲမှာ ဘာတွေ့ခဲ့ရလို့လဲ?"
ယူရှောင်းမိုက သူဒီစကားပြောလာမှာကို
စောင့်နေခဲ့တဲ့အလား ချက်ချင်းပဲသူ့ဆီ
ပြေးသွားတယ်
" မျှော်စင်ထဲမှာ ရုပ်ထုတွေ၊ စိတ်ဝိဉာဉ်နဲ့
စွမ်းရည်ကျင့်စဉ်တွေအများကြီးပဲတွေ့ခဲ့ရတယ်။
ဒါပေမယ့်.... အဲ့တာတွေကိုကြည့်ဖို့
အချိန်မရခဲ့ဘူး။ အိုး.. ဟုတ်သားပဲ....
ခုနစ်ထပ်မြောက်မှာ အရမ်းထူးဆန်းတဲ့ရုပ်ထုတစ်ခု
ရှိသေးတယ်။ ရုပ်ထုပေါ်မှာ ထုံထျန်းဧကရာဇ်လို့ရေး
ထားတယ်။ ဒီပုဂ္ဂိုလ်က ထုံထျန်းနန်းတော်ကလား?"
ထုံထျန်းဧကရာဇ်?
လင်းရှောင်က ဒူးတစ်ဖက်ထောင်လိုက်ပြီး
နံရံကိုမှီလိုက်တယ်
" ဒီလူအကြောင်းကို ကိုယ်အရင်ကကြားဖူးတယ်"
ယူရှောင်းမိုက ခေါင်းညိမ့်လိုက်ပြီး
သူ့ကိုဆက်ပြောဖို့အရိပ်ယောင်ပြလိုက်တယ်။
" ချောင်ဝူရှင်းအရင်ကပြောဖူးတယ်မလား?
ရှောင်ယောင်တက္ကသိုလ်ကျောင်းသားဖြစ်လာဖို့
ထုံထျန်းနန်းတော်ကိုယုံကြည်ရမယ်ဆိုတာလေ။
တကယ်က.... သူတို့အမှန်တကယ်ကိုးကွယ်နေ
ကြတဲ့တစ်ယောက်က
ထုံထျန်းကုန်းမြေရဲ့ဒဏ္ဍာရီလိုတည်ရှိမှုဖြစ်တဲ့
အခုလက်ရှိထုံထျန်းဧကရာဇ်ပဲ။
လွန်ခဲ့တဲ့နှစ်တစ်သိန်းတုန်းကတော့ သူက
နတ်ဘုရားအဆင့်အထွတ်အထိပ်နားကပ်နေတဲ့
တစ်ယောက်တည်းသောသူလို့အဆိုရှိခဲ့ပြီး
နတ်ဘုရားအဆင့်ရဲ့အတားအဆီးတွေကို
ချိုးဖျက်နိုင်ဖို့မျှော်လင့်ထားခဲ့ကြတယ်။
ဒါပေမယ့်... သူ့ရဲ့အခုအခြေအနေကိုတော့
မသိရတော့ဘူး"
" ဒါက ယုံကြည်မှုရှိတာနဲ့ဘယ်လိုဆိုင်တာလဲ?"
"ဒါပေါ့..... ဆိုင်တာပေါ့၊ ထုံထျန်းကုန်းမြေက
အဆင့်မြင့်နယ်မြေလောကတစ်ခုဖြစ်ပေမယ့်လို့
ဟိုးရှေးကတည်းကနေ အခုထိ
နတ်ဘုရားအဆင့်ကိုချိုးဖြတ်သွားခဲ့ဖူးတဲ့သူ
တစ်ယောက်ပဲရှိတယ်။ အဲ့ဒီ့ပုဂ္ဂိုလ်က
ထုံထျန်းနန်းတော်ရဲ့ပထမဆုံးသခင်ပဲ"
" တကယ်ပဲလူတစ်ယောက်ပဲရှိခဲ့တာဆိုတော့၊
ဘာလို့လဲ?"
" နတ်ဒေဝါအဆင့်နဲ့ နတ်ဘုရားအဆင့်ကို
မြစ်လေးတစ်စင်းကခွဲထားတယ်ဆိုရင်
နတ်ဘုရားအဆင့်ကနေချိုးဖြတ်နိုင်ဖို့အခက်အခဲက
ပင်လယ်ကြီးလောက်ရှိတယ်။ အာ့ဆိုရင်ရော
ခက်တယ်လို့ထင်လား၊ မထင်ဘူးလား?"
ယူရှောင်းမိုက အသက်ပြင်းပြင်းရှူလိုက်သည်။
ဒီဥပမာကချဲ့ကားလွန်းနေတယ်။
ခေတ်ပေါင်းများစွာကြာတာတောင်
တစ်ယောက်တည်းပဲရှိခဲ့ဖူးတာမဆန်းတော့ဘူး၊
ဒါပေမယ့်...... " ဒါကယုံကြည်မှုနဲ့ဘာဆိုင်လဲဆိုတာ
မပြောရသေးဘူး"
လင်းရှောင်က သူ့ကိုကြည့်လိုက်ပြီး
သက်ပြင်းချလိုက်တယ် " ပထမဆုံးထုံထျန်း
ဧကရာဇ်က နတ်ဘုရားအဆင့်ကိုချိုးဖြတ်ဖို့
ဘာကိုအားထားခဲ့လဲသိလား?"
ယူရှောင်းမိုက သူ့မျက်လုံးတွေထဲကအဓိပ္ပါယ်ကို
လျစ်လျူရှုလိုက်ပြီး စဉ်းစားကြည့်လိုက်တယ်
" သက်ဝင်ယုံကြည်မှုနဲ့ဆိုင်တာလား?"
လင်းရှောင်က ခေါင်းညိတ်လိုက်တယ်
" ကိုယ်သိတာက ပထမထုံထျန်းဧကရာဇ်က
နတ်ဘုရားအဆင့်ကနေချိုးဖြတ်ခဲ့တာက
ယုံကြည်သက်ဝင်မှုနဲ့ဆိုင်နေတယ်ဆိုတာပဲ သိတာ။
ဒါပေမယ့် သူတို့အဲ့ဒီ့ယုံကြည်မှုကို
ဘယ်လိုအသုံးချခဲ့လဲ
တော့ကိုယ်မသိဘူး။ ဒီဟာရဲ့အသုံးပြုပုံကို
ထုံထျန်ဧကရာဇ်က သူကိုယ်တိုင်သုတေသန
လုပ်ခဲ့တယ်လို့ပြောကြတယ်။
ဒါ့ကြောင့် အခုလက်ရှိထုံထျန်းဧကရာဇ်က
ပထမဧကရာဇ်ရဲ့လမ်းကြောင်းကိုဆက်လိုက်နေ
တာပဲရှိတာ။ မဟုတ်ရင်... ထုံထျန်းနန်းတော်က
ရှောင်ယောင်တက္ကသိုလ်ကိုတည်ထောင်ပေးရ
လောက်အောင်ထိကြင်နာနေမယ်လို့ထင်လား?
သူတို့ကဖင်ကြိမ်းလောက်အောင်
အားယားနေတာမှမဟုတ်တာ"
" ဒါပေမယ့်၊ ယုံကြည်မှုက နတ်ဘုရားအဆင့်
ကျင့်ကြံသူတွေကို ချိုးဖျက်နိုင်ဖို့လုပ်ပေးနိုင်တယ်
ဆိုရင် တစ်ခြားအင်အားစုတွေဆီက
လှုပ်ရှားမှုတွေ ဘာလို့မရှိနေတာလဲ?"
ယူရှောင်းမိုက ဒီယုံကြည်မှုဆိုတာကအားထားလို့
မရဘူးလို့ ခံစားရတယ်။
" ဒီယုံကြည်မှုကိုဘယ်လိုအသုံးပြုရမလဲဆိုတာကို
ထုံထျန်းဧကရာဇ်ကပဲသိတာလေ။
သူကဒါကို ကမ္ဘာကိုကြေညာပြီး
နည်းလမ်းကိုထုတ်ပြမယ်လို့ထင်လား?
နောက်ပြီး လူတိုင်းမှာကိုယ်ပိုင်ကံကြမ္မာရှိတယ်။
တစ်ခြားလူရဲ့နည်းလမ်းကိုအသုံးပြုရုံနဲ့
အောင်မြင်နိုင်မယ်လို့မဆိုလိုဘူး"
ယူရှောင်းမိုက ခေါင်းတဆတ်ဆတ်ညိမ့်လိုက်၏
" အခုတော့ကျွန်တော် နားလည်သွားပြီ။
ခင်ဗျားလဲ ဒြပ်စင်အဆီအနှစ်ငါးခုကိုစုဆောင်းတဲ့
ကိုယ်ပိုင်နည်းလမ်းကိုအသုံးပြုနေတာပဲ။
ဒါပေမယ့် ဒီနည်းလမ်းကိုမျိုးနွယ်စုအတွင်းမှာ
လက်ဆင့်ကမ်းလာတာဆိုတော့
ချီလင်မျိုးနွယ်မှာ နတ်ဘုရားအဆင့်အထက်
ကျွမ်းကျင်သူတွေဘာလို့ပေါ်မလာတာလဲ?"
လင်းရှောင်က နှာမှုတ်လိုက်တယ်
" ချီလင်မျိုးနွယ်စုက ကောင်းကင်ဘုံရဲ့
ကောင်းချီးပေးတာကိုရထားပေမယ့်
အရမ်းစွမ်းအားကြီးလွန်းတာက
မိုးမြေကိုမညီမျှမှုဖြစ်စေလိမ့်မယ်။
ဒါ့ကြောင့် သူတို့ရဲ့ကျင့်ကြံဆင့်တက်ရတာက
လူသားကျင့်ကြံသူတွေထက်ပိုခက်တယ်။
ကိုယ့်ရဲ့အမွေခံမှတ်ဉာဏ်အရတော့
အချက်အလက်တိတိကျကျတော့မရှိပေမယ့်
လူသားကျင့်ကြံသူတွေအဆင့်တက်တာထက်
အနဲဆုံးခုနစ်ဆပိုခက်တယ်"
ယူရှောင်းမိုက မေးပြုတ်ကျသွားတော့၏။
ခဏကြာပြီးတော့မှ သူကဆက်လိုက်တယ်
" ဒါဆို...... ခင်ဗျားဒြပ်စင်အဆီအနှစ်
ငါးခုလုံးစုဆောင်းပြီးရင်တောင်မှ
ကျရှုံးနိုင်ခြေရှိသေးတယ်ပေါ့?"
"ဒါပေါ့ မင်းတစ်ကြိမ်တည်းနဲ့အောင်မြင်ချင်
တယ်ဆိုရင် အကောင်းဆုံးကံကြမ္မာလိုတယ်လေ"
လင်းရှောင်ကခဏရပ်လိုက်ပြီး ဆက်၏
" ဒါပေမယ့်လည်း...... တစ်ခါကျရှုံးတိုင်းမှာ
အခက်အခဲပိုများလာမှာဆိုတော့
တစ်ကြိမ်တည်းနဲ့အောင်မြင်သွားရင်
အကောင်းဆုံးပဲ"
ယူရှောင်းမိုက တွေးကြည့်လိုက်တယ်
" ခင်ဗျားကျရှုံးခဲ့ရင် ဒြပ်စင်အဆီအနှစ်ငါးခုက
ပျောက်ကွယ်မသွားနိုင်ဘူးလား?"
လင်းရှောင်က ကျောက်ခုတင်ပေါ်
လှဲချလိုက်ပြီး ပျင်းရိစွာပြောလိုက်၏
" အဲ့လိုပေါ့။ အာ့ကြောင့်
ကိုယ်တို့လုပ်ရမယ်ဆိုမှတော့ တစ်ကြိမ်တည်းနဲ့
အောင်မြင်အောင်လုပ်ရမယ်"
ယူရှောင်းမိုက စိတ်ပူလာတော့၏။
လင်းရှောင်နတ်ဘုရားအထွတ်အထိပ်အဆင့်ကို
ရောက်ဖို့လိုသေးတယ်ဆိုပေမယ့်လည်း
ယူရှောင်းမိုက စိတ်ပူလွန်းလို့
နေရာမှာတင် ဝိုင်းပတ်ပြေးနေတော့သည်
" ကျွန်တော်တို့ ဘာလုပ်သင့်လဲ?
ကျွန်တော့်အကူအညီလိုတဲ့ဟာများမရှိဘူးလား?"
လင်းရှောင်က မျက်လုံးပင့်လိုက်တယ်
" ဆိုမှပဲ.... မင်းအကူအညီကိုသုံးလို့ရတဲ့အရာ
ရှိတယ်။ ဒါပေမယ့် မင်းရဲ့လက်ရှိစွမ်းအားနဲ့
အခုချက်ချင်းလုပ်လို့မရသေးဘူး။
အရင်ကလဲပြောဖူးတယ်လေ"
ယူရှောင်းမိုက တစ်ခဏမျှတန့်သွား၏
" အဆင့်ဆယ့်တစ်တို့ ဆယ်နှစ်တို့မှော်ဆေးလုံး
တွေနဲ့ဆိုင်တာလား?"
လင်းရှောင်က သူ့ကိုယ်ကိုထောက်လိုက်ပြီး
ယူရှောင်းမိုကိုခံစားချက်တွေပြည့်နေတဲ့
တောက်ပတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်တယ်
" မင်းသာ ခုနစ်ရောင်ခြယ်ဆေးလုံးကိုသန့်စင်
နိုင်ခဲ့ပြီး ဒြပ်စင်အဆီအနှစ်ငါးခုနဲ့ဆိုရင်
အောင်မြင်နိုင်ခြေကအများကြီးပိုလာနိုင်တယ်"
ခုနစ်ရောင်ခြယ်ဆေးလုံးက အရောင်ပါဆေးလုံးများ
ထဲတွင် အဆင့်မြင့်ဆုံးဖြစ်၏။
သူတို့ကို အဆင့်တစ်မှအဆင့်ခုနစ်ထိခွဲခြားထားကာ
မှော်ဆေးလုံးရဲ့မျက်နှာပြင်ပေါ်ရှိ မျဉ်းကြောင်းများက
သူတို့ရဲ့ထူးခြားသောအသွင်အပြင်ဖြစ်သည်။
ခုနစ်ရောင်ခြယ်ဆေးလုံး၏မျက်နှာပြင်ပေါ်တွင်
အရောင်ခုနစ်ရောင်မျဉ်းကြောင်းများရှိမှသာ
အောင်မြင်သည်ဟုသတ်မှတ်နိုင်သည်။
ယူရှောင်းမိုစိတ်ဖိစီးသွားမှာကြောက်တာကြောင့်
လင်းရှောင်က အရင်ကရှင်းရှင်းလင်းလင်း
ရှင်းမပြခဲ့ခြင်းဖြစ်သည်။
ယူရှောင်းမိုလိုသက်တန့်ရောင်ဝိဉာဉ်ရှိခဲ့တဲ့
မှော်ဆရာတစ်ယောက် ရှေးတုန်းကရှိခဲ့ဖူးတယ်လို့
ရှေးဟောင်းမှတ်တမ်းတွေထဲမှာရေးသားထားတယ်။
သို့သော် ထိုမှော်ဆရာက သူ့ဘဝတစ်လျှောက်လုံးတွင်
ခုနစ်ရောင်ခြယ်ဆေးလုံးမသန့်စင်ခဲ့ဖူးပေ။
ထိုမျှတင်မကသေး ခြောက်ရောင်ခြယ်ဆေးလုံး
တစ်လုံးကိုသန့်စင်တာအောင်မြင်နိုင်ခြေပင်
တစ် ရာခိုင်နှုန်းထက်နည်းပါးခဲ့သည်။
ဒီလိုဆိုရင် ခုနစ်ရောင်ခြယ်ဆေးလုံးသန့်စင်ဖို့
ဘယ်လောက်ခက်ခဲလဲဆိုတာမြင်နိုင်၏။
တကယ်တော့ ဤအရာမှာ
ပထမထုံထျန်းဧကရာဇ်ကအခြားလမ်းတစ်ခု
ရွေးခဲ့သည့် အဓိကအကြောင်းရင်းပင်ဖြစ်သည်။
သန့်စင်နိုင်မလား မသန့်စင်နိုင်ဘူးလားဆိုတာ
မသိရတဲ့ ခုနစ်ရောင်ခြယ်ဆေးလုံးတစ်လုံးအတွက်
အဆုံးမသိရတဲ့အချိန်ထိစောင့်နေမယ့်အစား
တစ်ခြားလမ်းတစ်လမ်းရွေးလိုက်တာပိုကောင်း
တယ်လေ။
ဒါပေမယ့်လည်း........
လင်းရှောင်မျက်လုံးထဲမှာ အလင်းတစ်ခုလက်
သွား၏။ အရင်ကတော့ မျှော်လင့်ချက်ရော
မျှော်လင့်စရာရောမရှိခဲ့ဘူးလေ၊ ဒါပေမယ့်
အခုတော့ရှိနေပြီ။ တစ်ခြားလူတွေက
မကောင်းတဲ့အတွေးတွေမထားနိုင်ဘူးလို့
ပြောမရဘူး၊ ဒါ့ကြောင့် နောင်ဖြစ်လာနိုင်တဲ့ကိစ္စ
အတွက် ကြိုပြင်ထားတာသူ့အတွက်အကောင်းဆုံးပဲ။
ယူရှောင်းမိုက ရင်ဘတ်ကိုပုတ်လိုက်ပြီး
ခိုင်ခိုင်မာမာပြောလိုက်သည်
" ဒီကိစ္စကိုကျွန်တော့်ဆီထားလိုက်၊
ခုနစ်ရောင်ခြယ်ဆေးကို သေချာပေါက်သန့်စင်
ပေးမယ်"
လင်းရှောင်က သူ့ကိုရင်ခွင်ထဲဆွဲသွင်း
လိုက်တော့တယ်။ သူ့ရဲ့ဒီလိုတစ်ခုတည်းပဲရှိတဲ့
ယုံကြည်ချက်ကို တကယ်ကြိုက်တယ်။
တစ်ခြားသူတွေသာ ဒီကိစ္စကိုကြားရမယ်ဆိုရင်
သူတို့ကဟိုဟိုသည်သည်စိတ်ပူနေပြီးတော့
ဆုံးဖြတ်ချက်လဲချနိုင်ကြမှာမဟုတ်ဘူး။
ယူရှောင်းမိုကတော့ အခက်အခဲတစ်ခုကို
တွေ့ရတိုင်း သူ့စကားတွေကရေသောက်နေရတာ
နဲ့ညီတဲ့ တစ်ယောက်တည်းသောသူပဲ။
(t/n: မိုမိုက ဒီကိစ္စကိုရေသောက်ရသလို
လွယ်ကူနေတဲ့ပုံစံနဲ့ ယုံကြည်ချက်ရှိရှိပြောတာကို
ပြောတာ)
" ဒါဆိုရင်.... မင်းကြိုးစားရမယ်နော်၊
ကိုယ့်အနာဂတ်ကမင်းလက်ထဲမှာ"
"Huh... ခင်ဗျား
တစ်ရက်တော့ဒီလိုဖြစ်လာရလိမ့်မယ်လို့
တွေးကြည့်ရရင်"
လင်းရှောင်က ရုတ်ခြည်းပဲ သူ့ခေါင်းလေးကို
ပုတ်လိုက်သည် "မင်းဘာပြောတာလဲ?"
ယူရှောင်းမိုက နေမြဲတိုင်းပဲ "ဘာမှမဟုတ်ဘူး"
" ကောင်းပြီလေ၊ ဒီအကြောင်းကလဲ
တော်တော်ရှည်နေပြီဆိုတော့
အချိန်နံရံထဲမှာဘာကြုံခဲ့ရလဲဆိုတာ
ပြောပြသင့်ပြီမလား?" စက္ကန့်အနဲငယ်လောက်ကြာ
ပြီးတဲ့နောက်မှာ လင်းရှောင်ကပြောလိုက်တယ်။
ယူရှောင်းမိုက ယူပေါ်အကြောင်းမက်ခဲ့တဲ့
အိပ်မက်ကိုတွေးမိသွားပြီး သူ့ကိုယ်ကတောင့်သွား
တော့သည်။
လင်းရှောင်က မျက်လုံးများမှေးလိုက်၏
" ကိုယ့်အသိစိတ်နဲ့ကိုယ်ရိုးရိုးသားသားပြောရင်
သက်ညှာပေးမယ်"
ယူရှောင်းမိုက စိတ်ထဲမှာတွက်ကြည့်လိုက်တယ်။
သူ့ခန္ဓာကိုယ်ရဲ့အတွင်းပိုင်းကပြောင်းသွားတယ်
ဆိုတာကို လင်းရှောင်ကိုမပြောရသေး
တာကလွဲရင် တစ်ခြားလျှို့ဝှက်ချက်မရှိတော့ဘူး။
သူဒီအကြောင်းကို အစကတည်းက
ဖုံးကွယ်ထားနေခဲ့တယ်ဆိုပေမယ့် လင်းရှောင်ကအနှေးနဲ့အမြန်တော့
သိမှာပဲလို့ သူခံစားရတယ်။
နောင်ကျရင် လင်းရှောင်ကသူ့ 'လျော်ကြေး'
တွေနှစ်ဆတိုးမှာကိုစောင့်နေမယ့်အစား
အခုပဲ ကိုယ့်ဘာသာကိုရိုးသားလိုက်ရင်
ပိုကောင်းမယ်ထင်တယ်?
" ကိုယ်ပြောမယ့်စကားကိုယ် ကောင်းကောင်း
စဉ်းစားပြီးပြီလား?"
ယူရှောင်းမိုက ခေါင်းမော့လိုက်ပြီး
သူ့နားလေးကိုတိုးသွားလိုက်ရင်း
သတိထားပြီးတိုးတိုးလေးမေးလိုက်တယ်
" ကျွန်တော်ပြောပြီးသွားရင်
စိတ်မဆိုးဘူးလို့အာမခံနိုင်လား?"
" ကောင်းပြီလေ" လင်းရှောင်က လျှပ်စီးလက်သလို
အမြန်နှုန်းနဲ့သဘောတူလိုက်တယ်။
သူကတစ်စက္ကန့်လေးတောင်မှတွေဝေမနေဘူး။
" ခင်ဗျားသဘောတူတာမြန်လွန်းနေတယ်"
လင်းရှောင်က နှစ်စက္ကန့်မျှတိတ်ဆိတ်သွား၏
".......ကောင်းပြီလေ"
ယူရှောင်းမို-"........"
ယူရှောင်းမိုက သူနဲ့ကတ်သီးကတ်ဖဲ့ပြောမနေ
တော့ဘူး။ သူအရမ်းကတ်လွန်းသွားရင်
အဆုံးကျရင်ဆုံးရှုံးရတဲ့သူက သူကိုယ်တိုင်ပဲ
ဖြစ်နေအုံးမှာ။ ကိုယ့်စိတ်ကိုတင်းလိုက်ပြီး
တဲ့နောက်တော့ သူရှင်းပြလိုက်တယ်
" တကယ်တော့၊ ဒီခန္ဓာကိုယ်ကကျွန်တော့်ဟာ
မဟုတ်ဘူး။ ကျွန်တော့်ကိုလဲ ယူရှောင်းမိုလို့ပဲ
ခေါ်တယ်၊ ဒါပေမယ့် ကျွန်တော်က
မတူညီတဲ့အချိန်နဲ့နေရာတစ်ခုက။ နောက်တော့
မတော်တဆသေသွားပြီး ကျွန်တော့်ဝိဉာဉ်က
ဒီခန္ဓာကိုယ်ထဲမှာပြန်ရှင်လာတာ"
သူပြောပြီးသွားတော့ လင်းရှောင်ကိုစိုးရိမ်တကြီး
ကြည့်လိုက်တယ်။
လင်းရှောင်က စက္ကန့်အနဲငယ်မျှတိတ်ဆိတ်နေ၏၊
" မင်းဘယ်လိုသေခဲ့ရတာလဲ?"
ယူရှောင်းမိုကလင်းရှောင်ကို ဗလာသက်သက်ကြီး
စိုက်ကြည့်နေတယ်။ သူအာရုံစိုက်တဲ့နေရာက
နဲနဲထူးဆန်းနေတယ်လေ။
"မင်းဘယ်လိုသေခဲ့ရတာလဲ?"
လင်းရှောင်ကထပ်မေး၏။
"ကျွန်တော့်အိမ်နီးချင်းကြောင့် ငြိစွန်းပြီး
ပေါက်ကွဲမှုတစ်ခုမှာအသတ်ခံခဲ့ရတာ"
"ဒါဆို မင်းသေဆုံးမှုကမမျှတဘူး"
"အဲ့လိုပဲပေါ့..."
"ဒါသာအမှန်ဆိုရင် မင်းပြောခဲ့တဲ့ပြန်ရှင်တယ်
ဆိုတာက ကိုယ်နဲ့မတွေ့ခင်ဖြစ်ခဲ့တာပဲ။
အဲ့အချိန်တုန်းက ပြန်ရှင်လာကစပဲဖြစ်မယ်၊
ဟုတ်တယ်မလား?"
"..... ခင်ဗျားဘယ်လိုသိလဲ?"
"မင်းမှာမရှိတဲ့ဉာဏ်နဲ့ ခန့်မှန်းလိုက်တာလေ"
"........."
ယူရှောင်းမိုက အသက်ပြင်းပြင်းရှူလိုက်ပြီး
သနားကရုဏာသက်စေတဲ့အသံလေးနဲ့
" ကျွန်တော်ရွှေရောင်မျှော်စင်ကို
ဝင်သွားပြီးတဲ့နောက် ကျွန်တော့်အရင်ဘဝက
အကြောင်းတွေကိုအိပ်မက်မက်ခဲ့တယ်။
ကျွန်တော့်မှာအရင်ဘဝအကြောင်း
ပူပင်မှုတွေမရှိဘူးလို့ထင်ခဲ့တာ။
ဒါပေမယ့်လည်း ကျွန်တော်လက်မလွှတ်နိုင်သေးတဲ့
လူတစ်ချို့ရှိသေးတယ်ဆိုတာ အခုမှပဲ
သိခဲ့တယ်၊ အထူးသဖြင့်ကျွန်တော့်အဘိုးပဲ။
သူကျွန်တော်သေသွားတဲ့အကြောင်း
သိသွားရင် သေချာပေါက်ကိုဝမ်းနည်းနေတော့မှာ"
" မင်းရဲ့မွေးရပ်မြေက ဘယ်လိုနေရာမျိုးလဲ?"
" ကမ္ဘာမြေလို့ခေါ်တဲ့ လှပတဲ့နေရာတစ်ခုပဲ။
ဒါပေမယ့် ကမ္ဘာပေါ်ကလူအားလုံးက
ကျင့်ကြံသူတွေ၊ မှော်ဆရာတွေအကြောင်း
တစ်ခါမှမကြားဖူးတဲ့သာမာန်လူတွေပဲ"
လင်းရှောင်က ယူရှောင်းမိုပုခုံးပေါ်မှာ မေးတင်လိုက်
တယ် " မင်းရဲ့မွေးရပ်မြေကအဆင့်နိမ့်နယ်မြေ
လောကတစ်ခုဖြစ်နိုင်တယ်။ အဆင့်နိမ့်နယ်မြေက
လူတွေကပဲ ကျင့်ကြံလို့မရနိုင်တာလေ။
ဒါပေမယ့် တော်တော်လေးကောင်းတဲ့
အဆင့်နိမ့်နယ်မြေလောကတွေလဲရှိတာကြောင့်
ဒါကလုံးဝမှန်တာတော့မဟုတ်ဘူး"
(t/n: ကျင့်ကြံလို့ရတဲ့အဆင့်နိမ့်နယ်မြေတွေလဲ
ရှိတယ်လို့ဆိုလိုတာပါ)
ယူရှောင်းမိုက စိတ်လှုပ်ရှားလာ၏။
သူကလှည့်လိုက်ပြီး လင်းရှောင်ရင်ဘတ်ပေါ်က
အဝတ်တွေကိုဆုပ်ကိုင်လိုက်တယ်
" တကယ်လား? နောင်ကျရင် ကျွန်တော့်မှာ
ကမ္ဘာမြေဆီပြန်ဖို့အခွင့်အရေးရှိလာနိုင်တယ်လို့
ပြောတာလား?"
" ဖြစ်ကောင်းဖြစ်နိုင်တယ်"
လင်းရှောင်က သူ့အဝတ်တွေကိုထပ်ကိုင်ထားပြန်တဲ့
လက်ကိုကြည့်လိုက်တယ်။
" ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတာ
ဘာကိုဆိုလိုတာလဲ?"
လင်းရှောင်က မျက်နှာကျက်ကိုကြည့်လိုက်သည်
" အဆင့်နိမ့်လောကတွေက အလယ်လတ်ဆင့်
လောကတွေနဲ့မတူဘူး။ နေရာလပ်က
ကျိုးပဲ့လွယ်ပြီးမတည်ငြိမ်ဘူး၊ အာ့ကြောင့်
လေဟာနယ်လိုဏ်ခေါင်းတစ်ခုတည်ဆောက်ဖို့
အန္တရာယ်ကအရမ်းများတယ်။
ကိုယ်နတ်ဘုရားအဆင့်၊ ဒါမှမဟုတ်အဲ့ထက်မြင့်တဲ့
အဆင့်ကိုရောက်အောင်စောင့်ရမယ်"
ယူရှောင်းမိုအကြည့်က သူ့အပေါ်မှာတည်တည်တံ့တံ့
ရှိနေသည် " ခင်ဗျားကြိုးစားရမယ်နော်"
" ကောင်းပြီ......."
နေ့လည်ပိုင်းမှာ ပြိုင်ပွဲပြီးသွားတဲ့လူတိုင်းက
တစ်ယောက်ပြီးတစ်ယောက်ပြန်လာကြတယ်။
သူတို့တွေတစ်ညပဲထပ်သည်းခံပြီးသွားရင်
ဒီလိုပထမထပ်လိုနေရာမျိုးမှာ ထပ်နေစရာ
မလိုတော့ဘူး။
ယူရှောင်းမိုက အခန်းအလဲချင်ဆုံးသော
လူများထဲမှတစ်ယောက်ဖြစ်၏။ မဟုတ်ရင်
ညတိုင်းအိပ်တဲ့အခါကျရင် ခုတင်သေးသေး
လေးပေါ်မှာ လင်းရှောင်နဲ့ကြပ်ညှပ်အိပ်ရပြီး
နောက်နေ့ဆိုရင် သူ့ခါးတွေရောနောက်ကျောတွေရော
ကိုက်ခဲနေရောပဲ။ သူထပ်မခံနိုင်တော့ဘူး။
နောက်ပြီး သူတို့နှစ်ယောက်အကုန်လုံးထုတ်ပြော
ပြီးကတည်းက လင်းရှောင်ကအချစ်တွေနဲ့
ပြည့်နေတယ်။
__________
Zawgyi
အပိုင္း၄၄၂- ယူေရွာင္းမိုကဘာကိုမွလ်ိႈ႔ဝွက္
မထားေတာ့ဘူး
လင္းေရွာင္က အခန္းထဲမွာ
တစ္ခုတည္းေသာထိုင္စရာေနရာ
ျဖစ္တဲ့ခုတင္ဆီေလ်ွာက္သြားလိုက္သည္။
ယူေရွာင္းမိုက စိတ္လႈပ္ရွားစြာနဲ႔
ေခါက္တံု႔ေခါက္ျပန္ေလ်ွာက္ေနတာကိုျမင္ေတာ့
သူေမးလိုက္တယ္
"အခ်ိန္နံရံထဲမွာ ဘာေတြ့ခဲ့ရလို႔လဲ?"
ယူေရွာင္းမိုက သူဒီစကားေျပာလာမွာကို
ေစာင့္ေနခဲ့တဲ့အလား ခ်က္ခ်င္းပဲသူ႔ဆီ
ေျပးသြားတယ္
" ေမ်ွာ္စင္ထဲမွာ ရုပ္ထုေတြ၊ စိတ္ဝိဉာဉ္နဲ႔
စြမ္းရည္က်င့္စဉ္ေတြအမ်ားႀကီးပဲေတြ့ခဲ့ရတယ္။
ဒါေပမယ့္.... အဲ့တာေတြကိုၾကၫ့္ဖို႔
အခ်ိန္မရခဲ့ဘူး။ အိုး.. ဟုတ္သားပဲ....
ခုနစ္ထပ္ေျမာက္မွာ အရမ္းထူးဆန္းတဲ့ရုပ္ထုတစ္ခု
ရိွေသးတယ္။ ရုပ္ထုေပၚမွာ ထံုထ်န္းဧကရာဇ္လို႔ေရး
ထားတယ္။ ဒီပုဂၢိုလ္က ထံုထ်န္းနန္းေတာ္ကလား?"
ထံုထ်န္းဧကရာဇ္?
လင္းေရွာင္က ဒူးတစ္ဖက္ေထာင္လိုက္ၿပီး
နံရံကိုမွီလိုက္တယ္
" ဒီလူအေၾကာင္းကို ကိုယ္အရင္ကၾကားဖူးတယ္"
ယူေရွာင္းမိုက ေခါင္းညိမ့္လိုက္ၿပီး
သူ႔ကိုဆက္ေျပာဖို႔အရိပ္ေယာင္ျပလိုက္တယ္။
" ေခ်ာင္ဝူရွင္းအရင္ကေျပာဖူးတယ္မလား?
ေရွာင္ေယာင္တကၠသိုလ္ေက်ာင္းသားျဖစ္လာဖို႔
ထံုထ်န္းနန္းေတာ္ကိုယံုၾကည္ရမယ္ဆိုတာေလ။
တကယ္က.... သူတို႔အမွန္တကယ္ကိုးကြယ္ေန
ၾကတဲ့တစ္ေယာက္က
ထံုထ်န္းကုန္းေျမရဲ့ဒ႑ာရီလိုတည္ရိွမႈျဖစ္တဲ့
အခုလက္ရိွထံုထ်န္းဧကရာဇ္ပဲ။
လြန္ခဲ့တဲ့ႏွစ္တစ္သိန္းတုန္းကေတာ့ သူက
နတ္ဘုရားအဆင့္အထြတ္အထိပ္နားကပ္ေနတဲ့
တစ္ေယာက္တည္းေသာသူလို႔အဆိုရိွခဲ့ၿပီး
နတ္ဘုရားအဆင့္ရဲ့အတားအဆီးေတြကို
ခ်ိဳးဖ်က္ႏိုင္ဖို႔ေမ်ွာ္လင့္ထားခဲ့ၾကတယ္။
ဒါေပမယ့္... သူ႔ရဲ့အခုအေျခအေနကိုေတာ့
မသိရေတာ့ဘူး"
" ဒါက ယံုၾကည္မႈရိွတာနဲ႔ဘယ္လိုဆိုင္တာလဲ?"
"ဒါေပါ့..... ဆိုင္တာေပါ့၊ ထံုထ်န္းကုန္းေျမက
အဆင့္ျမင့္နယ္ေျမေလာကတစ္ခုျဖစ္ေပမယ့္လို႔
ဟိုးေရွးကတည္းကေန အခုထိ
နတ္ဘုရားအဆင့္ကိုခ်ိဳးျဖတ္သြားခဲ့ဖူးတဲ့သူ
တစ္ေယာက္ပဲရိွတယ္။ အဲ့ဒီ့ပုဂၢိုလ္က
ထံုထ်န္းနန္းေတာ္ရဲ့ပထမဆံုးသခင္ပဲ"
" တကယ္ပဲလူတစ္ေယာက္ပဲရိွခဲ့တာဆိုေတာ့၊
ဘာလို႔လဲ?"
" နတ္ေဒဝါအဆင့္နဲ႔ နတ္ဘုရားအဆင့္ကို
ျမစ္ေလးတစ္စင္းကခဲြထားတယ္ဆိုရင္
နတ္ဘုရားအဆင့္ကေနခ်ိဳးျဖတ္ႏိုင္ဖို႔အခက္အခဲက
ပင္လယ္ႀကီးေလာက္ရိွတယ္။ အာ့ဆိုရင္ေရာ
ခက္တယ္လို႔ထင္လား၊ မထင္ဘူးလား?"
ယူေရွာင္းမိုက အသက္ျပင္းျပင္းရႉလိုက္သည္။
ဒီဥပမာကခ်ဲ႔ကားလြန္းေနတယ္။
ေခတ္ေပါင္းမ်ားစြာၾကာတာေတာင္
တစ္ေယာက္တည္းပဲရိွခဲ့ဖူးတာမဆန္းေတာ့ဘူး၊
ဒါေပမယ့္...... " ဒါကယံုၾကည္မႈနဲ႔ဘာဆိုင္လဲဆိုတာ
မေျပာရေသးဘူး"
လင္းေရွာင္က သူ႔ကိုၾကၫ့္လိုက္ၿပီး
သက္ျပင္းခ်လိုက္တယ္ " ပထမဆံုးထံုထ်န္း
ဧကရာဇ္က နတ္ဘုရားအဆင့္ကိုခ်ိဳးျဖတ္ဖို႔
ဘာကိုအားထားခဲ့လဲသိလား?"
ယူေရွာင္းမိုက သူ႔မ်က္လံုးေတြထဲကအဓိပၸါယ္ကို
လ်စ္လ်ူရႈလိုက္ၿပီး စဉ္းစားၾကၫ့္လိုက္တယ္
" သက္ဝင္ယံုၾကည္မႈနဲ႔ဆိုင္တာလား?"
လင္းေရွာင္က ေခါင္းညိတ္လိုက္တယ္
" ကိုယ္သိတာက ပထမထံုထ်န္းဧကရာဇ္က
နတ္ဘုရားအဆင့္ကေနခ်ိဳးျဖတ္ခဲ့တာက
ယံုၾကည္သက္ဝင္မႈနဲ႔ဆိုင္ေနတယ္ဆိုတာပဲ သိတာ။
ဒါေပမယ့္ သူတို႔အဲ့ဒီ့ယံုၾကည္မႈကို
ဘယ္လိုအသံုးခ်ခဲ့လဲ
ေတာ့ကိုယ္မသိဘူး။ ဒီဟာရဲ့အသံုးျပဳပံုကို
ထံုထ်န္ဧကရာဇ္က သူကိုယ္တိုင္သုေတသန
လုပ္ခဲ့တယ္လို႔ေျပာၾကတယ္။
ဒါ့ေၾကာင့္ အခုလက္ရိွထံုထ်န္းဧကရာဇ္က
ပထမဧကရာဇ္ရဲ့လမ္းေၾကာင္းကိုဆက္လိုက္ေန
တာပဲရိွတာ။ မဟုတ္ရင္... ထံုထ်န္းနန္းေတာ္က
ေရွာင္ေယာင္တကၠသိုလ္ကိုတည္ေထာင္ေပးရ
ေလာက္ေအာင္ထိၾကင္နာေနမယ္လို႔ထင္လား?
သူတို႔ကဖင္ႀကိမ္းေလာက္ေအာင္
အားယားေနတာမွမဟုတ္တာ"
" ဒါေပမယ့္၊ ယံုၾကည္မႈက နတ္ဘုရားအဆင့္
က်င့္ႀကံသူေတြကို ခ်ိဳးဖ်က္ႏိုင္ဖို႔လုပ္ေပးႏိုင္တယ္
ဆိုရင္ တစ္ျခားအင္အားစုေတြဆီက
လႈပ္ရွားမႈေတြ ဘာလို႔မရိွေနတာလဲ?"
ယူေရွာင္းမိုက ဒီယံုၾကည္မႈဆိုတာကအားထားလို႔
မရဘူးလို႔ ခံစားရတယ္။
" ဒီယံုၾကည္မႈကိုဘယ္လိုအသံုးျပဳရမလဲဆိုတာကို
ထံုထ်န္းဧကရာဇ္ကပဲသိတာေလ။
သူကဒါကို ကမ႓ာကိုေၾကညာၿပီး
နည္းလမ္းကိုထုတ္ျပမယ္လို႔ထင္လား?
ေနာက္ၿပီး လူတိုင္းမွာကိုယ္ပိုင္ကံၾကမၼာရိွတယ္။
တစ္ျခားလူရဲ့နည္းလမ္းကိုအသံုးျပဳရံုနဲ႔
ေအာင္ျမင္ႏိုင္မယ္လို႔မဆိုလိုဘူး"
ယူေရွာင္းမိုက ေခါင္းတဆတ္ဆတ္ညိမ့္လိုက္၏
" အခုေတာ့ကၽြန္ေတာ္ နားလည္သြားၿပီ။
ခင္ဗ်ားလဲ ျဒပ္စင္အဆီအႏွစ္ငါးခုကိုစုေဆာင္းတဲ့
ကိုယ္ပိုင္နည္းလမ္းကိုအသံုးျပဳေနတာပဲ။
ဒါေပမယ့္ ဒီနည္းလမ္းကိုမ်ိဳးႏြယ္စုအတြင္းမွာ
လက္ဆင့္ကမ္းလာတာဆိုေတာ့
ခ်ီလင္မ်ိဳးႏြယ္မွာ နတ္ဘုရားအဆင့္အထက္
ကၽြမ္းက်င္သူေတြဘာလို႔ေပၚမလာတာလဲ?"
လင္းေရွာင္က ႏွာမႈတ္လိုက္တယ္
" ခ်ီလင္မ်ိဳးႏြယ္စုက ေကာင္းကင္ဘံုရဲ့
ေကာင္းခ်ီးေပးတာကိုရထားေပမယ့္
အရမ္းစြမ္းအားႀကီးလြန္းတာက
မိုးေျမကိုမညီမ်ွမႈျဖစ္ေစလိမ့္မယ္။
ဒါ့ေၾကာင့္ သူတို႔ရဲ့က်င့္ႀကံဆင့္တက္ရတာက
လူသားက်င့္ႀကံသူေတြထက္ပိုခက္တယ္။
ကိုယ့္ရဲ့အေမြခံမွတ္ဉာဏ္အရေတာ့
အခ်က္အလက္တိတိက်က်ေတာ့မရိွေပမယ့္
လူသားက်င့္ႀကံသူေတြအဆင့္တက္တာထက္
အနဲဆံုးခုနစ္ဆပိုခက္တယ္"
ယူေရွာင္းမိုက ေမးျပဳတ္က်သြားေတာ့၏။
ခဏၾကာၿပီးေတာ့မွ သူကဆက္လိုက္တယ္
" ဒါဆို...... ခင္ဗ်ားျဒပ္စင္အဆီအႏွစ္
ငါးခုလံုးစုေဆာင္းၿပီးရင္ေတာင္မွ
က်ရႈံးႏိုင္ေျခရိွေသးတယ္ေပါ့?"
"ဒါေပါ့ မင္းတစ္ႀကိမ္တည္းနဲ႔ေအာင္ျမင္ခ်င္
တယ္ဆိုရင္ အေကာင္းဆံုးကံၾကမၼာလိုတယ္ေလ"
လင္းေရွာင္ကခဏရပ္လိုက္ၿပီး ဆက္၏
" ဒါေပမယ့္လည္း...... တစ္ခါက်ရႈံးတိုင္းမွာ
အခက္အခဲပိုမ်ားလာမွာဆိုေတာ့
တစ္ႀကိမ္တည္းနဲ႔ေအာင္ျမင္သြားရင္
အေကာင္းဆံုးပဲ"
ယူေရွာင္းမိုက ေတြးၾကၫ့္လိုက္တယ္
" ခင္ဗ်ားက်ရႈံးခဲ့ရင္ ျဒပ္စင္အဆီအႏွစ္ငါးခုက
ေပ်ာက္ကြယ္မသြားႏိုင္ဘူးလား?"
လင္းေရွာင္က ေက်ာက္ခုတင္ေပၚ
လွဲခ်လိုက္ၿပီး ပ်င္းရိစြာေျပာလိုက္၏
" အဲ့လိုေပါ့။ အာ့ေၾကာင့္
ကိုယ္တို႔လုပ္ရမယ္ဆိုမွေတာ့ တစ္ႀကိမ္တည္းနဲ႔
ေအာင္ျမင္ေအာင္လုပ္ရမယ္"
ယူေရွာင္းမိုက စိတ္ပူလာေတာ့၏။
လင္းေရွာင္နတ္ဘုရားအထြတ္အထိပ္အဆင့္ကို
ေရာက္ဖို႔လိုေသးတယ္ဆိုေပမယ့္လည္း
ယူေရွာင္းမိုက စိတ္ပူလြန္းလို႔
ေနရာမွာတင္ ဝိုင္းပတ္ေျပးေနေတာ့သည္
" ကၽြန္ေတာ္တို႔ ဘာလုပ္သင့္လဲ?
ကၽြန္ေတာ့္အကူအညီလိုတဲ့ဟာမ်ားမရိွဘူးလား?"
လင္းေရွာင္က မ်က္လံုးပင့္လိုက္တယ္
" ဆိုမွပဲ.... မင္းအကူအညီကိုသံုးလို႔ရတဲ့အရာ
ရိွတယ္။ ဒါေပမယ့္ မင္းရဲ့လက္ရိွစြမ္းအားနဲ႔
အခုခ်က္ခ်င္းလုပ္လို႔မရေသးဘူး။
အရင္ကလဲေျပာဖူးတယ္ေလ"
ယူေရွာင္းမိုက တစ္ခဏမ်ွတန႔္သြား၏
" အဆင့္ဆယ့္တစ္တို႔ ဆယ္ႏွစ္တို႔ေမွာ္ေဆးလံုး
ေတြနဲ႔ဆိုင္တာလား?"
လင္းေရွာင္က သူ႔ကိုယ္ကိုေထာက္လိုက္ၿပီး
ယူေရွာင္းမိုကိုခံစားခ်က္ေတျြပၫ့္ေနတဲ့
ေတာက္ပတဲ့မ်က္လံုးေတြနဲ႔ၾကၫ့္လိုက္တယ္
" မင္းသာ ခုနစ္ေရာင္ျခယ္ေဆးလံုးကိုသန႔္စင္
ႏိုင္ခဲ့ၿပီး ျဒပ္စင္အဆီအႏွစ္ငါးခုနဲ႔ဆိုရင္
ေအာင္ျမင္ႏိုင္ေျခကအမ်ားႀကီးပိုလာႏိုင္တယ္"
ခုနစ္ေရာင္ျခယ္ေဆးလံုးက အေရာင္ပါေဆးလံုးမ်ား
ထဲတြင္ အဆင့္ျမင့္ဆံုးျဖစ္၏။
သူတို႔ကို အဆင့္တစ္မွအဆင့္ခုနစ္ထိခဲြျခားထားကာ
ေမွာ္ေဆးလံုးရဲ့မ်က္ႏွာျပင္ေပၚရိွ မ်ဉ္းေၾကာင္းမ်ားက
သူတို႔ရဲ့ထူးျခားေသာအသြင္အျပင္ျဖစ္သည္။
ခုနစ္ေရာင္ျခယ္ေဆးလံုး၏မ်က္ႏွာျပင္ေပၚတြင္
အေရာင္ခုနစ္ေရာင္မ်ဉ္းေၾကာင္းမ်ားရိွမွသာ
ေအာင္ျမင္သည္ဟုသတ္မွတ္ႏိုင္သည္။
ယူေရွာင္းမိုစိတ္ဖိစီးသြားမွာေၾကာက္တာေၾကာင့္
လင္းေရွာင္က အရင္ကရွင္းရွင္းလင္းလင္း
ရွင္းမျပခဲ့ျခင္းျဖစ္သည္။
ယူေရွာင္းမိုလိုသက္တန႔္ေရာင္ဝိဉာဉ္ရိွခဲ့တဲ့
ေမွာ္ဆရာတစ္ေယာက္ ေရွးတုန္းကရိွခဲ့ဖူးတယ္လို႔
ေရွးေဟာင္းမွတ္တမ္းေတြထဲမွာေရးသားထားတယ္။
သို႔ေသာ္ ထိုေမွာ္ဆရာက သူ႔ဘဝတစ္ေလ်ွာက္လံုးတြင္
ခုနစ္ေရာင္ျခယ္ေဆးလံုးမသန႔္စင္ခဲ့ဖူးေပ။
ထိုမ်ွတင္မကေသး ေျခာက္ေရာင္ျခယ္ေဆးလံုး
တစ္လံုးကိုသန႔္စင္တာေအာင္ျမင္ႏိုင္ေျခပင္
တစ္ ရာခိုင္ႏႈန္းထက္နည္းပါးခဲ့သည္။
ဒီလိုဆိုရင္ ခုနစ္ေရာင္ျခယ္ေဆးလံုးသန႔္စင္ဖို႔
ဘယ္ေလာက္ခက္ခဲလဲဆိုတာျမင္ႏိုင္၏။
တကယ္ေတာ့ ဤအရာမွာ
ပထမထံုထ်န္းဧကရာဇ္ကအျခားလမ္းတစ္ခု
ေရြးခဲ့သၫ့္ အဓိကအေၾကာင္းရင္းပင္ျဖစ္သည္။
သန႔္စင္ႏိုင္မလား မသန႔္စင္ႏိုင္ဘူးလားဆိုတာ
မသိရတဲ့ ခုနစ္ေရာင္ျခယ္ေဆးလံုးတစ္လံုးအတြက္
အဆံုးမသိရတဲ့အခ်ိန္ထိေစာင့္ေနမယ့္အစား
တစ္ျခားလမ္းတစ္လမ္းေရြးလိုက္တာပိုေကာင္း
တယ္ေလ။
ဒါေပမယ့္လည္း........
လင္းေရွာင္မ်က္လံုးထဲမွာ အလင္းတစ္ခုလက္
သြား၏။ အရင္ကေတာ့ ေမ်ွာ္လင့္ခ်က္ေရာ
ေမ်ွာ္လင့္စရာေရာမရိွခဲ့ဘူးေလ၊ ဒါေပမယ့္
အခုေတာ့ရိွေနၿပီ။ တစ္ျခားလူေတြက
မေကာင္းတဲ့အေတြးေတြမထားႏိုင္ဘူးလို႔
ေျပာမရဘူး၊ ဒါ့ေၾကာင့္ ေနာင္ျဖစ္လာႏိုင္တဲ့ကိစၥ
အတြက္ ႀကိဳျပင္ထားတာသူ႔အတြက္အေကာင္းဆံုးပဲ။
ယူေရွာင္းမိုက ရင္ဘတ္ကိုပုတ္လိုက္ၿပီး
ခိုင္ခိုင္မာမာေျပာလိုက္သည္
" ဒီကိစၥကိုကၽြန္ေတာ့္ဆီထားလိုက္၊
ခုနစ္ေရာင္ျခယ္ေဆးကို ေသခ်ာေပါက္သန႔္စင္
ေပးမယ္"
လင္းေရွာင္က သူ႔ကိုရင္ခြင္ထဲဆဲြသြင္း
လိုက္ေတာ့တယ္။ သူ႔ရဲ့ဒီလိုတစ္ခုတည္းပဲရိွတဲ့
ယံုၾကည္ခ်က္ကို တကယ္ႀကိဳက္တယ္။
တစ္ျခားသူေတြသာ ဒီကိစၥကိုၾကားရမယ္ဆိုရင္
သူတို႔ကဟိုဟိုသည္သည္စိတ္ပူေနၿပီးေတာ့
ဆံုးျဖတ္ခ်က္လဲခ်ႏိုင္ၾကမွာမဟုတ္ဘူး။
ယူေရွာင္းမိုကေတာ့ အခက္အခဲတစ္ခုကို
ေတြ့ရတိုင္း သူ႔စကားေတြကေရေသာက္ေနရတာ
နဲ႔ညီတဲ့ တစ္ေယာက္တည္းေသာသူပဲ။
(t/n: မိုမိုက ဒီကိစၥကိုေရေသာက္ရသလို
လြယ္ကူေနတဲ့ပံုစံနဲ႔ ယံုၾကည္ခ်က္ရိွရိွေျပာတာကို
ေျပာတာ)
" ဒါဆိုရင္.... မင္းႀကိဳးစားရမယ္ေနာ္၊
ကိုယ့္အနာဂတ္ကမင္းလက္ထဲမွာ"
"Huh... ခင္ဗ်ား
တစ္ရက္ေတာ့ဒီလိုျဖစ္လာရလိမ့္မယ္လို႔
ေတြးၾကၫ့္ရရင္"
လင္းေရွာင္က ရုတ္ျခည္းပဲ သူ႔ေခါင္းေလးကို
ပုတ္လိုက္သည္ "မင္းဘာေျပာတာလဲ?"
ယူေရွာင္းမိုက ေနၿမဲတိုင္းပဲ "ဘာမွမဟုတ္ဘူး"
" ေကာင္းၿပီေလ၊ ဒီအေၾကာင္းကလဲ
ေတာ္ေတာ္ရွည္ေနၿပီဆိုေတာ့
အခ်ိန္နံရံထဲမွာဘာႄကံုခဲ့ရလဲဆိုတာ
ေျပာျပသင့္ၿပီမလား?" စကၠန႔္အနဲငယ္ေလာက္ၾကာ
ၿပီးတဲ့ေနာက္မွာ လင္းေရွာင္ကေျပာလိုက္တယ္။
ယူေရွာင္းမိုက ယူေပၚအေၾကာင္းမက္ခဲ့တဲ့
အိပ္မက္ကိုေတြးမိသြားၿပီး သူ႔ကိုယ္ကေတာင့္သြား
ေတာ့သည္။
လင္းေရွာင္က မ်က္လံုးမ်ားေမွးလိုက္၏
" ကိုယ့္အသိစိတ္နဲ႔ကိုယ္ရိုးရိုးသားသားေျပာရင္
သက္ၫွာေပးမယ္"
ယူေရွာင္းမိုက စိတ္ထဲမွာတြက္ၾကၫ့္လိုက္တယ္။
သူ႔ခႏၶာကိုယ္ရဲ့အတြင္းပိုင္းကေျပာင္းသြားတယ္
ဆိုတာကို လင္းေရွာင္ကိုမေျပာရေသး
တာကလဲြရင္ တစ္ျခားလ်ိႈ႔ဝွက္ခ်က္မရိွေတာ့ဘူး။
သူဒီအေၾကာင္းကို အစကတည္းက
ဖံုးကြယ္ထားေနခဲ့တယ္ဆိုေပမယ့္ လင္းေရွာင္ကအေနွးနဲ႔အျမန္ေတာ့
သိမွာပဲလို႔ သူခံစားရတယ္။
ေနာင္က်ရင္ လင္းေရွာင္ကသူ႔ 'ေလ်ာ္ေၾကး'
ေတြႏွစ္ဆတိုးမွာကိုေစာင့္ေနမယ့္အစား
အခုပဲ ကိုယ့္ဘာသာကိုရိုးသားလိုက္ရင္
ပိုေကာင္းမယ္ထင္တယ္?
" ကိုယ္ေျပာမယ့္စကားကိုယ္ ေကာင္းေကာင္း
စဉ္းစားၿပီးၿပီလား?"
ယူေရွာင္းမိုက ေခါင္းေမာ့လိုက္ၿပီး
သူ႔နားေလးကိုတိုးသြားလိုက္ရင္း
သတိထားၿပီးတိုးတိုးေလးေမးလိုက္တယ္
" ကၽြန္ေတာ္ေျပာၿပီးသြားရင္
စိတ္မဆိုးဘူးလို႔အာမခံႏိုင္လား?"
" ေကာင္းၿပီေလ" လင္းေရွာင္က လ်ွပ္စီးလက္သလို
အျမန္ႏႈန္းနဲ႔သေဘာတူလိုက္တယ္။
သူကတစ္စကၠန႔္ေလးေတာင္မွေတြေဝမေနဘူး။
" ခင္ဗ်ားသေဘာတူတာျမန္လြန္းေနတယ္"
လင္းေရွာင္က ႏွစ္စကၠန႔္မ်ွတိတ္ဆိတ္သြား၏
".......ေကာင္းၿပီေလ"
ယူေရွာင္းမို-"........"
ယူေရွာင္းမိုက သူနဲ႔ကတ္သီးကတ္ဖဲ့ေျပာမေန
ေတာ့ဘူး။ သူအရမ္းကတ္လြန္းသြားရင္
အဆံုးက်ရင္ဆံုးရႈံးရတဲ့သူက သူကိုယ္တိုင္ပဲ
ျဖစ္ေနအံုးမွာ။ ကိုယ့္စိတ္ကိုတင္းလိုက္ၿပီး
တဲ့ေနာက္ေတာ့ သူရွင္းျပလိုက္တယ္
" တကယ္ေတာ့၊ ဒီခႏၶာကိုယ္ကကၽြန္ေတာ့္ဟာ
မဟုတ္ဘူး။ ကၽြန္ေတာ့္ကိုလဲ ယူေရွာင္းမိုလို႔ပဲ
ေခၚတယ္၊ ဒါေပမယ့္ ကၽြန္ေတာ္က
မတူညီတဲ့အခ်ိန္နဲ႔ေနရာတစ္ခုက။ ေနာက္ေတာ့
မေတာ္တဆေသသြားၿပီး ကၽြန္ေတာ့္ဝိဉာဉ္က
ဒီခႏၶာကိုယ္ထဲမွာျပန္ရွင္လာတာ"
သူေျပာၿပီးသြားေတာ့ လင္းေရွာင္ကိုစိုးရိမ္တႀကီး
ၾကၫ့္လိုက္တယ္။
လင္းေရွာင္က စကၠန႔္အနဲငယ္မ်ွတိတ္ဆိတ္ေန၏၊
" မင္းဘယ္လိုေသခဲ့ရတာလဲ?"
ယူေရွာင္းမိုကလင္းေရွာင္ကို ဗလာသက္သက္ႀကီး
စိုက္ၾကၫ့္ေနတယ္။ သူအာရံုစိုက္တဲ့ေနရာက
နဲနဲထူးဆန္းေနတယ္ေလ။
"မင္းဘယ္လိုေသခဲ့ရတာလဲ?"
လင္းေရွာင္ကထပ္ေမး၏။
"ကၽြန္ေတာ့္အိမ္နီးခ်င္းေၾကာင့္ ၿငိစြန္းၿပီး
ေပါက္ကဲြမႈတစ္ခုမွာအသတ္ခံခဲ့ရတာ"
"ဒါဆို မင္းေသဆံုးမႈကမမ်ွတဘူး"
"အဲ့လိုပဲေပါ့..."
"ဒါသာအမွန္ဆိုရင္ မင္းေျပာခဲ့တဲ့ျပန္ရွင္တယ္
ဆိုတာက ကိုယ္နဲ႔မေတြ့ခင္ျဖစ္ခဲ့တာပဲ။
အဲ့အခ်ိန္တုန္းက ျပန္ရွင္လာကစပဲျဖစ္မယ္၊
ဟုတ္တယ္မလား?"
"..... ခင္ဗ်ားဘယ္လိုသိလဲ?"
"မင္းမွာမရိွတဲ့ဉာဏ္နဲ႔ ခန႔္မွန္းလိုက္တာေလ"
"........."
ယူေရွာင္းမိုက အသက္ျပင္းျပင္းရႉလိုက္ၿပီး
သနားကရုဏာသက္ေစတဲ့အသံေလးနဲ႔
" ကၽြန္ေတာ္ေရႊေရာင္ေမ်ွာ္စင္ကို
ဝင္သြားၿပီးတဲ့ေနာက္ ကၽြန္ေတာ့္အရင္ဘဝက
အေၾကာင္းေတြကိုအိပ္မက္မက္ခဲ့တယ္။
ကၽြန္ေတာ့္မွာအရင္ဘဝအေၾကာင္း
ပူပင္မႈေတြမရိွဘူးလို႔ထင္ခဲ့တာ။
ဒါေပမယ့္လည္း ကၽြန္ေတာ္လက္မလႊတ္ႏိုင္ေသးတဲ့
လူတစ္ခ်ိဳ႕ရိွေသးတယ္ဆိုတာ အခုမွပဲ
သိခဲ့တယ္၊ အထူးသျဖင့္ကၽြန္ေတာ့္အဘိုးပဲ။
သူကၽြန္ေတာ္ေသသြားတဲ့အေၾကာင္း
သိသြားရင္ ေသခ်ာေပါက္ကိုဝမ္းနည္းေနေတာ့မွာ"
" မင္းရဲ့ေမြးရပ္ေျမက ဘယ္လိုေနရာမ်ိဳးလဲ?"
" ကမ႓ာေျမလို႔ေခၚတဲ့ လွပတဲ့ေနရာတစ္ခုပဲ။
ဒါေပမယ့္ ကမ႓ာေပၚကလူအားလံုးက
က်င့္ႀကံသူေတြ၊ ေမွာ္ဆရာေတြအေၾကာင္း
တစ္ခါမွမၾကားဖူးတဲ့သာမာန္လူေတြပဲ"
လင္းေရွာင္က ယူေရွာင္းမိုပုခံုးေပၚမွာ ေမးတင္လိုက္
တယ္ " မင္းရဲ့ေမြးရပ္ေျမကအဆင့္နိမ့္နယ္ေျမ
ေလာကတစ္ခုျဖစ္ႏိုင္တယ္။ အဆင့္နိမ့္နယ္ေျမက
လူေတြကပဲ က်င့္ႀကံလို႔မရႏိုင္တာေလ။
ဒါေပမယ့္ ေတာ္ေတာ္ေလးေကာင္းတဲ့
အဆင့္နိမ့္နယ္ေျမေလာကေတြလဲရိွတာေၾကာင့္
ဒါကလံုးဝမွန္တာေတာ့မဟုတ္ဘူး"
(t/n: က်င့္ႀကံလို႔ရတဲ့အဆင့္နိမ့္နယ္ေျမေတြလဲ
ရိွတယ္လို႔ဆိုလိုတာပါ)
ယူေရွာင္းမိုက စိတ္လႈပ္ရွားလာ၏။
သူကလွၫ့္လိုက္ၿပီး လင္းေရွာင္ရင္ဘတ္ေပၚက
အဝတ္ေတြကိုဆုပ္ကိုင္လိုက္တယ္
" တကယ္လား? ေနာင္က်ရင္ ကၽြန္ေတာ့္မွာ
ကမ႓ာေျမဆီျပန္ဖို႔အခြင့္အေရးရိွလာႏိုင္တယ္လို႔
ေျပာတာလား?"
" ျဖစ္ေကာင္းျဖစ္ႏိုင္တယ္"
လင္းေရွာင္က သူ႔အဝတ္ေတြကိုထပ္ကိုင္ထားျပန္တဲ့
လက္ကိုၾကၫ့္လိုက္တယ္။
" ျဖစ္ေကာင္းျဖစ္ႏိုင္တယ္ဆိုတာ
ဘာကိုဆိုလိုတာလဲ?"
လင္းေရွာင္က မ်က္ႏွာက်က္ကိုၾကၫ့္လိုက္သည္
" အဆင့္နိမ့္ေလာကေတြက အလယ္လတ္ဆင့္
ေလာကေတြနဲ႔မတူဘူး။ ေနရာလပ္က
က်ိဳးပဲ့လြယ္ၿပီးမတည္ၿငိမ္ဘူး၊ အာ့ေၾကာင့္
ေလဟာနယ္လိုဏ္ေခါင္းတစ္ခုတည္ေဆာက္ဖို႔
အႏၲရာယ္ကအရမ္းမ်ားတယ္။
ကိုယ္နတ္ဘုရားအဆင့္၊ ဒါမွမဟုတ္အဲ့ထက္ျမင့္တဲ့
အဆင့္ကိုေရာက္ေအာင္ေစာင့္ရမယ္"
ယူေရွာင္းမိုအၾကၫ့္က သူ႔အေပၚမွာတည္တည္တံ့တံ့
ရိွေနသည္ " ခင္ဗ်ားႀကိဳးစားရမယ္ေနာ္"
" ေကာင္းၿပီ......."
ေန့လည္ပိုင္းမွာ ၿပိဳင္ပဲြၿပီးသြားတဲ့လူတိုင္းက
တစ္ေယာက္ၿပီးတစ္ေယာက္ျပန္လာၾကတယ္။
သူတို႔ေတြတစ္ညပဲထပ္သည္းခံၿပီးသြားရင္
ဒီလိုပထမထပ္လိုေနရာမ်ိဳးမွာ ထပ္ေနစရာ
မလိုေတာ့ဘူး။
ယူေရွာင္းမိုက အခန္းအလဲခ်င္ဆံုးေသာ
လူမ်ားထဲမွတစ္ေယာက္ျဖစ္၏။ မဟုတ္ရင္
ညတိုင္းအိပ္တဲ့အခါက်ရင္ ခုတင္ေသးေသး
ေလးေပၚမွာ လင္းေရွာင္နဲ႔ၾကပ္ၫွပ္အိပ္ရၿပီး
ေနာက္ေန့ဆိုရင္ သူ႔ခါးေတြေရာေနာက္ေက်ာေတြေရာ
ကိုက္ခဲေနေရာပဲ။ သူထပ္မခံႏိုင္ေတာ့ဘူး။
ေနာက္ၿပီး သူတို႔ႏွစ္ေယာက္အကုန္လံုးထုတ္ေျပာ
ၿပီးကတည္းက လင္းေရွာင္ကအခ်စ္ေတြနဲ႔
ျပၫ့္ေနတယ္။
__________